《ကံကြမ္မာစေရာ [OC] (Completed)》Ep_6
Advertisement
Uni
"ဘယ်လိုလုပ်ရောက်လာတာလဲဆိုတဲ့ အကြောင်း နောက်မှ အေးဆေးပြောပြမယ် အခု လူနာကိုအရင်သွားကြည့်လိုက်ဦး"
"ဟုတ် ဒါဆို သား လူနာအရင်ကြည့်လိုက်ဦးမယ်"
ဆရာက ပြာပြာသလဲ အန်တီနဲ့ မြမှူးကို ပြုံးပြပြီး အဘွားကို nurseနဲ့ အတူတွဲကာ လူနာကြည့်ခန်းထဲ ခေါ်သွားတော့သည်။
အပြင်မှာတော့ မြမှူးနဲ့ အန်တီနှစ်ယောက်ထဲကျန်ခဲ့တော့သည်။ခုံတစ်လုံးစီမှာ ထိုင်စောင့်နေရင်း နှစ်ယောက်လုံး ဘာမှ မပြောပဲ နှုတ်ဆိတ်နေကြသည်။
"သမီး ကဒီရပ်ကွက်မှာနေတာလား"
တိတ်ဆိတ်မှုကို အန်တီက စပြီး ဖြိုခွင်းလိုက်သည်။
"ဟုတ် သမီးအိမ်က ဒီနားလေးတင်ပဲ နီးနီးလေး"
"အော် သမီးနာမည်က ဘယ်လိုခေါ်လဲ"
"သမီးနာမည်က မြမှူးသော်တာလို့ ခေါ်ပါတယ် အန်တီ"
ဆရာ့အမေ မို့လို့ စကားကို တည်တည်ငြိမ်ငြိမ်နဲ့
ထိန်းပြီးပြောနေရသည်။
"နာမည်က မြမှူးသော်တာတဲ့လား"
အန်တီက မြမှူးသော်တာ ဆိုတဲ့ နာမည်ကို ကြားပြီးတော့ တစ်ခုခု စဥ်းစားသွားတဲ့ပုံစံနဲ့ မြမှူးကို စိုက်ကြည့်နေသည်။
"သမီးရဲ့ အသက်ကရော ဘယ်လောက်ရှိပြီလဲကွဲ့"
"မြမှူး အသက်က ၁၈ ကျော် ၁၉ထဲမှာပါ"
မြမှူးရဲ့ အသက်ကိုကြားပြီး အန်တီ့ပုံစံက အံ့သြသွားတဲ့ပုံစံ.....
"သမီးရဲ့အဖေနဲ့ အမေက......."
"သမီး မြမှူး ဘာများ တစ်ခုခု ဖြစ်လို့လဲ "
မြမှူးရဲ့အဖွားက ရေးကြီးသုတ်ပြာနဲ့ ဆေးခန်းထဲ ၀င်လာပြီး မြမှူး နဖူးကိုလက်နဲ့ လိုက်စမ်းပြီး စိုးရိမ်တကြီး မေးလာမှုကြောင့် အန်တီမေးတော့မည့်စကားက အဆက်ပြတ်သွားသည်။
"မြမှူး ဘာမှ မဖြစ်ပါဘူး ဖွားဖွားရဲ့ လမ်းမှာ မူးလဲနေတဲ့ အဖွားတစ်ယောက်ကို ဆေးခန်းလိုက်ပို့ပေးတာ
ဒါနဲ့ ဖွားဖွားက ဒီကိုဘယ်လိုရောက်လာတာလဲ"
"ဖွားဖွားက ဘုန်းကြီးကျောင်းကနေ ပြန်လာတာ
အဲ့ဒါ လမ်းထိပ်ရောက်တော့ ဖိုးထူးက ကားမောင်းနေရင်း သမီးကို ဆေးခန်းမှာ လှမ်းတွေ့လိုက်တယ်လို့ ပြောလို့ အဖွားကစိတ်ပူပြီး ၀င်လာတာ"
မြမှူးနဲ့ အဖွားလဲ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်စကားပြောနေရင်း အခုမှ အန်တီကို သတိရ၍ အဖွားနဲ့ မိတ်ဆက်ပေးဖို့ အန်တီ့ဘက်လှည့်လိုက်သည်။
"ဒေါ်လေးစောရီ......ဒေါ်လေး ဟုတ်တယ်မလား
ကျွန်မ ချိုမာလေ ဒေါ်လေးရဲ့ မမှတ်မိဘူးလား
သင်းနွယ်၀င်းရဲ့ သူငယ်ချင်း ချိုမာလေ"
သူတောင်မိတ်မဆက်ပေးရသေးဘဲနဲ့ အန်တီက အဖွားနာမည်ကို ခေါ်ပြီး ကိုယ်တိုင်မိတ်ဆက်လာတော့ မြမှူး အဖွားနဲ့ အန်တီ့မျက်နှာကို တစ်လှည့်ဆီကြည့်ရင်း နှုတ်ဆိတ်နေလိုက်သည်။
အန်တီက မြမှူးမေမေရဲ့ သူငယ်ချင်းတဲ့လား ကံကြမ္မာကြီးက တော်တော်ဆန်းကြယ်တာပဲလို့ မြမှူးတွေးနေမိလိုက်သည်။
အဖွားကိုကြည့်လိုက်တော့ အတော်စဥ်းစားပြီးမှ သတိရသွားဟန်နဲ့
"သြော် မှတ်မိပြီ ချိုမာကိုး"
"ဟုတ်တယ်ဒေါ်လေး ကျွန်မတို့မဆုံဖြစ်တာမှ နှစ်တွေအတော်ကြာရောပေါ့ သင်းနွယ်ဆုံးပြီးကတည်းကပဲမလား"
"ဒါနဲ့သူက........"
