《ကံကြမ္မာစေရာ [OC] (Completed)》Ep_15
Advertisement
Uni
"မြမှူး နောက်မိနစ်၂၀ လောက်နေရင် ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းခဲ့နော် ကိုယ်တို့ညစာအပြင်မှာသွားစားကြမယ်"
မိန်းကလေးတစ်ယောက်ရှေ့မှာ ပုဆိုးကွင်းလုံးကျွတ်ကျတာတောင် မရှက်ပဲ အစားစားဖို့အကြောင်းသူကပြောနေနိုင်သေးသည်။
"ပြီးရော ပြီးရော ခနနေရင် ဆင်းခဲ့မယ် အောက်မှာစောင့်နေ"
မြမှူး ဆောင့်အောင့် ပြီးပြန်ဖြေရင်း ရေချိုးဖို့ပြင်လိုက်သည်။
ဘုန်းမြတ် အခန်းပြင်မှာရပ်နေပေမဲ့ မျက်နှာပိုးကအခုထိမသတ်နိုင် ။ခုနက မြမှူးရှက်နေတဲ့ပုံကို
စဥ်းစားလေ ပိုရီချင်လေ ဖြစ်နေသည်။တစ်ယောက်ထဲကြိတ်ပြီး တခွီခွီနဲ့ ရီနေတာ သူများတကာမြင်ရင် ရူးနေတာလားလို့တောင်ထင်နိုင်သည်။
"ချစ်စရာလေး"
အောက်ထပ်ဆင်းလာရင်း ရီပြီး တစ်ယောက်ထဲပြောလိုက်သည်။မြမှူးကရှက်နေတဲ့ အချိန်ဆိုရင် ပိုချစ်ဖို့ကောင်းတယ်ဆိုတာ သိလိုက်ရပြီဖြစ်သည်။
××××××××××××
ဘုန်းမြတ် ရေချိုး ခေါင်းလျှော်ပြီးတာနဲ့ ပေါ့ပေါ့ပါးပါး စပို့ရှပ်တစ်ထည်နဲ့ ဒူးခေါင်းအတိ ဘောင်းတီတစ်ထည်ကိုသာ ၀တ်ဆင်ထားပြီး ခေါင်းရေသုတ်ရင်း မြမှူးကို စောင့်နေလိုက်သည်။သိပ်မကြာလိုက် အပေါ်ထပ်ကနေ ခဲရောင်အင်္ကျီ လက်ရှည် ကို style pant နဲ့ တွဲ၀တ်ပြီး ဆင်းလာသည်။ရုပ်ကတော့ ဆူပုတ်ပုတ်နဲ့ သိပ်အခဲမကြေတဲ့ပုံရှိသည်။ဘာmake upမှ မလိမ်းခြယ်ထားတာတောင် ပင်ကိုကြည်လင်နေသော အသားအရည်ကြောင့် ပြောင်ရှင်းကြည်လင်ပြီး လှနေလေသည်။နှုတ်ခမ်းနီကို သူဆိုးနေကျ
အနီစိုစို လေးဆိုးထားသဖြင့် နှုတ်ခမ်းဖူးဖူးလေးက ချယ်ရီလေးတစ်လုံးလို ကိုက်စားချင်စရာဖြစ်နေသည်။
"သွားမယ်...ဗိုက်ဆာနေပြီ"
အပေါ်ထပ်ကနေ ဆင်းလာပြီး ဘုန်းမြတ်အနားတောင် မကပ်ပဲ ထိုစကားတစ်ခွန်းထဲသာပြောပြီး အိမ်ပြင်ထွက်သွားလေသည်။ဘုန်းမြတ်ကတော့ မလွယ်ဘူးဆိုတဲ့ သဘောနဲ့ ရီရင်း ခေါင်းခါပြီး မြမှူးနောက်ကို အပြေးလိုက်သွားတော့သည်။
ကားပေါ်ရောက်တော့ ဘုန်းမြတ်ဘက်ကို မကြည့်ပဲ ပြတင်းပေါက်ဘက်သာ မျက်နှာလွှဲထားတော့သည်။အခုချိန်မှာ မြမှူး ဘုန်းမြတ်ကို ကြည့်လျှင် ထိုပုံရိပ်သာ ပေါ်ပေါ်လာသဖြင့် မျက်နှာလွှဲထားခြင်းဖြစ်သည်။
"မြမှူး ဘာစားချင်လဲ"
"ရတယ် အကိုအဆင်ပြေတာစား မြမှူးကဘာပဲဖြစ်ဖြစ်ရတယ်"
"ဟာ.. ကိုယ်က မြမှူးစားချင်တာကိုမေးနေတာလေ....မရဘူး..မြမှူးမဖြေရင် ကိုယ်ကားဆက်မမောင်းတော့ဘူး"
ဗိုက်ကဆာနေပါတယ် ဆိုနေမှ အကိုက အရစ်ရှည်နေသဖြင့် မြမှူး အကို့ကို ထုရိုက်ပစ်ချင်စိတ်တောင်ပေါက်လာရသည်။မဖြေပြန်ရင်လဲ တကယ် ဆက်မမောင်းတော့မဲ့ ပုံရှိသဖြင့် အနီးအနားက အဆင်ပြေမယ့် ဆိုင်တစ်ဆိုင်ကို အမြန်စဥ်းစားလိုက်ရသည်။
"အဲ့ဒါဆိုလဲ ××××× pasta ဆိုင်ကိုသာမောင်းတော့"
မြမှူး ဖြေတော့မှသာ ခုနက မျက်မှောင်ကြုတ်ပြီး ကြည့်နေသောအကိုက အခုမှ ပြုံးသွားကာ ကားကို ဆိုင်ရှိရာကို မောင်းတော့သည်။အကိုက အသက်က ဖြင့် ၂၇ရှိနေပြီ တစ်ခါတစ်လေ ကလေးဆန်ချင်သေးတယ်လို့ တွေးမိလိုက်သည်။
××××××××××××
Pasta ဆိုင်ကိုရောက်တော့ အကိုက လူရှင်းတဲ့ ထောင့်က စားပွဲ၀ိုင်းကိုထိုင်မည်ဆို၍ မြမှူးအကို့နောက်ကို လိုက်ရသေးသည်။
"အကိုတို့ menu ပါ"
မြမှူးတို့ ထိုင်ပြီးသည်နှင့် waiterတစ်ယောက်က menu ကို လာချပေးသည်။
"မြမှူး ဘာစားမှာလဲ အရင်မှာလေ"
"အင်း... မြမှူးက Spicy King Prawn Pastaရယ်
Orange Spritzerရယ်"
"အဲ့ဒါဆို ကိုယ်က Creamy Truffle mushroom
Pasta ရယ် Lime Sodaရယ်ပေးပါ....သြော် ပြီးတော့ sausage ကို extra ထည့်ပေးပါ"
waiterက စာရွက်မှာ မှတ်ပြီးတာနဲ့ မီးဖိုချောင်ဘက်ထွက်သွားတော့သည်။
"မြမှူး ကိုယ်ပြောစရာရှိလို့"
"ဟင် ပြောလေ အကို"
"ကိုယ်လေ အခုမြမှူးနဲ့ ညစာစားပြီးရင် မြမှူးကိုအိမ်ပြန်လိုက်ပို့ပေးမယ် ပြီးရင် ကိုယ်အပြင်မှာ ရဲသွေးနောင်တို့နဲ့ နဲနဲသွားသောက်ချင်လို့ရလား.....
