《ကံကြမ္မာစေရာ [OC] (Completed)》Ep_12
Advertisement
Uni
မိုးရေရဲ့ အေးစက်မှု ဒဏ်ကြောင့်ရော ကြောက်ရွံ့မှု ဒဏ်ကြောင့်ရော မြမှူး အသိစိတ်ပင်လွတ်ချင်ချင်ဖြစ်နေသည်။လူယုတ်မာကောင်က မြမှူးရဲ့ ရင်ဘက်နားတစ်၀ိုက် နမ်းရှုံ့နေပေမဲ့ မြမှူး ပြန်လည် တွန်းလှန်နိုင်ခြင်းမရှိတော့သည်အထိ အားအင်များကုန်ခမ်းနေပြီဖြစ်သည်။
မျက်ရည်များသာ တသွင်သွင်စီးကျနေပြီး
၀ဋ်ကြွေးတွေရှိရင်လဲ ကုန်ပါစေလို့သာ မျက်စိစုံမှိတ်ပြီး ဆုတောင်းနေမိသည်။
"ခွပ် "
ထိုစဥ် ဘယ်ကနေဘယ်လို ရောက်လာလဲ မသိတဲ့ တစ်စုံတစ်ယောက်က ထူးခန့်ကို မြမှူးကိုယ်ပေါ်ကနေတွန်းဖယ်လိုက်ပြီး တဏှာစိတ်ဖုံးလွှမ်းနေသော ထိုမျက်နှာကို တရပ်စပ် ထိုးတော့သည်။ကြည့်လိုက်တော့ ထိုတစ်စုံတစ်ယောက်က အကိုဖြစ်နေသည်။မြမှူးကို အမြဲပြုံးပြတတ်သော အကိုရဲ့မျက်နှာသည် အခုတော့ ဒေါသစိတ်များဖုံးလွှမ်းနေသည်။မြမှူး လဲကျနေရမှ ရှိသမျှအားအကုန်သုံးကာ ထထိုင်ဖို့ကြိုးစားပေမဲ့ တစ်ကိုယ်လုံးချမ်းတုန်ပြီး မောဟိုက်နေ၍ နောက်တစ်ခါပြန်လဲကျရပြန်သည်။
အကိုက ခွေးလောက်တောင် အဆင့်အတန်းမရှိတဲ့ ထူးခန့်ကို စိတ်ရှိလက်ရှိထိုးနေသည်မှာ လက်မှာ သွေးများချင်းချင်းနီသည်အထိ ဖြစ်နေသည်။မြမှူး ထူးခန့်ကို သေလောက်အောင်သတ်ချင်နေပေမဲ့ အခု အကိုထိုးတာခံနေရသည်မှာ ဟိုက သေလုမြောပါးဖြစ်နေပြီမို့ မြမှူး တားမှ ဖြစ်တော့မည်ဆိုတာသိလိုက်သည်။ဒီလို တန်ဖိုးမရှိတဲ့ အကောင်ကြောင့် အကို့ကို ထောင်ထဲမရောက်စေချင်သည့် အတွက်ကြောင့်ဖြစ်သည်။
မြမှူး လမ်းမပေါ်ကို လက်တစ်ဖက်ထောက်ကာ ကျန်တစ်ဖက်က ကပိုကရိုဖြစ်နေသာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုဖုံးရင်း အသံကို အကုန်ညစ်ထုတ်ကာအော်လိုက်သည်။
"အကို......တော်ပါတော့ သေသွားလိမ့်မယ်"
"သေပါစေ ဒီလို ခွေးကောင်က သေမှအေးမှာ"
အကိုက ဒေါသတကြီးဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့က မြမှူးဘက်တောင် လှည့်မကြည့်တော့ဘဲ တစ်ချက်ချင်းစီ ဆက်တိုက်ထိုးနေသည်။မြမှူး အမြဲတမ်း ငေးကြည့်ခဲ့ရသော အကို့ မျက်လုံးများက မျက်ရည်များစို့နေပြီး လှိုင်းတွန့်သဏ္ဍာန်နှုတ်ခမ်းမှာလဲ တင်းတင်းစေ့ပြီး အံကြိတ်ထားပုံမှာ အကိုဘယ်လောက်ဒေါသထွက်နေမလဲ မြမှူးသိသည်။
မြမှူး အံကိုကြိတ်ကာ အကို့ဆီ သွားနေပေမဲ့ တစ်ဖန်လဲကျသွားပြန်သည်။ဘုန်းမြတ် စိတ်ကြိုက်ထိုးနေချိန် ဘေးနားမှာ မြမှူးလဲကျသွားသဖြင့် မြမှူးဆီ ပြေးသွားပြီး ပွေ့ဖက်လိုက်သည်။
"မြမှူး.....မြမှူး....အကိုပြောတာကြားလား"
မြမှူးရဲ့ ဖြူဖျော့နေသော ပါးလေးကို ကိုင်ကာလှုပ်လိုက်တော့ ငိုထားရသဖြင့် နီရဲနေသော မျက်လုံးများဖြင့် ဘုန်းမြတ်ကို ပြန်လည်ကြည့်နေသည်။ဘုန်းမြတ် မြမှူးရဲ့ နာကျင်နေသော မျက်လုံးများကိုကြည့်ရင်း ရင်ထဲမှာ ဆို့နင်နေပြီး သူသာအချိန်မှီမရောက်ခဲ့ရင်ဆိုသည့်အတွေးဖြင့် မြမှူးအဖြစ်ကို စဥ်းစားမိတိုင်းပိုနာကျင်ရသည်။
