《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 22 (👠🪁⛈️)
Advertisement
"ဒေါက်...ဒေါက်"
"ဟင်ဘယ်သူလဲ မသိဘူး"
"သူငယ်ချင်းတွေလား"
"သွားကြည့်လိုက်ဦးမယ်...တံခါးသော့ခတ်ထားလိုက်"
"အင်း...ခတ်ထားလိုက်မယ်"
ထို့နောက် ကောင်းမြတ်တစ်ယောက် အဝတ်အစားအမြန်ဝတ်ပြီး ထွက်သွားသည်။
"ကျွီ"
'ဟာ...'
မျက်စိရှေ့မှာတွေ့လိုက်ရတဲ့ မထင်မှတ်ထားရတဲ့သူကြောင့် ကောင်းမြတ်အံ့အားသင့်သွားသည်။
"ဟာ...ဆောရီးညီလေးရေ...အစ်ကိုအိမ်မှားသွားလို့"
"ဗျာ"
"အခန်းနံပါတ်မှားသွားတာ...ဆောရီးဆောရီး"
"ဟုတ်"
ဆိုပြီးသူတံခါးပြန်ပိတ်ဖို့လုပ်နေတုန်း မျိုးသူရက
"ဒါနဲ့ညီလေး အစ်ကို့ကိုရေလေးတစ်ခွက်လောက်တိုက်ပါလား အစ်ကိုရေအရမ်းဆာနေလို့ အခန်းကလည်းလိုက်ရှာရဦးမှာလေ"
ထိုအခါကောင်းမြတ်အနည်းငယ်စဉ်းစားလိုက်သည်။ရေတစ်ခွက်လောက်နဲ့တော့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး သူရေဘူးသွားယူလေသည်။
သူ့အကွက်ထဲကိုကွက်တိဝင်လာတဲ့အခါ မျိုးသူရမဲ့ပြုံးပြုံးလိုက်ပြီး အထဲကို မသိမသာလေးခေါင်းဝင်လိုက်သည်။ဟိုကြည့်ဒီကြည့်လုပ်သည်။
ထို့နောက်တံခါးအနောက်မှာ ရှိတဲ့ဖိနပ်စင်ပေါ်ကိုကြည့်လိုက်တဲ့အခါ
"ဟင်းးး....ဒါသေချာပေါက်မင်းရဲ့ဖိနပ်ပဲ"
ဆုရီရဲ့ဖိနပ်လေးကိုသွားတွေ့လေသည်။
"ဂလု...ဂလု"
"ကျေးဇူး ညီလေး"
"ဟုတ်"
မျိုးသူရ လှည့်ထွက်သွားတော့ ကောင်းမြတ်သူ့ကိုမျက်မှောင်ကြုံ့ပြီးကြည့်နေလိုက်သည်။
"ကျွီ"
"ဂျိမ်း"
"ဘယ်သူလဲ"
"အမ ချစ်သူ"
"ဟင်"
ဘယ်လိုအကြောင်းကြောင့် သူ့အခန်းကိုမှ မှားလာရသလဲ ဆိုတာသူမသိပေမယ့် သတိတော့ထားရမည်လို့တွေးလိုက်သည်။
အခုထိတော့ သူ့ကို မျိုးသူရမသိလောက်သေးပါဘူးလို့ထင်ထားခဲ့ပေမယ့်.....
________________________
"ခွပ်.."