အန်တီက မြမှူးနဲ့ အဖွား ဆွေမျိုးဘယ်လိုတော်စပ်လဲဆိုတာကို သိချင်နေသောအကြည့်နဲ့ ကြည့်ရင်း အဖွားကို မေးလိုက်သည်။
"ဟုတ်တယ် ချိုမာ တူမကြီး ထင်နေတဲ့အတိုင်းပဲ"
ဒါ သင်းနွယ်၀င်းနဲ့ အောင်နိုင်သူ တို့ရဲ့ သမီး
မြမှူးသော်တာပဲ"
အဖွားကလဲ မြမှူးကို ကြည့်ရင်း ခေါင်းညိမ့်ပြီး ပြောလိုက်တော့ အန်တီ့မျက်နှာက မြမှူးအပေါ်အပြစ်တစ်ခုခုလုပ်ထား၍ အားနာနေတဲ့ပုံစံသို့ ချက်ချင်းပြောင်းသွားလေသည်။
အန်တီက မြမှူးကို ၀မ်းနည်းနေတဲ့မျက်လုံးတွေနဲ့ကြည့်နေပြန်သည်။ဖွားဖွားက အန်တီ့ကို တစ်ချက်ကြည့်လိုက်ပြီး အာရုံပြောင်းသွားစေရန် စကားပြောလိုက်သည်။
"ဒါနဲ့ တူမကြီးတို့ တခြားအရေးကြီးကိစ္စသွားစရာမရှိရင် ဒေါ်လေးတို့အိမ်ကို လိုက်လည်ကြပါလား ရောက်ဖူးတယ်ရှိတာပေါ့ "
"တကယ်လား ဒေါ်လေး အဲ့ဒါဆို သားလဲ ခနနေ ဆေးခန်းပိတ်တော့မယ့်အချိန် ရောက်ပြီဆိုတော့ ကျွန်မတို့ လိုက်ခဲ့မယ်နော်"
×××××××××
"အဘွားက သွေးတွင်းအချိူဓာတ်အရမ်းကျနေတာ အဲ့ဒါအခု ဆေးသွင်းပေးထားတယ်"
လူနာကြည့်ခန်းထဲကနေ ဆရာ့ကထွက်လာတာနဲ့ မြမှူးရှိရာကို တန်းလာပြီး ပြောပြနေသည်။
"ဟုတ်လား အခုရော ဘယ်လိုနေသေးလဲ"
ဆရာ့အမေက မေးလိုက်ခြင်းဖြစ်သည်။
"အခု သွင်းပေးထားတဲ့ ဆေးကုန်သွားရင်တော့ ပြန်ကောင်းသွားမှာပါ အိမ်ပြန်ရောက်ရင် သောက်ဖို့ ဆေးလဲ အဆင်သင့်ပြင်ပေးထားတယ်"
အန်တီက အခုမှ စိတ်အေးသွားတဲ့ပုံနဲ့ ပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်။
"သြော် ဒါနဲ့သားကို မိတ်ဆက်ပေးရဦးမယ် ဒါက အမေ့ရဲ့ သူငယ်ချင်းရဲ့ အမေ ဒေါ်လေး စောရီတဲ့ ဒါက အမေ့ သူငယ်ချင်းရဲ့သမီး မြမှူးသော်တာတဲ့"
အန်တီက အဖွားနဲ့ မြမှူးကို လက်ဖြင့် ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။
ဆရာကလဲ အဖွားနဲ့မြမှူးကို ရီပြရင်း ခေါင်းငုံ့ပြီးပြန်နှုတ်ဆက်လိုက်သည်။
"ဒါကတော့ ကျွန်မသား ဘုန်းမြတ်မင်းသွေးတဲ့ ဒေါ်လေးတို့ မှတ်ထားကြဦးနော်
အမေတို့က မဆုံဖြစ်တော့တာ ၈နှစ်လောက်ရှိပြီ သားရဲ့ အခုမှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံရတယ်လို့"
အမေက ရီရင်း ပြောပြနေလေသည်။ဘုန်းမြတ် ဒီမြမှူးသော်တာဆိုတဲ့ ကောင်မလေးနဲ့ အမြဲ အမှတ်မထင်ပဲ ဆုံနေရ၍ ထူးဆန်းနေသည်။
အခုလဲ အမေ့ သူငယ်ချင်းရဲ့ သမီးတဲ့လား။မြမှူးကို ကြည့်နေရင်း စိတ်ထဲမှာ ဆန်းကြယ်မှုတစ်ခုခုကို ခံစားလိုက်ရသည်.....
×××××××××××××××××
အိမ်ရှေ့ကိုရောက်တော့ မြမှူးတို့ ကားက ခြံထဲကို၀င်လာပြီး အိမ်ရှေ့မှာရပ်လိုက်သည်။အနောက်မှာ ပါလာသော ဆရာတို့ကားလဲ အနောက်မှာရပ်လိုက်သည်။
Advertisement
"လာ သားတို့အိမ်ထဲ၀င်ကြ"
အဘွားက ကားပေါ်ကဆင်းတာနဲ့ ဆရာတို့ကို အိမ်ထဲ ခေါ်လိုက်သည်။
ဘုန်းမြတ် ခြံထဲကို စ၀င်လာကတည်းက အိမ်အနေအထားကို သေချာလိုက်ကြည့်မိသည်။နေတာက သူေဋ္ဌးရပ်ကွက် ဆိုကတည်းက အိမ်ကတော့ပြောစရာကို မရှိအောင် လှပ တင့်တယ်လွန်းလှသည်။ နှစ်ထပ် တိုက်အိမ်ကိုမှ ပေ၆၀ အကျယ်လောက်ရှိပြီး ခြံ၀န်းက ပေ၁၄၀လောက်ရှိသည်။
အိမ်ကို မီးခိုးရောင်နဲ့ အဖြူရောင် နှစ်မျိုးထဲကိုသာ အသုံးပြုပြီး ဆေးသုတ်ထားသည်။ကြီးမားတဲ့ အိမ်ကြီးရဲ့ ဘေးမှာတော့ ကားဂိုထောင်လို အခန်းကျယ်ကြီးရှိပြီး ထိုနေရာမှာ တစ်စုံတစ်ဦး နေထိုင်တဲ့ ပုံစံလို အနေအထားရှိနေသည်။ခြံထဲမှာလဲ ပန်းပင်မျိုးစုံ စိုက်ပျိုးထားပြီး နှင်းဆီ အနီရဲရဲလေးတွေကလဲ ဖူးပွင့်နေကြသည်။
မြမှူးအဖွား ရဲ့ ဖိတ်ခေါ်မှုကြောင့် အိမ်ထဲရှိ ဧည့်ခန်းမှာ ၀င်ထိုင်လိုက်သည်။
"ဝေဝေရေ ဧည့်သည်တွေအတွက် မုန့်နဲ့ လက်ဖက်ရည်လေးပြင်ပေး ထားပါဦး"
အဖွားက ထမင်းစားခန်းထဲမှာရှိတဲ့ အဒေါ်ကြီးတစ်ယောက်ကို လှမ်းအော်ပြောလိုက်သည်။