"အ.......အကို"
မိုးရေထဲမှာ အချိန်ကြာကြာ ရုန်းကန်ခဲ့ရတာကြောင့် မြမှူးရဲ့ အသံချိုချိုလေးမှာလဲ အခုဆို ကွဲအက်နေလေပြီ။အကိုလို့ တစ်ခွန်းထဲသာ ခေါ်လိုက်နိုင်ပြီး သတိလစ်သွားလေပြီ ဖြစ်သည်။
ဘုန်းမြတ် အလျင်အမြန်ပင် မိမိ၀တ်ထားသောရှပ်အင်္ကျီအနက်ရောင်ကို ဆွဲချွတ်လိုက်ပြီး မြမှူးခန္ဓာကိုယ်ပေါ်ခြုံပေးလိုက်သည်။ထို့နောက် မြမှူးရဲ့ ပျော့ဖက်နေသော ခန္ဓာကိုယ်သေးသေးလေးကို သူရဲ့ အားသန်သော လက်မောင်းများဖြင့် ပွေ့ချီလိုက်ပြီး ဆေးရုံကိုခေါ်သွားရန်ပြင်လိုက်သည်။
"သား......မြမှူးဘာဖြစ်တာလဲ"
ထိုစဥ် အရှေ့ကနေ အော်လိုက်တဲ့အသံကြောင့် ဘုန်းမြတ် မြမှူးကို ချီလျက်နဲ့ပင် ကြည့်လိုက်သည်။ခြံတံခါး ကနေ ထီးတောင်မပါပဲ စိတ်ပူတကြီး အမေရော မြမှူးအဖွားရော ဒေါ်ကြီးေ၀ရော ပြေး၀င်လာသည်ကိုတွေ့လိုက်သည်။
ဒေါ်ချိုမာရော အဖွားစောရီရော လမ်းလယ်ခေါင်မှာ သွေးများတရဟောဖြင့် လဲကျနေသော ထူးခန့် ၊အ၀တ်ကပိုကရိုဖြင့် ငိုနေသော မြမှူးနဲ့ အင်္ကျီပင်ချွတ်ကာ မြမှူးကို ကာကွယ်ပေးထားသော ဘုန်းမြတ်ကို ကြည့်ပြီး အခြေအနေကို အကြမ်းဖျင်းသဘောပေါက်သွားသည်။
"ဒီမှာလေ အဲ့ခွေးကောင် မြမှူးကို ခွေးကျင့်ခွေးကြံ ကြံလို့ သေအောင်ထိုးထားတာ"
အဖွားစော မြေးဖြစ်သူရဲ့ ဖြူဖက်ဖြူရော် ဖြစ်နေသော မျက်နှာလေးကိုကြည့်ပြီး နှလုံးတစ်ခုလုံးအောင့် တက်လာကာ ရင်ဘက်ကိုဖိရင်းလဲကျသွားတော့သည်။
"ဒေါ်လေး......ဒေါ်လေး......"
ဒေါ်ချိုမာ လှုပ်နှိုးနေပေမဲ့ မနိုးလာတော့ပါ။
"အမေ...လူနာတင်ယာဥ်ခေါ်လိုက်"
ဘုန်းမြတ် ဒေါ်ချိုမာကို လူနာတင်ယာဥ်ခေါ်ဖို့ပြောပြီး မကြာမှီမှာပဲ လူနာတင်ယာဥ်၃စီး အိမ်ရှေ့ကိုရောက်လာသည်။
×××××××××××
ဆေးရုံရှိ ကုတင်ပေါ်မှာ ဆေးအရှိန်ကြောင့် အိပ်ပျော်နေသော မြမှူးဘေးမှာ ထိုင်ခုံတစ်လုံးဖြင့် ဘုန်းမြတ် စောင့်ကြည့်နေသည်။မြမှူး အန္တရာယ်ထဲရောက်နေချိန် ဘုန်းမြတ်ရောက်လာ၍ အားကိုးတကြီးဖြင့် မော့ကြည့်နေသော မြမှူးမျက်နှာလေးကို အခုချိန်ထိ မျက်လုံးထဲကမထွက်နိုင်သေးပေ။
ငယ်စဥ်ကထဲက ရခဲ့သော စိတ်ဒဏ်ရာတောင် မပျောက်သေးခင်မှာ နောက်ထပ် တစ်ခု ထပ်ရသွားသဖြင့် ရှေ့လျှောက်မြမှူးအတွက် ဘယ်အရာက ထိုစိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ပေးနိုင်မလဲကိုသာ စဥ်းစားနေမိသည်။အမြဲတမ်းကလေးတစ်ယောက်လို ပြုံးရီနေတတ်သည့် မြမှူးသည် အခုတော့ မျက်နှာလေးချောင်ကျနေပြီး
နူးညံ့ပြီး ဖြူဥနေသော လက်ကလေးမှာလဲ အညိုအမဲတွေ စွဲထင်နေပြီဖြစ်သည်။
ဘုန်းမြတ် မြမှူးလက်ကလေးကို သူ့လက်နှစ်ဖက်ဖြင့် ဖြေးညင်းစွာဆုပ်ကိုင်လိုက်ပြီး မေးစေ့နားမှာ ကပ်ထားကာ နှုတ်ခမ်းဖြင့် ခပ်ဖွဖွနမ်းလိုက်ကာ မြမှူးနိုးလာမည့်အချိန်ကိုသာ မျက်တောင်မခပ်ပဲစောင့်နေလိုက်သည်။
××××××××
"မေမေ....ဖေဖေ....အင့် ဟင့်ဟင့်....."
