《ကံကြမ္မာစေရာ [OC] (Completed)》Ep_8
Advertisement
Uni
မြမှူးရဲ့ နောက်ကျောဘက် အနီးအနားကနေ လှမ်းခေါ်လိုက်သောအသံကြောင့် မြမှူးပုခုံးတွန့်ကာ ခေါင်းပါ အနည်းပုသွားတော့သည်။
အနောက်ကိုလှည့်ကြည့်လိုက်တော့ အကိုက မြမှူးရဲ့ ဖုန်းကိုလှမ်းကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။
"ရှင်! ဘာမှ မရိုက်ပါဘူး အကိုရဲ့"
ဖုန်း Cameraနဲ့ တစ်ခုခုကို လှမ်းချိန်ထားသည်ကို ဘုန်းမြတ်သူ့မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် ဘာမှ မလုပ်ပါဘူးလို့ ငြင်းနေသော မြမှူးကြောင့် အနည်းငယ်စဥ်းစားမိသွားသည်။ပြီးတော့ မြမှူးcameraချိန်ထားရာ နေရာ ၀န်းကျင်ကို
ကြည့်လိုက်တော့လဲ ဘာမှ ထူးထူးခြားခြား မတွေ့ရ။
"လာပါ အကိုရယ် ရုပ်ရှင်ချိန်နီးနေပြီမလား အထဲ၀င်ကြရအောင်"
မြမှူး အကို့လက်ကိုဆွဲကာ ရုပ်ရှင်ရုံဘက်ကို ဦးတည်လာခဲ့သည်။မြမှူး သိသည် အကိုတစ်ခုခုကို မသင်္ကာဖြစ်နေတယ်ဆိုတာကို။ဒါပေမဲ့ မြမှူး ဘယ်သူ့ကိုမှ ဒီအကြောင်းကို မပြောပြချင်ပါ။
အကို့ကို လက်ဆွဲလာရင်း ခုနက ဦးကောင်းမြတ်ကို မြင်လိုက်သောနေရာကို မြမှူး မျက်လုံးဖြင့်ေ၀့ကာရှာကြည့်ပေမဲ့ နှစ်ယောက်လုံးကို အစအနပင် မတွေ့ရတော့။
×××××××
ရုပ်ရှင်ရုံထဲရောက်တော့ အကိုရဲ့ လက်တစ်ဖက်က မြမှူးလက်ကိုကိုင်ထားပြီး နောက်တစ်ဖက်က ဖုန်းကို flashမီးဖွင့်ထားပြီး ကိုင်ထားကာ ထိုင်ရမယ့် ထိုင်ခုံကို လိုက်ရှာနေတော့သည်။ရုံထဲက လူတွေကတော့ မြမှူးတို့နှစ်ယောက်ကို ချစ်သူတွေလို့ ထင်နေမှာ ကျိန်းသေသည်။အကို ခုံရှာနေသည်မှာ တဖြည်းဖြည်းနဲ့ အပေါ်ဆုံးကို ရောက်လာနေသည်ကို မြမှူးသတိထားမိလိုက်သည်။
"ရောက်ပြီ မြမှူး ဒီခုံပဲ"
အကို မီးထိုးပြတဲ့ နေရာကို မြမှူး ကြည့်လိုက်တော့ မျက်လုံးပင်အနည်းငယ် ပြူးသွားမိသည်။
"အကို ဒါ အတွဲခုံကြီး မလား"
"ဟုတ်တယ်လေ မြမှူးရဲ့
ကိုယ်တို့ကနောက်ကျနေတော့ ရိုးရိုးခုံတွေ အကုန်မရှိတော့လို့ ရှိတာပဲယူလိုက်တာ
ဘာလို့လဲ မြမှူး မထိုင်ချင်လို့လား
မြမှူးမထိုင်ချင်ရင် အကို အရှေ့ကလူတွေနဲ့ ခုံသွားလဲကြည့်ပေးမယ်လေ"
"မဟုတ်ပါဘူး မြမှူး ထိုင်ချင်ပါတယ်
ရုပ်ရှင်က အေ၀းကကြည့်ရမှ ကောင်းမှာလေ ဟုတ်တယ်မလား"
မြမှူး မျက်ခုံးလေးကိုပင့်ကာ ပြန်ပြောလိုက်သည်။မြမှူးစိတ်ထဲမှာ အကိုနဲ့အတူ အတွဲခုံမှာ ထိုင်ကြည့်ရမယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားမိနေသည်။မြမှူးတို့ ဘေးနားမှာလဲ တခြား အတွဲတွေလဲ အသီးသီး နေရာယူထားကြလေသည်။
"ရော့ ဒါ ခြုံထားဦး"
အကို လှမ်းပေးသည်ကို ကြည့်လိုက်တော့ ခြုံပု၀ါတစ်ထည်။
"ဟင် အကို ဒါဘယ်ကရလာတာလဲ"
"မြမှူးက ဘောင်းဘီတိုလေး ၀တ်ထားတော့ ရုပ်ရှင်ကြည့်ရင် အေးနေမှာစိုးလို့ ကိုယ်ဒီအနီးအနား ဆိုင်တစ်ဆိုင်က အမြန်သွား၀ယ်လာတာ"
အကိုပြောတော့မှ မြမှူးလဲ အနည်းငယ် အေးနေမှန်း သတိထားမိလိုက်သည်။ အကိုက မြမှူးအတွက်တော့ တကယ်ကို အားကိုးစရာပါပဲလား
လို့ တွေးမိရင်းပြုံးမိလိုက်သည်။
××××××××
"အ အင်းးးးးးဟင်းးးးပြွတ်
ဟင်းးးးးးးးးးး"
ရုပ်ရှင်ထဲ စျာန်၀င်နေမှ ရုတ်တရက် ညီးသံလို ကြားလိုက်တော့ မြမှူး ရုတ်တရက်ကြောင်သွားပြီး အကို့ကိုလှမ်းကြည့်လိုက်တော့ အကိုကလဲ ထိုအသံကိုကြားပုံရတယ် မြမှူးကိုလှမ်းကြည့်နေတော့ မျက်လုံးခြင်းဆုံကာ မေးငေါ့မိသွားသည်။
နှစ်ယောက်လုံးစူးစမ်းချင်စိတ်နဲ့ အသံထွက်လာရာကို လှမ်းရှာကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မြမှူး မျက်နှာတစ်ခုလုံးထူပူပြီး ပန်းရောင်သန်းသွားတော့သည်။
