《ကံကြမ္မာစေရာ [OC] (Completed)》Ep_33
Advertisement
Uni
ဒီလို caseမျိုးတွေက အရေးပေါ်ဋ္ဌာနကို ကိုယ်၀န်ဆောင်သည်အများစု ဖြစ်ပြီးရောက်လာတတ်ကျတာမို့ အများအားဖြင့်ကကိုယ်၀န်ပျက်ကျခြင်းဖြစ်သည်။မှူးကိုကြည့်တော့လဲ ဘာမှေ၀ဒနာခံစားနေရတဲ့ပုံလဲမပေါ်တာတာကြောင့် ဖြစ်နိုင်ချေရှိသည့် ရောဂါလက္ခဏာများကို အလျှင်အမြန်စဥ်းစားလိုက်သည်။ ဘုန်းမြတ်ခေါင်းထဲမှာ ကိုယ်၀န်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ဖြစ်စဥ်အချို့ကို မှတ်ဥာဏ်အတွင်းအမြန်ပြန်ခေါ်နေရသည်။လူကထူပူနေတာကြောင့် ဘယ်ကဘယ်လိုစလုပ်ရမလဲ ပျာယာခက်နေသည်။အရင်ဆုံး ဒီနေကနေ ဆေးရုံကိုအရင်ဆုံးသွားမှစိတ်ချရမှာမို့ ဆေးရုံသွားဖို့ ကားသွားယူလိူက်သည်။ရွှန်းလဲ့ယမုံကိုအတွက်တော့ လမ်းထဲကလူတွေကို ဆေးရုံကားခေါ်ပေးဖို့ပြောခဲ့ပြီး မှူးကိုသူကိုယ်တိုင်ဆေးရုံခေါ်သွားမှဖြစ်မည်။
"မှူး.. ဖြေးဖြေးတက်"
မှူးကို ဖြေးဖြေးချင်း ကားပေါ်တင်ပေးပြီး ကားအနောက်ခန်းမှာ ယွန်းမီနဲ့အတူ ထိုင်စေလိုက်သည်။ပြီးတာနဲ့ ဆေးရုံကိုအမြန်သွားဖို့ ကားကို အတတ်နိုင်ဆုံးအမြန်မောင်းတော့သည်။
"ယွန်းမီ....အကို့ကို တစ်ခုကူညီပေးပါလား"
"ဟုတ် ပြောပါ ကိုဘုန်းမြတ်"
"အခု မှူးရဲ့ ကိုယ်ပေါ်မှာ အစက်အပျောက်တွေ ရှိနေလား တစ်ချက်ကြည့်ပေး"
သွေးဆင်းတဲ့ ဖြစ်စဥ်ကိုအမြန်ဖြေရှာဖို့အတွက် ဆေးရုံရောက်တဲ့အထိ မစောင့်နိုင်တော့၍ ကိုယ့်ဘာသာကိုယ်အရင်သုံးသပ်ကြည့်မှရတော့မည်။
ကိုဘုန်းမြတ်ပြောတဲ့ အတိုင်း မှူးရဲ့ ကိုယ်ပေါ်နဲ့ခြေလက်တွေအနှံ့ကြည့်လိုက်သည်။
"ရှိတယ် ကိုဘုန်းမြတ်....လက်နဲ့ ရင်ဘက်နားတွေမှာရှိတယ်"
"အခုရော သွေးကဆင်းနေတုန်းလား"
"အများကြီး မဆင်းတော့ဘူး"
"မှူး ဗိုက်အောင့်နေလား"
"ဟင့်အင်း.....မအောင့်ဘူး"
"သေချာတယ်နော် နည်းနည်းလေးတောင်မအောင့်ဘူးဆိုတာ"
"အင်း.....ဘယ်လိုမှမနေဘူး"
ဘုန်းမြတ် အခုမှသာ စိတ်ထဲတစ်၀က်အေးရတော့သည်။ဒါဟာ ကိုယ်၀န်ရှိကာစ သုံးပတ်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော သာမာန်သွေးဆင်းခြင်းဖြစ်သည်။အကယ်၍ ကိုယ်၀န်ပျက်ကျတာဆိုရင် ဗိုက်ထဲမခံမရပ်နိုင်အောင် အောင့်မည်ဖြစ်ပြီး အခုလိုသာမာန်သွေးဆင်းမှုမျိုးဆိုရင် ကိုယ်ပေါ်တွင်အစက်အပျောက်သာများ ပေါ်လာပြီး သားအိမ်တွင်လဲ နာကျင်မှုမရှိပေ။ဒါဟာ အခုသူစိတ်ထဲမှာထင်နေတဲ့အတိုင်းဖြစ်ဖို့က ၉၀ ရာခိုင်နှုန်းရှိသည်။သေချာဖို့အတွက် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက ဆေးရုံရောက်မှ စစ်ဆေးကြည့်ရမည်မို့ ကားကိုအရှိန်မြှင့်တင်ပြီးမောင်းလိုက်သည်။
"ကိုဘုန်းမြတ် မှူး ဘာဖြစ်တာလဲဆိုတာ သိပြီလား....."
