《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 13 (🤬🌧️🏃)
Advertisement
ခရီးကပြန်လာတဲ့မနက်ကတည်းက သူ့ကိုစကားလာမပြောတော့တဲ့ ကေသွယ်တစ်ယောက်ဟာ နောက်နေ့ကျောင်းတွေတက်တဲ့ အချိန်အထိကိုလာမပြော။
'အဲ့ညက ဖြစ်ခဲ့တာကြောင့်ပဲနေမှာပါ'
သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို မြင်ဖူးသွားလို့ သူ့ကိုရှက်ပြီး စကားလာမပြောတာပဲဖြစ်မှာပါ လို့သူထင်မိသည်။
_________________
အရှေ့ဘက်အရပ်မှ နေဘယ်အချိန်ထွက်မှန်းမသိအောင် မိုးတိမ်မဲမဲကြီးတွေဖုံးအုပ်ထားသည်။
"ဘယ်လိုလဲ ဟျောင် ကေသွယ်လေးနဲ့ ကမ်းခြေမှာ ဘာညာဖြစ်ခဲ့သေးလား"
ကျောင်းပိတ်လို့သူ့အိမ်ကိုကိုကျော်ကျော်ရောက်နေသည်။
"ဖြစ်ရအောင်သူနဲ့ငါက ချစ်သူတွေမှမဟုတ်တာ"
"ဘာမှမဖြစ်ခဲ့ဘူးပေါ့"
"အေးလေ"
ထိုအခါ ကျော်ကျော့်မျက်နှာ ပြန်တည်သွားလေသည်။သူ့သူငယ်ချင်းရဲ့ စိတ်ထဲဘယ်လိုရှိနေလဲ သိချင်လို့ ထိုမေးခွန်းကိုမေးလိုက်တဲ့ကျော်ကျော် တစ်ယောက်အခုတော့သိပြီ။ထို့ကြောင့်
club ကို ခေါ်သွားခြင်းကသာကောင်းမြတ်အတွက်အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ရောက်တဲ့အခါ သူမြင်ချင်နေတဲ့
ဆုရီရဲ့ ဘဲဖြစ်တဲ့ မျိုးသူရဆိုတဲ့ကောင် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ ပျော်ပါးနေတဲ့ မြင်ကွင်းကို ကျော်ကျော်ပြပေးလိုက်လေသည်။
ထိုကောင်မလေးကအရက်ခွက်ငှဲ့ ပေးရင်း စကားတွေပြော ပေါင်ပုတ်လက်ပုတ်လုပ်နေတာဖြစ်သည်။
သေချာပါပြီ။သူ့အတွက် သေချာသလောက်ကိုရှိသွားပြီတဲ့ ဆုရီအမြဲမှိုင်တွေသလို စိတ်ညစ်နေသလို ဖြစ်ခဲ့တာတွေ သူ့ဆီကိုရောက်လာပြီး ရင်ဖွင့်ချင်တာတောင်ဖွင့်လို့မရဘဲ ငုတ်တုတ်ကြီးလာထိုင်နေတာတွေ၊ မျက်နှာလေးညိုးငယ်နေတာတွေ။ဒါတွေဟာ ဒီသူတောင်းစားကြောင့်ပဲ ဆိုတာသေချာသွားခဲ့လေပြီ။
သူမဒီကောင်နဲ့ဘာလို့ ဆက်တွဲနောတာလဲ။ရှင်းရခက်တဲ့ပြဿနာတွေတော့ရှိနေပြီထင်တယ်။
မျိုးသူရဆိုတဲ့ကောင် အကြောင်းကျော်ကျော်ပြောပြလို့ အနည်းအကျဉ်းတော့သိခဲ့သည်။