မြမှူးတို့ ထိုင်ခုံနဲ့ တစ်ခုံကျော်က အတွဲက ချစ်ကြည်နူးနေကြတာ မြင်လို့တောင်မကောင်းတော့။အကိုကလဲ မြမှူးလိုပဲ မြင်လိုက်တော့ ရှက်သွားပုံရသည် မြမှူးကိုတောင် မကြည့်တော့။မြမှူးလဲ ရုပ်ရှင်က ဘာတွေလာနေမှန်းတောင် မသိတော့ ဒီမြင်ကွင်းကြီးနဲ့ ညီးသံတွေသာ ပိတ်ကားထက်မှာ ပြနေသလိုသာ ခံစားနေရတော့သည်.............။
×××××××××××××××××××
ရုပ်ရှင်ကြည့်ပြီးတော့ အကိုက ညစာလိုက်၀ယ်ကျွေးသဖြင့် အိမ်ပြန်ရောက်တော့ ည၁၀နာရီပင်ထိုးနေပြီ ဖြစ်သည်။အကိုက ခြံရှေ့မှာ ကားရပ်ပေးပြီး ကားမှန်ချကာ မြမှူး ခြံထဲ၀င်သည်အထိ လှမ်းကြည့်နေတော့သည်။
"အကို မြမှူးအိမ်ထဲ၀င်တော့မယ်
အကိုလဲကားကိုဂရုစိုက်မောင်းနော် အိမ်ပြန်ရောက်ရင် မြမှူးကို စာပို့ထားဦး"
မြမှူး ခြံတံခါးအ၀ကနေ တာ့တာပြပြီး အကို့ကို လှမ်းပြောနေခြင်းဖြစ်သည်။
အကိုကလဲ ကားထဲကနေ ခေါင်းငြိမ့်ပြပြီး လက်လှမ်းပြကာ ကားမောင်းပြီး ထွက်သွားတော့သည်။မြမှူးရော အကိုရော အပြုံးတွေ ကိုယ်စီနဲ့ နှုတ်ဆက်ခဲ့ကြပေမဲ့ ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ တစ်စုံတစ်ဦးကတော့ ရင်ထဲမှာ ဒေါသမီးတွေ တောက်လောက်နေမယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ပါ။
××××××××××××
၀ီစကီခွက်ကို လက်ကနေ ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး အံကိုတင်းနေအောင်ကြိတ်ထားကာ အပေါ်ထပ်ကနေ လှမ်းမြင်နေရသော မြင်ကွင်းကို မျက်ထောင့်နီနဲ့ ကြည့်နေသူကတော့ အခြားသူမဟုတ် အကြံသမား ထူးခန့်ပင်ဖြစ်သည်။နဂိုကတည်းက မြမှူးကို စည်းရုံး၍ မရလို့ စိတ်ညစ်နေရတဲ့အထဲ အခု ဒီဆရာ၀န်နဲ့ မြမှူး ရင်းရင်းနှီးနှိးဖြစ်လာသည်ကို မြင်နေရသည်မှာ ထူးခန့်ရင်ကိုဓားနဲ့မွှန်းနေသလိုခံစားနေရသည်။
"မြမှူး ကိုယိမင်းကို ပိုင်ဆိုင်ရဖို့အတွက် ဒီ့ထက်ပိုပြီး အချိန်ဆွဲလို့ မဖြစ်တော့ဘူးပဲ"
၀ီစကီတစ်ခွက်ကို မော့သောက်လိုက်ရင်း အဓိပ္ပာယ်ပါပါ အပြုံးတစ်ခုကို ပြုံးလိုက်သည်။
××××××××××××
ဘုန်းမြတ်အိမ်ကိုရောက်တော့ ကားရပ်ပြီးတာနဲ့ အခန်းရှိရာကို တန်းသွားရန် ခြေလှမ်းပြင်လိုက်သည်။ဒါပေမဲ့ ဧည့်ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေသော အဖေနဲ့ အမေကြောင့် ဘုန်းမြတ်ခြေလှမ်းတို့ရပ်တန့်သွားသည်။
အမေက ဘုန်းမြတ်ကိုမြင်တာနဲ့ သတင်းစာဖတ်နေသော အဖေ့ကို လက်လှမ်းတို့လိုက်သည်ကို မြင်လိုက်ရသည်။အဖေကလဲ သတင်းစာဆီကနေ အကြည့်ကိုခွာပြီး ဘုန်းမြတ်ဆီကိုလှမ်းကြည့်လိုက်သည်။
"သား ပြန်ရောက်ပြီလား"
"ဟုတ် သားပြန်ရောက်ပါပြီအဖေ"
Advertisement
"အေး အဲ့ဒါဆိုလဲ ဒီကိုခနလာထိုင်ဦး
အဖေနဲ့ အမေပြောစရာရှိတယ်"
အဖေရော ဘုန်းမြတ်ရောအချိန်ပြည့် အလုပ်ရှုပ်နေလို့ မဆုံဖြစ်တာတောင်ကြာနေပြီဖြစ်သည်။အခုအဖေက ပြောစရာရှိတယ်ဆိုတာကြောင့် တစ်ခုခုတော့ အရေးကြီးတာပြောတော့မယ်ဆိုတာ ဘုန်းမြတ်သဘောပေါက်လိုက်သည်။
ဘုန်းမြတ်လဲ အဖေနဲ့ အမေ့ရှေ့မှာ ၀င်ထိုင်လိုက်သည်။
"အခု အမေပြောမယ့်စကားကို သားသေချာနားထောင်ပြီး လေးလေးနက်နက်စဥ်းစားစေချင်တယ်သား"
"ဟုတ် သားနားထောင်နေပါတယ်အမေ"
အဖေရော အမေရော တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်ပြပြီး နောက်ထပ်စကားတစ်ခွန်းပြောရန် အရှိန်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
"သားရဲ့အဖေရော အမေရော သားကို မြမှူးလေးနဲ့ လက်ထပ်စေချင်တယ်သား"
"ဗျာ !!! အ....အမေအခုဘာပြောလိုက်တာ"
တိတ်ဆိတ်နေသည့် အချိန်တွင် အမေ့နှုတ်ခမ်းကနေ ပြတ်သားစွာ ထွက်လာတဲ့ စကားကြောင့် ဘုန်းမြတ် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်သွားသည်။
"ဟုတ်တယ် သားကို အမေတို့ နှစ်ယောက်လုံး မြမှူးနဲ့ လက်ထပ်စေချင်တယ် မဟုတ်ဘူး လက်ကိုလက်ထပ်ရမှာ"
