《ကံကြမ္မာစေရာ [OC] (Completed)》Extra_2
Advertisement
Uni
"ဒီနေ့က ဆရာဘုန်းမြတ်မင်းသွေး ဆေးခန်းထိုင်တဲ့နေ့လားရှင့်"
ဆေးကောင်တာ ရှေ့မှာရပ်ပြီး လာမေးသော ခပ်ချောချော ကောင်မလေးကြောင့် nurseမလေး ခဏတာ ပြူးပြီးကြောင်ကြည့်မိသွားသည်။ဖြူ၀င်းနေသောအသားအရည် ဖြောင့်စင်းနေသော ပုခုံးလောက်ရှိ ဆံပင်အတိုနဲ့ နှုတ်ခမ်းနီနီက ထွက်လာသော အသံချိုချိုလေးက မိန်းကလေးအချင်းချင်းပင် ငေးကြည့်ရသည်အထိ လှရက်လွန်းသည်။make up ပါးပါးလေးခြယ်သ ထားတာတောင် လှပလွန်းနေပြီး အကြည်ဓာတ်လေးဖြစ်နေသည်။
"ဟုတ်ပါတယ် ညီမလေး....ဒီနေ့က ဆရာဘုန်းမြတ်မင်းသွေး ဆေးခန်းထိုင်တဲ့နေ့ပါ.....ဆေးခန်းပြမလို့လား ညီမလေး"
"မဟုတ်ဘူးရှင့် ဆရာ့ဆီလာတာ"
"ဆရာ လူနာကြည့်နေတယ် ညီမလေး"
"သြော်....ဟုတ်ကဲ့ ဒါနဲ့ အစ်မက်ို nurse အသစ်ထင်တယ် အရင်ကမတွေ့ဖူးသလိုပဲ"
အရင်ကမတွေ့ဖူးဘူးလို့ ပြောတယ်ဆိုတော့ ဆရာ့ဆီ လာနေကျ မိန်းကလေးဖြစ်လိမ့်မယ်လို့ တွေးမိလိုက်သည်။ဆရာရဲ့ ရည်းစားလား ညီမလား ဆိုတာတော့ စိတ်ထဲက ထပ်ပြီး ခန့်မှန်းကြည့်လိုက်သည်။
"ဟုတ်တယ် ညီမလေး...အစ်မက ဒီမှာအလုပ်၀င်တာ တစ်လလောက်ပဲရှိသေးတယ်"
"သြော်....ဟုတ်ကဲ့ရှင့်.....အဲ့ဒါဆို ညီမ ဆေးခန်းပိတ်တဲ့အချိန်ထိ အပြင်မှာပဲ စောင့်နေလိုက်တော့မယ်....အကို့ကို တော့ညီမရောက်နေတယ်လို့ မပြောပါနဲ့ဦးနော်"
"ဟုတ်ကဲ့...ခဏနေရင် ဆေးခန်းပိတ်တော့မှာပါ ညီမလေး အကြာကြီးတော့ မစောင့်ရတော့ပါဘူး"
"ဟုတ်ကဲ့.....ကျေးဇူးပဲနော် အစ်မ"
အကို ဆိုသော နာမ်စားကိုသုံးလိုက်တယ်ဆိုတော့ ဆရာ့ညီမ ဖြစ်ဖို့ကကျိန်းသေသွားသည်။ပြီးတော့ ဆရာ့ထက်လဲ ငယ်မဲ့ပုံဖြစ်တာကြောင့် ဆရာ့ညီမဆိုတာ သေချာပေါက် ဖြစ်နိုင်သည်။
ဘုန်းမြတ် လူနာကြည့်ခန်းထဲကနေ ဆေးစာအုပ်ကို ကြည့်ရင်း ကောင်တာဘက်ကို လမ်းလျှောက်လာတော့ Nurseမလေးက မတ်တပ်ရပ်လိုက်တာကြောင့် ရီပြပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ပြီးတော့ ကောင်တာမှာ ဆေးစာရေးနေရင်း လူနာကို ပေးဖို့ဆေး ပြောပြနေတာကို စိတ်မ၀င်စားပဲ nurseမလေးက အပြင်ကိုတစ်ချက်ချက် လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိလိုက်သည်။
"အပြင်မှာ ဆရာမကို စောင့်နေတဲ့သူရှိလို့လား?"
"ရှင်!! ဟုတ်...ဒါပေမဲ့ စန္ဒီ့ကိုစောင့်နေတဲ့သူတော့
မဟုတ်ဘူး....ဆရာ့ကိုစောင့်နေတဲ့သူ"
"ဘယ်သူလဲ patient မဟုတ်တဲ့သူလား"
"ဟုတ်တယ်ဆရာ ဆေးခန်းလာပြတဲ့သူမဟုတ်ဘူး.....ဆရာနဲ့တွေ့မလို့လာတာတဲ့.....ဆေးခန်းပိတ်တဲ့အချိန်ထိစောင့်နေမယ်ပြောတယ်"
ဘုန်းမြတ် သူ့ကို တကူးတက တွေ့ချင်တယ်ပြောရအောင် ဘယ်သူများလဲလို့ တွေးမိနေသည်။ဆေးခန်းအရှေ့ကို ကြည့်လိုက်တော့ နံရံထောင့်နားမှာ ကပ်ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်။
မှန်က အ၀ါးမို့လို့ သေချာမမြင်ရပေမဲ့ ဆံပင်တိုနဲ့ မိန်းကလေး တစ်ယောက်ဆိုတာတော့ သေချာသည်။ပထမက မှူးလို့ ထင်မိပေမဲ့ မှူးက ဆံပင်အရှည်နဲ့ ဒီမိန်းကလေးက ဆံပင်အတိုနဲ့။
"ဟိုရှေ့မှာ ထိုင်နေတဲ့ မိန်းကလေးလား"
"ဟုတ်တယ်ဆရာ.....ဆရာ့ညီမ လား"
"ဟမ်!ဆရာ့မှာ ညီမ မရှိပါဘူး"
"ဟုတ်လား.....သူက သူရောက်နေတယ်ဆိုတာ အကို့ကို မပြောပါနဲ့ဆိုပြီး ပြောသွားတာ"
"အကို ?"
