《ကံကြမ္မာစေရာ [OC] (Completed)》Extra_4
Advertisement
Uni
သုံးနှစ်ခန့်ကြာပြီးနောက်.........
"သမီးရေ...... ဖေဖေပြန်လာပြီ"
အိမ်အပေါက်၀မှာ ဖိနပ်ချွတ်နေရင်းနဲ့ ထုံးစံအတိုင်း သမီးကိုအော်ခေါ်လိုက်သည်။
"မေမေရေ..... ပါပါးကြီး ပြန်လာပြီ....."
ဧည့်ခန်းထဲမှာထိုင်ဆော့နေရင်းနဲ့ အဖေဖြစ်သူရဲ့အသံကိုကြားတော့ အိမ်အပေါက်၀ဆီအပြေးသွားတော့သည်။ ပြေးလာနေရင်းနဲ့လဲ အမေဖြစ်သူကို အသိပေးလိုက်သေးသည်။
လက်နှစ်ဖက်ကို ဆန့်တန်းပြီး တောက်တောက် တောက်တောက်နဲ့ ပြေးလာနဲ့ သမီးကို မြင်တာနဲ့ ပြေးပြီး ပွေ့ချီလိုက်ကာ ပါးနုနုလေးကို တစ်ရှုံ့ရှုံ့နဲ့ နမ်းလိုက်သည်။
"သမီးလေးဘာတွေလုပ်နေတာလဲ"
"အရုပ်တွေနဲ့ ဆော့နေတာ"
"ဟုတ်လား..... သမီးအမေရော...."
"အခန်းထဲမှာ"
"မှူးရေ..... ကိုယ်ပြန်ရောက်ပြီ"
ခုဏက ကလေးအော်ပြောတာတောင် အခုထိထွက်မလာသေးပုံထောက်ရင် မကြားလို့ထင်သည်။ ဒါကြောင့် ချစ်ဇနီးလေးရဲ့ မျက်နှာကို အမောပြေမြင်ရဖို့အရေး ကိုယ်တိုင်လှမ်းခေါ်လိုက်သည်။
အကိုပြန်ရောက်ရင် အကိုနဲ့အတူ အပြင်သွားဖို့ စီစဥ်ထားတာကြောင့် ၀တ်ဖို့အင်္ကျီအဆင်သင့်ပြင်နေရင်း အကို့ရဲ့အသံကြားလိုက်တာကြောင့် မှူး မျက်နှာလေး ၀င်းလက်သွားကာ အိမ်ရှေ့ကိုအမြန်ထွက်သွားတော့သည်။
"အကို ဘယ်တုန်းကထဲကပြန်ရောက်နေတာလဲ....မှူး အခန်းထဲရောက်နေတာနဲ့ မကြားလိုက်ဘူး"
"အခုပဲပြန်ရောက်တာ"
"အဲ့ဒါဆိုခဏနားပြီးရင် အကိုရေချိုးတော့လေ... မှူး သမီးကို အင်္ကျီလဲပေးလိုက်ဦးမယ်"
"သမီးကို နောက်မှအင်္ကျီလဲပေး..... အကို့ကို အရင် ၀တ်ဖို့အင်္ကျီထုတ်ပေးဦး"
"အင်း.... အဲ့ဒါဆို...သမီး ဒီမှာ ခဏထိုင်ပြီး အရုပ်နဲ့ဆော့နေဦး..... ပြီးရင် အင်္ကျီလဲဖို့ မေမေလာခေါ်မယ် ဟုတ်ပြီလား"
"ဟုတ်"
အကို့ရဲ့ လက်ဆွဲအိတ်ကို လက်ကကိုင်ပေးပြီး အခန်းထဲ၀င်လာခဲ့သည်။
"မှူးလေး........ကိုယ့်ကိုရေချိုးမပေးချင်ဘူးလား"
အခန်းထဲရောက်တာနဲ့ ဇာတ်လမ်းကစလာပြန်ပြီ။
အခန်းတံခါးကို ပိတ်ပြီးတာနဲ့ မှူးရဲ့ ခါးကိုအနောက်ကနေသိုင်းဖက်လာကာ ပုခုံးပေါ်မေးတင်ရင်း အပျော့ဆွဲလေသံနဲ့ပြောနေလေသည်။
"အကို!! ကလေးမဟုတ် သူငယ်မဟုတ်နဲ့ ဘယ်လိုဖြစ်နေတာလဲ"
"မှူးကလဲ ကိုယ့်မှာ တစ်နေကုန်အလုပ်ကပင်ပန်းလာတာကို....... တစ်ခါတစ်လေတော့လဲ မိန်းမကိုကပ်ချွဲချင်တာပေါ့"
"အကိုကလေ သမီးထက်အကြောင်းဆိုတယ်သိလား..... သမီးက တစ်ခွန်းထဲနဲ့ရတယ်.... အကိုက ဇွတ်...... ဖယ်တော့ တော်ကြာ သမီးလေး အခန်းထဲလိုက်၀င်လာဦးမယ်"
"မလွှတ်ဘူးကွာ"
"အကို... ကလေးမြင်သွားလိမ့်မယ်လို့"
"လွှတ်စေချင်ရင် .... ယောကျာ်းလို့ခေါ်ကြည့်"
"ဟမ်!!"
"ယောကျာ်းဆိုပြီး တစ်ခေါက်လောက်ခေါ်ကြည့်"
"မှူး..... မှူး အဲ့လိုမျိုးမခေါ်တတ်ဘူး"
"မှူးကလဲ.... တစ်ခါလောက်ပဲဖြစ်ဖြစ် ခေါ်ကြည့်ပါ...ကိုယ်နားထောင်ချင်လို့"
"အကို ရုတ်တရက်ကြီး ဘာလို့ ယောကျာ်းလို့ အတင်းခေါ်ခိုင်းနေတာလဲ"
"ကိုယ်က မှူးရဲ့ ယောကျာ်းမို့လို့ ယောကျာ်းလို့ ခေါ်ခိုင်းနေတာပေါ့"
"ဒါပေမဲ့ မှူး ပါးစပ်က ပြောလို့မှမထွက်တာကို"
"တစ်ခါပဲလေ.... တစ်ခေါက်လောက်ပဲ ခေါ်ကြည့်ပါ.... ကိုယ့်တို့နှစ်ယောက်ထဲရှိတာကို.... မှူး မခေါ်မချင်း ကိုယ်လွှတ်ပေးမှာမဟုတ်ဘူးနော်"
အကိုကတော့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ မှူးကို အကျပ်ကိုင်နေလေသည်။ ဒီနေ့အဖို့ ယောကျာ်းလို့မှ မခေါ်လျှင် လွှတ်ပေးဖို့ လမ်းစမမြင်ရတော့တာကြောင့် မှူး မျက်စိစုံမှိတ်လိုက်ကာ........
