《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 23 (🤔🌅💔)
Advertisement
"အားးး"
အိမ်မက်ထဲက အမြင့်တစ်နေရာမှ လက်ရှိကမ္ဘာရဲ့ အိပ်ရာပေါ်ကို ကျော်ကျော်ပြုတ်ကျလာသည်။
"ဟူး...ဟူးး"
အသက်ကိုလုရှုရင်း နှလုံးခုန်နှုန်းတွေကလည်းအရမ်းမြန်လို့ နေသည်။
ဘေးနားက ရေဘူးကိုယူပြီး ကုန်အောင်သောက်ပစ်လိုက်သည်။
"အစောကြီးရှိသေးတာပဲ"
သူပြန်အိပ်ဖို့ကြိုးစားပေမယ့် အိပ်မရတော့တာကြောင့်....
"တော်ပြီကွာ"
အဝတ်အစားလဲပြီး အပြင်ထွက်မုန့်စားဖို့သာ စဉ်းစားလိုက်သည်။
တစ်အိမ်လုံးဘယ်သူမှမနိုးသေးတဲ့အတွက် အိမ်ရှေ့တံခါးကို အသာလေးဖွင့်ပြီးထွက်လာခဲ့သည်။
လမ်းထိပ်က လှည်းနဲ့ရောင်းတဲ့ထမင်းကြော်ဆိုင်ကို ရောက်တဲ့အခါ
"ကျွန်တော့်ကို ကြက်သားကြော်နဲ့"
"အေး သား...ထိုင်"
ရေနွေးကြမ်းငှဲ့ရင်း လက်ကတစ်ပြိုင်တည်း ဖုန်းကိုထုတ်ကာ ကောင်းမြတ်ဆီဆက်လိုက်သည်။
"တီ...တီ"
သို့ပေမယ့် ဖုန်းမကိုင်။
"ကျောင်းရောက်ရင်တွေ့မှာပေါ့"
ဆိုပြီးသူလက်လျှော့လိုက်သည်။
______________________
"မလာပြန်ဘူးလား"
"အေး..အဲ့ကောင်ဘာဖြစ်နေလဲမသိဘူး"
ကျောင်းရောက်တော့လည်း ကျောင်းကိုမလာပြန်တဲ့အတွက် ကျော်ကျော်စိတ်ပူသွားရသည်။
တစ်ခုခုတော့ဖြစ်နေတာသေချာပြီ။
"မင်းသူ့အိမ်ကိုသွားကြည့်ပါလား"
"အေး အဲ့လိုပဲလုပ်မလို့"
ဘာဖြစ်နေလဲဆိုတာမသိပေမယ့် ကျောင်းကို တစ်ပတ်တိတိမလာတာတော့ ပျင်းနေတာမဟုတ်။
ညနေကျောင်းဆင်းတဲ့အခါ ကျော်ကျော် ဖုန်းထပ်ဆက်ကြည့်သည်။
"တီ...တီ"
"....."
"တီ...တီ"
"အဲ့မှာကိုင်မနေနဲ့တော့"
ဆိုပြီးဖုန်းပြန်ချလိုက်သည်။ထို့နောက်သူတစ်ချက် စဉ်းစားလိုက်ပြီး
"အေး"
သူ့အမေဆီကိုဆက်ဖို့ကြိုးစားကြည့်သည်။
"တော်ပါပြီကွာ...အိမ်ရောက်ရင်တွေ့မှာပဲ"
ဆိုပြီးမဆက်ဖြစ်ပြန်။
တိုက်ခန်းနားကိုရောက်လာလေ လူတွေကစည်လာလေ။
ညနေဘက် လမ်းထွက်လျှောက် စက်ဘီးစီးတဲ့လူတွေ၊ ပြေးလွှားနေကြတဲ့ ကလေးတွေ၊ အလုပ်၊ ကျောင်းတို့ ကပြန်လာကြတဲ့ လူတွေ ကိုရှောင်ရင်း ကျော်ကျော်တဖြည်းဖြည်းချင်းမောင်းလာရသည်။
"ဒီနေ့မှလူတွေကများလှချည်လား"
လမ်းထဲကို တစ်လှိမ့်ချင်းလှိမ့်ကာဝင်လာရင်း နောက်ဆုံး ကောင်းမြတ်ရဲ့တိုက်ခန်းကိုရောက်လို့လာခဲ့ပြီ။
အပေါ်တက်သွားပြီး ကောင်းမြတ်ရဲ့အခန်းရှေ့ကိုရောက်တော့ သူတံခါးခေါက်လိုက်သည်။
"ဒေါက်...ဒေါက်"
တံခါးဖွင့်လိုက်တဲ့အခါ
"ဪ...ကျော်ကျော်....လာလေ"
ပုံမှန်တိုင်းပဲ ကောင်းမြတ်ကိုတွေ့လိုက်သည်။
"မင်းဘာတွေလုပ်နေတာလဲ"
"ရုပ်ရှင်ကြည့်နေတာလေ"
ကျော်ကျော် အထဲကိုလှမ်းကြည့်လိုက်တော့ တီဗီကဖွင့်လျက်သား။အထဲဝင်လိုက်ပြီး..