မြမှူးကတော့ ခနလေးနော် အ၀တ်အစားသွားလဲလိုက်ဦးမယ်ဆိုပြီး အပေါ်တက်ကိုတက်သွားလေသည်။ဘုန်းမြတ်လဲ လူကြီးတွေစကား၀ိုင်းထဲထိုင်ပြီး ရောယောင်ပြီး နားထောင်နေလိုက်သည်။
ခနနေတော့ အပေါ်တက်ကနေ တီရှပ် အပွကို ဂျေဂျေ ဘောင်းဘီနဲ့ တွဲ၀တ်ပြီး ဆင်းလာတော့သည်။လူကောင်ကသေးရတဲ့ အထဲ ဒီလို၀တ်လိုက်တော့ တကယ့် ကလေးလေးအတိုင်းပင်။မြမှူးလဲ ဧည့်ခန်းက ဆိုဖာမှာ ၀င်ထိုင်လိုက်ပြီး ဒေါ်ချိုမာတို့ ပြောသမျှကို ၀င်နားထောင်နေလိုက်သည်။
"ဒါနဲ့ ဒေါ်လေးရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုလဲ"
"ကျန်းမာရေးကတော့ ဒီလိုပါပဲ တူမကြီးရယ်
အသက်ကြီးလာတော့လဲ သွေးတိုး ဆီးချို နှလုံးရောဂါတွေတော့ ရှိတာပေါ့ "
"ဒေါ်လေးတို့ဆီမှာ မိသားစုဆရာ၀န်ရော မရှိဘူးလား"
"အရင်တုန်းကတော့ ရှိပါတယ်ကွယ် အခုတော့သူက နိုင်ငံခြားမှာရှိတဲ့ သူ့သမီးဆီ အပြီးသွားနေကတည်းက ဒေါ်လေးတို့လဲ တစ်ပတ်တစ်ခါလောက် မြို့ထဲကဆေးခန်းမှာ ဆေးသွားသွားစစ်နေရတယ်"
"ဒေါ်လေးရယ် နောက်ဆို မြို့ထဲအထိအပင်ပန်းခံပြီး သွားမနေပါနဲ့တော့ အခုကျွန်မသားဘုန်းမြတ်ရှိနေတာပဲ"
"သား ဘုန်းမြတ် ဒီဘက်ဆေးခန်းကို လာထိုင်ဖြစ်တဲ့ ရက်တိုင်း အချိန်ရရင် ဒေါ်လေးဆီ ၀င်၀င်ပြီး ကျန်းမာရေး ပုံမှန်စစ်ပေးလိုက်ပါလား သားအဆင်ပြေတယ်မလား"
အမေက ဘုန်းမြတ်ကို ရှားရှားပါးပါး အကူအညီတောင်းတာဖြစ်သည့်အတွက်ကြောင့် ဘုန်းမြတ် လက်ခံလိုက်သည်။ပြီးတော့ မြမှူးနဲ့လဲ ရင်းနှီးခွင့်ရမယ့် အခွင့်အရေးမဟုတ်လား။
"ဟုတ် ကျွန်တော် အားရင်အားသလို လာကြည့်ပေးပါမယ်"
"ကျေးဇူးတင်ပါတယ် သားရယ် အဖွားလဲ အသက်ကြီးပြီ ဆိုတော့ အပြင်တစ်ခါတစ်ခါသွားရတာမလွယ်ဘူးကွဲ့"
အဖွားက ကျေးဇူးတင်စကားဆိုတာတော့ ဘုန်းမြတ် အားနားသွားသည်။
"ရပါတယ် ကျေးဇူးတင်စရာ မလိုပါဘူး အဖွားရဲ့
ကျွန်တော်လဲ လမ်းကြုံနေတာပဲကို"
သူတို့ စကား၀ိုင်းထဲမှာ မြမှူးတစ်ယောက်ကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ လိုက်ကြည့်နေလေရဲ့။
မြမှူး နာရီကိုကြည့်လိုက်တော့ ညနေ ငါးနာရီခွဲနေပြီ အပြင်ကကန်ထဲမှာ မွေးထားတဲ့ ငါးတွေကို အစာကျွေးရမယ့် အချိန်ဖြစ်တာကြောင့် အပြင်ထွက်ဖို့ ထရန်ပြင်လိုက်သည်။
"မြမှူးကို ခနလောက်ခွင့်ပြုကြပါဦး ငါးလေးတွေကို အစာကျွေးချိန် ရောက်နေပြီမို့ သွားကျွေးလိုက်ဦးမယ်"
ဟိုကလေးမက ပျင်းစရာကောင်းတဲ့ စကား၀ိုင်းထဲက ထွက်ရန်ပြင်နေပြီ မို့ ဘုန်းမြတ်ရလဲ အခွင့်အရေးကို အမိအရ ယူလိုက်တော့သည်။
"ကိုယ်လဲ လိုက်ခဲ့လို့ ရမလား မြမှူး"
"ရှင်! ဟုတ် လိုက်ချင်ရင် လိုက်ခဲ့လေ။"
ဘုန်းမြတ်ရဲ့ ရုတ်တရက်ဆန်သော စကားကြောင့် ကလေးမ ကြောင်သွားပုံရသည်။
မြမှူးက ရှေ့ကနေ ငါးစာဗူးကိုင်ပြီး ခပ်သုတ်သုတ်သွားနေသည်မို့ ဘုန်းမြတ်အနောက်ကနေ မှီအောင်အမြန်လိုက်ရတော့သည်။
"မြမှူး ခနလေးစောင့်ပါဦး"
မြမှူး ရင်တွေ တုန်နေတာမို့ အမြန်လျှောက်လာကာမှ သူက စောင့်ခိုင်းနေပြန်သည်။
"ရှင် ဟုတ် တောင်းပန်ပါတယ် မြမှူးလမ်းလျှောက်တာ မြန်သွားတယ်ထင်တယ်"
"ငါးကန်က အရှေ့နားဆို ရောက်ပြီ"
ဘုန်းမြတ်လဲ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်ကာ မြမှူးခေါ်ရာကို လိုက်လာခဲ့သည်။
ငါးကန်ကို ကြည့်လိုက်တော့ မြေကြီးကို တူးပြီး အသဲပုံ ကန်ဖော်ထားသည်ကိုတွေ့ရသည်။ကန်ထဲမှတော့ ကြာပန်းလေးတွေ ပွင့်လျက်။ကန်အတွင်းရှိ ငါးတွေမှာလဲ အမျိုးအစား စုံလင်လှသည်။
မြမှူး ငါးစာတစ်ချက် ပစ်လိုက်တိုင်း ငါးတွေက အလုအယှက် စားကြသည်။မြမှူးက ဘေးမှာသူရှိနေတာကိုတောင် ဂရုမစိုက်တဲ့ပုံစံနဲ့မို့
ဘုန်းမြတ် သူမနဲ့ ရင်းနှီးမှုရရန် စကြိုစားလိုက်သည်။
"ဒါနဲ့ ညီမနာမည်က မြမှူးသော်တာနော်"
မြမှူး စိတ်လှုပ်ရှားနေ၍ စကားမပြောချင်လို့ ထွက်လာကာမှ ဆရာက စကားလာစပြောတော့
