《ကံကြမ္မာစေရာ [OC] (Completed)》Ep_9
Advertisement
Uni
"တင်းတောင်....တင်းတောင်.....တင်းတောင်"
ဘဲလ်တီးသံကြောင့် ယွန်းမီ ခြံအရှေ့ကိုလှမ်းကြည့်လိုက်သည်။ထိုစဥ် ခြံတံခါးအပြင်ဘက်မှာ လူတစ်ယောက်က ဦးထုပ်ကို ခေါင်းငိုက်ဆောင်းထားကာ လက်ထဲမှာ ပါဆယ်ထုပ်တစ်ထုပ်ကိုင်ထားသည်ကို တွေ့လိုက်သည်။
"ဖေဖေ့ဆီ လာပို့တဲ့ ပါဆယ်များလား"
ယွန်းမီ တစ်ယောက်ထဲ တီးတိုး ရေရွတ်လိုက်ပြီး ထိုလူရှိရာကို လာခဲ့လိုက်သည်။
"ဒါ ဒေါ်မီမီအောင် တို့အိမ်လားခဗျ"
ယွန်းမီ အနားရောက်လာတော့ ထိုလူက တန်းပြီးစကားဆိုလာလေသည်။
"ဟုတ်ပါတယ် ဒေါ်မီမီအောင်က ကျွန်မအမေပါ
ဘာကိစ္စများရှိလို့လဲ မသိဘူး"
"ဒေါ်မီမီအောင် အတွက် အရေးကြီးတဲ့ ပါဆယ်တစ်ခု ပို့ခိုင်းလိုက်လို့ပါ"
"ဘယ်သူက ပို့ခိုင်းတာလဲ"
ဘယ်ကလာမှန်း မသိတဲ့သူတစ်ယောက်က ပို့လာသော ပါဆယ်ကို ယွန်းမီ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တာကြောင့် ခက်ထန်ထန်ပဲ ပြန်မေးလိုက်သည်။
"ဘယ်သူကပို့ခိုင်းတာလဲဆိုတာတော့ ကျွန်တော်လဲ မသိပါဘူးခဗျ ......ဒါပေမဲ့ ပို့ခိုင်းလိုက်တဲ့သူက ဒေါ်မီမီအောင်ရဲ့ အမျိုးသားဦးကောင်းမြတ်နဲ့ ပတ်သတ်နေတဲ့ ပစ္စည်းလို့တော့ ပြောခိုင်းလိုက်ပါတယ်"
"ဖေဖေနဲ့ ပတ်သတ်နေတဲ့ ပစ္စည်းတဲ့လား......
အဲ့ဒါဆို ထားခဲ့လိုက်"
ယွန်းမီ ဖေဖေနဲ့ ပတ်သတ်နေတဲ့ အရာလိုပြောလိုက်တော့ ပါဆယ်ထုပ်ထဲမှာ ဘာပါမလဲ သိချင်သွားသည်။
ယွန်းမီ ပါဆယ်ထုပ်ကို လက်ကပိုက်ပြီး အိမ်ထဲ၀င်ရန် ခြေလှမ်းပြင်လိုက်သည်။
"သမီး လက်ထဲက ဘာအထုပ်ကြီးလဲ"
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ အနောက်ကနေမေးလိုက်တဲ့ အသံကြောင့်
ယွန်းမီ လန့်ဖြန့်သွားတော့သည်။
"ဒါ.......ဒါက"
"ဒီပါဆယ်က ဒေါ်မီမီအောင် ဆီပို့ခိုင်းလိုက်တဲ့ ပါဆယ်ပါ"
ဖြေရခက်နေတုန်း အနောက်ကနေ ဖြေလိုက်တဲ့ ပါဆယ်ပို့သမားကြောင့် ယွန်းမီမျက်နှာပျက်သွားသည်။အထဲမှာ ဘာပါမလဲ သိချင်လို့ ခိုးကြည့်မလို့ပါဆိုနေမှ အခုမေမေနဲ့ တည့်တည့်တိုးနေပြီ ဆိုတော့ ယွန်းမီ ခိုးကြည့်ဖို့ကို လက်လျော့ရတော့မည်။
"ဟုတ်တယ် မေမေ့ဆီ ပို့တဲ့ပါဆယ်တဲ့ ရော့"
ယွန်းမီ မေမေ့လက်ထဲ ပါဆယ်ထုပ်ထည့်ပေးပြီး အိမ်ထဲပြန်၀င်လာခဲ့သည်။
ဒေါ်မီမီကတော့ မိမိလက်ထဲက ပါဆယ်ကို ပတ်ချာလည် လှည့်ကြည့်ပြီး အထဲမှာ ဘာပါမလဲ ခန့်မှန်းကြည့်နေသည်။
"ဘာတွေလဲမသိဘူး အထဲရောက်မှ ဖွင့်ကြည့်တော့မယ်"
အခန်းထဲရောက်သည်နှင့် တပြိုင်နက် ပါဆယ်ဘူးကို ဓားနဲ့ ခွဲဖွင့်လိုက်သည်။
"ဟင်"
အထဲမှာ ပါသော ဓာတ်ပုံအချို့ကို မြင်တော့ ဒေါ်မီမီ အံ့သြသွားမိသည်။ယောကျာ်းဖြစ်သူနှင့် သူရဲ့ အတွင်းရေးမှူးမရဲ့ အိပ်ယာပေါ်က ပုံများ မှာ နည်းတာမဟုတ်။ဒါတွေအပြင် ရုံးခန်းထဲနဲ့ ကားပါကင်မှာ ခိုးစားနေတဲ့ ပုံများက အဆစ်ပါသေးသည်။
နောက်ဆုံးမှာတော့ CDချပ် တစ်ချပ်.........။
ဒေါ်မီမီ ဓာတ်ပုံတစ်ချို့ကို လက်ထဲမှာလုံးချေပစ်လိုက်သည်။ဒီပုံတွေက သူ့အတွက်တော့ အဆန်းမဟုတ်တော့။သူ့ယောကျာ်း ရှုပ်ပွေသမျှကို ဘယ်သူမှ မသိအောင် ရှင်းခဲ့ရသည်မှာလဲ အကြိမ်ပေါင်းမနည်းတော့ပေ။အချစ်မပါသော အိမ်ထောင်ရေးအတွက် ဒီလိုကိစ္စတွေက မထူးဆန်းပါ။သို့သော် ဒီကိစ္စသာ ပြိုင်ဘက်ကုမ္ပဏီက သိသွားလို့ အားနည်းချက်အဖြစ်သုံးလျှင် ရှယ်ယာတွေ ထိုးဆင်းသွားမှာ စိုးရိမ်မိသည်။
အခုအချိန်တွင် အပြိုင်အဆိုင် ကုမ္ပဏီတွေက မိမိတို့ ကုမ္ပဏီကို အားနည်းချက်ရှာနေကြတဲ့ အချိန်မို့လို့ ဒီကိစ္စကို မြန်မြန်ဖြေရှင်းမှ ရတော့မည်....။
×××××××××××××
"Ring Ring Ring"
"ဟယ်လို ကိုဘုန်းပြော"
"ယမုံ ဒီညနေ အချိန်ရရင် ကိုယ်ယမုံနဲ့ တွေ့ချင်တယ် ပြောစရာလဲရှိလို့"
"အင်း ရတယ်လေ ယမုံဒီညနေတော့ အားပါတယ်"
"အဲ့ဒါဆို ကိုယ်တို့တွေ့နေကြ ကော်ဖီဆိုင်မှာပဲတွေ့ကြတာပေါ့......."