ယွန်းမီ မှူးအတွက် အတော်စိတ်ပူနေရသည်။ဒီလိုဖြစ်ရပ်မျိုးတွေက ကိုရီးယားကားတွေထဲမှာဆိုရင် ကလေးပျက်ကျတဲ့ အခန်းတွေမှာပါနေကျမလား။ဒါကြောင့် မှူး ကိုယ်၀န်ရှိနေတာကို မသိပဲနဲ့များ ပျက်ကျသွားတာလားဆိုပြီး စိတ်ပူမိနေသည်။
"အင်း စိတ်ထဲမှာခန့်မှန်းထားတာတော့ရှိတယ်"
"ဘာဖြစ်တာတဲ့လဲ"
"မှူး မှာကိုယ်၀န်ရှိနေတာ"
"ဟမ်!!!"
ယွန်းမီရော မှူးရော ပြိုင်တူအော်မိသွားသည်။
အကို့စကားကြောင့် မှူး ရင်ထဲမှာဗြောင်းဆန်သွားရသည်။မှူး ဗိုက်ထဲမှာ ကလေးရှိနေတာတဲ့လား။အဲ့ဒါကြောင့် ဒီလထဲရာသီသွေးမဆင်းသေးသလို
အစားအသောက်ပျက်နေတာဖြစ်လိမ့်မည်။ဒါပေမဲ့ အခုသွေးဆင်းတာကြောင့် ရုပ်ရှင်တွေထဲကလို့ ကလေးပျက်ကျသွားတာလားလို့ တွေးမိပြီး လန့်သွားရသည်။
"ဟင်!!! အဲ့ဒါဆို အခုက မှူး .......မှူး.....ကလေးပျက်ကျသွားတာလား"
မှူးမှာ မေးလဲမေး ငိုလဲငို ဖြစ်နေသည်။ကိုယ့်ဗိုက်ထဲမှာ အကိုနဲ့ရတဲ့ ကလေးရှိနေတာတောင် မသိတဲ့ကိုယ့်အဖြစ်ကိုတွေးရင်း ကိုယ့်ကိုယ်ကိုဒေါသထွက်မိရသည်။
"မှူး......မငိုနဲ့လေ.....မှူး ဘာမှမဖြစ်ဘူး....ကလေးလဲဘာမှမဖြစ်ဘူး.....ဒါက ကိုယ်၀န်စရှိတဲ့ သုံးပတ်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမာန်ဖြစ်ရပ်ပဲ ဘာမှစိတ်မပူနဲ့နော် မှူး.....မှူး အခုဗိုက်ထဲမှာ မနာဘူးမလား....ပြီးတော့ သွေးလဲ ဆက်မဆင်းတော့ဘူးမလား.....ဘာမှစိတ်မပူနဲ့တော့....ကိုယ်စကားကိုယုံ .....မှူး ဘာမှမဖြစ်ဘူး
စိတ်မလှုပ်ရှားနဲ့"
"အင်း......."
