《ကံကြမ္မာစေရာ [OC] (Completed)》Ep_5
Advertisement
Uni
အခုတလော ဘုန်းမြတ် ဆေးခန်းခွဲ(၂) ဘက်
မထိုင်ဖြစ်တာကြာပြီမို့ ဒီညနေတော့ အဲ့ဘက်မှာ ထိုင်ရန် ရဲသွေးနောင်နဲ့ ဂျူတီ ချိန်းလိုက်သည်။
ညနေစောင်းဘက်ဖြစ်ပြီး မိုးကလဲ ဖွဲဖွဲလေး ရွာနေသည်မို့ လူနာကလဲ ရှင်းနေလေသည်။ဒါကြောင့် မိုးအေးအေးနဲ့ ကော်ဖီခွက်တစ်ခွက်ကိုလက်ကကိုင် သောက်နေရင်း လမ်းမထက်ကို ငေးကြည့်နေမိသည်။
မကြာခင်မှာ ကားမှတ်တိုင်သို့ YBS တစ်စီး ဆိုက်ရောက်လာပြီး ခရီးသည်များလဲ အလျိုလျို ဆင်းလာကြသည်။ထို ကားပေါ်မှဆင်းလာသော ခရီးသည်များထဲမှ အ၀ါရောင် ၀မ်းဆက် နဲ့ ထီးအကြည်လေးဆောင်းထားသော ကောင်မလေး တစ်ယောက်သည် သူ့ဆေးခန်းကို သေချာကြည့်နေလေသည်။
ဒါပေမဲ့ ဘုန်းမြတ်က ဆေးခန်း၏ အတွင်းပိိုင်းကျသောနေရာတွင်ထိုင်နေသည်မို့ သူ့ကိုမြင်ပုံမရ။
"ဘာတွေ အဲ့လောက်စူးစိုက်ကြည့်နေတာလဲ မသိဘူး"
တစ်ယောက်ယောက်ကို ရှာနေသည့် ပုံစံနဲ့ကြည့်နေသောကြောင့် ဘုန်းမြတ် ထိုမိန်းကလေးကို သေချာ ကြည့်ရန် တံခါး၀ကို အထွက် အနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားသော
ဆိုင်ကယ်ကြောင့် သူမ လဲကျသွားလေသည်။
ထီးတစ်ခြား လူတစ်ခြား လဲကျသွားသည်မို့ မိုးရေတွေကလဲ ခေါင်းပေါ်ကိုတဖွဲဖွဲကျ နေလေရဲ့။ဘုန်းမြတ်လဲ ဘာများဖြစ်သွားသလဲ ဆိုပြီး စိတ်ပူကာ ဆေးခန်းအ၀င်အ၀ရှိ ပုံးထဲတွင် ထည့်ထားသော ထီးတစ်ချောင်းကို ဆွဲယူကာ ထိုမိန်းကလေး ရှိရာကို မပြေးရုံတစ်မယ်သွားလိုက်သည်။
အနားရောက်တော့ မိုးစက်တွေ တဖွဲဖွဲကျနေသော သူမအပေါ်ကို ထီးမိုးပေးလိုက်သည်။
သို့သော် ဘုန်းမြတ်ရောက်နေတာကိုပင် သိပုံမရ သူမရဲ့ ခြေထောက်ကို ငုံ့ကြည့်နေသည်မို့ ဘုန်းမြတ်စိတ်ပူပြီး မေးလိုက်သည်
"ခြေထောက်ခေါက်သွားထင်တယ် အဆင်ပြေရဲ့လား"
ဘုန်းမြတ်ရဲ့ စကားသံကို ကြား၍ပဲလား ဘေးနားကို တစ်ယောက်ယောက် ရောက်လာသည်ကို
သတိထားမိ၍ ပဲလားမသိ ခြေထောက်ကို ကြည့်နေရာမှ ဘုန်းမြတ်ကို မော့ကြည့်လာလေသည်။
ဘုန်းမြတ်ကို မော့ကြည့်လာသော သူမကို မြင်တော့ ဘုန်းမြတ် တစ်နေရာရာမှာ မြင်ဖူးနေသော
ရင်းနှီးနေတဲ့မျက်နှာဖြစ်နေတာကြောင့် ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်သည်။