ဘုန်းမြတ် ကော်ဖီထဖျော်နေတုန်း ငိုသံကြားလိုက်သဖြင့် ပျာပျာသလဲလဲ မြမှူးရှိရာကို ထွက်လာခဲ့သည်။မြမှူးက တော့အိပ်လျက်ပင် ရှိုက်ကြီး တစ်ငင်ငင်ငိုကြွေးနေသည်။ဘုန်းမြတ် မြမှူးကိုကြည့်လေ သနားလေဖြစ်နေရသည်။
"မြမှူး......မြမှူး......"
မြမှူးကိုယ်လေးကို ခပ်ဖွဖွလှုပ်နှိုး လိုက်သည်။
ထိုမှသာ မျက်ရည်များစီးကြကာ မျက်လုံးလေးခပ်ဖွဖွဖွင့်လာသည်။
မြမှူး မျက်လုံးသာပွင့်လာပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မလှုပ်ချင်လောက်အောင် နာကျင်နေရသည်။မြမှူး ဘေးနားကိုကြည့်လိုက်တော့ အကို့ကို မြင်လိုက်ရ၍ အန္တရာယ်ဆိုးကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်းသိလိုက်သည်။
Advertisement
"အကို...."
မြမှူး ပျော်ရွှင်မှုရော ၀မ်းနည်းမှုများရောကာ အကို့ကို လှမ်းဖက်လိုက်ပြီး အကို့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငိုကြွေးနေလေသည်။
အကိုကတော့ မြမှူးကျောကို ခပ်ဖွဖွလေး ပုတ်ပြီး နှစ်သိမ့်ပေးနေသည်။
"မြမှူး...ဘာမှ စိတ်မပူနဲ့တော့နော်..အခုမြမှူးဘေးမှာ အကိုရှိနေပြီပဲ မကြောက်နဲ့တော့နော်"
မြမှူး ပါးကို လက်ဖြင့် ခပ်ဖွဖွကိုင်ကာ နှစ်သိမ့်ပေးနေသောအကို့ကို ကြည့်ပြီး မြမှူးမှာပိုငိုချင်လာရသည်။
"ဟင် အကို...အကိုလက်ရောသက်သာရဲ့လား"
လက်ဖ၀ါးကိုပတ်ပြီး ပတ်တီးစီးထားသော အကို့လက်ကိုကြည့်ကာ မြမှူးစိတ်ပူမိသည်။
"ဘာမှမဖြစ်ဘူး ကိုယ်သက်သာတယ်...မြမှူးရော
ဘယ်လိုနေသေးလဲ...တစ်နေရာရာက တစ်ခုခုဖြစ်လာရင် အကို့ကိုချက်ချင်းပြောနော်...ကိုယ်မြမှူးဘေးမှာ အမြဲရှိနေပေးမယ်"
အကိုက စိုးရိမ်တကြီးပြောလာသောကြောင့်
မြမှူးအကို့ကို ငေးကြည့်နေမိသည်။
"အကိုသာ အချိန်မှီရောက်မလာခဲ့ရင် မြမှူးအခုချိန်ဆို ဘ၀ပျက်နေလောက်ပြီ"
မြမှူး မျက်ရည်များကျကာ အကို့ကိုကြည့်ရင်း ကျေးဇူးတင်စိတ်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့ အကို အဲ့အချိန်တုန်းက ဘယ်လိုလုပ်ရောက်လာတာလဲ"
"ဟင်"
မြမှူးရဲ့ အမေးကို ဘုန်းမြတ် ဘယ်လိုပြန်ဖြေရမလဲပင်မသိတော့ပါ.........။
Flash Back
"ဘုန်းမြတ်"
နေ့လယ်ပိုင်း ဘုန်းမြတ် roundလှည့်ပြီး နားနေခန်းကို ပြန်လာတဲ့ အချိန် အနောက်ကနေ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်မိလိုက်တော့ ရဲသွေးနောင်။
"ပြော...ဘာကိစ္စရှိလို့ အရေးတကြီးအော်ခေါ်နေရတာလဲ"
"ကိစ္စကတော့ အရေးကြီးတယ် ဟေ့ရောင်
မင်းအမေ ငါ့ကိုအခုပဲဖုန်းလှမ်းဆက်တယ်...မြမှူးအဖွားနဲ့ မင်းအမေနဲ့ အတူတူဘုန်းကြီးကျောင်းကိုသွားရင်း လမ်းမှာ မြမှူးအဖွားက နှလုံးအောင့်လာလို့တဲ့....အဲ့ဒါအခု ဆေးကုသဖို့ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး မြမှူးတို့ အိမ်မှာစောင့်နေပါတဲ့....သူတို့အခုကားပြန်လှည့်ပြီး အိမ်ကိုပြန်လာနေပြီတဲ့"
