《ကံကြမ္မာစေရာ [OC] (Completed)》Ep_17
Advertisement
Uni
ဒီနေ့ ပုံမှန်အတိုင်း ဂျူတီပြန်ဆင်းတော့ အားလပ်ချိန်တွင် ဘုန်းမြတ်ရှိရာနေရာသို့ ရဲသွေးနောင် ဂျူတီကုတ်တကားကားနဲ့ ရောက်လာတော့သည်။
"သားကြီး ဟိုနေ့ညက အခြေအနေဘယ်လိုလဲ "
စပ်ဖြဲဖြဲရုပ်နဲ့ မေးနေသော ရဲသွေးနောင်ရုပ်က ဖြတ်ကန်ချင်စရာကောင်းနေသည်။
"အခြေအနေကတော့ ကောင်းတယ်....
မင်းတို့ပြောတဲ့အတိုင်း စမ်းသပ်ကြည့်တာ မြမှူးတော့မသိဘူး ငါတော့ရင်တွေခုန်လွန်းလို့ နှလုံးရောဂါရပြီတောင်ထင်တာ"
"ဟားဟားးဟားးဟားးးငါ့ကောင်ကြီး မင်း၀န်ခံလိုက်ပါတော့ကွာ....မြမှူးကို မင်းချစ်နေပြီဆိုတာကိုလေ"
ဘုန်းမြတ် မိမိခံစားချက်ကို ဖုံးကွယ်ထားပြီး ကိုယ့်ကိုယ်ကို ပြန်မလိမ်ချင်တော့ပါ။
"အေးကွာ ၀န်ခံတယ် မင်းတို့ပြောတာမှန်တယ်....ဒါပေမဲ့ ငါမြမှူးကို မပြောရဲဘူးကွ.....
တော်ကြာငါ့ကို အခွင့်အရေးသမားလို့ ထင်သွားမှာလဲစိုးတယ်ကွ"
"အဲ့ဒါဆို မင်းသူ့ကိုနမ်းတာကျတော့ရော အခွင့်အရေးယူတာလို့ မထင်နိုင်ဘူးလား"
"အဲ့ဒါတော့ မသိဘူး....လောလောဆယ်
တော့ငါ အရူးကွက်နင်းထားတယ်....အဲ့ညက အရက်မူးနေလို့ ဘာတစ်ခုမှ မမှတ်မိဘူးဆိုပြီး
တော်ကြာ သူရှက်နေမှာစိုးလို့ မသိချင်ယောင်ဆောင်ထားတယ်"
"အဲ့တော့ သူကယုံလား"
"ငါကအတည်ပေါက်ကြီး ရုပ်ရှင်ရိုက်ပြလိုက်တော့သူက ယုံတာပေါ့"
"မင်းက ဒါမျိုးကျတော့ သင်ပေးစရာမလိုဘူးနော်......အဲ့တော့.... ဘာဆက်လုပ်မယ် စဥ်းစားထားလဲ"
"အခုတော့ မြမှူးကို ဖွင့်မပြောချင်သေးဘူး.....
ယမုံ့နဲ့ ပြတ်သွားတာဖြင့် ဘယ်လောက်မှ မကြာသေးဘူး ငါကသူ့ကိုချစ်တယ်သွားပြောရင် ယုံမှာမဟုတ်ဘူး....အဲ့တော့ ငါသူ့ကိုချစ်နေတယ်ဆိုတာ သူရိပ်မိလောက်မယ့် အပြုအမူတွေ လုပ်ပြနေတယ်......အခြေအနေကောင်းပြီဆိုတာနဲ့ ဖွင့်ပြောမယ်ကွာ"
"သြော်.....ဘုန်းမြတ်ဘ၀ကလဲ ဆိုးလိုက်တာ..
