《ကံကြမ္မာစေရာ [OC] (Completed)》Ep_14
Advertisement
Uni
"တီ...တီ...တီ...တီ..."
ဘေးနားမှာ မြည်နေသော နှလုံးခုန်စက်၏ အသံနှင့်အတူ မြမှူးရဲ့ မျက်လုံးများဖြေးညင်းစွာပွင့်ပြီးနိုးထလာခဲ့သည်။ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ နေပင်မထွက်သေး ဝေလီဝေလင်းအချိန်ဖြစ်သည်။အကိုကတော့ မြမှူးကို တစ်ချိန်လုံးစောင့်ကြည့်နေရ၍ ပင်ပန်းနေပုံပေါ်သည်။ကုတင်ဘေးရှိခုံပေါ်မှာထိုင်ပြီး သူ့ရဲ့လက်နှစ်ဖက်ဖြင့် မြမှူးလက်ကိုဆုပ်ကိုင်ထားကာ ကုတင်ပေါ်ခေါင်းမှီပြီး အိပ်နေလေသည်။
မြမှူးလဲ အကိုနှိုးသွားမှာစိုးသဖြင့် ခန္ဓာကိုယ်ကိုမလှုပ်ပဲ ငြိမ်နေလိုက်သည်။စိတ်ထဲမှာတော့ မနေ့ကအဖြစ်အပျက်များကို ပြန်စဥ်းစားနေရင်း ဒါဟာ အိပ်မက်တစ်ခုသာဖြစ်ခဲ့ သိပ်ကောင်းမှာပဲလို့ တွေးနေမိသည်။မြမှူးသည် အဖွားနဲ့တူတူနေနေရ၍ ဖွားဖွားကျန်းမာရေးမကောင်းတာသိပေမဲ့ ဒီလိုမျိုးရုတ်တရက်ကြီး မြမှူးကို ထားသွားခဲ့မယ်လို့ မထင်ထားခဲ့သည်မှာ အမှန်ဖြစ်သည်။တစ်ချိန်ကြရင် ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာသိ၍ ခံနိုင်ရည်ရှိအောင် စိတ်ကို အမြဲပြင်ဆင်ထားပေမဲ့ လက်တွေ့ကြုံလာတော့ ခံနိုင်စွမ်းမရှိပေ။
ပါးပြင်ပေါ်စီးကျသော မျက်ရည်များကတော့ အတိုင်းအဆမရှိပေ။မနေ့ကတည်းက ငိုပဲငိုနေသဖြင့် မျက်လုံးများအောင့်ကာ ဖောင်းကားနေပြီး မျက်ရည်များ ခမ်းပြီလားတောင်ထင်ရသည်။
"မြမှူး နိုးနေပြီလား နေရထိုင်ရတာရော သက်သာရဲ့လား"
အကိုက မြမှူး ရှုံ့ငိုနေသော အသံကြား၍ ထင်သည် အိပ်ချင်မူးတူးနဲ့ မျက်ရည်ကို သုတ်ပေးရင်း မေးလိုက်သည်။
" မြမှူးအဆင်ပြေပါတယ်
အကို မြမှူးကို အဖွားဆီလိုက်ပို့ပေးနော်"
"အင်း ကိုယ်လိုက်ပို့ပေးမယ် မြမှူးလဲအရမ်းမငိုနဲ့တော့ နော် ဒီတစ်ခါထပ်ပြီး လဲကျသွားရင် အဖွားရဲ့နောက်ဆုံးခရီးကို မပို့လိုက်ရပဲနေမယ်"
အကိုက အဆက်မပြတ်စီးဆင်းလာသော မြမှူးရဲ့မျက်ရည်များကို လက်မနဲ့ဖိသုတ်ပေးရင်း ပြောနေသည်။မြမှူးကတော့ နှုတ်ခမ်းကိုကိုက်ကာ ဆို့တတ်လာသော ၀မ်းနည်းမှုကို မြိုချပြီး အကို့စကားကို ပြန်ပြီးခေါင်းညိမ့်ပြလိုက်သည်။
×××××××××××××
မီးသဂြိုလ်တဲ့ နေရာရောက်တော့ လူအနည်းစုနဲ့ အကို့မိဘတွေနဲ့အတူ ဖွားဖွားရဲ့ အလောင်းကအတူရှိနေသည်။မြမှူး ဖွားဖွားမျက်နှာကို နောက်ဆုံးအကြိမ်ကြည့်ကာ နှုတ်ဆက်လိုက်ပြီး မီးခိုးခေါင်းတိုင်မှ ထွက်လာသော အငွေ့များကိုသာ ငိုပြီးကြည့်နေရတော့သည်။အန်တီနဲ့ အကိုက မြမှူးကို ဖက်ပြီး နှစ်သိမ့်ပေးနေပေမဲ့ မြမှူးဘယ်လိုမှ ကို ဖြေသိမ့်မရဖြစ်နေသည်။ဆွေမျိုးဆိုလို့ ဖွားဖွားတစ်ယောက်ထဲသာရှိပြီး အခုဖွားဖွားမရှိတော့ဘူးဆိုတော့ မြမှူးဘ၀က တစ်ကောင်ကြွက်ဘ၀ကို ရောက်ရှိသွားလေပြီ..။
×××××××××
အကိုနဲ့ အန်တီက ရက်လည်တဲ့နေ့အထိ မြမှူးနှင့်အတူ အိမ်မှာ နေပေးသည်။ရက်လည်ပြီးတော့ လူတွေရှင်းသွားတော့ မြမှူးရယ် အန်တီဝေရယ် အကို့နဲ့ အကို့
အမေသာ အိမ်မှာရှိတော့သည်။ဥိးဖိုးထူးကလဲ သူ့အမေ နေ့လား ညလားမသိဖြစ်နေ၍ ပြန်မလာနိုင်။
အန်တီက တစ်ခုခုကိုပြောဖို့ ချိန်နေဟန်ရှိသည့်ပုံပေါ်နေသည်။
"သမီး အန်တီ သမီးကိုပြောစရာရှိတယ်"
"ဟုတ် ပြောပါအန်တီ"
"အမေ ခဏ ကျွန်တော် မြမှူးနဲ့နှစ်ယောက်ထဲ အရင်ပြောလို့ရမလား"
အကိုက ကြားဖြတ်ပြီး ၀င်ပြောသဖြင့် အကို့အမေက ခေါင်းညိမ့်ပြပြီး အပြင်ကိုခဏရှောင်သွားတော့သည်။
"ဘာကိစ္စရှိလို့လဲ အကို"
"အခုကိုယ်ပြောမယ့် ကိစ္စကို မြမှူး တစ်မျိုးမထင်ပဲနဲ့ အရင်ဆုံး သေချာစဥ်းစားပေးချင်တယ်"
မြမှူး နားမလည်နိုင်သောပုံနဲ့ အကို့ကို ကြည့်လိုက်သည်။ဘာကိစ္စပြောမှာမို့ ဒီလောက်ထိ စကားပလ္လင်ခံနေရတာလဲ မသိ။
"အင်းပါ အကိုပြောစရာရှိတာကိုသာပြောပါ
မြမှူးနားထောင်နေပါတယ်"
"အခုမြမှူးတို့အိမ်မှာ အဖွားကလဲ မရှိတော့ဘူးဆိုတော့ ဒီအိမ်မှာ မြမှူးတစ်ယောက်ထဲနေလို့မဖြစ်ဘူး အန္တရယ်များတယ် ယောကျာ်းသားလဲတစ်ယောက်မှ ရှိတာမဟုတ်ဘူး.......အဲ့တော့..........ကိုယ်ကွေ့ပတ်ပြီးပြောမနေတော့ဘူး လိုရင်းကိုပဲ ပြောတော့မယ်...ကိုယ်မြမှူးကို လက်ထပ်ချင်တယ်..."