"ဘုတ်"
"အု...အ"
"ခွပ်....ခွပ်"
"ဂုတ်...ဘုတ်"
"အ.....အားး"
"ထွီ"
"လက်လွန်မယ်...တော်တော့"
"ထွီ"
ပေးဆပ်ရတာတန်ပါသည်။သူ့အလှည့်ကိုယ့်အလှည့်ဆိုတဲ့ အတိုင်းသာ ကောင်းမြတ်မှတ်ယူလိုက်သည်။သူတုန်းကလည်းအားရပါးရထိုးခဲ့တာပဲ။
သိုပေမယ့် သူ့အလှည့်ကတော့ နည်းနည်းပိုနာသည်။
စိတ်တိုင်းကျရိုက်နှက်ထိုးကြိတ်တဲ့ လူတစ်စုထွက်သွားတဲ့အခါ ပါးစပ်ထဲက သွေးတွေကို သူပျစ်ခနဲတစ်ချက် ထွေးလိုက်ပြီး အားတင်းကာကုန်းရုန်းထသည်။
လက်တစ်ဖက်က ဗိုက်ကိုဖိကိုင်ထားပြီး ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့သည်။
________________________
တိုက်ခန်းကိုပြန်ရောက်တော့ ဆုရီမတွေ့အောင်ရှောင်ရသေးသည်။
သူမစိတ်မကောင်းဖြစ်မှာသူမလိုချင်ဘူးလေ။
အနီရောင်တွေစွန်းပေနေတဲ့ အင်္ကျီအဖြူလေးကို ရေချိုးခန်းထဲကိုပစ်ချလိုက်သည်။
"ဘုတ်"
ထို့နောက်ရေချိုးခန်းကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့သည်။
"အားး"
နာကျင်မှုကြောင့်တစ်ချက်ညီးမိလိုက်သေးသည်။
ဘယ်လောက်တောင်ကြာသွားသည်မသိ ရေချိုးခန်းထဲ သူအိပ်ပျော်လို့သွားခဲ့လေသည်။
___________________
သူ့ကိုလက်စားချေတယ်လို့ပဲသဘောထားလိုက်တော့သည်။
ဆုရီက ကိုယ့်လက်ထဲမှာလေ။ကိုယ်က အောင်နိုင်သူပဲ။ရှုံးမဲမဲတာလောက်တော့ ခွင့်လွှတ်ပေးရမှာပေါ့လို့ ကောင်းမြတ်တွေးပြီး ပေါ့ပေါ့လေးလွှတ်ထားလိုက်သည်။
ထို့နောက် သူမကိုမတွေ့စေချင်တာကြောင့် ထိုးခံထားရတဲ့ အနာတွေပျောက်တဲ့အထိ ကျော်ကျော်နဲ့အတူသွားနေဖို့ဆုံးဖြတ်လိုက်သည်။
"ရတယ်လေ...စာလာလုပ်တာပေါ့"
"အဆင်ပြေတယ်မလား"
"ငါ့အိမ်ကမင်းဆိုလက်ခံပါတယ်"
"အေးကျေးဇူးပါကွာ"
တစ်ပတ် နှစ်ပတ်လောက်တော့ကြာသွားမည်ထင်သည်။ဒီကြားထဲ ဆုရီနဲ့ ဖုန်းတော့ဆက်ပြီးစကားပြောဖြစ်ပေမယ့် သူမအရင်လို တက်တက်ကြွကြွမရှိတော့တာကိုသူခံစားရသည်။
message တွေပို့တဲ့အခါလည်း သူမပြန်မပို့တော့ပေ။တစ်ခါတစ်လေမှသာ ပြန်ပို့သည်။ဖုန်းဆက်ပြန်လည်း
"အမကိုကျွန်တော်ပိုင်တယ်မလား ကျွန်တော်တစ်ယောက်ထဲကိုပဲ ချစ်နော်"
"အင်း ချစ်ပါတယ်"
စကားသံတွေကတိုးတိုးလေးနဲ့ နေမကောင်းတဲ့လူမမာလိုသာပြန်ပြောသည်။
'ဘာဖြစ်နေတာလဲမသိဘူး'
သူမကိုတွေ့ချင်စိတ်တွေသာသူရှိတာမို့ ကျော်ကျော့်အိမ်မှာစာလည်းမလုပ်ဖြစ်ပါ။
ထိုသို့ဖြင့် ဒဏ်ရာတွေပျောက်ပြီမို့ တိုက်ခန်းကိုပြန်လာတဲ့အခါ...
