《ကံကြမ္မာစေရာ [OC] (Completed)》Ep_23
Advertisement
Uni
မြမှူး အထုပ်အပိုးတွေအပြည့်နဲ့ အိမ်ကို၀င်လာပေမဲ့ အကို့ကိုမတွေ့ရ။အသံရော အရိပ်အယောင်ပါ မမြင်ရတဲ့အတွက် ဘယ်ကိုများသွားနေလဲလို့ စိတ်ကတွေးနေမိသည်။ခြံထဲမှာ ကားရပ်ထားတဲ့ အတွက်ကြောင့် အိမ်ကိုပြန်ရောက်နေပြီဆိုတာတော့ ကျိန်းသေသည်။အရင်ဆုံး လက်ထဲမှာပါလာသမျှ စားစရာအထုပ်တွေကို ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင်တင်လိုက်ပြီး အင်္ကျီအ၀တ်အစားနဲ့ အသုံးအဆောင်အထုပ်တွေကို ဆိုဖာပေါ်တင်လိုက်သည်။ပြီးတဲ့အခါမှာတော့ အကိုဘယ်ကိုရောက်နေလဲဆိုတာ ရှာရန် အတွက် အကို့အခန်းဆီကိုအရင် ဦးတည်လိုက်သည်။
"အကို.......အကိုရေ.......အကို ပြန်ရောက်နေပြီမလား........"
မြမှူး ဧည့်ခန်းကနေ အခန်းဆီလျှောက်နေရင်းနဲ့ အော်ခေါ်နေပေမဲ့ အိမ်အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဖျောက်!!"
မီးခလုတ်ပိတ်သံဟု ထင်ရသော အသံတစ်ခုနဲ့အတူအရာအားလုံးက အမှောင်အတိဖြစ်သွားသည်။
"အ.........အကို........"
မြမှူး အသံတုန်တုန်ရီရီနဲ့ အကို့ကိုခေါ်နေပေမဲ့ ဘာတုံ့ပြန်မှုမှမရှိ.....။
"အဟင့်.....ဟင့်......အကို......မှူးကြောက်တယ်"
မြမှူး နားနှစ်ဖက်ကို စုံပိတ်ရင်း ထိုနေရာမှာတင်ထိုင်ချလိုက်သည်။အသက်ရှုမ၀ဖြစ်လာသလို ခံစားလာရပြီး နားထဲမှာ ကားမှန်ကွဲသံများပင်ကြားနေရသည်။
"မှူး......မှူး......ကိုယ့်ကိုကြည့်ပါဦး"
လက်မောင်းကို ဆွဲလှုပ်ပြီးခေါ်လိုက်တဲ့အသံကြောင့် မြမှူးအသိစိတ်တို့ပြန်၀င်လာရသည်။
"အကို......အဟင့်.....ဟင့်.....အကိုဘယ်တွေရောက်နေတာလဲ......ဟီး......."
မျက်ရည်လည်ရွဲနဲ့ သူ့ကိုလှမ်းဖက်ရင်း ငိုကြွေးနေသောမြမှူးကြောင့် ဘုန်းမြတ်ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားလိုက်ရသည်။အမှန်က ဘုန်းမြတ် မြမှူးရဲ့ စိတ်ဒဏ်ရာကို ကုသပေးဖို့အတွက် စိတ်ရောဂါကုဆရာ၀န်ကြီး တစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးနေသည်မှာ ၂ပတ်လောက်ရှိနေပြီဖြစ်သည်။အခုလို မီးအမှောင်ချရတဲ့ အကြောင်းအရင်းကလဲ အမှောင်ကိုကြောက်တဲ့ မြမှူးအတွက် အမှောင်ထဲက အတိတ်ဆိုးတွေနေရာမှာ အမှတ်တရကောင်းတွေ အစားထိုး၀င်ရောက်ဖို့ကြိုးစားရန်ဖြစ်သည်။
"မှူး.....မငိုနဲ့တော့နော်....အခုကိုယ်ရှိနေပြီပဲ.....မငိုနဲ့နော်"
"အင့်....ဟင့်....အကိုဘာလို့ မှူးခေါ်နေတာကိုမထူးတာလဲ.."
"ကိုယ် toiletထဲရောက်နေလို့ပါ"
အမှန်က ဘုန်းမြတ် မြမှူးရဲ့နောက်ကနေ အိမ်တစ်ခုလုံးမှောင်သွားဖို့ မိန်းချ လိုက်ခြင်းဖြစ်သည်။
"ကိုယ့်လက်ထဲမှာ ဓာတ်မီးရှိတယ် မပူနဲ့တော့...