လက်ထပ်ပြီးတော့မှ ကိုယ့်မိန်းမကို ပြန်ဖွင့်ပြောရမယ့်အဖြစ်ပါလား....ဒါပေမဲ့ ငါအကြံပေးမယ်
အချိန်အကြာကြီးသိပ်မဆွဲနဲ့.....ဟိုကောင်မလေးက ငယ်ငယ်ချောချောလေး အခုမှ ဆယ်ကျော်သက်အရွယ် မင်းက ၂၇ပြည့်လို့ ၃၀ကိုမျက်စောင်းထိုးနေပြီ တော်ကြာကျန်ရစ်ဖြစ်နေဦးမယ် ငါ့ကောင်ကြီးရေ"
ဒီတစ်ခါ ရဲသွေးနောင် ပြောတဲ့စကားကိုတော့ ဘုန်းမြတ်လက်ခံသည်။မြမှူးက အခုမှ ၁၉ပြည့်ခါနီးပဲရှိသေးတယ် သူက ၂၇တောင်ပြည့်ပြီးနေပြီ။ဘယ်လောက်ပဲ မြမှူးက ဘုန်းမြတ်ကို သဘောကျနေတယ်ပဲပြောပြော သူအချိန်ဆွဲလွန်းလျှင် မြမှူးက ဘုန်းမြတ် သူ့ကိုမချစ်ဘူးထင်ပြီး စိတ်ကုန်သွားမှာကိုလဲ စိုးရိမ်သည်။ဒါကြောင့် အချိန်သိပ်ဆွဲလို့တော့ မဖြစ်ဘူးဆိုတာ သိလိုက်သည်........"
××××××××××××××
အကိုနဲ့ မြမှူး တစ်အိမ်ထဲတူတူနေပြီး မဆုံဖြစ်သည်မှာ ဒီနေ့နဲ့ဆို ၈ရက်ရှိနေပြီဖြစ်သည်။အကြောင်းအရင်းက မြမှူး စာမေးပွဲဖြစ်နေရခြင်းကြောင့်ဖြစ်သည်။စာမေးပွဲဖြေပြီး ပြန်လာတာနဲ့ အခန်းထဲတန်း၀င်ပြီး စာကျက်ကာ အကိုပြန်လာတဲ့အချိန်ဆို ညဥ့်နက်နေပြီဖြစ်၍ မြမှူးအိပ်နေပြီဖြစ်သည်။ မနက်ဆိုရင်လဲ အကိုက အစောကြီးဆေးရုံကို သွားတဲ့ အချိန် မြမှူးက စာကျက်ပြီး ကျောင်းသွားဖို့ ပြင်ဆင်နေတာကြောင့် အောက်ထပ်မဆင်းဖြစ်ပေ။ဒါကြောင့် တစ်အိမ်ထဲတူတူနေပြီး စကားတောင်သေချာမပြောဖြစ်ကြပါ။
ဒါပေမဲ့ အကိုက မြမှူးစားဖို့အတွက် မုန့်တွေကိုတော့ အမြဲ ရေခဲသေတ္တာထဲ၀ယ်၀ယ်ပြီး ထည့်ပေးထားသည်။
အခုလဲ မြမှူးကျောင်းသွားခါနီး ရေခဲသေတ္တာထဲက ဖျော်ရည်သောက်မလို့လုပ်တုန်း ရေခဲသေတ္တာရှေ့မှာ စာတစ်စောင်ကပ်ထားခဲ့တာကြောင့် ဖတ်ကြည့်မိလိုက်သည်။
"ဒီနေ့ မြမှူးစာမေးပွဲ နောက်ဆုံးနေ့မလား
စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ကိုယ်မြမှူးစားချင်တာလိုက်၀ယ်ကျွေးမယ်
ညနေကျရင် ဆေးရုံကို လိုက်လာခဲ့ ၆နာရီ ကြရင် ဂျူတီ ပြီးပြီ
ကိုယ်စောင့်နေမယ်နော်...စာမေးပွဲကောင်းကောင်းဖြေခဲ့❤️"
ဆရာ၀န် လက်ရေး ခပ်သော့သော့ဖြင့် ရေးထားသော အကို့စာကိုဖတ်ပြီး မြမှူး ရင်ထဲမှာပျော်ရွှင်သွားရသည်။စာရဲ့အဆုံးမှာ အသဲပုံလေးက ပါလိုက်သေးသည်။သေချာတာကတော့ အကို့စာကြောင့် မြမှူးစာမေးပွဲဖြေနိုင်တော့မှာကျိန်းသေနေပြီဖြစ်သည်။
××××××××××××××
မြမှူး စာမေးပွဲဖြေပြီး ထွက်လာတာနဲ့ ယွန်းမီနဲ့အတူ ကန်တင်းသွားထိုင်လိုက်သည်။အကိုနဲ့ ချိန်းထားတာ ညနေ၆နာရီ အခုက ၁၂နာရီပဲရှိသေးသည်မို့ အေးအေးဆေးဆေး နေလို့ရသေးသည်။
ညကျရင် အကိုနဲ့အတူ ဘာစားရင်ကောင်းမလဲ စဥ်းစားနေတဲ့ အချိန် အရှေ့တည့်တည့်ကနေ မျက်မှောင်ကြီးကျုံ့ပြီး စူပုတ်ပုတ်နဲ့ကြည့်နေသော ယွန်းမီကြောင့် မြမှူး အတွေးတွေ လွင့်စင်သွားရသည်။
"မြမှူး.....နင်ဘာတွေတွေးပြီး ပြုံးနေတာလဲ"
"ဟင်...ဟီးးးဟီး ညနေကျရင် အကိုနဲ့ ချိန်းထားလို့ ဘာစားရင်ကောင်းမလဲစဥ်းစားနေတာ"
"သိပ်ပျော်နေတယ်ပေါ့ ဟုတ်လား.....ဒါနဲ့ နင့်အကိုက နင့်အပေါ်မှာရော ကောင်းကောင်းဆက်ဆံရဲ့လား"
"အင်း...အကိုက ငါ့အပေါ်အမြဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတယ်ဟ.....အရင်တုန်းက ငါ၀မ်းနည်းခဲ့တာတွေအစား အခုတော့ အကို့ကြောင့် ငါပျော်ရွှင်နေရပြီ"
"အေးပါ နင်အဆင်ပြေရင် ပြီးတာပဲ......