"ရှင်!!"
မြမှူး ကိုယ့်နားကိုတောင် မယုံနိုင်ဖြစ်သွားရသည်။အကိုက ရုပ်တည်ကြီးနဲ့ အတည်ပေါက်ပြောနေခြင်းဖြစ်သည်။မြမှူးစိတ်ထဲမှာတော့ အကိုက မြမှူးကိုသနားလို့ တစ်ယောက်ဖြစ်နေလို့ တာ၀န်ယူလက်ထပ်တာချင်တာဖြစ်ပြီး တကယ်မချစ်ပဲနဲ့ မြမှူးအတွက်ကြောင့် အကို့ဘ၀ကိုပါစတေးနေတာလို့မြင်မိနေသည်။
"အကိုက မှူးကို သနားလို့ လက်ထပ်မယ်ပြောတာလား......ဒါမှမဟုတ် အကို့ကိုသစ္စာဖောက်သွားတဲ့ မိန်းမကို စိတ်နာလို့ မှူးနဲ့လက်ထပ်ချင်တာလား....."
မြမှူး အကို့ကို မျက်ရည်များ၀ဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာမေးလိုက်သည်။
အကို့ဆီက ဘာအဖြေမှ ပြန်မလာ။
"အမှန်အတိုင်းပြောပါ....အကိုက မြမှူးကို သနားလို့ လက်ထပ်မယ်လို့ပြောနေတာမလား...... မြမှူးကို တကယ်မချစ်ပဲနဲ့ ဘာလို့ လက်ထပ်မယ်ပြောရတာလဲ......"
"မဟုတ်ဘူး မြမှူး ကိုယ်ပြောတာနားထောင်ဦး...
မြမှူးဒီလိုထင်မှာစိုးလို့ ကိုယ် အမေ့ကိုတောင်မပြောခိုင်းပဲ ကိုယ်ကိုယ်တိုင်ပြောတာ
ဒီကိစ္စက မြမှူးအဖွားသေတာနဲ့ ဘာမှ မဆိုင်ဘူး.
လက်ထပ်ဖို့ ကိစ္စကို မြမှူးအဖွား အသက်ရှိစဥ်ကတည်းက ကိုယ့်မိဘတွေနဲ့ စီစဥ်နေခဲ့တာ...
အဲ့တုန်းက မြမှူး စာမေးပွဲနီးနေလို့ ဘာမှ မပြောပဲ ကျောင်းပိတ်တဲ့အထိကိုစောင့်နေကြတာ.....ဒါက အရင်ကတည်းက စီစဥ်ပြီးသား လက်ထပ်ပွဲပဲ....မြမှူးရဲ့ အဖွားကိုယ်တိုင် ကိုယ့်မိဘတွေ နဲ့ စီစဥ်နေခဲ့တဲ့ပွဲပဲ....စီစဥ်ထားတဲ့ အချိန်ထက် နည်းနည်းစောပြီး သိလိုက်ရတာပဲရှိတာ..မြမှူးရဲ့အဖွားဆန္ဒကို နောက်ဆုံးအနေနဲ့ လိုက်လျောမပေးချင်ဘူးလား........
ပြီးတော့ ကိုယ်က မြမှူးကို မချစ်ဘူးလို့ ဘယ်သူပြောလဲ....လက်ထပ်ပြီးမှ သက်ဆုံးတိုင်ချစ်သွားတဲ့သူတွေမှ အများကြီးပဲ....အကယ်၍မြမှူးက ကိုယ်နဲ့လင်မယားလို မနေချင်ဘူးဆိုလဲ ကိုယ်တို့သပ်သပ်စီခွဲနေလို့ရတာပဲ......အခုအရေးကြီးတာက မြမှူးကိုယ်နဲ့ လက်ထပ်လိုက်ပြီဆိုတာ လူအချို့ကို အသိပေးဖို့ပဲလိုတာ....အဲ့ဒါမှ မြမှူးကို တစ်ယောက်ထဲဆိုပြီး ဘယ်သူမှ လာမစော်ကားရဲမှာ"
အကိုပြောသမျှစကားတွေကို နားထောင်ကြည့်တော့လဲ အကုန်လုံးက မှန်သလိုလိုပင်.။
"တကယ်တော့ မြမှူးကကိုယ်နဲ့ တစ်သက်လုံးမနေချင်ဘူးဆိုရင်လဲ....အနည်းဆုံး ၂နှစ်လောက်ပဲသည်းခံပေး ...မြမှူးကျောင်းပြီးလို့ ကိုယ့်လမ်းကိုလျှောက်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကွာရှင်းပေးမယ်"
Advertisement
"တကယ်လို့....မြမှူးက အကိုနဲ့ တစ်သက်လုံးတူတူနေသွားမယ်ဆိုရင်ရော........အကိုက ချစ်ရတဲ့သူတွေ့သွားရင် မြမှူးကိုထားသွားမှာလား.........."
မြမှူး ပြောလိုက်သောစကားကြောင့် ဘုန်းမြတ်ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားရသည်။ဒီစကားက မြမှူးက ဘုန်းမြတ်နဲ့ တစ်သက်လုံး တူတူနေဖို့ စိတ်ကူးရှိတယ်ဆိုတဲ့ သဘောပေါ့။ဘာကြောင့်များ မသိ ဘုန်းမြတ်ထခုန်မတတ်ပျော်သွားသည်။ဘာလို့ ပျော်တာလဲလို့ လာမေးလျှင် ပြန်ဖြေဖို့ အဖြေမရှိ.......။
"မြမှူးသာ ကိုယ်နဲ့ တသက်လုံး တူတူနေသွားမယ်ဆိုရင် ကိုယ်ဘက်ကလဲ တူတူပဲ.......မြမှူး အဆင်သင့်ဖြစ်မယ့်အချိန်ထိ ကိုယ်အမြဲစောင့်နေမယ်"
အခုလောလောဆယ် မြမှူး စိတ်ထဲမှာ အရမ်းလှုပ်ရှားနေပြီး ရင်တွေဆက်တိုက်ခုန်နေသည်။နေ့တိုင်း အရိပ်တကြည့်ကြည့်နဲ့ သဘောကျခဲ့ရသူ က မြမှူးနဲ့ အတည်တကျလက်ထပ်ပြီး တစ်အိမ်ထဲနေမယ်ဆိုတော့ မြမှူး အိပ်မက်မက်နေသလိုပင်ထင်နေရသည်။မြမှူးကိုယ်တိုင်ကလဲ အကို့ကိုချစ်နေသလို ဒါဟာအဖွားရဲ့နောက်ဆုံးဆန္ဒလဲဖြစ်တာကြောင့် မြမှူး လက်ခံမယ်လို့ဆုံးဖြတ်လိုက်သည်။
"အဲ့ဒါဆို အကိုတို့ ကောင်းသလိုသာ စီစဥ်လိုက်ပါ....မြမှူးငြင်းစရာအကြောင်းမရှိပါဘူး.."