"ယောက်...... ယောင်္ကျား"
"ဗျာ....မိန်းမ...."
စမ်းချောင်းထဲက ရေလို ကြည်လင်အေးချမ်းသော အကို့ရဲ့ အသံက နားထဲကိုစီး၀င်သွားလေသည်။ အသံကတော့ ယောကျာ်းလို့အခေါ်ခံရတာကို အပြည့်အ၀ကျေနပ်နေတဲ့ အသံမျိုး။
အကိုတော့ မသိဘူး မှူးကတော့ ရှက်လို့သေတော့မည်။ ဒါကြောင့် အကို့ကို အတင်းတွန်းဖယ်ပြီး ချိုကိုရှိရာကိုသာ အမြန်ရှောင်ပြေးတော့သည်။
ယောကျာ်းလို့ တစ်ခေါက်လောက်ခေါ်ပြီး အရှက်လွန်ကာ ပြေးထွက်သွားသော မှူးကို ကြည့်ရင်း ချစ်လွန်းလို့ အူတွေအသဲတွေယားလာရသည်။ မှူးလေး ရှက်နေရင် အရမ်းချစ်ဖို့ကောင်းတာကြောင့် ထိုရှက်နေသည်ကို မြင်ချင်လို့ အတင်းလိုက်စနေမိသည်မှာ အကြိမ်ကြိမ်အခါခါ။ ပြောရမယ်ဆိုရင် စတွေ့ကတည်းကနေ အခုချိန်အထိ။ မှတ်မှတ်ရရဆိုရလျှင် ဆေးခန်းရှေ့မှာ ချော်လဲကျတုန်းက နောက်တစ်ခါဖျားရင် ကိုယ်ကိုယ်တိုင်ဆေးထိုးတော့မယ်လို့ပြောလိုက်တဲ့အချိန်က ရှက်သွားတဲ့မျက်နှာလေးကို အခုချိန်ထိ မျက်လုံးထဲကမထွက်သေး။
ရေမိုးချိုးပြင်ဆင်ပြီးတော့ ညနေ၆နာရီခွဲနေလေပြီ။ ဒီနေ့ အကိုက ဂျူတီချိန် စောစောပြီးတာကြောင့် မိသားစုလိုက် ညစာကို အပြင်မှာသွားစားကြမည်ဖြစ်သည်။
"သမီး...... မေမေကအလှပြင်နေတာ အခုထိမပြီးသေးဘူးလားမသိဘူး"
"ဟုတ်တယ်.... မေမေကလှနေတာတောင် အလှပြင်ရင် အကြာကြီးပဲ"
သားအဖနှစ်ယောက်သား ဆိုဖာပေါ်မှာ ထိုင်နေရင်း အမေဖြစ်သူအကြောင်း အတင်းပြောနေကြတော့သည်။
choco-pie ကို တစ်ကိုက်ပြီတစ်ကိုက်စားနေတဲ့ သမီးလေးကိုကြည့်ရင်း ပြုံးမိလိုက်သည်။ ဗိုက်ထဲမှာ ကတည်းက ချောကလက်ကိုကြိုက်တာဆိုတာ အခုချိန်ထိ နေ့တိုင်းလိုလို ချောကလက် မစားရရင်ကိုမနေနိုင်။ ချိုကိုမြတ်မှူး ဆိုတဲ့ နာမည်လှလှလေးနဲ့ လိုက်အောင် ချောကလက်ကိုလဲ အရမ်းကြိုက်သလို လူလေးကလဲ ဖြူဖြူဖွေးဖွေး ချစ်စရာလေးဖြစ်သည်။ မျက်လုံး မျက်ခုံး အသားအရည်က ဘုန်းမြတ်နဲ့တူပြီး နှုတ်ခမ်းဖူးဖူးလေးနဲ့ ပါးချိုင့်ပါတာလေးက မြမှူးနဲ့ တူလေသည်။ လူအများကတော့ အဖေတူသမီးလေးလို့ ပိုပြီးပြောကြလေသည်။
"အကို.... သွားကြမယ်လေ"
"အင်း..... လာသမီး.... သမီးအမေ မင်းသမီးလေး ထွက်လာပြီ.... ပါပါးတို့သွားကြရအောင်"
"ဟုတ်"
မှူးကို စနောက်ရမယ်ဆိုရင် အတိုင်အဖောက်ညီတဲ့ သားအဖကတော့ လက်ချင်းတွဲပြီး ရှေ့ဆုံးကထွက်သွားလေသည်။ သမီးလေးက သူ့အဖေနဲ့ ရုပ်ချင်းတူရုံတင်မက အကျင့်စရိုက်ကလဲ အင်မတန်တူသည်။ အထူးသဖြင့် အဲ့ဒီ့ လက်တောက်လောက် ကလေးက သူ့အဖေကို အတုခိုးပြီး အမေဖြစ်သူကို အရမ်းလိုက်စခြင်းဖြစ်သည်။ တစ်ခါတစ်လေ သားအဖနှစ်ယောက်ပေါင်းပြီး မျက်နှာလိုက်ရူးလျှင် မှူးမှာ နေစရာနေရာမရှိအောင်ပင် သူတို့ကို ကြောက်နေရသည်။
Advertisement
ဘိုးအေဘွားအေတွေကိုလဲ တစ်ခါတစ်လေ ညအိမ်တောင် သွားလည်သေးသည်။ ၄နှစ်ကျော်ဖြစ်ပေမဲ့ လူတွေကိုမကြောက်တတ်။ သတ္တိရှိပြီး လူကြီးတွေနဲ့လဲ စကားပြောတတ်ဆိုတတ်သည်။
တစ်ခါတစ်လေဆိုရင် အကို့က သူထိုင်တဲ့ဆေးခန်းကိုခေါ်ခေါ်သွားတတ်ပြီး ကလေးကလဲ သူ့အဖေလို ဆရာ၀န်ကြီး လုပ်မယ်တကဲကဲဖြစ်နေလေသည်။ အကိုကတော့ သူ့ရဲ့သွေးအပြည့်ပါတယ်ဆိုပြီး တစ်ချိန်လုံးဖူးဖူးမှုတ်ကာထားတော့သည်။
"မှူးလေး....."
