《ကံကြမ္မာစေရာ [OC] (Completed)》Ep-1
Advertisement
Start : 19.3.2022
Finish : 30.4.2022
Uni
"မေမေ"
"ဖေဖေ"
"ဟင့်... ထပါဦး အမှောင်ထဲမှာသမီးတစ်ယောက်ထဲကြောက်တယ်......"
နက်နဲသော ချောက်တစ်ခုထဲတွင် တိမ်းမှောက်နေသော အဖြူရောင် ကားထဲမှ ၉နှစ်အရွယ်ကလေးမလေး တစ်ယောက်၏အသံသည် တုန်ရီနေလျက်။ဓာတ်ဆီနံ့များ မွှန်ထွှန်နေသော ထိုကားဆီမှ အဖေကို တစ်လှည့် အမေကိုတစ်လှည့် အားကိုးတကြီး ခေါ်နေပေမဲ့ ကလေးမလေး၏ ငိုသံမှလွဲ၍ မည့်သည့်အသံမှထွက်မလာ။အလင်းရောင်ဟူ၍ တစိုးတစိမှမမြင်ရသော လမိုက်ညတစ်ည.........။
"သမီးကြောက်တယ်......."
"မေမေ နဲ့ ဖေဖေ သမီးကြောက်တယ်...."
"သမီးကို စ နေကြတာမလား ပြန်ဖြေကြပါဦး
အဟင့် အဟင့် ဟင့် ....."
"မထားသွားပါနဲ့..... မေမေ.... ဖေဖေ....."
"အားးးးးးးး"
အော်သံနဲ့ အတူ မျက်ရည်များကျကာ မြမှူး လန့်နိုးလာခဲ့သည်။ကုတင်ဘေးနားရှိ စားပွဲပေါ်မှနာရီကိုကြည့်တော့ မနက်၂နာရီခွဲ။ နာရီဘေးရှိ ရေကရားထဲမှ ဖန်ခွက်ထဲသို့ ရေတစ်ခွက်ငှဲ့ကာ သောက်ချလိုက်သည်။အခုမှ ရင်ထဲကအပူမီးတွေ ငြိမ်းသွားသယောင်ရှိသည်။သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ပြီး နဖူးနားကဆံပင်တစ်ချို့ကိုဖြူဖြူသွယ်သွယ် လက်ချောင်းများဖြင့် သပ်တင်လိုက်ပြီး မျက်လုံးကိုပိတ်ထား လိုက်သည်။အတွေးထဲတွင် မစဥ်းစားပါဘဲနဲ့ ပေါ်လာသော ထိုပုံရိပ်များသည် ညစဥ်ညတိုင်း အိပ်မက်ထဲတွင်ပေါ်လာပြီး ခြောက်လန့်နေကြဖြစ်သည်။အတိတ်ဆိုးအဖြစ် မှတ်ဥာဏ်ထဲတွင်တည်ရှိနေသော ထိုလမိုက်ညကို ဘယ်သောအခါမှ ပြန်မသွားချင်ပါ.....။
×××××××××××××××××××××××××××××
"Good Morning ပါ ဖွားဖွားရေ"
မြန်မာ၀တ်စုံလေး ချပ်ချပ်ရပ်ရပ်၀တ်ကာ အိမ်အပေါ်ထပ်မှ ဆင်းလာသော ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူလေး မြမှူးသော်တာသည် အောက်ထပ်ရှိ ထမင်းစားခန်းထဲတွင် မနက်စာစားရန်စောင့်နေသော အဖွားစောရီကို နှူတ်ဆက်လိုက်ခြင်းဖြစ်သည်။
"အမလေး ဒီကလဲgood morning ပါရှင် "
အဖွားစောကလဲ မြေးဖြစ်သူကို ချိုသာသောအပြုံးနဲ့ ဆီးကြိုလိုက်သည်။အိမ်ပေါ်ထပ်မှ တစ်ရွေ့ရွေ့ဆင်းလာသော မြေးဖြစ်သူကိုကြည့်ကာ ပြုံးမိလိုက်သည်။အပြာနုရောင် ပိတ်ဖောက်ဇာ ၀မ်းဆက်နဲ့ မြေးဖြစ်သူ၏ ဖြူကာ၀င်းနေသော အသားအရည်သည် လွန်စွာလိုက်ဖက်နေသည်။ခါးလယ်လောက်ရှိ ဆံပင်ရှည်ကို တစ်၀က်စီးကာ အပြာနုရောင် ဖဲပြားဆံညှပ်လေး ပန်ထားသည်။
တစ်ဦးတည်းသော တွယ်တာစရာ မြေးမလေး၏ သွင်ပြင်မှာ မျက်နှာသွယ်သွယ် မျက်အိမ်ကျယ်ကျယ် နှုတ်ခမ်း မှာ နီနီဖောင်းဖောင်းလေးရှိသည်။မျက်ခုံးမှာ နက်နေသည် မဟုတ်သော်လဲ ခဲဆွဲထားသလို အနက်ရောင်ရေးရေးလေးဖြင့် တန်းတန်းလေးတည်ရှိနေသည်။အသားမှာ ဖြူ၀င်းကာ အရပ်မှာတော့ ၅ပေ၃လက်မရှိသည်။