ငါအမြင်မှာလဲ သူက သဘောကောင်းပြီး ကြင်နာတတ်မယ့်ပုံပါပဲ"
"အေးလေ......သူအဲ့လိုတွေ သဘောကောင်းပြီး ကြင်နာတတ်တာကြောင့်လဲ ငါ့မှာ မြင်မြင်ချင်း အရူးအမူးဖြစ်ခဲ့တာလေ"
"ဒါနဲ့ အကို့ရည်းစားဟောင်း ရွှန်းလဲ့ယမုံ့အကြောင်း နင်ဘာကြားသေးလဲ"
"အဲ့မိန်းမလား...အဲ့နေ့ပွဲကြမ်းပြီးကတည်းက
ဖေဖေ့ကုမ္ဗဏီကိုလဲ မလာတော့သလို သူ့အကြောင်းလဲ ဘာအသံမှကို မကြားတော့တာ...
ဘယ်နေမှာသွားပြီး ဇာတ်မြုပ်နေလဲမသိဘူး....နင်နဲ့ ကိုဘုန်းမြတ်နဲ့ လက်ထပ်ထားကိုတော့ မသိလောက်ဘူးထင်တယ်.....ဒါပေမဲ့ သတိထားနေနော်...ဘယ်အချိန်ပြန်ပေါ်လာဦးမလဲမသိဘူး...အဲ့မိန်းမ လွယ်တဲ့အကြောမဟုတ်ဘူး.... တော်ကြာ မစားရတဲ့ အမဲ သဲနဲ့ပတ်လုပ်ပြီး နင်တို့ကိုလာနှောက်ယှက်နေဦးမယ်"
ယွန်းမီစကားကြောင့် မြမှူးအနည်းငယ် တွန့်မိသွားတာတော့ အမှန်ပင်။ဒါကြောင့် အတ္တကြီးတယ်ပဲပြောပြော မြမှူးအကို့ကို ဘယ်သူ့လက်ထဲကိုမှ မြမှူး အပါမခံနိုင်တော့ပါ။
×××××××××××
အချိန်က ညနေ ၆နာရီကို စွန်းစွန်းလေးကျော်နေပြီဖြစ်သည်။ကားပေါ်ကဆင်းတာနဲ့ အရေးပေါ်ဋ္ဌာနဆီတန်းသွားလိုက်သည်။ဆေးရုံက အရေးပေါ်ဋ္ဌာနဆိုသည့် အတိုင်း လူကတော့ အတော်များသည်။မြမှူး အကို့ကို လိုက်ရှာနေရသည်မှာ မူးနောက်နေတဲ့ အထိတောင်ဖြစ်နေသည်။
Advertisement
"မြမှူး....."