မြမှူးစကားကြောင့် ဘုန်းမြတ် ရင်ထဲမှာ ပန်းတွေပွင့်သွားသလို ခံစားလိုက်ရသည်။ဒါဟာ မြမှူးကို ချစ်နေလို့လား ဆိုတော့လဲ မဟုတ်လောက်ဘူးဟု ထင်နေမိသည်။မသိစိတ်က ဘာကိုဖြစ်ချင်နေမှန်းမသိ မှန်းလို့မရဖြစ်နေသဖြင့်
ကိုယ့်ကိုယ်ကိုတောင် အံ့သြမိနေသည်။မသိရင် နှစ်ပေါင်းများစွာချစ်လာသော ချစ်သူနဲ့ လက်ထပ်ရမယ်ဆို၍ ပျော်ရွှင်နေသလိုမျိုးပင်။
"အဲ့ဒါဆို....အမေ့ကို မြမှူးသဘောတူတယ် ဆိိုတာပြောလိုက်ပြီး မင်္ဂလာကိစ္စစီစဥ်လိုက်တော့မယ်"
"အကို ခဏ....... မြမှူး မင်္ဂလာပွဲကို အကျဥ်းချုံးပြီးပဲ လုပ်စေချင်တယ်.....ဖြစ်နိုင်ရင် လက်မှတ်ထိုးပြီး ဘုန်းကြီးဆွမ်းကပ်တာလောက်ပဲလုပ်စေချင်တယ်"
"အင်းပါ....မြမှူးသဘောအတိုင်း ဖြစ်စေရမယ်"
×××××××××××××
about 3week later
အကိုမိဘတွေက မြမှူးသဘောအတိုင်း အကုန်
စီစဥ်ပေးသည်။လက်ထပ်တဲ့နေ့မရောက်ခင် နေ့တွေကလဲ အန်တီက မြမှူးနဲ့အတူ အိမ်မှာလာအိပ်ပေးသည်။အခု ဒီနေ့ဆိုရင် မင်္ဂလာပွဲနေ့ရောက်လာပြီဖြစ်သည်။
မင်္ဂလာပွဲကိုတော့ မြမှူး ဖြစ်စေချင်သည့်အတိုင်း အကျဥ်းချုံးပြီး လုပ်လိုက်သည်။မနက်ပိုင်း လက်မှတ်ထိုးကာ ဘုန်းကြီးဆွမ်းကပ်ပြီး အသိမိတ်ဆွေ အနည်းငယ်လောက်နဲ့ပဲ ပွဲလုပ်လိုက်သည် ။
အကိုကတော့ တကယ်ပင်လူထူးဆန်းလို့ မြမှူးတွေးမိနေသည်။မင်္ဂလာပွဲစီစဥ်နေတုန်းရော အခုရော သူသာလျှင်အပျော်ဆုံးလူကြီးလိုဖြစ်နေပြီး မြမှူးထက်တောင် ပိုပျော်နေသလိုပင်။မသိရင် လူကြီးတွေစီစဥ်သော လက်ထပ်ပွဲမဟုတ်ဘူး အရမ်းချစ်ကြလို့ ယူကြသော လက်ထပ်ပွဲလိုပင်။
ယွန်းမီကတော့ ရွန်းလဲယမုံရဲ့ ရည်းစားဟောင်းက မြမှူး ကြိတ်ပြီးသဘောကျနေသူဆရာ၀န် ဖြစ်နေကြောင်းနဲ့ အကိုနဲ့လက်ထပ်မယ့်အကြောင်းကို မကြာသေးမီကမှ ပြောပြတာကြောင့် မြမှူး သိပ်ပြီး အခဲမကြေချင်ဖြစ်နေသည်။အကို့ အချစ်ဆုံးသူငယ်ချင်း ကိုရဲသွေးနောင်ကတော့ အကိုယမုံနဲ့တွဲတုန်းကတောင် ဒီလိုပျော်ရွှင်နေတာမမြင်ဖူးဘူးဟု တိုးတိုးလေးကပ်ပြောသွားလေရဲ့။
မြမှူး အကို့စိတ်ကို တကယ်ပင်မမှန်းတတ်တော့
မြမှူးစိတ်ချမ်းသာအောင် ဟန်ဆောင်ပြနေတာလား.........ဒါမှမဟုတ် အကိုလဲ မြမှူးအပေါ် ခံစားချက်တစ်ခုခုရှိနေတာလား ဆိုတာကိုပေါ့။
×××××××××××
မင်္ဂလာပွဲကိစ္စအားလုံးပြီးစီးသွားပြီး ညနေပိုင်းရောက်တော့ မြမှူးနဲ့ အကို အကို့မိဘတွေ လက်ဖွဲ့ပေးထားသောအိမ်ကို အထုတ်အပိုးတွေတင်ပြီး ကားနဲ့ ထွက်လာခဲ့ကြသည်။အိမ်က သူေဋ္ဌးရပ်ကွက်တစ်ခုမှာ တည်ရှိသည်။
အိမ်က နှစ်ထပ်တိုက်ဖြစ်ပြီး ခြံ၀န်းမှာ အတော်ကျယ်သည်။အိမ်ရဲ့ အကျယ်အ၀န်းကတော့ ပေ၄၀×၆၀လောက်ရှိပြီး ခရမ်းနုရောင်ဆေးသုတ်ထားသည်။အကို ကားပေါ်ကအထုတ်အပိုးတွေချနေတုန်း မြမှူး အိမ်ပတ်ချာလည်ကိုလျှောက်ပတ်ကြည့်နေလိုက်သည်။မြမှူးတို့ နေဖို့အတွက် အန်တီက အိမ်ကိုလူလွတ်ပြီး ရှင်းခိုင်းထားသဖြင့် အရာအားလုံးသပ်ရပ်နေသည်။
"လာမြမှူး အိမ်ထဲ၀င်ကြမယ်"
အကိုက အိမ်သော့ကိုဖွင့်နေရင်း လှမ်းအော်ပြီး ပြောလိုက်တာကြောင့် မြမှူး အကိုရှိရာကို ပြေးသွားလိုက်သည်။အကိုကတော့ မြမှူးကို ခလေးတစ်ယောက်ကိုကြည့်နေသလို ပြုံးပြီးကြည့်နေလေရဲ့။
တံခါးဖွင့်ပြီး အိမ်ထဲ၀င်လိုက်တော့ ဧည့်ခန်းကို အရင်မြင်ရပြီး ဧည့်ခန်းကျယ်ကြီးရဲ့ဘေးဘက်မှာတော့ အခန်းတစ်ခန်းရှိသည်။ပြီးတော့ အပေါ်ကိုတက်တဲ့ လှေကားရှိပြီး လှေကားရဲ့ ဘေးတစ်ဖက်မှာ ထမင်းစားခန်းနဲ့ မီးဖိုချောင် တည်ရှိနေသည်။
"မြမှူး ကိုယ်က ဒီအောက်ထပ်က အခန်းမှာနေမယ်....မြမှူးက အပေါ်ထပ်ကအခန်းမှာနေ...
