《ကံကြမ္မာစေရာ [OC] (Completed)》Ep_3
Advertisement
Uni
ခုနက ဆရာ၀န် အကြောင်းတွေးနေတာနဲ့
ခေါင်းမူးနေတာကိုတောင် မေ့သွားခဲ့သည်။အခုမှ
တစ်ဆစ်ဆစ်နဲ့ ကိုက်နေသောခေါင်းမှ နာကျင်မှုကြောင့် လက်နှစ်ချောင်းနဲ့ နားထင်ကိုဖြေးညင်းစွာ နှိပ်နေမိသည်။ ဆရာ၀န်က အပြင်မှာ ဆေးစာထွက်ရေးနေ၍ မြမှူးနဲ့ အဖွားနဲ့ လူနာကြည့်အခန်းထဲတွင် ထိုင်စောင့်နေလိုက်သည်။
ခနအကြာတွင် ဂျူတီကုတ် နဲ့၀င်လာသော ဆရာ၀န်ကို မြေးအဘွား နှစ်ယောက် မော့ကြည့်မိလိုက်သည်။
"လူနာက ဘယ်သူလဲမသိဘူး"
ခုံတစ်လုံး စီတွင်ထိုင်စောင့်နေသော မြမှူးတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီး မေးလာသည်။
"သူပါ ဆရာ"
အဖွားက မြမှူးရဲ့ ပုခုံးကို လှမ်းကိုင်ပြီး ပြန်ဖြေလိုက်သည်။
"သြော် ဟုတ်ကဲ့"
"အဲ့ဒါဆို စမ်းသပ်ဖို့အတွက် လူနာက ကုတင်ပေါ်ထိုင်ပေးနော်"
ဆိုပြီးကုတင်ရှိရာကို ညွှန်ပြလိုက်သည်။ပြီးနောက် စားပွဲပေါ်တွင် တင်ထားသော ခွဲစိတ်ခန်းသုံး လက်အိတ်ကိုစွပ်နေရင်း မြမှူးကိုတစ်ချက်ကိုကြည့်ရင်း ပြုံးပြလိုက်သည်။
ကုတင်ပေါ်မှာထိုင်နေရင်း ဆရာ့ကို ခိုးကြည့်နေရာမှ မျက်လုံးချင်း ဆုံမိတဲ့အပြင် သူကပြုံးပါပြသေးသည်။mask တပ်ထား၍ ဆရာ့ အပြုံးကိုမမြင်လိုက်ရပေမဲ့ စူးရှသော မျက်လုံးထဲတွင် အပြုံးရိပ်တို့ ဖြတ်သန်းသွားသည်ကိုတော့ မြင်လိုက်ရသည်။မြမှူး ရှက်ပြီး အကြည့်ကိုလွှဲလိုက်သည်။
လက်အိတ်စွပ်ပြီးတဲ့အခါမှာတော့ နားကြပ်ကိုယူပြီး မြမှူးအရှေ့မှာ ရပ်နေလေသည်။
"ဘယ်အချိန်က စဖျားတာလဲ"
အသံခပ်အေးအေးနဲ့ မေးပြီး နားကြပ်နဲ့ နှလုံးခုန်နှုန်း စမ်းသပ်နေသည်။
အရှေ့တည့်တည့်ကနေ အနီးကပ်ကြည့်လိုက်တော့မှ ဆရာက တော်တော်ချောမှန်း ပိုသေချာသွားသည်။အရှေ့ကနေ နှလုံးခုန်နှုန်း စမ်းနေရင်းမေးလိုက်သောကြောင့် ဆရာ့ရဲ့ အသံခပ်တိုးတိုးကိုပြတ်သားစွာကြားလိုက်ရသည်။
"မနေ့ ညကပါဆရာ"
ဤအဖြေသည် မြမှူးဖြေလိုက်တာမဟုတ် အဖွားကအနောက်ကနေ ကိုယ်စားဖြေပေးလိုက်ခြင်းဖြစ်သည်။
မျက်နှာတစ်ခုလုံး မမြင်ရတာတောင် ညှို့အားပြင်းသောမျက်လုံးများကြောင့် နှလုံးခုန်နှုန်းတွေ