သူက ဆုရီတို့ကုမ္ပဏီပိုင်ရှင်သူဌေးရဲ့ တူ။ပိုက်ဆံချမ်းသာပြီး ဆုရီနဲ့တွဲလာတာလည်း ကြာပြီ။သူ့အမေနဲ့အဒေါ်တို့နဲ့လည်း ရင်းနှီးကြသည် ဆိုတဲ့ အကြောင်းတွေကို သူသိရသည်။သို့ပေမယ့် အိမ်ကိုလာတာတော့ သူတစ်ခါမှမတွေ့ဖူးပေ။ဟိုတစ်ခေါက်ကတိုက်ခန်း ရှေ့ထိလိုက်ပို့တာကလွဲလို့ သူ့အမေတွေနဲ့ရင်းနှီးတာသူ လုံးဝမမြင်ဖူး။ပြန်စဥ်းစားကြည့်မှ သူ့အမေနဲ့ အဒေါ်တို့နဲ့လည်း သူစကားတစ်ခါမှမပြောဖူးပေ။
ထို့နောက်သူထပ်တွေးမိသည်က ဆုရီသူ့ကုမ္ပဏီမှာအတူလုပ်တာဆိုတော့ အလုပ်ထဲမှာပဲတွေ့ပြီး ကြိုက်သွားကြတာလည်းဖြစ်နိုင်သည်။အဲ့တာတော့သူသေချာမသိ။
ဘယ်လိုပဲဖြစ်ဖြစ်သူ့မှာဘာမှလုပ်ပိုင်ခွင့် မရှိတာကြောင့် မသိသလိုမဆိုင်သလိုသာဆက်နေရသည်။
'ငါ့ကိုကြိုက်တယ်ဆိုရင် သူဒီကောင့်ကိုထားခဲ့ပြီး ငါ့ဆီလာမှာပေါ့၊ ငါ့ကိုမကြိုက်လို့ပဲနေမှာပါ'
နောက်နေ့တွေမှာလည်းကျောင်းသွားလိုက် အိမ်ပြန်လိုက်နဲ့သာ အဓိပ္ပာယ်မဲ့စွာပဲ ကုန်ဆုံးလိုက်သည်။
သို့ပေမယ့် တစ်နေ့မှာတော့ ဆုရီရဲ့ အကောင့်ထဲသူဝင်ကြည့်မိရင်း သူမရဲ့မွေးနေ့ဒီတစ်ပတ်အတွင်းမှာပဲဆိုတာတွေ့လိုက်သည်။
'စနေနေ့ပဲ'
အဝါနုရောင် ပိုက်ဆံအိတ် အရောင်းပို့စ်တစ်ခုကို သူမရှဲထားတာကို သူတွေ့လိုက်တဲ့အခါ သူမမွေးနေ့မှာဒီပိုက်ဆံအိတ်လေးလိုချင်နေတာ ဖြစ်မယ်လို့သူတွေးမိလေသည်။စိတ်ထဲချက်ချင်းဆိုသလို ဝယ်ပေးချင်စိတ်ဖြစ်သွားမိတဲ့အခါ သူကိုယ့်သူတောင်မယုံနိုင်ဖြစ်သွားရသည်။
'ငါ သူ့ကိုအခုချိန်ထိကြိုက်နေတုန်းပဲလား'
______________________
ကောင်းမြတ်နဲ့ ဆုရီဟာ ဘယ်လိုမှမသက်ဆိုင်ပေမယ့် သူမ စိတ်မချမ်းသာဖြစ်နေရတာကို ကောင်းမြတ် လုံးဝလစ်လျူရှူဖို့ မဖြစ်နိုင်။သူကိုယ်တိုင်ပင်ထိုကိစ္စကြောင့် စိတ်မချမ်းမသာ ဖြစ်နေသည်။သူကတောင်ပိုဆိုးချင်ဆိုးနေဦးမည်။ တမှိုင်တမှိုင်တတွေတွေနဲ့ ကြာရင် စိတ်ကျရောဂါသည်ဖြစ်တော့မည်။
သို့ပေမယ့် သူ့မှာသတ္တိတွေရှိသည်။ တစ်ခုခုထလုပ်လိုက်နိုင်တဲ့ သတ္တိတွေ။ဒါပေမယ့် သူမလုပ်နိုင်တဲ့အရာက ဆုရီကို ပေါ်တင်သွားပြီး အမသူနဲ့ အဆက်အသွယ်ဖြတ်လိုက်တော့ လို့ပြောရမည့်အရာ။သူ့ကိုမကြိုက်တဲ့အပြင် ပိုမုန်းသွားမှာစိုးသည်။ဘာကြောင့်ဇာတ်လမ်းဆက်နေရသလလဲ ဆိုတဲ့ အကြောင်းအရင်းအမှန်ကို မသိပဲသူသွားမပြောနိုင်။
__________________
သူမမွေးနေ့မရောက်ခင်တစ်ရက်မှာ.....