"တီ"
ဘုန်းမြတ် စကားကို တိုတိုတုပ်တုပ်သာပြောပြီး ဖုန်းချလိုက်သည်။ သူအခု စိတ်ထဲမှာ အရမ်းရှုပ်ထွေးနေတာကြောင့်သာဖြစ်သည်။မိဘနဲ့ ချစ်သူကြားထဲမှာ တစ်ယောက်ထဲဗျာများ နေရသည်။အကယ်၍ ယမုံသာ မိဘတွေပြောသလိုများ ဖြစ်နေခဲ့ရင် ဘုန်းမြတ်ရင်ကွဲမှာကျိန်းသေသည်။ဒါကြောင့် ဒီနေ့တော့ အရာရာကို ကွဲကွဲပြားပြားသိရရန် အတွက်
ဘုန်းမြတ်ကြိုးစားရတော့မည်။
×××××××××××××
"ကလောင်!"
message ၀င်လာတဲ့ အသံကြောင့် ဒေါ်မီမီ ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။
"ဒီညနေ၅နာရီကျရင်××××××ကော်ဖီဆိုင်မှာ
ရွန်းလဲ့ယမုံ ရှိနေမယ်"
အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ ပို့လာသော messageဖြစ်သည်။
ဒေါ်မီမီ တကယ်ကို စဥ်းစားမရဖြစ်နေသည်။
ရွန်းလဲ့ယမုံ့ဆိုသော ထိုမယားငယ်မကို ရှင်းထုတ်ဖို့အတွက် နောက်ကွယ်ကနေ အချက်အလက်တွေ ပို့ပေးနေတဲ့ သူမှာ ဘယ်သူလဲ။ထိုလူလဲ သူ့လိုပဲ ရွန်းလဲယမုံကို ရှင်းထုတ်ချင်နေတဲ့ သူပဲလား။
ဘာပဲဖြစ်ဖြစ် ဒေါ်မီမီအတွက်တော့ ရန်သူမဟုတ်တာကျိန်းသေနေသည်။ခြိမ်းခြောက်စာ တစ်ခုတောင် မပါပဲ သက်သေအထောက်အထားတွေပဲ ပို့ပေးနေတယ်ဆိုကတည်းက တိတ်တဆိတ်အကူအညီ ပေးချင်နေတဲ့ သူဆိုတာ သေချာနေပြီဖြစ်သည်။ဒေါ်မီမီဘာကိုမှ ဆက်တွေးမနေတော့ပဲ ညနေ၅နာရီကြရင် ပွဲကြီးပွဲကောင်းနွှဲရန်အတွက် စတင်ပြင်ဆင်လိုက်တော့သည်။
××××××××××
"ကျွီ"
ယွန်းမီ အမေ့အခန်းတံခါးကို တိတ်တိတ်ကလေး ဖွင့်ကာ ခြေလှမ်းဖွဖွနင်းပြီး ၀င်လာခဲ့သည်။မနက်ပို့ထားသော ပါဆယ်ထုတ်ကို အလျင်အမြန်လိုက်ရှာတော့သည်။မေမေ့က ရေချိုးနေသည်မို့ အပြင်ပြန်မထွက်လာခင် အမြန်ရှာဖို့ လိုအပ်နေသည်။
နောက်ဆုံးတော့ အံဆွဲထဲမှာ မနက်လာပို့ထားသော ပါဆယ်ဘူးဖြစ်ဟန်ရှိသော ဘူးတစ်ဘူးကိုတွေ့လိုက်သည်။အထဲကို ဖွင့်ကြည့်တော့ တကယ်ကိုခန့်မှန်းထားသည့် အတိုင်းပင်။ယွန်းမီ အံကိုကြိတ်ကာ ရေချိုးဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။မေမေဘာလို့ ဟန်မပျက်နေနိုင်တာလဲဆိုတာ တွေးလို့မရပါ။အမှန်ဆို အခု ဒေါသမီးတောက်လောင်နေရမည်မဟုတ်လား....။
"ကတောင်"
မေမေ့ဖုန်းက Message ၀င်လာသော အသံဖြစ်တာကြောင့် ဖုန်းကို တစ်ချက်၀င်ကြည့်လိုက်သည်။ကြည့်လိုက်တော့ ooredooကဖြစ်နေသည်။သက်ပြင်းတစ်ချက်ချပြီး ဖုန်းကို ပိတ်မလို့လုပ်နေတုန်း စောနက၀င်လာတဲ့ messageရဲ့အောက်က စာက မသင်္ကာကောင်းသဖြင့် ၀င်ဖတ်ကြည့်လိုက်သည်။
Advertisement
""ဒီညနေ၅နာရီကျရင်××××××ကော်ဖီဆိုင်မှာ
ရွှန်းလဲ့ယမုံ ရှိနေမယ်"
"ရွှန်းလဲ့ယမုံဆိုရင် ဖေဖေ့အတွင်းရေးမှူးမလား "
ယွန်းမီ စာကိုဖတ်ပြီး မျက်လုံးပင်ပြူးသွားတော့သည်။
"ဒါဆို မေမေက ဒီအကြောင်းတွေသိနေတာပေါ့"
နာရီကို ကြည့်လိုက်တော့ ညနေ၃နာရီ ခွဲနေပြီ ဒီပုံစံအတိုင်းဆိုရင် မေမေ ၅နာရီကျရင် ရွှန်းလဲ့ယမုံဆီ သွားမယ့်ပုံစံရှိ နေပြီ။ဒါကြောင့် ယွန်းမီ သူ့အမေနောက်ကို နောက်ယောက်ခံလိုက်ရန် ဆုံးဖြတ် လိုက်သည်။
"တီ..........တီ.........တီ.........."