မြမှူးဆိုပြီး ရင်းနှီးနေတဲ့ ခေါ်သံကြောင့် ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ပြီးအကိုပင်ဖြစ်သည်။အကိုက အခုမှ ဂျူတီချိန်ပြီးလို့ ထွက်လာသည့်ပုံစံ။ရှပ်အင်္ကျီအဖြူ လက်ရှည်ကို လက်တံတောင်ဆစ်အထိ ခေါက်တင်ပြီး ၀တ်ထားသောအကို့ပုံမှာ မြမှူးအတွက်တော့ ရင်ခုန်စရာဖြစ်နေသည်။နဂိုကတည်းက ဖြူသန့်ပြီး
ချောလွန်းလှသော အကိုသည် အင်္ကျီအဖြူ၀တ်ထားသော နဂိုထက်ပိုခန့်ညားနေပြီး မင်းသားရှုံးလောက်အောင် သားနားနေတော့သည်။မြမှူးက အကို့ကို ပြုံးပြီး ကြည့်နေသလို အကိုကလဲ မြမှူးဆီကို ပြုံးပြီး လမ်းလျှောက်လာလေသည်။
"မြမှူး အခုမှ ရောက်တာလား"
"အင်း..ဟုတ်တယ် အကိုရော စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူး....ကိုယ်လဲ အခုပဲဂျူတီချိန်ပြီးတာ.....မြမှူးဘာစားချင်လဲဆိုတာကိုရော စဥ်းစားပြီးပြီလား"
"အင်း...မြမှူး BBQ နဲ့ Hot pot စားချင်တယ်"
အစားဆိုတဲ့ အသံကြားတာနဲ့ မျက်လုံးများက ချက်ချင်းအရောင်တောက်လာပြီး တက်ကြွသွားသောမြမှူးကို ကြည့်ပြီး ဘုန်းမြတ် သဘောကျရပြန်သည်။
ထိုစဥ် ဆေးရုံ၀န်းထဲကို အရေးပေါ်လူနာတင်ယာဥ်များ တန်းစီပြီး၀င်လာသဖြင့် အားလုံးရဲ့ အကြည့်များကထိုစီမှာ။
"အကို ဘာဖြစ်တာလဲ မသိဘူး"
"အင်း ကိုယ်သွားကြည့်လိုက်ဦးမယ် မြမှူးဒီမှာ ခဏစောင့်နေ"
အကိုကပြောပြီးတာနဲ့ ထိုဆေးရုံကားရှိရာကို တန်းပြေးသွားတော့သည်။
"ဘာ case လဲ!"
ဘုန်းမြတ် အရေးပေါ်ကားပေါ်က စေတနာ့၀န်ထမ်းတစ်ဦးကိုမေးလိုက်သည်။
"ခရီးသည်ယာဥ်တစ်စီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းတွေ သယ်လာတဲ့ ကုန်တင်ကားနဲ့ တိုက်မိတာပါ"
"အထိအခိုက်ဘယ်လောက်ရှိလဲ"
"အရေးပေါ် ၁၄ယောက်နဲ့ အသေးစားထိခိုက်တာ
၆ယောက်ပါ ခရီးသယ်ယာဥ်က ဒရိုင်ဘာကတော့ အခင်းနေရာမှာတင် ပွဲချင်းပြီး ဆုံးသွားပါပြီ"
အခြေအနေအကြမ်းဖျင်းကို သိရပြီမို့ ဘုန်းမြတ် မြမှူးရှိရာကို ပြန်လာခဲ့သည်။
"မြမှူး ဘယ်လိုလုပ်မလဲ အရေးပေါ်လူနာကများနေတော့ ကိုယ်၀င်ကူပေးမှရမယ်ထင်တယ်
မြမှူးပြန်ရင်ပြန်နှင့်လိုက်တော့နော် မုန့်ကနောက်နေ့မှ လိုက်၀ယ်ကျွေးတော့မယ်"
"ဆရာ အရေးပေါ်"
အနောက်ကနေ သူနာပြုတစ်ယောက်ရဲ့အော်သံကြောင့် မြမှူးပြန်ဖြေတာတောင်မစောင့်တော့ပဲ အကိုက လူနာဆီအပြေးသွားတော့သည်"
မြမှူး သက်ပြင်းရှည်ကြီး တစ်ခုချမိပြီး လူရှင်းသောထောင့်တစ်နေရာက အကိုကိုလှမ်းကြည့်နေမိတော့သည်။အကိုကတော့ အသက်ကယ်ဖို့အတွက် အသဲအသန် ကြိုးစားနေသည်မှာ အကို၀တ်ထားသော အင်္ကျီအဖြူလေးက သွေးများပင်စွန်းထင်နေပြီဖြစ်သည်။
အကိုက အလုပ်ကို အာရုံစိုက်နေ၍ မြမှူးကိုပြန်သွားပြီလို့တောင်ထင်နေလောက်သည်။
အခုဆိုရင် မြမှူး အကိုအလုပ်ပြီးတဲ့အချိန်အထိ ထိုင်စောင့်နေသည်မှာ ည၈နာရီပင်ထိုးနေပြီဖြစ်သည်။အကိုက ထပ်ပြီး ခွဲစိတ်ခန်းထဲကို ၀င်သွားပြန်၍ မြမှူး ထိိုနေရာမှာပဲ မလှုပ်မယှက် ထိုင်စောင့်နေသည်။မြမှူး ဗိုက်ဆာနေပေမဲ့ အကိုလဲ အခုချိန်ဗိုက်ဆာနေလောက်မယ် ထင်၍ အကိုအလုပ်ပြီးမှ တူတူစားမယ်လို့ ဆုံးဖြတ်ပြီး ရေသာသောက်နေလိုက်သည်။
"AB အရေးပေါ် ၁၀လုံးလိုတယ်
သွေးဋ္ဌာနကို ဆက်သွယ်ထား"
ခွဲစိတ်ခန်းထဲကနေ ဆရာမတစ်ယောက်အပြေးထွက်လာပြီး အော်လိုက်ခြင်းဖြစ်သည်။
"ဒီနေ့AB အရေးပေါ်သမားတွေများလို့ အခုလောလောဆယ် ၅လုံးလောက်ပဲ ရဦးမယ်....