ကောင်းမြတ်တစ်ယောက် သူ့စိတ်အလိုရှိတဲ့အတိုင်းသာ သူလုပ်ခဲ့ပါတော့သည်။သူ့အဖေကို ပိုက်ဆံလှမ်းတောင်းတဲ့ အခါသူ့အဖေ ကမင်းဘာလို့လိုလဲ ဆိုတာ အမှန်တိုင်းပြောမှပေးမယ်လို့ပြောတော့ သူလည်းသူ့အဖေကိုမလွန်ဆန်နိုင်။
ကျွန်တော် သဘောကျနေတဲ့ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးမလို့ဆိုပြီး
ပေါ်တင်သာပြောချလိုက်လေသည်။
ထိုအခါ သူ့အဖေတစ်ချက်ရယ်ပြီး လိုအပ်တဲ့ပိုက်ဆံကိုသူ့ဘဏ်အကောင့်ထဲ လွှဲပေးခဲ့သည်။
အခုတော့သူကျောင်းပြန်လာလာချင်းမို့လို့ နားနေသည်။
ခဏနေကျော်ကျော်လာခေါ်မှာမို့ club ကိုမလိုက်ရပေဦးမည်။
ဟိုရောက်တော့အမှတ်မထင်ပဲ အဝမှာတွေ့လိုက်ရတာက....
ဆုရီနဲ့ သူ့ဘဲ မျိုးသူရ။Club ထိပါသူမပါလာတာ
ဆိုရင်တော့ ပြဿနာတစ်ခုခုတော့ တက်နေပြီဆိုတာအသေအချာ။
ကောင်းမြတ်နဲ့ ကျော်ကျော်တို့နှစ်ယောက် ရရာနေရာ ပြေးပုန်းလိုက်ပြီး ဆက်ကြည့်နေသည်။ထို့နောက်ဆုရီက ပြေးသွားပြီး လမ်းကြားဖက်ထဲရောက်သွားတဲ့အခါ ဟိုကောင်မျိုးသူရ ကနောက်ကနေလိုက်သွားသည်။
ထိုအခါ ကောင်းမြတ်တို့လည်း ကားပေါ်ကိုပြေးတက်သွား ပြီးကားနဲ့နောက်ကတဖြည်းဖြည်းချင်းလိုက်သည်။
လမ်းကြားလေးမှာသူတို့နှစ်ယောက်အခြေအတင်စကားများနေကြတာကို လမ်းရဲ့ထိပ်မှာ ကန့်လန့်ဖြတ်ရပ်ထားတဲ့ ကားပေါ်က ကျော်ကျော်နဲ့ ကောင်းမြတ်ကလှမ်းတွေ့နေရသည်။
ပြောနေကြရင်း.....
မျိုးသူရက ဆုရီရဲ့ပါးကို......ဖြောင်းခနဲရိုက်ချလိုက်လေသည်။
'ဟာ....ဒီကောင်တော့'
သူ့စိတ်ထဲမှာ နျူကလီယားဗုံးကျဲခံလိုက်ရသလို ဒေါသတွေပေါက်ကွဲထွက်လို့သွားသည်။ရိုက်မယ့် ရိုက် အမက ရိုက်ရမှာ ဒီနွားသူတောင်းစားကဘာကြောင့်ရိုက်ရတာလဲဆိုပြီး သူအံတွေတကြိတ်ကြိတ်နဲ့။
ထိုအခါ ကျော်ကျော်ကအကြံတစ်ခုထုတ်လိုက်ပြီး ကောင်းမြတ်ကို ကားပေါ်ကဆင်းခိုင်းကာ ပြေးသွားတဲ့ဆုရီနောက်ကိုဟိုဘက်လမ်းကနေလိုက်စေသည်။ထို့နောက်ကားကိုထိုလမ်းကြားထဲမောင်းချသွားပြီး အနားရောက်တော့ မျိုးသူရကိုလှမ်းပြီးသူနှုတ်ဆက်သည်။မျိုးသူရက ဆုရီနောက်ကို လိုက်ဖို့လုပ်နေတုန်း ကျော်ကျော်က ဘရားသားဘယ်သွားမလို့လဲ ဘာညာနဲ့ သွားနှုတ်ဆက်သလိုလုပ်တော့ ထိုဘဲလည်း ဆက်လိုက်ရမလိုပြန်နှုတ်ဆက်ရမလိုနဲ့ နောက်ဆုံးဘာမှမပြောဘဲ ပြန်သာလှည့်ထွက်သွားတော့သည်။
______
တစ်ဖက်မှာဆုရီနောက်ကိုပြေးလိုက်နေတဲ့ ကောင်းမြတ်ဟာ လှမ်းအော်လိုက်ပေမယ့် သူမ မကြားတော့ပဲတက္ကစီပေါ်တက်ကာထွက်သွားလေတော့သည်။
သူလည်းတက္ကစီတစ်စီး အပြိုင်ငှားပြီးသူမနောက်ကိုတောက်လျှောက်လိုက်စေသည်။
သူမအိမ်ကိုပြန်တာဆိုရင်တော့ အကြောင်းမဟုတ်။တစ်ခုခုဖြစ်သွားမှာစိုးသောကြောင့် သူစိုးရိမ်တစ်ကြီးနဲ့ ထပ်ချပ်မကွာလိုက်လာခြင်းဖြသည်။
_________________________
ရုတ်တရက်.....