မြမှူး ပြန်ဖြေရန်အတွက် အသက်ကို၀အောင်ရှုလိုက်သည်။
"ဟုတ် မြမှူးသော်တာပါ
ဆရာ့နာမည်က ဘုန်းမြတ်မင်းသွေး မလား"
ကလေးမက ပြန်ပြီး စကားပြောလာ၍
ဘုန်းမြတ် စကားဆက်ပြောရန် အရှိန်ယူလိုက်သည်။
"ကိုယ် မြမှူးလို့ပဲ ခေါ်လို့ ရတယ်မလား"
ဆရာစကား တစ်ခွန်း ပြောတိုင်း မြမှူး စိတ်ကိုငြိမ်အောင်ကြိုးစားနေရသည်။
"ဟုတ် ရပါတယ် ဆရာ"
"မြမှူးကလဲ ကိုယ့်ကို အဲ့လို့ကြီး ဆရာလိုမခေါ်ပါနဲ့လား နောက်လဲအမြဲ တွေ့ရတော့မှာပဲကို ရင်းရင်းနှီးနှီးပဲခေါ်ပါ"
"မြမှူး အဲ့ဒါဆို ဆရာ့ကိုဘယ်လိုခေါ်ရမလဲ ဟင်
မြမှူးမစဥ်းစားတတ်ဘူး"
ခေါင်းလေးကုတ်ပြီး ဘယ်လိုခေါ်ရမလဲ စဥ်းစားနေသော ပုံသည် တကယ် ကလေး တစ်ယောက်လိုပင်။ဘုန်းမြတ် မြမှူးကို ကြည့်ရင်း စချင်လာသဖြင့် ခန္တာကိုယ်ကို ကိုင်းလိုက်ကာ မြမှူးမျက်နှာနားကို ကပ်လိုက်ပြီး
Advertisement
"အဲ့ဒါဆိုရင် ကိုကို လို့ခေါ်ရင်ရော"
သူမရဲ့ မျက်လုံးတွေကို သေချာကြည့်ရင်းပြောလိုက်သည်။
"ရှင်"
စလို့ စမှန်းမသိ တကယ်ထင်ပြီး မျက်လုံးက ပြူးပြူး၀ိုင်း၀ိုင်းလေးနဲ့ အံ့သြနေပုံကိုကြည့်ပြီး ဘုန်းမြတ် ထရီတော့သည်။
"ကိုယ်ကစတာပါ မြမှူးရဲ့ ဘာလို့ အဲ့လောက်ထိ လန့်သွားရတာလဲ မြမှူးခေါ်ချင်သလိုခေါ် အဆင်ပြေတယ်"
"အဲ့.....အဲ့ဒါဆို မြမှူး ဆရာ့ကို အ.....အကို လို့ပဲ ခေါ်တော့မယ်"
မြမှူး အသံတုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်သည်။
"ကိုယ်လေ အမှန်တိုင်းပြောရရင် မြမှူးကို စတွေ့ကတည်းက ရင်းနှီးချင်စိတ် ဖြစ်မိနေတာ"
မြမှူး အကို့ စကားကြောင့် မျက်လုံးအ၀ိုင်းသား
ဖြစ်သွားသည်။အကိုက သူ့ကို စတွေ့ကတည်းက သတိထားမိနေတာတဲ့လား?။
"မြမှူးပုံစံကို ကြည့်ပြီး ကိုယ့်မှာ မြမှူးလိုညီမလေးတစ်ယောက် ရှိရင် ကောင်းမယ်လို့ တွေးမိတယ်။မြမှူးသာ ကိုယ့်ညီမလေးဆိုရင် ကိုယ်နေ့တိုင်း လိုက်စမိနေမှာအမှန်ပဲ။ကိုယ်မြမှူးကို
ညီမလေးတစ်ယောက်လို့ သဘောထားပြီး ပြောဆိုဆက်ဆံမယ်နော်။ "
အကိုက ပြုံးပြပြီး မြမှူးခေါင်းကို ဖွဖွလေးပုတ်လိုက်သည်။မြမှူးကတော့ ဘာမှ ပြန်မဖြေနိုင်ပဲ အကို့ကိုသာ ငေးကြည့်နေမိသည်။
မြမှူး ထိုနေရာမှာပင် ထိုင်ငိုချင်စိတ်ပေါက်သွားပြီး ကိုယ့်ကိုယ့်ကို ပြန်မေးလိုက်မိသည်
"ခနနေပါဦး ငါအခု friend ဇုန် မဟုတ်တဲ့ မောင်နှမ ဇုန်ထဲရောက်သွားတာလား.............။"
××××××××××××××××××××××××××××××××
မြမှူးတစ်ယောက်ကတော့
လင်မယားဇုန် ကိုမရောက်ခင် မောင်နှမဇုန်မှာ
ခနနား လိုက်ပါဦးမယ်
Zawgyi
"ဘယ္လိုလုပ္ေရာက္လာတာလဲဆိုတဲ့ အေၾကာင္း ေနာက္မွ ေအးေဆးေျပာျပမယ္ အခု လူနာကိုအရင္သြားၾကည့္လိုက္ၪီး"
"ဟုတ္ ဒါဆို သား လူနာအရင္ၾကည့္လိုက္ၪီးမယ္"
ဆရာက ျပာျပာသလဲ အန္တီနဲ႔ ျမမွဴးကို ၿပံဳးျပၿပီး အဘြားကို nurseနဲ႔ အတူတြဲကာ လူနာၾကည့္ခန္းထဲ ေခၚသြားေတာ့သည္။
အျပင္မွာေတာ့ ျမမွဴးနဲ႔ အန္တီႏွစ္ေယာက္ထဲက်န္ခဲ့ေတာ့သည္။ခံုတစ္လံုးစီမွာ ထိုင္ေစာင့္ေနရင္း ႏွစ္ေယာက္လံုး ဘာမွ မေျပာပဲ ႏႈတ္ဆိတ္ေနၾကသည္။
"သမီး ကဒီရပ္ကြက္မွာေနတာလား"
တိတ္ဆိတ္မႈကို အန္တီက စၿပီး ၿဖိဳခြင္းလိုက္သည္။
"ဟုတ္ သမီးအိမ္က ဒီနားေလးတင္ပဲ နီးနီးေလး"
"ေအာ္ သမီးနာမည္က ဘယ္လိုေခၚလဲ"
"သမီးနာမည္က ျမမွဴးေသာ္တာလို႔ ေခၚပါတယ္ အန္တီ"
ဆရာ့အေမ မို႔လို႔ စကားကို တည္တည္ၿငိမ္ၿငိမ္နဲ႔
ထိန္းၿပီးေျပာေနရသည္။
"နာမည္က ျမမွဴးေသာ္တာတဲ့လား"
အန္တီက ျမမွဴးေသာ္တာ ဆိုတဲ့ နာမည္ကို ၾကားၿပီးေတာ့ တစ္ခုခု စဥ္းစားသြားတဲ့ပံုစံနဲ႔ ျမမွဴးကို စိုက္ၾကည့္ေနသည္။
"သမီးရဲ့ အသက္ကေရာ ဘယ္ေလာက္ရိွၿပီလဲကြဲ႔"
"ျမမွဴး အသက္က ၁၈ ေက်ာ္ ၁၉ထဲမွာပါ"
ျမမွဴးရဲ့ အသက္ကိုၾကားၿပီး အန္တီ့ပံုစံက အံ့ၾသသြားတဲ့ပံုစံ.....