အကယ်၍ မြမှူးမသောက်ခိုင်းဘူးဆိုလဲ သူတို့ကို မတိုက်တော့ဘူးလို့ပြောလိုက်လို့ ရတယ်နော်...
အဲ့ကောင်တွေက ကိုယ်မိန်းမယူတဲ့ အထိမ်းအမှတ်အနေနဲ့ ဇွတ်အတင်း လိုက်၀ယ်တိုက်ခိုင်းနေလို့သာပြောနေရတာ"
"ရပါတယ် အကိုသွားလိုက်ပါ...မြမှူးတစ်ယောက်ထဲလဲနေရဲပါတယ်....မီးမပျက်ဖို့သာ အရေးကြီးတာ"
မြမှူးရဲ့ အသံကစကားအဆုံးမှာ တိမ်၀င်သွားသည်ကို ဘုန်းမြတ်သိလိုက်သည်။မြမှူးက တစ်ယောက်ထဲနေရဲပေမဲ့ အမှောင်ကြောက်တတ်တာတစ်ခုတော့ရှိသည်။ငယ်ငယ်ကရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် မဟုတ်လား။
"အဲ့ဒါတော့ စိတ်မပူနဲ့ မြမှူး
ကိုယ်တို့အခုနေတဲ့ ရပ်ကွက်က မီးလုံး၀မပျက်တဲ့ VIP ရပ်ကွက်လေ....သိတယ်မလား လမ်းထဲမှာက တကယ့် စီးပွားရေး လုပ်ငန်းရှင်တွေ နေကြတာဆိုတော့ မီးကတော့ လုံး၀မပျက်ဘူး စိတ်ချ"
"အဲ့ဒါဆိုလဲ အကို စိတ်ချလက်ချသာ သွားပါ
မြမှူးကို စိတ်မပူနဲ့"
မြမှူးက ပြုံးပြီး ပြန်ဖြေမှသာ ဘုန်းမြတ်စိတ် အေးသွားရသည်။မြမှူးကို အမြဲပျော်ရွှင်နေတာကိုပဲ မြင်ချင်တာမို့ မျက်နှာ တစ်ချက်မပျက်သွားစေချင်ပါ။
ခဏ အကြာမှာတော့ မှာထားတွေ ရောက်လာသဖြင့် မြမှူး စကားပြောတာကို ရပ်ပြီး အစားစားဖို့သာပြင်လိုက်သည်။နဂိုကတည်းက ဗိုက်ဆာနေတာမို့ pastaတွေကို ခရင်းနဲ့ လိပ်ပြီး တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်စားနေလိုက်သည်။
"ရော့ မြမှူးအတွက်"
"အဟွတ် ...အဟွတ်....အဟွတ်...."
အကို့ လုပ်ပုံကြောင့် စားလက်စ Pastaပါ သီးသွားရသည်။အကို့က သူ့ပန်းကန်ထဲက extraအနေနဲ့ထည့်ထားသော sausageကို ခရင်းဖြင့် ထိုးပြီး မြမှူး ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။အကိုကတော့ မြမှူးကို စားစေချင်တဲ့ စေတနာနဲ့ ထည့်ပေးတဲ့ ဆိုပေမဲ့ မြမှူးကတော့ လောလောလတ်လတ်မြင်ထားသော ကိစ္စကို ပြန်မြင်ယောင်ပြီး သီးပါသီးသွားရသည်။
Advertisement
"မြမှူး ရော့ ရေအမြန်သောက်လိုက်"
သူကတော့ အမြန် ရေကို ရှေ့တိုးပေးပြီး သောက်ဖို့ပေးသည်။မြမှူးကတော့ စားသမျှက လည်ချောင်း၀မှာ တင်တစ်နေသလို ခံစားနေရပြီး spicy king ဖြစ်တာကြောင့် ရင်ဘက်တစ်ခုလုံး စပ်ပြီး ပူလောင်နေရသည်။
အကို မြမှူးတစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေသော မျက်လုံးများဖြင့်ကြည့်နေသဖြင့် မြမှူးက အဆင်ပြေတဲ့ပုံစံဖြင့် လက်ကာပြလိုက်သည်။
ဟိုကပုဆိုး ကျွတ်ကျတဲ့သူကဘာမှ မဖြစ်တော့ဘူး ဒီက မြင်တဲ့သူက အဖြစ်သည်း ေနတာကြောင့် မြမှူး ကိုယ့်ကိုယ်ကိုသာ ဆွဲလိမ်ပစ်လိုက်ချင်သည်။
"ရတယ်အကို မှူး ဘာမှ မဖြစ်ဘူး ဆက်စား"
အကိုက အစားတောင် ဆက်မစားတော့ပဲ မြမှူးကိုပဲ ကြည့်နေသည်မို့ အဆင်ပြေကြောင်းပြောရသေးသည်။
××××××××××
အကိုက ခြံရှေ့မှာ ကားရပ်ပြီး မြမှူးအိမ်ထဲ၀င်သွားသည်အထိ ရပ်ကြည့်နေသည်။အိမ်ထဲရောက်သွားပြီ ဆိုမှ ကိုရဲသွေးနောင်တို့နဲ့ ချိန်းထားတဲ့ဆီ မောင်းပြီး ထွက်သွားတော့သည်။