မြန်လာသလို ခံစားရသည်။
"ကြောက်နေတာလား နှလုံးခုန်နှုန်းတွေမြန်နေတယ် "
"စိတ်အေးအေးထားနော် အသက်ကိုဖြေးဖြေးရှူလိုက်"
ရုတ်တရက် ပြောလာသောစကားကြောင့် မြမှူးတစ်ယောက် သူခိုးလူမိသွားသလိုပင်။
"ဟုတ်"
လို့ ပြောလိုက်ပေမဲ့ အသံကအပြင်မထွက် ခေါင်းသာညိတ်ပြလိုက်သည်။
"လက်လေးနည်းနည်းမြှောက်မယ်နော် ညီမ"
အဖျားတိုင်းမည်ဖြစ်တာကြောင့် မြမှူးခေါင်းညိမ့်ပြီး လက်နည်းနည်းကြွပေးလိုက်သည်။
ချိုင်းအောက်ထဲကို သာမိုမီတာထည့်ထားပြီး ညာဘက်လက်ကို သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်နေသည်။
ကျယ်ပြန့်ပြီး ရှည်လျားသောလက်ချောင်းများ နဲ့သွေးပေါင်ချိန်စက်မှ လေကိုဖြေးဖြေးချင်းလျော့ရင်း သွေးပေါင်ကို စူးစိုက်ကြည့်နေသည့်ပုံမှာ တကယ်ကို ယောကျာ်းပီသလွန်းသည်ဟု တွေးနေတုန်း
"အပေါ်သွေးရော အောက်သွေးရော ၁၀ ဆီကျနေတယ်"
"အဖျားကတော့......"ဆိုပြီး ချိုင်းအောက်က သာမိုမီတာကို ယူကြည့်လိုက်သည်။
"အဖျားက ၁၀၄တောင်ရှိတာပဲ"
"ဒီအတိုင်းဆို သောက်ဆေးနဲ့ဆိုရင် အချိန်ကြာသွားလိမ့်မယ် "
"အဖျားပိုးက ပြင်းတော့ ညဘက်ကျရင် အဖျားပြန်တက်လိမ့်မယ်"
"သွေးပေါင်က ကျနေတဲ့ အတွက်ကြောင့် ဆေးပြင်းတွေလဲ ပေးလို့မရဘူး"
ကုတင်ဘေးမှာ လာရပ်နေသော အဖွားကို သေချာရှင်းပြပေးနေသည်။
"အဲ့ဒါကြောင့် ဆေးထိုးမှ ရလိမ့်မယ်"
"ဟမ်"
စမ်းသပ်နေတဲ့ အချိန်တောက်လျောက် အသံတစ်ခုမှ မထွက်ပဲ အခုမှ ဟမ် ဆိုပြီး အကျယ်ကြီးပြောလိုက်၍ ရှင်းပြနေတဲ့ ဆရာ၀န်ရော အဖွားရော နှစ်ယောက်လုံး ကြောင်သွားပြီး အကြည့်တွေကမြမှူးဆီမှာ။
"ဆေးမထိုးလို့ မရဘူးလားဆရာ"
ဒါပထမဆုံး မြမှူးဆီမှ သေသေချာချာ ပီပီသသ ပထမဆုံး ထွက်လာသောစကား။
"ဆေးမထိုး လို့ကတော့ ရပါတယ် ဒါပေမဲ့ အဖျားမပျောက်ခင်အထိတော့ ခံစားရလိမ့်မယ်"
မြမှူး ဝေခွဲရခက်နေပြီဖြစ်သည်။ ခေါင်းကိုက်တဲ့ ေ၀ဒနာကိုလဲ မခံစားချင် ဆေးလဲမထိုးချင်ဖြစ်နေသည်။
"ဆေးထိုးလိုက်ပါသမီးရယ်"
"နော် လိမ္မာပါတယ် ဘွားမြေးလေးက"
အဘွားက ချော့ပြောလာ၍ မျက်နှာက ရှုံ့မဲ့ ရှုံ့မဲ့နဲ့