ရယ်လိုက်လျှင် ပေါ်လာသော ညာဘက်ရှိပါးချိုင့်တစ်ဖက်မှာလဲ တစ်မျိုး ဆွဲဆောင်မှုရှိသည်။ဤသို့ ရုပ်ရည်လေးသာမက စိတ်ထားလေးပါကောင်းသော မြေးမလေးကို အဖွားစော လွန်စွာပင်ချစ်မြတ်နိုးရသည်။ဆွေမျိုးဆိုလို့ ပြေးကြည့်မှ ဒီနှစ်ယောက်ပဲရှိသည်မို့ မိမိသာဆုံးပါးသွားခဲ့လျှင် လူ့လောကအလယ်တွင် မြေးမလေးတစ်ယောက်ထဲ ဘယ်လိုရပ်တည်မလဲ ဆိုသည်မှာ တွေးမိတိုင်း စိတ်ပင်ပန်းရသည်။အသက် ၆၇နှစ်အရွယ် အဖွားတစ်ယောက်အတွက်တော့ သွေးတိုး ဆီးချို နှလုံး ရောဂါတွေကြောင့် အချိန်မရွေး ဘ၀ကူးသွားနိုင်သည်။ဒါကြောင့် မြေးမလေး အတွက် နောင်ရေးကိုစိတ်အေးရအောင် တစ်ခုခုတော့ ကြိုတင်စီစဥ်ထားရပေဦးမည်။
"အဖွား ဘာတွေအဲ့လောက်ထိစဥ်းစားနေတာလဲ"
ဘေးနားရှိထိုင်ခုံ ကိုဆွဲယူထိုင်ရင်း တစ်ခုခုကို ပြုံးပြုံးကြီးတွေးနေသောအဖွားကို လှုပ်နှိုးလိုက်သည်။
"အော်.. ဘာမှမတွေးပါဘူးကွယ် မြေးလေးကဒီနေ့အရမ်းလှနေတော့ အဖွားကပြုံးပြီးကြည့်နေတာကွဲ့"
"အဖွားကလဲ မှူးက နေ့တိုင်း လှနေတာပဲကို"
"ဟုတ်ပါတယ် ဟုတ်ပါတယ် အဖွားရဲ့ မြေးချောလေးကနေ့တိုင်းလှနေတာပါ"
" ကျောင်းနောက်ကျနေမယ် မုန့်ဟင်းခါးလဲ ပူတုန်းအမြန်စားလိုက်"
" ဟုတ်"
မြမှူးလဲ ပါးချိုင့်ကလေး ပေါ်အောင်ရီပြရင်း မုန့်ဟင်းခါးပူပူလေးကို အမြန် စားလိုက်သည်။
×××××××××××××××××××××××××××××××
"အဖွားရေ သမီးကျောင်းသွားပြီနော်"
အိမ်ရှေ့ အပေါက်၀ကနေ ဖိနပ်စီးနေရင်း ထမင်းစားခန်းထဲမှာ ဆေးသောက်နေသော အဖွားကိုအော်ပြောလိုက်သည်။
"သမီး မြမှူး ဒီနေ့နောက်ကျနေရင် taxi ငှားသွားလိုက်လေ ဒါမမဟုတ် ဖိုးထူးကို ကားမောင်းပြီး လိုက်ပို့ခိုင်းလိုက်မယ်"
"ရပါတယ် အစောကြီးရှိသေးတယ် YBSပဲစီးသွားလိုက်မယ် "
"သွားပြီ တာ့တာ "
"ရွှတ် အား ရှင်မတောင်သနပ်ခါးနံ့က မွှေးနေတာပဲ"
ရှင်မတောင် သနပ်ခါးရေကျဲလိမ်းထားသော အဖွားစော ပါးကို ရွှတ်ကနဲနေအောင်နမ်းကာ ကျောင်းကိုသွားတော့သည်။
မြမှူးသည် ချမ်းသာသော မိသားစုမှဖြစ်သော်လဲ သူေဋ္ဌး သမီးစတိုင်မဖမ်းတတ်။တက္ကသိုလ်စတက် ကတည်းက သူများတွေလို လွတ်လွတ်လပ်လပ် နေချင်တာကြောင့် အိမ်ကိုလဲအကြို့အပို့မလုပ်ခိုင်း တခြားကျောင်းသာကျောင်းသူများကဲ့သို့ YBSစီးပြီးသာသွားလေ့ရှိသည်။ အိပ်ယာထ နောက်ကျချိန်နှင့် စာမေးပွဲရှိသောနေ့များတွင်မှ taxiငှားလေ့ရှိသည်။
မြမှူး လွယ်အိပ်ထဲမှာ phကိုထုတ်နေရင်း လမ်းထိပ်ရှိကားမှတ်တိုင်ကို လျောက်လာာခဲ့သည်။ဖုန်းကို ထုတ်လိုက်ချင်းချင်းပဲ ဖုန်းအ၀င်ကော တစ်ခု ၀င်လာလေသည်။
"Ring Ring Ring "
"ဟယ်လို"
တစ်ခြားတစ်ဖက်စီမှ ပြောလိုက်သောအသံဖြစ်သည်။
"အေး"
" ယွန်း ငါလာနေပြီ လမ်းမှာ The linkမှပဲစောင့်နေလိုက်"
screen ပေါ်မှာပေါ်နေသော bff ရဲ့နာမည်ကိုမြင်တော့ သူငယ်ချင်းအရင်းကြီးဖြစ်သည့်အတွက်ကြောင့် ဖုန်းကိုတန်းကိုင်ကာ လိုရင်းကိုသာတန်းပြောပြီး ဖုန်းချလိုက်သည်။
ကားမှတ်တိုင်ကို ရောက်တော့ ကားစောင့်နေရင်း ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေလိုက်သည်။သိပ်မကြာလိုက် ပုံမှန်မြင်နေကျမဟုတ်သော မြင်ကွင်းကြောင့် အကြည့်တို့ကထိုနေရာတွင်ရပ်တန့်မိသွားသည်။
"အလင်းရောင် အထွေထွေကုဆေးခန်း"
နှုတ်ခမ်းမှ တိုးတိုးလေး ရေရွတ်မိလိုက်သည်။
Advertisement