နီးစပ်ရာ သွေးလှူဘဏ်တွေကို လဲ ဆက်သွယ်ထားတယ် နောက် နာရီ၀က်လောက်နေရင်ရမယ်"
အရေးပေါ်ကောင်တာက Nurseက ပြန်ဖြေလိုက်တာကြောင့် မြမှူးထိုင်နေရာမှ ထိုဆေးကောင်တာဆီ ထသွားမိသည်။
"ညီမသွေးက AB+ပါ ညီမလှူလို့ရနိုင်မလား"
"ဟုတ်လား ဒါဆို လှူဖို့ အရင်ဆုံးလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့ လိုက်ခဲ့ပေးပါနော်"
"ဟုတ်ကဲ့"
မြမှူး ငူငူငိုင်ငိုင်ကြီးထိုင်နေရာမှ အကျိုးရှိတဲ့ အလုပ်တစ်ခုလုပ်ရတော့မှာ ဖြစ်၍ တက်ကြွလန်းဆန်းသွားသည်။
××××××××××××
ဘုန်းမြတ် ခွဲစိတ်ခန်းထဲက ထွက်လာတော့ အချိန်က ၉နာရီခွဲနေပြီဖြစ်သည်။ဒီအချိန်ဆိုရင် မြမှူးအိမ်ပြန်ရောက်လောက်ပြီ ထင်၍ အိမ်ကိုပြန်ရန် ခြေလှမ်းပြင်လိုက်သည်။
"ဆရာ"
အနောက်ကနေ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် ဘုန်းမြတ်လှည့်ကြည့်လိုက်တော့ သူနာပြုဆရာမ တစ်ဦး။
"ဟိုလေ ခုနက ဆရာနဲ့ စကားရပ်ပြောနေတဲ့ ညီမလေးက သွေးလှူတဲ့ အခန်းထဲမှာရှိတယ်ဆရာ
ဆရာသူ့ကို လိုက်ရှာနေမယ်ထင်လို့ပြောပြတာပါ"
"ဟမ် သူက သွေးလှူတဲ့အခန်းထဲမှာဟုတ်လား"
"ဟုတ်တယ်ဆရာ ခုနက ဆရာခွဲစိတ်နေတဲ့ လူနာ အရေးပေါ်လိုနေတဲ့ သွေးကို အဲ့ညီမလေးလှူပေးထားတာ"
သူနာပြုဆရာမရဲ့ စကားကြောင့် ဘုန်းမြတ် ပြုံးမိသွားသည်။မြမှူး ကျေးဇူးကြောင့် သူခွဲစိတ်ရာမှာ ကြုံတွေ့နေခဲ့တဲ့ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့တာမလား
"ဟုတ်ကဲ့ အခုလိုပြောပြပေးတာ ကျေးဇူးပါဗျ
ကျွန်တော် သူ့ဆီသွားလိုက်ဦးမယ်"
ဘုန်းမြတ် ထိုလူကြီးစိတ်နဲ့ ကလေးဆန်သော ကောင်မလေးရဲ့အကြောင်းကို ပိုသိလေလေ ပိုသဘောကျရလေလေဖြစ်ရသည်။
ဘုန်းမြတ် သွေးလှူတဲ့ အခန်းထဲ၀င်သွားတော့ ကလေးမက မျက်လုံးမိတ်ပြီး အနားယူနေသည်ကို တွေ့ရသည်။စာမေးပွဲကြောင့် အိပ်ရေးပျက်ထားတာတွေများနေတဲ့အပြင် အခုသွေးလှူထားတာကြောင့် မြမှူး ပင်ပန်းနေမယ်ဆိုတာ ဘုန်းမြတ်နားလည်သည်။
နဖူးတစ်၀ိုက်မှာ ကျသော ဆံစအချို့ကို ဘေးကိုဖယ်ပေးလိုက်တော့ မျက်လုံးတွေ အနည်းငယ်လှုပ်လာသည်။
"ဟင် အကို ဘယ်လိုလုပ်ရောက်နေတာလဲ"