မှူးမှာ လှိုက်တက်လာတဲ့ ၀မ်းနည်းမှုကိုပြန်မြိုချပြီး အကိုပြောတဲ့အတိုင်းသာဖြစ်ပါစေလို့ဆုတောင်းနေသည်။ဗိုက်ကို ခပ်ဖွဖွကိုင်ကြည့်ရင်း ကလေးရေ ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့လို့ စိတ်ထဲကပြောနေမိသည်။ဒါဟာ ရင်ထဲက အလိုအလျောက်ဖြစ်ပေါ်လာတဲ့ မိခင်စိတ်ပင်....။
ဆေးရုံကိုရောက်တာနဲ့ မှူးကိုပွေ့ချီလိုက်ပြီး သာဖွားမီးယပ်ဆောင်ကို တန်း၀င်ချသွားသည်။ရင်းနှနေပြီးေသာ ဆရာမတစ်ယောက်ဆီ မှူးကို ချက်ချင်းစစ်ဆေးပေးဖို့ အကူအညီတောင်းပြီး အခန်းရဲ့အပြင်မှာစောင့်နေလိုက်သည်။ကလေးရှိနေတယ်ဆိုတာသာ ကျိန်းသေသွားပြီရင် ဘုန်းမြတ်ရဲ့ဘ၀မှာ အပျော်ဆုံးနေ့တစ်နေ့ဖြစ်လာလိမ့်မည်။အခန်းအပြင်မှာ ထိုင်မရထမရနဲ့ တစ်ယောက်ထဲ ယောက်ယက်ခက်နေတာကြောင့် ဆေးရုံလာပြတဲ့ ဖြတ်သွားဖြတ်လာလူတွေတောင် ဘုန်းမြတ်ကို လှည့်ကြည့်လှည့်ကြည့်လုပ်သွားသည်။
"အဲဲ့ဒါဘယ်လိုဖြစ်နေတာလဲ.... ဒေါက်တာကြီးရဲ့"
ဘုန်းမြတ်နဲ့ ဆေးကျောင်းအတူတူတက်လာတဲ့ သူငယ်ချင်းဖြစ်သူ ဟေမာန်သည် အမြဲတမ်းတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘုန်းမြတ်က အခုယောက်ယက်ခက်နေတာမြင်တော့ ရယ်ချင်မိသွားသည်။
"ဘာတဲ့လဲ ငါပြောတာဟုတ်တယ်မလား"
မျှော်လင့်ခြင်းအပြည့်နဲ့ အမောတကော မေးလိုက်သည်။
"ဟုတ်ပါတယ်ရှင်.....congratulationဘုန်းမြတ် နင် ကလေးအဖေဖြစ်တော့မယ်......နင့်မိန်းမမှာ ကိုယ်၀န်သုံးပတ်ကျော်ရှိနေပြီ
ဒါက ပထမဆုံးကိုယ်၀န်မို့လို့ သွေးဆင်းတာဖြစ်တာ......နင်ဟာလေ ဆေးရုံကလူနာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိန်းမ ကိုယ်၀န်ရှိလို့ရှိနေမှန်းတောင်မသိဘူးလား....အခု သူအားနည်းနေလို့ ဆေးသွင်းပေးထားတယ် သွား ၀င်ကြည့်လိုက်ဦး"
"အင်း...အခုလိုကူညီပေးတာကျေးဇူးပါပဲ"
"ရပါတယ် အချင်းချင်းတွေပဲကို "
၀မ်းသာပျော်ရွှင်မှု အပြည့်နဲ့ မှူးဆီကို သွက်လက်တဲ့ခြေလှမ်းများဖြင့် သွားလိုက်သည်။
"မှူး ဘယ်လိုနေသေးလဲ သက်သာရဲ့လား"
"အဟင့်......ဟင့်...အကို......မှူး......မှူး ဗိုက်ထဲမှာကလေးရှိနေပြီတဲ့"
အကို မှူးရဲ့အနားကို ရောက်လာတာနဲ့ မှူးမှာ ၀မ်းသာလွန်းလို့ အကို့ကိုဖက်ပြီး ငိုတော့သည်။
"ဟုတ်တယ် မှူးလေးရဲ့.....အခုမှူးမှာ ကိုယ်တို့ရဲ့ ကလေးလေးရှိနေပြီ"
"မှူး ကိုယ့်ဗိုက်ထဲမှာ ကလေးရှိလို့ရှိနေမှန်းတောင် မသိခဲ့ဘူး.......မှူးရဲ့ အမှားကြောင့် ကလေးကို ဆုံးရှုံးလိုက်ရပြီထင်နေတာ.....အဟင့်......ဟင့်......"