"အမလေး.... ဟိုမှာလာပါပြီ မိန်းမယူပြီးတာဖြင့် တစ်ရက်တောင်မပြည့်သေးဘူး အပြင်ထွက်ဖို့ မနည်းခွင့်တောင်းလာရတဲ့ရုပ်နဲ့"
ဘုန်းမြတ် စားပွဲနားရောက်တာနဲ့ ရဲသွေးနောင်နဲ့ မင်းခန့်တို့က တန်းပြီး စကားနာထိုးတော့သည်။
"မင်းတို့ကလဲကွာ တွေ့တာနဲ့ ခွပ်ဖို့ကြီးပဲ"
"ငါအဲ့နွားကို မနက်ကတည်းကပြောချင်နေတာသိလား.....အခွက်ကြီးကပြုံးဖြီးနေတာပဲ..ဘယ်တုန်းကတည်းက မြမှူးကိုကြိတ်ကြံနေလဲမသိဘူး"
မင်းခန့်က beerတစ်ကြိုက်မော့လိုက်ရင်း ရဲသွေးနောင်ကို မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် အဲ့ဒါတော့ ငါလဲထောက်ခံတယ် မင်းဟာက ငါက ညီမလေးလိုပဲ သဘောထားတာပါ ဆိုပြီး ဟိုက မီးစိမ်းပြတာနဲ့ ကြံတော့မယ့်ရုပ်ကြီးနဲ့"
ရဲသွေးနောင်ကလဲ အားကျမခံ ၀င်ပြောသေးသည်။
"ငါကတကယ်မြမှူးကို ညီမလေးလိုပဲ သဘောထားတာပါကွာ ညကျရင်လဲ သူနဲ့ငါနဲ့ တစ်ခန်းစီ သပ်သပ်အိပ်မှာပါ...သူကအပေါ်ထပ် ငါကအောက်ထပ်"
"ဟ မင်းဟာကလဲ မင်္ဂလာဦးညကို ဒီအတိုင်းဖြတ်သန်းတော့မလို့လား နှမြောစရာကြီး....ဘယ်လောက်ပဲ သပ်သပ်စီနေမယ်ပဲပြောပြော နောက်နှစ်တွေကြာလို့ မင်းတို့အချင်းချင်းချစ်သွားကြရင် ပြန်ပြောပြလို့ရအောင် အမှတ်တရအနေနဲ့ တစ်ခုခုတော့ လုပ်သင့်တယ် ငါ့ကောင်ကြီးရေ"
"ဟမ် ! ငါကဘာကိုလုပ်ရမှာလဲ "
"အဲ့ဒါကို နောက်မှ ပြောပြမယ် အခုသောက်လိုက်ဦး"
ရဲသွေးနောင်နဲ့ မင်းခန့် တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြပြီး အစီအစဥ်ကို စတင်ရန် အသိပေးလိုက်သည်။
နှစ်ယောက်ပေါင်းပြီး တစ်ခွက်ပြီးတစ်ခွက် မူးအောင်တိုက်နေကြသည်။ဘုန်းမြတ်ကလဲ သူတို့တိုက်လိုက် သောက်လိုက်နဲ့ ၀ီစကီရော beerရော ပေါင်းပြီး နှစ်ပင်လိမ်ကာ အခြေအနေ ကောင်းနေပြီဖြစ်သည်။ဘုန်းမြတ်မှာ အကျင့်ဆိုးတစ်ခုရိရင် အရက်လေးနဲနဲမူးပြီ ဆိုတာနဲ့ အပေါင်းအသင်းကမြှောက်ပေးသမျှ အကုန်လုပ်တဲ့အပြင် သူဖုံးကွယ်ထားတဲ့ကိစ္စတွေကိုလဲ မလိမ့်တပတ်လုပ်ပြီး မေးလျှင် တစ်ခုမကျန် အကုန်ပြောပြတတ်သည်။အဲ့ဒါကြောင့် ဘုန်းမြတ်က တော်ရုံတန်ရုံဆိုမသောက်တတ်။ အခုလဲ ဘုန်းမြတ်ရဲ့ပျော့ကွက်ကိို သိနေသောနှစ်ယောက်သည် အချွန်နဲ့မ ရန် ပြင်နေခြင်းဖြစ်သည်။
"ဟေ့ကောင် ဘုန်းမြတ် ငါတို့မင်းကိုမေးစရာရှိတယ်ကွ"
"အေး....ဘာလဲ ....မေး...."
အတော်အတန်မူးနေပြီ ဖြစ်တာကြောင့် အာလေးလျှာလေးဖြစ်လာသည်။
"မင်း မြမှူးကို ညီမလေးတစ်ယောက်လိုမဟုတ်ဘဲမိန်းကလေးတစ်ယောက်အနေနဲ့ မချစ်ဘူးလား"
ရဲသွေးနောင်ရဲ့ အမေးကို ဘုန်းမြတ် အတော်အတန် စဥ်းစားနေပုံပေါ်သည်။
"ခဏလေး ငါအရင်မင်းတို့ကို မေးမယ်.... ဒီလိုကွာ ငါပြောပြမယ်.....ငါကမြမှူးကို ညီမလေးလိုပဲ သဘောထားတာကွာ......ဒါပေမဲ့ အခုတလော.....ဘာကြောင့်မှန်းမသိဘူးကွာ......သူ့ကိုတွေ့ရင် ငါရင်တွေခုန်လာသလိုပဲ.....အချိန်တိုင်း သု့မျက်နှာလေးကို ကြည့်ပြီး သူနဲ့ပဲရှိနေချင်နေတာ ...အဲ့ဒါဘာကြောင့်လဲ...မင်းတို့က ဆရာ၀န်တွေဆိုတော့ သိမှာပဲ ...အဲ့ဒါဘာရောဂါလဲဆိုတာ......"