"ရှင်"
"ကိုယ် မီးလုံးဆင်း၀ယ်လိုက်ဦးမယ်......ကားပေါ်မှာ ခဏစောင့်နေဦးနော်"
"ဟုတ်"
ဆူးလေနားက လမ်းကြားတစ်ခုထဲမှာ ကားရပ်ထားခဲ့ပြီး အကိုက မီးလုံးဆင်း၀ယ်တော့သည်။
အကိုက မှူးကိုအမှန်တကယ်ဂရုစိုက်ပေးရှာသည်။
လွန်ခဲ့တဲ့ ၅ကျော်က ကိစ္စပြီးကထဲက မှူးတစ်ယောက်ထဲရှိနေချိန် မီးပျက်သွားမှာ စိုးလို့ဆိုပြီး မီးပျက်ရင်လဲ လင်းသည့် မီးလုံးတွေကို အိမ်နေရာ အနှံ့မှာ တပ်ပေးထားသည်။ အခုလဲ အပေါ်ထပ်လျှောက်လမ်းနေရာက မီးလုံးတစ်လုံးထဲ ကျွမ်းသွားတာတောင် နေ့ချင်းညချင်း လဲပေးမယ်ဆိုပြီး မီးလုံးတွေ ဆင်း၀ယ်ပြန်သည်။
အကို့လို လူကို အိမ်ထောင်ဦးစီး အဖြစ်တော်ထားရတာ မှူးအတွက်တော့ ကံကောင်းတာထက်ကို အများကြီးပိုပါသည်......။
အကိုပြန်မလာခင် ပျင်းတာနဲ့ ဘေးဘီကိုကြည့်လိုက်တော့ မှူးတို့ကားရပ်ထားတဲ့ဘေးက GYM ရုံတစ်ခုဖြစ်နေသည်။ မှန်သားတွေဖြစ်သာ ကာထားပြီး အတွင်းက GYM ဆော့နေတဲ့ ကြွက်သားအပြည့်နဲ့ ယောကျာ်းလေးတွေကို အတိုင်းသားမြင်နေရသည်။
မှူးကတော့ ဘာရယ်မဟုတ် သူတို့လေ့ကျင့်ခန်းလုပ်နေတာကို ကြည့်နေပေမဲ့ ဒါကို လှမ်းမြင်လိုက်တဲ့ အကိုကတော့.........
"ကြည့်လို့ကောင်းလား ?"
ကားတံခါး ဖွင့်သံ နဲ့အတူ မကျေမနပ်ဖြစ်နေတဲ့ အသံနဲ့ ကားထဲ၀င်လာသူကအကို။
"ဟင်...ဘာကိုလဲ"
"ဟိုမှာလေ.... အဲ့ဒီကြွက်သားအပြည့်နဲ့ယောကျာ်းလေးတွေကိုကြည့်တာကြည့်လို့ကောင်းလားလို့"
GYM ရုံထဲကယောကျာ်းလေးတွေရှိရာကို မေးငေါ့ပြီး လူကို အမှုစစ်သလို စစ်နေလေသည်။
"အကိုမှူးကို လာရွဲ့နေတာလား..... မှူးက သူတို့ကို ကြည့်ချင်လို့ ကြည့်နေတာမှ မဟုတ်တာ.... အကို့ကိုစောင့်နေရင်း ဟိုကြည့်ဒီကြည့်နဲ့ မျက်လုံးက အဲ့ဒီ့ကိုရောက်သွားတာ"
"မကြည့်နဲ့.... ကိုယ်မကြိုက်ဘူး.... မှူး အဲ့လိုကြွက်သားတွေကြည့်ချင်ရင် အိမ်ပြန်ရောက်မှ ကိုယ်အင်္ကျီလှန်ပြမယ်..... သူများတွေကို လျှောက်ကြည့်မနေနဲ့...."
"အကို!! ကလေးရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ"
"ဟုတ်တယ်လေ.... သမီး ချိုကို ပါပါးပြောတာ မှန်တယ်မလား"
"ဟုတ်တယ်... ပါပါးပြောတာမှန်တယ် ပါပါးရဲ့ ကြွက်သားတွေက သူတို့ထက်လဲ ပိုကြီးတယ် ပါပါးက သူတို့ထက်လဲ ရုပ်ချောတယ်"
"တွေ့လား .... သမီးတောင်ပြောနေပြီ"
သားအဖနှစ်ယောက်ပေါင်းပြီး အတိုင်အဖောက်ညီညီနဲ့ မှူးကို တမင်တကာ ဒေါသထွက်အောင် လိုက်စနေမှန်း မှူးသိသည်။ မသိလျှင် မှူးကပဲ နှာဘူးကျပြီး လိုက်ကြည့်နေသလိုလို ပြောနေတာကြောင့် ဒီတစ်ခါတော့ မှူး သ ည်းမခံနိုင်တော့ပါ။
"ကြည့်မယ်... ဘာဖြစ်လဲ....ကြည့်ကိုကြည့်ဦးမှာ"
သူ့ကိုစနေကြမှန်းသိလို့ ရွဲ့ပြီး ထိုယောကျာ်းလေးတွေဘက်ကို မျက်နှာလှည့်ထားသော ချစ်ဇနီးလေးကိုကြည့်ပြီး ချစ်စရာကောင်းလွန်းလို့ ဆွဲနမ်းပစ်လိုက်ချင်သည်။ ဒါပေမဲ့ အနောက်မှ ကလေးရှိနေသည်မို့ မနည်းစိတ်ထိန်းထားရသည်။
"မြမှူး.... အဲ့ဘက်ကိုမကြည့်နဲ့လို့ ကိုယ်ပြောနေတယ်နော်"
"ဘာဖြစ်လဲ ကြည့်မှာပဲ.... အကိုတောင် နေ့တိုင်း တခြားမိန်းကလေးတွေကို ဖင်လှန်ပြီး ဆေးထိုးပေးနေရတာပဲ..... မှူးက အပေါ်ပိုင်းပဲကြည့်တာ.... အကို့ထက်တော့သာသေးတယ်"
နှုတ်ခမ်းဆူပြီး ရန်တွေ့နေပုံက ချစ်စရာကောင်းနေတာကြောင့် ရီချင်စိတ်ကို မနည်းထိန်းထားရသည်။
သမီးဘက်ကိုလှမ်းကြည့်လိုက်တော့ အားကိုးရတဲ့သမီးက နှုတ်ခမ်းဆူပြပြီး သူ့အမေကို နမ်းပြီး ပြန်ချော့ဖို့ ခြေဟန်လက်ဟန်နဲ့ အကြံဥာဏ်ပေးလေသည်။
အဖေက အကြံဥာဏ်ကို လက်ခံတဲ့ပုံစံနဲ့ ခေါင်းညိမ့်ပြတော့ မျက်နှာကို လက်နှစ်ဖက်ကွယ်ပေးရှာတော့ တယ်လဲအားကိုးရတဲ့သမီး ဆိုပြီး စိတ်ထဲကနေ ကြွေးကြော်လိုက်သည်။
"မှူး.... စိတ်ကောက်သွားတာလား..... အကိုကစတာပါ"
နားနားကပ်ပြီး တိုးတိုးလေးပြောကာ ပြန်ချော့လိုက်သည်။
ဒါပေမဲ့ နှုတ်ခမ်းဆူကာ မျက်စောင်းထိုးပြီး ပြန်တုံ့ပြန်သည်။