လာ.. မှူး စိတ်သက်သာရာရဖို့ ကိုယ်နဲ့အတူလေညင်းခံထွက်ရအောင် အပြင်မှာလသာနေတယ်"
"အင်း"
ကလေးတစ်ယောက်ကဲ့သို့ မျက်ရည်တွေကိုချက်ချင်းသုတ်လိုက်ပြီး ဘုန်းမြတ်ရဲ့ လက်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတော့သည်။
"အကို....ခဏလေး...မှူး ၀ယ်လာတဲ့မုန့်တွေ့ပါ ယူလိုက်ဦးမယ်....မှူး ဗိုက်ဆာနေပြီ"
"အင်း ကိုယ်ယူလာခဲ့မယ်"
အကို ဓာတ်မီးကိုင်ထားသော လက်ကို မြမှူး ဖက်ကိုင်ထားပြီး အကို့ရဲ့ တခြားလက်တစ်ဖက်ကတော့ မြမှူး၀ယ်လာသော မုန့်ထုပ်ကြီးကို သယ်လာတော့သည်။
"ဟင်!!အကို.... တခြားအိမ်တွေကြတော့ ဘာလို့မီးမပျက်တာလဲ"
"ကြည့်ရတာ ကိုယ်တို့အိမ်က ဖျူးပျက်သွားတာနဲ့တူတယ်....မနက်ကျမှ ကိုယ်အသစ်လဲပေးမယ်နော်"
"အင်း"
"လာ ဒီမှာထိုင်"
အကိုက မြက်ခင်းပေါ်မှာ ဖျာအသေးလေးတစ်ချပ်ခင်းလိုက်ပြီး မြမှူးကို ထိုင်ဖို့ခေါ်လိုက်သည်။
"ဂျောက်"
"ဟင်!အကို ဘာလို့ ဓာတ်မီးကိုပိတ်လိုက်တာလဲ"
"လသာနေတယ်လေ မှူးရဲ့.....အပေါ်ကိုကြည့်လိုက်"
ဓာတ်မီးကိုပိတ်လိုက်ပေမဲ့ လရောင်အောက်တွင် မြမှူးကိုပြုံးပြီးကြည့်နေသော အကို့မျက်နှာကိုတော့ မြမှူးကြည်ကြည်လင်လင်မြင်နေရပါသေးသည်။အကိုက ကောင်းကင်ပေါ်ကိုလက်ညှိုးထိုးပြသဖြင့် မြမှူးအပေါ်ကိုမော့ကြည့်လိုက်သည်။
တိမ်တွေကင်းစင်နေသော ကောင်းကင်ထက်တွင် ထိန်ထိန်သာနေသော လမင်းကြီးနဲ့အတူ ကြယ်ရောင်စုံတို့က လင်းလက်နေသည်။မြမှူးမှာ ထိုမြင်ကွင်းကြောင့် စိတ်ထဲမှာ ကြည်လင်အေးချမ်းသွားရပြီး နှုတ်ခမ်းကပါ အလိုလိုပြုံးမိသွားသည်။
ကောင်းကင်ကြီးကို ကြည့်ပြီးပြုံးနေသော မှူးကြောင့် ဘုန်းမြတ်စိတ်သက်သာရာရသွားတော့သည်။မြမှူးကို အမြဲပြုံးပျော်နေစေချင်သည်က ဘုန်းမြတ်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်သည်။မြမှူးရဲ့ မျက်နှာနည်းနည်းလေး နွမ်းနေရင်တောင် ဘုန်းမြတ်ရင်ထဲ စိတ်မချမ်းမသာနဲ့ပူလောင်နေရသည်။ကိုယ့်ချစ်ရတဲ့သူကို ဘယ်လိုအကြောင်းအရာနဲ့မှ စိတ်မပင်ပန်းစေချင်မိပါ။
ဒါကြောင့် မြမှူးအတွက်စိတ်အနှောက်အယှက်ဖြစ်စေမဲ့ အရာသေးသေးတောင်မှ ဘုန်းမြတ် မဖြစ်စေချင်တော့ပါ။
"အကို....မှူး ပီဇာ ၀ယ်လာတယ် အကိုကြိုက်တယ်မလား"
"အင်း....မှူးဗိုက်ဆာနေပြီမလား....ကိုယ်တို့အတူတူစားကြမယ်"
"ဟုတ်"
အမှောင်ဆိုကြောက်တဲ့ မြမှူးအတွက်တော့ ဘေးနားမှာ အကိုရှိတယ်ဆိုသော အသိစိတ်က အရာရာကို လုံခြုံသွားသည်လို့ ခံစားနေရသည်။အခုလိုမျိုး အကိုနဲ့အေးအေးချမ်းချမ်း အတူတူရှိနေခြင်းသည် မြမှူးအတွက်တော့ တခြားဘာမှထပ်မလိုချင်တော့သည်အထိ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သည်။
လရောင်အောက်မှာတောင် လှပလွန်းလှသော မြမှူးကို ဘုန်းမြတ်ငေးကြည့်နေမိသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ကလေးမက ငိုထားရ၍ ပိုပြီးဗိုက်ဆာနေလားမသိ ဗီဇာကိုတောင်
နှစ်စိပ် ပူးစားနေသည်။
"အကို....စားလေ....အရမ်ကောင်းတယ်"
"အင်း"
"အကိုနောက်ဆိုရင် ဒီလိုဟာတွေ မစားရတော့ဘူးသိလား"
"ဟင် ဘာဖြစ်လို့လဲ"
"နောက်ဆိုရင် မှူးကိုယ်တိုင် အကို့ကို ထမင်းဟင်းချက်ကျွေးတော့မှာ"
"မှူးက ဘယ်လိုချက်ကျွေးမှာလဲ ဆန်တောင်ပြောင်အောင်မဆေးတတ်ပဲနဲ့"