အကိုဆိုသော နာမ်စားကြောင့် အံ့သြမိသွားသည်။ဘုန်းမြတ်ကို အကိုလို့ ခေါ်သောသူက ဒီကမ္ဘာပေါ်မှာ မှူးတစ်ယောက်ပဲရှိသည်။ဒီမိန်းကလေးက မှူးများလားဆိုပြီး သိချင်စိတ်တွေ ပြင်းပြ လာတာကြောင့် ဆေးစာကို အမြန်အဆုံးသတ်ရေးပေးပြီး ဆေးခန်းရှေ့ကို အမြန်ထွက်သွားတော့သည်။
တံခါးကိုကျော်လာပြီးတဲ့အချိန်မှာ ထိုမိန်းကလေးကို မြင်တော့ မျက်လုံးများပင်ပြူးကျယ်သွားရသည်။
"မှူး!!!!"
အပွင့်အခက်လေးတွေပါသော ပန်းနုရောင် ဂါ၀န်ဒူးဖုံး လက်ရှည်ကို ဒေါက်ဖိနပ် ပန်းရောင်နဲ့တွဲ၀တ်ထားပြီး ဘေးတစ်စောင်းကြည့်တာတောင် ချစ်ဖို့ကောင်းနေသည်။ဂုတ်လောက်ရှိ ဆံပင်ကဖြောင့်စင်းနေပြီး ဘယ်ဘက်မျက်နှာနားရှိက ဆံစတွေကို နားနောက်ကို သပ်တင်ပြီး သိမ်းထားတာကြောင့် မေးရိုးကထင်းထွက်နေပြီး မျက်နှာလေးက ရှင်းသန့်နေသည်။
"အကို"
အကို ဆိုတဲ့ နာမ်စားက ထိုပန်းနုရောင်နှုတ်ခမ်းဖျားက ထွက်လာတဲ့အချိန်မှာတော့ တစ်နေကုန် အလုပ်တွေနဲ့ ပင်ပန်းထားခဲ့သမျှ အကုန်ပြေပျောက်သွားပြီး ရင်ထဲအေးချမ်းသွားရသည်။
"မှူး.....ဘယ်လိုလုပ်ရောက်လာတာလဲ...ပြီးတော့
ဆံပင်က ဘယ်လိုဖြစ်သွားရတာလဲ"
"ဟီးးးဟီးးး.....မှူး ပြီးမှ အဲ့အကြောင်းပြောပြမယ် အခု အကိုအလုပ်ကိုသာ အရင်ပြီးအောင်လုပ်လိုက်ဦး"
ရှက်ခိုး ရှက်ခမ်းဖြစ်နေပြီး ထွက်ပေါ်လာတဲ့ ရယ်သံသဲ့သဲ့လေးကြောင့် ပြောစရာစကားလုံးများတောင် ပျောက်ရှသွားတာကြောင့် ဘာမေးခွန်းမှ ဆက်မမေးနိုင်တော့ပဲ ရယ်ပြီး ခေါင်းငြိမ့်ပြပြီးသာ ဆေးခန်းထဲပြန်၀င်လာခဲ့သည်။
"ဆရာ!.....ဆရာနဲ့သိတဲ့သူလား"
nurse မလေးကလဲ တော်တော်သိချင်နေပုံရသည် အထဲပြန်၀င်လာတာနဲ့ တန်းမေးတော့သည်။ပိုဆိုးသည်က ဘုန်းမြတ်က ဆေးခန်းထဲကို ရိုးရိုးတန်းတန်း၀င်လာတာမဟုတ်ပဲ ၀မ်းသာပီတိ ဂွမ်းဆီထိနေတဲ့ရုပ်နဲ့ ၀င်လာတာကြောင့် သိချင်တာကမဆန်းပေ။
"သိတာပေါ့....အဲ့ဒါ ဆရာ့ဇနီးလေ"
"ရှင်!!!"
