《ကံကြမ္မာစေရာ [OC] (Completed)》Ep_11
Advertisement
Uni
ကော်ဖီဆိုင်ထဲကထွက်လာပြီး ကားရှိရာကို လျှောက်လာပေမဲ့ ဘုန်းမြတ် စိတ်နဲ့ကိုယ်နဲ့မကပ်ပေ။ယမုံ့ ဘာကြောင့် ဒီလိုတွေ လုပ်ရတာလဲဆိုတာအဖြေရှာမရ ဖြစ်နေသည်။အမှန်ဆို သူ့လို သူေဋ္ဌးသာ ဆရာ၀န် တစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရည်ကပါ ပြောစရာမရှိတဲ့သူကို တွဲရတာ အားမရတဲ့အပြင် တခြားယောကျာ်းတွေနဲ့ silent တွဲရုံသာမက မိန်းမငုတ်တုပ်ရှိသည့် အိမ်ထောင်သည်ယောကျာ်းနဲ့တောင် ဖောက်ပြန်လိုက်သေးသည်။
"ဘယ်နေရာကနေ စပြီးမှားခဲ့တာလဲ?......ငါကသူ့အတွက် အချိန်မပေးနိုင်လို့လား........?
ငါကသူ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်ပေးဖို့အတွက် အဆောင်အယောင်သပ်သပ်လိုပဲ သဘောထားခဲ့တာလား.........?
စတွဲကတည်းက ငါရဲ့ပိုက်ဆံတွေနဲ့ ဆရာ၀န်ဆိုတဲ့ ဂုဏ်ကိုမက်မောလို့ ငါနဲ့တွဲခဲ့တာလား....?
စသဖြင့် ဘုန်းမြတ်ရဲ့ခေါင်းထဲမှာ မေးခွန်းများစွာရှိနေသည်။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဘုန်းမြတ် ယမုံရှင်းပြတာကိုလဲ နားမထောင်ချင်တော့သလို့ နားထောင်စရာလဲ မလိုလောက်အောင်ပင် အားလုံးဘူးပေါ်သလို ပေါ်နေပြီ မဟုတ်လား။
ဘုန်းမြတ်ရဲ့ စိတ်ထဲမှာ ယမုံမျက်နှာကို စဥ်းစားလိုက်ရုံနဲ့ပင် ရွံ့ရှာ မုန်းတီးလာသည်။
ဆရာ၀န်တစ်ယောက်ဖြစ်ပြီး ပညာတွေအများကြီးသင်ခဲ့ပေမဲ့ ဒီလို ကိစ္စမျိုးမှာ ညံ့ဖျင်းခဲ့သော ကြောင့် သူများမလိမ့်တပတ်လုပ်သမျှ ခံခဲ့ရသော ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်မိသည်။
ဒီလိုမိန်းမမျိုးကို အမြတ်တစ်နိုး ချစ်ခဲ့မိတဲ့ ကိုယ်ကိုယ်ကို နွားဖြစ်နေမှန်း အခုမှ သိတော့သည်။ဒီအကြောင်းကို သိသူတွေကတော့ နောက်ကွယ်မှာ ဒီနွားကို ဘယ်လောက်တောင် လှောင်နေလိုက်မလဲလို့
စဥ်းစားမိတိုင်း ကိုယ့်မျက်နှာကိုယ်ဓားနဲ့လှီးပစ်ချင်သည်အထိ ရှက်မိသည်။သေချာတာတစ်ခုကတော့ ဘုန်းမြတ် ယမုံ့ကို သေသည်အထိ ရွံရှာကာ နာကြည်းမုန်းတီးနေတော့မည်..........။