"ဟာ!အကိုနော် မှူးကိုအထင်မသေးနဲ့....မှူး ဟင်းချက်သင်တန်းတက်တော့မှာ အဲ့ကြရင် အကို့ကို တစ်နေ့တစ်မျိုးချက်ကျွေးမှာ"
"ဒါဖြင့်ရင် နောက်ဆို အလုပ်ကပြန်လာတာနဲ့ ကိုယ့်မိန်းမချက်ကျွေးမယ့် ထမင်းကိုစားရတော့မှာပေါ့"
"ဟုတ်တယ်..... မကြာခင် အကို မှူးလက်စွမ်းကိုမြင်ရတော့မှာ စောင့်ကြည့်နေလိုက်"
"ဟုတ်ပါပြီဗျာ အဲ့နေ့ကိုအမြန်ရောက်ချင်နေပါပြီ"
ဟင်းချက်ဖို့မပြောနဲ့ ကန်စွန်းရွက်တောင် မထွင်တတ်သော ကလေးမက စကားကြီးစကားကျယ်ပြောနေပုံက အသဲယားစရာကောင်းနေသည်။
ဘုန်းမြတ်ရဲ့ ပခုံးကိုမှီရင်း တလှုပ်လှုပ်နဲ့ ပီဇာစားနေပုံက ပါးကိုဆွဲညှစ်ပြစ်ချင်စရာကောင်းနေသည်။ဒါပေမဲ့ သူမုန့်စားနေချိန် သွားစလိုက်ရင် ကလေးမက နှုတ်ခမ်းတစ်တောင်လောက်နဲ့ စိတ်ဆိုးဦးမည်။
ဘုန်းမြတ်နဲ့ မြမှူး ခြံထဲမှာ ထိုင်နေကြတာ အချိန်တော်တော်လင့်နေပြီဖြစ်သည်။ဘုန်းမြတ် ပုခုံးကိုမှီထားကာ ကြယ်တွေကိုကြည့်နေတဲ့ မြမှူးက အခုဆို အိပ်တောင်ပျော်နေပြီဖြစ်သည်။အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်သွားတာကြောင့် ဘုန်းမြတ် မနှိုးရက်တော့ပဲ ပွေ့ချီပြီး အိပ်ခန်းထဲသာခေါ်သွားတော့သည်။အမှောင်ကိုကြောက်တဲ့ မှူးလေးဟာ အခုဆို ဘုန်းမြတ်ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီဖြစ်တာကြောင့် ကုသမှု ပထမအဆင့်အောင်မြင်သွားသည်လို့ ပြောလို့ရသည်။အစက အဆင်မပြေမှာ စိတ်ပူနေခဲ့ပေမဲ့ အခုလို အောင်မြင်သွားတာကြောင့် ဘုန်းမြတ်လဲ ချစ်ရတဲ့မြမှူးကို ရင်ခွင်ထဲထည့်ပြီး စိတ်ချလက်ချ အိပ်စက်နိုင်တော့သည်။
Advertisement
×××××××××××
"ယမုံ နေရထိုင်ရတာ အဆင်ရောပြေရဲ့လား"
"အင်း....အရင်ကထက်တော့ သက်သာလာပါတယ်"
ဒီနေ့ ယမုံ ဆေးရုံရက်ချိန်းလာပြတာကြောင့် ဘုန်းမြတ်နဲ့ ယမုံဆေးရုံ၀န်းထဲက ခုံတစ်လုံးမှာ ထိုင်ရင်း ရောဂါအကြောင်းကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
"ဒါနဲ့ ကိုဘုန်း လက်ထပ်ပြီးသွားပြီဆို....ကိုရဲသွေးပြောတာ"
"ဟုတ်တယ်....၄လလောက်ရှိပြီ"
"ယမုံ ကိုဘုန်းအတွက်၀မ်းသာပါတယ်....စိတ်ရင်းနဲ့ပါ"
"ကျေးဇူးပါပဲ"
"ဟိုလေ....ယမုံ ကိုဘုန်းကို အကူအညီတစ်ခုလောက်တောင်းချင်တယ်"
"အင်း..ပြောလေ...ကိုယ်ကူညီနိုင်တာဆို ကူညီပါ့မယ်"
"ယမုံ ရဲ့ရောဂါအကြောင်းကို ယမုံ့ဘယ်သူ့ကိုမှမသိစေချင်ဘူး.....ကိုဘုန်းရဲ့ သူငယ်ချင်းတွေထဲက ယမုံ့ကိုသိတဲ့သူတွေရော...ယမုံ့ရဲ့သူငယ်ချင်းတွေကိုရော.....ပြီးတော့.....ကိုဘုန်းနဲ့ လက်ထပ်ထားတဲ့မိန်းကလေးကိုရော.....ယမုံ့ရဲ့သိက္ခာကို နောက်ဆုံးအနေနဲ့ပဲ အဖတ်ဆယ်ပေးတယ်လို့ပဲသဘောထားပေးပါ.....ယမုံကျန်တဲ့ဘ၀ကို အေးအေးချမ်းချမ်းနဲ့ပဲဖြတ်သန်းချင်တော့တာကြောင့် အရှက်ရစရာကိစ္စတွေ ထပ်မကြုံချင်တော့ဘူး"
"အဲ့ဒါတော့ ယမုံစိတ်ချပါ......ရှေ့နေတစ်ယောက်က ကိုယ့်အမှုသည်ရဲ့ အမှုအခင်းအတွင်းရေးကို နှုတ်လုံရသလိုပဲ ကိုယ်တို့ဆရာ၀န်တွေကလဲ ကိုယ်တာ၀န်ယူထားရတဲ့ လူနာရဲ့ ရောဂါအတွင်းရေးကို အခြားသူတွေကိုမသိစေချင်ရင် လျှို့၀ှက်ပေးထားရမှာက စောင့်ထိန်းရမယ့်ကျင့်၀တ်တစ်ခုပါပဲ"
"ကိုဘုန်းကို အရမ်းကျေးဇူးတင်ပါတယ်...