ဘုန်းမြတ်ရဲ့ စကားကြောင့် nurseမလေး မျက်လုံးပြူးပြီး အံ့သြသွားတာကို မျက်နှာမှာ အတိုင်းသားမြင်လိုက်ရသည်။အံ့သြလဲ အံ့သြချင်စရာ မှူးရဲ့ ပုံစံက ကလေးအမေလို့ ထင်ဖို့နေနေသာသာ ယောကျာ်းရှိမှန်းတောင် ဘယ်သူမှထင်မိကြမှာမဟုတ်။ဆယ်ကျော်သက် အရွယ် ကလေးမလေး တစ်ယောက်လိုပင်။သမီးလေးက ၁နှစ် ပြည့်တော့မယ် အမေက အခုမှ ၁၆နှစ်အရွယ်သာသာ ပုံစံလိုဖြစ်နေသည်။ဒီကြားထဲ ဘယ်သူကဘယ်လို မြှောက်ပေးလိုက်လို့ ဆံပင်ညှပ်လာတာလဲမသိ ပိုပြီးလှပြီး ချစ်စရာကောင်းသွားသေးသည်။မှူးစိတ်နဲ့ ဆိုရင် ဆံပင်ညှပ်မှာမဟုတ် တစ်ယောက်ယောက်က မြှောက်ပေးလိုက်တာတော့ ကျိန်းသေတာကြောင့် ပြီးမှမေးရမယ်လို့ စိတ်ထဲမှာတေးထားလိုက်သည်။
ဆေးခန်းပိတ်ချိန်ရောက်တဲ့ အခါမှာတော့ ဂျူတီကုတ်ကိုအမြန်ချွတ်ပြီး လက်ပေါ်တင်ကာ အပြင်ကိုအမြန်ထွက်လာခဲ့တော့သည်။
"ဆရာ သွားတော့မယ်နော်.......တစ်ယောက်ထဲ ဆေးခန်းပိတ်လို့ အဆင်ပြေတယ်မလား"
Advertisement
"ဟုတ်ကဲ့ ပြေပါတယ်ဆရာ"
nurse မလေးက ပြေတယ်ဆိုတာကြောင့် မှူးရှိရာဆီအမြန်သွားတော့သည်။
"မှူးလေး......အပြင်မှာမအေးဘူးလား"
"နည်းနည်းတော့ အေးတယ်အကို.....မိုးရွာတော့မယ်ထင်တယ် လေတွေတိုက်နေတယ်"
"ဟုတ်တယ်....မှူး ဒီမှာပဲ ရပ်စောင့်နေ....ကိုယ် ကားသွားယူလာခဲ့မယ်"
"ဟုတ်"
ဆေးခန်းက ကားဂိတ်နားမှာဖြစ်တာကြောင့် ကိုယ်ပိုင်ကားတွေရပ်လို့မရသဖြင့် အနီးအနားကလမ်းကြားထဲမှာ ကားသွားရပ်ထားရသည်။
ခဏအကြာမှာ အကိုက ကားနဲ့အတူဆေးခန်းရှေ့ကို ရောက်လာတာကြောင့် မှူး အမြန် ကားဆီသွားလိုက်သည်။
မှူး ကားပေါ်ရောက်တာနဲ့တင် မိုးကဖွဲဖွဲလေးစရွာလာတော့သည်။အချိန်ကလဲ မှောင်ရီပျိုးစဖြစ်နေပြီး မိုးအုံ့နေတာကြောင့် ပတ်၀န်းကျင်က ဆိုင်ခန်းတွေနဲ့ ကားတွေတောင် မီးတွေဖွင့်ထားကြသည်။
"ကဲ ပြောပါဦး ကိုယ့်မှူးလေး ဘယ်ကနေ ဘယ်လိုရောက်လာတာလဲဆိုတာ"
လူက ကားတံခါးပိတ်ပြီး လွယ်ထားတဲ့အိတ်ကို ချွတ်ပြီး ဘေးမှာချနေတုန်းပဲရှိသေးတယ် အကိုက မှူးကို ကလေးတစ်ယောက်လို ပါးကိုဆွဲညှစ်ပြီးမေးနေလေသည်။
"အကိုနဲ့ Date လုပ်မလို့ ရောက်လာတာ"
ဆံပင်ကို နားနောက်ကို တစ်ချက်သပ်တင်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။
"ကဲ date လုပ်တာတော့ ဟုတ်ပါပြီဗျာ......chocoလေးကို ဘယ်သူနဲ့ထားခဲ့လဲ.......ပြီးတော့ ဆံပင်က ဘယ်လိုဖြစ်တာလဲဆိုတာလဲ ဟောဒီ့က အကို့ကိုပြောပြပါဦး"
"ပြောပါမယ် အကိုရယ်.....လောလောဆယ် အကိုသာ ကားကိုအရင်မောင်း ဟုတ်ပြီလား......ဒီနေရာက မှတ်တိုင်ဆိုတော့ ကြာကြာကားရပ်လို့မကောင်းဘူး"
"အဲ့ဒါဆို မှူးပြော ကိုယ်ဘယ်ကိုမောင်းရမှာလဲ ကိုယ့်မှူးလေး ဘာစားချင်လဲ"
"အင်း.....ဘာစားချင်လဲ ဆိုတော့........မှူးက ကမ်းနားစျေးကိုသွားချင်တာ.....အရင်တုန်းကလိုမျိုး အကို့လက်ကိုတွဲပြီးတော့ မုန့်တွေစားရင်းလမ်းလျှောက်ချင်တာ"
"ဒါပေမဲ့ မှူးလေး....အခုမိုးရွာနေတယ်လေ"