အမေ့ရဲ့ အမိန့်ဆန်သော စကားကြောင့် ဘုန်းမြတ် ပြန်ပြောစရာစကားမရှိအောင်ပင် ဆွံ့အသွားရသည်။
"အမေ အခုကျွန်တော့်ကို ၁၉နှစ်အရွယ်ကလေးသာသာကောင်မလေးနဲ့ လက်ထပ်ခိုင်းနေတာလား........သားကမြမှူးကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာကို အမေလဲ သိရဲ့သားနဲ့ ဘာလို့ဒီလိုမျိုး ပြောထွက်ရတာလဲ"
"ဒီမယ်သား အခုပြောနေတာက အမေ့တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး မြမှူးရဲ့ အဖွားကလဲ သဘောတူတယ် "
ဘုန်းမြတ် အခုမှ သဘောပေါက်တော့သည် အမေ မြမှူးတို့အိမ်ကို ချောင်းပေါက်မတက်သွားနေရသည့် အကြောင်းအရင်းကိုပေါ့။
ဘုန်းမြတ် ဟက်ခနဲ တစ်ချက်ရီပြီး အမေ့ကိုရော အဖေ့ကိုပါ သေချာစိုက်ကြည့်လိုက်သည်။
"ဒီမှာ အမေ့ကိုရော အဖေ့ကိုရော ကျွန်တော် သေချာအောင်ပြောထားမယ် ကျွန်တော် ယမုံ့တစ်ယောက်ထဲကိုပဲ လက်ထပ်မှာ အမေတို့ သဘောတူတူမတူတူ ကျွန်တော် ယမုံနဲ့ ရအောင်လက်ထပ်မှာ.......ယမုံမဟုတ်တဲ့ တခြားသူနဲ့ လက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး"
"ဘာ!!!!!မင်းအခု ငါတို့ကို ဘာစကားပြောလိုက်တာလဲ"
စကားတစ်ခွန်းမှ ၀င်မပြောပဲ နှုတ်ဆိတ်နေသော ဦးမင်းမြတ်သည် ဒီတစ်ခါတော့ ဘုန်းမြတ်စကားကြောင့် ဒေါသငယ်ထိပ်သို့ ရောက်သွားကာ ထထိုးတော့သည်။
လက်သီးပြင်းတွေတစ်ချက်ပြီး တစ်ချက်ဘုန်းမြတ်မျက်နှာပေါ်သို့ ဆင့်ထိုးတော့သည်။
ဒေါ်ချိုမာလဲ သားဖြစ်သူ အထိုးခံနေရတာ
ကြောင့် ယောကျာ်းဖြစ်သူ ကို၀င်ဆွဲရတော့သည်။
"ယောကျာ်းရယ် တော်ပါတော့ သားကရုတ်တရက်ဆိုတော့ စိတ်ဆိုးပြီး ပြောမိတာပါ
ချို သားကိုသေချာနားချလိုက်ပါ့မယ်"
ဘုန်းမြတ် ပါးစပ်ကနေ စီးကျနေသော သွေးတွေကို လက်ခုံဖြင့်တစ်ချက်သုတ်လိုက်ပြီး အဖေ့ကိုစိုကိကြည့်လိုက်သည်။အဖေကလဲ ဘုန်းမြတ်ကို ဒေါသမျက်လုံးတွေနဲ့ ပြန်ကြည့်နေသည်။အမေကတော့ အဖေ့ရဲ့ အနောက်ကနေ သိုင်းဖက်ပြီး ချုပ်ထားလေသည်။
"ဆရာ၀န်တစ်ယောက်ဖြစ်နေပြီး
စောက်ဦးနှောက်မရှိတဲ့ကောင် မင်းကိုယ်မင်းနွားဖြစ်နေတာကိုရော သိရဲ့လား.....
မင်းကောင်မက လမ်းဘေးက ပြည့်တန်ဆာတွေလောက်တောင် အဆင့်အတန်းမရှိတဲ့ ကောင်မကွ
ဒီလို မိန်းမပျက်တစ်ယောက်ကိုများ ဘာနောက်ကြောင်းရာဇ၀င်မှ မစုံစမ်းပဲ လက်ထပ်မယ်လို့ မင်းပါးစပ်က ပြောထွက်တယ်
ဘုန်းမြတ်ရာ မင်းကိုကျွေးမွေးခဲ့တဲ့ မိဘတွေ မျက်နှာကို ထောက်ပါဦး"
ဦးမင်းမြတ် သူ့ရင်ဘက်ကို ပုတ်ပုတ်ပြီး ငိုသံနှောနေသော အသံနဲ့ ဘုန်းမြတ်ကို ပြောနေခြင်းဖြစ်သည်။တစ်သက်နဲ့ တစ်ကိုယ် သားဖြစ်သူကို ဒီလို မိန်းမတစ်ယောက်ကိစ္စအတွက်နဲ့ ပတ်သတ်ပြီး ထိုးနှက်ရမယ်လို့ အိပ်မက်ထဲတောင် ထည့်
မမက်ဖူး ခဲ့ပေ။
"သား သွားတော့သွား အပေါ်တက်တော့
အခုက သွေးပူနေတုန်းမို့လို့ပါ သားအမေတို့စကားကို ခေါင်းအေးအေးထားပြီး သေချာစဥ်းစားစေချင်တယ်"
ဒေါ်ချိုမာ ယောကျာ်းနဲ့သား ရန်ပွဲကြားထဲမှာ မျက်နှာဇီးရွက်လောက်နဲ့ စိတ်သောကရောက်နေတေ့ာသည်။
ဘုန်းမြတ် ဘာစကားတစ်ခွန်းမှ ပြန်မပြောတော့ပဲအခန်းရှိရာကိုပဲ တက်လာတော့သည်။
အဖေရော အမေရော သူ့အတွက်ကြောင့်နဲ့ ဒီလိုစိတ်ဆင်းရဲနေရတာမြင်တော့ ဘုန်းမြတ် အနည်းငယ်တော့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အပြစ်တင်မိလိုက်သည်။တကယ်ဆို သူဒီလိုမျိုး မိဘတွေကို ခါးခါးသီးသီး ပြန်မပြောပဲ အကျိုးသင့်အကြောင်းသင့် ရှင်းပြခဲ့သင့်တာပဲမဟုတ်ဘူးလား။
အခန်းထဲရောက်တာနဲ့ ရေချိုးခန်းထဲတန်း၀င်ပြီး ရေပန်းဖွင့်ကာ ထိုင်ချလိုက်သည်။
"ငါနဲ့ ယမုံ့နဲ့ ကြားမှာ ငါမသိသေးတဲ့ အရာတစ်ခုခုရှိနေတာလား........"