"မှူး.....မငိုနဲ့တော့နော်.....မှူး ခေါင်းမူးလာလိုက်မယ်......ဒါကတကယ်ဆို ကိုယ့်အမှားတွေပါ......ကိုယ်သာ ရွှန်းလဲ့ယမုံကိုမကူညီခဲ့ဘူးဆိုရင် မှူးလဲ ဒီလိုမျိုးတွေကြုံတွေ့ရမှာမဟုတ်ဘူး.....အကယ်၍သာ ဒီနေ့ကိစ္စကြောင့် ကိုယ်တို့ကလေးလေး တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို တသက်လုံးခွင့်လွှတ်နိုင်မှာမဟုတ်ဘူး.....ကိုယ်တောင်းပန်ပါတယ်......မှူးကို ကြိုပြီးဒီအကြောင်းတွေမပြောထားခဲ့မိလို့"
"အကို မှူးကို ရွှန်းလဲ့ယမုံနဲ့ ဘယ်လိုပြန်ပြီး ဆက်သွယ်ခဲ့မိတာလဲဆိုတာ သေချာမပြောပြရသေးဘူးနော်"
Advertisement
"ကိုယ်ပြောပြပါမယ်......ရွှန်းလဲ့ယမုံက တစ်ရက် ကိုယ်တို့ဆေးရုံက အရေးပေါ်ဋ္ဌာနကို လူနာအနေနဲ့ရောက်လာခဲ့တယ်.....သူ့ပုံစံကမူမမှန်လို့ ကိုယ်သွေးစစ်ကြည့်လိုက်တော့ သူ့ဆီမှာ HIV ပိုးရှိနေတာ...ရောဂါကတော်တော်ကျွမ်းနေပြီ...အဲ့ဒါကြောင့် သူကသက်သေမလို့လုပ်နေလို့ ကိုယ်ကယ်ပေးခဲ့တာ....ပြီးတော့ သူတစ်ယောက်ထဲအားကိုးစရာမရှိဘူးဆိုလို့ ကိုယ်ကတာ၀န်ခံဆရာ၀န်တစ်ယောက်အနေနဲ့ရော သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ရော သူ့ရောဂါအတွက်ကူညီပေးနေခဲ့တာ......ဒီကိစ္စတွေကို မှူးကို ကြိုမပြောခဲ့ဘူးဆိုတာ မှူးကို စိတ်ပူပန်တာတွေ မဖြစ်စေချင်လို့ပါ......မှူး ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်"
"မှူး ခွင့်လွှတ်ပါတယ်.....ဒါပေမဲ့ ဒါက ပထမဆုံးနဲ့ နောက်ဆုံးခွင့်လွှတ်ခြင်းပဲ နောက်ဆိုရင် မှူးမဖြစ်မနေ သိထားရမဲ့ကိစ္စရှိရင် အကို မှူးကို အကုန်ပြောပါမယ်လို့ ကတိပေးရမယ်"
"အင်း....ကိုယ်ကတိပေးတယ်"
အခုလို ကိစ္စမျိုးဖြစ်တာတော့ စိတ်မဆိုးပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးသော မှူးကို စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိသည်။တစ်ပတ်လုံးလုံး တစ်ယောက်ထဲ ဘယ်လောက်တောင် စိတ်ဒုက္ခေရာက်ခဲ့ရလဲဆိုတာ မျက်နှာပေါ်မှာအထင်းသားပေါ်လွင်နေသည်။
မှူးကို စိတ်ဆင်းရဲစေမဲ့ ကိစ္စမျိုးနောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။စိတ်ဒဏ်ရာတွေများလွန်းသော မှူးအတွက်က ၀မ်းနည်းစေမဲ့ကိစ္စသေးသေးတောင်မှ သူမမခံစားနိုင်ပါ။အထူးသဖြင့် ဒီလို ကိုယ်၀န်ဆောင်ကာလမျိုးတွေမှာ အမျိုးသမီးတိုင်းစိတ်အရမ်းအားငယ်တက်တာမို့ မှူးကိုအရင်ကထက် ပိုပြီးအရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးရမဲ့ တာ၀န်ဘုန်းမြတ်မှာရှိလာလေပြီ။
"မှူးလေး"
"ဟင်"
"မှူးလေး အခုကိုယ်ကိုယ်ကို ဂရုစိုက်မှရတော့မယ်နော်....ပြီးတော့ ကိုယ်မရှိတဲ့အချိန် မှူးနဲ့အတူတူနေပေးဖို့ အိမ်အကူတစ်ယောက် အမေ့ကိုရှာခိုင်းထားလိုက်မယ်"
"အင်း....မှူး ဂရုစိုက်မှာပါ..ပြီးတော့ မှူးရဲ့ဘေးမှာအကိုတစ်ယောက်လုံးရှိနေတာပဲ ကလေးကကောင်းကောင်းမွန်မွန်ကြီးပျင်းလာမှာပါ"
"ကိုယ့်မှူးလေး ရှေ့လျှောက်ပင်ပန်းရတော့မှာ...."