သူမရဲ့ ပြောင်ရှင်းနေသောမျက်နှာပေါ်မှာ ရေစက်လေးတစ်ချို့က တွဲလွဲခိုနေပြီး ဘုန်းမြတ်ကို မျက်တောင်တစ်ချက်တောင် မခက်ပဲ တွေတွေကြီး ကြည့်နေသော သူမရဲ့ မျက်လုံးနဲ့ ပန်းနုရောင် သန်းနေသော နှုတ်ခမ်းဖူးဖူးလေးက ဘုန်းမြတ်ရဲ့ မှတ်ဥာဏ်ကို မြန်မြန် ပြန်ခေါ်လာခဲ့နိုင်သည်။
ဟုတ်တယ် ဟိုကလေးမလေးပဲ။ဆေးခန်းပြတဲ့ နေ့က နေမကောင်းဖြစ်နေ၍ ကပိုကရို ဖြစ်နေတဲ့ ရုပ်ကလေးက ကလေးဆန်နေပေမဲ့ အခုလို မြန်မာ၀တ်စုံနဲ့ make upပါးပါးလေး ပြင်ထားတော့ ထိုကလေးမက လူကြီးဆန်သွားသဖြင့် မှတ်မိအောင် မနည်းစဥ်းစားလိုက်ရသည်။
ဘုန်းမြတ်က ခြေထောက်အဆင်ပြေရဲ့လား လို့ မေးထားတာကို ပြန်မဖြေပဲ တွေတွေကြီး ဘုန်းမြတ်ရဲ့မျက်လုံးတွေ ကို စိုက်ကြည့်နေတာကြောင့် ဘုန်းမြတ်လဲ ကလေးမကို သေချာကြည့်နေမိတော့သည်။ပြီးမှ နားမှာ နားကြပ်ထားတာကို တွေ့တော့ ဘုန်းမြတ် နားကြပ်တစ်ဖက်ကိုဆွဲဖြုတ်လိုက်သည်။
"ဟိတ် အဆင်ပြေရဲ့လား"
ဆရာက နားကြပ်တစ်ဖက်ကို ဆွဲဖြုတ်လိုက်မှ မြမှူး အသိစိတ်တို့ပြန်၀င်လာခဲ့သည်။
"ဟုတ် အဆင်ပြေပါတယ်"
အဲ့ကျမှ ဆရာ့ အကြည့်တွေဆီမှ မျက်လုံးကို လွှဲကာ အသံတုန်တုန်ရီရီနဲ့ ပြန်ဖြေမိလိုက်သည်။
"ထရော ထနိုင်ရဲ့လား"
မြမှူး ရဲ့ ခြေထောက်ကိုကြည့်ပြီး စိုးရိမ်တဲ့ လေသံနဲ့ မေးတော့ မြမှူး တစ်ယောက် ထပ်ပြီး နှလုံးသားက အရည်ပျော်ရပြန်ပြီ။
"ဟုတ် ထနိုင်ပါတယ်"
ဆိုပြီး မြမှူး မြေကြီးကို လက်နဲ့ ထောက်ပြီး အထ
ရုတ်တရက် မြမှူးရဲ့ လက်သေးသေးလေးကို ကြီးမား ကျယ်ပြန့်သော လက်တစ်စုံနဲ့ ဆုပ်ကိုင်ခံလိုက်ရသဖြင့် မြမှူး မျက်လုံး အ၀ိုင်းသားနဲ့ ဆရာ့ကိုကြည့် မိလိုက်သည်။
"လာ ကိုယ်ထူပေးမယ်"
ဆိုပြီး နွေးထွေးသော စကားသံက နား နားမှာ ကပ်ပြီး ဖြတ်သန်းသွားလေသည်။
နဂိုကတည်းက ဆရာ့ အနားမှာရှိနေတာတောင် ရင်ခုန်နေတာကို အခု သူ့ရဲ့ သွေးကြောစိမ်း တွေထောင်နေသော သန်မာသော လက်နဲ့ မြမှူးရဲ့ လက်သေးသေးကို ဆုပ်ကိုင်လိုက်တော့ မြမှူး ရင်ခုန်သံ တွေကို ကိုယ်တိုင် ပြန်ကြားသည်အထိ ကျယ်လောင်နေလေသည်။မြမှူးရဲ့ ရင်ခုန်သံကြောင့် စိတ်နဲ့ကိုယ်နဲ့မကပ်နိုင် သဖြင့် အမှားတစ်ခုခုလုပ်မိမှာ စိုး၍ ဤနေရာမှ အမြန်ထွက်ခွာ ရန်ပြင်တော့သည်။
မြမှူး တံတွေးတစ်ချက်မြိုချလိုက်ပြီး
"ဟုတ် မြမှူး ကိုယ့်ဘာသာကိုယ် လမ်းလျောက်
နိုင်ပါတယ်"
"အခုလို ကူညီပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်"