ယမုံအခုဆို ဘယ်သူ့ကိုမှ မနှောက်ယှက်တော့ပဲ
ကိုယ့်ရဲ့ဘ၀ကူးကောင်းဖို့အတွက်ပဲ လုပ်တော့တယ်"
"ယမုံသာ စိတ်ဓာတ်ကြံ့ခိုင်ရင် သက်တမ်းစေ့နေလို့ရမယ့် ရာခိုင်နှုန်းအများကြီးရှိတယ်....အဲ့ဒါကြောင့် စိတ်ကအဓိကပဲ စိတ်ဓာတ်မကျအောင်သာနေ....ကိုယ်အခုတော့ round လှည့်ရမှာမို့ သွားလိုက်ဦးမယ်....နောက်တစ်ပတ်မှ ထပ်ဆုံကြတာပေါ့"
"အင်း...ယမုံလဲ သွားလိုက်ဦးမယ်"
ဘုန်းမြတ် ယမုံနဲ့နှုတ်ဆက်ပြီး ဆေးရုံထဲကိုလျှောက်လာပေမဲ့ စိတ်ထဲမှာလေးလံနေသည်။
မနက်ကမှ ရဲသွေးနောင်နဲ့ တိုင်ပင်ပြီး မြမှူးကို ယမုံ့အကြောင်း အမှန်တိုင်း အသိပေးရန် ဆုံးဖြတ်ခဲ့ပေမဲ့ ယမုံကအခုလိုတောင်းဆိုလာတော့ စိတ်ကယိုင်သွားရပြန်သည်။ယမုံဘက်ကကြည့်ရင်လဲ ဒီရောဂါဖြစ်တာကိုရှက်ပြီးသိမ်ငယ်နေပုံပေါ်သည်။
မြမှူးကို ပြောပြရမလား လျှို့၀ှက်ထားရမလားဆိုသော စိတ်က ခေါင်းထဲမှာလွန်ဆွဲနေသည်။
အမှန်ဆိုရင် ဘုန်းမြတ်နဲ့ ယမုံနဲ့က personal ကိစ္စနဲ့ပတ်သက်နေခြင်းမဟုတ် ဆရာ၀န်နဲ့လူနာဆိုသော ဆက်ဆံရေးနဲ့ အားပေးကူညီတဲ့ သူငယ်ချင်းဆိုတဲ့ စည်းထဲမှာပင်ဖြစ်သည်။ယမုံနဲ့က အမြဲတွေ့နေတာလဲ မဟုတ် တစ်ပတ်မှ တစ်ရက်လောက်ပဲ တွေ့ရတဲ့အပြင် ဒီအကြောင်းကိုသိသူက ဘုန်းမြတ်နဲ့ယမုံအပြင် ရဲသွေးနောင် တစ်ယောက်ထဲပဲရှိတာမို့ မြမှူးသိနိုင်လောက်မဲ့အကြောင်းအရင်းမရှိပေ။မြမှူးကိုလဲ ဒီကိစ္စသေးသေးလေးကြောင့် စိတ်ပူပန်မှုမဖြစ်စေချင်တာကြောင့် မြမှူးကို မပြောပြဖို့သာ ဘုန်းမြတ်ရွေးချယ်လိုက်သည်...........။
Zawgyi
ျမမွဴး အထုပ္အပိုးေတြအျပည့္နဲ႔ အိမ္ကို၀င္လာေပမဲ့ အကို႔ကိုမေတြ့ရ။အသံေရာ အရိပ္အေယာင္ပါ မျမင္ရတဲ့အတြက္ ဘယ္ကိုမ်ားသြားေနလဲလို႔ စိတ္ကေတြးေနမိသည္။ၿခံထဲမွာ ကားရပ္ထားတဲ့ အတြက္ေၾကာင့္ အိမ္ကိုျပန္ေရာက္ေနၿပီဆိုတာေတာ့ က်ိန္းေသသည္။အရင္ဆံုး လက္ထဲမွာပါလာသမ်ွ စားစရာအထုပ္ေတြကို ဧည့္ခန္းထဲရိွ စားပြဲေပၚတြင္တင္လိုက္ၿပီး အက်ႌအ၀တ္အစားနဲ႔ အသံုးအေဆာင္အထုပ္ေတြကို ဆိုဖာေပၚတင္လိုက္သည္။ၿပီးတဲ့အခါမွာေတာ့ အကိုဘယ္ကိုေရာက္ေနလဲဆိုတာ ရွာရန္ အတြက္ အကို႔အခန္းဆီကိုအရင္ ၪီးတည္လိုက္သည္။
"အကို.......အကိုေရ.......အကို ျပန္ေရာက္ေနၿပီမလား........"
ျမမွဴး ဧည့္ခန္းကေန အခန္းဆီေလ်ွာက္ေနရင္းနဲ႔ ေအာ္ေခၚေနေပမဲ့ အိမ္အတြင္းမွာ တိတ္ဆိတ္ၿငိမ္သက္ေနသည္။
"ေဖ်ာက္!!"
မီးခလုတ္ပိတ္သံဟု ထင္ရေသာ အသံတစ္ခုနဲ႔အတူအရာအားလံုးက အေမွာင္အတိျဖစ္သြားသည္။
"အ.........အကို........"
ျမမွဴး အသံတုန္တုန္ရီရီနဲ႔ အကို႔ကိုေခၚေနေပမဲ့ ဘာတံု႔ျပန္မႈမွမရိွ.....။
"အဟင့္.....ဟင့္......အကို......မွဴးေၾကာက္တယ္"
ျမမွဴး နားႏွစ္ဖက္ကို စံုပိတ္ရင္း ထိုေနရာမွာတင္ထိုင္ခ်လိုက္သည္။အသက္ရႈမ၀ျဖစ္လာသလို ခံစားလာရၿပီး နားထဲမွာ ကားမွန္ကြဲသံမ်ားပင္ၾကားေနရသည္။
"မွဴး......မွဴး......ကိုယ့္ကိုၾကည့္ပါၪီး"
လက္ေမာင္းကို ဆြဲလႈပ္ၿပီးေခၚလိုက္တဲ့အသံေၾကာင့္ ျမမွဴးအသိစိတ္တို႔ျပန္၀င္လာရသည္။
"အကို......အဟင့္.....ဟင့္.....အကိုဘယ္ေတြေရာက္ေနတာလဲ......ဟီး......."