"ဟာ...ဘယ်လိုကနေ...ဘယ်လို...ဘာလဲဟ"
ထို့နောက် ဖုန်းကိုချက်ချင်းထုတ်လိုက်ပြီး ဆုရီကိုဆက်လေသည်။
"တီ....တီ...တီ"
ဖုန်းက မဝင်ပဲကျကျသွားသည်။
သူ့ခင်ဗျာ ကြိုးပြတ်တော့မယ့်စွန်လေးကို ကိုင်ထားတဲ့ လူလို။
"တီ...တီ...တီ"
"ဘယ်လိုလဲကွာ"
ထို့နောက် online ကနေပြောဖို့ အကောင့် ထဲကိုဝင်ကြည့်လိုက်တဲ့အခါမှ...
"ဟင်"
ဆုရီဆိုတဲ့အကောင့်လေး သူ့ထဲမှာမရှိတော့ပါ။
စွန်လေးကြိုးပြတ်လို့သွားခဲ့ပါပြီ။
သော့ခတ်ထားတဲ့ဆုရီတို့ရဲ့အခန်းကိုကြည့်နေရင်း ကြည့်နေရင်း.....ဝမ်းနည်းမှုတွေနားမလည်ခြင်းတွေနဲ့ တဖြည်းဖြည်း ရင်ထဲစို့နင့်လာခဲ့လေသည်။
_____________________
"သား..အပြင်သွားမလို့"
"ဪအေး...ညစာချန်ထားရမလား"
"ရတယ်မချန်နဲ့"
ထို့နောက် ကားအနက်ရောင်ကြီးပေါ်တက်ကာ ကျော်ကျော်မောင်းထွက်သွားတော့သည်။
ကောင်းမြတ်လည်းသူ့အိမ်ကပြန်သွားပြီမို့ သူတစ်ကောင်တည်းပျင်းနေသည်။ထို့ကြောင့် စိတ်ပြေလက်ပျောက် ကောင်မလေးနဲ့တွေ့ဖို့ချိန်းထားသည်။
ရောက်ခါနီးပြီမို့ သူ့ကောင်မလေးကိုဖုန်းဆက်လိုက်သည်။
"ကိုရောက်တော့မယ်နော်"
"ဟိုဟာလေ...ဒီညသဲမလာဖြစ်တော့ဘူး"
"ဟာ"
"ဆောရီးပါကိုရယ်...သဲတကယ်အရေးကြီးကိစ္စပေါ်လာလို့ပါ"
"ဪအင်းရတယ်လေ"
"နောက်ပြီးတော့လေ"
"ရတယ်.. ရတယ်ထားလိုက်တော့"
လို့ပြောပြီး ကျော်ကျော်ဖုန်းချလိုက်သည်။
contact လေးတစ်ခုတော့သူ့ဖုန်းထဲကထပ်ပျောက်လို့သွားခဲ့ပြီလေ။ဘာလို့လဲဆိုတော့ သူ့ကောင်မလေး club ထဲဝင်သွားတာကို သူလာနေတုန်းက ကားပေါ်ကနေလှမ်းမြင်လိုက်ရသည်ကိုး။
သူ့မှာရွေးချယ်စရာမရှိတော့တဲ့နောက် ကိုလာဘူးနဲ့ဟမ်ဘာဂါတစ်လုံးဝယ်ကာ ထိုင်နေကြ ပန်းခြံထဲကို လာခဲ့တော့သည်။
"ဂလု"
"အု"
ဆာနေတဲ့ဗိုက်ကို ဖြည့်ပေးနေရင်း ကောင်းမြတ်အကြောင်းသူစဉ်းစားနေသည်။
ဒီရက်ပိုင်းအတွင်းတော်တော်လေးပြောင်းလဲလို့ လာသည်။အထူးသဖြင့် ဆုရီနဲ့ပတ်သက်ပြီးသူပြောပြတဲ့ဟာတွေ သူ့အပြုအမူတွေ သူ့ရဲ့စကားလုံးတွေ အရင်လိုမဟုတ်တော့ပဲ လွတ်လပ်စွာပျံသန်းနေတဲ့ငှက်တစ်ကောင်လို ပျော်ရွှင်နေတာ သူမြင်ရသည်။
ကောင်းမြတ်ကို ကြည့်ရင်းအရင်ကသူ့ကိုယ်သူပြန်မြင်ရသလိုလို။
သို့ပေမယ့် ဟိုတစ်နေ့က မျိုးသူရ ထိုးတာခံလာရတာကို သူသိရတဲ့နောက်ပိုင်း ဒီဇာတ်လမ်းကချောချောခြူခြူသွားမှာတော့မဟုတ်ဘူးလို့ တွေးရင်း သူစိတ်မချနိုင်။
ဘာပဲဖြစ်ဖြစ်သူ့သူငယ်ချင်းကို အစစအရာရာအကုန်ကူညီပေးမယ်လို့ ဆုံးဖြတ်ချက်ချလို့ထားသည်။
ကောင်းကင်မှာကြယ်တွေပျောက်နေတာကို သူစပြီးသတိထားမိတာမှ မကြာသေး...မိုးတွေချိမ်းလာသည်။
"ဂျိမ်းး....ဂျိမ်း"
"မိုးရွာပြီလားဟ"
ကောင်းကင်တစ်ခွင်လုံး လင်းလက်သွားပြီး မိုးကြိုးတစ်ချက်ပစ်ချသံကို သူအပြင်ပန်းခြံတစ်ခုလုံးကလူတွေပါ ကြားလိုက်ရတော့ အကုန်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"ပြန်မယ်လေ"
"ထီးပါလား"
"သွား...သွားဖေကြီးဆီမြန်မြန်သွား"
စသည်ဖြင့်အသံတွေ။
"ဟူးး"
သူလည်း စားလက်စလေး မြန်မြန်စားကာ အိမ်ကိုသာပြန်မောင်းခဲ့လေတော့သည်။
အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းမှာ ဖုန်းသုံးနေတဲ့
သူ့အမေက...
"ဟယ်..သား..အစောကြီး"
"ဟုတ်တယ် မိုးတွေရွာနေလို့"
"ညစာရော"
"စားပြီးပြီ"
မေးတာဖြေပြီးတဲ့နောက် သူအပေါ်ထပ်ကိုတက်သွားလိုက်သည်။
အခန်းထဲရောက်တဲ့အခါ အဲယားကွန်းကိုဖွင့်ပြီး တီဗီကိုပါဖွင့်လိုက်သည်။youtube ထဲက ဗီဒီယိုတွေကြည့်ရင်း မိုးသဲတဲ့ညကို တစ်ယောက်တည်း အထီးကျန်စွာ ကျော်ကျော်ဖြတ်သန်းလိုက်တော့သည်။
ပြတင်းပေါက်အပြင်ဘက်ခြမ်းမှာမိုးရေ တွေစီးကျလို့နေသည်။
_________________
"ဟျောင်...ကျောင်းမသွားဘူးလား"
"ဟုတ်..အဖေ"
အိပ်ချင်မူးတူးနဲ့ထလာပြီး ရေချိုးခန်းထဲကိုဝင်သွားလေသည်။
မျက်နာသစ်သွားတိုက်ပြီး အဝတ်အစားလဲကာ မျက်လုံးအစ်အစ်ကြီးတွေနဲ့ပဲ ကျောင်းကိုလာခဲ့တော့သည်။
"နောက်ကျနေတယ်နော်"
"ကားလမ်းတွေပိတ်နေလို့ ဟီးဟီး"
ဆရာမကို ရယ်ပြရင်း အတန်းထဲကိုဝင်ထိုင်လိုက်သည်။ခါတိုင်းလိုပဲ စာအုပ်ထုတ်ပြီး စာတွေလိုက်မှတ် လိုက်ရေးကာ တစ်မနက်ကုန်သွားပြန်သည်။
သွားစရာနေရာတော့ထုံးစံအတိုင်းကျောင်းကန်တင်းပေါ့။
သူရောက်တော့
ကောင်းမြတ်ရဲ့အတန်းထဲကကောင်တွေကို သွားတွေ့သည်။ထို့ကြောင့်အနားသွားပြီး
"မင်းတို့ဘော်ဒါမလာဘူးလား"
"မလာဘူးလေ...အဲ့ကောင်ဖုန်းဆက်လည်းမကိုင်ဘူး"
"အေးလေ ဂိမ်းလည်းမဆော့တာကြာပြီ"
"ဟုတ်တယ် လိုင်းပေါ်မှာလည်းမတွေ့ဘူးနော်... အိမ်သွားမှပဲတွေ့ရမှာ"
"ငပျင်းလုပ်နေတာ နေမှာပေါ့"
ကောင်းမြတ် ကျောင်းမလာဘူးဆိုတော့ ကျော်ကျော်လည်း
"စောစောပြန်မယ်ကွာ"
လို့ဆုံးဖြတ်လိုက်သည်။
Advertisement
- In Serial53 Chapters
Her Betrayal
Clenching my eyes shut , I let a few fat teardrops roll down my cheeks. The blazing anger in his eyes , the accusations in them were too strong to bear. It literally hurt to look into his steel grey eyes that were now burning with hatred....hatred towards me. ..................Braelyn Taylor never thought that she would again cross paths with her highschool sweetheart Evan Lewis after that fateful day, let alone work with him. With her betrayal burning strong in his heart till date, what does destiny have in store for these two ?[#15 in love][#2 in hot]
8 201 - In Serial15 Chapters
Musings
This is being used as a place to post, some thoughts of mine, mostly old stuff from my past, my feelings or observations or just fiction (most likely fiction). It most likely will not take normal story format and I am sure this site will let me know if that outside the lines.
8 162 - In Serial56 Chapters
Malfoy v. Diggory (reader x draco malfoy x cedric diggory x reader love story)