မေမေ့နောက်ကို တူတူနောက်ယောင်ခံလိုက်ရန်အတွက် မြမှူးကို အဖော်ခေါ်ရန် ဖုန်းဆက်နေခြင်းဖြစ်သည်။
"ဟယ်လို"
"ဟယ်လို မြမှူးလား"
"အေးဟုတ်တယ် ဘာကိစ္စရှိလို့လဲ "
"ကိစ္စကတော့ အရေးကြီးတယ် ငါ့အမေတော့ ဟိုကိစ္စကိုသိသွားပြီ....... ကြည့်ရတာ ဒီညနေကြရင် ပွဲကြမ်းမယ့် ပုံစံရှိတယ်"
"ဟုတ်လား!!!အဲ့ဒါဆို နင်ဘာဆက်လုပ်မှာလဲ"
"ငါအခုနင့်ကို လာခေါ်မယ် ငါနဲ့အတူတူတစ်နေရာကို လိုက်ခဲ့ပေး"
"Okok ငါစောင့်နေမယ်"
×××××××××××××××
မြမှူးနဲ့ ဖုန်းပြောပြီး မကြာမီမှာပဲ ယွန်းမီ ခြံရှေ့ကိုကားတစ်စီးနဲ့ ရောက်လာတော့သည်။မြမှူးလဲ ယွန်းမီ ကိုမြင်တာနဲ့ ခြံရှေ့ကိုတန်းထွက်လာပြီး ကားပေါ်တက်လိုက်သည်။
"ဦးလေး ×××××××ကော်ဖီဆိုင်ကို မောင်းပေးပါ"
မြမှူးကားပေါ်ရောက်ရောက်ချင်းပဲ ယွန်းမီက ကားသမားဦးလေးကြီးကို ပြောလိုက်ခြင်းဖြစ်သည်။
"ယွန်းမီ အဲ့ကော်ဖီဆိုင်ကို ဘာသွားလုပ်မှာလဲ"
ယွန်းမီလဲ မနက်က ပါဆယ်ထုပ်ရောက်လာတာကနေစပြီး သူအမေဖုန်းထဲက မြင်လိုက်ရတဲ့ စာအထိ ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သည်။
ယွန်းမီစကားကို နားထောင်ပြီးတာနဲ့ မြမှူးစိတ်ထဲမှာတော့ မကြာခင် တစ်ခုခုအကြီးအကျယ်ဖြစ်တော့မည်ဆိုတာ သိနေသည်............။
××××××××××
မြမှူး ဘာစကားတစ်ခွန်းမှ မပြောပဲ ယွန်းမီ ခေါ်ရာနောက်ကိုလိုက်ခဲ့တာ အခုဆိုရင် သူပြောတဲ့ ××××ကော်ဖီဆိုင်ရှေ့က တခြားကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်ရှိနေပြီဖြစ်သည်။
မြမှူးတို့ရှေ့တည့်တည့်မှာတော့ လူသွားလမ်း
ကျဥ်းလေးတစ်လမ်းနဲ့ မှန်နှစ်ချပ်သာခြားသော ထိုကော်ဖီဆိုင်လေးရှိနေလေသည်။မြမှူးတို့ထိုင်နေသော နေရာကနေ ထိုကော်ဖီဆိုင်လေးကို အတိုင်းသားမြင်နေရသည်။ကော်ဖီဆိုင်လေးကတော့ မုန်တိုင်းမ၀င်ခင် လေငြိမ်နေသလိုပင် တိတ်ဆိတ်ငြိမ်သက်နေလေရဲ့..........။
၅မိနစ် ၁၀မိနစ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ ကော်ဖီဆိုင်ထဲသို့ လူတစ်ယောက်၀င်သွားသည်ကို နောက်ကျောကနေတွေ့လိုက်သည်။ထိုလူက ကော်ဖီဆိုင်ရဲ့ မှန်ချပ်ဘေးမှာ ထိုင်လိုက်သည်။မြမှူးတို့ ထိုင်နေသောနေရာကနေ ထိုလူကို ဘေးတိုက်မြင်နေရသည်။သေချာကြည့်လိုက်တော့မှ အကို ဖြစ်နေသည်ကို သိလိုက်ရသည်။
"ဟင် အကိုပါလား"
အမြဲတမ်းအလုပ်ရှုပ် နေသောအကိုသည် ထူးထူးခြားခြား ကော်ဖီဆိုင်လာထိုင်လို့ပါလားလို့တောင် မြမှူးစိတ်ထဲမှာတွေးမိလိုက်သည်။
"ဟဲ့ မြမှူး ဟိုမိန်းမ လာနေပြီ"
ယွန်းမီရဲ့ စကားသံကြောင့် မြမှူး အကို့ကိုကြည့်နေရာကနေ ထိုမိန်းမဆီ အကြည့်ရောက်သွားသည်။သူကတော့ ခနနေ ဘာဖြစ်တော့မယ်ဆိုတာ မသိသေးသည့်ပုံ ကော့ကျော့နေအောင် ပြင်ထားသည်မှာ မင်းသမီးရှုံးလှသည်။
မြမှူးရော ယွန်းမီရော ထိုမိန်းမ သွားရာကို မျက်တောင်မခက်ပဲလိုက်ကြည့်မိနေသည်။မြမှူးကတော့ ယွန်းမီကိစ္စပြီးတာနဲ့ အကို့ကို သွားနှုတ်ဆက်ရန် စိတ်ကူးနေလေရဲ့။
"ဟင်"
မြမှူး ကိုယ့်မျက်လုံးပင်ကိုယ်မယုံနိုင်ဖြစ်သွားသည်။ဟိုမိန်းမက ဘာလို့ ထိုင်ခုံတွေအများကြီးရှိတဲ့ ကြားထဲက အကိုနဲ့ တစ်၀ိုင်းထဲမှာ ၀င်ထိုင်ရတာလဲလို့ မြမှူးစဥ်းစားနေမိသည်။
"မြမှူး ဟိုမိန်းမနဲ့ တူတူထိုင်နေတဲ့ အဲ့ကိုကြီးက
တကယ့်နွားသိလား"
"ဟမ်"
ယွန်းမီစကားကြောင့် မြမှူး ရင်ဘက်တောင် အောင့်သွားသလိုခံစားလိုက်ရသည်။ယွန်းမီ ရည်ရွယ်ပြီး ပြောနေသည်မှာ အကိုဖြစ်နေသောကြောင့်ဖြစ်သည်။
"ဘာ.....ဘာဖြစ်လို့လဲယွန်းမီရဲ့"
မြမှူး စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင်ထားလိုပြီး မေးလိုက်သည်။
"အဲ့ဒါ အဲ့မိန်းမရဲ့ရည်းစားလေ"
"ဘာ!!!!!!"