အခုလိုရုတ်တရက်ကြီး လက်ထပ်လိုက်ရတော့ မြမှူးအတွက် အရာအားလုံးက အသစ်အဆန်းဖြစ်နေမှာပဲ..အဲ့တော့ မြမှူး စိတ်အဆင်သင့်ဖြစ်တဲ့အချိန်အထိ ကိုယ်စောင့်နေပါ့မယ်"
"ဟုတ်!အဲ့ဒါဆို မြမှူး အပေါ်ထပ်မှာ သွားနားတော့မယ်...အကိုလဲ ပင်ပန်းနေမှာပဲနားလိုက်ဦးနော်"
ထိုသို့ပြောပြီး အပေါ်ထပ်ကိုတတ်လာခဲ့သည်။အပေါ်ထပ်မှာတော့ ဘုရားခန်းနဲ့ စာဖတ်ခန်းနဲ့ အခန်းနှစ်ခန်းရှိသည်။တစ်ခန်းက မြမှူးနေဖို့အတွက် အဆင်သင့်ပြင်ထားပေးပြီး နောက်တစ်ခန်းက ဧည့်သည်တွေလာရင် သုံးဖို့အခန်းဖြစ်သည်။
အခန်းထဲရောက်တော့ မြမှူး ပင်ပန်းလွန်း၍ ကုတင်ပေါ်ခနလေးလှဲလိုက်ရုံနဲ့ အိပ်ပျော်သွားတော့သည်။
××××××××
ဘုန်းမြတ် အထုတ်အပိုးအားလုံးကို သေချာနေရာချထားပြီး တော့ ည၇နာရီပင်ထိုးနေပြီ။
နောက်ကျနေပြီဖြစ်တာကြောင့် မြမှူးဗိုက်ဆာနေမှာစိုး၍ ရေအမြန်ချိုးပြီး အပြင်မှာ ညစာသွားစားရန် ကြံလိုက်သည်။တစ်နေကုန်ပင်ပန်းထားသမျှပြေပျောက်စေရန် ရေပန်းကို ဖွင့်ချပြီး ခေါင်းပါလျှော်ရင်း စိတ်ပြေလက်ပြေ ရေချိုးနေလိုက်သည်။ရေပန်းကနေ ကျသော ရေများသည်
ဖြူပြီးတောင့်တင်းနေသော ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေပြီး ဆံပင်တွေကပါ ရေစိုနေသဖြင့် ဘုန်းမြတ်ရဲ့ပုံမှာ စွဲမက်စရာကောင်းနေသည်။
"အားးးးးးးးးးးးးး"
ခေါင်းလျှော်နေရင်း အိမ်ပေါ်ထပ်ကနေ စူး၀ါး၀ါးအော်လိုက်တဲ့ အသံကြောင့်ဘုန်းမြတ် လန့်သွားတော့သည်။အသံက မြမှူးအသံဖြစ်တာကြောင့် ပြာပြာသလဲလဲ ပုဆိုးတစ်ထည်အမြန်ယူ၀တ်ကာ ပြေးထွက်သွားတော့သည်။ထိုစဥ် ခေါင်းပေါ်ကနေကျသော ခေါင်းလျှော်ရည်အမြုပ်တွေ မျက်လုံးထဲ၀င်လာသဖြင့် အမြန်ပြန်ပြီးဆေးချရသေးသည်။အလျှင်အမြန်ရေပန်းကို ဖွင့်ချလိုက်တာ ၀တ်ထားသောပုဆိုးပါ ထပ်ပြီး စိုရွှဲရပြန်သည်။ထပ်လဲဖို့လဲ အချိန်မရှိတော့တာကြောင့် မြမှူးဆီသာ အမြန်ပြေးသွားတော့သည်။
မြမှူး အိပ်ရာကနိုးလာတော့ ရေချိုးဖို့ထကာမှ အိပ်ရာထဲမှာ ပိုးဟပ် တစ်ကောင်ဖြတ်ပြေးသွားတော့ကြောင့် အသားကုန် အားးခနဲ အော်မိသွားသည်။ပိုးဟပ်က မြမှူးအော်သံကြောင့် ပိုဆိုးကာ အခန်းထဲမှာ လျှောက်ပြေးနေသဖြင့် မြမှူးပါ လျှောက်ပြေးနေရသည်။
Advertisement
"ကျွီ"
"မြမှူး ဘာဖြစ်လို့လဲ"
အခန်းတံခါးဖွင့်သံနဲ့ အတူ အကိုရောက်လာသဖြင့် မြမှူး အားကိုးစရာတွေ့သွားသလို ပျော်ရွှင်သွားသည်။
"အကို အခန်းထဲမှာ ပိုးဟပ်တစ်ကောင် လျှောက်သွားနေလို့ ကယ်ပါဦး"
ဘာများဖြစ်တာလဲလို့ အပြေးလာကာမှ ကလေးမက ပိုးဟပ်မြင်လို့ဆိုပြီး ငိုမဲ့မဲ့နဲ့ပြောနေသဖြင့် မြမှူးပုံစံကိုကြည့်ပြီး ဘုန်းမြတ်ရီချင်နေပေမဲ့ ရီလိုက်လို့ စိတ်ဆိုးသွားရင် ဒုက္ခဆိုပြီး ရီချင်စိတ်ကိုထိန်းထားရ သည်။
"မြမှူးကလဲ ပိုးဟပ်ကိုများ ကြောက်စရာကြနေတာပဲ ဖယ် မြမှူးကိုလန့်အောင်လုပ်တဲ့ အဲ့ပိုးဟပ်ကို ကိုယ်ရှင်းပေးမယ် မြမှူးအခန်းပြင်ထွက်နေလိုက်"
မြမှူး လဲအမြန် အခန်းအပြင်ထွက်သွားပြီး တံခါး၀ကနေ စောင့်ကြည့်နေလိုက်သည်။
ခုနက ပိုးဟပ်ကိုကြောက်နေ၍ အကို့ကိုသေချာမကြည့်မိ။အခုကြည့်တော့မှ မြမှူးရင်တွေ တစ်ဒုတ်ဒုတ်နဲ့ ခုန်လာရသည်။အကို ရေချိုးနေရင်း တန်းလန်းနဲ့လာပုံရသည်။ဖြူဖွေးနေသော အကို့ကိုယ်လုံးပေါ်မှာ ရေစက်တွေကတွဲလွဲခိုနေပြီး ၀မ်းဗိုက်ရှိကြွက်သားတွေကိုပါ အတိုင်းသားမြင်နေရ၍ မြမှူး ယောင်ယမ်းပြီး တံတွေးပါမြိုချမိသွားသည်။အမြဲတမ်း အလုပ်တွေသာလုပ်နေသောအကိုသည် ဘယ်အချိန်က Gymသွားသွား ဆော့နေလဲမသိ ခန္တာကိုယ်တစ်ခုလုံးကြွက်သားတွေနဲ့ ပြည့်နေသည်။