"သြော်....နွားရယ် မင်းကျတော့ ဆရာ၀န်မဟုတ်တာကျနေတာပဲ"
"မရှည်နဲ့ မင်းခန့် ငါမေးတာသာဖြေ"
"အဲ့ဒါမင်း သူ့ကိုချစ်နေတာပေါ့ နွားရဲ့"
"ဘာ!ချစ်နေတာ ငါကမြမှူးကို ချစ်နေတာ"
"ဟုတ်တယ် ညီမလေးတစ်ယောက်လို မဟုတ်ဘဲ မိန်းကလေးတစ်ယောက်လိုချစ်နေတာ.....မင်းရဲ့မသိစိတ်ကချစ်နေတာကို မင်းက ညီမလေးလိုပဲ သဘောထားတယ်ဆိုတဲ့ အတွေးက တားဆီးနေတာ.....အခုမြမှူးက မင်းမိန်းမဖြစ်နေပြီပဲ မင်းပွင့်ပွင့်လင်းလင်းဖွင့်ပြောသင့်တယ်....အဲ့ဒါမှ မင်းတို့နှစ်ယောက် အိမ်ထောင်ရေးက သာမာန်စုံတွဲတွေလို ဖြစ်မှာပေါ့"
"ခဏ......ခဏလေး ငါကပြောလိုက်လို့ မြမှူးက ငါ့ကိုမချစ်ရင်ရော"
"ဟေ့ကောင့် မြမှူးက မင်းကိုချစ်နေတယ်ဆိုတာ မင်းသာမသိတာ မင်းမိဘတွေရော ငါ့တို့ရော အားလုံးသိတယ် ငတုံးရဲ့......မင်းကို မချစ်ပဲနဲ့ သူ့အဖွားရဲ့ နောက်ဆုံးဆန္ဒဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းကိုယူရအောင် မြမှူးက ရူးနေတာမှ မဟုတ်တာ....မင်းသာ ဆရာ၀န်ဖြစ်ပြီး တုံးနေတာ ...ဒီဦးနှောက်နဲ့များ ဆရာ၀န်ဘယ်လိုဖြစ်လာလဲမသိဘူး....အဲ့ဒါကြောင့် ရွှန်းလဲ့ယမုံ့ လိမ့်သမျှ မင်းခံခဲ့ရတာ"
ရဲသွေးနောင်ကတော့ အကွက်ထဲရောက်တာနဲ့ တန်းသမတော့သည်။
"ဒီလို မင်္ဂလာရှိတဲ့ နေ့မှာ အဲ့မိန်းမအကြောင်း
ထည့်မပြောနဲ့ ကျက်သရေမရှိဘူး"
ဒီတစ်ခါတော့ ဘုန်းမြတ် ငြိမ်မခံပဲ ထပြောလိုက်၍ နှစ်ယောက်သား နည်းနည်းတော့တွန့်သွားသည်။
"ဒီမှာငါတို့မင်းကို အကြံဥာဏ်ပေးမယ်......
ခုနက ငါတို့ပြောတဲ့ မင်္ဂလာဦးညအထိမ်းအမှတ်အနေနဲ့ အမှတ်တရလဲဖြစ် မြမှူးက မင်းကို ချစ်မချစ်ဆိုတာလဲ သိရအောင် ဒီလိုလုပ်ကွာ×××××××××××××××××××××"
မင်းခန့် ဘုန်းမြတ်နား နား ကပ်ပြီးတိုးတိုးလေးမြှောက်ပေးနေခြင်းဖြစ်သည်။
"ဟေ့ရောင်တွေ ဖြစ်ပါ့မလားကွ...တော်ကြာပါးရိုက်ခံနေရဦးမယ်"
"ဟာ မင်းကလဲကွာ ဖြစ်ပါတယ်ကွ.......ပါးရိုက်တော့လဲ အမှတ်တရ အဆင်ပြေတော့လဲ အမြတ်ပဲပေါ့ကွာ..ဟားဟားးဟားးး"
Advertisement
ငနဲနှစ်ကောင်ကတော့ မြှောက်ပေးပြီး တဟားဟားနဲ့ရီနေပေမဲ့ ဘုန်းမြတ်ကတော့ ပါးကျိန်းနေသည်။
"သားကြီးရာ မှိုင်မနေပါနဲ့ ရော့ ရဲဆေးတင်လိုက်"
ဖန်ခွက်ထဲကို ၀ီစကီတွေ ထပ်ထည့်ပေးပြန်တော့ ဘုန်းမြတ်လဲ ကြံမရတာနဲ့ ထပ်သောက်ပြန်သည်။
××××××××××××××××
"မြမှူးရေ........ ကိုယ်ပြန်လာပြီ"
မြမှူး အကိုပြန်လာတာကို ဖုန်းကြည့်ရင်း စောင့်နေလိုက်သည်။ထိုအချိန် ခြံရှေ့ကနေ အော်လိုက်တဲ့ အသံကြောင့် မြမှူး ပုခုံးပါတွန့်သွားရသည်။သေချာတာက အကို့အသံဖြစ်တာကြောင့် အိမ်ရှေ့ကိုထွက်ကြည့်ရန် ထိုင်ရာမှထလိုက်သည်။နာရီကိုကြည့်တော့ ည၁၁နာရီပင်ခွဲနေပြီ။
"ဟင်!! အကို ဘာလို့ ဒီလောက်ထိသောက်လာရတာလဲ"
"တောင်းပန်ပါတယ်မြမှူးရယ် အကိုတို့က
ဘုန်းမြတ်ကိုအတင်းတိုက်လို့ သူသောက်ရတာပါ....အခုလဲ ကားမမောင်းနိုင်တော့လို့ အကိုတို့ ပြန်လိုက်ပို့ပေးတာ"
"ဟုတ်လား အဲ့ဒါဆို အိမ်ထဲထိ တွဲပြီးလိုက်ပို့ပေးပါလား မြမှူးတစ်ယောက်ထဲဆို နိုင်မှာမဟုတ်ဘူး"
"ရတယ် မြမှူး အကိုတို့ လိုက်ပို့ပေးမယ်"
မြမှူးကတော့ အကိုတို့ကိုကြည့်ပြီး သက်ပြင်းချမိလိုက်သည်။မူးနေတဲ့ သူကိုပြန်လိုက်ပို့တဲ့နှစ်ယောက်ကလဲ မူးနေတာမို့ သုံးယောက်လုံး ဟိုဘက်ဒီဘက်ယိမ်းနေသည်။
"မြမှူး ဒီအထိပဲလိုက်ပို့ပေးတော့မယ် ရတယ်မလား"
ကိုရဲသွေးနောင်တို့နှစ်ယောက်က အိမ်တံခါး၀အထိပဲ လိုက်ပို့ပေးပြီး ပြန်တော့မလို့လုပ်နေသည်။
"ရတယ် သွား မင်းတို့နှစ်ကောင်လုံးပြန်တော့ ငါနဲ့မြမှူးလုပ်စရာရှိသေးတယ်"