×××××××××××××××
ဒီနေ့ကျောင်းကအပြန် ကားဂိတ်ရောက်တော့ ပုံမှန် အလုပ်တစ်ခုကဲ့သို့ အကိုရှိနေကြနေရာ ဖြစ်သောဆေးခန်းလေးကို မြမှူး လှမ်းကြည့်လိုက်သည်။ဒါပေမဲ့ ပုံမှန်အတိုင်း အကိုမဟုတ်ပေ။
အကိုနဲ့ ဟိုမိန်းမ ပြဿနာဖြစ်တဲ့နေ့ကတည်းက မြမှူးအကိုနဲ့ မတွေ့ဖြစ်တော့သည်မှာ အခုဆို တစ်လနီးပါးပင်ရှိနေပြီဖြစ်သည်။
အကို့အိမ်ကို သွားတော့လဲ အခုအချိန်အထိ အိမ်ကို တစ်ရက်တောင် ပြန်မလာသေးကြောင်းသိရသည်။အကို့အမေပြောတာကတော့ သူ့ရဲ့ စိတ်ဒဏ်ရာကို ဖြေဖျောက်ဖို့အတွက် အရေးပေါ်ခန်းမှာ ပဲ၂၄နာရီ နေ့မအား ညမအား အလုပ်တွေဆက်တိုက်လုပ်နေသည်လို့ သိရသည်။ဆေးခန်းနှစ်ခုမှာလဲ ထိုနေ့ကတည်းကစပြီး လာမထိုင်ဖြစ်တော့ကြောင်းသိရသည်။အန်တီ့ကိုတော့ စိတ်တည်ငြိမ်သွားတဲ့တစ်နေ့ အရင်လို ဘုန်းမြတ်မင်းသွေးအဖြစ်နဲ့ ပြန်လာခဲ့မယ်လို့ ပြောပြီး မြမှူးကိုလဲ သူ့ကိုယ်စား စောင့်ရှောက်ပေးဖို့ မှာထားသည်ကို သိရသည်။
အကို့ဆီကို ဖုန်းဆက်ကြည့်တော့လဲ အမြဲစက်ပိတ်ထားသလို မြမှူးဆီလဲ အကိုရောက်မလာတော့ပါ။အကိုရှိရာ ရန်ကုန်ဆေးရုံကြီးကို သွားရှာတော့လဲ အမြဲ ခွဲစိတ်ခန်းထဲ၀င်နေသည့် အချိန်နဲ့ပဲတိုးနေရသည်။မြမှူး အကို့ကို အရင်လို မတွေ့ရပေမဲ့ မြမှူးရင်ထဲမှာတော့ အကိုဟာအခုချိန်ထိ ရှင်သန်နေဆဲဆိုတာကို အကို့ကို သိစေချင်ပါသေးသည်........။
"မိုးကရွာဦးမှာလားမသိဘူး"
မြမှူး ကျောင်းကအပြန် ခြံအ၀တံခါးသော့ကို ဖွင့်နေရင်းနဲ့ ကောင်းကင်ကိုမော့ကြည့်ကာ တီးတိုးရေရွတ်မိလိုက်သည်။အမှန်ဆို မိုးရာသီက ကုန်ခါနီးဖြစ်နေလေပြီ။ဒါပေမဲ့ ကောင်းကင်ရှိ တိမ်ဆိုင်တိမ်မဲတို့က မိုးသိမ်းမိုး ရွာတော့မည့်ပုံစံရှိနေသည်။
မြမှူး ခြံတံခါးကို ဖွင့်ပြီး အိမ်ရှိရာကို ဦးတည်ပြီး လျှောက်လာခဲ့သည်။ဒီနေ့အိမ်မှာ အဖွားရော ဒေါ်ကြီးေ၀ရော ဦးဖိုးထူးရော မရှိသဖြင့် မြမှူးတစ်ယောက်ထဲဖြစ်နေလေသည်။အဖွားနဲ့ ဒေါ်ကြီးေ၀က အကို့အမေနဲ့ အတူ ဘုန်းကြီးကျောင်းကို သွားပြီး ဦးဖိုးထူးကတော့ ရွာက