မ်က္ရည္လည္ရြဲနဲ႔ သူ႔ကိုလွမ္းဖက္ရင္း ငိုေႂကြးေနေသာျမမွဴးေၾကာင့္ ဘုန္းျမတ္ကိုယ့္ကိုယ္ကို အျပစ္ရိွသလို ခံစားလိုက္ရသည္။အမွန္က ဘုန္းျမတ္ ျမမွဴးရဲ့ စိတ္ဒဏ္ရာကို ကုသေပးဖို႔အတြက္ စိတ္ေရာဂါကုဆရာ၀န္ႀကီး တစ္ၪီးနဲ႔ တိုင္ပင္ေဆြးေနြးေနသည္မွာ ၂ပတ္ေလာက္ရိွေနၿပီျဖစ္သည္။အခုလို မီးအေမွာင္ခ်ရတဲ့ အေၾကာင္းအရင္းကလဲ အေမွာင္ကိုေၾကာက္တဲ့ ျမမွဴးအတြက္ အေမွာင္ထဲက အတိတ္ဆိုးေတြေနရာမွာ အမွတ္တရေကာင္းေတြ အစားထိုး၀င္ေရာက္ဖို႔ႀကိဳးစားရန္ျဖစ္သည္။
"မွဴး.....မငိုနဲ႔ေတာ့ေနာ္....အခုကိုယ္ရိွေနၿပီပဲ.....မငိုနဲ႔ေနာ္"
"အင့္....ဟင့္....အကိုဘာလို႔ မွဴးေခၚေနတာကိုမထူးတာလဲ.."
"ကိုယ္ toiletထဲေရာက္ေနလို႔ပါ"
အမွန္က ဘုန္းျမတ္ ျမမွဴးရဲ့ေနာက္ကေန အိမ္တစ္ခုလံုးေမွာင္သြားဖို႔ မိန္းခ် လိုက္ျခင္းျဖစ္သည္။
"ကိုယ့္လက္ထဲမွာ ဓာတ္မီးရိွတယ္ မပူနဲ႔ေတာ့...
လာ.. မွဴး စိတ္သက္သာရာရဖို႔ ကိုယ္နဲ႔အတူေလညင္းခံထြက္ရေအာင္ အျပင္မွာလသာေနတယ္"
"အင္း"
ကေလးတစ္ေယာက္ကဲ့သို႔ မ်က္ရည္ေတြကိုခ်က္ခ်င္းသုတ္လိုက္ၿပီး ဘုန္းျမတ္ရဲ့ လက္ကို
က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားေတာ့သည္။
"အကို....ခဏေလး...မွဴး ၀ယ္လာတဲ့မုန္႔ေတြ့ပါ ယူလိုက္ၪီးမယ္....မွဴး ဗိုက္ဆာေနၿပီ"
"အင္း ကိုယ္ယူလာခဲ့မယ္"
အကို ဓာတ္မီးကိုင္ထားေသာ လက္ကို ျမမွဴး ဖက္ကိုင္ထားၿပီး အကို႔ရဲ့ တျခားလက္တစ္ဖက္ကေတာ့ ျမမွဴး၀ယ္လာေသာ မုန္႔ထုပ္ႀကီးကို သယ္လာေတာ့သည္။
"ဟင္!!အကို.... တျခားအိမ္ေတြၾကေတာ့ ဘာလို႔မီးမပ်က္တာလဲ"
"ၾကည့္ရတာ ကိုယ္တို႔အိမ္က ဖ်ူးပ်က္သြားတာနဲ႔တူတယ္....မနက္က်မွ ကိုယ္အသစ္လဲေပးမယ္ေနာ္"
"အင္း"
"လာ ဒီမွာထိုင္"
အကိုက ျမက္ခင္းေပၚမွာ ဖ်ာအေသးေလးတစ္ခ်ပ္ခင္းလိုက္ၿပီး ျမမွဴးကို ထိုင္ဖို႔ေခၚလိုက္သည္။
"ေဂ်ာက္"
"ဟင္!အကို ဘာလို႔ ဓာတ္မီးကိုပိတ္လိုက္တာလဲ"
"လသာေနတယ္ေလ မွဴးရဲ့.....အေပၚကိုၾကည့္လိုက္"
Advertisement
ဓာတ္မီးကိုပိတ္လိုက္ေပမဲ့ လေရာင္ေအာက္တြင္ ျမမွဴးကိုၿပံဳးၿပီးၾကည့္ေနေသာ အကို႔မ်က္ႏွာကိုေတာ့ ျမမွဴးၾကည္ၾကည္လင္လင္ျမင္ေနရပါေသးသည္။အကိုက ေကာင္းကင္ေပၚကိုလက္ၫွိုးထိုးျပသျဖင့္ ျမမွဴးအေပၚကိုေမာ့ၾကည့္လိုက္သည္။
တိမ္ေတြကင္းစင္ေနေသာ ေကာင္းကင္ထက္တြင္ ထိန္ထိန္သာေနေသာ လမင္းႀကီးနဲ႔အတူ ၾကယ္ေရာင္စံုတို႔က လင္းလက္ေနသည္။ျမမွဴးမွာ ထိုျမင္ကြင္းေၾကာင့္ စိတ္ထဲမွာ ၾကည္လင္ေအးခ်မ္းသြားရၿပီး ႏႈတ္ခမ္းကပါ အလိုလိုၿပံဳးမိသြားသည္။
ေကာင္းကင္ႀကီးကို ၾကည့္ၿပီးၿပံဳးေနေသာ မွဴးေၾကာင့္ ဘုန္းျမတ္စိတ္သက္သာရာရသြားေတာ့သည္။ျမမွဴးကို အၿမဲျပံဳးေပ်ာ္ေနေစခ်င္သည္က ဘုန္းျမတ္ရဲ့ အျဖစ္ခ်င္ဆံုးဆႏၵတစ္ခုျဖစ္သည္။ျမမွဴးရဲ့ မ်က္ႏွာနည္းနည္းေလး ႏြမ္းေနရင္ေတာင္ ဘုန္းျမတ္ရင္ထဲ စိတ္မခ်မ္းမသာနဲ႔ပူေလာင္ေနရသည္။ကိုယ့္ခ်စ္ရတဲ့သူကို ဘယ္လိုအေၾကာင္းအရာနဲ႔မွ စိတ္မပင္ပန္းေစခ်င္မိပါ။
ဒါေၾကာင့္ ျမမွဴးအတြက္စိတ္အေနွာက္အယွက္ျဖစ္ေစမဲ့ အရာေသးေသးေတာင္မွ ဘုန္းျမတ္ မျဖစ္ေစခ်င္ေတာ့ပါ။
"အကို....မွဴး ပီဇာ ၀ယ္လာတယ္ အကိုႀကိဳက္တယ္မလား"
"အင္း....မွဴးဗိုက္ဆာေနၿပီမလား....ကိုယ္တို႔အတူတူစားၾကမယ္"
"ဟုတ္"
အေမွာင္ဆိုေၾကာက္တဲ့ ျမမွဴးအတြက္ေတာ့ ေဘးနားမွာ အကိုရိွတယ္ဆိုေသာ အသိစိတ္က အရာရာကို လံုၿခံဳသြားသည္လို႔ ခံစားေနရသည္။အခုလိုမ်ိဳး အကိုနဲ႔ေအးေအးခ်မ္းခ်မ္း အတူတူရိွေနျခင္းသည္ ျမမွဴးအတြက္ေတာ့ တျခားဘာမွထပ္မလိုခ်င္ေတာ့သည္အထိ စိတ္ခ်မ္းသာမႈကို ေပးစြမ္းႏိုင္သည္။