အဖြူရောင်နောက်ခံပေါ်မှာ အနီရောင်အပေါင်း လက္ခဏာ ဖြင့်ဆိုင်းဘုတ်တစ်ခု ကိုအပြင်မှာချိတ်ဆွဲထားပြီး အဆောက်အဦး၏ အရှေ့ဘက်နဖူးစီးမှာတော့ အလင်းရောင် အထွေထွေကုဆေးခန်း ဆိုသည့် ဆိုင်းဘုတ်အကြီးကြီးတစ်ခုကို တပ်ဆင်ထားသည်။အတွင်းပိုင်းမှာလဲ ဆေးကောင်တာလိုပုံစံမျိုး ဆောက်လုပ်နေပြီး နေရာသေချာမချရသေးသော လူနာကြည့်ကုတင်များလဲ အစီအရီတွေ့ ရသည်။ကြည့်ရသည့်ပုံမှာ မကြာခင် ဆေးခန်းအသစ်တစ်ခု လာဖွင့်မည့် ပုံစံရှိသည်။
"ကျွီ"
နောက်ကျောဘက်စီမှ ကားဘရိတ်အုပ်သံကြောင့် အတွေးတို့ လွင့်ပြယ်သွားသည်။ကားမှတ်တိုင်တွင် ထိုးရပ်လာသောကားမှာ မိမိစီးရမဲ့ ကားဖြစ်သဖြင့် ကားပေါ်သို့ အမြန်တက်လိုက်သည်။
××××××××××××××××××××××××××××××××
"အစ်ကိုတို့ ဆိုင်းဘုတ်တပ်ပြီးသွားပြီ ဆိုတော့
အတွင်းက လူနာကြည့်မဲ့ အခန်းထဲကို ကုတင်တစ်လုံးရွေ့ပေးထားပါ"
"ပြီးတော့ ECG အခန်းထဲကိုလဲ အားလုံးထဲမှာမှအကျယ်ဆုံး ကုတင်တစ်လုံး ထည့်ပေးထားပါဦး"
ဒီရက်ပိုင်း အတွင်း ဆေးခန်းခွဲ အသစ်တစ်ခုဖွင့်ရန်အတွက် ဘုန်းမြတ်မင်းသွေး အလုပ်တွေနဲ့မအားလပ်နိုင်ဖြစ်နေသည်။အလင်းရောင်ဟူသော နာမည်ဖြင့်ဆေးခန်းကို လွန်ခဲ့တဲ့နှစ်နှစ်ကမှ ဆေးကျောင်း တူတူတက်လာသော သူငယ်ချင်းများနှင့် မြို့ထဲမှာ စုဖွင့်ထားတာဖြစ်သည်။အသက်၂၇နှစ်အရွယ် ဆရာ၀န်များ စုဖွင့်ထားပြီး ဆေးကုသမှုကောင်းမွန်မှူနှင့် တစ်ဦးချင်းစီတိုင်း စိတ်သဘောစေတနာ ကောင်းမွန်မှူများကြောင့်နာမည်ကြီးလျှက် ရှိပြီး နှစ်နှစ်အတွင်းမှာပင် ဆေးခန်းခွဲအသစ်တစ်ခု ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြန်ပါပြီ။ဆေးခန်းမှာ ကုသသည့် ဆရာ၀န် ၄ယောက်ရှိပြီး ရက်အလိုက်အလှည့်ကျ ထိုင်ကြသည်။၂၇နှစ်အရွယ်မှာ တစ်ချို့လူတွေအတွက် ဆရာ၀န်သက်တန်းနုသေးသည်ဟု ထင်ကြသော်လဲ သူတို့၄ဦးမှာ ဆေးကျောင်း တက်လာသည့်သက်တန်းတစ်လျှောက်မှာ top 10အမြဲ၀င်သည့် hyperကြီးများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့ကို ပုဂ္ဂလိက ဆေးခန်းနှင့် ဆေးရုံ အများအပြားက လာကမ်းလှမ်းကြသည်။သို့သော် ဘုန်းမြတ်မင်းသွေးနှင့် ရဲသွေးနောင်တို့နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီး၏အရေးပေါ်ဋ္ဌာနမှာ တာ၀န်ထမ်းဆောင်လျက်ရှိပြီး အားလပ်ချိနိများမှာ သူတို့၏ဆေးခန်းမှာအလှည့်ကျထိုင်ကြသည်။ကျန်နှစ်ယောက်မှာတော့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်သာထိုင်ကြသည်။အခုလဲ ဆေးခန်းသစ်အခွဲ တစ်ခု ထပ်မံဖွင့်ရန်အတွက် အားသည့်အချိန်များတွင် တစ်ယောက်တစ်လှည့် လာကြည့်ကာ လိုအပ်သည်များကိုမှာကြားနေခြင်းဖြစ်သည်။
"ဟူးးးးးးး"
လေပူ ခပ်ပြင်းပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
"Ring Ring Ring "
အိပ်ကပ်ထဲမှ မြည်နေသောဖုန်းကို ထုတ်ကြည့်လိုက်တော့ မာတာမိခင်ဆီမှ ဖုန်းဖြစ်နေလေသည်။မကြာခင် အမေ့ထံမှ စကားကို ကရားရေလွှတ်ပြောတော့မည် ဆိုတာကြိုသိနေ၍ တံတွေးတစ်ချက်မြိုချလိုက်ပြီး နားကိုအသင့်ပြင်ထားလိုက်သည်။ထင်ထားသည့်အတိုင်း ဖုန်းကိုင်လိုက်သည်နှင့် တရစပ်ပြောတော့သည်။
"သားရယ် ဘာလို့အခုမှ ဖုန်းကိုင်ရတာလဲ"
"အမေ့မှာတော့ စိတ်ပူလိုက်ရတာ"