မူးနေတဲ့သူက ရုတ်တရက်ထပြောလိုက်သော စကားကြောင့် မြမှူး မျက်လုံးပင်ပြူးသွားရသည်။
"အကို....မူးမူးရူးရူးနဲ့ ဘာတွေလျှောက်ပြောနေတာလဲ "
မြမှူး အကို့လက်မောင်းကို ခပ်ဆတ်ဆတ်ရိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒါဆို အကိုတို့ပြန်လိုက်ဦးမယ်နော်
ဘုန်းမြတ်က အကိုတို့ကို ဆက်ရှိစေချင်တဲ့ပုံမပေါ်ဘူး"
မြမှူးမှာ အားနာလွန်း၍ ဘာမှတောင် ပြန်မပြောနိုင်ပဲ ရီပဲရီပြလိုက်ရသည်။
"အကို ဘာလို့ဒီလောက်ထိသောက်လာရတာလဲ"
"မြမှူးကလဲ ကိုယ်က နည်းနည်းလေးပဲသောက်တာကို"
"အပိုတွေပြောမနေနဲ့ လာအကို့အခန်းထဲလိုက်ပို့ပေးမယ် အိပ်တော့"
ဘုန်းမြတ် အချိန်သိပ်မရတော့၍ အစီအစဥ်ကို အမြန် အကောင်အထည်ဖော်ရန် တွေးနေရသည်။
စိတ်ထဲမှာ ရိုလာကိုစတာ စီးနေသလို ရင်တလှပ်လှပ်ဖြစ်နေသည်။အခုဆိုရင် အခန်းတံခါး၀ထိရောက်နေပြီမို့ ဘာမှ ဆက်မတွေးနေတော့ပဲ ဟိုကောင်တွေပြောတဲ့အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"မြမှူး ခနလေး"
မြမှူး ပုခုံးပေါ်မှီပြီး လိုက်လာသောအကိုသည် အခုကျတော့ အကောင်းအတိုင်း မြမှူးရှေ့မှာ ရပ်နေသည်။
"ကိုယ်ပြောတာ နားထောင်..ဒီနေ့က ကိုယ်တို့မင်္ဂလာဦးညမလား...ဒါပေမဲ့ မြမှူးနဲ့ ကိုယ်နဲ့က သပ်သပ်စီ အိပ်မှာဆိုတော့ တူတူမအိပ်ပေမဲ့
မင်္ဂလာဦးညအထိမ်းအမှတ်အနေနဲ့ ဒါလေးတစ်ခုတော့ကိုယ့်ကို ခွင့်ပြုပေး"
မြမှူးအကိုဘာပြောချင်နေလဲဆိုတာကို တကယ်နားမလည်ပါ။
"ဟမ် !!အကိုဘာကိုပြော........အွန့်"
မြမှူးစကားတောင်ဆုံးအောင်ပြောခွင့်မရလိုက်
အကိုက မြမှူးပါးနှစ်ဖက်ကို လက်ဖြင့်ကိုင်ပြီး
မြမှူးနှုတ်ခမ်းကို သူ့နှုတ်ခမ်းအစုံဖြင့် ဖိကပ်လိုက်သည်။အံ့သြလွန်း၍ ဘာမှ မလှုပ်ရှားနိုင်တော့ပဲ ကျောက်ရုပ်လိုဖြစ်သွားရသည်။မြမှူးနှလုံးခုန်သံကတော့ အပြင်ထိတောင် ကြားရလောက်ထိအထိ တဒုန်းဒုန်းခုန်နေသည်။
၁၀စက္ကန့်လောက် နမ်းပြီးတဲ့ အခါမှာတော့ အကိုက ဖိကပ်ထားရာမှ အနည်းငယ်ပြန်ခွာ ပြီးမြမှူးရဲ့မျက်လုံးတွေကို ရီဝေဝေအကြည့်တွေနဲ့ကြည့်နေသည်။
တကယ်ဆို ဘုန်းမြတ်ကို ရဲသွေးနောင်တို့မြှောက်ပေးထားသည်မှာ အခန်း၀ကိုရောက်လျှင် မြမှူးနမ်းပြီး အခန်းထဲ၀င်ပြေးရန်ဖြစ်သည်။ဒါပေမဲ့ မြမှူးရဲ့ နူးညံ့အိထွေးသော နှုတ်ခမ်းဖျားကနေ ဘုန်းမြတ် ရုန်းမထွက်နိုင်ခဲ့။စိတ်ဆိုးလို့ ပါးရိုက်လဲ အရိုက်ခံမယ်လို့သာ ဆုံးဖြတ်လိုက်သည်။
အရက်ရဲ့ တန်ခိုးကြောင့်ပဲလား မြမှူး နှုတ်ခမ်းရဲ့အထိအတွေ့ကြောင့်ပဲလားမသိ ဘုန်းမြတ် နောက်တစ်ခါထပ်ပြီး နမ်းရှိုက်ချင်စိတ်ဖြစ်လာပြန်သည်။မြမှူးကတော့ မျက်လုံးအ၀ိုင်းသားနဲ့ကြည့်နေပေမဲ့ ထိုရုပ်ကလေးကိုက ထပ်ပြီးဆွဲဆောင်မှုရှိနေပြန်သည်။ဘုန်းမြတ် မြမှူးရဲ့ ပါးကိုလက်ဖြင့် နူးညံ့စွာကိုင်လိုက်ပြီး ထပ်မံနမ်းရှိုက်ရန် နှုတ်ခမ်းဖျားနားကို တဖြည်းဖြည်းချဥ်းကပ်လိုက်သည်။
အခုချိန်မှာ မြမှူးလဲဘာကိုမှ တွေးမနေတော့ပါ မြမှူးကိုယ်တိုင်ကလဲ အကို့အထိအတွေ့ကနေ မရုန်းထွက်နိုင်တော့တာ ၀န်ခံပါသည်။တကယ်ဆို မြမှူးက အကို့ကို တိတ်တခိုး ချစ်နေခဲ့ရသည်မှာ ကြာနေပြီမလား။ဒါကြောင့်
အကို့ရဲ့ ရီဝေဝေမျက်လုံးတွေကို ကြည့်ပြီး နောက်တစ်ခါ ထပ်လာမဲ့ အနမ်းကိုသာ မျက်လုံးစုံမှိတ်ပြီး စောင့်ကြိုလိုက်သည်။
×××××××××××××××××××××××××××××××××××
ဒီနေ့အပိုင်းကို ဒီမှာတင် ခဏရပ်ပါမယ်
မီ အကျင့်လေးနည်းနည်းယုတ်ပါရစေ hee"😜
Zawgyi
"ျမမွဴး ေနာက္မိနစ္၂၀ ေလာက္ေနရင္ ျပင္ဆင္ၿပီး ေအာက္ထပ္ကိုဆင္းခဲ့ေနာ္ ကိုယ္တို႔ညစာအျပင္မွာသြားစားၾကမယ္"
မိန္းကေလးတစ္ေယာက္ေရ႔ွမွာ ပုဆိုးကြင္းလံုးကြၽတ္က်တာေတာင္ မရွက္ပဲ အစားစားဖို႔အေၾကာင္းသူကေျပာေနႏိုင္ေသးသည္။