လေရာင္ေအာက္မွာေတာင္ လွပလြန္းလွေသာ ျမမွဴးကို ဘုန္းျမတ္ေငးၾကည့္ေနမိသည္မွာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္သည္။ကေလးမက ငိုထားရ၍ ပိုၿပီးဗိုက္ဆာေနလားမသိ ဗီဇာကိုေတာင္
ႏွစ္စိပ္ ပူးစားေနသည္။
"အကို....စားေလ....အရမ္ေကာင္းတယ္"
"အင္း"
"အကိုေနာက္ဆိုရင္ ဒီလိုဟာေတြ မစားရေတာ့ဘူးသိလား"
"ဟင္ ဘာျဖစ္လို႔လဲ"
"ေနာက္ဆိုရင္ မွဴးကိုယ္တိုင္ အကို႔ကို ထမင္းဟင္းခ်က္ေကြၽးေတာ့မွာ"
"မွဴးက ဘယ္လိုခ်က္ေကြၽးမွာလဲ ဆန္ေတာင္ေျပာင္ေအာင္မေဆးတတ္ပဲနဲ႔"
"ဟာ!အကိုေနာ္ မွဴးကိုအထင္မေသးနဲ႔....မွဴး ဟင္းခ်က္သင္တန္းတက္ေတာ့မွာ အဲ့ၾကရင္ အကို႔ကို တစ္ေန့တစ္မ်ိဳးခ်က္ေကြၽးမွာ"
"ဒါျဖင့္ရင္ ေနာက္ဆို အလုပ္ကျပန္လာတာနဲ႔ ကိုယ့္မိန္းမခ်က္ေကြၽးမယ့္ ထမင္းကိုစားရေတာ့မွာေပါ့"
"ဟုတ္တယ္..... မၾကာခင္ အကို မွဴးလက္စြမ္းကိုျမင္ရေတာ့မွာ ေစာင့္ၾကည့္ေနလိုက္"
"ဟုတ္ပါၿပီဗ်ာ အဲ့ေန့ကိုအျမန္ေရာက္ခ်င္ေနပါၿပီ"
ဟင္းခ်က္ဖို႔မေျပာနဲ႔ ကန္စြန္းရြက္ေတာင္ မထြင္တတ္ေသာ ကေလးမက စကားႀကီးစကားက်ယ္ေျပာေနပံုက အသဲယားစရာေကာင္းေနသည္။
ဘုန္းျမတ္ရဲ့ ပခံုးကိုမွီရင္း တလႈပ္လႈပ္နဲ႔ ပီဇာစားေနပံုက ပါးကိုဆြဲၫွစ္ျပစ္ခ်င္စရာေကာင္းေနသည္။ဒါေပမဲ့ သူမုန္႔စားေနခ်ိန္ သြားစလိုက္ရင္ ကေလးမက ႏႈတ္ခမ္းတစ္ေတာင္ေလာက္နဲ႔ စိတ္ဆိုးၪီးမည္။
ဘုန္းျမတ္နဲ႔ ျမမွဴး ၿခံထဲမွာ ထိုင္ေနၾကတာ အခ်ိန္ေတာ္ေတာ္လင့္ေနၿပီျဖစ္သည္။ဘုန္းျမတ္ ပုခံုးကိုမွီထားကာ ၾကယ္ေတြကိုၾကည့္ေနတဲ့ ျမမွဴးက အခုဆို အိပ္ေတာင္ေပ်ာ္ေနၿပီျဖစ္သည္။အပူအပင္ကင္းကင္းနဲ႔ အိပ္ေပ်ာ္သြားတာေၾကာင့္ ဘုန္းျမတ္ မႏိႈးရက္ေတာ့ပဲ ေပြ့ခ်ီၿပီး အိပ္ခန္းထဲသာေခၚသြားေတာ့သည္။အေမွာင္ကိုေၾကာက္တဲ့ မွဴးေလးဟာ အခုဆို ဘုန္းျမတ္ရင္ခြင္ထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ႏိုင္ၿပီျဖစ္တာေၾကာင့္ ကုသမႈ ပထမအဆင့္ေအာင္ျမင္သြားသည္လို႔ ေျပာလို႔ရသည္။အစက အဆင္မေျပမွာ စိတ္ပူေနခဲ့ေပမဲ့ အခုလို ေအာင္ျမင္သြားတာေၾကာင့္ ဘုန္းျမတ္လဲ ခ်စ္ရတဲ့ျမမွဴးကို ရင္ခြင္ထဲထည့္ၿပီး စိတ္ခ်လက္ခ် အိပ္စက္ႏိုင္ေတာ့သည္။
×××××××××××
"ယမံု ေနရထိုင္ရတာ အဆင္ေရာေျပရဲ့လား"
"အင္း....အရင္ကထက္ေတာ့ သက္သာလာပါတယ္"
ဒီေန့ ယမံု ေဆးရံုရက္ခ်ိန္းလာျပတာေၾကာင့္ ဘုန္းျမတ္နဲ႔ ယမံုေဆးရံု၀န္းထဲက ခံုတစ္လံုးမွာ ထိုင္ရင္း ေရာဂါအေၾကာင္းကို ေဆြးေနြးေနၾကျခင္းျဖစ္သည္။
"ဒါနဲ႔ ကိုဘုန္း လက္ထပ္ၿပီးသြားၿပီဆို....ကိုရဲေသြးေျပာတာ"
"ဟုတ္တယ္....၄လေလာက္ရိွၿပီ"
"ယမံု ကိုဘုန္းအတြက္၀မ္းသာပါတယ္....စိတ္ရင္းနဲ႔ပါ"
"ေက်းဇူးပါပဲ"
"ဟိုေလ....ယမံု ကိုဘုန္းကို အကူအညီတစ္ခုေလာက္ေတာင္းခ်င္တယ္"
"အင္း..ေျပာေလ...ကိုယ္ကူညီႏိုင္တာဆို ကူညီပါ့မယ္"
"ယမံု ရဲ့ေရာဂါအေၾကာင္းကို ယမံု႔ဘယ္သူ႔ကိုမွမသိေစခ်င္ဘူး.....ကိုဘုန္းရဲ့ သူငယ္ခ်င္းေတြထဲက ယမံု႔ကိုသိတဲ့သူေတြေရာ...ယမံု႔ရဲ့သူငယ္ခ်င္းေတြကိုေရာ.....ၿပီးေတာ့.....ကိုဘုန္းနဲ႔ လက္ထပ္ထားတဲ့မိန္းကေလးကိုေရာ.....ယမံု႔ရဲ့သိကၡာကို ေနာက္ဆံုးအေနနဲ႔ပဲ အဖတ္ဆယ္ေပးတယ္လို႔ပဲသေဘာထားေပးပါ.....ယမံုက်န္တဲ့ဘ၀ကို ေအးေအးခ်မ္းခ်မ္းနဲ႔ပဲျဖတ္သန္းခ်င္ေတာ့တာေၾကာင့္ အရွက္ရစရာကိစၥေတြ ထပ္မႀကံဳခ်င္ေတာ့ဘူး"