"အိမ်ကိုလဲ ပြန်မလာတာ၃ရက်ရှိပြီ ထမင်းရော
ပုံမှန်စားရဲ့လား "
"လူနာတွေကိုရော ဆက်တိုက်ကြည့်နေရတာလား"
"ငါ့သားလေး အရမ်းပင်ပန်းနေတော့မှာပဲ"
ဒီရက်ပိုင်းအတွင်း သားဖြစ်သူ ဘုန်းမြတ်မင်းသွေး အလုပ်တွေရှုပ်နေ၍ အိမ်မပြန်ဖြစ်တာကြောင့် မိခင်ဖြစ်သူ ဒေါ်ချိုမာ စိုးရိမ်တစ်ကြီး မေးနေခြင်းဖြစ်သည်။
"ခန.... ခနလေး နေပါဦး အမေရဲ့"
"သားကိုလဲ စကားပြောခွင့်ပေးပါဦး"
"အမေကပဲ တောက်လျှောက်ပြောနေတော့ သားကဘာပြန်ဖြေရမလဲတောင် မသိတော့ဘူး"
သားဖြစ်သူပြောတော့မှ ဒေါ်ချိုမာလဲ ကိုယ့်ကိုယ်ကို ပြန်သတိထားမိကာ ရီမိတော့သည်။
"သားရယ် အမေကစိတ်ပူလို့ပါ "
"သားက ဖုန်းဆက်တော့လဲ မကိုင်ပဲနဲ့ "
"သား အဆင်ပြေပါတယ် အမေ့ရဲ့"
"အမေ ဖုန်းခေါ်တဲ့အချိန်တွေက သားက ဂျူတီအချိန်၀င်နေရတာနဲ့ operation အခန်းထဲ၀င်နေရတဲ့အချိန်တွေနဲ့ သွားတိုက်ဆိုင်နေတော့ သားက ဖုန်းမကိုင်မိတာပါ"
"အလုပ်တွေပြီးတော့လဲ အရမ်းမိုးချုပ်နေလို့ ဖုန်းပြန်မခေါ်ဖြစ်တော့တာ"
"အမေလဲ သိတဲ့အတိုင်းပဲ ဒီရက်ပိုင်းအတွင်း ဆေးခန်းခွဲတစ်ခုဖွင့်ဖို့ အတွက် သားအလုပ်တွေအရမ်းရှုပ်နေလို့"
"ဒါပေမဲ့ ဒီညနေတော့ ပြန်လာမှာပါ"
သားဖြစ်သူ စကားကြောင့် ဒေါ်ချိုမာ မျက်နှာများ၀င်းလက်သွားတော့သည်။
"ဒီညနေ ပြန်လာမယ်ဆို အမေ သားကြိုက်တဲ့ ဟင်းတွေချက်ထားလိုက်မယ် စောစောပြန်ခဲ့ သားရေ"
"ထွေထွေ ထူးထူးတွေချက်မထားနဲ့ အမေ သားဒီညနေ ယမုံနဲ့ ချိန်းထားလို့ အ၀တ်အစားလဲပြီးတာနဲ့ အပြင် ပြန်ထွက်မှာ ညဘက်တော့စောစောပြန်လာမှာပါ"
မကြာခင်ကပင် ပျော်ရွှင်နေသော ဒေါ်ချိုမာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားတော့သည်။
သားဖြစ်သူကို ရွန်းလဲ့ယမုံဆိုသော ထိုမိန်းကလေးနဲ့ မပက်သက်ဖို့ ပြောထားပေမဲ့ ဒင်းကစကားနားမထောင်။
"သားကအမေ့စကားကို အခုချိန်ထိနားမ၀င်သေးဘူးလား ။"
"အဲ့မိန်းကလေးနဲ့ ေ၀းေ၀းနေဖို့ ပြောထားတာကိုလေ"
"အမေကတော့ သူ့ကိုချွေးမ မတော်နိုင်ဘူးနော် အမေကမိန်းကလေးအချင်းချင်း ကြည့်တာနဲ့သိတယ် အဲ့ကောင်မလေးက ဘယ်လိုမိန်းမစားမျိုးလဲဆိုတာကို"
ဒေါ်ချိုမာ ပြောနေရင်းနဲ့ကို စိတ်တိုလာ၍ အသံတွေပါတင်းမာလာသည်။
"တော်ပါတော့ အမေရယ် "
"အမေ ယမုံ့ကို တစ်ခုခုအထင်လွဲနေတာနေမှာပါ"
"သားလဲ နောက်မှ အမေ့တို့ကြားထဲ အထင်လွဲနေတာတွေကို ဖြေရှင်းပေးမယ် ဟုတ်ပြီလား"
"သားကငယ်တော့တဲ့ အရွယ်လဲမဟုတ်တော့ဘူး အကယ်၍ သူကအမေပြောသလိုဆိုရင် တစ်ချိန်ချိန်မှာပေါ်လာမှာပဲ"
"အခုလောလောဆယ်တော့ သားစိတ်ချမ်းသာသလိုနေပါရစေ "
"ညနေကျရင် အိမ်ပြန်လာမှာပဲ အဲ့ကိစ္စနောက်မှ အေးဆေး စကားပြောတာပေါ့ အမေ"
ဘုန်းမြတ်မင်းသွေးသည် ဆံပင်ကိုတစ်ချက်သပ်တင်လိုက်ကာ ပြောလက်စ စကားကိုမြန်မြန်ဖြတ်လိုက်သည်။မဟုတ်ရင် အမေနဲ့ထက်ပြီး အငြင်းပွားစရာတွေ ဖြစ်လာမှာစိုးလို့ဖြစ်သည်။
"အေးပါ နောက်မှ သေချာဆွေးနွေးကြတာပေါ့"
"အဲ့ဒါဆို ဒါပဲလေ ဖုန်းချလိုက်တော့မယ်"
"တီ"
ဖုန်းကိုချလိုက်သည်နဲ့တစ်ပြိုင်နက် ဒေါ်ချိုမာတစ်ယောက် သားနဲ့ ထိုမိန်းကလေးအကြောင်းစဥ်းစားရင်း ခေါင်းခဲမိသည်။သားဖြစ်သူက ရွန်းလဲ့ယမုံဆိုတဲ့ မိန်းမကိုမှ တန်းတန်းစွဲဖြစ်နေတာကိုး။