မျက်စောင်းလှည့်ထိုးပြီး ဟိုဘက်ကို ပြန်လှည့်မလို့လုပ်တော့ လျှပ်စီးလို လျှင်မြန်တဲ့ အရှိန်နှုန်းနဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်ပြီး ထို နှုတ်ခမ်းဆူဆူလေးကို ငုံထွေးလိုက်သည်။
ကားအနောက်မှာ ကလေးရှိနေတာကြောင့် ရင်ဘက်က တဖွဖွထုပြီး ရပ်ဖို့ပြောနေပေမဲ့ အကိုကတော့ မသိကျေးကျွံ ပြုနေလေသည်။
ကလေးရှေ့လဲ မရှောင် အကြောထနေသော အကို့ကို နောက်ဆုံးလက်နက်အနေနဲ့ ခပ်နာနာ ဗိုက်ခေါက်ကို လိမ်ဆွဲပစ်လိုက်တော့မှ ရပ်တန့်ပေးနေလေသည်။
သမီးများမြင်သွားသေးလားဆိုပြီး လှည့်ကြည့်တော့ အားကိုးအားရတဲ့ အဖေတူသမီးလေးက မျက်စိမှိတ်ပြီး နားပိတ်ပေးထားလေသည်။
"လိုက်လဲလိုက်တဲ့ သားအဖေတွေ"
အတိုင်အဖောက်ညီနေတဲ့ သားအဖေနဲ့ ပြိုင်ပြီး စိတ်ကောက်ရင်လဲ မှူးပဲ ရှုံးတော့မှာ ကျိန်းသေနေပြီမို့ စောစောစီးစီးသာ အလံဖြူပြပြီး အရှုံးပေးလိုက်တော့သည်။
_
_
"ရော့.... မှူး ကြိုက်တဲ့ အပ်မှိုသုပ်"
"ဒါက.... ချိုကို လေးကြိုက်တဲ့ ကြက်ကင်"
စားပွဲခုံကျိုးကျမတတ် မှာထားသော ဟင်းတွေကို တစ်မျိုးပြီး တစ်မျိုး ပန်းကန်ထဲ ထည့်ပေးနေလေသည်။မိန်းမနဲ့ကလေး စားနေတာကို မြင်ပြီး သူကိုယ်သူတော့ ထည့်စားဖို့ မေနေတဲ့ပုံ။
"မှူးတို့ကိုပဲ အတင်းလိုက်ထည့်ပေးမနေနဲ့....အကိုလဲ စားဦး"
အကိုကြိုက်တဲ့ ကုန်းဘောင်ကြီးကြော်နဲ့ ကြက်ပေါင်းချက်ကို ပန်းကန်ထဲထည့်ပေးလိုက်သည်။ တရုတ်စပ်တယ်ဆိုတဲ့ အတိုင်း တရုတ်အစားအစာကိုတော့ အကိုက အလွန်ကြိုက်သည်။
"အကိုက မှူးတို့စားတာကြည့်နေရုံနဲ့တင် ဗိုက်ပြည့်နေပြီ"
"ဆေးရုံမှာရော အကို ထမင်းပုံမှန်စားရဲ့လား"
Advertisement
"စားပါတယ်မှူးရယ်..... ဒါပေမဲ့ ဆေးရုံက ထမင်းဟင်းတွေက မှူး ချက်သလောက်မကောင်းဘူး"
"အပိုတွေပြောပြန်ပြီ.... ဆေးရုံကဟင်းတွေက မှူးရဲ့ ငန်တစ်ခါ ပေါ့တစ်လှည့် ဟင်းတွေထက်တော့ သာမှာပါ"
"မသာပါဘူးဆိုနေမှ.... မှူးရဲ့လက်ရာတွေက အခုတလော တော်တော်တိုးတက်လာတာပါဆို.... အကိုကတော့ ကိုယ်မိန်းမ ချက်တဲ့ဟင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"
"ဒီစကားကို အမေကြားရင်တော့ အကို့ကို မွေးရကျိုးနပ်တဲ့ သားဆိုပြီး ရွဲ့ပြောဦးမယ်"
"ဒါကတော့.... အမေ့ရှေ့ရောက်ရင် အမေချက်တဲ့ဟင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုပြီး ပြောင်းပြောမှာပါ"
"ယောကျာ်းတွေများ တတ်လဲတတ်နိုင်တယ်"
နှာခေါင်းရှုံ့ပြီးပြောတော့ ချစ်စနိုးနဲ့ ပါးကိုဆွဲညှစ်သေးသည်။ မှူးရဲ့ပါးလဲ အကို ညှစ်တာ ခံရလွန်းလို့ အရင်ကထက်ပိုပြီး ကိတ်လာသလိုပင် ခံစားနေရသည်။ မှူးကို သူ့သမီးအကြီးမလို့များ သတ်မှတ်ထားမသိ တစ်ခါတစ်လေ ကလေးတစ်ယောက်လိုမျိုး ဆက်ဆံသည်။
_
_
_
_
အိမ်ကိုပြန်ရောက်တော့ ည ၉နာရီထိုးနေလေပြီ။ သမီးကိုခြေလက်ဆေးပေးကာ ညအိတ်၀တ်စုံလဲပေးပြီး သူ့အခန်းထဲက အိပ်ယာထဲသေချာ သိပ်ပေးပြီးတော့မှ မှူးတို့ အခန်းထဲကို ပြန်၀င်လာခဲ့သည်။ အကိုကတော့ ပြန်ရောက်ကတည်းက ခြေလက်ဆေး အ၀တ်အစားလဲပြီးပုံရသည် ကုတင်ပေါ်မှာ ကျောမှီထိုင်ရင်း Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။
အလုပ်အပေါ်အာရုံရောက်နေသော အကို့ကို မနှောက်ယှက်ချင်တာကြောင့် ဆံပင်ကို ဆံညှပ်ဖြင့် ညှပ်ပြီး ရေလက်ဆေးရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။ ခြေလက်ဆေး မျက်နှာသစ် သွားတိုက်လုပ်ပြီးတော့မှ ရေသုတ်ပြီး ညအိပ်၀တ်စုံလဲ၀တ်လိုက်သည်။ ပြီးတော့ မှန်တင်ခုံရှေ့မှာ ထိုင်ပြီး night cream လိမ်းနေရင်း မှန်ထဲကတစ်ဆင့် အကို့ကို ကြည့်လိုက်တော့ အကိုကလဲ မှူးကို မှန်ထဲကတစ်ဆင့်ပြုံးပြီး ကြည့်နေလေသည်။
လုပ်စရာရှိတာအကုန်လုပ်ပြီးတာနဲ့ အကိုရှိရာဆီ တန်းတန်းမတ်မတ်သွားတော့ အကိုက လက်နှစ်ဖက် ဆန့်တန်းပြီး သူ့ရင်ခွင်ထဲ၀င်ဖို့ ဖိတ်ခေါ်လေသည်။ မှူးကလဲ တွေေ၀ခြင်း အလျင်းမရှိဘဲ အကို့ရဲ့ ရင်ခွင်ကျယ်ထဲကို ပစ်၀င်လိုက်သည်။
"မှူးလေး...."