မြမှူး ခေါင်းငုံ့၍ ကျေးဇူးတင်စကားအမြန်ဆိုပြီး ထိုနေရာမှာ အမြန်ထွက်ခွာခဲ့သည်။
မြမှူး ဆရာ့ကို ကျောခိုင်းပြီး ထွက်လာခဲ့တော့ ၀မ်းသားစိတ်ရော ၀မ်းနည်းစိတ်ရော ဖြစ်မိသည်။ဆရာရဲ့ မျက်နှာကို သေချာမြင်ခဲ့ရပြီး နောက်တစ်ကြိမ် နီးကပ်ခွင့် ရခဲ့ တဲ့အတွက်ကြောင့် ၀မ်းသာမိပြီး ဆရာ့က မြမှူးကို မမှတ်မိသည့်ပုံစံ မို့ အနည်းငယ်တော့ ၀မ်းနည်းမိသည်။
"ဟိတ် ထီးယူသွားဦးလေ"
အနောက်ကနေ အော်ပြောလိုက်တဲ့အသံ ကြောင့် မြမှူး မိုးရေထဲမှာ ထီးမပါပဲ လမ်းလျောက်နေမှန်းသတိထားမိလိုက်သည်။ခုနက ထီးတစ်ခြား လူတစ်ခြား လဲ ကျခဲ့တာမို့ ထီးက ဆရာ့အရှေ့မှာ ကျန်နေခဲ့တာ ဖြစ်သည်။
Advertisement
အမြန်ရှောင်ကာမှ နောက်တစ်ကြိမ် ထီးကို ပြန်လှည့်ယူရမဲ့ မိမိအဖြစ်ကို စဥ်းစားပြီး စိတ်ပျက်လက်ပျက်ဖြစ်မိသည်။ တကယ်ကို ဘာလုပ်လုပ် လွဲဖြစ်အောင် ကိုလွဲလိုက်သေးသည်။
နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး မျက်စိကို စုံမှိတ်ကာ အနောက်ကို ပြန်လှည့်ဖို့ အားယူလိုက်သည်။ထို့နောက် ခပ်မြန်မြန် ပြန်လှည့်လျှောက်ကာ ထီးကို ကောက်ပြီး ပြန်အထ
"နောက်ဆို မိုးရေထဲ ထီးမပါပဲ လျှောက်သွားမနေနဲ့ "
"မိုးမိပြီး နေမကောင်းဖြစ်လို့ ဆေးခန်းလာပြရင်"
"ဒီတစ်ခါတော့ Nurseကို ဆေးမထိုးခိုင်းတော့ဘူး ကိုယ် ကိုယ်တိုင်ပဲ ထိုးတော့မယ်"
ဆိုပြီး နှုတ်ခမ်းကို ကွေးပြီး ပြုံးပြကာ လက်တစ်ဖက်က ဘောင်းဘီ အိတ်ထဲ လက်ထည့်ပြီး နောက်တစ်ဖက်က ထီးဆောင်းကာ ဆေးခန်းထဲပြန်၀င်သွားလေသည်။မြမှူးကတော့ ဆေးခန်းရှေ့မှာ ထီးကြီးကိုင်ပြီး စိတ်ကိုတည်ငြိမ်ရန်
ကြိုးစားနေရသည်။
ဆရာက မြမှူးကို မှတ်မိနေတယ် ဆိုသောအသိက မြမှူးအတွက် မျှော်လင့်ချက်ရေးရေးလေး ပေါ်လာသလိုခံစားရသည်။
စိတ်ထဲမှာ ပျော်ရွှင်မှုရော အံ့သြမှုတွေရော ပြည့်ကြပ်နေတာမို့ လူက ပြုံးစိစိနဲ့ မျက်နှာပိုးကို
မသတ်နိုင်ဖြစ်နေသည်။နဂိုကတည်းက ဆရာ့ကို စွဲလန်းနေသော ရောဂါက အခုဆို ကုသလို့ မရတော့သည်အထိ လောင်ကျွမ်းနေလေပြီ။
×××××××××××××××××
ဒေါ်ချိုမာ အခုရက်ပိုင်းအတွင်းမှာ သက်သေတွေစုဆောင်း နေတာ စုံသလောက်ဖြစ်နေလေပြီ။အဓိကလိုအပ်တဲ့အရာ တစ်ခုသာကျန်တော့သည်မို့ ပိုပြီး အားစိုက်နေရသည်။ငွေများများသုံးနိုင်သူမို့ ဒေါ်ချိုမာ ယမုံ့ကို ဘုန်းမြတ်အနားက မကြာမီ ဖယ်ရှားနိုင်တော့မည်မို့ စိတ်ထဲပျော်ရွှင်နေလေသည်။