"ၿပီးေရာ ၿပီးေရာ ခနေနရင္ ဆင္းခဲ့မယ္ ေအာက္မွာေစာင့္ေန"
ျမမွဴး ေဆာင့္ေအာင့္ ၿပီးျပန္ေျဖရင္း ေရခ်ိဳးဖို႔ျပင္လိုက္သည္။
ဘုန္းျမတ္ အခန္းျပင္မွာရပ္ေနေပမဲ့ မ်က္ႏွာပိုးကအခုထိမသတ္ႏိုင္ ။ခုနက ျမမွဴးရွက္ေနတဲ့ပံုကို
စဥ္းစားေလ ပိုရီခ်င္ေလ ျဖစ္ေနသည္။တစ္ေယာက္ထဲႀကိတ္ၿပီး တခြီခြီနဲ႔ ရီေနတာ သူမ်ားတကာျမင္ရင္ ရူးေနတာလားလို႔ေတာင္ထင္ႏိုင္သည္။
"ခ်စ္စရာေလး"
ေအာက္ထပ္ဆင္းလာရင္း ရီၿပီး တစ္ေယာက္ထဲေျပာလိုက္သည္။ျမမွဴးကရွက္ေနတဲ့ အခ်ိန္ဆိုရင္ ပိုခ်စ္ဖို႔ေကာင္းတယ္ဆိုတာ သိလိုက္ရၿပီျဖစ္သည္။
××××××××××××
ဘုန္းျမတ္ ေရခ်ိဳး ေခါင္းေလ်ွာ္ၿပီးတာနဲ႔ ေပါ့ေပါ့ပါးပါး စပို႔ရွပ္တစ္ထည္နဲ႔ ဒူးေခါင္းအတိ ေဘာင္းတီတစ္ထည္ကိုသာ ၀တ္ဆင္ထားၿပီး ေခါင္းေရသုတ္ရင္း ျမမွဴးကို ေစာင့္ေနလိုက္သည္။သိပ္မၾကာလိုက္ အေပၚထပ္ကေန ခဲေရာင္အက်ႌ လက္ရွည္ ကို style pant နဲ႔ တြဲ၀တ္ၿပီး ဆင္းလာသည္။ရုပ္ကေတာ့ ဆူပုတ္ပုတ္နဲ႔ သိပ္အခဲမေၾကတဲ့ပံုရိွသည္။ဘာmake upမွ မလိမ္းျခယ္ထားတာေတာင္ ပင္ကိုၾကည္လင္ေနေသာ အသားအရည္ေၾကာင့္ ေျပာင္ရွင္းၾကည္လင္ၿပီး လွေနေလသည္။ႏႈတ္ခမ္းနီကို သူဆိုးေနက်
အနီစိုစို ေလးဆိုးထားသျဖင့္ ႏႈတ္ခမ္းဖူးဖူးေလးက ခ်ယ္ရီေလးတစ္လံုးလို ကိုက္စားခ်င္စရာျဖစ္ေနသည္။
"သြားမယ္...ဗိုက္ဆာေနၿပီ"
အေပၚထပ္ကေန ဆင္းလာၿပီး ဘုန္းျမတ္အနားေတာင္ မကပ္ပဲ ထိုစကားတစ္ခြန္းထဲသာေျပာၿပီး အိမ္ျပင္ထြက္သြားေလသည္။ဘုန္းျမတ္ကေတာ့ မလြယ္ဘူးဆိုတဲ့ သေဘာနဲ႔ ရီရင္း ေခါင္းခါၿပီး ျမမွဴးေနာက္ကို အေျပးလိုက္သြားေတာ့သည္။
ကားေပၚေရာက္ေတာ့ ဘုန္းျမတ္ဘက္ကို မၾကည့္ပဲ ျပတင္းေပါက္ဘက္သာ မ်က္ႏွာလႊဲထားေတာ့သည္။အခုခ်ိန္မွာ ျမမွဴး ဘုန္းျမတ္ကို ၾကည့္လ်ွင္ ထိုပံုရိပ္သာ ေပၚေပၚလာသျဖင့္ မ်က္ႏွာလႊဲထားျခင္းျဖစ္သည္။
"ျမမွဴး ဘာစားခ်င္လဲ"
"ရတယ္ အကိုအဆင္ေျပတာစား ျမမွဴးကဘာပဲျဖစ္ျဖစ္ရတယ္"
"ဟာ.. ကိုယ္က ျမမွဴးစားခ်င္တာကိုေမးေနတာေလ....မရဘူး..ျမမွဴးမေျဖရင္ ကိုယ္ကားဆက္မေမာင္းေတာ့ဘူး"
ဗိုက္ကဆာေနပါတယ္ ဆိုေနမွ အကိုက အရစ္ရွည္ေနသျဖင့္ ျမမွဴး အကို႔ကို ထုရိုက္ပစ္ခ်င္စိတ္ေတာင္ေပါက္လာရသည္။မေျဖျပန္ရင္လဲ တကယ္ ဆက္မေမာင္းေတာ့မဲ့ ပံုရိွသျဖင့္ အနီးအနားက အဆင္ေျပမယ့္ ဆိုင္တစ္ဆိုင္ကို အျမန္စဥ္းစားလိုက္ရသည္။
"အဲ့ဒါဆိုလဲ ××××× pasta ဆိုင္ကိုသာေမာင္းေတာ့"
ျမမွဴး ေျဖေတာ့မွသာ ခုနက မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္ေနေသာအကိုက အခုမွ ၿပံဳးသြားကာ ကားကို ဆိုင္ရိွရာကို ေမာင္းေတာ့သည္။အကိုက အသက္က ျဖင့္ ၂၇ရိွေနၿပီ တစ္ခါတစ္ေလ ကေလးဆန္ခ်င္ေသးတယ္လို႔ ေတြးမိလိုက္သည္။
××××××××××××
Pasta ဆိုင္ကိုေရာက္ေတာ့ အကိုက လူရွင္းတဲ့ ေထာင့္က စားပြဲဝိုင္းကိုထိုင္မည္ဆို၍ ျမမွဴးအကို႔ေနာက္ကို လိုက္ရေသးသည္။
"အကိုတို႔ menu ပါ"
ျမမွဴးတို႔ ထိုင္ၿပီးသည္ႏွင့္ waiterတစ္ေယာက္က menu ကို လာခ်ေပးသည္။
"ျမမွဴး ဘာစားမွာလဲ အရင္မွာေလ"
"အင္း... ျမမွဴးက Spicy King Prawn Pastaရယ္
Orange Spritzerရယ္"
"အဲ့ဒါဆို ကိုယ္က Creamy Truffle mushroom
Pasta ရယ္ Lime Sodaရယ္ေပးပါ....ေၾသာ္ ၿပီးေတာ့ sausage ကို extra ထည့္ေပးပါ"
waiterက စာရြက္မွာ မွတ္ၿပီးတာနဲ႔ မီးဖိုေခ်ာင္ဘက္ထြက္သြားေတာ့သည္။
"ျမမွဴး ကိုယ္ေျပာစရာရိွလို႔"
"ဟင္ ေျပာေလ အကို"
"ကိုယ္ေလ အခုျမမွဴးနဲ႔ ညစာစားၿပီးရင္ ျမမွဴးကိုအိမ္ျပန္လိုက္ပို႔ေပးမယ္ ၿပီးရင္ ကိုယ္အျပင္မွာ ရဲေသြးေနာင္တို႔နဲ႔ နဲနဲသြားေသာက္ခ်င္လို႔ရလား.....