"ဟင်"
"အကို မှူးကို ပြောစရာရှိတယ်"
"ဘာပြောမလို့လဲ.... ပြောလဲ"
"......."
"အကို....ပြောလေလို့"
"နောက်တစ်ပါတ်ကျရင် ကိုယ်တို့မိသားစု ရှမ်းပြည်ကို ခရီးထွက်ရလိမ့်မယ်"
"......"
"အမေတို့က အင်းလေးမှာ အလှူလုပ်ဖို့ စီစဥ်ပြီးသွားပြီ....အဲ့ဒီ့ကဘုန်းကြီးကျောင်းကို ကတိခံထားတာမို့လို့ မသွားလို့မဖြစ်ဘူး...... အကို့တို့မိသားစုကိုလဲ အမေတို့က မဖြစ်မနေလိုက်စေချင်တယ်...... မိသားစု အလှူဆိုတော့တော့လေ"
"မှူး... လိုက်နိုင်မယ် မထင်ဘူး အကို"
တင်းကြပ်စွာဖက်ထားရာကနေ လက်တွေပြေလျော့ပြီး ဘုန်းမြတ်ရဲ့ မျက်နှာကို စိုက်ကြည့်လာလေသည်။
မှူး ဒီလိုဖြေမယ်ဆိုတာ ဘုန်းမြတ် ကိုယ်တိုင်လဲ ကြိုတွက်ထားပြီးသားမို့ အံ့သြစရာတော့ သိပ်မရှိ......။
"အကိုလဲ သိနေတာပဲ..... မှူး အဲ့လိုတောင်ပေါ်ဒေသတွေကို မသွားနိုင်ဘူးဆိုတာ"
ငိုသံ တစ်စနှစ်စ နှောလာသော အသံနဲ့ မျက်နှာလေးငုံ့ပြီး ပြောရှာတော့ ဘုန်းမြတ်ရင်ထဲ စိတ်မကောင်း.......။
"အကိုသိပါတယ် မှူးရယ်....ဒါပေမဲ့ အခုဟာက အမေတို့က ကိုယ်တို့မိသားစုကို လိုက်စေချင်နေတာလေ"
"မှူး မလိုက်ချင်ဘူး.....အကိုတို့လဲ ဖြစ်နိုင်ရင် မသွားပါနဲ့လားဟင်....မှူး...မှူး ကြောက်တယ်အကို.......အဖေနဲ့ အမေတို့လို့မျိုး မှူးချစ်ရတဲ့သူတွေ နောက်တစ်ခါအဲ့လို အဖြစ်မျိုးနဲ့ ကြုံမှာ မှူးကြောက်တယ် အကို"
ပြောရင်း ပြောရင်းနဲ့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသော မှူးကို ကြည့်ရင်း ရင်တွေကွဲကြေသလိုခံစားနေရသည်။ ကိုယ်ချစ်ရတဲ့သူက ဒီလို ၀မ်းနည်းနေရတာမြင်တော့ ထပ်တူ ခံစားမိပြီး မျက်ရည်၀ဲလာရသည်။
ဒါပေမဲ့ မှူးကို ဒီအတိတ်ဆိုးတွေကြားထဲမှာ ထပ်ပြီး ပိတ်မိမနေစေချင်တို့တာကြောင့် မိုးလင်းရင် လင်းသွားပါစေ ဒီခရီးကို လိုက်ဖို့ မှူးကို ရေကုန်ရေခမ်း နားချသွားမည်ဖြစ်သည်။
"မှူး..... ကိုယ့်ကိုသေချာကြည့်"
ရဲတက်လာသော မျက်လုံးများနဲ့ ပြန်ကြည့်ရှာသည်။
"မှူး ကိုယ့်ကို ယုံတယ်မလား...... ကိုယ်ပြောထားတယ်လေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ မှူးရဲ့အနားမှာ ကိုယ်အမြဲတမ်းရှိနေပါမယ်လို့......
မှူးနဲ့ စပြီး အိမ်ထောင်ကျစဥ်အခါကတည်းက ဘယ်အရာမဆို မှူးရဲ့သဘော မှူးရဲ့ စိတ်ဆန္ဒအတိုင်း ကိုယ်အမြဲလိုက်လျောခဲ့တယ်.........
အခုတော့ အကို့ရဲ့ ဆန္ဒကို လိုက်လျောပေးပါ....
ဒီခရီးကို မှူး ကျိန်းသေပေါက်လိုက်ကိုလိုက်ရမယ်"
"မှူး မလိုက်နိုင်ဘူးအကို"
"မရဘူး လိုက်ကိုလိုက်ရမယ်.....ကိုယ် ကိုယ်ချစ်ရတဲ့ မှူးကို အခုလိုမျိုး အတိတ်ဆိုးတွေကြားထဲမှာ အမြဲပိတ်မိမနေစေချက်ဘူး...... ဒီစိတ်ဒဏ်ရာတွေကြားထဲကနေ မှူး ရအောင် ရုန်းထွက်ရမယ်..... သမီးလေးရဲ့ မျက်နှာကို မြင်ယောင်ကြည့်ပါဦး..... သမီးလေးအတွက်ပဲဖြစ်ဖြစ် စဥ်းစားပေးပြီးတော့ မှူး သန်မာမှရမှာလေ......
မှူးက အခု အမေတစ်ယောက်ဖြစ်နေပြီ..... အရင်လိုပျော့ညံ့နေလို့ မဖြစ်တော့ဘူးလေ......
ပြီးတော့..... မှူး ဘေးနားမှာ အကို အမြဲတမ်းရှိနေမယ်...... ဘာကိုမှ ကြောက်မနေနဲ့..... အကိုအမြဲတမ်းရှိတယ်... မှူး ဘယ်လို အခက်အခဲပဲရှိရှိ မှူးရဲ့ ဘေးနားမှာ အကိုရှိတယ်.........