ရေတစ်စက်ကျနေသော ဆံပင်တွေကို သွေးကြောစိမ်းတွေ ထောင်နေသော လက်ဖြင့် သပ်တင်လိုက်တော့ မြမှူးအသက်ရှူပင် မှားသွားရသည်။ထူပြီး နက်မှောင်နေသော မျက်ခုံးများကတွန့်ချိုးနေပြီး တစ်စုံတစ်ခုကို သဲကြီးမဲကြီး ရှာနေပုံပေါ်နေသည်။အကိုက တစ်ခုခုကိုအာရုံစူးစိုက်နေလျှင် သေလောက်အောင်ဆွဲဆောင်မှုရှိသည်။ဒါကြောင့် အကိုခွဲစိတ်ခန်းထဲ၀င်နေတဲ့အချိန်တွေ ဆိုရင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲလို့တွေးမိနေသည်။
"မြမှူး ကိုယ့်ကို ပြတင်းပေါက် လာဖွင့်ပေးဦး"
မြမှူး အတွေးနယ်ချဲ့နေတုန်း အကိုက ပိုးဟပ်တွေကို စာအုပ်နှစ်ခုဖြင့် ညှပ်ထားကာ ဖမ်းပြီးနေပြီ။ဆရာ၀န်တစ်ယောက်ဖြစ်တာကြောင့် နှလုံးသားကတကယ်ကို နူးညံ့နေသည်။ပိုးဟပ်ကို မသတ်ပစ်ပဲ စာအုပ်ဖြင့်ကာအသာအယာညှပ်ထားပြီး အပြင်လွှတ်ပေးရန် ပြင်နေသည်။
မြမှူးလဲ အပြေးသွားပြီး ပြတင်းပေါက်ကိုဖွင့်ပေးလိုက်သည်။ပြီးတော့ ပိုးဟပ် အခန်းထဲပြန်ခုန်၀င်လာမှာစိုးသဖြင့် တံခါး၀မှာ ပြန်သွားရပ်နေလိုက်သည်။အကိုက ပိုးဟပ်ကိုအပြင်ပစ်ပြီးတာနဲ့ ပြတင်းပေါက်တံခါးကို အသေအချာပြန်ပိတ်နေသည်။
ပြီးတော့ မြမှူးဘက်ကိုအလှည့်
"ဘုတ်"
"အားးးးးးးးအကို ဘယ်လိုတွေလုပ်နေတာလဲ"
မြမှူး မျက်နှာကို လက်ဖြင့်ကွယ်ကာ အသားကုန်အော်ဟစ်နေတော့သည်။
အခုလိုအော်ရတဲ့ အကြောင်းအရင်းကတော့ ဘုန်းမြတ် ပြတင်းပေါက်တံခါးပိတ်ပြီး ပြန်အလှည့်မှာ ခါးတွင်၀တ်ထားသော ပုဆိုးက ရေအလေးချိန်ရော အပေါ်ထပ်ကိုပြေးတက်ထားသော အရှိန်ကြောင့်ရော အောက်ကိုလျှောကျသွားလေသည်။
မြမှူးမှာ ပိုးဟပ်ပျောက်သွားလို့ ပျော်နေတုန်း မျက်စိရှေ့မှာ ကွင်းကွင်းကွက်ကွက် မမြင်သင့်တာမြင်သွားရ၍ ရှက်လို့ မျက်နှာပင်မဖော်နိုင်။
ဘုန်းမြတ်လဲ မြမှူးအော်မှ ပိုလန့်သွားကာ ပုဆိုးကို အမြန်ပြန်ကောက်၀တ်လိုက်သည်။ကျွတ်ကျတဲ့ သူက မရှက်ရဘဲ မြင်တဲ့သူက အရှက်ကြီးနေတာကြောင့် ဘုန်းမြတ်လဲ ရှက်ရမဲ့အစား ပြုံးစိစိနဲ့ မြမှူးကိုသာစရန် ပြင်လိုက်သည်။
"မြမှူးကလဲ ကိုယ်ရှက်ဖို့လဲ ထားထားပါဦး
မြမှူးပဲ ကိုယ်နဲ့ တစ်သက်လုံးနေမှာဆို အခုမဟုတ်လဲ တစ်ချိန်ချိန်တော့တွေ့ရမှာပဲကို"
"ဟာ....အကိုဘာတွေလျှောက်ပြောနေတာလဲ....
သွား....အပြင်ထွက်တော့.....သွား......."
ဒီတစ်ခါတော့ မြမှူး နားနှစ်ဖက်ကိုအုပ်ကာ အကို့ကို အခန်းပြင်ကို ကျောဖြင့် အတင်းတွန်းထုတ်လိုက်ပြီး တံခါးလော့ခ်ချပစ်လိုက်သည်။
သူကတော့ အရှက်မရှိအပြင်မှာ တဟားဟားနဲ့ ရီနေလေရဲ့။မြမှူးတကယ် အကိုဒီလောက်ထိ မျက်နှာပြောင်တတ်မှန်း မသိခဲ့တာအမှန်။ရိုးရိုးအေးအေးနေတတ်တဲ့သူက အခုကတော့ ရှက်ဖို့တောင် သတိမရဘဲ သူများကိုစဖို့ပဲ တွေးနေလေသည်။
မြမှူးအခန်းတံခါးပိတ်ကာ ကျောနဲ့မှီရပ်ရင်း ရင်ဘက်ကိုဖိထားနေရသည်။ခုနက ပုံရိပ်ကို အခုထိမျက်လုံးထဲကမထုတ်နိုင်။
"ချီး.......ပိုးဟပ်မြင်လို့ လန့်မသေပဲ
သူ့မြွေမြင်ပြီး တက်သေတော့မလို့"
×××××××××××××××××××××××××××××××××××
ကဲဒီနေ့ကစပြီး အချိုလေးတွေ ကျွေးပါမယ်နော်😗
သဘောကျကြရဲ့လား ပရိတ်သတ်တို့👀🙈
Zawgyi
"တီ...တီ...တီ...တီ..."