"အဲ့ဒါဆို.....အဲ့ဒီ ကမ်းနားလမ်းက ရွှေဘဲ ကိုသွားကြရအောင်.....မှူး ဘဲကင်လဲ စားချင်တယ်.....အကယ်၍ မှူးတို့စားနေတုန်း မိုးတိတ်သွားရင် လမ်းလျှောက်လို့ရတာပဲ မဟုတ်ဘူးလား"
"ကောင်းပါပြီဗျာ....မှူးလေး သဘောအတိုင်းပါပဲ"
"အဲ့ဒါဆို အကိုကားမောင်းနေတုန်း မှူးက အကိုမေးတာတွေကို တစ်ခုချင်းစီဖြေပေးမယ်.......အရင်ဆုံး chocoလေးကို အမေတို့နဲ့အတူတူထားခဲ့တယ်.....အပြန်ကျရင် ၀င်ခေါ်ရမှာ......ပြီးတော့ မှူးကဘယ်လိုရောက်လာတာလဲဆိုတော့ အကို့နဲ့နှစ်ယောက်ထဲ အခုလိုမျိုးလွတ်လွတ်လပ်လပ် အပြင်မှာ လျှောက်မလည်ရတာကြာပြီမို့လို့ ....ပြီးတော့အမေကလဲ စိတ်ချလက်ချ အေးအေးဆေးဆေး ပျော်လာခဲ့တဲ့......ကလေးကိုအမေကြည့်ထားပေးမယ်ဆိုလို့......မှူးက အပျို ပုံစံလုပ်ဖမ်းပြီး အကို့ဆီလာတာ"
စကားတစ်ခွန်းချင်းဆီကို ဘုန်းမြတ်ရဲ့ မျက်နှာကို တစ်စိမ့်စိမ့်ကြည့်ရင်းပြောပြနေတာမို့ ကားရှင်းတုန်းခဏ မှူးရဲ့မျက်နှာကို တစ်ချက်ပြုံးပြီးကြည့်ကာ လက်ကို ဆုပ်ကိုင်ပြီး အနမ်းပေးလိုက်သေးသည်။
"မှူး နောက်တစ်ခုပြောဖို့ကျန်သေးတယ်နော်.....အရမ်းအရေးအကြီးဆုံးကိစ္စ.....ပြောပါဦး မှူးကို ဆံပင်ညှပ်ဖို့ ဘယ်ကအလိုက်ကန်းဆိုး မသိတဲ့ဟာလေးတွေက မြှောက်ပေးလိုက်တာလဲ......သူများမိန်းမက နဂိုကတည်းက လှနေလို့ ဒီက အူတိုနေပါတယ်ဆိုမှ ကလေးအမေရုပ်မပေါက်ပဲ ကလေးရုပ်ပေါက်အောင် ဆံပင်ညှပ်ဖို့ မြှောက်ပေးရတယ်လို့......ကိုယ်သိတယ်နော် မှူး စိတ်နဲ့ဆိုရင် ဆံပင်ညှပ်ချင်ရင်တောင် ကိုယ့်ကိုပြောမယ်ဆိုတာကို......အခုက ကိုယ့်ကိုမပြောပဲညှပ်လာတယ်ဆိုတော့ တစ်ယောက်ယောက်မြှောက်ပေးတာ ကျိန်းသေတယ်.....ကိုယ့်ကိုမလိမ်နဲ့ အဲ့အလိုက်ကန်းဆိုးမသိတဲ့ဟာကို ကိုယ့်ကိုအခုပြောပြ"
မှူးမှာ အကို့စကားကြောင့် အထိတ်တလန့် ဖြစ်ပြီး မျက်လုံးပြူးသွားရတော့သည်။
"အကိုရယ် ဘယ်လိုတွေပြောနေတာလဲ......အကိုတော့ ငရဲကြီးကုန်တော့မှာပဲ.......မှူးကို ဆံပင်ညှပ်ဖို့ အကြံပေးတာ အကို့အမေလေ"
"ဟမ်!!!အမေလား"
မိန်းမကိုသ၀န်အတိုကောင်းပြီး အမေကိုစော်ကားမိတော့မလို့ နည်းနည်းပဲလိုတော့သည်။
"အဲ့ဒါစောစောကတည်းကပြောပါလား မှူးရဲ့
မိုးတွေကလဲ ခြိမ်းနေတာကို မှူးလုပ်တာနဲ့
ကိုယ်မိုးကြိုးပစ်ခံရပြီး မရင်ရွှေ လက်သစ်ဖြစ်တော့မလို့"
"အကိုက မှူးပြောတာဆုံးအောင်နားမထောင်ပဲ ပြောချင်တာတွေ ဇွတ်ပြောသွားပြီးတော့"
မှူးကို ဆံပင်ညှပ်ခိုင်းတာ အကို့အမေဆိုပြီးပြောလိုက်တော့ လန့်ပြီး ပြာပြာသလဲလဲ ဖြစ်သွားတဲ့ အကို့ပုံစံကို ကြည့်ပြီး မှူး အူတက်နေတော့သည်။ဆရာ၀န်ကြီးက မိုးကြိုးပစ်ခံရမှာကိုကြောက်နေတဲ့ ကလေးတစ်ယောက်လို ရုပ်မျိုးဖြစ်နေလေသည်။
"ကဲ...အဲ့ဒါဆိုပြော အမေကဘာလို့ မှူးကိုဆံပင်ညှပ်ခိုင်းရတာလဲ"
"ဘာလို့ ညှပ်ခိုင်းတာလဲဆိုတော့.......အမေကပြောတယ် မှူးလေးတဲ့ သမီး ဒီနှစ်ကနေစပြီး ကျောင်းပြန်တတ်ရမှာဆိုတော့ ကျောင်းတက်ရင် သမီး ကလေးအမေလိုပုံစံဖြစ်နေလို့ မဖြစ်ဘူးတဲ့.......အမေက မှူးလေးကို ဆယ်ကျော်သက်ကောင်မလေးတွေထက် လှအောင်လုပ်ပေးမယ် ဆိုပြီး ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားတော့တာပဲ......အခုကထဲက ညှပ်ထားမှ ကျောင်းတက်ရင် ပုံကျပြီး လှနေမှာတဲ့လေ"