"ဟုတ်လား အဲ့ဒါဆို ငါအခုသွားမှာ ဖြစ်မှာပေါ့
မင်း ငါ့ဂျူတီချိန်အစား၀င်ထားလိုက်"
ဘုန်းမြတ် ချက်ချင်းပင် ဂျူတီကုတ်ကို ချွတ်ပြီး ရဲသွေးနောင်လက်ထဲထည့်ခဲ့ကာ ကားရှိရာကို အပြေးတစ်ပိုင်းသွားလိုက်သည်။
မြမှူးတို့ခြံရှေ့ကိုရောက်တော့ မိုးကသည်းကြီးမဲကြီးရွာနေသဖြင့် ထီးမပါလာလို့ အထဲကလူများထွက်လာမလားလို့ လှမ်းကြည့်နေချိန် ခြံထဲမှာ ပုံမှန်မဟုတ်သော မြင်ကွင်းကိုမြင်လိုက်ရသည်။မြမှူးနဲ့ အင်္ကျီချွတ်ထားသော လူတစ်ယောက် ရုန်းရင်းဆန်ခက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဘုန်းမြတ်လဲ ကားထဲကပင်ကြည့်မနေတော့ပဲ ချက်ချင်းပင်ဆင်းသွားတာ ထိုလူကို တွန်းဖယ်ပြီး စိတ်ရှိလက်ရှိထိုးတော့သည်။ထိုစဥ်မြမှူး လဲကျသွားသဖြင့် ဆေးရုံပို့ရန် လုပ်ကာမှ မြမှူးအဖွားက ထိုမြင်ကွင်းကိုမြင်ပြီး စိတ်ထိခိုက်ကာ နှလုံးထဖောက်ပြီး လဲကျသွားလေသည်။
အခု ခွဲစိတ်ခန်းထဲ၀င်နေပေမဲ့ အသက်ရှင်နိုင်နှုန်းက 20%အောက်ပဲ ရှိတယ်ဆိုတာ မြမှူးကို ဘယ်လို မှပြောမထွက်နိုင်ဖြစ်နေသည်...........။
Zawgyi
မိုးေရရဲ့ ေအးစက္မႈ ဒဏ္ေၾကာင့္ေရာ ေၾကာက္ရြံ႔မႈ ဒဏ္ေၾကာင့္ေရာ ျမမွဴး အသိစိတ္ပင္လြတ္ခ်င္ခ်င္ျဖစ္ေနသည္။လူယုတ္မာေကာင္က ျမမွဴးရဲ့ ရင္ဘက္နားတစ္ဝိုက္ နမ္းရႈံ႔ေနေပမဲ့ ျမမွဴး ျပန္လည္ တြန္းလွန္ႏိုင္ျခင္းမရိွေတာ့သည္အထိ အားအင္မ်ားကုန္ခမ္းေနၿပီျဖစ္သည္။
မ်က္ရည္မ်ားသာ တသြင္သြင္စီးက်ေနၿပီး
၀ဋ္ေႂကြးေတြရိွရင္လဲ ကုန္ပါေစလို႔သာ မ်က္စိစံုမိွတ္ၿပီး ဆုေတာင္းေနမိသည္။
"ခြပ္ "
ထိုစဥ္ ဘယ္ကေနဘယ္လို ေရာက္လာလဲ မသိတဲ့ တစ္စံုတစ္ေယာက္က ထူးခန္႔ကို ျမမွဴးကိုယ္ေပၚကေနတြန္းဖယ္လိုက္ၿပီး တဏွာစိတ္ဖံုးလႊမ္းေနေသာ ထိုမ်က္ႏွာကို တရပ္စပ္ ထိုးေတာ့သည္။ၾကည့္လိုက္ေတာ့ ထိုတစ္စံုတစ္ေယာက္က အကိုျဖစ္ေနသည္။ျမမွဴးကို အၿမဲျပံဳးျပတတ္ေသာ အကိုရဲ့မ်က္ႏွာသည္ အခုေတာ့ ေဒါသစိတ္မ်ားဖံုးလႊမ္းေနသည္။ျမမွဴး လဲက်ေနရမွ ရိွသမ်ွအားအကုန္သံုးကာ ထထိုင္ဖို႔ႀကိဳးစားေပမဲ့ တစ္ကိုယ္လံုးခ်မ္းတုန္ၿပီး ေမာဟိုက္ေန၍ ေနာက္တစ္ခါျပန္လဲက်ရျပန္သည္။
အကိုက ေခြးေလာက္ေတာင္ အဆင့္အတန္းမရိွတဲ့ ထူးခန္႔ကို စိတ္ရိွလက္ရိွထိုးေနသည္မွာ လက္မွာ ေသြးမ်ားခ်င္းခ်င္းနီသည္အထိ ျဖစ္ေနသည္။ျမမွဴး ထူးခန္႔ကို ေသေလာက္ေအာင္သတ္ခ်င္ေနေပမဲ့ အခု အကိုထိုးတာခံေနရသည္မွာ ဟိုက ေသလုေျမာပါးျဖစ္ေနၿပီမို႔ ျမမွဴး တားမွ ျဖစ္ေတာ့မည္ဆိုတာသိလိုက္သည္။ဒီလို တန္ဖိုးမရိွတဲ့ အေကာင္ေၾကာင့္ အကို႔ကို ေထာင္ထဲမေရာက္ေစခ်င္သည့္ အတြက္ေၾကာင့္ျဖစ္သည္။