Y/n and Draco have been friends since year one, but now they're onto year 4 and their friendship starts to grow. Could their friendship turn into something more? How will y/n's new friendship with Cedric affect their relationship with Draco.//if you're not both a cedric AND draco stan this story may not b ur cup of tea//#1 in cedric (may.6)#1 in cedric diggory fanfic (nov.1)#1 in cedric diggory fancition (nov. 2)#1 in blaise (may 31)#8 in draco (may.7)#1 in first story (jul.17)#21 in love triangle (dec. 2)#6 in blaise (feb.13)started// sep. 20, 2020finished//feb. 14, 2021
8 73 - In Serial37 Chapters
What could possibly go wrong? Rodrick Heffley x reader
"Hey, together we can get what we want. So let's do this." he said excitedly. "What? Are you insane Rodrick? This is crazy. No way we're doing that." you quickly answered."Why y/n? Scared to actually fall for me?" he said smirking looking you directly in your eyes.
8 91 - In Serial67 Chapters
DIVISION 52 - BOOK I
In the distant future there are two powers that control Merridian city. The first: A dictatorship known as the Silver Sun, whose militant soldiers enforce the law. The second: A crime lord known as Scorpion. She controls the entire black market, faction gangs, and every other killer for hire in the city. They are Division 52.When sudden and lethal attacks with Silver Sun marks start littering around the upper class sectors action must be taken swiftly. The chaos quickly climbs on both sides and tensions within sectors reaches its boiling point. But the game all changes when Scorpion discovers that the Emperor of the Silver Sun has a daughter. This girl is impulsive and illusive. Nothing of the pampered royalty that was first suspected. With different agendas and impossible backgrounds, the pair are quickly caught between wanting to kill one another and build something much more in the farthest depths of Merridian...
8 173 - In Serial22 Chapters
Stubborn Wolf
What is Callum to do when he is reunited with his high school tormentor during a blind double date?Callum has recently gotten used to the half-vampire-half-human life. But his social life leaves much to be desired according to his best friend. Being forced to tag along on a double date with said best friend and her girlfriend, Callum meets a certain wolf shifter he thought he'd never have to see again.
8 233