ခေါင်းညိမ့်လိုက်ပြီး ကုတင်ပေါ် ထိုင်လိုက်သည်။ပြီးနောက် အင်္ကျီကို လက်မောင်းပေါ်အောင်ဆွဲတင်လိုက်သည်။ သူလုပ်နေတဲ့ အရာများကို အဖွားရော ဆရာ၀န်ရော နားမလည်နိုင်တဲ့
အကြည့်များဖြင့် ရပ်ကြည့်နေကြသည်။ကိုယ့်ဟာကိုယ် အင်္ကျီဆွဲတင်ပြီးမှ အဖွားရော ဆရာ၀န်ရော ကြောင်ကြည့်နေသဖြင့် မြမှူး ပြန်ပြူးကြည့်လိုက်သည်။
"ဆေးထိုးမယ်ဆို?"
ဘုန်းမြတ် ဒီကလေးမကို စ၀င်လာကတည်းက ကြည့်ပြီး ရီချင်နေသည်မှာအမှန်။အနီးကပ်စစမ်းသပ်ကတည်းက အဖျားသွေးကြောင့် နှာသီးထိပ်နဲ့ နှုတ်ခမ်းဖူးဖူး မှာရဲနေသည့် ဒီကလေးမက အူကြောင်ကြောင်ရုပ်နဲ့မို့လို့ ကာတွန်းရုပ်နဲ့ တူနေေလသည်။
အခုလဲ ဆေးထိုးပါမယ်ဆိုကာမှ ကာကွယ်ဆေးထိုးမည့် အတိုင်း လက်မောင်းကိုဖော်ထားပေးနေပြန်သည်။သူ့အဖွားရော ဘုန်းမြတ်ရော ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။ သူကလဲ တလွဲလုပ်နေသေးတယ် ဘုန်းမြတ်ကိုပါ ဆေးမထိုးသေးဘူးလား ဆိုသော အကြည့်နဲ့ ပြူးကြည့်နေပြန်သည်။နဂိုကတည်းက ကျယ်နေသော မျက်အိမ်ကို ပြူးပြနေ၍ တကယ် ကာတွန်းရုပ်နဲ့ တူနေသည်။
သူ့အဖွားကလဲ မနေနိုင်၍ ထသွားကာ အနားကပ်ပြီး
"ဆေးက တင်ပါးကို ထိုးရမှာ မြမှူးရဲ့"
စကားလဲ ဆုံးရော နှုတ်ခမ်းကိုမဲ့ကာ စိတ်ပျက်လက်ပျက်ကို တင်ထားသော အင်္ကျီလက်ကို ပြန်ချလိုက်သည်။
"သေလိုက်ပါတော့ မြမှူးသော်တာရယ် "
"နင်ဟာလေ လုပ်လိုက်ရင် စောက်တလွဲတွေကြီးပဲ"
"အခုလဲ ဆရာ၀န်ကို crushမယ်မှ မကြံရသေးဘူး ဖင်လှန်ပြရဦးမယ်"
"စိတ်ညစ်လိုက်တာနော်"
မြမှူး တစ်ယောက်ထဲ စိတ်ထဲမှာ ပြောရင်း ကိုယ်ကိုယ်ကို အပြစ်တင်နေလိုက်သည်။ကိုယ့်ကိုယ်ကို အပြစ်တင်လို့မှ မဆုံးသေး ဒင်းက ဆေးထိုးအပ်နဲ့ ဆေးပုလင်းထဲက ဆေးကို စုပ်ယူနေပြီ။
Advertisement
"ဟိုဘက်လှည့်ပြီး တစောင်းလှဲလိုက်နော်" ခပ်အေးအေးအသံနဲ့ ဆေးထိုးအပ်ကြီးကို ကိုင်ရင်းပြောလိုက်တာကြောင့် အံကိုကြိတ်ကာသန်းခေါင်ထက် ညဥ့်မနက်တော့ဘူးဟု တွေးပြီး ဖြစ်ချင်ရာသာဖြစ်တော့ ဆိုပြီး လှဲလိုက်သည်။
ဆရာ၀န်ကိုကျောပေးပြီး လှဲနေပေမဲ့ စိတ်ထဲမှာတော့
"ဆေးထိုးရင် ဘောင်းဘီကို ဘယ်သူလှန်ပေးမှာလဲ"
"သူကိုယ်တိုင် လှန်မှာလား?????"