ေဘးနားမွာ ျမည္ေနေသာ ႏွလံုးခုန္စက္၏ အသံႏွင့္အတူ ျမမွဴးရဲ့ မ်က္လံုးမ်ားေျဖးညင္းစြာပြင့္ၿပီးႏိုးထလာခဲ့သည္။ျပတင္းေပါက္ကို လွမ္းၾကည့္လိုက္ေတာ့ ေနပင္မထြက္ေသး ေဝလီေဝလင္းအခ်ိန္ျဖစ္သည္။အကိုကေတာ့ ျမမွဴးကို တစ္ခ်ိန္လံုးေစာင့္ၾကည့္ေနရ၍ ပင္ပန္းေနပံုေပၚသည္။ကုတင္ေဘးရိွခံုေပၚမွာထိုင္ၿပီး သူ႔ရဲ့လက္ႏွစ္ဖက္ျဖင့္ ျမမွဴးလက္ကိုဆုပ္ကိုင္ထားကာ ကုတင္ေပၚေခါင္းမွီၿပီး အိပ္ေနေလသည္။
ျမမွဴးလဲ အကိုႏိႈးသြားမွာစိုးသျဖင့္ ခႏၶာကိုယ္ကိုမလႈပ္ပဲ ၿငိမ္ေနလိုက္သည္။စိတ္ထဲမွာေတာ့ မေန့ကအျဖစ္အပ်က္မ်ားကို ျပန္စဥ္းစားေနရင္း ဒါဟာ အိပ္မက္တစ္ခုသာျဖစ္ခဲ့ သိပ္ေကာင္းမွာပဲလို႔ ေတြးေနမိသည္။ျမမွဴးသည္ အဖြားနဲ႔တူတူေနေနရ၍ ဖြားဖြားက်န္းမာေရးမေကာင္းတာသိေပမဲ့ ဒီလိုမ်ိဳးရုတ္တရက္ႀကီး ျမမွဴးကို ထားသြားခဲ့မယ္လို႔ မထင္ထားခဲ့သည္မွာ အမွန္ျဖစ္သည္။တစ္ခ်ိန္ၾကရင္ ဒီလိုေန့မ်ိဳးေရာက္လာမယ္ဆိုတာသိ၍ ခံႏိုင္ရည္ရိွေအာင္ စိတ္ကို အၿမဲျပင္ဆင္ထားေပမဲ့ လက္ေတြ့ႀကံဳလာေတာ့ ခံႏိုင္စြမ္းမရိွေပ။
ပါးျပင္ေပၚစီးက်ေသာ မ်က္ရည္မ်ားကေတာ့ အတိုင္းအဆမရိွေပ။မေန့ကတည္းက ငိုပဲငိုေနသျဖင့္ မ်က္လံုးမ်ားေအာင့္ကာ ေဖာင္းကားေနၿပီး မ်က္ရည္မ်ား ခမ္းၿပီလားေတာင္ထင္ရသည္။
"ျမမွဴး ႏိုးေနၿပီလား ေနရထိုင္ရတာေရာ သက္သာရဲ့လား"
အကိုက ျမမွဴး ရႈံ႔ငိုေနေသာ အသံၾကား၍ ထင္သည္ အိပ္ခ်င္မူးတူးနဲ႔ မ်က္ရည္ကို သုတ္ေပးရင္း ေမးလိုက္သည္။
" ျမမွဴးအဆင္ေျပပါတယ္
အကို ျမမွဴးကို အဖြားဆီလိုက္ပို႔ေပးေနာ္"
"အင္း ကိုယ္လိုက္ပို႔ေပးမယ္ ျမမွဴးလဲအရမ္းမငိုနဲ႔ေတာ့ ေနာ္ ဒီတစ္ခါထပ္ၿပီး လဲက်သြားရင္ အဖြားရဲ့ေနာက္ဆံုးခရီးကို မပို႔လိုက္ရပဲေနမယ္"
အကိုက အဆက္မျပတ္စီးဆင္းလာေသာ ျမမွဴးရဲ့မ်က္ရည္မ်ားကို လက္မနဲ႔ဖိသုတ္ေပးရင္း ေျပာေနသည္။ျမမွဴးကေတာ့ ႏႈတ္ခမ္းကိုကိုက္ကာ ဆို႔တတ္လာေသာ ၀မ္းနည္းမႈကို ၿမိဳခ်ၿပီး အကို႔စကားကို ျပန္ၿပီးေခါင္းညိမ့္ျပလိုက္သည္။
×××××××××××××
မီးသၿဂိဳလ္တဲ့ ေနရာေရာက္ေတာ့ လူအနည္းစုနဲ႔ အကို႔မိဘေတြနဲ႔အတူ ဖြားဖြားရဲ့ အေလာင္းကအတူရိွေနသည္။ျမမွဴး ဖြားဖြားမ်က္ႏွာကို ေနာက္ဆံုးအႀကိမ္ၾကည့္ကာ ႏႈတ္ဆက္လိုက္ၿပီး မီးခိုးေခါင္းတိုင္မွ ထြက္လာေသာ အေငြ့မ်ားကိုသာ ငိုၿပီးၾကည့္ေနရေတာ့သည္။အန္တီနဲ႔ အကိုက ျမမွဴးကို ဖက္ၿပီး ႏွစ္သိမ့္ေပးေနေပမဲ့ ျမမွဴးဘယ္လိုမွ ကို ေျဖသိမ့္မရျဖစ္ေနသည္။ေဆြမ်ိဳးဆိုလို႔ ဖြားဖြားတစ္ေယာက္ထဲသာရိွၿပီး အခုဖြားဖြားမရိွေတာ့ဘူးဆိုေတာ့ ျမမွဴးဘ၀က တစ္ေကာင္ႂကြက္ဘ၀ကို ေရာက္ရိွသြားေလၿပီ..။
×××××××××
အကိုနဲ႔ အန္တီက ရက္လည္တဲ့ေန့အထိ ျမမွဴးႏွင့္အတူ အိမ္မွာ ေနေပးသည္။ရက္လည္ၿပီးေတာ့ လူေတြရွင္းသြားေတာ့ ျမမွဴးရယ္ အန္တီေဝရယ္ အကို႔နဲ႔ အကို႔
အေမသာ အိမ္မွာရိွေတာ့သည္။ၪိးဖိုးထူးကလဲ သူ႔အေမ ေန့လား ညလားမသိျဖစ္ေန၍ ျပန္မလာႏိုင္။
အန္တီက တစ္ခုခုကိုေျပာဖို႔ ခ်ိန္ေနဟန္ရိွသည့္ပံုေပၚေနသည္။
"သမီး အန္တီ သမီးကိုေျပာစရာရိွတယ္"
"ဟုတ္ ေျပာပါအန္တီ"
"အေမ ခဏ ကြၽန္ေတာ္ ျမမွဴးနဲ႔ႏွစ္ေယာက္ထဲ အရင္ေျပာလို႔ရမလား"
အကိုက ၾကားျဖတ္ၿပီး ၀င္ေျပာသျဖင့္ အကို႔အေမက ေခါင္းညိမ့္ျပၿပီး အျပင္ကိုခဏေရွာင္သြားေတာ့သည္။