"သမီးရဲ့အေဖနဲ႔ အေမက......."
"သမီး ျမမွဴး ဘာမ်ား တစ္ခုခု ျဖစ္လို႔လဲ "
ျမမွဴးရဲ့အဖြားက ေရးႀကီးသုတ္ျပာနဲ႔ ေဆးခန္းထဲ ၀င္လာၿပီး ျမမွဴး နဖူးကိုလက္နဲ႔ လိုက္စမ္းၿပီး စိုးရိမ္တႀကီး ေမးလာမႈေၾကာင့္ အန္တီေမးေတာ့မည့္စကားက အဆက္ျပတ္သြားသည္။
"ျမမွဴး ဘာမွ မျဖစ္ပါဘူး ဖြားဖြားရဲ့ လမ္းမွာ မူးလဲေနတဲ့ အဖြားတစ္ေယာက္ကို ေဆးခန္းလိုက္ပို႔ေပးတာ
ဒါနဲ႔ ဖြားဖြားက ဒီကိုဘယ္လိုေရာက္လာတာလဲ"
"ဖြားဖြားက ဘုန္းႀကီးေက်ာင္းကေန ျပန္လာတာ
အဲ့ဒါ လမ္းထိပ္ေရာက္ေတာ့ ဖိုးထူးက ကားေမာင္းေနရင္း သမီးကို ေဆးခန္းမွာ လွမ္းေတြ့လိုက္တယ္လို႔ ေျပာလို႔ အဖြားကစိတ္ပူၿပီး ၀င္လာတာ"
ျမမွဴးနဲ႔ အဖြားလဲ တစ္ေယာက္နဲ႔ တစ္ေယာက္အျပန္အလွန္စကားေျပာေနရင္း အခုမွ အန္တီကို သတိရ၍ အဖြားနဲ႔ မိတ္ဆက္ေပးဖို႔ အန္တီ့ဘက္လွည့္လိုက္သည္။
"ေဒၚေလးေစာရီ......ေဒၚေလး ဟုတ္တယ္မလား
ကြၽန္မ ခ်ိဳမာေလ ေဒၚေလးရဲ့ မမွတ္မိဘူးလား
သင္းႏြယ္၀င္းရဲ့ သူငယ္ခ်င္း ခ်ိဳမာေလ"
သူေတာင္မိတ္မဆက္ေပးရေသးဘဲနဲ႔ အန္တီက အဖြားနာမည္ကို ေခၚၿပီး ကိုယ္တိုင္မိတ္ဆက္လာေတာ့ ျမမွဴး အဖြားနဲ႔ အန္တီ့မ်က္ႏွာကို တစ္လွည့္ဆီၾကည့္ရင္း ႏႈတ္ဆိတ္ေနလိုက္သည္။
အန္တီက ျမမွဴးေမေမရဲ့ သူငယ္ခ်င္းတဲ့လား ကံၾကမၼာႀကီးက ေတာ္ေတာ္ဆန္းၾကယ္တာပဲလို႔ ျမမွဴးေတြးေနမိလိုက္သည္။
အဖြားကိုၾကည့္လိုက္ေတာ့ အေတာ္စဥ္းစားၿပီးမွ သတိရသြားဟန္နဲ႔
"ေၾသာ္ မွတ္မိၿပီ ခ်ိဳမာကိုး"
"ဟုတ္တယ္ေဒၚေလး ကြၽန္မတို႔မဆံုျဖစ္တာမွ ႏွစ္ေတြအေတာ္ၾကာေရာေပါ့ သင္းႏြယ္ဆံုးၿပီးကတည္းကပဲမလား"
"ဒါနဲ႔သူက........"
အန္တီက ျမမွဴးနဲ႔ အဖြား ေဆြမ်ိဳးဘယ္လိုေတာ္စပ္လဲဆိုတာကို သိခ်င္ေနေသာအၾကည့္နဲ႔ ၾကည့္ရင္း အဖြားကို ေမးလိုက္သည္။
"ဟုတ္တယ္ ခ်ိဳမာ တူမႀကီး ထင္ေနတဲ့အတိုင္းပဲ"
ဒါ သင္းႏြယ္၀င္းနဲ႔ ေအာင္ႏိုင္သူ တို႔ရဲ့ သမီး
ျမမွဴးေသာ္တာပဲ"
အဖြားကလဲ ျမမွဴးကို ၾကည့္ရင္း ေခါင္းညိမ့္ၿပီး ေျပာလိုက္ေတာ့ အန္တီ့မ်က္ႏွာက ျမမွဴးအေပၚအျပစ္တစ္ခုခုလုပ္ထား၍ အားနာေနတဲ့ပံုစံသို႔ ခ်က္ခ်င္းေျပာင္းသြားေလသည္။
အန္တီက ျမမွဴးကို ၀မ္းနည္းေနတဲ့မ်က္လံုးေတြနဲ႔ၾကည့္ေနျပန္သည္။ဖြားဖြားက အန္တီ့ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အာရံုေျပာင္းသြားေစရန္ စကားေျပာလိုက္သည္။
"ဒါနဲ႔ တူမႀကီးတို႔ တျခားအေရးႀကီးကိစၥသြားစရာမရိွရင္ ေဒၚေလးတို႔အိမ္ကို လိုက္လည္ၾကပါလား ေရာက္ဖူးတယ္ရိွတာေပါ့ "
"တကယ္လား ေဒၚေလး အဲ့ဒါဆို သားလဲ ခနေန ေဆးခန္းပိတ္ေတာ့မယ့္အခ်ိန္ ေရာက္ၿပီဆိုေတာ့ ကြၽန္မတို႔ လိုက္ခဲ့မယ္ေနာ္"
×××××××××
"အဘြားက ေသြးတြင္းအခ်ိူဓာတ္အရမ္းက်ေနတာ အဲ့ဒါအခု ေဆးသြင္းေပးထားတယ္"
လူနာၾကည့္ခန္းထဲကေန ဆရာ့ကထြက္လာတာနဲ႔ ျမမွဴးရိွရာကို တန္းလာၿပီး ေျပာျပေနသည္။
"ဟုတ္လား အခုေရာ ဘယ္လိုေနေသးလဲ"
ဆရာ့အေမက ေမးလိုက္ျခင္းျဖစ္သည္။
"အခု သြင္းေပးထားတဲ့ ေဆးကုန္သြားရင္ေတာ့ ျပန္ေကာင္းသြားမွာပါ အိမ္ျပန္ေရာက္ရင္ ေသာက္ဖို႔ ေဆးလဲ အဆင္သင့္ျပင္ေပးထားတယ္"
အန္တီက အခုမွ စိတ္ေအးသြားတဲ့ပံုနဲ႔ ၿပံဳးၿပီးေခါင္းညိမ့္ျပလိုက္သည္။
"ေၾသာ္ ဒါနဲ႔သားကို မိတ္ဆက္ေပးရၪီးမယ္ ဒါက အေမ့ရဲ့ သူငယ္ခ်င္းရဲ့ အေမ ေဒၚေလး ေစာရီတဲ့ ဒါက အေမ့ သူငယ္ခ်င္းရဲ့သမီး ျမမွဴးေသာ္တာတဲ့"
အန္တီက အဖြားနဲ႔ ျမမွဴးကို လက္ျဖင့္ ၫႊန္ျပရင္း မိတ္ဆက္ေပးလိုက္သည္။
ဆရာကလဲ အဖြားနဲ႔ျမမွဴးကို ရီျပရင္း ေခါင္းငံု႔ၿပီးျပန္ႏႈတ္ဆက္လိုက္သည္။
"ဒါကေတာ့ ကြၽန္မသား ဘုန္းျမတ္မင္းေသြးတဲ့ ေဒၚေလးတို႔ မွတ္ထားၾကၪီးေနာ္
အေမတို႔က မဆံုျဖစ္ေတာ့တာ ၈ႏွစ္ေလာက္ရိွၿပီ သားရဲ့ အခုမွ တိုက္တိုက္ဆိုင္ဆိုင္ လာဆံုရတယ္လို႔"
အေမက ရီရင္း ေျပာျပေနေလသည္။ဘုန္းျမတ္ ဒီျမမွဴးေသာ္တာဆိုတဲ့ ေကာင္မေလးနဲ႔ အၿမဲ အမွတ္မထင္ပဲ ဆံုေနရ၍ ထူးဆန္းေနသည္။
အခုလဲ အေမ့ သူငယ္ခ်င္းရဲ့ သမီးတဲ့လား။ျမမွဴးကို ၾကည့္ေနရင္း စိတ္ထဲမွာ ဆန္းၾကယ္မႈတစ္ခုခုကို ခံစားလိုက္ရသည္.....
×××××××××××××××××
အိမ္ေရ႔ွကိုေရာက္ေတာ့ ျမမွဴးတို႔ ကားက ၿခံထဲကို၀င္လာၿပီး အိမ္ေရ႔ွမွာရပ္လိုက္သည္။အေနာက္မွာ ပါလာေသာ ဆရာတို႔ကားလဲ အေနာက္မွာရပ္လိုက္သည္။