"သြော်....တော်တော် အားကိုးရတဲ့ အမေပါလား......သားကတော့ မိန်းမဖြစ်သူကို တခြားယောကျာ်းတွေကြည့်မှာစိုးလို့ စိတ်မချနိုင်ဖြစ်တဲ့အချိန်မှာ အမေကတော့ ချွေးမဖြစ်သူကို ပိုလှသွားအောင်တောင် လုပ်ပေးမယ်ဆိုပါလား......ယောက္ခမနဲ့ ချွေးမလိုက်လဲလိုက်တယ်နော်.....မှူးကလဲ အမေညှပ်ပေးတိုင်းခံလာရသလား"
"မှူးလဲ ညှပ်ချင်လို့ပေါ့......ကျောင်းတက်တဲ့အချိန်ကျရင် မှူးလဲ ဂျူနီယာတွေနဲ့ ရွယ်တူလိုမျိုးဖြစ်အောင်လို့လေ.....မှူးက ကျောင်းကို၂နှစ်တောင် အောင့်ထားရတာကို.......တော်ကြာ ကျောင်းသူတွေကြားထဲမှာ တစ်ယောက်ထဲကွက်ပြီးအိုနေရင် ဘယ်လိုလုပ်မလဲ"
စကားတတ်မလေး မှူးကြောင့် ပြန်ပြောစရာစကားများတောင် ပျောက်ရှသွားရသည်။
"ကိုယ်ကမှူးကို ဆံပင်ညှပ်လို့ပြောနေတာမဟုတ်ပါဘူး......အမေက မှူးမညှပ်ချင်ပဲ အတင်းညှပ်ခိုင်းတယ်ထင်လို့ ပြောနေတာ......မှူးက ဘယ်လိုနေနေ ကိုယ့်အတွက်တော့ လှပြီးသားပဲ မှူးစိတ်ကြိုက်သာလုပ် ကိုယ်ဘာမှမချုပ်ချယ်ဘူး"
"ဟီးးးဟီးးးး အဲ့ဒါကြောင့် မှူးက အကို့ကိုချစ်နေရတာ"
"ချစ်ရင် အာဘွားပေး"
ကားမောင်းနေရင်းတောင် အာဘွားပေးဆိုပြီး ပါးကိုထိုးပေးနေသေးသည်။မှူးကလဲ ချက်ချင်းဆိုသလို အကို့ရဲ့ပါးကို အနမ်းပေးလိုက်သည်။
Advertisement
"မိုးကတော်တော် သည်းလာတာပဲ အကို"
"ဟုတ်တယ်မှူး......အရှေ့မှာ ကားတွေလဲပိတ်နေတယ်"
"အဲ့ဒါဆို ကားပြန်လှည့်လိုက်တော့ အကို.....ဆက်သွားမနေနဲ့တော့.....တော်ကြာ အိမ်ပြန်တာနောက်ကျနေလိမ့်မယ်"
"အင်း....အဲ့ဒါဆို ကားပြန်လှည့်လိုက်မယ်......တခြားဆိုင်ပဲသွားကြတာပေါ့....မှူးလေးတခြားဘာစားချင်လဲ"
"အခုကမိုးရွာနေတော့.....မြေအိုးမြီးရှည် ပူပူလေးသောက်ချင်တယ်"
"အဲ့ဒါဆို ခဏလေးစောင့်......ကိုယ် ဆိုင်ရှာလိုက်ဦးမယ်"
မှူး ဘာပြောပြော အမြဲလိုက်လျောပေးတတ်သော အကို့ကိုကြည့်ရင်း စိတ်ထဲမှာကြည်နူးမိသည်။အကို့နဲ့သာမဆုံဖြစ်ခဲ့ရင် မှူးရဲ့ဘ၀က အခုချိန်ဆို ဘယ်လိုတွေများဖြစ်နေမလဲဆိုတာ မတွေးရဲစရာပါ။အရာအားလုံးအတွက် အကို့ကိုအရမ်းကျေးဇူးပါတယ် လို့စိတ်ထဲမှာအမြဲတမ်းပြောမိနေသည်။
××××××××××××××
အပြန် Chocoလေးကို၀င်ခေါ်ပြီး အိမ်ကိုပြန်ရောက်တော့ ည၁၀နာရီခွဲနေပြီဖြစ်သည်။
"အကို.....အကို အရင်ခြေလက်ဆေးပြီး အ၀တ်အစားလဲလိုက် မှူး chocoလေးကို သိပ်လိုက်ဦးမယ်"
"အင်း......အဲ့ဒါဆို ကိုယ်အရင် ခြေလက်ဆေးလိုက်မယ်"
အကိုရေချိုးခန်းထဲ၀င်သွားတာနဲ့ မှူး ကကလေးကို နွေးနွေးထွေးထွေးထားပြီး သိပ်ရတော့သည်။
"chocoရေ......မီးလေး ဒီနေ့ အဘွားနဲ့နေရတာ ပျော်ရဲ့လား"
ကလေးက ဖြူဖြူလုံးလုံးလေးနဲ့ သွားဖုံးလေးတွေပေါ်အောင် ရီပြနေသည်မှာ ချစ်ဖို့သိပ်ကောင်းသည်။ကလေးက မှူးထက် အကိုနဲ့ ပိုတူတာကြောင့် မျက်ခုံးနက်ပြီး နှုတ်ခမ်းပါးလေးနဲ့ မျက်နှာလေးက ထင်းနေသည်။မှူးနဲ့ တူတာဆိုလို့ ပါးချိုင့်ပါတာလေးပဲရှိသည်။ကျန်တာကတော့ သူ့အဖေရုပ်ကို ချွတ်တပ်ထားသလားအောက်မေ့ရသည်။