မှူးရဲ့ နဖူးတစ်၀ိုက်မှာကျနေတဲ့ ဆံစအချိို့ကို ဘေးကို သပ်တင်ပေးပြီး နဖူးကို ဖိကပ်နမ်းလိုက်သည်။ဒီကလေးမက ဘုန်းမြတ်ကိုဘယ်လောက်ချစ်လဲဆိုတာ ပြောပြစရာမလိုအောင် မှူးရဲ့အပြုအမူများမှတဆင့်တွေ့နိုင်သည်။ကျောင်းတပိုင်းတစနဲ့မို့ မှူးကိုသားဆက်ခြားဆေး သောက်ချင်ရင်သောက်ခွင့်ပြုတယ်လို့ပြောထားပေမဲ့ အမေနဲ့ အဖေတို့က မြေးလိုချင်နေတယ်ဆိုတာကြောင့် ဆေးမသောက်ပဲ ဒီအတိုင်းအတူတူနေခဲ့ကြသည်။ပြီးတော့ အကိုက အသက် ၃၀နားကပ်နေပြီ ကလေးအဖေဖြစ်ဖို့ အရွယ်ရောက်နေပြီဆိုပြီးတော့လဲ ပြောသေးသည်။အမှန်တိုင်း၀န်ခံရရင် ဘုန်းမြတ်လဲ ကလေးလိုချင်နေတာဖြစ်သည်။ကိုယ်ပိုင်မိသားစုတစ်ခု တည်ထောင်ပြီး ဘ၀ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်နေပြီ။ဒါပေမဲ့ အသက်၂၀တောင်မပြည့်သေးသော မှူးအတွက် ၀န်ထုပ်၀န်ပိုးဖြစ်မှာစိုး၍ သူစိတ်သဘောအတိုင်းနေခွင့်ပြုထားပေမဲ့ အရိပ်အကဲသိလွန်းသော မှူးက ဘုန်းမြတ်နဲ့သူ့မိဘတွေအတွက် မှူးရဲ့လွတ်လပ်ခွင့်နဲ့လဲပေးခဲ့သည်။
"အရမ်းချစ်တယ် မှူး......"
"မှူးလဲ အကို့ကိုချစ်တယ်......."