"လာ သားတို႔အိမ္ထဲ၀င္ၾက"
အဘြားက ကားေပၚကဆင္းတာနဲ႔ ဆရာတို႔ကို အိမ္ထဲ ေခၚလိုက္သည္။
ဘုန္းျမတ္ ၿခံထဲကို စ၀င္လာကတည္းက အိမ္အေနအထားကို ေသခ်ာလိုက္ၾကည့္မိသည္။ေနတာက သူေ႒းရပ္ကြက္ ဆိုကတည္းက အိမ္ကေတာ့ေျပာစရာကို မရိွေအာင္ လွပ တင့္တယ္လြန္းလွသည္။ ႏွစ္ထပ္ တိုက္အိမ္ကိုမွ ေပ၆၀ အက်ယ္ေလာက္ရိွၿပီး ၿခံ၀န္းက ေပ၁၄၀ေလာက္ရိွသည္။
အိမ္ကို မီးခိုးေရာင္နဲ႔ အျဖဴေရာင္ ႏွစ္မ်ိဳးထဲကိုသာ အသံုးျပဳျပီး ေဆးသုတ္ထားသည္။ႀကီးမားတဲ့ အိမ္ႀကီးရဲ့ ေဘးမွာေတာ့ ကားဂိုေထာင္လို အခန္းက်ယ္ႀကီးရိွၿပီး ထိုေနရာမွာ တစ္စံုတစ္ၪီး ေနထိုင္တဲ့ ပံုစံလို အေနအထားရိွေနသည္။ၿခံထဲမွာလဲ ပန္းပင္မ်ိဳးစံု စိုက္ပ်ိဳးထားၿပီး ႏွင္းဆီ အနီရဲရဲေလးေတြကလဲ ဖူးပြင့္ေနၾကသည္။
ျမမွဴးအဖြား ရဲ့ ဖိတ္ေခၚမႈေၾကာင့္ အိမ္ထဲရိွ ဧည့္ခန္းမွာ ၀င္ထိုင္လိုက္သည္။
"ေဝေဝေရ ဧည့္သည္ေတြအတြက္ မုန္႔နဲ႔ လက္ဖက္ရည္ေလးျပင္ေပး ထားပါၪီး"
အဖြားက ထမင္းစားခန္းထဲမွာရိွတဲ့ အေဒၚႀကီးတစ္ေယာက္ကို လွမ္းေအာ္ေျပာလိုက္သည္။
ျမမွဴးကေတာ့ ခနေလးေနာ္ အ၀တ္အစားသြားလဲလိုက္ၪီးမယ္ဆိုၿပီး အေပၚတက္ကိုတက္သြားေလသည္။ဘုန္းျမတ္လဲ လူႀကီးေတြစကားဝိုင္းထဲထိုင္ၿပီး ေရာေယာင္ၿပီး နားေထာင္ေနလိုက္သည္။
ခနေနေတာ့ အေပၚတက္ကေန တီရွပ္ အပြကို ေဂ်ေဂ် ေဘာင္းဘီနဲ႔ တြဲ၀တ္ၿပီး ဆင္းလာေတာ့သည္။လူေကာင္ကေသးရတဲ့ အထဲ ဒီလို၀တ္လိုက္ေတာ့ တကယ့္ ကေလးေလးအတိုင္းပင္။ျမမွဴးလဲ ဧည့္ခန္းက ဆိုဖာမွာ ၀င္ထိုင္လိုက္ၿပီး ေဒၚခ်ိဳမာတို႔ ေျပာသမ်ွကို ၀င္နားေထာင္ေနလိုက္သည္။
"ဒါနဲ႔ ေဒၚေလးရဲ့ က်န္းမာေရးအေျခအေနကေရာ ဘယ္လိုလဲ"
"က်န္းမာေရးကေတာ့ ဒီလိုပါပဲ တူမႀကီးရယ္
အသက္ႀကီးလာေတာ့လဲ ေသြးတိုး ဆီးခ်ိဳ ႏွလံုးေရာဂါေတြေတာ့ ရိွတာေပါ့ "
"ေဒၚေလးတို႔ဆီမွာ မိသားစုဆရာ၀န္ေရာ မရိွဘူးလား"
"အရင္တုန္းကေတာ့ ရိွပါတယ္ကြယ္ အခုေတာ့သူက ႏိုင္ငံျခားမွာရိွတဲ့ သူ႔သမီးဆီ အၿပီးသြားေနကတည္းက ေဒၚေလးတို႔လဲ တစ္ပတ္တစ္ခါေလာက္ ၿမိဳ႔ထဲကေဆးခန္းမွာ ေဆးသြားသြားစစ္ေနရတယ္"
"ေဒၚေလးရယ္ ေနာက္ဆို ၿမိဳ႔ထဲအထိအပင္ပန္းခံၿပီး သြားမေနပါနဲ႔ေတာ့ အခုကြၽန္မသားဘုန္းျမတ္ရိွေနတာပဲ"
"သား ဘုန္းျမတ္ ဒီဘက္ေဆးခန္းကို လာထိုင္ျဖစ္တဲ့ ရက္တိုင္း အခ်ိန္ရရင္ ေဒၚေလးဆီ ၀င္၀င္ၿပီး က်န္းမာေရး ပံုမွန္စစ္ေပးလိုက္ပါလား သားအဆင္ေျပတယ္မလား"
အေမက ဘုန္းျမတ္ကို ရွားရွားပါးပါး အကူအညီေတာင္းတာျဖစ္သည့္အတြက္ေၾကာင့္ ဘုန္းျမတ္ လက္ခံလိုက္သည္။ၿပီးေတာ့ ျမမွဴးနဲ႔လဲ ရင္းႏွီးခြင့္ရမယ့္ အခြင့္အေရးမဟုတ္လား။
"ဟုတ္ ကြၽန္ေတာ္ အားရင္အားသလို လာၾကည့္ေပးပါမယ္"
"ေက်းဇူးတင္ပါတယ္ သားရယ္ အဖြားလဲ အသက္ႀကီးၿပီ ဆိုေတာ့ အျပင္တစ္ခါတစ္ခါသြားရတာမလြယ္ဘူးကြဲ႔"
အဖြားက ေက်းဇူးတင္စကားဆိုတာေတာ့ ဘုန္းျမတ္ အားနားသြားသည္။
"ရပါတယ္ ေက်းဇူးတင္စရာ မလိုပါဘူး အဖြားရဲ့
ကြၽန္ေတာ္လဲ လမ္းႀကံဳေနတာပဲကို"
သူတို႔ စကားဝိုင္းထဲမွာ ျမမွဴးတစ္ေယာက္ကေတာ့ မ်က္လံုးေလး ကလယ္ကလယ္နဲ႔ လိုက္ၾကည့္ေနေလရဲ့။
ျမမွဴး နာရီကိုၾကည့္လိုက္ေတာ့ ညေန ငါးနာရီခြဲေနၿပီ အျပင္ကကန္ထဲမွာ ေမြးထားတဲ့ ငါးေတြကို အစာေကြၽးရမယ့္ အခ်ိန္ျဖစ္တာေၾကာင့္ အျပင္ထြက္ဖို႔ ထရန္ျပင္လိုက္သည္။
"ျမမွဴးကို ခနေလာက္ခြင့္ျပဳၾကပါၪီး ငါးေလးေတြကို အစာေကြၽးခ်ိန္ ေရာက္ေနၿပီမို႔ သြားေကြၽးလိုက္ၪီးမယ္"
ဟိုကေလးမက ပ်င္းစရာေကာင္းတဲ့ စကားဝိုင္းထဲက ထြက္ရန္ျပင္ေနၿပီ မို႔ ဘုန္းျမတ္ရလဲ အခြင့္အေရးကို အမိအရ ယူလိုက္ေတာ့သည္။
"ကိုယ္လဲ လိုက္ခဲ့လို႔ ရမလား ျမမွဴး"
"ရွင္! ဟုတ္ လိုက္ခ်င္ရင္ လိုက္ခဲ့ေလ။"
ဘုန္းျမတ္ရဲ့ ရုတ္တရက္ဆန္ေသာ စကားေၾကာင့္ ကေလးမ ေၾကာင္သြားပံုရသည္။
ျမမွဴးက ေရ႔ွကေန ငါးစာဗူးကိုင္ၿပီး ခပ္သုတ္သုတ္သြားေနသည္မို႔ ဘုန္းျမတ္အေနာက္ကေန မွီေအာင္အျမန္လိုက္ရေတာ့သည္။
"ျမမွဴး ခနေလးေစာင့္ပါၪီး"
ျမမွဴး ရင္ေတြ တုန္ေနတာမို႔ အျမန္ေလ်ွာက္လာကာမွ သူက ေစာင့္ခိုင္းေနျပန္သည္။
"ရွင္ ဟုတ္ ေတာင္းပန္ပါတယ္ ျမမွဴးလမ္းေလ်ွာက္တာ ျမန္သြားတယ္ထင္တယ္"
"ငါးကန္က အေရ႔ွနားဆို ေရာက္ၿပီ"