မိုးအေးနေတာကြောင့် အင်္ကျီနဲ့ ဘောင်းဘီလက်ရှည်လေး ၀တ်ထားပေးပြီး ဂွမ်းစောင်လေးကိုပါ သေချာခြုံပေးထားတာကြောင့် စောင်ပုံထဲမှာ ပိုးတုံးလုံးလေးလို လုံးလုံးလေးဖြစ်နေသည်။ကလေးက ညဥ့်နက်နေပြီမို့ အိပ်ချင်ပုံရသည်။၁၀မိနစ်လောက်ပဲ တင်ပါးလေးကို ပုတ်ပြီး ချော့သိပ်လိုက်ရသည်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။
"မှူးလေး.....ကလေးအိပ်ပျော်သွားပြီလား"
ရေချိုးခန်းထဲက တဘတ် တစ်ထည်နဲ့ရေသုတ်ရင်း ထွက်လာရင်းမေးလိုက်သည်။
"အင်း....အိပ်သွားပြီအကို"
"အဲ့ဒါဆို မှူးလဲ အ၀တ်အစားလဲလိုက်ဦး"
"ဟုတ်"
မှူးလေး ကိုယ်လက်သန့်စင်နေတုန်း ကလေးအိပ်နေတဲ့ဆီသွားပြီး နဖူးကို ဖွဖွလေးနမ်းလိုက်သည်။
"ဖေ့သမီးလေးက အိပ်နေတာတောင် ချစ်ဖို့ကောင်းလိုက်တာ သမီးအမေအတိုင်းပဲ"
ကလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း တစ်ယောက်ထဲ သဘောတွေကျနေတော့သည်။
မိုးကအေးနေတာကြောင့် adidas မီးခိုးရောင်ဘောင်းဘီ အရှည်နဲ့ လက်ရှည်အင်္ကျီတစ်ထည်၀တ်လိုက်ပြီး မှူးအတွက် milo ပူပူလေးလေးဖျော်ပေးဖို့ အတွက် မီးဖိုဆောင်ထဲသွားလိုက်သည်။မှူးက အိပ်ခါနီတိုင်း milo ချောကလက်အရသာ သောက်လေ့ရှိတာမို့ အခု မှူးခြေလက်ဆေးပြီးထွက်လာတာနဲ့ သောက်ဖို့စေတနာ မေတ္တာတေတ္ အပြည့်နဲ့ သေချာဖျော်ပေးနေသည်။
"အကို.......ဘာတွေလုပ်နေတာလဲ"
အနောက်ကနေ ခါးကို နွေးထွေးစွာ ပွေ့ဖက်လာသော လက်တစ်စုံကြောင့် ရင်ထဲအထိ နွေးထွေးသွားရသည်။
"မှူးလေး သောက်ဖို့အကိုကိုယ်တိုင် milo ဖျော်ပေးနေတာ"
"ဟုတ်လား......အကိုက ချစ်ဖို့ကောင်းလိုက်တာ"
"ကိုယ် ချစ်ဖို့ကောင်းတာအခုမှသိတာလား"
"အရင်ကထဲက သိပြီးသားပါရှင်"
"ရော့ ပူတုန်းသောက်လိုက်ဦး"
"ဟုတ်"
အကို ကမ်းပေးတဲ့ milo ခွက်ကိုယူပြီး လေလေးနည်းနည်းမှုတ်ပြီး တစ်ငုံသောက်လိုက်သည်။
"အင်း.....ကောင်းလိုက်တာ.....အကိုဖျော်ပေးတာမို့လို့လားမသိဘူး အရသာပိုရှိနေသလိုပဲ"
"မှူးကတော့ ပိုပြန်ပြီ"
"တကယ်ပြောတာပါဆို.........အခုလို အရသာရှိတဲ့ miloဖျော်ပေးတဲ့အတွက် အကို့ကိုဆုချရမယ်"
miloခွက်ကို ဘေစင်နားမှ ချလိုက်ပြီး အကိုမှီပြီးရပ်နေတဲ့ ရေခဲသေတ္တာနားကို လမ်းလျှောက်သွားလိုက်သည်။အခုမှ ရေချိုးပြီးကာစ ဖြစ်သောအကိုမျက်နှာ ကြည်လင်ချောမွတ်နေပြီး အရမ်းကို ဆွဲဆောင်မှုရှိနေသည်။အနားရောက်တာနဲ့ ဘာမပြောညာမပြောနဲ့ အကို့လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်ပြီး နှုတ်ခမ်းဖျားကို နူးညံ့ညင်သာစွာ နမ်းရှိုက်လိုက်သည်။
ဇနီးချောလေးက အကြာကြီးဖိကပ်နမ်းနေတာမဟုတ်ဘဲ နှုတ်ခမ်းကို ထိလိုက် ခွာလိုက်နဲ့ အကြိမ်ကြိမ် နမ်းနေတာမို့လို့ စိတ်ထဲမှာ မရိုးမရွဖြစ်လာရသည်။တမင်တကာ လူကို မြူဆွယ်နေသလား အောက်မေ့ရသည်။အသားစားတဲ့ ကျားကိုမှ ပါးစပ်ထဲ လက်လာထိုးပေးတော့လဲ ကျားလဲဆက်ပြီး ဟန်မဆောင်နိုင်တော့ပါ။