ျမမွဴး လမ္းမေပၚကို လက္တစ္ဖက္ေထာက္ကာ က်န္တစ္ဖက္က ကပိုကရိုျဖစ္ေနသာ ခႏၶာကိုယ္အေပၚပိုင္းကိုဖံုးရင္း အသံကို အကုန္ညစ္ထုတ္ကာေအာ္လိုက္သည္။
"အကို......ေတာ္ပါေတာ့ ေသသြားလိမ့္မယ္"
"ေသပါေစ ဒီလို ေခြးေကာင္က ေသမွေအးမွာ"
အကိုက ေဒါသတႀကီးျဖင့္ ႏႈတ္ခမ္းကို တင္းတင္းေစ့က ျမမွဴးဘက္ေတာင္ လွည့္မၾကည့္ေတာ့ဘဲ တစ္ခ်က္ခ်င္းစီ ဆက္တိုက္ထိုးေနသည္။ျမမွဴး အၿမဲတမ္း ေငးၾကၫ့္ခဲ့ရေသာ အကို႔ မ်က္လံုးမ်ားက မ်က္ရည္မ်ားစို႔ေနၿပီး လိႈင္းတြန္႔သ႑ာန္ႏႈတ္ခမ္းမွာလဲ တင္းတင္းေစ့ၿပီး အံႀကိတ္ထားပံုမွာ အကိုဘယ္ေလာက္ေဒါသထြက္ေနမလဲ ျမမွဴးသိသည္။
ျမမွဴး အံကိုႀကိတ္ကာ အကို႔ဆီ သြားေနေပမဲ့ တစ္ဖန္လဲက်သြားျပန္သည္။ဘုန္းျမတ္ စိတ္ႀကိဳက္ထိုးေနခ်ိန္ ေဘးနားမွာ ျမမွဴးလဲက်သြားသျဖင့္ ျမမွဴးဆီ ေျပးသြားၿပီး ေပြ့ဖက္လိုက္သည္။
"ျမမွဴး.....ျမမွဴး....အကိုေျပာတာၾကားလား"
ျမမွဴးရဲ့ ျဖဴေဖ်ာ့ေနေသာ ပါးေလးကို ကိုင္ကာလႈပ္လိုက္ေတာ့ ငိုထားရသျဖင့္ နီရဲေနေသာ မ်က္လံုးမ်ားျဖင့္ ဘုန္းျမတ္ကို ျပန္လည္ၾကည့္ေနသည္။ဘုန္းျမတ္ ျမမွဴးရဲ့ နာက်င္ေနေသာ မ်က္လံုးမ်ားကိုၾကည့္ရင္း ရင္ထဲမွာ ဆို႔နင္ေနၿပီး သူသာအခ်ိန္မွီမေရာက္ခဲ့ရင္ဆိုသည့္အေတြးျဖင့္ ျမမွဴးအျဖစ္ကို စဥ္းစားမိတိုင္းပိုနာက်င္ရသည္။
"အ.......အကို"
မိုးေရထဲမွာ အခ်ိန္ၾကာၾကာ ရုန္းကန္ခဲ့ရတာေၾကာင့္ ျမမွဴးရဲ့ အသံခ်ိဳခ်ိဳေလးမွာလဲ အခုဆို ကြဲအက္ေနေလၿပီ။အကိုလို႔ တစ္ခြန္းထဲသာ ေခၚလိုက္ႏိုင္ၿပီး သတိလစ္သြားေလၿပီ ျဖစ္သည္။
ဘုန္းျမတ္ အလ်င္အျမန္ပင္ မိမိ၀တ္ထားေသာရွပ္အက်ႌအနက္ေရာင္ကို ဆြဲခြၽတ္လိုက္ၿပီး ျမမွဴးခႏၶာကိုယ္ေပၚၿခံဳေပးလိုက္သည္။ထို႔ေနာက္ ျမမွဴးရဲ့ ေပ်ာ့ဖက္ေနေသာ ခႏၶာကိုယ္ေသးေသးေလးကို သူရဲ့ အားသန္ေသာ လက္ေမာင္းမ်ားျဖင့္ ေပြ့ခ်ီလိုက္ၿပီး ေဆးရံုကိုေခၚသြားရန္ျပင္လိုက္သည္။
Advertisement
"သား......ျမမွဴးဘာျဖစ္တာလဲ"
ထိုစဥ္ အေရ႔ွကေန ေအာ္လိုက္တဲ့အသံေၾကာင့္ ဘုန္းျမတ္ ျမမွဴးကို ခ်ီလ်က္နဲ႔ပင္ ၾကည့္လိုက္သည္။ၿခံတံခါး ကေန ထီးေတာင္မပါပဲ စိတ္ပူတႀကီး အေမေရာ ျမမွဴးအဖြားေရာ ေဒၚႀကီးေဝရော ေျပး၀င္လာသည္ကိုေတြ့လိုက္သည္။
ေဒၚခ်ိဳမာေရာ အဖြားေစာရီေရာ လမ္းလယ္ေခါင္မွာ ေသြးမ်ားတရေဟာျဖင့္ လဲက်ေနေသာ ထူးခန္႔ ၊အ၀တ္ကပိုကရိုျဖင့္ ငိုေနေသာ ျမမွဴးနဲ႔ အက်ႌပင္ခြၽတ္ကာ ျမမွဴးကို ကာကြယ္ေပးထားေသာ ဘုန္းျမတ္ကို ၾကည့္ၿပီး အေျခအေနကို အၾကမ္းဖ်င္းသေဘာေပါက္သြားသည္။
"ဒီမွာေလ အဲ့ေခြးေကာင္ ျမမွဴးကို ေခြးက်င့္ေခြးႀကံ ႀကံလို႔ ေသေအာင္ထိုးထားတာ"
အဖြားေစာ ေျမးျဖစ္သူရဲ့ ျဖဴဖက္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာေလးကိုၾကည့္ၿပီး ႏွလံုးတစ္ခုလံုးေအာင့္ တက္လာကာ ရင္ဘက္ကိုဖိရင္းလဲက်သြားေတာ့သည္။
"ေဒၚေလး......ေဒၚေလး......"