မိုးတွေကသဲကြီးမဲကြီးရွာချလာတဲ့အခါ ကားမီးလေးဟာ ရှေ့ကမြင်ကွင်းကိုသေချာမသဲကွဲတော့ပေ။
"မြန်မြန်လိုက်ပါ" လို့ဆက်တိုက်ပြောနေတဲ့ ကောင်းမြတ်ကို ရှေ့ကတက္ကစီကားသမားတောင် ထထိုးချင်သလောက်ဖြစ်နေပြီ။
မိုးတွေဒီလောက်ရွာနေတာ အရမ်းမောင်းရင်မှောက်သွားမယ်လို့ ပြန်ပြောလိုက်လေသည်။
ထို့နောက်
သူဆက်တိုက်ပြောရင်းကြားကပဲ ကားကမီးပွိုင့်မိပြီးမမှီတော့ပေ။
'သွားပြီကွာ..တောက်'
ကားသမားလည်း ကြိုးစားပြီးတစ်မိုင်နှစ်မိုင်လောက်မောင်းပေးခဲ့ပေမယ့် ဆုရီရဲ့ကားက ပျောက်ချင်းမလှပျောက်သွားခဲ့လေပြီ။
သီသီလေးမှာလွဲသွားတော့ သူလည်းလက်လျှော့လိုက်ပြီး ကားခပေးကာဆင်းခဲ့လိုက်တော့သည်။
ဆင်းဆင်းချင်းပဲ မိုးရေစက်များက သူ့ကိုယ်ပေါ် ကျလာသည်။စက္ကန့်ပိုင်းလေးအတွင်း မှာပဲသူ့တစ်ကိုယ်လုံးဆိုရွှဲသွားလေသည်။ထိုမျှလောက်မိုးကသဲသည်။
သူ့စိတ်ပူနေရခြင်း သူမသွားတဲ့လမ်းက သူ့တိုတိုက်ခန်းနဲ့တစ်ခြားစီ။ အိမ်ကိုပြန်တာတော့လုံးဝမဟုတ်။သူငယ်ချင်းတွေအိမ်များသွားတာလားလို့တွေးမိပေမယ့် မသေချာတာကြောင့် ပူနေရခြင်းပင်။
'ဟင်...ဒီကားးပဲ'
သူလမ်းမကြီးပေါ်ငုတ်တုတ်ထိုင်နေတုန်း ခုနကဆုရီငှားသွားတဲ့ ကားပြန်ထွက်လာသည်။သူ့ချက်ချင်းဆိုသလို တားလိုက်ပြီး ဆုရီဘယ်နားဆင်းသွားတာလဲမေးတော့ ကားသမားက ရှေ့နားလေးမှာပဲလို့ပြန်ဖြေလေသည်။
ထိုအခါ......
_________________
သူပြေးရပါပြီ။မိုးရေထဲ ဖိနပ်ကိုချွတ်ကာသူ အားကုန်သုံးကာ ပြေးရပါတော့သည်။
သူမကိုနည်းနည်းလေးမှအထိအခိုက်မခံနိုင်တော့ပေ။
ဘယ်သူ့ကမှသူ့ကိုဒီလောက်မပူလောင်စေခဲ့ဖူးပေ။မနာကျင်စေခဲ့ဖူးပေ။ထိုအချက် တွေကလည်း သူမကိုသူစွဲလမ်းနေမိပြီဆိုတာသေချာတဲ့အချက်တွေပင်။
သူမနဲ့ဖြတ်သန်းခဲ့ရတဲ့ ညတွေ။ရယ်မောပျော်ရွှင်နေခဲ့ရတဲ့အချိန်တွေ။ရုပ်ရှင်အတူကြည့်ရင်း ခံစားချက်တွေအမှတ်တရတွေဖန်တီးခဲ့တာတွေ။ပြန်တွေးမိတိုင်းကြည်နူးရသည်။အဲ့ဒီလိုသာ သူအမြဲတမ်း နေသွားချင်မိတာကသူရဲ့အိမ်မက်။
ထို့နောက်....
လမ်းတွေအိမ်တွေကြားလိုက်ရှာပေမယ့်လည်းသူ့မတွေ့ပါ။ဆိုင်တွေဝင်ထွက်လိုက်မေးပြန်တော့လည်း ဘယ်သူမှတိတိကျကျမဖြေနိုင်။
၁၅မိနစ်လောက်ပတ်မေးပြီးပြီ။မတွေ့....