"ဘာကိစၥရိွလို႔လဲ အကို"
"အခုကိုယ္ေျပာမယ့္ ကိစၥကို ျမမွဴး တစ္မ်ိဳးမထင္ပဲနဲ႔ အရင္ဆံုး ေသခ်ာစဥ္းစားေပးခ်င္တယ္"
ျမမွဴး နားမလည္ႏိုင္ေသာပံုနဲ႔ အကို႔ကို ၾကည့္လိုက္သည္။ဘာကိစၥေျပာမွာမို႔ ဒီေလာက္ထိ စကားပလႅင္ခံေနရတာလဲ မသိ။
"အင္းပါ အကိုေျပာစရာရိွတာကိုသာေျပာပါ
ျမမွဴးနားေထာင္ေနပါတယ္"
"အခုျမမွဴးတို႔အိမ္မွာ အဖြားကလဲ မရိွေတာ့ဘူးဆိုေတာ့ ဒီအိမ္မွာ ျမမွဴးတစ္ေယာက္ထဲေနလို႔မျဖစ္ဘူး အႏၲရယ္မ်ားတယ္ ေယာက်ာ္းသားလဲတစ္ေယာက္မွ ရိွတာမဟုတ္ဘူး.......အဲ့ေတာ့..........ကိုယ္ေကြ့ပတ္ၿပီးေျပာမေနေတာ့ဘူး လိုရင္းကိုပဲ ေျပာေတာ့မယ္...ကိုယ္ျမမွဴးကို လက္ထပ္ခ်င္တယ္..."
"ရွင္!!"
ျမမွဴး ကိုယ့္နားကိုေတာင္ မယံုႏိုင္ျဖစ္သြားရသည္။အကိုက ရုပ္တည္ႀကီးနဲ႔ အတည္ေပါက္ေျပာေနျခင္းျဖစ္သည္။ျမမွဴးစိတ္ထဲမွာေတာ့ အကိုက ျမမွဴးကိုသနားလို႔ တစ္ေယာက္ျဖစ္ေနလို႔ တာ၀န္ယူလက္ထပ္တာခ်င္တာျဖစ္ၿပီး တကယ္မခ်စ္ပဲနဲ႔ ျမမွဴးအတြက္ေၾကာင့္ အကို႔ဘ၀ကိုပါစေတးေနတာလို႔ျမင္မိေနသည္။
"အကိုက မွဴးကို သနားလို႔ လက္ထပ္မယ္ေျပာတာလား......ဒါမွမဟုတ္ အကို႔ကိုသစၥာေဖာက္သြားတဲ့ မိန္းမကို စိတ္နာလို႔ မွဴးနဲ႔လက္ထပ္ခ်င္တာလား....."
ျမမွဴး အကို႔ကို မ်က္ရည္မ်ားဝဲေနေသာ မ်က္လံုးမ်ားျဖင့္ စိုက္ၾကည့္ကာေမးလိုက္သည္။
အကို႔ဆီက ဘာအေျဖမွ ျပန္မလာ။
"အမွန္အတိုင္းေျပာပါ....အကိုက ျမမွဴးကို သနားလို႔ လက္ထပ္မယ္လို႔ေျပာေနတာမလား...... ျမမွဴးကို တကယ္မခ်စ္ပဲနဲ႔ ဘာလို႔ လက္ထပ္မယ္ေျပာရတာလဲ......"
"မဟုတ္ဘူး ျမမွဴး ကိုယ္ေျပာတာနားေထာင္ၪီး...
ျမမွဴးဒီလိုထင္မွာစိုးလို႔ ကိုယ္ အေမ့ကိုေတာင္မေျပာခိုင္းပဲ ကိုယ္ကိုယ္တိုင္ေျပာတာ
ဒီကိစၥက ျမမွဴးအဖြားေသတာနဲ႔ ဘာမွ မဆိုင္ဘူး.
လက္ထပ္ဖို႔ ကိစၥကို ျမမွဴးအဖြား အသက္ရိွစဥ္ကတည္းက ကိုယ့္မိဘေတြနဲ႔ စီစဥ္ေနခဲ့တာ...
အဲ့တုန္းက ျမမွဴး စာေမးပြဲနီးေနလို႔ ဘာမွ မေျပာပဲ ေက်ာင္းပိတ္တဲ့အထိကိုေစာင့္ေနၾကတာ.....ဒါက အရင္ကတည္းက စီစဥ္ၿပီးသား လက္ထပ္ပြဲပဲ....ျမမွဴးရဲ့ အဖြားကိုယ္တိုင္ ကိုယ့္မိဘေတြ နဲ႔ စီစဥ္ေနခဲ့တဲ့ပြဲပဲ....စီစဥ္ထားတဲ့ အခ်ိန္ထက္ နည္းနည္းေစာၿပီး သိလိုက္ရတာပဲရိွတာ..ျမမွဴးရဲ့အဖြားဆႏၵကို ေနာက္ဆံုးအေနနဲ႔ လိုက္ေလ်ာမေပးခ်င္ဘူးလား........
ၿပီးေတာ့ ကိုယ္က ျမမွဴးကို မခ်စ္ဘူးလို႔ ဘယ္သူေျပာလဲ....လက္ထပ္ၿပီးမွ သက္ဆံုးတိုင္ခ်စ္သြားတဲ့သူေတြမွ အမ်ားႀကီးပဲ....အကယ္၍ျမမွဴးက ကိုယ္နဲ႔လင္မယားလို မေနခ်င္ဘူးဆိုလဲ ကိုယ္တို႔သပ္သပ္စီခြဲေနလို႔ရတာပဲ......အခုအေရးႀကီးတာက ျမမွဴးကိုယ္နဲ႔ လက္ထပ္လိုက္ၿပီဆိုတာ လူအခ်ိဳ႕ကို အသိေပးဖို႔ပဲလိုတာ....အဲ့ဒါမွ ျမမွဴးကို တစ္ေယာက္ထဲဆိုၿပီး ဘယ္သူမွ လာမေစာ္ကားရဲမွာ"
အကိုေျပာသမ်ွစကားေတြကို နားေထာင္ၾကည့္ေတာ့လဲ အကုန္လံုးက မွန္သလိုလိုပင္.။
"တကယ္ေတာ့ ျမမွဴးကကိုယ္နဲ႔ တစ္သက္လံုးမေနခ်င္ဘူးဆိုရင္လဲ....အနည္းဆံုး ၂ႏွစ္ေလာက္ပဲသည္းခံေပး ...ျမမွဴးေက်ာင္းၿပီးလို႔ ကိုယ့္လမ္းကိုေလ်ွာက္ခ်င္တယ္ဆိုရင္ ကိုယ္ကိုယ္တိုင္ကြာရွင္းေပးမယ္"
"တကယ္လို႔....ျမမွဴးက အကိုနဲ႔ တစ္သက္လံုးတူတူေနသြားမယ္ဆိုရင္ေရာ........အကိုက ခ်စ္ရတဲ့သူေတြ့သြားရင္ ျမမွဴးကိုထားသြားမွာလား.........."