×××××××××××××××××××
ဒေါ်ချိုမာ ယမုံ့ကိုအလိုမကျရသည်မှာ အကြောင်းအရင်းရှိသည်။လွန်ခဲ့သော ၅လလောက်က
ဘုန်းမြတ်ကိုယမုံနဲ့ လှည်းတန်းစျေးမှာ အမှတ်မထင်ဆုံခဲ့မိရာမှ သားဖြစ်သူမှ တစ်ခါတည်း မိတ်ဆက်ပေးခဲ့သည်။ပထမဆုံး တွေ့ဆုံခြင်းမှာ ကတည်းက ဒေါ်ချိုမာ သိပ်ဘ၀င်မကျ။သို့သော် ဘုန်းမြတ်က သူမှသူ ဖြစ်နေ၍ ဒေါ်ချိူမာ ယမုံ့အကြောင်းစုံစမ်းရာမှ သွေးပါတက်ချင်သွားသည်။ကောင်မလေးသည် သားဖြစ်သူ၏ နောက်ကွယ်မှာ ဇာတ်လမ်းတွေရှုပ်ထားတာမှ နည်းတာမဟုတ်။အလုပ်က နာမည်ကြီး ကုမ္ပဏီတစ်ခု၏ CEOရဲ့ အတွင်းရေးမှူးဖြစ်သည်။ထို့ကြောင့် လူတစ်ယောက်ကို ငွေပေးပြီး နောက်ကြောင်း စုံစမ်းကြည့်တော့ ယမုံ့နဲ့ CEO ဦးကောင်းမြတ်နဲ့က ဟိုလိုလိုဒီလိုလို ။အတွင်းလူတစ်ချို့ ကလဲ ဦးကောင်းမြတ်ရဲ့ မယားငယ်လို့ ပြောကြသေး၏။
Advertisement
အတွင်းရေးမှူးဆိုသော ခေါင်းစဥ်နဲ့ သူတို့နှစ်ယောက်ထဲ အလုပ်ခရီးတွေ နှစ်ယောက်ထဲလဲ တူတူသွားကြသည်။တစ်ဖက် ကုမ္ပဏီ၏ အချက်အလက်များကို သတင်းယူဖို့အတွက်လဲ တစ်ခါတစ်ရံ barမှာ ယောကျာ်းကြီးတွေကြားထဲ အရက်သောက် ကလပ်တက် ကလဲလုပ်သေးသည်။ဘုန်းမြတ်ကိုတော့ အချိန်ကာလတစ်ခုရောက်ရင် လက်ထပ်ယူပြီး ဆရာ၀န်ကတော်ဆိုသော ဂုဏ်ပုဒ်နှင့် တင့်တောင့်တင့်တယ်နေနိုင်ဖို့ အတွက် ၀ှက်ဖဲအနေနဲ့ ထားထာခြင်းဖြစ်နိုင်သည်။
ဒေါ်ချိုမာ ထိုကိစ္စတွေကို ဘုန်းမြတ်ကို ပြောချင်ပေမဲ့ သက်သေက စုဆောင်းနေတုန်းဖြစ်သည့်အတွက် သည်းခံနေနေရသည်။သက်သေစုံသည့်အခါမှ ဒင်းအကြောင်းကိုသားကိုပြောပြရမည်။သက်သေမရှိပဲ သွားပြောလျှင်
သားက အမေ့ကိုပါ ယမုံ့ကိုအမြင်မကြည်၍ လုပ်ကြံပြောသည်ဟု ထင်သွားမှာစိုးသောကြောင့်ဖြစ်သည်။
ဘုန်းမြတ်နဲ့ ယမုံနဲ့ဇာတ်လမ်းကတော့ ဘုန်းမြတ်ကအရင်ကတည်းကသူ့အလုပ်နဲ့သူ ရှုပ်နေ၍ ယမုံက နောက်ကွယ်မှာ ဘာတွေလုပ်နေလဲမသိရ။ ယမုံနဲ့က ငယ်ငယ်ကတည်းကအထက်တန်းကျောင်းတစ်ကျောင်း ထဲအတူတူတက်ခဲ့ကြခြင်းဖြစ်သည်။ တက္ကသိုလ် တက်သည့်အခါမှ ဘုန်းမြတ်က ဆေး၂ , ယမုံက စီးပွားရေးတက္ကသိုလ် တက်ခဲ့ခြင်းဖြစ်သည်။
ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် ဆေးကျောင်းတက်နေသည့် သူငယ်ချင်းဆီ ယမုံ လာလည်ရင်းနဲ့ ဘုန်းမြတ်နဲ့ပြန်ဆုံခဲ့ခြင်းဖြစ်သည်။ထိုမှတစ်ဆင့် တဖြည်းဖြည်း ချင်းအဆင့်တက်တာ ချစ်သူဘ၀ကိုရောက်ခဲ့ကြသည်။ယမုံ့ကတော့ ထိုကတည်းက အကြံအစည် နှင့် ဘုန်းမြတ်ကိုပြန်ကြိုက်ခဲ့ဖြစ်သည်။ သူမအပြင်မှာဘယ်လောက်ရှုပ်ရှုပ် ဘုန်းမြတ်မသိရ အရမ်းပိရိလွန်းလှသည်။ သူငယ်ချင်းတွေကြားထဲမှာတော့ သူတို့က လိုက်ဖက်တဲ့ စုံတွဲတွေ လို့နာမည်ကြီးကြသည်။
ဘုန်းမြတ်ကအရပ် ခြောက်ပေရှိပြီး မျက်ခုံးမှာ ထူပြီးနက်နေသည်။ တရုတ် စပ်တာကြောင့် အသားကဖြူနေပြီး မျက်လုံးက ညိှု့အားပြင်းလှသည်။ မိန်းကလေးအများစု သူနဲ့ မျက်လုံးချင်း ဆုံမိလျှင် ထို့အကြည့်ကိုလွယ်လွယ်နဲ့မမေ့နိုင်လောက် သည့် အထိစူးရှသည်။အပေါ်နှုတ်ခမ်း က လှိုင်းတွန့် ခပ်ပါးပါးပုံကဏ္ဍန်ရှိပြီး အောက်နှုတ်ခမ်းက ထူထူပြည့်ပြည့်ဖြစ်သည်။အားလုံးခြုံကြည့်လျှင် လုံး၀ မိန်းကလေးတွေအကြိုက်ပုံစံရှိသည်။ငယ်စဥ်ကတည်းက စာကလွဲပြီး ဘာမှ စိတ်မ၀င်စားသည့်အတွက် မိန်းမများအကြောင်းမသိ။ဒါ့ကြောင့် ပထမဆုံးရင်ခုန်မိတဲ့ ယမုံ့ကို မြတ်မြတ်နိုးနိုး ချစ်နေခြင်းဖြစ်သည်။