မှူးရဲ့ခါးကို လက်ဖြင့် ဆွဲဖက်လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို အငမ်းမရ စုပ်ယူလိုက်သည်။ကြာကြာနမ်းလဲ နမ်းလို့ မ၀တဲ့အပြင် အောက်ကအကောင်ကပါ ကြွလာပြီမို့ နောက်တစ်ဆင့်ထပ်တက်ဖို့ စပြီးအရှိန်ယူလိုက်သည်။
မှူးရဲ့ ကိုယ်လုံးသေးသေးလေးကို ခါးကနေ ဆွဲမပြီး မီးဖိုခန်းက အသီးအနှံခြင်းလေးနဲ့ တစ်ရူးဘူး အချို့တင်ထားသော ဘောင်ပေါ်လိုက်သည်။
ချိုမြိန်သော အနမ်းတွေကတော့ အခုထိ အဆက်မပြတ်သေး။
မှူးက ဖဲသား ညအိပ်ဂါ၀န် လက်တစ်လုံးကြိုးကို အပေါ်က အနွေးထည်အပါးလေး ထပ်၀တ်ထားတာကြောင့် အနွေးထည်နဲ့ အင်္ကျီလက်ကို ပုခုံးက ဆွဲချလိုက်တဲ့ အချိန်မှာတော့ အောက်ဘက်က ဖြူဥ နေသော ရင်သားအစုံက ထွက်ပေါ်လာတော့သည်။နှုတ်ခမ်းဖျားဆီက အနမ်းတို့ကို ထပ်မံအရှိန်တင်လိုက်ပြီး လက်ကထဲ ရင်သားကိုစက်၀ိုင်းပုံသဏ္ဍာန် ဆုပ်နယ်ရင်း ထိဖျားကိုဖိချေလိုက်တဲ့ အခါမှတော့ ညီးသံသဲ့သဲ့က နှုတ်ခမ်းအတွင်းကနေ ဖွင့်အံကျလာသည်။
"အင့်........အွန့်...........အင့်"
မှူးရဲ့ ငြီးသံလေးကို နားထောင်ချင်တာကြောင့် နှုတ်ခမ်းသား တို့ကို ဖိကပ်ထားရာမှ ခွာလိုက်ပြီး ပန်းနုရောင် သမ်းနေသော ရင်သားထိပ်ဖျားကို ဆွဲငုံပြီးစုပ်လိုက်သည်။တဖန် လက်ကလဲ ဂါ၀န်အောက်က အတွင်းခံဆီ နယ်ချဲ့ရင်း တဖြည်းဖြည်းချင်း ဆွဲချွတ်လိုက်သည်။
"အာ့........အကို........ဟာ့.......အင့်........"
သည်းကြီးမဲကြီး ရွာချနေသော မိုးရဲ့အကာအကွယ်နဲ့ နှစ်ယောက်စလုံး ရှေ့ကိုသာဆက်တိုးမိနေသည်။
အတွင်းခံ ပန်းရောင်ကို ခြေဖျားထက်မှာ ဆွဲချွတ်ပြီးတာနဲ့ ကိုယ့်ရဲ့ ဆာလောင်နေသော အကောင်ကိုပါ အပြင် ထုတ်လိုက်သည်။မှူးရဲ့ဂါ၀န်အရှည်စကို ပေါင်ရင်းအထိ ဆွဲတင်လိုက်ပြီး ပေါင်တံနှစ်ချောင်းအောင်ကနေ လက်ကိုလျှို၀င်ပြီး ခါးကိုတင်းကြပ်စွာ ဆွဲဖက်လိုက်သည်။ပြီးတာနဲ့ ထိုပန်းနုရောင် အက်ကွဲကြောင်းထဲကို သူ့ဟာကို တေ့ပြီး တဖြည်းဖြည်းချင်းတိုး၀င်လိုက်သည်။နီးကပ်ပြီး အထဲထိ ရောက်သော အနေအထားကြောင့် ပြည့်ကြပ်သော တိုး၀င်မှုနဲ့တင် သာယာပြီး ငြီးသံပါထွက်မိသည်။
"အား.......ကောင်းလိုက်တာ မှူးရယ်"
မှူးကတော့ ဘုန်းမြတ်ရဲ့ ခါးကို ပွေ့ဖက်ကာ လည်တိုင်ကိုမော့ရင်း ခပ်တိုးတိုးငြီးနေလေသည်။
အဆုံးထိ ၀င်ရောက်ပြီးတဲ့အခါမှာတော့ ဆောင့်ချက်တွေက အဆက်မပြက်တိုး၀င်လာတာ
ကြောင့် ဘေးနားက ၀ိုင်ပုလင်းအချို့တင်ထားသော စင်ပါလှုပ်နေတော့သည်။မိုးရွာနေတာကို အခွင့်ကောင်းယူပြီး ခံစားချက်တို့ကို မြိုမသိပ်ထားပဲ အစွမ်းကုန် ငြီးပြီး သာယာနေကြသည်။
"အာ့.........ဟာ့.......အင့်.....ဟာ့.......အကို......ဟာ့
.......မြန်မြန်လေး.......မှူး......မှူး....ပြီးတော့မယ်"
"အင်း.....အကိုလဲပြီးတော့မယ်......တူတူပြီးကြမယ်"
နောက်ဆုံး အရှိန်ကိုအမြှင့်ဆုံးတင်ပြီး အားပြင်းပြင်းနဲ့ဆောင့်ကာ အသွင်းအထုတ်လုပ်လိုက်သည်။
"အာ့........အကို.......အာ့.......ဟာ့........."