"အမေတို့လဲ ၀မ်းသာရအောင် ကိုယ်ဖုန်းဆက်ပြီးလှမ်းပြောလိုက်ဦးမယ်.....မှူး ယွန်းမီနဲ့ ခဏနေလိုက်ဦး....သူအပြင်မှာထိုင်စောင့်နေတယ်...ကိုယ်အထဲကို၀င်လာဖို့ပြောလိုက်မယ်"
"အင်း"
"ယွန်းမီ မှူးနဲ့ စကားသွား၀င်တွေ့လိုက်ဦး....အကို အပြင်မှာ ဖုန်းသွားပြောလိုက်ဦးမယ်"
"ဟုတ် ကိုဘုန်းမြတ်"
စိတ်ထဲမှာ ၀မ်းသာပျော်ရွှင်နေလွန်းလို့ အမေ့ဆီဖုန်းခေါ်နေရင်းနဲ့တောင် မျက်နှာက ပြုံးစိစိဖြစ်နေသည်။
"ဟယ်လို"
"ဟယ်လို အမေလား"
"အေးဟုတ်တယ်သား....ဒီအချိန်ကြီး ဘာကိစ္စရှိလို့တုန်း ဂျူတီချိန်ကြီးမဟုတ်ဘူးလား"
"ဟုတ်တယ်အမေ....ဒါပေမဲ့ အမေတို့ကို ၀မ်းသာစရာသတင်း ပြောစရာရှိလို့"
"ဟေ....ဘာသတင်းတုန်း"
"အဖေနဲ့အမေနဲ့ မကြာခင်မှာ မြေးချီရတော့မယ်"
"ဟယ် သား.....သား တကယ်ပြောနေတာလား"
"တကယ်ပေါ့ အမေရ....မှူးမှာ ကိုယ်၀န်သုံးပတ်ရှိနေပြီတဲ့"
"ဟယ်.....၀မ်းသာလိုက်တာသားရယ်....၀မ်းသာလိုက်တာ....မင်းအဖေလဲ သိရင် တော်တော်၀မ်းသာမှာ "
"ဟုတ်တယ်အမေ အဖေကိုလဲပြောပြလိုက်ဦး"
"အေးအေး ပြောလိုက်မယ်သား....မှူးရော အခုဘယ်လိုလဲ နေရထိုင်ရအဆင်ပြေရဲ့လား"
"ပြေတယ်အမေ"
"အေး သားပိတ်ရက်ကျရင် မှူးလေးနဲ့အတူ အမေတို့ဆီလာခဲ့ဦး....အမေ့ချွေးမလေးကို အားရှိတဲ့အစားအစာတွေကျွေးချင်လို့"
"ဟုတ်အမေ ..သားတို့လာခဲ့မယ်...လာမဲ့နေ့ကျရင် ကြိုပြီးဖုန်းဆက်ထားမယ်....ပြီးတော့ အမေ မှူးနဲ့အတူတူအဖော်နေပေးဖို့ရော...အိမ်မှုကိစ္စတွေလုပ်ပေးဖို့ရော အဒေါ်ကြီးတစ်ယောက်လောက်ရှာပေးထားဦး အမေ"
"ဟုတ်ပြီ ဟုတ်ပြီ အမေရှာပေးထားမယ်....မှူးကိုလဲ သေချာဂရုစိုက်ဦးသားရေ.... မှူးရော ဗိုက်ထဲက ကလေးရော အမေတို့အတွက် အရမ်းအရေးကြီးတယ်"
"ဟုတ်ကဲ့ သားသေချာဂရုစိုက်ပါတယ်.....အမေလဲကျန်းမာရေးဂရုစိုက်ဦး....မကြာခင် မြေးထိန်းရတော့မှာ"
"အမလေး....ဟုတ်ပါပြီ သားရယ်....မြေးထိန်းဖို့ အားမွေးထားမယ်"
"ဟုတ်ကဲ့ အမေအဲ့ဒါဆို သားဖုန်းချလိုက်တော့မယ်.....ပိတ်ရက်ကျမှတွေ့မယ်"
"အေးအေး ချလိိုက်တော့သား"
အမေ့တို့ကတော့ သူတို့ရဲ့ဆန္ဒပြည့်၀သွားတော့ ပျော်နေတာကြောင့် ဘုန်းမြတ်က ပိုပြီး၀မ်းသာနေရသည်။ဒါပေမဲ့ တစ်နှစ်လောက် မိန်းမ နဲ့အတူမပေါင်းဖက်ရတော့ပဲ အလင်း၀င်ရတော့မဲ့ မိမိအဖြစ်ကို စဥ်းစားပြီးတော့ ကိုယ့်ကိုယ်ကို သနားမိရပြန်သည်။
×××××××××××××××××××××××××××××××××××
ဟဲဟဲ အရှေ့ကကိုယ်၀န်ပျက်ကျတယ်ဆိုပြီး တန်းလန်းကြီးထားခဲ့တဲ့ အပိုင်းက ရှင်တို့ကို သပ်သပ်ရှို့ပေးထားတာ🤭🤭🤭
Zawgyi
"မှူး.. ဖြေးဖြေးတက်"
Advertisement
"ဟင့်အင်း.....မအောင့်ဘူး"
"အင်း.....ဘယ်လိုမှမနေဘူး"
"ဘာဖြစ်တာတဲ့လဲ"
"ဟမ်!!!"