ေဒၚခ်ိဳမာ လႈပ္ႏိႈးေနေပမဲ့ မႏိုးလာေတာ့ပါ။
"အေမ...လူနာတင္ယာဥ္ေခၚလိုက္"
ဘုန္းျမတ္ ေဒၚခ်ိဳမာကို လူနာတင္ယာဥ္ေခၚဖို႔ေျပာၿပီး မၾကာမွီမွာပဲ လူနာတင္ယာဥ္၃စီး အိမ္ေရ႔ွကိုေရာက္လာသည္။
×××××××××××
ေဆးရံုရိွ ကုတင္ေပၚမွာ ေဆးအရိွန္ေၾကာင့္ အိပ္ေပ်ာ္ေနေသာ ျမမွဴးေဘးမွာ ထိုင္ခံုတစ္လံုးျဖင့္ ဘုန္းျမတ္ ေစာင့္ၾကည့္ေနသည္။ျမမွဴး အႏၲရာယ္ထဲေရာက္ေနခ်ိန္ ဘုန္းျမတ္ေရာက္လာ၍ အားကိုးတႀကီးျဖင့္ ေမာ့ၾကည့္ေနေသာ ျမမွဴးမ်က္ႏွာေလးကို အခုခ်ိန္ထိ မ်က္လံုးထဲကမထြက္ႏိုင္ေသးေပ။
ငယ္စဥ္ကထဲက ရခဲ့ေသာ စိတ္ဒဏ္ရာေတာင္ မေပ်ာက္ေသးခင္မွာ ေနာက္ထပ္ တစ္ခု ထပ္ရသြားသျဖင့္ ေရ႔ွေလ်ွာက္ျမမွဴးအတြက္ ဘယ္အရာက ထိုစိတ္ဒဏ္ရာေတြကေန ဆြဲထုတ္ေပးႏိုင္မလဲကိုသာ စဥ္းစားေနမိသည္။အၿမဲတမ္းကေလးတစ္ေယာက္လို ၿပံဳးရီေနတတ္သည့္ ျမမွဴးသည္ အခုေတာ့ မ်က္ႏွာေလးေခ်ာင္က်ေနၿပီး
ႏူးညံ့ၿပီး ျဖဴဥေနေသာ လက္ကေလးမွာလဲ အညိုအမဲေတြ စြဲထင္ေနၿပီျဖစ္သည္။
ဘုန္းျမတ္ ျမမွဴးလက္ကေလးကို သူ႔လက္ႏွစ္ဖက္ျဖင့္ ေျဖးညင္းစြာဆုပ္ကိုင္လိုက္ၿပီး ေမးေစ့နားမွာ ကပ္ထားကာ ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြနမ္းလိုက္ကာ ျမမွဴးႏိုးလာမည့္အခ်ိန္ကိုသာ မ်က္ေတာင္မခပ္ပဲေစာင့္ေနလိုက္သည္။
××××××××
"ေမေမ....ေဖေဖ....အင့္ ဟင့္ဟင့္....."
ဘုန္းျမတ္ ေကာ္ဖီထေဖ်ာ္ေနတုန္း ငိုသံၾကားလိုက္သျဖင့္ ပ်ာပ်ာသလဲလဲ ျမမွဴးရိွရာကို ထြက္လာခဲ့သည္။ျမမွဴးက ေတာ့အိပ္လ်က္ပင္ ရိႈက္ႀကီး တစ္ငင္ငင္ငိုေႂကြးေနသည္။ဘုန္းျမတ္ ျမမွဴးကိုၾကည့္ေလ သနားေလျဖစ္ေနရသည္။
"ျမမွဴး......ျမမွဴး......"