အခုကအမေတင်မက အဖေကပါ ယမုံ့ကို ရွံရှာနေသလို ပြောနေသည်မှာ ဘာကြောင့်များလဲ တွေးမရ။အဖေက သူများသားသမီးကို အဲ့လို့ မျိုချိုး မျှစ်ချိုး ပြောတက်သူမဟုတ်ဆိုတာ ဘုန်းမြတ်သိသည်။ အဖေ အခုလို ပြောရက်ရတဲ့ အကြောင်းအရင်းကိုတော့ ဘုန်းမြတ်ရှာဖွေမှ ဖြစ်တော့မည််.........။
××××××××××××
"တောက်"
ဦမင်းမြတ် တောက်တစ်ခေါက်ခေါက်နဲ့ ဘုန်းမြတ်ကို အခဲမကျေဖြစ်နေသည်။သားဖြစ်သူ တန်းတန်းစွဲဖြစ်နေသော ရွန်းလဲ့ယမုံဆိုသူမှာ မိမိနဲ့ စီးပွားဖက် ဦးကောင်းမြတ်၏ မယားငယ်ဖြစ်နေမှန်း သိလိုက်ရတဲ့ အချိန်တွင် ဦးမင်းမြတ် သွေးပင်ဆောင့်တက်သွားခဲ့တော့သည်။
မိမိတို့ သေသေချာချာ ဂရုတစိုက် မွေးထားသော သားသည် ဒီလို အပျက်မနဲ့မှ ပတ်သက်နေရတယ်လို့ တွေးမိတိုင်း အသဲနာရသည်။
သားဖြစ်သူကို အိမ်ထောင်ချပေးဖို့ သင့်တော်တဲ့သူရှာနေချိန် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲပြောရမလား မြမှူး လေးအကြောင်းကို မိန်းမဖြစ်သူချိုမာ ဆီက ကြားခဲ့ရ၍ သူတို့နှစ်ယောက်ကို နေရာချပေးရန် စီစဥ်ခိုင်းလိုက်ခြင်းဖြစ်သည်။
ကံကောင်းတယ်လို့ပဲ ဆိုရမလားမသိ မြမှူးရဲ့အဖွားကလဲ သူ့ကျန်းမာရေးအခြေအနေကြောင့်ရော ဘုန်းမြတ်တို့ မိသားစုကို ယုံတာကြောင့်ရော အသာတကြည် သဘောတူလိုက်လေသည်။မြမှူးကတော့ ဘုန်းမြတ်ကို သဘောကျနေသည့် ပုံစံရှိတယ်လို့ မိန်းမက ပြောတာကြောင့် သားကို အရင်နားချကာမှ နွားက ယမုံမှ ယမုံဖြစ်နေတာကြောင့် ဦးမင်းမြတ် သွေးတက်နေရပြန်သည်။
Advertisement
"မိန်းမ ဒီပုံစံအတိုင်းဆို ငါတို့ နောက်ဆုံး ကဒ်ကို ထုတ်သုံးမှ ရတော့မယ်ထင်တယ်"
ယောကျာ်းဖြစ်သူရဲ့ စကားကြောင့် ဒေါ်ချိုမာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ယောကျာ်း အဲ့ကိစ္စကိုတော့ စိတ်မပူနဲ့တော့ မိန်းမ ဆက်လုပ်လိုက်မယ်
စိတ်သာချထားလိုက်တော့ သား အဲ့ကောင်မမျက်နှာကို လုံး၀မမြင်ချင်တော့အောင် တစ်ပတ်အတွင်းလုပ်ပြမယ်..............."
×××××××××××××××××××××××××××××××××××
hello မျှော်နေတဲ့သူတွေ updateလေးနောက်ကျသွားလို့ တောင်းပန်ပါတယ်။သာသာ ဒီရက်ပိုင်း ဆက်တိုက် သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားနေလို့ updateမပေးနိုင်ခဲ့တာပါ ။
ဒီနေ့ကစပြီး ပုံမှန်ပြန်updateပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုစားပါမယ်😗
Zawgyi
ျမမွဴးရဲ့ ေနာက္ေက်ာဘက္ အနီးအနားကေန လွမ္းေခၚလိုက္ေသာအသံေၾကာင့္ ျမမွဴးပုခံုးတြန္႔ကာ ေခါင္းပါ အနည္းပုသြားေတာ့သည္။
အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ အကိုက ျမမွဴးရဲ့ ဖုန္းကိုလွမ္းၾကည့္ကာေမးလိုက္ျခင္းျဖစ္သည္။
"ရွင္! ဘာမွ မရိုက္ပါဘူး အကိုရဲ့"