အမေနေမကောင်း၍ ရွာပြန်သွားသည်မှာ ၃ရက်လောက်ရှိနေပြီဖြစ်သည်။
မြမှူး အိမ်ထဲ၀င်လာပြီးတော့မှ ခြံတံခါးကို သော့ပြန်ခတ်ဖို့မေ့ခဲ့သဖြင့် ခြံထိပ်ကိုတစ်ခါပြန်သွားရပြန်သည်။အဖွားက တစ်ယောက်ထဲရှိနေချိန်တွင် ခြံတံခါးကိုပိတ်ထားဖို့ ဖုန်းဆက်ပြီး မှာထားသဖြင့် ခြံတံခါးကို အသေအချာသော့ခတ်နေရသည်။
သော့က ကြာနေပြီ ဖြစ်၍ ကြပ်နေသဖြင့် မနည်းအားစိုက်ကာ ပိတ်နေရသည်။ထိုစဥ် မဲမှောင်နေသော ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို သဲကြီးမဲကြီးမိုးရွာချတော့သည်။
မြမှူးကတော့ မိုးရေထဲမှာ စိုလက်စနဲ့ မထူးတော့ဘူးဟု တွေးကာ သော့ကို အသေအချာပိတ်နေသည်။
"ချောက်"
နောက်ဆုံးမှာတော့ သော့က ပိတ်သွားလေပြီ။
မြမှူးလဲ မိုးအေးအေးနဲ့ ကော်ဖီတစ်ခွက်သောက်ကာ စာအုပ်ဖတ်မည်ဆိုသောအတွေ့ဖြင့် အိမ်ထဲကို ပြေး၀င်လာခဲ့သည်။
သော့ခတ်ပြီးချိန်မှာတော့ မြမှူးတစ်ကိုယ်လုံး မိုးရေများစိုရွှဲနေပြီး ၀တ်ထားသော မြန်မာ၀တ်စုံမှာ စိုကပ်နေပြီး ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်နေလေသည်။၀တ်ထားသောအရောင်မှာ အပြာနုရောင် ဖျော့ဖျော့ပါးပါးလေးဖြစ်သဖြင့် မိုးရေများစိုရွှဲသွားချိန်မှာတော့ ပါးနေသည့်အတွက် မြမှူး၀တ်ထားသော အတွင်းခံအရောင်လေးပင် အတိုင်းသားကပ်ကာ မြင်နေရသည်။
ထိုမြင်ကွင်းကို တစ်ဖက်အိမ်ရဲ့ အပေါ်ထပ်က မြင်နေရသူ ထူးခန့်အတွက်ကတော့ ယမကာတန်ခိုးနှင့် ပေါင်းကာ ကာမစိတ်ကိုနိုးကြွစေနေသည်။
××××××××
မြမှူးအပေါ်ထပ်မှာ ရေချိုးအ၀တ်လဲပြီးချိန်မှာတော့ အင်္ကျီအဖြူ အပါးလက်ရှည်လေးကို အောက်က ချည်ဘောင်းဘီ အစင်းကြား အနက်ရောင်နဲ့တွဲ၀တ်ကာ လှေကားထစ်များမှ တစ်ဆင့်ဆင်းလာခဲ့သည်။ထိုမှ တစ်ဆင့် ကော်ဖီပူပူလေးဖျော်ရန်အတွက် မီးဖိုချောင်ထဲ၀င်ကာ အသေအချာမခြောက်သေးသော ဆံနွယ်များကို လက်တစ်ဖက်က တဘက် တစ်ထည်ဖြင့် သုတ်နေပြီး တခြားတစ်ဖက်က ကော်ဖီခွက်လဲ ရေနွေးလောင်းထည့်ကာ ဇွန်းဖြင့်မွှေနေသည်။