"ရွှန်းလဲယမုံ......ရွှန်းလဲ့ယမုံ နင့်ကိုယ်နင် လုံလှပြီထင်နေတာပဲ "
"နင်ရဲ့ မျက်နှာဖုံး နောက်ကွယ်က သရုပ်အမှန်ကို အားလုံးသိအောင် လုပ်ပြမယ် ဟင်းးးဟင်း"
ဒေါ်ချိုမာ လက်ထဲက ဓာတ်ပုံအချို့ကို မသတီစရာအကြည့်များနဲ့ ကြည့်ကာ နှုတ်ခမ်းကိုတစ်ချက်မဲ့ကာ ပြုံးလိုက်သည်။
×××××××××××××××××××
ဘုန်းမြတ် ယမုံနဲ့ မတွေ့ဖြစ်တာကြာနေပြီမို့ ဆေးခန်းပိတ်သည့်အချိန် ညနေပိုင်းရောက်ရင်တော့ dateလုပ်ရန် ယမုံနဲ့ချိန်းထားလေသည်။
"Ring Ring Ring"
ဘုန်းမြတ် အခန်းထဲမှာ လူနာကိုစမ်းသပ်နေသည်မို့ ဖုန်းမကိုင်နိုင်သေး။
၁၀မိနစ်လောက်ကြာမှ ဖုန်းကို ကြည့်မိတော့
ယမုံ ဖုန်းခေါ်ထားခြင်း ဖြစ်၍ ပြန်ခေါ်လိုက်သည်။
"ဟယ်လို "
"ယမုံ ဖုန်းခေါ်ထားတာတွေ့လို့ ဘာကိစ္စရှိလို့လဲ"
"ဟုတ်တယ် ကိုဘုန်း ယမုံ ဒီညတော့ လာမတွေ့နိုင်လောက်တော့ဘူးထင်တယ်"
ဒီနဲ့ ယမုံနဲ့ တွေ့ရမယ်ဆို၍ အလွမ်းတွေကို အတိုးချရန် ပြင်နေသော ဘုန်းမြတ်သည် ယမုံ့စကားကြောင့် မျက်နှာညိှုးသွားရသည်။
"ဘာကိစ္စတွေ ရှိနေလို့လဲယမုံ"
"ဟိုလေ ယမုံ ဒီညနေ အလုပ်ကိစ္စနဲ့ မန္တလေးဘက်သွားစရာရှိလို့"
"အရေးကြီးတဲ့ meeting ဆိုတော့ ဖျက်လို့လဲ မရလို့ပါ "
ယမုံ သူ့စကားကို ဘုန်းမြတ် အပြည့်အ၀ယုံကြည်စေရန် ၀မ်းနည်းနေတဲ့ အသံနဲ့ စိတ်ပျက်လက်ပျက် ပုံစံပြောနေလေသည်။
"အင်းပါ ယမုံက မအားဘူးဆိုတော့လဲ ခရီးကပြန်လာမှ တွေ့ကြတာပေါ့"
"မန္တလေးကို ရောက်ရင်လဲ ကိုယ့်ကို ဖုန်းဆက်ဦး"
"ဟုတ် ယမုံအခု ခရီးသွားဖို့ ပြင်ဆင်ရတော့မှာမို့
ဖုန်းချလိုက်တော့မယ်နော် အရမ်းချစ်တယ် အာဘွား"
"တီ "
ယမုံသူပြောချင်တာ ပြောသွားပြီး ဖုန်းချသွားသည်။ဘုန်းမြတ်ပြန်အပြောတောင် မစောင့်တော့။
"ဟင်းးးး"
ဘုန်းမြတ် သက်ပြင်းအရှည်ကြီး တစ်ခုကိုချလိုက်ပြီး ယမုံနဲ့ သူနဲ့ အမြန်လက်ထပ်မှပဲ စိတ်ကြိုက်တွေ့လို့ရနိုင်တော့မှာမို့ လက်ထပ်ဖို့ အမေနဲ့ အဖေဆီက ခွင့်ပြုယူဖို့ စဥ်းစားနေလေသည်။
×××××××××××××××
ယမုံ ဖုန်းချလိုက်တာနဲ့ တမ်းပြီး ဖုန်းကို ကားနောက်ခန်းဆီကို ပစ်ထည့်လိုက်သည်။
"ယမုံကလဲ ဖုန်းပြောတာ ကြာလိုက်တာ "
"ကိုယ်ကဒီမှာ မစောင့်နိုင်တော့ဘူး"
"ယမုံလဲ မစောင့်နိုင်တော့ဘူး"