ျမမွဴးကိုယ္ေလးကို ခပ္ဖြဖြလႈပ္ႏိႈး လိုက္သည္။
ထိုမွသာ မ်က္ရည္မ်ားစီးၾကကာ မ်က္လံုးေလးခပ္ဖြဖြဖြင့္လာသည္။
ျမမွဴး မ်က္လံုးသာပြင့္လာေပမဲ့ ခႏၶာကိုယ္တစ္ခုလံုးက မလႈပ္ခ်င္ေလာက္ေအာင္ နာက်င္ေနရသည္။ျမမွဴး ေဘးနားကိုၾကည့္လိုက္ေတာ့ အကို႔ကို ျမင္လိုက္ရ၍ အႏၲရာယ္ဆိုးကေန လြတ္ေျမာက္ခဲ့ၿပီ ျဖစ္ေၾကာင္းသိလိုက္သည္။
"အကို...."
ျမမွဴး ေပ်ာ္ရႊင္မႈေရာ ၀မ္းနည္းမႈမ်ားေရာကာ အကို႔ကို လွမ္းဖက္လိုက္ၿပီး အကို႔ရင္ခြင္ထဲမွာ ကေလးတစ္ေယာက္လို ငိုေႂကြးေနေလသည္။
အကိုကေတာ့ ျမမွဴးေက်ာကို ခပ္ဖြဖြေလး ပုတ္ၿပီး ႏွစ္သိမ့္ေပးေနသည္။
"ျမမွဴး...ဘာမွ စိတ္မပူနဲ႔ေတာ့ေနာ္..အခုျမမွဴးေဘးမွာ အကိုရိွေနၿပီပဲ မေၾကာက္နဲ႔ေတာ့ေနာ္"
ျမမွဴး ပါးကို လက္ျဖင့္ ခပ္ဖြဖြကိုင္ကာ ႏွစ္သိမ့္ေပးေနေသာအကို႔ကို ၾကည့္ၿပီး ျမမွဴးမွာပိုငိုခ်င္လာရသည္။
"ဟင္ အကို...အကိုလက္ေရာသက္သာရဲ့လား"
လက္ဖဝါးကိုပတ္ၿပီး ပတ္တီးစီးထားေသာ အကို႔လက္ကိုၾကည့္ကာ ျမမွဴးစိတ္ပူမိသည္။
"ဘာမွမျဖစ္ဘူး ကိုယ္သက္သာတယ္...ျမမွဴးေရာ
ဘယ္လိုေနေသးလဲ...တစ္ေနရာရာက တစ္ခုခုျဖစ္လာရင္ အကို႔ကိုခ်က္ခ်င္းေျပာေနာ္...ကိုယ္ျမမွဴးေဘးမွာ အၿမဲရိွေနေပးမယ္"
အကိုက စိုးရိမ္တႀကီးေျပာလာေသာေၾကာင့္
ျမမွဴးအကို႔ကို ေငးၾကည့္ေနမိသည္။
"အကိုသာ အခ်ိန္မွီေရာက္မလာခဲ့ရင္ ျမမွဴးအခုခ်ိန္ဆို ဘ၀ပ်က္ေနေလာက္ၿပီ"
ျမမွဴး မ်က္ရည္မ်ားက်ကာ အကို႔ကိုၾကည့္ရင္း ေက်းဇူးတင္စိတ္ျဖင့္ ေျပာလိုက္သည္။
"ဒါနဲ႔ အကို အဲ့အခ်ိန္တုန္းက ဘယ္လိုလုပ္ေရာက္လာတာလဲ"
"ဟင္"
ျမမွဴးရဲ့ အေမးကို ဘုန္းျမတ္ ဘယ္လိုျပန္ေျဖရမလဲပင္မသိေတာ့ပါ.........။
Flash Back
"ဘုန္းျမတ္"
ေန့လယ္ပိုင္း ဘုန္းျမတ္ roundလွည့္ၿပီး နားေနခန္းကို ျပန္လာတဲ့ အခ်ိန္ အေနာက္ကေန လွမ္းေခၚလိုက္တဲ့ အသံေၾကာင့္ လွည့္ၾကည့္မိလိုက္ေတာ့ ရဲေသြးေနာင္။
"ေျပာ...ဘာကိစၥရိွလို႔ အေရးတႀကီးေအာ္ေခၚေနရတာလဲ"
"ကိစၥကေတာ့ အေရးႀကီးတယ္ ေဟ့ေရာင္
မင္းအေမ ငါ့ကိုအခုပဲဖုန္းလွမ္းဆက္တယ္...ျမမွဴးအဖြားနဲ႔ မင္းအေမနဲ႔ အတူတူဘုန္းႀကီးေက်ာင္းကိုသြားရင္း လမ္းမွာ ျမမွဴးအဖြားက ႏွလံုးေအာင့္လာလို႔တဲ့....အဲ့ဒါအခု ေဆးကုသဖို႔ လိုအပ္တဲ့ ပစၥည္းေတြယူၿပီး ျမမွဴးတို႔ အိမ္မွာေစာင့္ေနပါတဲ့....သူတို႔အခုကားျပန္လွည့္ၿပီး အိမ္ကိုျပန္လာေနၿပီတဲ့"
"ဟုတ္လား အဲ့ဒါဆို ငါအခုသြားမွာ ျဖစ္မွာေပါ့
မင္း ငါ့ဂ်ူတီခ်ိန္အစား၀င္ထားလိုက္"
ဘုန္းျမတ္ ခ်က္ခ်င္းပင္ ဂ်ူတီကုတ္ကို ခြၽတ္ၿပီး ရဲေသြးေနာင္လက္ထဲထည့္ခဲ့ကာ ကားရိွရာကို အေျပးတစ္ပိုင္းသြားလိုက္သည္။
ျမမွဴးတို႔ၿခံေရ႔ွကိုေရာက္ေတာ့ မိုးကသည္းႀကီးမဲႀကီးရြာေနသျဖင့္ ထီးမပါလာလို႔ အထဲကလူမ်ားထြက္လာမလားလို႔ လွမ္းၾကည့္ေနခ်ိန္ ၿခံထဲမွာ ပံုမွန္မဟုတ္ေသာ ျမင္ကြင္းကိုျမင္လိုက္ရသည္။ျမမွဴးနဲ႔ အက်ႌခြၽတ္ထားေသာ လူတစ္ေယာက္ ရုန္းရင္းဆန္ခက္ျဖစ္ေနသည္ကို ေတြ့လိုက္ရသည္။
ဘုန္းျမတ္လဲ ကားထဲကပင္ၾကည့္မေနေတာ့ပဲ ခ်က္ခ်င္းပင္ဆင္းသြားတာ ထိုလူကို တြန္းဖယ္ၿပီး စိတ္ရိွလက္ရိွထိုးေတာ့သည္။ထိုစဥ္ျမမွဴး လဲက်သြားသျဖင့္ ေဆးရံုပို႔ရန္ လုပ္ကာမွ ျမမွဴးအဖြားက ထိုျမင္ကြင္းကိုျမင္ၿပီး စိတ္ထိခိုက္ကာ ႏွလံုးထေဖာက္ၿပီး လဲက်သြားေလသည္။
အခု ခြဲစိတ္ခန္းထဲ၀င္ေနေပမဲ့ အသက္ရွင္ႏိုင္ႏႈန္းက 20%ေအာက္ပဲ ရိွတယ္ဆိုတာ ျမမွဴးကို ဘယ္လို မွေျပာမထြက္ႏိုင္ျဖစ္ေနသည္...........။
Advertisement
- In Serial49 Chapters
Love Bait
When a handsome troublemaker inherits the Big Fish Cafe, eighteen-year-old Evvy must fight to protect her island while trying not to fall for his charm. *****Headstrong islander Evvy lives on New Wave island, a small, idyllic retreat just off the coast of the Florida Keys. But when city boy Jordan inherits the cafe Evvy works at and threatens to sell it, it kickstarts a rivalry, one that risks tearing the island apart. Can the pair overcome their differences - and feelings - to save the cafe, or will it all be destroyed in the upcoming storm?*If you aren't reading this book on Wattpad, it has been stolen. Please report the website!*Previously called 'Summer Kiss'.