မြမှူးရင်ထဲ ဓားနဲ့ ဆောင့်ထိုးလိုက်သလို နာကျင်သွားရသည်။အမြဲ အလုပ်ရှုပ်နေသော အကို့ဆီမှာ ရည်းစားရှိမည်လို့ ထင်မထားခဲ့သည်မှာ အမှန်ပင်။အကိုက ရည်းစားနဲ့ ပတ်သက်တဲ့ အကြောင်းလဲ တစ်ခါမှ မပြောဘူးသလို ရည်းစားရှိသည့် အရိပ်အယောင်လဲ တစ်ခါမှ မတွေ့ဖူးခဲ့ပါ။အခုအကို့မှာ ချစ်သူရှိတယ်တဲ့လား
ပြီးတော့ အဲ့ချစ်သူကလဲ ဒီလိုမိန်းမမျိုးတဲ့လား..............။
ဒါပေမဲ့အခု လက်ရှိမှာတော့ မြမှူး ကိုယ့်ကိုယ်ကိုထက် အကိုကို့ ပိုသနားနေမိသည်။အကိုက မကြာခင်မှာ ထင်မထားတဲ့ အဖြစ်အပျက်တစ်ခုကို မျက်မြင်ကြုံတွေ့ရတော့မည် မဟုတ်လား.............."
×××××××××××××××××××××××××××××××××××
Zawgyi
"တင္းေတာင္....တင္းေတာင္.....တင္းေတာင္"
ဘဲလ္တီးသံေၾကာင့္ ယြန္းမီ ၿခံအေရ႔ွကိုလွမ္းၾကည့္လိုက္သည္။ထိုစဥ္ ၿခံတံခါးအျပင္ဘက္မွာ လူတစ္ေယာက္က ၪီးထုပ္ကို ေခါင္းငိုက္ေဆာင္းထားကာ လက္ထဲမွာ ပါဆယ္ထုပ္တစ္ထုပ္ကိုင္ထားသည္ကို ေတြ့လိုက္သည္။
"ေဖေဖ့ဆီ လာပို႔တဲ့ ပါဆယ္မ်ားလား"
ယြန္းမီ တစ္ေယာက္ထဲ တီးတိုး ေရရြတ္လိုက္ၿပီး ထိုလူရိွရာကို လာခဲ့လိုက္သည္။
"ဒါ ေဒၚမီမီေအာင္ တို႔အိမ္လားခဗ်"
ယြန္းမီ အနားေရာက္လာေတာ့ ထိုလူက တန္းၿပီးစကားဆိုလာေလသည္။
"ဟုတ္ပါတယ္ ေဒၚမီမီေအာင္က ကြၽန္မအေမပါ
ဘာကိစၥမ်ားရိွလို႔လဲ မသိဘူး"
"ေဒၚမီမီေအာင္ အတြက္ အေရးႀကီးတဲ့ ပါဆယ္တစ္ခု ပို႔ခိုင္းလိုက္လို႔ပါ"
"ဘယ္သူက ပို႔ခိုင္းတာလဲ"
ဘယ္ကလာမွန္း မသိတဲ့သူတစ္ေယာက္က ပို႔လာေသာ ပါဆယ္ကို ယြန္းမီ ဘယ္လိုနည္းနဲ႔မွ လက္မခံႏိုင္တာေၾကာင့္ ခက္ထန္ထန္ပဲ ျပန္ေမးလိုက္သည္။
"ဘယ္သူကပို႔ခိုင္းတာလဲဆိုတာေတာ့ ကြၽန္ေတာ္လဲ မသိပါဘူးခဗ် ......ဒါေပမဲ့ ပို႔ခိုင္းလိုက္တဲ့သူက ေဒၚမီမီေအာင္ရဲ့ အမ်ိဳးသားၪီးေကာင္းျမတ္နဲ႔ ပတ္သတ္ေနတဲ့ ပစၥည္းလို႔ေတာ့ ေျပာခိုင္းလိုက္ပါတယ္"
"ေဖေဖနဲ႔ ပတ္သတ္ေနတဲ့ ပစၥည္းတဲ့လား......