"မြမှူး အကြောင်းတွေ အကုန်ကြားပြီးပြီ ကိုယ့်ကိုကူညီပေးတဲ့အပြင် လူနာအသက်ကိုလဲ ကယ်ပေးခဲ့လို့ မြမှူးကို ကိုယ်ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ရင် ထ ညစာသွားစားမယ်
မြမှူး ဗိုက်ဆာနေပြီ အကိုရော မဆာဘူးလား"
"အင်း ဆာတာပေါ့ "
အကိုက မြမှူးလက်ကိုတွဲပြီး ဆေးရုံထဲက ထွက်သွားတော့ သူနာပြုနဲ့ ဆရာ၀န်အချို့က ပြုံးစိစိနဲ့ ကြည့်နေကြသေးသည်။အခုလက်ရှိအချိန်မှာတော့ မြမှူးအတွက် အပျော်ဆုံးအခိုက်အတန့်တစ်ခုဖြစ်နေသည်။
××××××××××
ဘုန်းမြတ် အိမ်ကိုပြန်ရောက်တော့ အချိန်က ည၁၁နာရီပင်ထိုးနေပြီ။မြမှူးကိုကြည့်တော့လဲ ပင်ပန်းနေ၍ ထင်သည် ကားမှန်ကိုမှီပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။အိမ်ကိုရောက်နေပြီ ဆိုပေမဲ့ မြမှူး အိပ်ရေးပျက်သွားမည်ဆိုး၍ မနှိုးရက်သဖြင့် ကားကိုစက်မသတ်ပဲ AC ဖွင့်ထားပြီး ဆက်အိပ်နေစေသည်။မြမှူး အိပ်ရတာ သက်တောင့် သက်သာ ဖြစ်စေရန် ခါးပတ်ကို ဖြုတ်ပေးပြီး မြမှူးခေါင်းကို လက်ဖြင့် အသာလေး မထားပြီး ခုံကို အနောက်သို့ဖြည်းဖြည်းချင်းလှန်ပေးလိုက်သည်။
Advertisement
ခုံက အနောက်ကိုလန်သွားတော့ မြမှူးခေါင်းကို သေသေချာချာလေး နေရာချပေးလိုက်သည်။
မြမှူးကတော့ အခုချိန်ထိ ကလေး တစ်ယောက်လိုပင် မလှုပ်မယှက်အိပ်ပျော်နေဆဲ။မြမှူးအိပ်ပျော်နေစဥ် ဘုန်းမြတ် မြမှူးမျက်နှာကို အနီးကပ်သေချာကြည့်မိနေသည်။
ခပ်တန်းတန်းမျက်ခုံးနဲ့ မျက်တောင်များကော့ညွတ်နေသော မျက်၀န်းတစ်စုံကပန်းချီကားတစ်ချပ်လိုပင် လှပလွန်းလှသည်။ဖြောင့်စင်းနေသော နှာတံလေးအောက်က နှုတ်ခမ်းဖူးဖူးလေးက ဘုန်းမြတ်ကို အဆွဲဆောင်နိုင်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ဘုန်းမြတ်ရဲ့ အကြည့်တွေက ထိုနှုတ်ခမ်းဆီက မခွာနိုင်ဖြစ်နေသည်။
တစ်ခါ ထိတွေ့ဖူးခဲ့သော ရူးလောက်စရာအထိအတွေ့ က အတွေးထဲမှာပေါ်လာပြီး နောက်တစ်ခေါက် ထိတွေ့ဖို့အတွက် လှုံဆော်ပေးနေသလိုပင်။ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ စိတ်ဆန္ဒရဲ့ အလိုအရ ဘုန်းမြတ် မြမှူးနှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွ ဖိကပ်မိလိုက်သည်။နူးညံ့အိစက်တော့ နှုတ်ခမ်းဖျားတို့က ဘုန်းမြတ် နှုတ်ခမ်းနဲ့ ခပ်ဖွဖွ ထိလိုက်တာနဲ့ အိ၀င်သွားတော့သည်။