ဖုန္း Cameraနဲ႔ တစ္ခုခုကို လွမ္းခ်ိန္ထားသည္ကို ဘုန္းျမတ္သူ႔မ်က္လံုးနဲ႔ တပ္အပ္ျမင္တာေတာင္ ဘာမွ မလုပ္ပါဘူးလို႔ ျငင္းေနေသာ ျမမွဴးေၾကာင့္ အနည္းငယ္စဥ္းစားမိသြားသည္။ၿပီးေတာ့ ျမမွဴးcameraခ်ိန္ထားရာ ေနရာ ၀န္းက်င္ကို
ၾကည့္လိုက္ေတာ့လဲ ဘာမွ ထူးထူးျခားျခား မေတြ့ရ။
"လာပါ အကိုရယ္ ရုပ္ရွင္ခ်ိန္နီးေနၿပီမလား အထဲ၀င္ၾကရေအာင္"
ျမမွဴး အကို႔လက္ကိုဆြဲကာ ရုပ္ရွင္ရံုဘက္ကို ၪီးတည္လာခဲ့သည္။ျမမွဴး သိသည္ အကိုတစ္ခုခုကို မသကၤာျဖစ္ေနတယ္ဆိုတာကို။ဒါေပမဲ့ ျမမွဴး ဘယ္သူ႔ကိုမွ ဒီအေၾကာင္းကို မေျပာျပခ်င္ပါ။
အကို႔ကို လက္ဆြဲလာရင္း ခုနက ၪီးေကာင္းျမတ္ကို ျမင္လိုက္ေသာေနရာကို ျမမွဴး မ်က္လံုးျဖင့္ေဝ့ကာရွာၾကည့္ေပမဲ့ ႏွစ္ေယာက္လံုးကို အစအနပင္ မေတြ့ရေတာ့။
×××××××
ရုပ္ရွင္ရံုထဲေရာက္ေတာ့ အကိုရဲ့ လက္တစ္ဖက္က ျမမွဴးလက္ကိုကိုင္ထားၿပီး ေနာက္တစ္ဖက္က ဖုန္းကို flashမီးဖြင့္ထားၿပီး ကိုင္ထားကာ ထိုင္ရမယ့္ ထိုင္ခံုကို လိုက္ရွာေနေတာ့သည္။ရံုထဲက လူေတြကေတာ့ ျမမွဴးတို႔ႏွစ္ေယာက္ကို ခ်စ္သူေတြလို႔ ထင္ေနမွာ က်ိန္းေသသည္။အကို ခံုရွာေနသည္မွာ တျဖည္းျဖည္းနဲ႔ အေပၚဆံုးကို ေရာက္လာေနသည္ကို ျမမွဴးသတိထားမိလိုက္သည္။
"ေရာက္ၿပီ ျမမွဴး ဒီခံုပဲ"
အကို မီးထိုးျပတဲ့ ေနရာကို ျမမွဴး ၾကည့္လိုက္ေတာ့ မ်က္လံုးပင္အနည္းငယ္ ျပဴးသြားမိသည္။
"အကို ဒါ အတြဲခံုႀကီး မလား"
"ဟုတ္တယ္ေလ ျမမွဴးရဲ့
ကိုယ္တို႔ကေနာက္က်ေနေတာ့ ရိုးရိုးခံုေတြ အကုန္မရိွေတာ့လို႔ ရိွတာပဲယူလိုက္တာ
ဘာလို႔လဲ ျမမွဴး မထိုင္ခ်င္လို႔လား
ျမမွဴးမထိုင္ခ်င္ရင္ အကို အေရ႔ွကလူေတြနဲ႔ ခံုသြားလဲၾကည့္ေပးမယ္ေလ"
"မဟုတ္ပါဘူး ျမမွဴး ထိုင္ခ်င္ပါတယ္
ရုပ္ရွင္က အေဝးကၾကည့္ရမွ ေကာင္းမွာေလ ဟုတ္တယ္မလား"
ျမမွဴး မ်က္ခံုးေလးကိုပင့္ကာ ျပန္ေျပာလိုက္သည္။ျမမွဴးစိတ္ထဲမွာ အကိုနဲ႔အတူ အတြဲခံုမွာ ထိုင္ၾကည့္ရမယ္ဆိုေတာ့ အရမ္းစိတ္လႈပ္ရွားမိေနသည္။ျမမွဴးတို႔ ေဘးနားမွာလဲ တျခား အတြဲေတြလဲ အသီးသီး ေနရာယူထားၾကေလသည္။
"ေရာ့ ဒါ ၿခံဳထားၪီး"
အကို လွမ္းေပးသည္ကို ၾကည့္လိုက္ေတာ့ ၿခံဳပုဝါတစ္ထည္။
"ဟင္ အကို ဒါဘယ္ကရလာတာလဲ"
"ျမမွဴးက ေဘာင္းဘီတိုေလး ၀တ္ထားေတာ့ ရုပ္ရွင္ၾကည့္ရင္ ေအးေနမွာစိုးလို႔ ကိုယ္ဒီအနီးအနား ဆိုင္တစ္ဆိုင္က အျမန္သြား၀ယ္လာတာ"
အကိုေျပာေတာ့မွ ျမမွဴးလဲ အနည္းငယ္ ေအးေနမွန္း သတိထားမိလိုက္သည္။ အကိုက ျမမွဴးအတြက္ေတာ့ တကယ္ကို အားကိုးစရာပါပဲလား
လို႔ ေတြးမိရင္းၿပံဳးမိလိုက္သည္။
××××××××
"အ အင္းးးးးးဟင္းးးးႁပြတ္
ဟင္းးးးးးးးးးး"
ရုပ္ရွင္ထဲ စ်ာန္၀င္ေနမွ ရုတ္တရက္ ညီးသံလို ၾကားလိုက္ေတာ့ ျမမွဴး ရုတ္တရက္ေၾကာင္သြားၿပီး အကို႔ကိုလွမ္းၾကည့္လိုက္ေတာ့ အကိုကလဲ ထိုအသံကိုၾကားပံုရတယ္ ျမမွဴးကိုလွမ္းၾကည့္ေနေတာ့ မ်က္လံုးျခင္းဆံုကာ ေမးေငါ့မိသြားသည္။