စိတ်မလှုပ်ရှားနဲ့"
"အင်း......."
"အဲ့ဒါဘယ်လိုဖြစ်နေတာလဲ.... ဒေါက်တာကြီးရဲ့"
ဒါက ပထမဆုံးကိုယ်ဝန်မို့လို့ သွေးဆင်းတာဖြစ်တာ......နင်ဟာလေ ဆေးရုံကလူနာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိန်းမ ကိုယ်ဝန်ရှိလို့ရှိနေမှန်းတောင်မသိဘူးလား....အခု သူအားနည်းနေလို့ ဆေးသွင်းပေးထားတယ် သွား ၀င်ကြည့်လိုက်ဉီး"
"အင်း....ကိုယ်ကတိပေးတယ်"
"မှူးလေး"
"ဟင်"
"အရမ်းချစ်တယ် မှူး......"
"အမေတို့လဲ ၀မ်းသာရအောင် ကိုယ်ဖုန်းဆက်ပြီးလှမ်းပြောလိုက်ဉီးမယ်.....မှူး ယွန်းမီနဲ့ ခဏနေလိုက်ဉီး....သူအပြင်မှာထိုင်စောင့်နေတယ်...ကိုယ်အထဲကိုဝင်လာဖို့ပြောလိုက်မယ်"
"အင်း"
"ယွန်းမီ မှူးနဲ့ စကားသွားဝင်တွေ့လိုက်ဉီး....အကို အပြင်မှာ ဖုန်းသွားပြောလိုက်ဉီးမယ်"
"ဟုတ် ကိုဘုန်းမြတ်"
"ဟယ်လို"
"ဟယ်လို အမေလား"
"ဟေ....ဘာသတင်းတုန်း"
"ဟုတ်တယ်အမေ အဖေကိုလဲပြောပြလိုက်ဉီး"
"ပြေတယ်အမေ"
"အေး သားပိတ်ရက်ကျရင် မှူးလေးနဲ့အတူ အမေတို့ဆီလာခဲ့ဉီး....အမေ့ချွေးမလေးကို အားရှိတဲ့အစားအစာတွေကျွေးချင်လို့"
Advertisement
- In Serial128 Chapters
Pretending
Juliet Grayson and Warner Brooks could not be more opposite.Juliet has struggled with body image issues and bullying her entire life. Being 40 pounds overweight with braces, acne and horn-rimmed glasses did not make it easy for her especially at her high school. She spent the entire four years being bullied by the kids at her school until she reached her breaking point. After graduation, she vowed to change her whole appearance and start over at the college of her dreams leaving her past behind.Warner Brooks is the epitome of every girl's dream. Godlike handsome. Star of the soccer team. He's got the looks and the brains. He was the typical playboy hot shot of their high school getting whatever girl he wanted and his ego couldn't be any bigger. The only thing Juliet and Warner have in common is school which they have been in constant competition over since childhood always competing for the top grades.Juliet goes to college a new person, determined not to be weighed down by the scars of bullying that plagued her before. With a whole new look, It is her chance to start over where nobody knows the loser she used to be. More importantly, she could finally get away from all the people who made her high school experience hell.Until she finds out Warner Brooks the high school hotshot who got under her skin like no other was attending the exact same program at her college. Her plans to start over are disrupted when Warner re-enters her life knowing her past and he doesn't plan on leaving her alone anytime soon.Both Warner and Juliet are pretending. Juliet is pretending that changing her appearance fixed all her problems and Warner is pretending he doesn't care.WARNING: Mature themes and ED content
8 133 - In Serial34 Chapters
Alpha Raphael
(* Sequel to My Little Mate *)Ariel is the spawn of Blaire and Darren. Most would expect her to adopt her mothers kind nature, and everyone is surprised when they are met with a fiery woman. Especially her mate Raphael who fights her fire, with fire.