အဲ့ဒါဆို ထားခဲ့လိုက္"
ယြန္းမီ ေဖေဖနဲ႔ ပတ္သတ္ေနတဲ့ အရာလိုေျပာလိုက္ေတာ့ ပါဆယ္ထုပ္ထဲမွာ ဘာပါမလဲ သိခ်င္သြားသည္။
Advertisement
ယြန္းမီ ပါဆယ္ထုပ္ကို လက္ကပိုက္ၿပီး အိမ္ထဲ၀င္ရန္ ေျခလွမ္းျပင္လိုက္သည္။
"သမီး လက္ထဲက ဘာအထုပ္ႀကီးလဲ"
ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိ အေနာက္ကေနေမးလိုက္တဲ့ အသံေၾကာင့္
ယြန္းမီ လန္႔ျဖန္႔သြားေတာ့သည္။
"ဒါ.......ဒါက"
"ဒီပါဆယ္က ေဒၚမီမီေအာင္ ဆီပို႔ခိုင္းလိုက္တဲ့ ပါဆယ္ပါ"
ေျဖရခက္ေနတုန္း အေနာက္ကေန ေျဖလိုက္တဲ့ ပါဆယ္ပို႔သမားေၾကာင့္ ယြန္းမီမ်က္ႏွာပ်က္သြားသည္။အထဲမွာ ဘာပါမလဲ သိခ်င္လို႔ ခိုးၾကည့္မလို႔ပါဆိုေနမွ အခုေမေမနဲ႔ တည့္တည့္တိုးေနၿပီ ဆိုေတာ့ ယြန္းမီ ခိုးၾကည့္ဖို႔ကို လက္ေလ်ာ့ရေတာ့မည္။
"ဟုတ္တယ္ ေမေမ့ဆီ ပို႔တဲ့ပါဆယ္တဲ့ ေရာ့"
ယြန္းမီ ေမေမ့လက္ထဲ ပါဆယ္ထုပ္ထည့္ေပးၿပီး အိမ္ထဲျပန္၀င္လာခဲ့သည္။
ေဒၚမီမီကေတာ့ မိမိလက္ထဲက ပါဆယ္ကို ပတ္ခ်ာလည္ လွည့္ၾကည့္ၿပီး အထဲမွာ ဘာပါမလဲ ခန္႔မွန္းၾကည့္ေနသည္။
"ဘာေတြလဲမသိဘူး အထဲေရာက္မွ ဖြင့္ၾကည့္ေတာ့မယ္"
အခန္းထဲေရာက္သည္ႏွင့္ တၿပိဳင္နက္ ပါဆယ္ဘူးကို ဓားနဲ႔ ခြဲဖြင့္လိုက္သည္။
"ဟင္"
အထဲမွာ ပါေသာ ဓာတ္ပံုအခ်ိဳ႕ကို ျမင္ေတာ့ ေဒၚမီမီ အံ့ၾသသြားမိသည္။ေယာက်ာ္းျဖစ္သူႏွင့္ သူရဲ့ အတြင္းေရးမွဴးမရဲ့ အိပ္ယာေပၚက ပံုမ်ား မွာ နည္းတာမဟုတ္။ဒါေတြအျပင္ ရံုးခန္းထဲနဲ႔ ကားပါကင္မွာ ခိုးစားေနတဲ့ ပံုမ်ားက အဆစ္ပါေသးသည္။
ေနာက္ဆံုးမွာေတာ့ CDခ်ပ္ တစ္ခ်ပ္.........။
ေဒၚမီမီ ဓာတ္ပံုတစ္ခ်ိဳ႕ကို လက္ထဲမွာလံုးေခ်ပစ္လိုက္သည္။ဒီပံုေတြက သူ႔အတြက္ေတာ့ အဆန္းမဟုတ္ေတာ့။သူ႔ေယာက်ာ္း ရႈပ္ေပြသမ်ွကို ဘယ္သူမွ မသိေအာင္ ရွင္းခဲ့ရသည္မွာလဲ အႀကိမ္ေပါင္းမနည္းေတာ့ေပ။အခ်စ္မပါေသာ အိမ္ေထာင္ေရးအတြက္ ဒီလိုကိစၥေတြက မထူးဆန္းပါ။သို႔ေသာ္ ဒီကိစၥသာ ၿပိဳင္ဘက္ကုမၸဏီက သိသြားလို႔ အားနည္းခ်က္အျဖစ္သံုးလ်ွင္ ရွယ္ယာေတြ ထိုးဆင္းသြားမွာ စိုးရိမ္မိသည္။
အခုအခ်ိန္တြင္ အၿပိဳင္အဆိုင္ ကုမၸဏီေတြက မိမိတို႔ ကုမၸဏီကို အားနည္းခ်က္ရွာေနၾကတဲ့ အခ်ိန္မို႔လို႔ ဒီကိစၥကို ျမန္ျမန္ေျဖရွင္းမွ ရေတာ့မည္....။
×××××××××××××
"Ring Ring Ring"
"ဟယ္လို ကိုဘုန္းေျပာ"
"ယမံု ဒီညေန အခ်ိန္ရရင္ ကိုယ္ယမံုနဲ႔ ေတြ့ခ်င္တယ္ ေျပာစရာလဲရိွလို႔"
"အင္း ရတယ္ေလ ယမံုဒီညေနေတာ့ အားပါတယ္"
"အဲ့ဒါဆို ကိုယ္တို႔ေတြ့ေနၾက ေကာ္ဖီဆိုင္မွာပဲေတြ့ၾကတာေပါ့......."
"တီ"
ဘုန္းျမတ္ စကားကို တိုတိုတုပ္တုပ္သာေျပာၿပီး ဖုန္းခ်လိုက္သည္။ သူအခု စိတ္ထဲမွာ အရမ္းရႈပ္ေထြးေနတာေၾကာင့္သာျဖစ္သည္။မိဘနဲ႔ ခ်စ္သူၾကားထဲမွာ တစ္ေယာက္ထဲဗ်ာမ်ား ေနရသည္။အကယ္၍ ယမံုသာ မိဘေတြေျပာသလိုမ်ား ျဖစ္ေနခဲ့ရင္ ဘုန္းျမတ္ရင္ကြဲမွာက်ိန္းေသသည္။ဒါေၾကာင့္ ဒီေန့ေတာ့ အရာရာကို ကြဲကြဲျပားျပားသိရရန္ အတြက္
ဘုန္းျမတ္ႀကိဳးစားရေတာ့မည္။
×××××××××××××
"ကေလာင္!"