ဆိုပြီး driverနေရာမှာ ထိုင်နေသော ယမုံနဲ့ ရွယ်တူ ကောင်လေးတစ်ယောက်ရဲ့ ပေါင်ပေါ်ခွထိုင်လိုက်ပြီး အနမ်းကြမ်းကြမ်းတွေ အပြန်အလှန်ပေးရင်း ရှည်လျားသော အချစ်ခရီးရှည်ကြီးကို ဆက်လက်ဖြတ်သန်းကြတော့သည်................။
×××××××××××××××××××
မြမှူး ဒီနေ့ စိတ်တိုစရာတွေပဲ ကြုံနေရသည်။
ကျောင်းမှာလဲ သူများကို roll callခိုးထိုးပေးတာမိသွားလို့ အတန်းထဲမှာ အဆူခံရသည့်အပြင် အခုကျောင်းကပြန်လာတော့လဲ ကားကမှတ်တိုင်မှာ မရပ်ပေးပဲ တစ်မှတ်တိုင်ကျော်ရပ်သဖြင့် ကားပေါ်ကနေ ပွစိပွစိပြောပြီး ဆောင့်အောင့် ဆင်းလာခဲ့တော့သည်။
အဆိုးထဲက အကောင်းလို့ပဲ ပြောရမလားမသိ ဒီနေ့ မိုးမရွာတော့ တော်တော့သေးသည်။ညနေစောင်းဘက်လဲ ဖြစ်တော့ အေးအေးဆေးဆေး ဖြည်းဖြည်းချင်း မိမိ ဆင်းနေကြကားမှတ်တိုင်ဆီ ပြန်လျှောက်လာခဲ့သည်။
မြမှူး လမ်းလျောက်နေရင်း အရှေ့မှာ အသက်ကြီးကြီး အဖွားကြီးတစ်ယောက် ယိုင်နဲ့နဲ့ နဲ့ လဲကျမလို ဖြစ်ပြီး အနီးအနားရှိ ဓာတ်တိုင်ကို လှမ်းမီလိုကို တွေ့လိုက်သည်။မြမှူးလဲ အဘွားကို ကူဖို့ ပြေးသွားလိုက်သည်။ဒါပေမဲ့ မြမှူးထက်စောပြီး အဘွားဆီ အရင်ရောက်သွားတာက အသက် ၅၀ကျော်ခန့် အန်တီကြီးတစ်ယောက်။
အန်တီကြီးရဲ့ ပုံစံမှာ ပိုက်ဆံရှိ သည့်ဂုဏ်သရေရှိအမျိုးသမီးကြီး တစ်ယောက်။
"အဘွား အဆင်ပြေရဲ့လား"
မြမှူးက မေးလိုက်ခြင်းဖြစ်သည်။
"အဆင်မပြေလောက်ဘူး ထင်တယ်သမီး
ပုံစံကြည့်ရတာ မူးပြီး အားမရှိတဲ့ပုံစံပဲ"
မြမှူးနဲ့ အတူ အဘွားကို ၀ိုင်းတွဲပေးထားသော အန်တီကြီးမှ ဆိုလိုက်ခြင်းဖြစ်သည်။
Advertisement
မြမှူးလဲ အန်တီပြောတာကို နားလည်သည့် သဘောနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး
"ဒါဆို ဒီအရှေ့နားမှာ ဆေးခန်းတစ်ခု ရှိတယ်"
"သမီးတို့နှစ်ယောက် အဘွားကို တွဲပြီး အဲ့ကို ခေါ်သွားကြရအောင်"
"အန်တီ ၀ိုင်းတွဲပေးလို့ အဆင်ပြေတယ်မလား"
မြမှူးတို့ နေထိုင်သော ရပ်ကွက်သည်
လူချမ်းသာတွေ နေထိုင်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် လူပြတ်တာနေပြီး တခြားအကူအညီတောင်းစရာ လူတွေကိုလဲ မတွေ့တာကြောင့် နှစ်ယောက်တည်း ပဲကူညီမှ ရတော့မည်။
"ရတယ်သမီး ဆေးခန်းက ဒီနားမှာပဲ မလား"
"အန်တီတို့ တူတူ၀ိုင်းတွဲကြတာပေါ့"
အန်တီလဲ သဘောတူတာမို့ နှစ်ယောက်တူတူတွဲပြီး ဆရာ့ ဆေးခန်းဆီကို ခေါ်လာလိုက်သည်။