8 165 - In Serial23 Chapters
Worlds Apart
A Manik X Sonakshi FF!
8 111 - In Serial51 Chapters
Warrior Luna
Amelia Davis is 20 and she's apart of the Moonlight pack. She has already shifted and she hasn't found her mate yet. This doesn't worry her because she's still young and wants to live her life more. Amelia has long dark midnight hair and beautiful green eyes, with pale skin. She is strong willed and is her father's daughter.Xavier Harrison is 22 and is looking for his mate. He needs a Queen to keep him sane on the throne. He is short tempered and possessive. He has dark hair and brown eyes. She wolves are swept of their feet by his looks and charm. He's in search of his mate. He will never let her go.What will happen when these two find out they're mates? ***I could feel my heart thumping out of my chest. I felt tingles all around me. I quickly put my head down. The truth was going to come out and I wasn't ready for it. I knew what was going to happen. I was so terrified, I just wanted to go home. My throat went dry. I could feel him stop in front of me. I could feel his power coming off of him. I could feel the air change. Kat was loosing her mind, she was so happy. I was so scared. Once I looked up everything was going to change. I wasn't ready, my god why does this have to happen to me.I felt his warm fingertips on the bottom of my chin. It sent shivers into my spine. I wanted more, I wanted more of his touch. It's like my body needed it. I wanted to throw my hand around him. He lifted my chin up slowly, and everything paused. I saw his beautiful honey eyes. "Mate" Kat said in my head. It was like I was staring into his soul. We were so close I could hear him breathing. His steady breathing was the best music I could hear. He nearly stopped my breath, it felt like I was floating. His honey eyes were staring into mine he looked mesmerized. He took his hand off my chin and softly grabbed my hand. He pulled it up to his mouth and said "I believe you're my Queen." He said in a deep enriching voice. Then he kissed my hand with his soft lips.
8 546 - In Serial44 Chapters
The Mistake
Jonah Lewis Chambers, a multi-billion dollar CEO, has only one objective on his mind - REVENGE.Mindy Ivory Young, your average hardworking, innocent and feisty woman falls prey to his revenge.When a mistake causes Jonah to seek revenge against Mindy and her family to the point of even kidnapping her, he never expected the plan to backfire on him causing him to create even more mistakes. He doesn't know when it happen but he has fallen hard for the girl. Will he ever be able to see past all the hate and revenge? And will she ever be able to forgive him?*Excerpt*Jonah wasn't going to stop. He was enjoying himself too much. Mindy shuts her eyes tightly and her body tense readying herself for his kiss. He smiled at her actions before ever so lightly placing a kiss on her soft cheek closing his eyes as well. A less than appropriate sigh escape from Mindy's mouth. Jonah's eyes snaps open. He lets go of her and shoves her aside. "Hurry and come out!" Then he storms out of the room not looking back.Mindy clutches her towel to her chest breathing heavily. She was so confused as to what just happen. She slowly takes her left hand and touch her cheek where he had kiss so gently. The feeling was still there. That kiss was not of an ogre, but of a prince to his princess. Why would he had kiss her like that? Still confuse she tries her best to forget the thought as she dresses. **Book 1 in Kidnapped Series**FYI: Mild laugange and sexual contents throughout.
8 269 - In Serial74 Chapters
Greenwood Knight
Lord Erec, Baron of Greenwood. Years of service earned him glory, honor, wealth and even a title or two. While contented, he felt no real joy...until he met her.Resourceful and brave, Gwyndolyn twice escaped death at the hands of treacherous villains. But she found herself quite alone...until she met him.War loomed ominously from Far North. Treachery and treason lurked within. The King and the entire kingdom were in danger.Falsely labeled as traitors and hunted like animals, Erec & Gwyndolyn desperately searched for the real traitor. But how could they possibly beat the odds and win the day before time ran out?*This work has shortened chapters for e-readers. In book form it would have about 34 chapters.
8 131