"အဲ့ဒါေတာ့ ယမံုစိတ္ခ်ပါ......ေရ႔ွေနတစ္ေယာက္က ကိုယ့္အမႈသည္ရဲ့ အမႈအခင္းအတြင္းေရးကို ႏႈတ္လံုရသလိုပဲ ကိုယ္တို႔ဆရာ၀န္ေတြကလဲ ကိုယ္တာ၀န္ယူထားရတဲ့ လူနာရဲ့ ေရာဂါအတြင္းေရးကို အျခားသူေတြကိုမသိေစခ်င္ရင္ လ်ိႈ႔၀ွက္ေပးထားရမွာက ေစာင့္ထိန္းရမယ့္က်င့္၀တ္တစ္ခုပါပဲ"
"ကိုဘုန္းကို အရမ္းေက်းဇူးတင္ပါတယ္...
ယမံုအခုဆို ဘယ္သူ႔ကိုမွ မေနွာက္ယွက္ေတာ့ပဲ
ကိုယ့္ရဲ့ဘ၀ကူးေကာင္းဖို႔အတြက္ပဲ လုပ္ေတာ့တယ္"
"ယမံုသာ စိတ္ဓာတ္ႀကံ့ခိုင္ရင္ သက္တမ္းေစ့ေနလို႔ရမယ့္ ရာခိုင္ႏႈန္းအမ်ားႀကီးရိွတယ္....အဲ့ဒါေၾကာင့္ စိတ္ကအဓိကပဲ စိတ္ဓာတ္မက်ေအာင္သာေန....ကိုယ္အခုေတာ့ round လွည့္ရမွာမို႔ သြားလိုက္ၪီးမယ္....ေနာက္တစ္ပတ္မွ ထပ္ဆံုၾကတာေပါ့"
"အင္း...ယမံုလဲ သြားလိုက္ၪီးမယ္"
ဘုန္းျမတ္ ယမံုနဲ႔ႏႈတ္ဆက္ၿပီး ေဆးရံုထဲကိုေလ်ွာက္လာေပမဲ့ စိတ္ထဲမွာေလးလံေနသည္။
မနက္ကမွ ရဲေသြးေနာင္နဲ႔ တိုင္ပင္ၿပီး ျမမွဴးကို ယမံု႔အေၾကာင္း အမွန္တိုင္း အသိေပးရန္ ဆံုးျဖတ္ခဲ့ေပမဲ့ ယမံုကအခုလိုေတာင္းဆိုလာေတာ့ စိတ္ကယိုင္သြားရျပန္သည္။ယမံုဘက္ကၾကည့္ရင္လဲ ဒီေရာဂါျဖစ္တာကိုရွက္ၿပီးသိမ္ငယ္ေနပံုေပၚသည္။
ျမမွဴးကို ေျပာျပရမလား လ်ိႈ႔၀ွက္ထားရမလားဆိုေသာ စိတ္က ေခါင္းထဲမွာလြန္ဆြဲေနသည္။
အမွန္ဆိုရင္ ဘုန္းျမတ္နဲ႔ ယမံုနဲ႔က personal ကိစၥနဲ႔ပတ္သက္ေနျခင္းမဟုတ္ ဆရာ၀န္နဲ႔လူနာဆိုေသာ ဆက္ဆံေရးနဲ႔ အားေပးကူညီတဲ့ သူငယ္ခ်င္းဆိုတဲ့ စည္းထဲမွာပင္ျဖစ္သည္။ယမံုနဲ႔က အၿမဲေတြ့ေနတာလဲ မဟုတ္ တစ္ပတ္မွ တစ္ရက္ေလာက္ပဲ ေတြ့ရတဲ့အျပင္ ဒီအေၾကာင္းကိုသိသူက ဘုန္းျမတ္နဲ႔ယမံုအျပင္ ရဲေသြးေနာင္ တစ္ေယာက္ထဲပဲရိွတာမို႔ ျမမွဴးသိႏိုင္ေလာက္မဲ့အေၾကာင္းအရင္းမရိွေပ။ျမမွဴးကိုလဲ ဒီကိစၥေသးေသးေလးေၾကာင့္ စိတ္ပူပန္မႈမျဖစ္ေစခ်င္တာေၾကာင့္ ျမမွဴးကို မေျပာျပဖို႔သာ ဘုန္းျမတ္ေရြးခ်ယ္လိုက္သည္...........။
Advertisement
- End413 Chapters
Rebirth of a Fashionista: This Life Is Soo Last Season
Cinderella went from rags to riches, but when you are already at the top, fate is more than happy to kick you down. A car accident kicks off Sheng Jiaoyang's reverse Cinderella story by trapping her soul in the body of a poor girl, leaving her to succumb to fate and wait for her Prince Charming to come to her rescue -- obviously not!Like a phoenix rising out of the ashes, Sheng Jiaoyang forges her own way back up to the upper echelons of society, clearing obstacles, taking revenges, and bagging her handsome and rich childhood friend on the way.If you are tired of reading about poor damsel in distress waiting for a man to rescue her, and wants a female lead that can carry herself to the top, Rebirth of A Fashionista is the novel for you!
8 282 - In Serial10 Chapters
Hanami
A hard-working young man, who is barely making ends meet, meets a wealthy young girl, diagnosed with the infamous princess syndrome. Follow these ill-fated soulmates through their countless hurdles to find true love.
8 207 - In Serial36 Chapters
BODYGUARD | VKOOK
[BODYGUARD | VKOOK] Who could have thought the emotionless transfer student would save his life late at night? Jungkook surely didn't. Especially not when Taehyung is cold as ice. But would a simple kiss melt Taehyung or would Jungkook remain on thin ice? VKOOKLVR © 2020