AC က ထုတ်လွှတ်နေသော အေးစက်မှုကြောင့် မြမှူး ချမ်းလာပြီး အနည်းငယ်လှုပ်ရှားမိတော့သည်။ဘုန်းမြတ် ခိုးနမ်းနေတဲ့ အချိန် မြမှူး လှုပ်ရှားသွားတာကြောင့် ဘုန်းမြတ် သူခိုးလူမိသလိုပင် အလျင်အမြန် ကားမောင်းတဲ့ ထိုင်ခုံကို ပြန်မှီထိုင်လိုက်ပြီး ကယောင်ကတမ်း ဟိုကိုင်ဒီကိုင်လုပ်မိတာကြောင့် ကားဟွန်းတီးသံအကျယ်ကြီး ထွက်ပေါ်ငွားတော့သည်။
"ဟင် ! အိမ်တောင်ပြန်ရောက်နေပြီလား"
ကားဟွန်းတီး သံကြောင့် မြမှူး အိပ်နေရာမှ လန့်နိုးလာတော့သည်။
"အင်း ဟုတ်တယ် မြမှူး အိပ်ပျော်နေလို့ ကိုယ်မနှိုးတာ"
"အဲ့ဒါများ အကိုရယ် မြမှူးကို နှိုးလိုက်တာမဟုတ်ဘူး အပင်ပန်းခံလို့ ဒါနဲ့ အကိုနေမကောင်းဘူးလား နဖူးမှာချွေးတွေနဲ့"
"ဟင် ရတယ် ကိုယ်ဘာမှ မဖြစ်ဘူး နည်းနည်းပူနေလို့"
"အင်း အဲ့ဒါဆိုလဲ မြမှူးအရင်အိမ်ထဲ၀င်တော့မယ််
အိပ်ချင်နေပြီ မို့လို့"
မြမှူးက ပြောပြီး ကားပေါ်ကဆင်းသွားမှ ဘုန်းမြတ် သက်ပြင်းချနိုင်တော့သည်။သူ ခိုးနမ်းတာ မြမှူးသိသွားပြီ ထင်၍ ဇောချွေးပါပြန်သည် အထိ ဖြစ်ရသည်။တော်သေးသည် မြမှူး ဘာကိုမှ သံသယမ၀င်ဘဲ ပုံမှန်အတိုင်းပဲမို့လို့ အခုမှ ချွေးသုတ်လိုက်ပြီး စိတ်အေးသွားရတော့သည်။
×××××××××××××××××××××××××××××××××××
ဒီနေ့ update နောက်ကျသွားတဲ့ အတွက်
မီးယားနဲ
သာသာ သူများမွေးနေ့သွားပြီး စားသောက်နေလို့ပါ😆
Zawgyi
"အဲ့တော့ သူကယုံလား"
အချိန်အကြာကြီးသိပ်မဆွဲနဲ့.....ဟိုကောင်မလေးက ငယ်ငယ်ချောချောလေး အခုမှ ဆယ်ကျော်သက်အရွယ် မင်းက ၂၇ပြည့်လို့ ၃၀ကိုမျက်စောင်းထိုးနေပြီ တော်ကြာကျန်ရစ်ဖြစ်နေဉီးမယ် ငါ့ကောင်ကြီးရေ"
××××××××××××××
××××××××××××××
ဘယ်နေမှာသွားပြီး ဇာတ်မြုပ်နေလဲမသိဘူး....နင်နဲ့ ကိုဘုန်းမြတ်နဲ့ လက်ထပ်ထားကိုတော့ မသိလောက်ဘူးထင်တယ်.....ဒါပေမဲ့ သတိထားနေနော်...ဘယ်အချိန်ပြန်ပေါ်လာဉီးမလဲမသိဘူး...အဲ့မိန်းမ လွယ်တဲ့အကြောမဟုတ်ဘူး.... တော်ကြာ မစားရတဲ့ အမဲ သဲနဲ့ပတ်လုပ်ပြီး နင်တို့ကိုလာနှောက်ယှက်နေဉီးမယ်"
×××××××××××
"မြမှူး....."
"အင်း ကိုယ်သွားကြည့်လိုက်ဉီးမယ် မြမှူးဒီမှာ ခဏစောင့်နေ"
"ဘာ case လဲ!"