"ဒါပေမဲ့ ဘယ်သူလှန်လှန် ငါ့တင်ပါးကို သူမြင်မှာပဲလေ"
"သေသာ သေလိုက်ပါတော့"
စိတ်ထဲမှာ အတွေးတွေနဲ့အတူ ငိုချင်စိတ်ပါပေါက်လာသည်။
"ဟိုဟာလေ"
အနောက်က ဆရာ၀န်ရဲ့ ခေါ်သံကြောင့် တစ်စောင်းအနေအထားမှ ခေါင်းလှည့်ကြည့်လိုက်သည်။
"ဆေးထိုးမယ်ဆိုတာကလေ ဟိုလို ဘောင်းဘီကြီးကို ချွတ်ပြီး ဆေးထိုးမှာ မဟုတ်ဘူးနော်"
"ဒီနေရာက ခါးဆစ်ရိုး ဆိုရင် ဒီအနောက်ကိုထိုးမှာ ခါးအောက်လေးကိုပဲထိုးမှာ မရှက်နဲ့ညီမ"
သူကအားပေးစကား ပြောကာမှ ငိုချင်တဲ့သူကို လက်တို့သလို ဖြစ်နေလေသည်။မြမှူး ဘာအဖြေမှ ပြန်မပေးပဲ ဟိုဘက်သာလှည့်နေလိုက်သည်။
ဘုန်းမြတ်သိသည် ဒီကလေးမ ရှက်နေတယ်ဆိုတာကို။အဲ့ဒါကြောင့် သူဆုံးဖြတ်ချက် တစ်ခုအမြန်ချလိုက်ပြီး
ဆေးကောင်တာမှာ ထိုင်နေသော nurseကိုလှမ်းခေါ်လိုက်သည်။
"၀တ်ရည်ရေ ဆရာ့ဆီ တစ်ချက်လောက် လာကူပေးပါဦး"
၀တ်ရည်လဲ ဆရာ့အသံကြောင့် အခန်းထဲ၀င်လာပြီး တံခါးပြန်ပိတ်လိုက်သည်။
"ဘာကူပေးရမလဲဆရာ"
" ဒီမှာလေ ဆရာဆေးထိုးရမဲ့ လူနာက မိန်းကလေးဆိုတော့ ရှက်နေမှာစိုးလို့"
ဆရာ့ကို နောက်ကျောပေးထားပေမဲ့ သူ့ပြောစကားကြောင့် ခေါင်းလှည့်ပြီး nurseကို တစ်ချက် လှည့်ကြည့်လိုက်သည်။မျက်နှာငယ်နဲ့ လှည့်ကြည့်လာသော မြမှူးကို nurseကပြန်ပြုံးပြသည်။မြမှူးလဲ အားနာတဲ့ ပုံစံနဲ့ ပြန်ပြုံးပြပြီး နံရံဘက်ကိုပြန်လှည့် လိုက်သည်။
စိတ်ထဲမှာ ပျော်သလိုလိုတော့ ဖြစ်မိသွားသည်။
ဆရာ့က ငါ့ခံစားချက်ကို နားလည်ပေးတာပဲ။
အဲ့လိုတွေ သဘောကောင်းလို့ နာမည်ကြီးနေတာ ဖြစ်မယ်။