8 99 - In Serial17 Chapters
Vicejack (Oneshot)
Hi po first story ko po ito so hope you like it enjoy reading
8 318 - In Serial34 Chapters
The Devil's Smile
Charlie King is the towns resident bad boy, always has been always will be ever since he punched a kid's loose tooth out in the 1st grade. He's unruly, brooding and fascinating. Nyx Ross isn't exactly the most popular girl in school, nor does she want to be, but that doesn't mean people don't know who she is. Some would say she's quiet, cold and quiet honestly; dull. Charlie couldn't disagree more. You wouldn't believe me if i told you they've been best-friends since first grade.Or as much of a best-friend as the bad boy can be.Ranked #2 in High school dramaRanked #2 in DevilRanked #4 in Best friendsRanked #8 in SmileRanked #9 in Racing
8 120 - In Serial13 Chapters
Torbellino Rojo (Traducción) (Antigua Versión)
Había cientos de millones de hombres en el mundo de los que ella podría haber elegido enamorarse. Su mayor enemigo y ese idiota Naruto, sin embargo, no era uno de ellos. *Traducción* *Aka Whirlpool* *Antigua Versión*
8 91 - In Serial7 Chapters
Venduto al Capo Della Mafia
Translation: Sold to the Mafia BossSeventeen year old Savannah Dawson got kicked out her own home, and was wondering the streets when she was picked up by human traffickers. This innocent beauty's life changes from the second she bumped into a black chest.Twenty-eight year old Dante De Luca is the Italian Mafia boss. He's the King of all mafias. Earning the title of Don and Capo at the slim age of twenty-two, he's ruthless. Heartless. And notorious. He's respected and is so powerful his enemies can't do a thing to him.But when Dante sees the broken girl hidden behind thick brown curls, his heart beats for the first time in years. And forever will it beat for Savannah.~~~"Do you want me to make you feel good kitten?"*I'm well aware 'Venduto' is supposed to be 'Venduta' I kept it with an 'o' because that's what it was known for originally and I'd hope it would make it easier to be found again.**Also, the first five chapters are from the original book, which I wrote when I was fourteen, please bear with me.*
8 112 - In Serial54 Chapters
The cold hearted mafia boss gets arranged marriage with a son of his work partner.'All good. I'm sorry about it. I need to inform my men again that you are my fiance and belong to me only. They will not bother you again or I'll take care of it.'"kill them?" hobi asked him." would you want me to , jagiya?" V smirks.MAFIA / Arranged Marriage / 18+ vhopeMost impressive rank:#1- lgbt#1- vhope#1 - gaylove#1- taeseok#1- bottomhobi#1- kimnamjoon#3- tae
8 173