ဘုန်းမြတ် အရေးပေါ်ကားပေါ်က စေတနာ့ဝန်ထမ်းတစ်ဉီးကိုမေးလိုက်သည်။
"ဆရာ အရေးပေါ်"
Advertisement
- In Serial57 Chapters
Lucifer's Queen
In her family she was always the strange one. Never was Elizabeth a normal child, she wasn't allowed to play with others children and her mother made sure of that. They made everyone despise her. She was ill-treated by everyone up until the point her parents shipped her away to Catholic school. After all a bastard child could not be accepted into a Christian community.After a tragic night she finds herself in the arms of a stranger. Who you may ask? Well he goes by many names but the most popular of them all is Lucifer. Φ¤¤¤¤¤Φ¤¤¤¤¤Φ¤¤¤¤¤¤Φ¤¤¤¤¤¤Φ"Who are you?" The man stood at the door. Her breathing was uneven. She woke up in a strange place was not recollection of the past evens after she ran away. "I go by many names," A devious smirk covered the man's face. This man was truly beautiful. The saying as handsome as the devil would suit him perfectly. "However let's me enlighten you though, I have wings and I was the son that was cast down from heaven to rule over hell."Laughter escaped her throat before she could stop it and tears formed in her eyes as she finished laughing. But the man's face remained all too serious."Your not joking, are you?" "No."Φ¤¤¤¤¤Φ¤¤¤¤¤Φ¤¤¤¤¤¤¤Φ¤¤¤¤¤ΦBy all the rules of fate they were never supposed to meet again and now that they have all of heaven is against such a union. After all how could the devil have a queen?*Comments*"So glad I read this book! Your a great author and I look forward to reading more of your books!!!" - @HLMilk123"Well... off to another book so I forget my feeling because this was one hell of a roller coaster." - @fatpotatoluvsfood"Grinning madly here, Sim." [email protected]"Sadie....Sadie.... Sadie.... Am Impressed.... Nicely detailed." [email protected]_gazer"I legit got butterflies rn!!!" [email protected]_monsterr-"I love it💘😭" [email protected]"👏👏👏" [email protected]
8 659 - In Serial40 Chapters
Broken | completed
Nova Wolfe, an ordinary werewolf.Kaden Clark, a strong Alpha.~Kaden Clark, the typical Alpha who has been looking forward to finally finding his mate. After waiting many years thinking he wouldn't have one, he finally finds her.Her name? Nova Wolfe. Kaden is ecstatic, but Nova is afraid of being hurt again. Key word; again.Kaden tries everything but can't get her to open up. Will he manage to find out why his mate is so broken? Can he piece her back together and mend her heart?**Highest rank in Werewolf: #1 (29th June 2016 & 8th August 2016 & 31st August 2016 & 11th September 2016)COVER CREDIT: Emnabm2
8 392 - In Serial15 Chapters
Astounded || Creek ✓
Tweek, a 4.0 student-athlete. All honors, a part of ASB, even in varsity cheer. He walks down the hall with his high-waisted pleated skirts and his oversized cardigans with his boyfriend.Craig, a 2.0 range GPA. Hardly in class, a part of baseball. Baseball season was the only time he would actually try his best in school. He walks down the hall with his black ripped jeans and iconic varsity jacket. It was the last year of high school already. But the year wasn't the only thing ending. Tweek and Craig are in for a rollercoaster of emotions. It all started in April, Prom Night.(completed 7/6/2020)
8 125 - In Serial27 Chapters
Mrs. Jeon || jjk ☑
Starting from now you will become 'Mrs. Jeon'I'm sorry but this is not a mafia story.This is a boring story. I already told you so be prepare.
8 246 - In Serial7 Chapters
Kuro x Mahiru
It's Mahiru's Birthday and he doesn't know it and I'm just going to let you read to figure it out.
8 158 - In Serial52 Chapters
A Very OOC Uchiha [Naruto Fanfic]
"Now is not the time.""It is always the time!"When she died, Ashely didn't think of the aftermath, only of how great of a hug dear old Truck-kun gave. So imagine her sanity when not only was she reborn in the Naruto universe, but as Sasuke's twin sister at that!Cliche and too surreal, we know.Follow her, now known as Megumi Uchiha, as she pushes forward for a better future!It doesn't help that she thinks everything is cute.Disclaimer: The Naruto franchise does not belong to me but the great Kishimoto Masahi! Megumi, Hiro, and other OCs that I put in belong to me! Also, all art belongs to me unless stated other wise!
8 158