အဘွားကို ကူညီချင်တဲ့ စိတ်သန့်သန့်နဲ့ ကူညီခဲ့ပေမဲ့ ဆေးခန်းမှာ ဆရာရှိနေပါစေ ဆိုပြီးတော့လဲ စိတ်ထဲမှာ ကြိတ်ဆုတောင်းနေမိသည်။
ဆေးခန်းကို ရောက်တော့ လူနာတွေရှင်းနေ၍ တော်တော့သေးသည်။
ဆေးကောင်တာမှာ ထိုင်နေသော nurseက လူနာကို တွဲခေါ်လာသည်ကို မြင်၍ ဆရာ၀န်ကို အပြေးသွားခေါ်တော့သည်။
nurseက ဆရာ၀န်နားနေခန်း အပြင်ဘက်ကနေ တံခါးကိုခေါက်လိုက်ပြီး
"ဆရာ အပြင်မှာ အရေးကြီး လူနာ တစ်ယောက်ရောက်နေတယ်ဆရာ"
ဆိုပြီး တံခါးအပြင်ဘက်ကနေ လှမ်းပြောလိုက်သည်။
nurseက ပြောပြီး ထွက်လာပြီး ခနအကြာ နားနေခန်း တံခါးကပွင့်လာတော့ မြမှူး စိတ်ထဲမှာ ကြိတ်ပြီး ဆုတောင်းနေမိသည်။ ဆုတောင်းကတော့ မြမှူးရဲ့ ဆရာပဲဖြစ်ပါစေလို့ပေါ့။
အဘွားကို ကူညီခဲ့တဲ့ ကုသိုလ်ကြောင့်ပဲလားမသိ
မြမှူးရဲ့ ဆုတောင်းတွေ ပြည့်ခဲ့သည်။ဂျူတီကုတ်ကို အပေါ်က ထပ်၀တ်နေရင်းနဲ့ အခန်းပြင်ထွက်လာပုံမှာ မြမှူး ရင်ထဲကို အေးချမ်းသွားစေသည်။
မြမှူးဆရာ့ကို ငေးကြည့်နေတုန်းမှာပဲ ဆရာ့ပုံစံက အံ့သြသွားနဲ့ပုံစံနဲ့ မြမှူးဆီလျှောက်လာပြီး စကားပြောလာသည်။
"အမေ ဒီကို ဘယ်လိုလုပ်ရောက်တာလာလဲ"
ဆိုပြီး ရီရင်းပြောနေသည်။
"ဟမ်"
"အမေတဲ့လား?"
မြမှူး စိတ်ထဲမှာ နားမလည်တဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း နည်းနည်း စဥ်းစားသွားသည်။
ဆရာ့ကိုကြည့်လိုက်တော့ မြမှူးနဲ့ အတူပါလာတဲ့ အန်တီကြီးကို ကြည့်ရင်းပြောလိုက်တာဖြစ်သည်။
"ဟင် ...ဒါဆို ငါနဲ့ တူတူပါလာတဲ့ အန်တီကြီးက ဆရာ့အမေပေါ့"ဆိုပြီး စိတ်ထဲမှာ အကျယ်ကြီးအော်ပြောမိလိုက်သည်.........။
×××××××××××××××××××××××××××××××××××
❗️attention please❗️
သာသာတစ်ခုလောက်ပြောစရာလေးရှိပါတယ်
မြမှူးနဲ့ ဘုန်းမြတ်ရဲ့ faceကို အရမ်းတိတိကျကျ မဖော်ပြထားတာကလေ ဒါဒါတွေကို ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေနဲ့ တွဲပြီး ဖတ်စေချင်တာကြောင့် အတင်းကြီး ပုံဖော်မပြတာပါနော်။
ဥပမာဆိုရင် မြမှူးနေရာမှာ ကိုယ်တိုင် အစားထိုးပြီး ဖတ်တာမျိုးပေါ့
ပြီးတော့ အိမ်နေရာတို့ လမ်းတို့ အတိအကျမပြောတာကလဲ အပြင်ကဟာနဲ့ တိုင်ဆိုင်နေရင် ပြဿနာတစ်စုံ တစ်ခုဖြစ်မှာစိုးရိမ်လို့ပါ
အဓိကကတော့ ဒါဒါလေးတွေကို ကိုယ်တိုင်ပုံဖော်ကြည့်စေချင်တာပါ
အကယ်၍ ပုံမဖော်တတ်ဘူး ဆိုရင်လဲ Story coverကပုံကို inspire ယူပြီး ဖတ်ကြည့်ပါနော်🙆
အားလုံးနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်❤️
Zawgyi
ဒါပေမဲ့ ဘုန်းမြတ်က ဆေးခန်း၏ အတွင်းပိုင်းကျသောနေရာတွင်ထိုင်နေသည်မို့ သူ့ကိုမြင်ပုံမရ။
ရင်းနှီးနေတဲ့မျက်နှာဖြစ်နေတာကြောင့် ဉီးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်သည်။
"ဟိတ် အဆင်ပြေရဲ့လား"
"ဟုတ် အဆင်ပြေပါတယ်"
"ထရော ထနိုင်ရဲ့လား"
"ဟုတ် ထနိုင်ပါတယ်"
"လာ ကိုယ်ထူပေးမယ်"
နိုင်ပါတယ်"
"ဟိတ် ထီးယူသွားဉီးလေ"
ကြိုးစားနေရသည်။
×××××××××××××××××
×××××××××××××××××××
"Ring Ring Ring"
"ဟယ်လို "
ဒီနဲ့ ယမုံနဲ့ တွေ့ရမယ်ဆို၍ အလွမ်းတွေကို အတိုးချရန် ပြင်နေသော ဘုန်းမြတ်သည် ယမုံ့စကားကြောင့် မျက်နှာညှိုးသွားရသည်။
"မန္တလေးကို ရောက်ရင်လဲ ကိုယ့်ကို ဖုန်းဆက်ဉီး"
"တီ "
"ဟင်းးးး"
×××××××××××××××
×××××××××××××××××××
Advertisement
- In Serial44 Chapters
A Deal in Disguise
Looking straight in my eyes he said "I didn't like the way he was staring at you."I bit my lips "And how was he staring at me?"Leaning towards me he replied "Like he wanted to fuck you. I won't allow anyone looking at my wife in such a way. You are mine and fucking you is mine and only mine to do."For the first time I felt it... I felt that I belong to him.I am his.++++++++++++++++++++++++++++++++++Rafael Martinez || Hazel CameronTwo totally different people... complete opposite to each other.She is selfless. He is selfish.A marriage deal, she agreed because she loved her brother and he signed because he wanted revenge from the person who killed the girl he once loved.There is no love in this marriage, he was forced on her but she accepted him. She was his only way to get revenge.
8 317 - In Serial63 Chapters
Alphas Betrayal