မှူးသာ သတ္တိရှိရှိနဲ့ ဒီအကြောက်တရားကို ရင်ဆိုင်လိုက်...... မှူးကို ကူညီအားပေးပေးမဲ့ အကိုရော သမီးလေးရော အဖေရော အမေရော ရှိတယ်...... ဘာမှ ကြောက်နေစရာမလိုဘူး"
"အကိုက ..... မှူး ဒီအရာကို ကျော်ဖြတ်နိုင်မယ်လို့ ထင်လား"
"အင်း.... ကိုယ် အပြည့်အ၀ယုံကြည်တယ်.... မှူး ဒီအတိတ်ဆိုးတွေကြားထဲကနေ ရုန်းထွက်နိုင်မယ်လို့"
"မှူး.... အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါမယ် အကို"
မှူးရဲ့ စကားသံအဆုံးမှာတော့ ပျော်လွန်းလို့ မှူးရဲ့ ကိုယ်လုံးလေးကို ပွေ့ဖက်ကာ ထွေးပွေ့လိုက်သည်။
"ဘာမှ စိတ်မပူနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်.... ဟုတ်ပြီလား "
ကျောကုန်းကို ခပ်ဖွဖွ ပုတ်ပေးရင်း စိတ်သက်သာအောင် ပြောပေးတော့ ခေါင်းလေးငြိမ့်ပြသည်။
"မငိုနဲ့တော့နော်..... "
မျက်ရည်တွေ သုတ်ပေးလိုက်ပြီး ရင်ခွင်ထဲထည့်ကာ ချော့သိပ်လိုက်သည်။
×××××××××××××××××××××××××××××××××××
Extra မရေးပေးတာ၁လကျော်နေပြီဆိုတော့ အကိုနဲ့မှူးတို့ကို မေ့သွားမှာစိုးလို့ လာupပေးတာပါ hee"
ဒီရက်ပိုင်းအတွင်းမှူးတို့ မိသားစုရဲ့ ရှမ်းပြည်ခရီးစဥ်အကြောင်း extra နောက်တစ်ပိုင်းထပ်လာပါဦးမယ်
( မင်းရှိတဲ့မြို့အပိုင်းသစ်က်ို Upပေးဖို့တောင်းဆိုနေကြတဲ့ သူတွေအတွက်လဲ အမြန်upပေးနိုင်အောင်ကြိုးစားပေးနေပါတယ်..... ဒီ extraလေးရေးနေလို့ ဒီရက်ပိုင်းအဲ့ဘက်ကိုupမပေးဖြစ်တာပါ.... မနက်ဖြန်ကျရင် မေ၀သုန်တို့ အတွဲကို အပိုင်းသစ် upပေးပါမယ်🙆)
Zawgyi
သံုးႏွစ္ခန္႔ၾကာၿပီးေနာက္.........
"သမီးေရ...... ေဖေဖျပန္လာၿပီ"
အိမ္အေပါက္၀မွာ ဖိနပ္ခြၽတ္ေနရင္းနဲ႔ ထံုးစံအတိုင္း သမီးကိုေအာ္ေခၚလိုက္သည္။
"ေမေမေရ..... ပါပါးႀကီး ျပန္လာၿပီ....."
ဧၫ့္ခန္းထဲမွာထိုင္ေဆာ့ေနရင္းနဲ႔ အေဖျဖစ္သူရဲ့အသံကိုၾကားေတာ့ အိမ္အေပါက္၀ဆီအေျပးသြားေတာ့သည္။ ေျပးလာေနရင္းနဲ႔လဲ အေမျဖစ္သူကို အသိေပးလိုက္ေသးသည္။
လက္ႏွစ္ဖက္ကို ဆန္႔တန္းၿပီး ေတာက္ေတာက္ ေတာက္ေတာက္နဲ႔ ေျပးလာနဲ႔ သမီးကို ျမင္တာနဲ႔ ေျပးၿပီး ေပြ့ခ်ီလိုက္ကာ ပါးႏုႏုေလးကို တစ္ရႈံ႔ရႈံ႔နဲ႔ နမ္းလိုက္သည္။
"သမီးေလးဘာေတြလုပ္ေနတာလဲ"
"အရုပ္ေတြနဲ႔ ေဆာ့ေနတာ"
"ဟုတ္လား..... သမီးအေမေရာ...."
"အခန္းထဲမွာ"
"မွဴးေရ..... ကိုယ္ျပန္ေရာက္ၿပီ"
ခုဏက ကေလးေအာ္ေျပာတာေတာင္ အခုထိထြက္မလာေသးပံုေထာက္ရင္ မၾကားလို႔ထင္သည္။ ဒါေၾကာင့္ ခ်စ္ဇနီးေလးရဲ့ မ်က္ႏွာကို အေမာေျပျမင္ရဖို႔အေရး ကိုယ္တိုင္လွမ္းေခၚလိုက္သည္။
အကိုျပန္ေရာက္ရင္ အကိုနဲ႔အတူ အျပင္သြားဖို႔ စီစဥ္ထားတာေၾကာင့္ ၀တ္ဖို႔အက်ႌအဆင္သင့္ျပင္ေနရင္း အကို႔ရဲ့အသံၾကားလိုက္တာေၾကာင့္ မွဴး မ်က္ႏွာေလး ၀င္းလက္သြားကာ အိမ္ေရ႔ွကိုအျမန္ထြက္သြားေတာ့သည္။
"အကို ဘယ္တုန္းကထဲကျပန္ေရာက္ေနတာလဲ....မွဴး အခန္းထဲေရာက္ေနတာနဲ႔ မၾကားလိုက္ဘူး"
"အခုပဲျပန္ေရာက္တာ"
"အဲ့ဒါဆိုခဏနားၿပီးရင္ အကိုေရခ်ိဳးေတာ့ေလ... မွဴး သမီးကို အက်ႌလဲေပးလိုက္ၪီးမယ္"
"သမီးကို ေနာက္မွအက်ႌလဲေပး..... အကို႔ကို အရင္ ၀တ္ဖို႔အက်ႌထုတ္ေပးၪီး"
"အင္း.... အဲ့ဒါဆို...သမီး ဒီမွာ ခဏထိုင္ၿပီး အရုပ္နဲ႔ေဆာ့ေနၪီး..... ၿပီးရင္ အက်ႌလဲဖို႔ ေမေမလာေခၚမယ္ ဟုတ္ၿပီလား"
"ဟုတ္"
အကို႔ရဲ့ လက္ဆြဲအိတ္ကို လက္ကကိုင္ေပးၿပီး အခန္းထဲ၀င္လာခဲ့သည္။
"မွဴးေလး........ကိုယ့္ကိုေရခ်ိဳးမေပးခ်င္ဘူးလား"
အခန္းထဲေရာက္တာနဲ႔ ဇာတ္လမ္းကစလာျပန္ၿပီ။
အခန္းတံခါးကို ပိတ္ၿပီးတာနဲ႔ မွဴးရဲ့ ခါးကိုအေနာက္ကေနသိုင္းဖက္လာကာ ပုခံုးေပၚေမးတင္ရင္း အေပ်ာ့ဆြဲေလသံနဲ႔ေျပာေနေလသည္။
"အကို!! ကေလးမဟုတ္ သူငယ္မဟုတ္နဲ႔ ဘယ္လိုျဖစ္ေနတာလဲ"
"မွဴးကလဲ ကိုယ့္မွာ တစ္ေနကုန္အလုပ္ကပင္ပန္းလာတာကို....... တစ္ခါတစ္ေလေတာ့လဲ မိန္းမကိုကပ္ခြၽဲခ်င္တာေပါ့"
"အကိုကေလ သမီးထက္အေၾကာင္းဆိုတယ္သိလား..... သမီးက တစ္ခြန္းထဲနဲ႔ရတယ္.... အကိုက ဇြတ္...... ဖယ္ေတာ့ ေတာ္ၾကာ သမီးေလး အခန္းထဲလိုက္၀င္လာၪီးမယ္"
"မလႊတ္ဘူးကြာ"
"အကို... ကေလးျမင္သြားလိမ့္မယ္လို႔"
"လႊတ္ေစခ်င္ရင္ .... ေယာက်ာ္းလို႔ေခၚၾကည့္"
"ဟမ္!!"