အကယ္၍ ျမမွဴးမေသာက္ခိုင္းဘူးဆိုလဲ သူတို႔ကို မတိုက္ေတာ့ဘူးလို႔ေျပာလိုက္လို႔ ရတယ္ေနာ္...
အဲ့ေကာင္ေတြက ကိုယ္မိန္းမယူတဲ့ အထိမ္းအမွတ္အေနနဲ႔ ဇြတ္အတင္း လိုက္၀ယ္တိုက္ခိုင္းေနလို႔သာေျပာေနရတာ"
"ရပါတယ္ အကိုသြားလိုက္ပါ...ျမမွဴးတစ္ေယာက္ထဲလဲေနရဲပါတယ္....မီးမပ်က္ဖို႔သာ အေရးႀကီးတာ"
ျမမွဴးရဲ့ အသံကစကားအဆံုးမွာ တိမ္၀င္သြားသည္ကို ဘုန္းျမတ္သိလိုက္သည္။ျမမွဴးက တစ္ေယာက္ထဲေနရဲေပမဲ့ အေမွာင္ေၾကာက္တတ္တာတစ္ခုေတာ့ရိွသည္။ငယ္ငယ္ကရခဲ့တဲ့ စိတ္ဒဏ္ရာေၾကာင့္ မဟုတ္လား။
"အဲ့ဒါေတာ့ စိတ္မပူနဲ႔ ျမမွဴး
ကိုယ္တို႔အခုေနတဲ့ ရပ္ကြက္က မီးလံုး၀မပ်က္တဲ့ VIP ရပ္ကြက္ေလ....သိတယ္မလား လမ္းထဲမွာက တကယ့္ စီးပြားေရး လုပ္ငန္းရွင္ေတြ ေနၾကတာဆိုေတာ့ မီးကေတာ့ လံုး၀မပ်က္ဘူး စိတ္ခ်"
"အဲ့ဒါဆိုလဲ အကို စိတ္ခ်လက္ခ်သာ သြားပါ
ျမမွဴးကို စိတ္မပူနဲ႔"
ျမမွဴးက ၿပံဳးၿပီး ျပန္ေျဖမွသာ ဘုန္းျမတ္စိတ္ ေအးသြားရသည္။ျမမွဴးကို အၿမဲေပ်ာ္ရႊင္ေနတာကိုပဲ ျမင္ခ်င္တာမို႔ မ်က္ႏွာ တစ္ခ်က္မပ်က္သြားေစခ်င္ပါ။
ခဏ အၾကာမွာေတာ့ မွာထားေတြ ေရာက္လာသျဖင့္ ျမမွဴး စကားေျပာတာကို ရပ္ၿပီး အစားစားဖို႔သာျပင္လိုက္သည္။နဂိုကတည္းက ဗိုက္ဆာေနတာမို႔ pastaေတြကို ခရင္းနဲ႔ လိပ္ၿပီး တစ္လုပ္ၿပီးတစ္လုပ္ ဆက္တိုက္စားေနလိုက္သည္။
"ေရာ့ ျမမွဴးအတြက္"
"အဟြတ္ ...အဟြတ္....အဟြတ္...."
အကို႔ လုပ္ပံုေၾကာင့္ စားလက္စ Pastaပါ သီးသြားရသည္။အကို႔က သူ႔ပန္းကန္ထဲက extraအေနနဲ႔ထည့္ထားေသာ sausageကို ခရင္းျဖင့္ ထိုးၿပီး ျမမွဴး ပန္းကန္ထဲကို ထည့္ေပးလိုက္သည္။အကိုကေတာ့ ျမမွဴးကို စားေစခ်င္တဲ့ ေစတနာနဲ႔ ထည့္ေပးတဲ့ ဆိုေပမဲ့ ျမမွဴးကေတာ့ ေလာေလာလတ္လတ္ျမင္ထားေသာ ကိစၥကို ျပန္ျမင္ေယာင္ၿပီး သီးပါသီးသြားရသည္။
"ျမမွဴး ေရာ့ ေရအျမန္ေသာက္လိုက္"
သူကေတာ့ အျမန္ ေရကို ေရ႔ွတိုးေပးၿပီး ေသာက္ဖို႔ေပးသည္။ျမမွဴးကေတာ့ စားသမ်ွက လည္ေခ်ာင္း၀မွာ တင္တစ္ေနသလို ခံစားေနရၿပီး spicy king ျဖစ္တာေၾကာင့္ ရင္ဘက္တစ္ခုလံုး စပ္ၿပီး ပူေလာင္ေနရသည္။
အကို ျမမွဴးတစ္ခုခုျဖစ္သြားမွာ စိုးရိမ္ေနေသာ မ်က္လံုးမ်ားျဖင့္ၾကည့္ေနသျဖင့္ ျမမွဴးက အဆင္ေျပတဲ့ပံုစံျဖင့္ လက္ကာျပလိုက္သည္။
ဟိုကပုဆိုး ကြၽတ္က်တဲ့သူကဘာမွ မျဖစ္ေတာ့ဘူး ဒီက ျမင္တဲ့သူက အျဖစ္သည္း ေနတာေၾကာင့္ ျမမွဴး ကိုယ့္ကိုယ္ကိုသာ ဆြဲလိမ္ပစ္လိုက္ခ်င္သည္။
"ရတယ္အကို မွဴး ဘာမွ မျဖစ္ဘူး ဆက္စား"
အကိုက အစားေတာင္ ဆက္မစားေတာ့ပဲ ျမမွဴးကိုပဲ ၾကည့္ေနသည္မို႔ အဆင္ေျပၾကောင္းေျပာရေသးသည္။
××××××××××
အကိုက ၿခံေရ႔ွမွာ ကားရပ္ၿပီး ျမမွဴးအိမ္ထဲ၀င္သြားသည္အထိ ရပ္ၾကည့္ေနသည္။အိမ္ထဲေရာက္သြားၿပီ ဆိုမွ ကိုရဲေသြးေနာင္တို႔နဲ႔ ခ်ိန္းထားတဲ့ဆီ ေမာင္းၿပီး ထြက္သြားေတာ့သည္။
"အမေလး.... ဟိုမွာလာပါၿပီ မိန္းမယူၿပီးတာျဖင့္ တစ္ရက္ေတာင္မျပည့္ေသးဘူး အျပင္ထြက္ဖို႔ မနည္းခြင့္ေတာင္းလာရတဲ့ရုပ္နဲ႔"
ဘုန္းျမတ္ စားပြဲနားေရာက္တာနဲ႔ ရဲေသြးေနာင္နဲ႔ မင္းခန္႔တို႔က တန္းၿပီး စကားနာထိုးေတာ့သည္။
"မင္းတို႔ကလဲကြာ ေတြ့တာနဲ႔ ခြပ္ဖို႔ႀကီးပဲ"
"ငါအဲ့ႏြားကို မနက္ကတည္းကေျပာခ်င္ေနတာသိလား.....အခြက္ႀကီးကၿပံဳးၿဖီးေနတာပဲ..ဘယ္တုန္းကတည္းက ျမမွဴးကိုႀကိတ္ႀကံေနလဲမသိဘူး"
မင္းခန္႔က beerတစ္ႀကိဳက္ေမာ့လိုက္ရင္း ရဲေသြးေနာင္ကို မ်က္ခံုးပင့္ၿပီး ေျပာလိုက္သည္။
"ဟုတ္တယ္ ဟုတ္တယ္ အဲ့ဒါေတာ့ ငါလဲေထာက္ခံတယ္ မင္းဟာက ငါက ညီမေလးလိုပဲ သေဘာထားတာပါ ဆိုၿပီး ဟိုက မီးစိမ္းျပတာနဲ႔ ႀကံေတာ့မယ့္ရုပ္ႀကီးနဲ႔"
ရဲေသြးေနာင္ကလဲ အားက်မခံ ၀င္ေျပာေသးသည္။
"ငါကတကယ္ျမမွဴးကို ညီမေလးလိုပဲ သေဘာထားတာပါကြာ ညက်ရင္လဲ သူနဲ႔ငါနဲ႔ တစ္ခန္းစီ သပ္သပ္အိပ္မွာပါ...သူကအေပၚထပ္ ငါကေအာက္ထပ္"
"ဟ မင္းဟာကလဲ မဂၤလာၪီးညကို ဒီအတိုင္းျဖတ္သန္းေတာ့မလို႔လား ႏွေျမာစရာႀကီး....ဘယ္ေလာက္ပဲ သပ္သပ္စီေနမယ္ပဲေျပာေျပာ ေနာက္ႏွစ္ေတြၾကာလို႔ မင္းတို႔အခ်င္းခ်င္းခ်စ္သြားၾကရင္ ျပန္ေျပာျပလို႔ရေအာင္ အမွတ္တရအေနနဲ႔ တစ္ခုခုေတာ့ လုပ္သင့္တယ္ ငါ့ေကာင္ႀကီးေရ"
"ဟမ္ ! ငါကဘာကိုလုပ္ရမွာလဲ "
"အဲ့ဒါကို ေနာက္မွ ေျပာျပမယ္ အခုေသာက္လိုက္ၪီး"
Advertisement
- In Serial82 Chapters
Transmigrated Into A Blind Woman's Body