ယမုံကတော့ အများအမြင်မှာ သဘောထားကြီးပြီးလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။v shape ပုံစံ မျက်နှာကျနဲ့ မျက်နှာကိုအမြဲမော်ဒယ်တစ်ယောက်လို ဆေးဆိုးပန်းရိုက် လုပ်နေကြမို့ အတွင်းရေးမှူးဆိုသော အလုပ်နဲ့သူနဲ့မှာ အရမ်းလိုက်ဖက်နေသည်။ခန္တာကိုယ်မှာလဲ guitar shape ပုံစံ။ ခါးလေးသေးသေးလေးနဲ့ အ၀တ်အစားများကို fit size စတိုင်ကျအောင်အမြဲ၀တ်တက်သည်မို့ ဆွဲဆောင်မှူရှိလှသည်။အမြဲတမ်း ဟန်ဆောင်အပြုံးများကို လှပသောအပြုံးများအဖြစ် သဘာ၀ကျအောင် ပြုံးထားလေ့ရှိသည်။သူမ၏ နောက်ကွယ်က ဖောက်ပြန်မှုများကိုတော့ အတွင်းလူတစ်ချို့သာ သိသည်။သူမနဲ့ ရင်းနှီးသော သူငယ်ချင်းများမှာလဲ ယမုံ့ကိုကပ်ဖားရပ်ဖား လုပ်နေကြမို့ အချင်းချင်း နှုတ်လုံကြသည်။မင်းသမီးရုပ်နောက်က သရုပ်အမှန်မှာတော့ ယောကျာ်းများကိုပွေရှုပ်ရာမှာ ဆရာကြီးဖြစ်သည်။ဘုန်းမြတ်ကိုတော့ နောက်ဆုံးကဒ်အဖြစ် ထားထားတာဖြစ်သည်။သူရှုပ်လို့ ၀လျှင်တော့ ဘုန်းမြတ်နဲ့ လက်ထပ်ကာ အတည်တကျနေမယ်လို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
×××××××××××××××
မြမှူး ကျောင်းရောက်တာနဲ့ တန်းပြီးthe linkကိုသွားတော့သည်။ဆိုင်အ၀င်၀နားကနေ သူငယ်ချင်းဖြစ်သူ ယွန်းမီ ကိုရှာလိုက်သည်။
သိပ်ကြာကြာမရှာလိုက်ရ ထောင့်စွန်း၀ိုင်းက ခုံမှာနားကြပ်တပ်ပြီး ဖုန်းကြည့်နေသော ယွန်းမီကိုတွေ့တော့ ကောင်တာမှာ Green tea တစ်ခွက်၀ယ်ပြီး ယွန်းမီ ရှေ့ကခုံကိုဆွဲပြီး၀င်ထိုင်လိုက်သည်။
"ဟိတ် ဘာတွေအဲ့လောက်ထိကြည့်နေတာလဲ"
သူမရောက်လာတာပင် သတိမထားမိသည်အထိ ဖုန်းထဲကိုအာရုံရောက်နေသော ယွန်းကို စားပွဲကိုခေါက်ပြီး ခေါင်းလေးစောင်းကာမေးလိုက်သည်။
"အမလေး မယ်တော်ရယ် အခုမှပဲရောက်တော့တယ်နော် "
"အဲ့ဒါကြောင့် နင့်ရဲ့ ငါလာနေပြီ လမ်းမှာ ဆိုတဲ့ စကားကို မယုံရဲတာ"
"ဟီး ဟီးးး စောင့်ရတာကြာသွားတယ်မလား နေ့ခင်းကြမှ နေ့လယ်စာ၀ယ်ကျွေးမယ် ဟုတ်ပြီလား"
"အဲ့ဒါဆိုလဲ ပြီးရော paper 1 အချိန်နီးနေပြီ လာသွားကြမယ်"
စကားဆုံးတာနဲ့ ယွန်းမီ လဲ အအေးဘူးကိုင်ပြီး ထလိုက်တာကြောင့် မြမှူးလဲ green tea ခွက်ကိုင်ပြီး တူတူလိုက်ထလိုက်သည်။ယွန်းမီနဲ့ မြမှူးမှာ ငယ်စဥ်ကတည်းက လည်ပင်းဖက်ပေါင်းလာသော သူငယ်ချင်းအရင်းကြီးတွေဖြစ်သည်။ တစ်ယောက်အကြောင်း တစ်ယောက် မသိတာမရှိ။ညီအမလိုလဲ ချစ်ခင်ကြသလို သူငယ်ချင်းလိုလဲ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေဖြစ်ကြသည်။ဒါကြောင့် အခက်အခဲကြုံလာတိုင်းလဲ တူတူဖြေရှင်းကြတဲ့ သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြသည်။
×××××××××××××××××
ညနေဘက်ရောက်တော့ ခြံထဲသို့ ကား၀င်လာသည့်အသံကြားတာနဲ့ ဒေါ်ချိုမာ ဘုန်းမြတ် ပြန်လာပြီဆိုတာသိလိုက်သည်။ဧည့်ခန်းမှာ လက်ဖက်ရည်သောက်နေရင်းနဲ့ အပြင်ကကားသံကြောင့်သားဖြစ်သူ ကိုထွက်ကြိုရန် သောက်လက်စ လက်ဖက်ရည်ကို ချပြီး အိမ်ရှေ့တံခါး၀ ကို ထွက်လာလိုက်သည်။