ပြင်ဦးလွင် ခြံထွက် ကော်ဖီနံ့သင်းသင်းလေးက မိုးသံတွေကြားထဲမှာ ရှုရှိုက်မိလိုက်သော ရှင်းသန့်ကြည်လင်နေသော မြမှူးမျက်နှာလေးမှာ အပြုံးလေးတွေ ဖြတ်သန်းသွားတော့သည်။
ဖတ်ရမယ့် စာအုပ်ကိုလဲ အဆင်သင့် စဥ်းစားပြီးပြီ ဖြစ်သည့်အတွက် ကော်ဖီခွက်ကို လက်ကကိုင်ကာ ဧည့်ခန်းဆီ ဦးတည်လိုက်သည်။
"ဟင်!!ရှင်.....ရှင်ဘယ်လိုလုပ် ဒီအိမ်ထဲကို ရောက်လာတာလဲ"
ကော်ဖီခွက် လက်ကကိုင်ကာ ဧည့်ခန်းထဲကို ထွက်လာချိန်မှာ မထင်မှတ်သော မြင်ကွင်းကြောင့် မြမှူးမျက်လုံးအ၀ိုင်းသားဖြင့် နှုတ်ခမ်းများပင်တုန်ရီကာကြောက်ရွံသွားရသည်။ခြံတံခါးကို အသေအချာပိတ်ထားပါရဲ့နဲ့ အခု ထူးခန့်ဆိုသောလူက အပေါ်အင်္ကျီဗလာဖြင့် အိမ်ထဲကို ပင်ရောက်နေလေသည်။
Advertisement
"surprise!!!!! အဟက် မြမှူး အံသြသွားလား"
"ရှင့်ကိုကျွန်မ ဒီကို ဘယ်လိုရောက်လာတာလဲလို့မေးနေတယ်နော်"
မြမှူး ကြောက်စိတ်ရော ဒေါသရော ရောထွေးနေပြီး တုန်ရီနေသော အသံဖြင့်မေးလိုက်သည်။
"ဟင်းးးဟင်းးးကိုယ်ကအမှန်တော့ ကိုယ့်အိမ်မှာကိုနေနေတာပါ....ဒါပေမဲ့ မြမှူးရဲ့အလှကိုမြင်တော့ ကိုယ်ကစိတ်ကူးမှန်းတာနဲ့တင် မလုံလောက်တော့လို့ အထိအတွေ့အဖြစ် အဆင့်တက်ကြည့်မလားလို့"
လူရုပ်မာ အပြုံးပြုံးပြီး သူ၀တ်ထားသော ဂျင်းဘောင်းဘီက ခါးပတ်ကို ဖြုတ်ရင်း မြမှူးရှေ့ကို တစ်လှမ်းချင်းတိုးလာနေသည်။
"ရှင်...ရှင် အရှေ့ကိုတိုးမလာနဲ့နော်"
မြမှူး တစ်ကိုယ်လုံးတုန်ရီနေပြီး ဒီလူ့မြမှူးရှေ့က နေအမြန်ပျောက်ကွယ်သွားစေရန် ဆုတောင်းနေမိသည်။
"မြမှူးကလဲ ကိုယ်က ချစ်ချင်လို့ပါဆိုနေမှ အရှေ့ကိုတိုးမလာလို့ ရမလား.....ဟင်းးးဟင်းးး
အခုအချိန်က ကိုယ်မြမှူးကိုပိုင်ဆိုင်ရဖို့အတွက်အကောင်းဆုံးအချိန်ပဲလေ....မိုးကလဲ သဲကြီးမဲကြီးရွာနေသလို အိမ်ထဲကို၀င်ဖို့အတွက် ဦးဖိုးထူးဆီက ခိုးထားတဲ့ သော့လေးတွေကလဲ အဆင်သင့် မြမှူးကလဲ တစ်ယောက်ထဲ ....ကဲ ဘယ်လောက်ကောင်းလိုက်လဲ....."