ကိုယ့်အတွေး နဲ့ကိုယ် စိတ်ကူးယဥ်နေတုန်း အနောက်က ဘယ်အချိန်ကတည်းက ဆေးထိုးလိုက်လဲမသိ စူးခနဲ အောင့်တက်သွားပြီး တစ်ဆက်ထဲမှာပင် ဆေးထိုးထားသောနေရာကိုလက်နဲ့ ဖိချေခံလိုက်ရသည်။အော်ချိန်ပင်မရလိုက်
မြမှူးအငိုက်မိပြီး ခံလိုက်ရပြန်ပြီ.....။
လူနာကြည့်အခန်းထဲကနေ မြမှူးတင်ပါးကို ပွတ်ပြီး ရှုံ့မဲ့ကာထွက်လာခဲ့သည်။အဖွားကတော့ ဆေးကောင်တာမှာ ဆရာရေးပေးသော ဆေးစာနဲ့ ဆေး၀ယ်နေလေသည်။မြမှူးကတော့ တင်ပါးက အောင့်နေ၍ ကားဆီကိုသာ တန်းလာခဲ့တော့သည်။
ဘုန်းမြတ် ဆေးစာရေးပေးပြီး ဆရာ၀န်နားနေခန်းထဲကို မ၀င်မှီ တင်ပါးကိုပွတ်ကာ အပြင်ထွက်သွားသော ထိုကလေးမကို ကြည့်ပြီး ခေါင်းခါကာရီမိလိုက်သည်။အနောက်မှာ ကြည့်စရာလူနာမရှိတော့ သဖြင့် နားနေခန်းထဲကို ၀င်လာရင်း ထိုကလေးမအကြောင်းကို အလိုလိုစဥ်းစားမိနေသည်။
အသက် ၁၈နှစ်အရွယ် သူမက လူကြီးဆန်ပေမဲ့ ကလေးစိတ်မကုန်သေးသလိုပင်။ ကလေးပုံစံပေါက်အောင် အတင်းလုပ်ပြနေတာမဟုတ်ဘဲ
သူမရဲ့ ပင်ကိုယ်အပြုအမူကိုက အကြည်ဓာတ်ကလေးပင်။ဘာကြောင့်မှန်းမသိ ထိုကလေးမနဲ့ ခင်မင်ရင်းနှီး ချင်သလိုစိတ်မျိုး ဖြစ်နေသည်။
---------------------------------------------------------
Zawgyi
"လူနာက ဘယ်သူလဲမသိဘူး"
"သူပါ ဆရာ"
"သြော် ဟုတ်ကဲ့"
"ဘယ်အချိန်က စဖျားတာလဲ"
"မနေ့ ညကပါဆရာ"
မြန်လာသလို ခံစားရသည်။
"ကြောက်နေတာလား နှလုံးခုန်နှုန်းတြွေမန်နေတယ် "
"ဟုတ်"
Advertisement
"ဟမ်"
"ဆေးထိုးမယ်ဆို?"