သို့ပေမယ့်နောက်ဆုံးမှာမိုးရေထဲမှာ သူလို့ထီးမပါတဲ့လူတစ်ယောက်နဲ့သွားဆုံသည်။ထိုလူက ရှေ့နားမှာ တွေ့တယ်ပြောမှဆုရီရှိတဲ့
နေရာကိုသူရောက်လာခဲ့ပါတော့သည်။
'တွေ့ပြီ'
လမ်းဘေးက ခေါက်ဆွဲကြော်ဆိုင်လေးမှာ ထိုင်ရင်း အငွေ့တွေထွက်နေတဲ့ခေါက်ဆွဲကြော်ပန်ကန်းလေးကို 'ဖူးဖူး' နဲ့သူမမှုတ်နေတာကိုသူသွားတွေ့ရလေသည်။
Advertisement
- In Serial117 Chapters
Heartwarming Aristocratic Marriage: Influential Master’s Wife-Chasing Strategy
Song Fengwan was dumped by her fiancé, who had been dating her for a year, and an illegitimate daughter appeared out of nowhere to ruin her family.
8 558 - In Serial10 Chapters
The Coffee Shop
Samantha had owned her own coffee shop for most of her adult life. As she began to desire a change in her life, a loyal regular approached her, offering her immortality. The deal was only that she had to continue to run the shop, making him coffee and living her life. But as time went on, the world began to shift around her, revealing that the catch was much bigger than he revealed.
8 212 - In Serial58 Chapters
The Wedding Plan
What happens when we put together two workaholics with their hearts closed to love? Eleanor, a clumsy twenty-two-year-old, had everything in her life planned out and was focused only on her career and everything was going smoothly until she tried to walk into the same elevator as Sebastian Crain. After that, she thought she would not meet him face to face again, until she started working at his company and he made her an outrageous request. At twenty-six, Sebastian had just replaced his father as CEO of Crain enterprises. Not only was his professional life in total chaos, but the media had also depicted him as having an extremely active romantic life when, in fact, it was inexistent. But everything changed when he received his sister's wedding invitation and was told that he needed to attend with a date. To him, Eleanor looked perfect for the part. They only had to pretend to be a couple and attend a wedding. But what will happen once they realize that what they have is a lot more than a fake relationship?P.S: English is not my first language, so if you read something of mine, please be kind in the comments and constructive criticism is really appreciated.
8 187 - In Serial54 Chapters
The shy boy from math class
[RE-WRITTEN 9/24/20][COMPLETED 3/10/21]Selena Rojas thought that her math tutor, Grayson Taylor, would be someone temporary that she'd forget after senior year.***Selena never thought that during the worst month of her life, the shy boy that sat front row in her math class would be a comfort to her. Grayson never acknowledged the girl that sat at the back row of math class, until he's asked to tutor her. Yet he never expected letting her into his home after she shows up crying at his doorstep.With an instant bond, strong physical attraction, a big accident, desire, and drama, Selena and Grayson slowly start noticing they can't live without each other.#1 in Teens [5-27-21]
8 196 - In Serial67 Chapters
Rendezvous in the Romanowskian Empire
"And... the fifth rule," he came forward, locking me between him and the slab again."This should be the last time you talked to me like that," he lowered his face to my level, spiking my heart rate further. "Next time you rant on or call me by the name, I'll personally make sure to shut your lips," he whispered without a hint of casualness on his rugged face. "Will you follow the rules, Althea?"* * *When archaeological intern, Coretta Hayes, is transported to the fourth century BCE for a ground zero reporting, she discovers something that's unknown to the modern historians. The kingdom of Romanos. And she's over the moon when she manages to become its court writer, disguising herself behind the fake name of Althea Rosemary.But there's a problem.The kingdom's smouldering ruler, Julian Romanowski, is too interested in his newest court writer.And he wouldn't let her go anytime soon.*This is a newadult book*
8 186 - In Serial22 Chapters
A Bond By Agreement
Arnav.." I whispered softly and gasped out loud when he bit my earlobe."Hmm.?" He replied huskily and it was not helping me as my body was out of my own control.I don't know when he removed the pin from my saree and the pallu fell down helplessly. A shiver ran through me I tried to lift my hand and to cover my front but he didn't let me to, being way stronger than me.================In an unwanted marriage,One is disagreeable the other is hopeful.One doesn't know to love the other carves for it.A journey in which an agreement turned into a beautiful, lovable and unbreakable bond.================
8 265