ဘုန်းမြတ် အိမ်ဘေးရှိ ကားပါကင်နေရာတွင် ကားထိုးရပ်ပြီးတာနဲ့ Leatherအိတ်ကို ဆွဲကာ အိမ်ရှိရာသို့ လမ်းလျောက်လာခဲ့လိုက်သည်။တံခါး၀ တွင်အပြုံးနဲ့ ဆီးကြိုနေသော အမေ့ကိုတွေ့လိုက်တာနဲ့ ဘုန်းမြတ်လဲ ရီပြရင်း အမေ့ကိုဖက်လိုက်သည်။
"အမေရယ် သားကို ၃ရက်လောက်မတွေ့ရကို
မသိရင် ၃နှစ်လောက် မတွေ့ရတဲ့သူကြနေတာပဲ"
"အမေ အဲ့လိုတွေ အဖြစ်သည်းနေရင် သားကဘယ်အချိန်မှ မိန်းမယူရမှာလဲ "
တံခါးပေါက်၀မှာ စောင့်နေသော ဒေါ်ချိုမာသည် မသိလျှင် ဘုန်းမြတ်နဲ့ သုံးနှစ်သုံးမိုးခွဲခွာခဲ့ရပြီး
အခုမှ ပြန်ဆုံသည့် ပုံစံနဲ့ စောင့်ကြိုနေတာကြောင့် ဘုန်းမြတ်ပြောလဲ ပြောချင်စရာပင်။
"အမေ့မှာ ရှိတာမှ သားတစ်ယောက်ထဲကို အမေ့ကစိတ်ပူတာပေါ့"
"သား မိန်းမယူရင်လဲ အမေသဘောကျတဲ့သူနဲ့ပဲ ပေးစားမှာ မဟုတ်ရင် အမေ သားကိုစိတ်ချနိုင်မှာမဟုတ်ဘူး"
ဒေါ်ချိုမာ ဘုန်းမြတ်ကို သွေးတိုးစမ်းတဲ့ သဘောနဲ့ ပြောလိုက်သည်။
ဘုန်းမြတ်သည် သူ့အမေ ဘာသဘောကိုပြောချင်နေလဲဆိုတာ သိပေမဲ့ ဆက်ပြောလျှင် ယမုံ့အကြောင်းတွေ ပါလာတော့မယ်ဆိုတာသိ၍ မသိချင်ယောင် ဆောင်နေလိူက်သည်။
"အမေ သားပင်ပန်းနေလို့ ရေချိူးပြီး ခနနားလိုက်ဦးမယ်"
"အေးအေး သား သွားနားလိုက်တော့ "
"သားပင်ပန်းနေရင်လဲ ညနေကျရင် ချိန်းထားတာကိုဖျက်လိုက်လေ"
အမေ့ကိုနောက်ကျောပေးပြီး အပေါ်ကိုတက်ရန်ပြင်နေသော ဘုန်းမြတ်ကို ဒေါ်ချိုမာ အနောက်ကနေ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
ဘုန်းမြတ်လဲ အမေ က ယမုံ့နဲ့ သွားမတွေ့စေချင်၍ ပြောသည်ကို သဘောပေါက်လိုက်သည်။
"ရပါတယ်အမေ သားအဲ့လောက်ထိမဟုတ်ပါဘူး ရေချိုးလိုက်ရင် လန်းသွားမှာပါ"လို့ပြောကာ အပေါ်ကို တက်သွားလိုက်သည်။အနောက်မှာကျန်ခဲ့ တဲ့ဒေါ်ချိုမာကတော့ သက်ပြင်းချမိလိုက်သည်။သားဖြစ်သူကို ယမုံ့နဲ့ အမြန်ခွဲဖို့ လုပ်ရတော့မည်ဆိုတာ ပိုသေချာသွားသည်။
---------------------------------------------------------
helloooooo... ဒီstoryလေးက သာသာရဲ့ ပထမဆုံး ကြိုးစားမှုလေး ဖြစ်တဲ့အတွက် အဆင်မပြေတာလေးတွေ တွေ့ရင် ဝေဖန်ထောက်ပြပေးလို့ ရပါတယ်နော်🙆
နောက်အပိုင်းတွေမှာ ရင်ခုန်စရာတွေ ရှိနေသေးတဲ့အတွက် အားလုံး စောင့်ကြည့်ပေးကြပါဦး နော်👀
Zawgyi
"ေမေမ"
"ေဖေဖ"
"ဟင့်... ထပါဉီး အမှောင်ထဲမှာသမီးတစ်ယောက်ထဲကြောက်တယ်......"
"သမီးကြောက်တယ်......."
"သမီးကို စ နေကြတာမလား ပြန်ဖြေကြပါဉီး
အဟင့် အဟင့် ဟင့် ....."
"အားးးးးးးး"
××××××××××××××××××
" ဟုတ်"
"သွားပြီ တာ့တာ "
Advertisement
- In Serial8 Chapters
The sand of time. Volume 2. "The Book of Flame"