8 126 - In Serial33 Chapters
Crash & Care
How the life of a couple based in Mumbai is affected due to one's accident?!Story involving cute banters, romance & lots of emotions..Peep in to know further.
8 144 - In Serial18 Chapters
✓ | KEEPER, hugo granger-weasley
「𝗞𝗘𝗘𝗣𝗘𝗥」❝Well it all started with a certain Keeper...❞▪︎ Synopsis ▪︎Heavy rumours speculated around Hogwarts that the reason Dahlia never committed was because she was a child born from love potion. However, having that she's never denied it, no one truly knew if it was true. Dahlia was playful and refused to believe in commitment. Hugo was a dreamer and believed in soulmates. So what happens when the two opposites attract?"Started: May 16, 2020Finished: July 07, 2020BOOK 9 of Opposites AttractCompanion Book(s)BOOK 1: Spite ↠ JAMES SIRIUS POTTER ✓BOOK 2: Strange ↠ ALBUS SEVERUS POTTER ✓BOOK 3: Trouble ↠ TEDDY LUPIN ✓BOOK 4: Charm ↠ LOUIS WEASLEY ✓BOOK 5: Resist ↠ FRED WEASLEY II ✓BOOK 6: Naive ↠ SCORPIUS MALFOY ✓BOOK 7: Checkmate↠ LORCAN SCAMANDER ✓BOOK 8: Drowning↠ LYSANDER SCAMANDER ✓Harry Potter and all its Franchise © J.K RowlingOC and Creative Plot © -lalalie
8 148 - In Serial50 Chapters
The Playboy's Wicked Revenge
All she ever wanted was someone who can love her, understand her and respect her but destiny has something else stored.All her life she prayed for one thing which is, not to be a BURDEN on anyone, but life's not fair at allShe thought its love but it was a revenge where she loses herself while he was only standing there with a smirk on his face and a wine in his handsIntroducing Sia Evans and Xander Black where one craves for someone who can understand her while other doesn't give damn to anyoneOne is innocent, other is evilOne is clumsy and awkward while other is PerfectionistOne has so many things to say to the world while the other doesn't give a fuckOne is ice and other is fireFollow their story and see how an evil minded person turn into hopelessly and unconditionally in loveSpoiler alert:The main character will get back to each other, so no one's gonna die or anything but before the happily ever after there will be tears, revenge, innocence and love.YOU ARE GOING TO HATE THE MALE LEAD, SO READ AT YOUR OWN RISK.Hate comments would be deleted immediately.There can be some grammatical error, and I'm sorry for that.You can always leave feedback for the storyPlease give the book a chanceDon't forget to vote and followMost Impressive Ranking so far: #1- Random#1- Tears #1- BackstabbingXoxo ❣️Marbil20 Oct, 2020 - 21 April 2021
8 445