အခုလို အတူနေချိန်တိုင်း မှူးရဲ့ နှုတ်ခမ်းဖျားဆီက အကိုလို့ ငြီးတိုင်း ဘုန်းမြတ်ကို အမြင့်ဆုံးသာယာမှုဆီ အမြဲခေါ်ဆောင်သွားလေသည်။
မိုးခြိမ်းသံ လေတိုက်သံတွေနဲ့အပြိုင် ဘုန်းမြတ်တို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးသံတွေကလဲ မီးဖိုခန်းထဲမှာ ပျံ့လွင့်နေသည်။
မိနစ်သုံးဆယ်လောက် ကုန်ဆုံးပြီးချိန်မှာတော့ နှစ်ဦးစလုံး ပြီးမြောက်ခြင်းကိုရောက်ရှိခဲ့လေသည်။ချွေးများပျံပြီး မောဟိုက်နေတဲ့ မှူးကတော့ ဘုန်းမြတ်ရဲ့ ပုခုံးပေါ်မေးလေးတင်ပြီး အမောဖြေနေလေသည်။
"မှူးလေး.....ကိုယ် သန့်ရှင်းရေးလုပ်ပေးမယ်နော်"
အ၀တ်အစား ကပိုကရိုနဲ့ အမောဖြေနေသော ချစ်ဇနီးကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်သွားတော့သည်။မိုးအေးနေတာကြောင့် ရေနွေးနွေးနဲ့ နှစ်ယောက်အတူတူ သန့်ရှင်းရေးလုပ်လိုက်ကြသည်။
ပြီးမှ အေးစက်နေပြီဖြစ်သော milo လက်ကျန်ကို အပြတ်ဖြတ်ပြီး အနားယူရန်ပြင်လိုက်သည်။ချစ်ရတဲ့ မှူးလေးကို ရင်ခွင်ထဲမှ ထွေးပွေ့လိုက်ကာ နဖူး၊ပါးပြင်နဲ့ နှုတ်ခမ်းဖျားဆီ အနမ်းတွေပေးပြီးမှ မိုးအေးအေးနဲ့ အိပ်စက်အနားယူလိုက်ကြသည်။
×××××××××××××××××××××××××××××××××××
ဒီရက်ပိုင်းအတွင်း Extra နောက်တစ်ပိုင်း ထပ်လာဖို့ရှိပါသေးတယ်။နောက်တစ်ပိုင်းမှာလဲ warning လေးနည်းနည်းပါပါမယ်ရှင်🤭🤭
Zawgyi
"သြော်....ဟုတ်ကဲ့ ဒါနဲ့ အစ်မကို nurse အသစ်ထင်တယ် အရင်ကမတွေ့ဖူးသလိုပဲ"
"သြော်....ဟုတ်ကဲ့ရှင့်.....အဲ့ဒါဆို ညီမ ဆေးခန်းပိတ်တဲ့အချိန်ထိ အပြင်မှာပဲ စောင့်နေလိုက်တော့မယ်....အကို့ကို တော့ညီမရောက်နေတယ်လို့ မပြောပါနဲ့ဉီးနော်"
Advertisement
- In Serial43 Chapters
Out-Flirt Me - Anakin x Reader
"So, you think you can out-flirt me now, don't you?" He asked as his breath tickled your ear."Think? I'm doing it right now Anakin." You responded emphasizing his name and giving him the most innocent eyes you could manage.You were hoping to get him flustered because you were NOT going to let him win, were you?#1 in clonetroopers #1 in lightsaber~I don't own any of the star wars characters except for the y/n and a few others that you've never heard of in the movies/books. Also I am promising a happy ending right now.
8 92 - In Serial27 Chapters
Mrs. Jeon || jjk ☑
Starting from now you will become 'Mrs. Jeon'I'm sorry but this is not a mafia story.This is a boring story. I already told you so be prepare.
8 246 - In Serial34 Chapters
milk | kageyama tobio
It all started from a box of milk.highest rank :#223 Fanfiction#1 kageyama
8 62 - In Serial164 Chapters
[BL] [Book 1] Cannon Fodder Little Husband [Quick Wear]
Cannon Fodder Little Husband [Quick Wear]炮灰小夫郎[快穿]Author張三悟Status349 ChaptersDescription After Wu Bai died, he crossed over and became a little husband who died tragically. In his previous life, Wu Bai changed from a village boy to an enviable prime minister's husband. Apart from suffering before he got married, his life was like being in a honey pot. His husband was loving, his children were filial and prosperous, and he was dying, before, he closed his eyes contentedly. Who would have thought that after his death, he would start all kinds of life journeys, but fortunately, the people around him have always been with him.--NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 168 - In Serial78 Chapters
When The Heart Lies | ✓
#3 in General Fiction [17-08-2018]BOOK 2 OF THE HEARTS SERIES.THE FIRST BOOK IN THE SERIES IS RECOMMENDED AS IT WILL HELP YOU UNDERSTAND THE SECOND ONE BETTER._______"Time has brought me ahead and left you behind. There's so much distance to cover. So much that you'll never reach my heart again. You are gone." Shaking of his head shook her wall. His slow footsteps pounded in her heart."I will claw your heart, tear it to get inside again," his breath fanned her cheek. Calm tone haunted her soul. "But it won't come to that when I am already there in your stubborn heart."Tears hung at those thick lashes. "My heart doesn't want you. Not anymore.""Your heart lies." His finger slid down her neck. A sinister smile made those tears fall, "And when the heart lies," the finger replaced by a strong fist held the back of her neck. His lips reached barely inches away from hers. "There are consequences."______AN INDIAN LOVE STORY
8 136 - In Serial87 Chapters
Two Alpha's and a Fox
you live a lift in a wolf where supernatural beings are comon, however your a species that is hunted by all sorts of creatures, scientists especially, but when you walk head first into two Alpha's.. who knew what was first thought to be seriously bad turned out of be pretty fucking good.trigger warnings, be prepared (:P)
8 158