message ၀င္လာတဲ့ အသံေၾကာင့္ ေဒၚမီမီ ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္သည္။
"ဒီညေန၅နာရီက်ရင္××××××ေကာ္ဖီဆိုင္မွာ
ရြန္းလဲ့ယမံု ရိွေနမယ္"
အမည္မသိ ဖုန္းနံပါတ္တစ္ခုမွ ပို႔လာေသာ messageျဖစ္သည္။
ေဒၚမီမီ တကယ္ကို စဥ္းစားမရျဖစ္ေနသည္။
ရြန္းလဲ့ယမံု႔ဆိုေသာ ထိုမယားငယ္မကို ရွင္းထုတ္ဖို႔အတြက္ ေနာက္ကြယ္ကေန အခ်က္အလက္ေတြ ပို႔ေပးေနတဲ့ သူမွာ ဘယ္သူလဲ။ထိုလူလဲ သူ႔လိုပဲ ရြန္းလဲယမံုကို ရွင္းထုတ္ခ်င္ေနတဲ့ သူပဲလား။
ဘာပဲျဖစ္ျဖစ္ ေဒၚမီမီအတြက္ေတာ့ ရန္သူမဟုတ္တာက်ိန္းေသေနသည္။ၿခိမ္းေျခာက္စာ တစ္ခုေတာင္ မပါပဲ သက္ေသအေထာက္အထားေတြပဲ ပို႔ေပးေနတယ္ဆိုကတည္းက တိတ္တဆိတ္အကူအညီ ေပးခ်င္ေနတဲ့ သူဆိုတာ ေသခ်ာေနၿပီျဖစ္သည္။ေဒၚမီမီဘာကိုမွ ဆက္ေတြးမေနေတာ့ပဲ ညေန၅နာရီၾကရင္ ပြဲႀကီးပြဲေကာင္းႏႊဲရန္အတြက္ စတင္ျပင္ဆင္လိုက္ေတာ့သည္။
××××××××××
"ကြၽီ"
ယြန္းမီ အေမ့အခန္းတံခါးကို တိတ္တိတ္ကေလး ဖြင့္ကာ ေျခလွမ္းဖြဖြနင္းၿပီး ၀င္လာခဲ့သည္။မနက္ပို႔ထားေသာ ပါဆယ္ထုတ္ကို အလ်င္အျမန္လိုက္ရွာေတာ့သည္။ေမေမ့က ေရခ်ိဳးေနသည္မို႔ အျပင္ျပန္မထြက္လာခင္ အျမန္ရွာဖို႔ လိုအပ္ေနသည္။
ေနာက္ဆံုးေတာ့ အံဆြဲထဲမွာ မနက္လာပို႔ထားေသာ ပါဆယ္ဘူးျဖစ္ဟန္ရိွေသာ ဘူးတစ္ဘူးကိုေတြ့လိုက္သည္။အထဲကို ဖြင့္ၾကည့္ေတာ့ တကယ္ကိုခန္႔မွန္းထားသည့္ အတိုင္းပင္။ယြန္းမီ အံကိုႀကိတ္ကာ ေရခ်ိဳးဘက္ကို တစ္ခ်က္ငဲ့ၾကည့္လိုက္သည္။ေမေမဘာလို႔ ဟန္မပ်က္ေနႏိုင္တာလဲဆိုတာ ေတြးလို႔မရပါ။အမွန္ဆို အခု ေဒါသမီးေတာက္ေလာင္ေနရမည္မဟုတ္လား....။
"ကေတာင္"
ေမေမ့ဖုန္းက Message ၀င္လာေသာ အသံျဖစ္တာေၾကာင့္ ဖုန္းကို တစ္ခ်က္၀င္ၾကည့္လိုက္သည္။ၾကည့္လိုက္ေတာ့ ooredooကျဖစ္ေနသည္။သက္ျပင္းတစ္ခ်က္ခ်ၿပီး ဖုန္းကို ပိတ္မလို႔လုပ္ေနတုန္း ေစာနက၀င္လာတဲ့ messageရဲ့ေအာက္က စာက မသကၤာေကာင္းသျဖင့္ ၀င္ဖတ္ၾကည့္လိုက္သည္။
""ဒီညေန၅နာရီက်ရင္××××××ေကာ္ဖီဆိုင္မွာ
ရႊန္းလဲ့ယမံု ရိွေနမယ္"
"ရႊန္းလဲ့ယမံုဆိုရင္ ေဖေဖ့အတြင္းေရးမွဴးမလား "
ယြန္းမီ စာကိုဖတ္ၿပီး မ်က္လံုးပင္ျပဴးသြားေတာ့သည္။
"ဒါဆို ေမေမက ဒီအေၾကာင္းေတြသိေနတာေပါ့"
နာရီကို ၾကည့္လိုက္ေတာ့ ညေန၃နာရီ ခြဲေနၿပီ ဒီပံုစံအတိုင္းဆိုရင္ ေမေမ ၅နာရီက်ရင္ ရႊန္းလဲ့ယမံုဆီ သြားမယ့္ပံုစံရိွ ေနၿပီ။ဒါေၾကာင့္ ယြန္းမီ သူ႔အေမေနာက္ကို ေနာက္ေယာက္ခံလိုက္ရန္ ဆံုးျဖတ္ လိုက္သည္။
"တီ..........တီ.........တီ.........."