ႏွစ္ေယာက္လံုးစူးစမ္းခ်င္စိတ္နဲ႔ အသံထြက္လာရာကို လွမ္းရွာၾကည့္လိုက္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ျမမွဴး မ်က္ႏွာတစ္ခုလံုးထူပူၿပီး ပန္းေရာင္သန္းသြားေတာ့သည္။
ျမမွဴးတို႔ ထိုင္ခံုနဲ႔ တစ္ခံုေက်ာ္က အတြဲက ခ်စ္ၾကည္ႏူးေနၾကတာ ျမင္လို႔ေတာင္မေကာင္းေတာ့။အကိုကလဲ ျမမွဴးလိုပဲ ျမင္လိုက္ေတာ့ ရွက္သြားပံုရသည္ ျမမွဴးကိုေတာင္ မၾကည့္ေတာ့။ျမမွဴးလဲ ရုပ္ရွင္က ဘာေတြလာေနမွန္းေတာင္ မသိေတာ့ ဒီျမင္ကြင္းႀကီးနဲ႔ ညီးသံေတြသာ ပိတ္ကားထက္မွာ ျပေနသလိုသာ ခံစားေနရေတာ့သည္.............။
×××××××××××××××××××
ရုပ္ရွင္ၾကည့္ၿပီးေတာ့ အကိုက ညစာလိုက္၀ယ္ေကြၽးသျဖင့္ အိမ္ျပန္ေရာက္ေတာ့ ည၁၀နာရီပင္ထိုးေနၿပီ ျဖစ္သည္။အကိုက ၿခံေရ႔ွမွာ ကားရပ္ေပးၿပီး ကားမွန္ခ်ကာ ျမမွဴး ၿခံထဲ၀င္သည္အထိ လွမ္းၾကည့္ေနေတာ့သည္။
"အကို ျမမွဴးအိမ္ထဲ၀င္ေတာ့မယ္
အကိုလဲကားကိုဂရုစိုက္ေမာင္းေနာ္ အိမ္ျပန္ေရာက္ရင္ ျမမွဴးကို စာပို႔ထားၪီး"
ျမမွဴး ၿခံတံခါးအ၀ကေန တာ့တာျပၿပီး အကို႔ကို လွမ္းေျပာေနျခင္းျဖစ္သည္။
အကိုကလဲ ကားထဲကေန ေခါင္းၿငိမ့္ျပၿပီး လက္လွမ္းျပကာ ကားေမာင္းၿပီး ထြက္သြားေတာ့သည္။ျမမွဴးေရာ အကိုေရာ အၿပံဳးေတြ ကိုယ္စီနဲ႔ ႏႈတ္ဆက္ခဲ့ၾကေပမဲ့ ထိုျမင္ကြင္းကိုျမင္လိုက္ရတဲ့ တစ္စံုတစ္ၪီးကေတာ့ ရင္ထဲမွာ ေဒါသမီးေတြ ေတာက္ေလာက္ေနမယ္လို႔ ဘယ္သူမွ ထင္ထားမွာမဟုတ္ပါ။
××××××××××××
ဝီစကီခြက္ကို လက္ကေန က်စ္ေနေအာင္ ဆုပ္ကိုင္ထားၿပီး အံကိုတင္းေနေအာင္ႀကိတ္ထားကာ အေပၚထပ္ကေန လွမ္းျမင္ေနရေသာ ျမင္ကြင္းကို မ်က္ေထာင့္နီနဲ႔ ၾကည့္ေနသူကေတာ့ အျခားသူမဟုတ္ အႀကံသမား ထူးခန္႔ပင္ျဖစ္သည္။နဂိုကတည္းက ျမမွဴးကို စည္းရံုး၍ မရလို႔ စိတ္ညစ္ေနရတဲ့အထဲ အခု ဒီဆရာ၀န္နဲ႔ ျမမွဴး ရင္းရင္းႏွီးႏိွးျဖစ္လာသည္ကို ျမင္ေနရသည္မွာ ထူးခန္႔ရင္ကိုဓားနဲ႔မႊန္းေနသလိုခံစားေနရသည္။
"ျမမွဴး ကိုယိမင္းကို ပိုင္ဆိုင္ရဖို႔အတြက္ ဒီ့ထက္ပိုၿပီး အခ်ိန္ဆြဲလို႔ မျဖစ္ေတာ့ဘူးပဲ"
ဝီစကီတစ္ခြက္ကို ေမာ့ေသာက္လိုက္ရင္း အဓိပၸာယ္ပါပါ အၿပံဳးတစ္ခုကို ၿပံဳးလိုက္သည္။
××××××××××××
ဘုန္းျမတ္အိမ္ကိုေရာက္ေတာ့ ကားရပ္ၿပီးတာနဲ႔ အခန္းရိွရာကို တန္းသြားရန္ ေျခလွမ္းျပင္လိုက္သည္။ဒါေပမဲ့ ဧည့္ခန္းမွာ မိန္႔မိန္႔ႀကီး ထိုင္ေနေသာ အေဖနဲ႔ အေမေၾကာင့္ ဘုန္းျမတ္ေျခလွမ္းတို႔ရပ္တန္႔သြားသည္။
အေမက ဘုန္းျမတ္ကိုျမင္တာနဲ႔ သတင္းစာဖတ္ေနေသာ အေဖ့ကို လက္လွမ္းတို႔လိုက္သည္ကို ျမင္လိုက္ရသည္။အေဖကလဲ သတင္းစာဆီကေန အၾကည့္ကိုခြာၿပီး ဘုန္းျမတ္ဆီကိုလွမ္းၾကည့္လိုက္သည္။
"သား ျပန္ေရာက္ၿပီလား"
"ဟုတ္ သားျပန္ေရာက္ပါၿပီအေဖ"
"ေအး အဲ့ဒါဆိုလဲ ဒီကိုခနလာထိုင္ၪီး
အေဖနဲ႔ အေမေျပာစရာရိွတယ္"
အေဖေရာ ဘုန္းျမတ္ေရာအခ်ိန္ျပည့္ အလုပ္ရႈပ္ေနလို႔ မဆံုျဖစ္တာေတာင္ၾကာေနၿပီျဖစ္သည္။အခုအေဖက ေျပာစရာရိွတယ္ဆိုတာေၾကာင့္ တစ္ခုခုေတာ့ အေရးႀကီးတာေျပာေတာ့မယ္ဆိုတာ ဘုန္းျမတ္သေဘာေပါက္လိုက္သည္။