လက်ထဲမှာ သော့ကိုအတွဲလိုက်ကိုင်ကာ လူယုတ်မာအပြုံးဖြင့် ပြုံပြနေပုံက ရွံစရာကောင်းလှသည်။
ထိုလူဘယ်ခြေလှမ်းကို လှမ်းမလဲဆိုတာ မြမှူးစိတ်ထဲကနေ သိနေပြီဖြစ်၍ အိမ်ပေါ်တက်ကိုပြေးတက်ရန် ခြေလှမ်းပြင်လိုက်သည်။
"ဟိတ်!ဒါ ဘယ်ကိုပြေးမှာလဲ"
ဒါပေမဲ့ ကံတရားက မြမှူးဘက်မှာရှိမနေခဲ့ပါ။
လှေကားတစ်ထစ်ဆီပဲ ခြေလှမ်းကရောက်သေးသည် အနောက်ကနေ လက်ကိုလှမ်းဆွဲပြီး ခါးကို ပွေ့ဖက်ခံလိုက်ရတာကြောင့် မြမှူး အားအကုန်သုံးကာရုန်းထွက်နေရသည်။သို့သော် မြမှူးကိုယ်သေးသေးလေးက ထိုလူရဲ့အားကို မလွန်ဆန်နိုင်ပါ။
ခါးကနေ ဆွဲဖက်ပြီး နံရံကိုအားဖြင့် ဆောင့်ကပ်တာ ခံလိုက်ရတာကြောင့် မြမှူး ကျောတစ်ခုလုံးနာကျင်သွားရသည်။မြမှူးရဲ့ လှပသော မျက်၀န်းကျယ်တွေထဲမှာ မျက်ရည်များဖြင့်သာ ပြည့်ကျပ်နေပြီး နှုတ်ခမ်းများမှာလဲ တုန်ရီနေကာ တစ်ကိုယ်လုံး အေးစက်နေတော့သည်။
"ဟား..... မွှေးလိုက်တာ မြမှူးရဲ့ကိုယ်သင်းနံ့လေးကို အခုလိုမျိုး ရှုရှိုက်ချင်နေတာကြာပြီ"
ထူးခန့်က သူ့ရဲ့ အရက်နံ့ထောင်းထောင်းထနေသော မျက်နှာဖြင့် မြမှူးရဲ့ လည်ပင်းနားကို အငမ်းမရ ရှိုက်နမ်းသေးသည်။
"ခွေးကောင် နင်ငါ့ကိုယုတ်မာဖို့ မစဥ်းစားနဲ့"
မြမှူး လက်ထဲက တစ်ချို့တစ်၀က်မှောက်ကျထားသော ကော်ဖီခွက်ဖြင့် ထူးခန့်ရဲ့ မျက်နှာကိုပပက်လိုက်သည်။မကြာသေးခင်ကမှ ဆူပွက်ထားသော အရှိန်ကြောင့် ထူးခန့်မျက်နှာတစ်ခုလုံးပူကာကျိန်းစပ်သွားရသည်။
ထိုမှသာ မြမှူးအချုပ်ခံထားရသော လက်တို့လွတ်သွားသဖြင့် ထူးခန့်ကိုတွန်းထုတ်ကာ အကူအညီရရန်အတွက် ခြံအပြင်ကို ပြေးထွက်ရန် ပြင်လိုက်သည်။ရှိသမျှ အားအကုန်သုံးထားရသဖြင့် မြမှူး ခြံတံခါးဆီကို ပြေးနေပေမဲ့ ခြေလှမ်းတွေက မရောက်။
"ခွေးမ နင်က အနုနည်းနဲ့ မရတော့ အကြမ်းနည်းနဲ့ လုပ်ရတော့မှာပေါ့"
ထူးခန့် မျက်နှာကို လက်ဖြင့် သုတ်လိုက်ကာ မြမှူးရှိရာကို ပြေးလိုက်သွားတော့သည်။
"အ"
အနောက်ကနေ လက်ကိုလှမ်းဆွဲကာ တွန်းလှဲခံလိုက်ရသဖြင့် မြမှူး တစ်ကိုယ်လုံးနာကျင်သွားရသည်။ခြံတံခါးဆီ ရောက်ဖို့ တစ်၀က်လောက်အလိုမှာ ထူးခန့်ရဲ့ လက်ထဲကို နောက်တစ်ခါပြန်ေရာက်သွားရပြန်ပြီ ဖြစ်သည်။မြမှူးကို လမ်းပေါ်မှာလှဲချကာ ထူးခန့် က မြမှူးရဲ့ လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်ထဲဖြင့် မြမှူး ခေါင်းအထက်မှာ
ချုပ်ထားသည်။ထို့အပြင် သူ့ရဲ့ မသတီစရာကောင်းသော ခန္ဓာကိုယ်ဖြင့် မြမှူးအပေါ်အုပ်မိုးထားသည်။