ဘုန္းျမတ္လဲ ၿပံဳးၿပီး ေခါင္းညိမ့္ျပလိုက္ကာ ျမမွဴးေခၚရာကို လိုက္လာခဲ့သည္။
ငါးကန္ကို ၾကည့္လိုက္ေတာ့ ေျမၾကီးကို တူးၿပီး အသဲပံု ကန္ေဖာ္ထားသည္ကိုေတြ့ရသည္။ကန္ထဲမွေတာ့ ၾကာပန္းေလးေတြ ပြင့္လ်က္။ကန္အတြင္းရိွ ငါးေတြမွာလဲ အမ်ိဳးအစား စံုလင္လွသည္။
ျမမွဴး ငါးစာတစ္ခ်က္ ပစ္လိုက္တိုင္း ငါးေတြက အလုအယွက္ စားၾကသည္။ျမမွဴးက ေဘးမွာသူရိွေနတာကိုေတာင္ ဂရုမစိုက္တဲ့ပံုစံနဲ႔မို႔
ဘုန္းျမတ္ သူမနဲ႔ ရင္းႏွီးမႈရရန္ စႀကိဳစားလိုက္သည္။
"ဒါနဲ႔ ညီမနာမည္က ျမမွဴးေသာ္တာေနာ္"
ျမမွဴး စိတ္လႈပ္ရွားေန၍ စကားမေျပာခ်င္လို႔ ထြက္လာကာမွ ဆရာက စကားလာစေျပာေတာ့
ျမမွဴး ျပန္ေျဖရန္အတြက္ အသက္ကို၀ေအာင္ရႈလိုက္သည္။
"ဟုတ္ ျမမွဴးေသာ္တာပါ
ဆရာ့နာမည္က ဘုန္းျမတ္မင္းေသြး မလား"
ကေလးမက ျပန္ၿပီး စကားေျပာလာ၍
ဘုန္းျမတ္ စကားဆက္ေျပာရန္ အရိွန္ယူလိုက္သည္။
"ကိုယ္ ျမမွဴးလို႔ပဲ ေခၚလို႔ ရတယ္မလား"
ဆရာစကား တစ္ခြန္း ေျပာတိုင္း ျမမွဴး စိတ္ကိုၿငိမ္ေအာင္ႀကိဳးစားေနရသည္။
"ဟုတ္ ရပါတယ္ ဆရာ"
"ျမမွဴးကလဲ ကိုယ့္ကို အဲ့လို႔ႀကီး ဆရာလိုမေခၚပါနဲ႔လား ေနာက္လဲအၿမဲ ေတြ့ရေတာ့မွာပဲကို ရင္းရင္းႏွီးႏွီးပဲေခၚပါ"
"ျမမွဴး အဲ့ဒါဆို ဆရာ့ကိုဘယ္လိုေခၚရမလဲ ဟင္
ျမမွဴးမစဥ္းစားတတ္ဘူး"
ေခါင္းေလးကုတ္ၿပီး ဘယ္လိုေခၚရမလဲ စဥ္းစားေနေသာ ပံုသည္ တကယ္ ကေလး တစ္ေယာက္လိုပင္။ဘုန္းျမတ္ ျမမွဴးကို ၾကည့္ရင္း စခ်င္လာသျဖင့္ ခႏၲာကိုယ္ကို ကိုင္းလိုက္ကာ ျမမွဴးမ်က္ႏွာနားကို ကပ္လိုက္ၿပီး
"အဲ့ဒါဆိုရင္ ကိုကို လို႔ေခၚရင္ေရာ"
သူမရဲ့ မ်က္လံုးေတြကို ေသခ်ာၾကည့္ရင္းေျပာလိုက္သည္။
"ရွင္"
စလို႔ စမွန္းမသိ တကယ္ထင္ၿပီး မ်က္လံုးက ျပဴးျပဴးဝိုင္းဝိုင္းေလးနဲ႔ အံ့ၾသေနပံုကိုၾကည့္ၿပီး ဘုန္းျမတ္ ထရီေတာ့သည္။
Advertisement
- In Serial64 Chapters
Undeniably Claimed
Luca Sanford has taken his rightful spot as head of Sanford Drake Inc. With his parents now retired, it's his time to lead the company. He is thick headed, stubborn and still emotionless to most. The only women in his life include a wild Aunt Cami, his sisters Cami and Cassidy, and his incredible mother. He doesn't understand the need to have a woman... not until a certain one crosses his path. Sophia Andrews has enough of going on in her life. Trying to make the most of it and living everyone moment to the fullest. She was not expecting to have a run in with a man that would shift her world. She wasn't ready and certainly didn't want it... Too bad, nothing could keep her from becoming claimed.Preview:"Mr. Sanford!" My words shaky as I feel his fingers dancing around my hip as he coils me closer to his toned chest. My breathing is ragged as he moves my hair to the side baring my neck to his lips. They leave a fire trail in their wake as he takes a deep inhale of my skin."It's Luca to you..."His words coming out lowly and husky. My knees feeling weak where they stand. His arm tightens keeping me from falling. "Luca"My whisper word makes a low growl escape the man behind me before I am spun around looking into the eyes that have darken significantly. My body pressed to everyone contour of his before his lips crash onto mine.
8 267 - In Serial45 Chapters
Bride