ဘုန္းျမတ္လဲ အေဖနဲ႔ အေမ့ေရ႔ွမွာ ၀င္ထိုင္လိုက္သည္။
"အခု အေမေျပာမယ့္စကားကို သားေသခ်ာနားေထာင္ၿပီး ေလးေလးနက္နက္စဥ္းစားေစခ်င္တယ္သား"
"ဟုတ္ သားနားေထာင္ေနပါတယ္အေမ"
အေဖေရာ အေမေရာ တစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္စပစ္ျပၿပီး ေနာက္ထပ္စကားတစ္ခြန္းေျပာရန္ အရိွန္ယူလိုက္သည္ကို ေတြ့လိုက္ရသည္။
"သားရဲ့အေဖေရာ အေမေရာ သားကို ျမမွဴးေလးနဲ႔ လက္ထပ္ေစခ်င္တယ္သား"
"ဗ်ာ !!! အ....အေမအခုဘာေျပာလိုက္တာ"
တိတ္ဆိတ္ေနသည့္ အခ်ိန္တြင္ အေမ့ႏႈတ္ခမ္းကေန ျပတ္သားစြာ ထြက္လာတဲ့ စကားေၾကာင့္ ဘုန္းျမတ္ ကိုယ့္နားကိုယ္ေတာင္ မယံုႏိုင္ျဖစ္သြားသည္။
"ဟုတ္တယ္ သားကို အေမတို႔ ႏွစ္ေယာက္လံုး ျမမွဴးနဲ႔ လက္ထပ္ေစခ်င္တယ္ မဟုတ္ဘူး လက္ကိုလက္ထပ္ရမွာ"
အေမ့ရဲ့ အမိန္႔ဆန္ေသာ စကားေၾကာင့္ ဘုန္းျမတ္ ျပန္ေျပာစရာစကားမရိွေအာင္ပင္ ဆြံ႔အသြားရသည္။
"အေမ အခုသားကို ၁၉ႏွစ္အရြယ္ကေလးသာသာေကာင္မေလးနဲ႔ လက္ထပ္ခိုင္းေနတာလား........သားကျမမွဴးကို ညီမေလးတစ္ေယာက္လိုပဲ သေဘာထားတာကို အေမလဲ သိရဲ့သားနဲ႔ ဘာလို႔ဒီလိုမ်ိဳး ေျပာထြက္ရတာလဲ"
"ဒီမယ္သား အခုေျပာေနတာက အေမ့တစ္ေယာက္ထဲရဲ့ ဆံုးျဖတ္ခ်က္မဟုတ္ဘူး ျမမွဴးရဲ့ အဖြားကလဲ သေဘာတူတယ္ "
ဘုန္းျမတ္ အခုမွ သေဘာေပါက္ေတာ့သည္ အေမ ျမမွဴးတို႔အိမ္ကို ေခ်ာင္းေပါက္မတက္သြားေနရသည့္ အေၾကာင္းအရင္းကိုေပါ့။
ဘုန္းျမတ္ ဟက္ခနဲ တစ္ခ်က္ရီၿပီး အေမ့ကိုေရာ အေဖ့ကိုပါ ေသခ်ာစိုက္ၾကည့္လိုက္သည္။
"ဒီမွာ အေမ့ကိုေရာ အေဖ့ကိုေရာ ကြၽန္ေတာ္ ေသခ်ာေအာင္ေျပာထားမယ္ ကြၽန္ေတာ္ ယမံု႔တစ္ေယာက္ထဲကိုပဲ လက္ထပ္မွာ အေမတို႔ သေဘာတူတူမတူတူ ကြၽန္ေတာ္ ယမံုနဲ႔ ရေအာင္လက္ထပ္မွာ.......ယမံုမဟုတ္တဲ့ တျခားသူနဲ႔ လက္ထပ္ဖို႔ဆိုတာမျဖစ္ႏိုင္ဘူး"
"ဘာ!!!!!မင္းအခု ငါတို႔ကို ဘာစကားေျပာလိုက္တာလဲ"
စကားတစ္ခြန္းမွ ၀င္မေျပာပဲ ႏႈတ္ဆိတ္ေနေသာ ၪီးမင္းျမတ္သည္ ဒီတစ္ခါေတာ့ ဘုန္းျမတ္စကားေၾကာင့္ ေဒါသငယ္ထိပ္သို႔ ေရာက္သြားကာ ထထိုးေတာ့သည္။
လက္သီးျပင္းေတြတစ္ခ်က္ၿပီး တစ္ခ်က္ဘုန္းျမတ္မ်က္ႏွာေပၚသို႔ ဆင့္ထိုးေတာ့သည္။
ေဒၚခ်ိဳမာလဲ သားျဖစ္သူ အထိုးခံေနရတာ
ေၾကာင့္ ေယာက်ာ္းျဖစ္သူ ကို၀င္ဆြဲရေတာ့သည္။
"ေယာက်ာ္းရယ္ ေတာ္ပါေတာ့ သားကရုတ္တရက္ဆိုေတာ့ စိတ္ဆိုးၿပီး ေျပာမိတာပါ
ခ်ိဳ သားကိုေသခ်ာနားခ်လိုက္ပါ့မယ္"
ဘုန္းျမတ္ ပါးစပ္ကေန စီးက်ေနေသာ ေသြးေတြကို လက္ခံုတစ္ခ်က္သုတ္လိုက္ၿပီး အေဖ့ကိုစိုကိၾကည့္လိုက္သည္။အေဖကလဲ ဘုန္းျမတ္ကို ေဒါသမ်က္လံုးေတြနဲ႔ ျပန္ၾကည့္ေနသည္။အေမကေတာ့ အေဖ့ရဲ့ အေနာက္ကေန သိုင္းဖက္ၿပီး ခ်ဳပ္ထားေလသည္။
"ဆရာ၀န္တစ္ေယာက္ျဖစ္ေနၿပီး
ေစာက္ၪီးေနွာက္မရိွတဲ့ေကာင္ မင္းကိုယ္မင္းႏြားျဖစ္ေနတာကိုေရာ သိရဲ့လား.....