မိုးက ပိုပြီး သည်းကြီးမဲကြီးရွာလာတာကြောင့် မြမှူးရဲ့ အော်သံကို ဘယ်သူမှ မကြားသလို လမ်းသွားလမ်းလာလဲ တစ်ယောက်မှ မရှိပါ။မိုးရေစက်များကတော့ အကြင်နာတရားမဲ့ကာ မြမှူး အပေါ်ကို သက်ဆင်းနေလေသည်။
"မြမှူး မင်းကတကယ် ရူးလောက်အောင်ကိုလှတာ"
မိုးရေများကြောင့် မြမှူး၀တ်ထားသော အင်္ကျီဖြူဖြူလေးက ခန္ဓာကိုယ်မှာကပ်ကာ အတွင်းပိုင်းက ဘရာစီယာနဲ့ အပေါ်မှာမို့တက်နေသောရင်သားဖြူဖြူလေးကို စိုက်ကြည့်ကာ ပြောနေခြင်းဖြစ်သည်။
"ကိုယ် အိမ်ထဲရောက်တဲ့အထိ မစောင့်နိုင်လောက်တော့ဘူးထင်တယ်....ဒီမှာဘယ်သူမှလဲ မရှိတော့ ဒီမှာပဲလုပ်ငန်းစကြရအောင်.....ပြီးရင်လဲ ချွေးထွက်တော့မှာပဲမဟုတ်လား....ဟက်"
မြမှူး အစွမ်းကုန် အားအကုန်သုံးကာအော်ဟစ်ပြီး ရုန်းကန်နေပေမဲ့ ထူးခန့်က မြမှူးအင်္ကျီကို ဆွဲဖြဲလိုက်ပြီဖြစ်သည်။အခုဆိုရင် မြမှူးရဲ့ အပေါ်ပိုင်းမှာ ကပိုကရိုစုတ်ပြဲနေသော အင်္ကျီအပိုင်းအစသာကျန်ရှိနေသောသည်။မြမှူးနောက်ဆုံး အနေဖြင့် ရင်ထဲကနေ အနူးအညွတ်တောင်းဆိုနေမိသည်။
အခုချိန်မှာ အကိုသာရောက်လာခဲ့ရင်
သိပ်ကောင်းမှာပဲ.........................
×××××××××××××××××××××××××××××××××××
ဒီရက်ပိုင်းတော့ အခါးလေးတွေပဲ စားထားလိုက်ပါ အချစ်တို့ရေ....
နောက်ပိုင်းကျမှ အချိုကို နှစ်ဆကျွေးပါမယ်
လို့ သာသာကတိပေးပါတယ်😗
Zawgyi
Advertisement
×××××××××××××××
"မိုးကရွာဉီးမှာလားမသိဘူး"
မြမှူး ခြံတံခါးကို ဖွင့်ပြီး အိမ်ရှိရာကို ဉီးတည်ပြီး လျှောက်လာခဲ့သည်။ဒီနေ့အိမ်မှာ အဖွားရော ဒေါ်ကြီးဝေရော ဉီးဖိုးထူးရော မရှိသဖြင့် မြမှူးတစ်ယောက်ထဲဖြစ်နေလေသည်။အဖွားနဲ့ ဒေါ်ကြီးဝေက အကို့အမေနဲ့ အတူ ဘုန်းကြီးကျောင်းကို သွားပြီး ဉီးဖိုးထူးကတော့ ရွာက
"ချောက်"
××××××××
ပြင်ဉီးလွင် ခြံထွက် ကော်ဖီနံ့သင်းသင်းလေးက မိုးသံတွေကြားထဲမှာ ရှုရှိုက်မိလိုက်သော ရှင်းသန့်ကြည်လင်နေသော မြမှူးမျက်နှာလေးမှာ အပြုံးလေးတွေ ဖြတ်သန်းသွားတော့သည်။
ဖတ်ရမယ့် စာအုပ်ကိုလဲ အဆင်သင့် စဉ်းစားပြီးပြီ ဖြစ်သည့်အတွက် ကော်ဖီခွက်ကို လက်ကကိုင်ကာ ဧည့်ခန်းဆီ ဉီးတည်လိုက်သည်။
အခုအချိန်က ကိုယ်မြမှူးကိုပိုင်ဆိုင်ရဖို့အတွက်အကောင်းဆုံးအချိန်ပဲလေ....မိုးကလဲ သဲကြီးမဲကြီးရွာနေသလို အိမ်ထဲကိုဝင်ဖို့အတွက် ဉီးဖိုးထူးဆီက ခိုးထားတဲ့ သော့လေးတွေကလဲ အဆင်သင့် မြမှူးကလဲ တစ်ယောက်ထဲ ....ကဲ ဘယ်လောက်ကောင်းလိုက်လဲ....."