"အခုလဲ ဆရာဝန်ကို crushမယ်မှ မကြံရသေးဘူး ဖင်လှန်ပြရဉီးမယ်"
"စိတ်ညစ်လိုက်တာနော်"
"သေသာ သေလိုက်ပါတော့"
"ဟိုဟာလေ"
"၀တ်ရည်ရေ ဆရာ့ဆီ တစ်ချက်လောက် လာကူပေးပါဉီး"
"ဘာကူပေးရမလဲဆရာ"
---------------------------------------------------------
Advertisement
- In Serial31 Chapters
Pixie Dust {ManxBoy}
*PARTIALLY EDITED*Being the new kid is extremely hard, especially when you go to a school just for the supernatural. Leon is a pixie- and the new kid. Moving from his old home for better opportunities for his large but poor family, he's thrown into a whole new world, especially with one possessive and hot alpha. Can he survive this new school, drama, mates, and a possible baby?!Welcome to SNH High! Where the drama never stops!*WILL BE EDITED AFTER STORY IS COMPLETED*
8 204 - In Serial46 Chapters
Nerd Is A Babysitter ✓
Avelyn Summers.A girl with high grades, loving personality and no trace of romance whatsoever.Dante Knight.A boy with flirty personality and a new girl in his arms every other day.What happens when she is forced by her mom to babysit a boy and that boy turns out to be Dante Knight?Well, one thing is sure that shit is about to go down!~IF YOU DON'T LIKE CLICHÉ, THIS BOOK IS NOT FOR YOU!~#2 in Trending!#11 in Romance!#2 in Humor!#5 in Teen Fiction!#1 in completed!#1 in fun!~CROSSED 1M as on 27/4/20!~Being republished.
8 240 - In Serial30 Chapters
Opposites Attract
John Johnson, the youngest of the Johnson siblings in the castle. His sister being THE Luna of all Luna's, being married to the Alpha king and all, he was well known at his highschool with all werewolves in his pack. Being the football quarterback and the hottest senior at Royal High School, it wasn't hard for him to catch the eye of every female in the school, well at least not the female he was looking for. His mate was the only female he wanted his life, to be with, to love, and to cherish.Even though many female wolves wanted him he continued to look for her, and he never stopped. Little did he know his mate was hiding from him because she was the total opposite of what he was at school. Vivian Tran. A sass mouthed, always hungry,book worm, and school nerd of a wolf. She was the type of person to never understand why the moon goddess had to choose who you fall in love with if you can just fall in love with someone you've known for a long time. Like a best friend. Which was some thing she had before, a guy best friend. The downfall that broke her heart was that sadly her best friend found his mate and left her all alone at school having to deal with bullying, stress, and no friends. She never wanted anything to do with a guy for the rest of her life since then, but could the heart filled, love hungry, kind wolf John change her mind? (Story based on the character John John from my book 'The Beast and Me')...Highest Rankings: #3 Short story (1.24.22)#2 Nerd girl (1.24.22)
8 109 - In Serial63 Chapters
Muddy Green Waters || Draco Malfoy
She is a Slytherin. But she is also a Muggle-born. Rosie Carter finds herself in a world where she's not wanted. Especially not by the Slytherin Prince himself.----A Draco Malfoy love storyFrom enemies to lovers*****TRIGGER WARNINGS:Contains mature language and sexual scenes throughout Mentions of alcohol misuse Violence, death and grief*****Translations in Spanish, Italian and German can be found in my reading lists on my profile.
8 218 - In Serial53 Chapters
The Unwanted Proposal
(Highest rank #3 in romance on 15/02/2017, #5 in romance on 13/11/16)Note: the story is unedited and you might find many mistakes.Avni is a beautiful independent lady of 25 whose life is almost perfect. But soon that is going to change when under certain circumstances she is bound to marry Aditya, her father's best friend's son. Aditya is handsome and rich. He is a man of secrets. What happens when they have to live under the same roof.
8 188 - In Serial47 Chapters
Shattered | Paul Lahote
AmazonA group of warrior women said to have been the daughters of Ares and Harmonia. They were aggressive and honorable women who were destined to protect those around them. The war between the tribe of Man and the Gods became too great and the Amazons sent their prized possession to America to live amongst the humans.Copyright © kbrylow 2020 anything pertaining to the twilight saga ie characters, places, names, belong to Stephanie MeyerAnything else is obviously mineRated 18+ for mature themes and swearing
8 149