မင္းေကာင္မက လမ္းေဘးက ျပည့္တန္ဆာေတြေလာက္ေတာင္ အဆင့္အတန္းမရိွတဲ့ ေကာင္မကြ
ဒီလို မိန္းမပ်က္တစ္ေယာက္ကိုမ်ား ဘာေနာက္ေၾကာင္းရာဇ၀င္မွ မစံုစမ္းပဲ လက္ထပ္မယ္လို႔ မင္းပါးစပ္က ေျပာထြက္တယ္
ဘုန္းျမတ္ရာ မင္းကိုေကြၽးေမြးခဲ့တဲ့ မိဘေတြ မ်က္ႏွာကို ေထာက္ပါၪီး"
ၪီးမင္းျမတ္ သူ႔ရင္ဘက္ကို ပုတ္ပုတ္ၿပီး ငိုသံေနွာေနေသာ အသံနဲ႔ ဘုန္းျမတ္ကို ေျပာေနျခင္းျဖစ္သည္။တစ္သက္နဲ႔ တစ္ကိုယ္ သားျဖစ္သူကို ဒီလို မိန္းမတစ္ေယာက္ကိစၥအတြက္နဲ႔ ပတ္သတ္ၿပီး ထိုးႏွက္ရမယ္လို႔ အိပ္မက္ထဲေတာင္ ထည့္
မမက္ဖူး ခဲ့ေပ။
"သား သြားေတာ့သြား အေပၚတက္ေတာ့
အခုက ေသြးပူေနတုန္းမို႔လို႔ပါ သားအေမတို႔စကားကို ေခါင္းေအးေအးထားၿပီး ေသခ်ာစဥ္းစားေစခ်င္တယ္"
ေဒၚခ်ိဳမာ ေယာက်ာ္းနဲ႔သား ရန္ပြဲၾကားထဲမွာ မ်က္ႏွာဇီးရြက္ေလာက္နဲ႔ စိတ္ေသာကေရာက္ေနေတ့ာသည္။
ဘုန္းျမတ္ ဘာစကားတစ္ခြန္းမွ ျပန္မေျပာေတာ့ပဲအခန္းရိွရာကိုပဲ တက္လာေတာ့သည္။
အေဖေရာ အေမေရာ သူ႔အတြက္ေၾကာင့္နဲ႔ ဒီလိုစိတ္ဆင္းရဲေနရတာျမင္ေတာ့ ဘုန္းျမတ္ အနည္းငယ္ေတာ့ စိတ္ထဲမွာ ကိုယ့္ကိုယ္ကို အျပစ္တင္မိလိုက္သည္။တကယ္ဆို သူဒီလိုမ်ိဳး မိဘေတြကို ခါးခါးသီးသီး ျပန္မေျပာပဲ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပခဲ့သင့္တာပဲမဟုတ္ဘူးလား။
အခန္းထဲေရာက္တာနဲ႔ ေရခ်ိဳးခန္းထဲတန္း၀င္ၿပီး ေရပန္းဖြင့္ကာ ထိုင္ခ်လိုက္သည္။
"ငါနဲ႔ ယမံု႔နဲ႔ ၾကားမွာ ငါမသိေသးတဲ့ အရာတစ္ခုခုရိွေနတာလား........"
အခုကအေမတင္မက အေဖကပါ ယမံု႔ကို ရြံရွာေနသလို ေျပာေနသည္မွာ ဘာေၾကာင့္မ်ားလဲ ေတြးမရ။အေဖက သူမ်ားသားသမီးကို အဲ့လို႔ မ်ိဳခ်ိဳး မ်ွစ္ခ်ိဳး ေျပာတက္သူမဟုတ္ဆိုတာ ဘုန္းျမတ္သိသည္။ အေဖ အခုလို ေျပာရက္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ ဘုန္းျမတ္ရွာေဖြမွ ျဖစ္ေတာ့မည္္.........။
××××××××××××
"ေတာက္"
ဦမင္းျမတ္ ေတာက္တစ္ေခါက္ေခါက္နဲ႔ ဘုန္းျမတ္ကို အခဲမေက်ျဖစ္ေနသည္။သားျဖစ္သူ တန္းတန္းစြဲျဖစ္ေနေသာ ရြန္းလဲ့ယမံုဆိုသူမွာ မိမိနဲ႔ စီးပြားဖက္ ၪီးေကာင္းျမတ္၏ မယားငယ္ျဖစ္ေနမွန္း သိလိုက္ရတဲ့ အခ်ိန္တြင္ ၪီးမင္းျမတ္ ေသြးပင္ေဆာင့္တက္သြားခဲ့ေတာ့သည္။
Advertisement
- In Serial21 Chapters
Hopeless Romangatic
A high-school kid is so wrapped in romance mangas and the love that they have in them by the time an actual girl likes him he has no idea how to deal with her. After having to break up with his girlfriend, Yu, a 2nd year high-schooler spends most of his days reading romance mangas. It makes his heart flutter in ways never thought to be possible. His classmate Sara likes to watch over him from a distance. He really doesn't take care of himself making her worry for him. In actuality it's because she is in love with him. The only thing that she thinks is getting in the way is his manga. So she decides that she'll fix him up and show him what true romance is like. She's confident in her plans, but when it doesn't go her way she becomes very flustered and shy. And to make matters worse she's never actually been in a relationship before. How will things work out between the two? Who knows! Because I sure as hell don't!
8 88 - In Serial71 Chapters
The Divorce Billionaire Heiress
Nicole Stanton, the richest young woman in the world, showed up low profile at the airport but she was immediately swarmed by reporters. Reporter: "Ms. Stanton, why did your three-year marriage with Mr. Ferguson come to an end?" She smiled and said, "Because I have to inherit my billion-dollar family fortune..." Reporter: "Are the rumors that you've been dating a dozen other young men within a month true?" Before the billionaire heiress could speak, an icy voice came from not far away. "No, that's fake news." Eric Ferguson stood out in the crowd. "I also have a billion-dollar net worth. Ms. Stanton, why don't you inherit my family fortune?"
8 1161 - In Serial19 Chapters
That Girl Who's Always Alone At The Back
A spinoff of A Tale of Two Words... A story about a girl who's writer/artist/meme page admin and a boy who loves her so much. Rianne Gray Reyes - A writer/artist who never gets the attention she deserves. She wanted to be published so bad she made a meme page even though she hates memes herself just to have a place where she could promote her stories and art. Jericho Salvador - A meme lord who actually lives a lazy life and has no certain goal. He doesn't even know why he's alive. He hates people as much as they hate him. All he ever wanted was to meet the girl that he loves. A girl who hides as Tomato. The path of the two collided and at first it was all fun and games. Until something unexpected happened...
8 148 - In Serial40 Chapters
Who am I texting?
[COMPLETE]A story of a girl who had a massive crush on a heartthrob high school rock band leader Kyle Hogan. Her life turn upside down when she received a text from an unknown number who admitted to be her secret admirer. Me: I understand why you're ignoring meMe: I'm going to slide out of this conversationMe: love youMe: okay byeMe: sorry againUnknown number: Was your father a thief?Unknown number: 'Cause someone stole the stars from the sky and put them in your eyes© 2015 Tattoo Heart #1 in humour | [18.06.2018]***[ON EDITING]*****PLEASE BEWARE OF TYPOS AND GRAMMATICAL ERROR**
8 180 - In Serial38 Chapters
Blondie
"hey! Blondie!""don't call me that"extended synopsis inside
8 130 - In Serial117 Chapters
mine and his - mattheo riddle
It all started with a name.A psychopath girl &A sociopath guy.Description;Mattheo Riddle enters hogwarts school of witch craft and wizardry, for a specific reason. Thinking he will not like it there but something, someone changes his mind. Changes his whole perspective.How will their story end, pain, love maybe even death? Let's find out.18+{this story was written in 2021, I am currently just getting back into it, meaning there will be chapters that are quite "lazy writing"}
8 161