My boyfriend has been cheating on me with my sister for two years. "We looked at each other and then lmy sister laughed. - Merry Christmas, sis! Mila said happily in the arms of my boyfriend.They grined at me on my bed, completely naked.- Screw you, Mila. I walked out of the room and slamed the door."That was my Christmas' present two years ago. The solution?Leave.Away.Far away from everyone. Maybe even forever. Out of sight, out of mind!______________________That's what I thought until my mother called to tell me that my sister and James, my ex, were getting married. I had to come back home. For better or for worse.Before that, a drunk night at the club would not be out of place. At least, that's what I thought. . .
8 383 - In Serial13 Chapters
The Reincarnated Heroine Runs from the Plot
If you were to be reincarnated as the heroine of an otome game, what would you do?If it was me… I would be too embarrassed! Knowing the romantic stuff that is going to happen to you is seriously too embarrassing! But, thinking again, I would be a completely different person from the original heroine so unless I was good actor, even if I trigger an event, it wouldn’t go as in the game. Really, the heroine is many times so naive, how could a corrupted girl like me pretend to be like that? If I could act… aaah nononono my face is flushing already…With such circular thoughts I stand at the door of the magical academy.Having reincarnated as the heroine of the otome game ‘Captive Hearts ~for you only~’ I interact with troublesome ladies, unnamed characters and the dreadful capture characters, all the while avoiding flags and worrying about the lack of adult material on libraries.“She is so innocent. I must protect her!”…What?
8 73 - In Serial23 Chapters
The Age of Forever | ✓
Adele Mason and Harold Bryon have escaped the wrath of aging and have stayed in their young years for reasons unknown to man. Although they have never officially met, the spark to their never ending life was the same night, the same hour, the same second.They both moved from state to state often, keeping themselves unattached and making sure no one suspected of their dark secret.Ultimately, in a turn of events, the two end up in the same city, in the same building, in the same elevator at the same time.The devastation of the elevator stopping abruptly in the middle of a system glitch causes the two's path to engage in a way that'll possibly change both their lives forever.---INSPIRED BY THE AGE OF ADALINE---
8 231 - In Serial19 Chapters
A New Beginning - Warren Worthington III (REWRITING)
(REWRITING STORY - The new chapters are titled "Chapter ?|" instead of "Chap ?")What if Warren did not die during the battle with Apocalypse? What if he went to Professor X's school with the others instead?Mostly fluff / romance driven story. Warren x ReaderI do not own the characters.PS: I apologize for the grammar or vocabulary mistakes ; English is not my native language.
8 114 - In Serial14 Chapters
Rescue Ladybug
Marinette can't stop thinking about what happened when Chat Noir becomes Chat Blanc. Worried about reapeating the future she takes the dangerous path to to prevent it. Her self sacrifice and heroism however will lead to a darker path and only Chat Noir can save her.Also check Start overBefore the Miraculous 🌠 who is he kissing,💋 Miraculous Curses of the Mermaid Treasure🐬, Miraculous curses of the Mermaid Treasure 2🐳Saving Chat Noir🐞Saving LadybugSinful Nap
8 76