Abandoned by the world, Octavia Johnson is destined to suffer. The pain is fleeting. Momentarily wounding her. But the betrayal. The betrayal is carved so deeply into her memories. Permanently residing in the darkest parts of her mind, never letting her forget the years of torture and abuse That face that is burned into her mind, the face she will never forget. Never forgive. Alpha JudaHis rejection comes as no surprise but what follows will shock her to the core. Will Octavia survive these trials given by the moon goddess herself?Will she finally get her happily ever after?Cover credit [email protected](Check out her work! Fantastic)MATURE AUDIENCE ONLY 18++⚠️⚠️ book has triggers. Mentions rape, abuse, suicide & violence ⚠️⚠️🌶🌶🌶 contains smutty content🌶🌶🌶
8 66266 - In Serial17 Chapters
as it was | stu macher
(stu x fem reader!)❝you know it's not the sameas it was❞
8 220 - In Serial42 Chapters
Hidden Pegasus (Completed)
Athena is a beautiful girl who is given the chance to get enough money to pay for her brother's study. In return, she will have to pretend to be the fiancé of Maximus Knight, one of the richest man in the world. Getting attached to the cruel man was a piece of cake but then secrecy came in the way followed by misunderstanding. When discovering the true identity of Maximus Knight, what will happen to Athena? What would be her feeling knowing that she has been lied to? Would she be able to hide her feelings?
8 107 - In Serial29 Chapters
Zodiac Stories
Basic Zodiac Book
8 148 - In Serial20 Chapters
The Unknown Girl! (Tittle might change)
This is a Rocky centered story where he falls for a girl who mysteriously has amnesia and been wondering around grandpas cabin! Where did she come from? Who is she really and will they be able to find out about her family and her past?Read more to find out their adventure together along with Colt and Tum Tum! (I might make more side characters for them later!)
8 115