"ေယာက်ာ္းဆိုၿပီး တစ္ေခါက္ေလာက္ေခၚၾကည့္"
"မွဴး..... မွဴး အဲ့လိုမ်ိဳးမေခၚတတ္ဘူး"
"မွဴးကလဲ.... တစ္ခါေလာက္ပဲျဖစ္ျဖစ္ ေခၚၾကည့္ပါ...ကိုယ္နားေထာင္ခ်င္လို႔"
"အကို ရုတ္တရက္ႀကီး ဘာလို႔ ေယာက်ာ္းလို႔ အတင္းေခၚခိုင္းေနတာလဲ"
"ကိုယ္က မွဴးရဲ့ ေယာက်ာ္းမို႔လို႔ ေယာက်ာ္းလို႔ ေခၚခိုင္းေနတာေပါ့"
"ဒါေပမဲ့ မွဴး ပါးစပ္က ေျပာလို႔မွမထြက္တာကို"
"တစ္ခါပဲေလ.... တစ္ေခါက္ေလာက္ပဲ ေခၚၾကည့္ပါ.... ကိုယ့္တို႔ႏွစ္ေယာက္ထဲရိွတာကို.... မွဴး မေခၚမခ်င္း ကိုယ္လႊတ္ေပးမွာမဟုတ္ဘူးေနာ္"
အကိုကေတာ့ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္နဲ႔ မွဴးကို အက်ပ္ကိုင္ေနေလသည္။ ဒီေန့အဖို႔ ေယာက်ာ္းလို႔မွ မေခၚလ်ွင္ လႊတ္ေပးဖို႔ လမ္းစမျမင္ရေတာ့တာေၾကာင့္ မွဴး မ်က္စိစံုမိွတ္လိုက္ကာ........
"ေယာက္...... ေယာက်ၤား"
"ဗ်ာ....မိန္းမ...."
စမ္းေခ်ာင္းထဲက ေရလို ၾကည္လင္ေအးခ်မ္းေသာ အကို႔ရဲ့ အသံက နားထဲကိုစီး၀င္သြားေလသည္။ အသံကေတာ့ ေယာက်ာ္းလို႔အေခၚခံရတာကို အျပည့္အ၀ေက်နပ္ေနတဲ့ အသံမ်ိဳး။
အကိုေတာ့ မသိဘူး မွဴးကေတာ့ ရွက္လို႔ေသေတာ့မည္။ ဒါေၾကာင့္ အကို႔ကို အတင္းတြန္းဖယ္ၿပီး ခ်ိဳကိုရိွရာကိုသာ အျမန္ေရွာင္ေျပးေတာ့သည္။
ေယာက်ာ္းလို႔ တစ္ေခါက္ေလာက္ေခၚၿပီး အရွက္လြန္ကာ ေျပးထြက္သြားေသာ မွဴးကို ၾကည့္ရင္း ခ်စ္လြန္းလို႔ အူေတြအသဲေတြယားလာရသည္။ မွဴးေလး ရွက္ေနရင္ အရမ္းခ်စ္ဖို႔ေကာင္းတာေၾကာင့္ ထိုရွက္ေနသည္ကို ျမင္ခ်င္လို႔ အတင္းလိုက္စေနမိသည္မွာ အႀကိမ္ႀကိမ္အခါခါ။ ေျပာရမယ္ဆိုရင္ စေတြ့ကတည္းကေန အခုခ်ိန္အထိ။ မွတ္မွတ္ရရဆိုရလ်ွင္ ေဆးခန္းေရ႔ွမွာ ေခ်ာ္လဲက်တုန္းက ေနာက္တစ္ခါဖ်ားရင္ ကိုယ္ကိုယ္တိုင္ေဆးထိုးေတာ့မယ္လို႔ေျပာလိုက္တဲ့အခ်ိန္က ရွက္သြားတဲ့မ်က္ႏွာေလးကို အခုခ်ိန္ထိ မ်က္လံုးထဲကမထြက္ေသး။
ေရမိုးခ်ိဳးျပင္ဆင္ၿပီးေတာ့ ညေန၆နာရီခြဲေနေလၿပီ။ ဒီေန့ အကိုက ဂ်ူတီခ်ိန္ ေစာေစာၿပီးတာေၾကာင့္ မိသားစုလိုက္ ညစာကို အျပင္မွာသြားစားၾကမည္ျဖစ္သည္။
"သမီး...... ေမေမကအလျွပင္ေနတာ အခုထိမၿပီးေသးဘူးလားမသိဘူး"
"ဟုတ္တယ္.... ေမေမကလွေနတာေတာင္ အလျွပင္ရင္ အၾကာႀကီးပဲ"
သားအဖႏွစ္ေယာက္သား ဆိုဖာေပၚမွာ ထိုင္ေနရင္း အေမျဖစ္သူအေၾကာင္း အတင္းေျပာေနၾကေတာ့သည္။
choco-pie ကို တစ္ကိုက္ၿပီတစ္ကိုက္စားေနတဲ့ သမီးေလးကိုၾကည့္ရင္း ၿပံဳးမိလိုက္သည္။ ဗိုက္ထဲမွာ ကတည္းက ေခ်ာကလက္ကိုႀကိဳက္တာဆိုတာ အခုခ်ိန္ထိ ေန့တိုင္းလိုလို ေခ်ာကလက္ မစားရရင္ကိုမေနႏိုင္။ ခ်ိဳကိုျမတ္မွဴး ဆိုတဲ့ နာမည္လွလွေလးနဲ႔ လိုက္ေအာင္ ေခ်ာကလက္ကိုလဲ အရမ္းႀကိဳက္သလို လူေလးကလဲ ျဖဴျဖဴေဖြးေဖြး ခ်စ္စရာေလးျဖစ္သည္။ မ်က္လံုး မ်က္ခံုး အသားအရည္က ဘုန္းျမတ္နဲ႔တူၿပီး ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ ပါးခ်ိဳင့္ပါတာေလးက ျမမွဴးနဲ႔ တူေလသည္။ လူအမ်ားကေတာ့ အေဖတူသမီးေလးလို႔ ပိုၿပီးေျပာၾကေလသည္။
"အကို.... သြားၾကမယ္ေလ"
"အင္း..... လာသမီး.... သမီးအေမ မင္းသမီးေလး ထြက္လာၿပီ.... ပါပါးတို႔သြားၾကရေအာင္"
"ဟုတ္"
Advertisement
- In Serial66 Chapters
The Power of Love
Previously titled 'Eda and Lilith's Shipping Plans' Luz Noceda is powerful, but the average person wouldn't believe it, not until she helped free The Owl Lady at least. But there's been a reason for that. After all, small balls of light and the odd flower or two aren't exactly impressive, especially when she usually only has such small sigils on hand at any given time. So how. How did she manage it? She even got the jump on Emperor Belos himself, something even the most experienced of mages would have no chance of doing. Lilith wants an answer and she even has a theory for how to make the boost stick if she's right. Now if only her sister could explain to her why Luz, who seems to be ready to leap into almost anything, won't leap into love. Fanfiction of The Owl House Daily posts until it's caught up to Ao3. Written between seasons 1 and 2 and no, I'm not editing EVERYTHING that would be needed to fix the inconsistencies.