"What?!?!" Seeing nothing in her view, she then opened her eyes that had a blindfold covering around her eyes. Seeing colors appear before her as she saw blue in her view, then feeling sadness from above which made her heart ache. 'Is this... another sense... for my eyes.' Thinking about it, she did not know if any of this was real or not. "Ning'er! Your awake!" Hearing a woman say, she was hugged by the woman when she could not see who they were. "My silly daughter! Why did you jump into that pond?!" Hearing the woman crying, she had no idea who this was. 'W-Where did I end up at?!' Not knowing where she had gone, her mind ran with thoughts since the last thing she could recall was the sound of the bus that she took crashing. ***Time skip..."Are you really fine with a blind woman like me as your wife?" Lin Ning asked the man who had propsosed to her. "How many times have I told you." Wrapping the woman with his single arm, he sealed her lips with his. "Do not ever call yourself a blind woman. You are the woman that I chose out of all of them." "But..." "Do you regret falling in love with this cripple man?" Cutting her off, he did not allow her to finish.***Can Be Found On: -Wattpad-Patreon-Scribble Hub-RoyalRoad
8 257 - In Serial51 Chapters
What You're Not
When she moves to a new town, all Loren wants is a fresh start. But things get complicated when she falls for Miles, the cute boy who wants to know her secret. *****When Loren Reed moves to Westbrook all she wants is to put her past behind her. And she has a plan to do it: she'll get back into sewing, make some new friends, and pull her grades up. In short, she'll show her mom that she's not going to be a shut-in anymore, and that she's moved on from the tragic events of four years ago. The only problem? Miles Hanson, the cute football player who wants to know everything about her. As it turns out, Loren and Miles may have more in common with their pasts than they ever realized...[[word count: 90,000 - 100,000]]Cover designed by Ria AmeliaTrigger warning: This story mentions the death of a parent and sibling
8 157 - In Serial13 Chapters
VegasPete (Fanfic)
This is just a fanfic for those who are supporting VegasPete.
8 76 - In Serial52 Chapters
Brightside
"I shook out of my sad thoughts and tried to look at the brightside. It was hard to find one at first but I did. I clung on to the thought of me being successful and far far away from here."Read my other books Proclivity and Lighter😁Shoutout to @DepresseionsLesbian for motivating me to start this story
8 242 - In Serial32 Chapters
Smile For The Camera ~ trixya
Katya knew what she had to do. There was no way she'd let an amateur ruin her movie. If she couldn't get someone else to fix the situation, she'd simply take care of the problem herself. If no one else would remove Trixie from the movie, she'd make the girl quit.Oh, she was gonna make Trixie Mattel's life hell.Highest rank: #2 in trixya
8 105 - In Serial21 Chapters
World of Color | Skephalo
Zak has always wondered about when he would be able to see the color of the sky, or the grass or even his mother's eyes. All his life, he's lived surrounded by shades of white, black and grey. He longed to see what the world around him truly looked like, and when that day would come.Darryl has become used to the bland world he lived in, no longer imagining what his hair color was, or the color of his dog's fur. Any mention of color in conversation made him completely close off and turn into an emotionless being. That is, until he saw the light blue sweatshirt in front of him.*Complete as of October 25, 2019*
8 417