"အ"
သိပ်ကောင်းမှာပဲ.........................
×××××××××××××××××××××××××××××××××××
လို့ သာသာကတိပေးပါတယ်😗
Advertisement
- In Serial34 Chapters
Keeping Lennox
Wade Bentley thought his life was over when he saw that tiny plus sign. As the months progressed, he fellin love with his unborn daughter. After his daughter was born, he was told he would never be allowed to see her. He enlisted the help of his lifelong friend, Cassie Chandler. Together, they vowed to beat out Wade's ex, Tori Sheffield, and bring his daughter home with him. It is not going to be easy, but Wade will do whatever it takes to keep Lennox.
8 162 - In Serial38 Chapters
Betrayal And Redemption (Wolves of Hollow Ridge Book 1)
Highest Ranking #1 in Alpha Female Taken in by a relative she had never heard of after the death of her parents, Sophie was subjected to abuse so vile most people would not have survived. Betrayed by the pack who took her in and the mate who should have protected her, Sophie must try and rebuild her life after finally getting away. But unexpected visitors from the past bring an end to her solitude and ask her to risk the peace she has found and the life she has built for herself. To help the pack who betrayed her.
8 221 - In Serial74 Chapters
Cult » Daryl Dixon
❛ you don't get to choose what I do, you don't have control over me. you can't stop me. ❜❛ ya don't think I can stop you? think again, strawberry. ❜ [highest rankings: #5 in thewalkingdead , #1 in daryldixon, and #1 in twd] [d. dixon romance] seasons 3-7 © aleighdixon 2015
8 87 - In Serial57 Chapters
Hunter's Rose
Book one of the "MC Punishers" Chronicles After escaping from her kidnappers, Rose is determined to get as far away as possible. After an unexpected girl runs into his arms, Hunter is determined to keep her safe and as close as she will let him. Rose didn't plan to meet Hunter, and she certainly didn't expect to have feelings for him. Hunter didn't plan to meet Rose, but he definitely doesn't have any complaints.**This is a semi fast paced book.**________________________________________This is my first attempt at writing a book, and I'm not very good at descriptions. Please feel free to give feedback, nice criticism is always the best criticism. 😅
8 122 - In Serial79 Chapters
What's wrong with Levi's Secretary ? [Levi x Reader]
Levi x Reader (AU)In which a cold and rich CEO, is trying to make his secratary stay on his side. But that's not it.. They both have hidden and tangled secrets that brought them here. Together, Levi and his secretary attempt to find the truth. Truth of a dark past.. Desclaimer : -This fanfiction is inspired by a Korean Drama called "What's Wrong With Secretary Kim ?"I changed the plot a little, so it's not completely copying the drama series.- Enjoy :)
8 109 - In Serial33 Chapters
The Devil Wears Gucci {Taehyung X Reader FF}
Y/n is a photographer at a modeling agency, she enjoys working with all her models, except Kim Taehyung. As soon as Taehyung remembers Y/n from high school, he decides to turn her life into a living hell and she hates going to work everyday having to see his face."I remember you, creep."Model AUStarted: 15/1/2020Ended: 19/6/2022
8 205