8 131 - In Serial73 Chapters
The Alpha's Scarred Mate
#1 in literary awards 2017#2 in Literary#320 in Werewolf Nominated- Best Werewolf and Overall Story #literaryawards2017"Now you listen here ALPHA!" I hissed. "First thing you need to know is I make the rules here. I'm the boss. Not you." I stared him down, my rage fueling me to not submit to the power that was flooding out of him in waves. I held my ground as Travis's eyes turned a rageful black and his wolf growled as he realized I was not longer his submissive little mate, but instead a wolve challenging his authority and title.That's right bitch I'm a pissed off Luna and your sexy ass is going to submit to me!
8 283 - In Serial20 Chapters
Fake Girlfriend || NamjoonxReader FF
Namjoon, descendant from a wealthy family, has been homeschooled since the very beginning, making him not very social with people. Because of this, his parents begin to worry and wonder if he will ever be able to take over their company. They soon decide that the best choice to help him is to send him to public school, where he can face different situations and learn to socialize better- just what they need. They don't want to sent him off alone, so they meet a young and trustworthy girl, Y/N, and ask her to become his 'bodyguard'. She accepts their request, but is she really prepared for what is coming her way?
8 147 - In Serial57 Chapters
ZEUS
TRAILER IN CHAPTER 1#1 Memories 10/10/2019#1 Hurt 27/09/2019#1 Werewolf 04/07/2019#1 Blind 09/02/2020#1 Time 10/06/2020There are three of themThey are ruthlessThey are cursedThey are ImmortalThey are the HellHounds.******They were a legend. A story. But all legends are based off of truth. "Don't go out after dark," My father said. "Don't go anywhere alone," My father said"Don't go deep into the woods, for that is where he waits," My father said.I never broke a rule. I was a good girl. But my question always was, what do I do when the monster comes out to play? ***I was blind, so I slowly walk forward, not knowing where he is exactly. But I use my senses. I let this connection pull into a direction. As I slowly walk ,I reach my hand out, "Where are you?" I asked quietly. A big and calloused hand touches my own. From that one touch, electric shocks courses through my body, a strange and warming sensation. I flinched and gasped in fright. The big and strong hand gently grabs mine and softly pulls me forward. A breath hits my face slightly. I was right in front of him. He leans down toward my ear, his lips almost touching it. His breath makes chills run over my neck as he whispers very quietly with a deep and rough voice, "Here I am."***If you want this book to make sense to you, I would suggest you read Book 2 of my Blood Moon Pack series, it completed and ready to read. You can still read this as stand alone, however there is more information held in Book 2.
8 141 - In Serial30 Chapters
Ex- husband and babies
She could easily recognize that touch. Sharon knew it was him. She could feel him against her body. His hands still on her wrists. He smells different though. The ally was dark so she couldn't see him clearly but she knew he was looking at her. Taking her appearance in. He always does... did that. His breath was fanning her cheeks. It was always same. She couldn't think properly when he was this close. She could feel his eyes on her lips as he ran his thumb on her lips. Before she could think straight and push him away. His lips were on hers.. *** 4 years after an ugly divorce, their paths cross again. Not only did he separate her daughter from her but also is now engaged to her ex-bestfriend Lillian.But she has a secret she vowed to protect from him. They hate each other. But some say 'There is a thin line between love and hate' #11 in romance on 06/07/2016
8 147 - In Serial33 Chapters
Arrange To Love | KTH
Y/n getting forced by her parents to marry Mr. Cold CEO Both of them were complete stranger to each other until one...Enjoyyyy :)Started on : 24th October 2021Ended on : 20th January 2022Highest ranks :#10 - forced 🏅 [23/1/2022]#83 - forcedmarriage 🏅 [31/1/2022]#1 - coldceo 🏅 [23/1/2022]#42 - kimseokjin 🏅 [31/1/2022]#590 - namjoon 🏅 [13/3/2022]#1 - tae 🏅 [21/3/2022]#8 - romantic-comedy 🏅 [31/1/2022]#5 - parkjimin 🏅 [15/2/2022]#10 - kimtaehyung 🏅 [17/2/2022]#16 - taehyung 🏅 [6/3/2022]#13 - btsfanfic 🏅 [30/3/2022]#21 - jeonjungkook 🏅 [31/1/2022]#2 - strangetolover 🏅 [2/3/2022]#1 - arrange 🏅 [2/3/2022]#45 - taeyong 🏅 [15/3/2022]#11 - btsarmy 🏅 [27/3/2022]#4 - cutecouple 🏅 [2/3/2022]#1 - cutelove 🏅 [13/3/2022]#69 - loveatfirstsight🏅 [2/3/2022]#56 - jhope 🏅 [28/3/2022]#106 - suga 🏅 [13/3/2022]#216 - namjoon 🏅 [15/3/2022]#704 - lovestory 🏅 [29/3/2022]#3 - bts 🏅 [29/3/2022]
8 156