ေမေမ့ေနာက္ကို တူတူေနာက္ေယာင္ခံလိုက္ရန္အတြက္ ျမမွဴးကို အေဖာ္ေခၚရန္ ဖုန္းဆက္ေနျခင္းျဖစ္သည္။
"ဟယ္လို"
"ဟယ္လို ျမမွဴးလား"
"ေအးဟုတ္တယ္ ဘာကိစၥရိွလို႔လဲ "
"ကိစၥကေတာ့ အေရးႀကီးတယ္ ငါ့အေမေတာ့ ဟိုကိစၥကိုသိသြားၿပီ....... ၾကည့္ရတာ ဒီညေနၾကရင္ ပြဲၾကမ္းမယ့္ ပံုစံရိွတယ္"
"ဟုတ္လား!!!အဲ့ဒါဆို နင္ဘာဆက္လုပ္မွာလဲ"
"ငါအခုနင့္ကို လာေခၚမယ္ ငါနဲ႔အတူတူတစ္ေနရာကို လိုက္ခဲ့ေပး"
"Okok ငါေစာင့္ေနမယ္"
×××××××××××××××
ျမမွဴးနဲ႔ ဖုန္းေျပာၿပီး မၾကာမီမွာပဲ ယြန္းမီ ၿခံေရ႔ွကိုကားတစ္စီးနဲ႔ ေရာက္လာေတာ့သည္။ျမမွဴးလဲ ယြန္းမီ ကိုျမင္တာနဲ႔ ၿခံေရ႔ွကိုတန္းထြက္လာၿပီး ကားေပၚတက္လိုက္သည္။
"ၪီးေလး ×××××××ေကာ္ဖီဆိုင္ကို ေမာင္းေပးပါ"
ျမမွဴးကားေပၚေရာက္ေရာက္ခ်င္းပဲ ယြန္းမီက ကားသမားၪီးေလးႀကီးကို ေျပာလိုက္ျခင္းျဖစ္သည္။
"ယြန္းမီ အဲ့ေကာ္ဖီဆိုင္ကို ဘာသြားလုပ္မွာလဲ"
ယြန္းမီလဲ မနက္က ပါဆယ္ထုပ္ေရာက္လာတာကေနစၿပီး သူအေမဖုန္းထဲက ျမင္လိုက္ရတဲ့ စာအထိ ျဖစ္ေၾကာင္းကုန္စင္ရွင္းျပလိုက္သည္။
ယြန္းမီစကားကို နားေထာင္ၿပီးတာနဲ႔ ျမမွဴးစိတ္ထဲမွာေတာ့ မၾကာခင္ တစ္ခုခုအႀကီးအက်ယ္ျဖစ္ေတာ့မည္ဆိုတာ သိေနသည္............။
××××××××××
ျမမွဴး ဘာစကားတစ္ခြန္းမွ မေျပာပဲ ယြန္းမီ ေခၚရာေနာက္ကိုလိုက္ခဲ့တာ အခုဆိုရင္ သူေျပာတဲ့ ××××ေကာ္ဖီဆိုင္ေရ႔ွက တျခားေကာ္ဖီဆိုင္တစ္ဆိုင္ကို ေရာက္ရိွေနၿပီျဖစ္သည္။
ျမမွဴးတို႔ေရ႔ွတၫ့္တည့္မွာေတာ့ လူသြားလမ္း
က်ဥ္းေလးတစ္လမ္းနဲ႔ မွန္ႏွစ္ခ်ပ္သာျခားေသာ ထိုေကာ္ဖီဆိုင္ေလးရိွေနေလသည္။ျမမွဴးတို႔ထိုင္ေနေသာ ေနရာကေန ထိုေကာ္ဖီဆိုင္ေလးကို အတိုင္းသားျမင္ေနရသည္။ေကာ္ဖီဆိုင္ေလးကေတာ့ မုန္တိုင္းမ၀င္ခင္ ေလၿငိမ္ေနသလိုပင္ တိတ္ဆိတ္ၿငိမ္သက္ေနေလရဲ့..........။
၅မိနစ္ ၁၀မိနစ္ေလာက္ ေစာင့္ၿပီးတဲ့ေနာက္မွာေတာ့ ေကာ္ဖီဆိုင္ထဲသို႔ လူတစ္ေယာက္၀င္သြားသည္ကို ေနာက္ေက်ာကေနေတြ့လိုက္သည္။ထိုလူက ေကာ္ဖီဆိုင္ရဲ့ မွန္ခ်ပ္ေဘးမွာ ထိုင္လိုက္သည္။ျမမွဴးတို႔ ထိုင္ေနေသာေနရာကေန ထိုလူကို ေဘးတိုက္ျမင္ေနရသည္။ေသခ်ာၾကည့္လိုက္ေတာ့မွ အကို ျဖစ္ေနသည္ကို သိလိုက္ရသည္။
"ဟင္ အကိုပါလား"
အၿမဲတမ္းအလုပ္ရႈပ္ ေနေသာအကိုသည္ ထူးထူးျခားျခား ေကာ္ဖီဆိုင္လာထိုင္လို႔ပါလားလို႔ေတာင္ ျမမွဴးစိတ္ထဲမွာေတြးမိလိုက္သည္။
"ဟဲ့ ျမမွဴး ဟိုမိန္းမ လာေနၿပီ"
ယြန္းမီရဲ့ စကားသံေၾကာင့္ ျမမွဴး အကို႔ကိုၾကည့္ေနရာကေန ထိုမိန္းမဆီ အၾကည့္ေရာက္သြားသည္။သူကေတာ့ ခနေန ဘာျဖစ္ေတာ့မယ္ဆိုတာ မသိေသးသည့္ပံု ေကာ့ေက်ာ့ေနေအာင္ ျပင္ထားသည္မွာ မင္းသမီးရႈံးလွသည္။
ျမမွဴးေရာ ယြန္းမီေရာ ထိုမိန္းမ သြားရာကို မ်က္ေတာင္မခက္ပဲလိုက္ၾကည့္မိေနသည္။ျမမွဴးကေတာ့ ယြန္းမီကိစၥၿပီးတာနဲ႔ အကို႔ကို သြားႏႈတ္ဆက္ရန္ စိတ္ကူးေနေလရဲ့။
"ဟင္"
ျမမွဴး ကိုယ့္မ်က္လံုးပင္ကိုယ္မယံုႏိုင္ျဖစ္သြားသည္။ဟိုမိန္းမက ဘာလို႔ ထိုင္ခံုေတြအမ်ားႀကီးရိွတဲ့ ၾကားထဲက အကိုနဲ႔ တစ္ဝိုင္းထဲမွာ ၀င္ထိုင္ရတာလဲလို႔ ျမမွဴးစဥ္းစားေနမိသည္။
"ျမမွဴး ဟိုမိန္းမနဲ႔ တူတူထိုင္ေနတဲ့ အဲ့ကိုႀကီးက
တကယ့္ႏြားသိလား"
"ဟမ္"
ယြန္းမီစကားေၾကာင့္ ျမမွဴး ရင္ဘက္ေတာင္ ေအာင့္သြားသလိုခံစားလိုက္ရသည္။ယြန္းမီ ရည္ရြယ္ၿပီး ေျပာေနသည္မွာ အကိုျဖစ္ေနေသာေၾကာင့္ျဖစ္သည္။
"ဘာ.....ဘာျဖစ္လို႔လဲယြန္းမီရဲ့"
ျမမွဴး စိတ္ကို အတည္ၿငိမ္ဆံုးျဖစ္ေအာင္ထားလိုၿပီး ေမးလိုက္သည္။
"အဲ့ဒါ အဲ့မိန္းမရဲ့ရည္းစားေလ"
"ဘာ!!!!!!"