A few years earlier ... The plane was falling. He felt it with every cell of his body, as if he were one with this wounded machine, fighting in the air for its life. Such wounds inflicted on a huge beast flying through space were incompatible with life. Kai understood that. But he fought, fought to the last. Fuel leaked from the holes, leaving the huge body drained of blood. The last growls, coughs, groans, and sobs came from a motor beating in death throes. "Don't die, my friend in battle! You've saved me in this battle, save me now! Do not take with you to this endless blue sky! I want to live so much!"
8 139 - In Serial12 Chapters
Sweet Nola
Nola! Beautiful! Kind! She has a successful career and is surrounded by compassionate friends. She takes care of her beloved little brother who is prodigious in music. Her hobbies include kickboxing and beating men to a little pulp. One day, her company offers a paid master's. Returning to college would mean giving up her stable life and moving to a new city. The offer tempts her...
8 80 - In Serial9 Chapters
Confess to me! (LenXMiku)
Everyone already knows about Len's feelings for Miku but she doesn't believe it!Miku wants to hear it from Len herself.Len is pretty much the hottest, most sexiest guy in school. It's pretty obvious he likes Miku but he can't tell her.Miku is cute and shy. She's pretty much, average but there's still something Len sees in her that makes her stand out from every other girl.
8 103 - In Serial20 Chapters
Tendou's Ship (Ushijima Wakatoshi x Male!Reader)
Being a manager at Shiratorizawa isn't an easy task. But after finding out a little secret, a certain red head will do everything it takes to make sure that his ship between the captain and the manager sails.
8 182 - In Serial73 Chapters
Oneshot Per Day
A one shot a day keeps writers block away! This book will be filled with weird shit and fluff and angst and pure CrAcK. Some of your favorite ships and others that you didn't know existed.I will take requests but I don't write smut or lemon or anything in betweenI'm a liar, updates have become irregular/not every dayRANKINGS 🏆#15 in Knickle#9 in Silvercandle#21 in Fantube #222 in Lightbrush (used to be 25 😭🔫)#18 in onehfj#72 in Payjay#4 in Salter#7 in Salt x pepper#1 in knifebrush#7 in Suitloon
8 73 - In Serial36 Chapters
A story of you and me
Taehyung and JisooThis story is about their love storyHow they met each other,first kiss,dates,gifts,arguments,proposal,marriage and more!(If you don't ship vsoo pls don't leave any hate comments!)Start date:15 June 2021
8 102