ျမမွဴး ေျပာလိုက္ေသာစကားေၾကာင့္ ဘုန္းျမတ္ရင္ထဲမွာ ဒိန္းကနဲ ျဖစ္သြားရသည္။ဒီစကားက ျမမွဴးက ဘုန္းျမတ္နဲ႔ တစ္သက္လံုး တူတူေနဖို႔ စိတ္ကူးရိွတယ္ဆိုတဲ့ သေဘာေပါ့။ဘာေၾကာင့္မ်ား မသိ ဘုန္းျမတ္ထခုန္မတတ္ေပ်ာ္သြားသည္။ဘာလို႔ ေပ်ာ္တာလဲလို႔ လာေမးလ်ွင္ ျပန္ေျဖဖို႔ အေျဖမရိွ.......။
Advertisement
- In Serial59 Chapters
Midnight CEO
What is on the top floor? That's what everyone is asking. People seem to get promoted to the top floor but you never seem to see them around anymore? And has anyone ever seen the CEO anyway? No? Me neither. There were rumours about him being some kind of playboy billionaire but ...... no one seems to know what he looks like? He is on the top floor ..... What is on the top floor? I don't even want to know to be honest. "CONGRATULATIONS YOU HAVE JUST BEEN PROMOTED TO THE TOP FLOOR........ "Damn it!
8 276 - In Serial27 Chapters
Ugly Bones || p.jm
❝What is the use of a pretty face if you're ugly on the inside. Ugly all the way to your bones.❞Jimin Park is a writer who is disappointed by the rejections thrown his way by publishing houses and Kazimir Lee, a pretty shopkeeper who tries to scam him into buying bread by double the price, just happens to be the only one with the right words to set his writing soaring up to the sky. But where Jimin is awed by her writing, Kazimir is too busy wringing metaphors right out of her bones to fill the voids inside her before inking them down on paper. They cross paths enough times for Jimin to become a secondary character in the book of her life right where the plot twist is supposed to be. But Jimin is too caught up in the words that slip from her fingertips unto the keyboard to notice he picked up a book with a trigger warning about an illness typed in invisible ink just beneath the beautiful cover and the captivating writing style. Will he be able to take her out of the dark abyss she had started to call 'family' or will he too, be pushed down among all the people that merely walked her pages but never managed to understand the extent of pain one may suffer on the hands of a merciless fate engraved on her bones long before she was born and even more so, the unnamed consequences of bearing the burdens of a well-favored face. Ugly Bones - storefront ©2020, a dark-themed slow burn romance.(First Draft.)>Winter Flower Awards First Place Winner!
8 171 - In Serial108 Chapters
Our past, my present,your future.
Qi Xiao came back five years before she died,looking at the girl in front of her she take a sharp breath and stand up to bow"miss Shen i am sorry for the previous blander i made,i just love him too much that i become selfish,but now i realized that he never belongs to me so as a woman who loved him deeply,i hope that you will make him complete and happy that i didnt managed to do"breathing deeply to stop herself from crying she continue"please take good care of him and please be happy"she straighten up after saying that and left with her determination.
8 125 - In Serial78 Chapters
Forgiving You (Dublin Sisters #2)
She was abandoned on her wedding day. The groom disappeared. There were accusations. Her honour was at stake. Her family was to be ruined. One man saved her from all this misery or was it to be yet another trial that she will face... Nawal Ahmed has been the adoring sister of her three brothers. She was pampered and spoiled. She was loved and doted on. She was loud, mischievous and sometimes wild. Her wedding was set. Her groom was a loving successful man. Or was it all an illusion. Salman Siddique had been admiring his cousin since childhood. He loved her passionately. He was amused by her outgoing character. He never wanted to see tears in her eyes. It was he who saved her from ruination. But did this mean that his dream was to come true. Read and find out how Nawal's innocence and troublesome personality will lead her to deception and deceit. And Salman's love is to be tested.... Content Warning: Some of the content may not be appropriate for young or sensitive people as there is an implicit reference to sexual activity, physical violence and strong language. Although, the book should pass for PG15.
8 105 - In Serial11 Chapters
The Force Unleashed On Remnant (Male Starkiller X RWBY)
Rescued, and trained under the wise Obi-Wan Kenobi, the Clone Wars have been going on for quite some now.While sent on a rescue mission with your Master, things began to turn from bad, to worse. But yet you survive along with your Clone Soldiers that vowed to fight beside you to the very end.This New World holds many secrets, and so much Darkness.But also a chance to see new strange and fun people along the way. You were brought here for a reason, now it's your destiny to figure out what it is.
8 182 - In Serial59 Chapters
Fearsome Princess Consort FeiYun
The 23rd century's Xue Fei Yun is a peerless genius, trained meticulously by the kingpin of the underworld who adopted her to succeed him as the next generation leader. In 1 year after she took over her adopted father's spot as the new head of the organisation, she brought a whole new level of "Fear" to the underworld organisations. Be it looks, assassination, medicine, politics, martial arts there was no one better than her. Her only friend, Xiu Lin betrayed her trust and took Fei Yun's life... But this was not her fate.Fei Yun woke up as the daughter of General Xue. She learnt that the previous Feiyun lived a life of hardship. Her father was fighting the war for the last 3 years, her stepmother, Concubine Xia took the opportunity to dispose of her. Her step sisters, Qi Qi and Zhen Zhen also took joy in watching her suffer. But now she's no longer the weak daughter. She vows to climb up and return them fear like never before. She was willing to use anyone, even the God of War that everyone fear but in the end who is using who? ~~~~~~~~~~~~~~~~~Ranking:#1 Genius/ 2.3k Stories #1 China /6.7k Stories#1 Assassin/ 23.8K Stories#1 undiscovered/ 5.5k Stories#1 ColdPrince -~~~~~~~~~~~~~~~~~please forgive any loopholes, grammar, mixing of chinese culture and weird names. I'm not very sure about the hierarchy thingy in palace as well. This is my original work and im new to writing and i just wanted to explore ;] enjoy !! all pictures used are not mine, credits to owners!
8 202