ျမမွဴးရင္ထဲ ဓားနဲ႔ ေဆာင့္ထိုးလိုက္သလို နာက်င္သြားရသည္။အၿမဲ အလုပ္ရႈပ္ေနေသာ အကို႔ဆီမွာ ရည္းစားရိွမည္လို႔ ထင္မထားခဲ့သည္မွာ အမွန္ပင္။အကိုက ရည္းစားနဲ႔ ပတ္သက္တဲ့ အေၾကာင္းလဲ တစ္ခါမွ မေျပာဘူးသလို ရည္းစားရိွသည့္ အရိပ္အေယာင္လဲ တစ္ခါမွ မေတြ့ဖူးခဲ့ပါ။အခုအကို႔မွာ ခ်စ္သူရိွတယ္တဲ့လား
ၿပီးေတာ့ အဲ့ခ်စ္သူကလဲ ဒီလိုမိန္းမမ်ိဳးတဲ့လား..............။
ဒါေပမဲ့အခု လက္ရိွမွာေတာ့ ျမမွဴး ကိုယ့္ကိုယ္ကိုထက္ အကိုကို႔ ပိုသနားေနမိသည္။အကိုက မၾကာခင္မွာ ထင္မထားတဲ့ အျဖစ္အပ်က္တစ္ခုကို မ်က္ျမင္ႀကံဳေတြ့ရေတာ့မည္ မဟုတ္လား.............."
×××××××××××××××××××××××××××××××
Advertisement
- In Serial150 Chapters
The Genius Mage
"The head of the London Association of Mages, the most powerful Saint Archmage in the world, Audrey Davis, accidentally transmigrated to another world due to a magic accident. She was an 18-year-old human girl.
8 254 - In Serial200 Chapters
She Becomes Glamorous After The Engagement Annulment (1)
The fat and ugly Nora Smith is the laughingstock of the town when her fiancé breaks off their engagement.He says, "The sight of your gigantic face and thunder thighs disgusts me! Don't ever pester me again!""What an idiot." Nora scoffs and turns around, her lips curling up into a smile.Later, when Nora successfully slims down, she returns as an astounding beauty.Her ex-fiancé comes to her bearing flowers and begs, "I was wrong, Nora. I'm willing to do anything as long as you come back to me." Nora rests her chin in her hands and smiles as she replies, "Real men don't dwell on the past." Angered, he says, "You're just a dimwit saddled with baggage that I dumped, Nora. No one will want you except me!"But following that...A young and popular singer tweets: "Nora Smith is my goddess!"An internationally renowned surgeon asks, "Are you free tonight, Nora?"Even the rich and influential hotshot whom everyone is scared of comes forward and says, "I can take care of my wife and children myself, thank you very much."This book is a Chinese novel written by Mr. Yan and he deserves all the credits for it. Link for the original novel will be provided at the end of the book.
8 1119 - In Serial78 Chapters
Rejected by Who Knows Who..
In a world where Soulmates exist, people are born with or without one.I, Aera Irene Whitfield a 20-year-old Actress who is studying business have been blessed by not one but SIX soulmates. But something happened.At the age of 16, I met one of them. I only saw their eyes through the pulled down window of a black Mercedes car. The eyes of those who found their soulmate glow of a blue color. I could feel my eyes changing color but then the car drove off. Not even a day later, my eyes turned into a pure silver color. That means I've been rejected, not by one but by all SIX soulmates.I'VE BEEN REJECTED BY WHO KNOW'S WHO!******************************I DO NOT OWN ANY OF THE PHOTOS USED, CREDITS TO THE ARTIST, IF YOU KNOW WHO THEY ARE PLEASE TELL ME SO I CAN GIVE THEM CREDITS, I ONLY FOUND THE PICTURES ON PINTERESTThe story is thought and created by yours truly 😉++++++++++++++++++++++++Upload schedule: Once a Week, Twice if I feel like it.Started: August 20, 2021Ended:The Third Book I made
8 216 - In Serial11 Chapters
Angel of Death
This is the story of an Angel of Death that fall for a human.Follow them in their every day life in this really fluffy story with not really any plot... yet! TW: I will talk about death... Lots of types of death. I won't go into lots of details, it won't be gore or anything but I will still mention it. And also mention of anxiety/panic attack. Cover by Peej (@Psyche_jinx on instagram)
8 127 - In Serial41 Chapters
Agreement of Being Gay for 30 Days [協議攪基30天]
F University's two most attractive men, Wang Guangning and Zhang Lingyi, constantly competed with each other regardless in what respect.Whether it was appearance, talent, popularity or even the number of abdominal muscles, they always contested with each other. Even the woman they pursued was the same.Yet, these two xiao cao¹ who had self-proclaimed themselves as peerless in the aspect of love were completely rejected by the same woman.Hence, they decided to retaliate against society by becoming gay.They set an agreement to be gay for thirty days and even especially downloaded the 'Things Couples Must Do Together' guide from the internet, thus preparing themselves to follow these standards in order to become a proper gay couple. For example:Watching a movie together...Hey, shou shou, remember to lean on my shoulder when you see a frightening scene, alright?Warming their hands together in the same pocket...Hey, don't wear that large military jacket outside, it's really embarrassing! ***By learning how to be gay from an unreliable guidebook for couples, two straight guys clash and end up with an unexpected outcome.Their thirty days agreement has finished, yet can they truly return to their former lifestyles as if nothing ever happened?[1] 校草: the male counterpart of 校花. It's used to describe the most attractive guy of the school.[2] 攻 and 受: gong, meaning the attacker or the seme and shou, meaning the receiver or the uke in Japanese terms. _________________________https://ikigainovels.wordpress.com#chinesebltranslationfanmade cover by kiai| please do not repost without permission
8 213 - In Serial10 Chapters
All About Him
(COMPLETE VER.)A heartbreak is an inferno eating you alive, and one of the many ways i deal with the excruciating pain is thru the play of words where i can construct trauma into unimaginable things, and this is one of my creations that wouldn't have been possible with him, so thanks to him, because it is both a blessing and curse for leaving me. -SarahFor anyone who's interested in a poetry collection, this is the book for you:) ©All Rights Reserved
8 213