"ငါမေးတာ ကျောင်းမလာပဲ ဘာတွေလုပ်နေတာလဲမေးတာ"
"ဘာမှမလုပ်ပါဘူး ဒီတိုင်းအိမ်မှာခဏနေချင်လို့"
ထို့နောက်သူလည်း ကောင်းမြတ်နဲ့အတူရုပ်ရှင်ဝင်ကြည့်လိုက်သည်။
"မနက်ဖြန်ရောကျောင်းလာမှာလား"
"မသိသေးပါဘူးကွာ"
ကော်ဖီခွက်ကိုကိုင်ကာပြန်ထွက်လာတဲ့ ကောင်းမြတ်ကိုသူမေးလိုက်သည်။
"မင်းတစ်ခုခုဖြစ်နေတာမလား"
"အေးဟုတ်တယ်"
"ငါသိတယ်...အမဆုရီနဲ့ဆိုင်တဲ့ကိစ္စပဲမလား "
ထိုအခါ ကောင်းမြတ် တွေဝေသွားပြီး စကားဆက်မပြောတော့ ကျော်ကျော်ကပဲဆက်မေးသည်။
"ဘာဖြစ်ပြန်တာလဲ...မင်းတို့အဆင်ပြေနေလို့ ငါတောင်ဝမ်းသာနေတာ"
"ဟူးးး"
သက်ပြင်းချပြီး
"ငါ့ဘဝထဲက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြန်ပြီ"
"ဟမ်...ဘယ်လိုပျောက်သွားတာလဲ"
"မသိဘူးကွာ မင်းလာတုန်းကမတွေ့ဘူးလား"
"ဘာကို"
"သူတို့အခန်း ကိုလေ"
"ဘာဖြစ်လို့လဲ သူတို့အခန်းက"
"သော့ကြီးခတ်ထားတယ်"
ကျော်ကျော်ကပြုံးလိုက်ပြီး
"ခရီးတွေဘာတွေသွားတာဖြစ်မှာပေါ့ကွာ"
"ခရီးသွားတာပဲဆိုရင် ငါ့ဖုန်းကိုဘလော့ခ်တာတို့ သူ့အကောင့်ကိုဖျက်သွားတာတို့တော့ မလုပ်ဖူးလေ အခုကအဆက်အသွယ်ပါဖြတ်သွားတာ"
ထိုအခါကျော်ကျော် မျက်မှောင်ကြီးကျုံ့ပြီး စဉ်းစားရလောက်တဲ့အထိ နားမလည်ဖြစ်သွားသည်။
"မင်းနဲ့ပြဿနာတွေဘာတွေ"
"ဘာမှမဖြစ်ဘူး...အကုန်အဆင်ပြေတယ်"
"ဪ...ခဏလောက်စောင့်ကြည့်လိုက်ပါဦးကွာ...အဲ့လိုပလိန်းကြီးတော့ မလစ်သွားလောက်ပါဘူး"
"ငါထင်တာတစ်ခုရှိတယ်သိလား"
"ဘာလဲ"
"သူ့အရင်ဘဲဆီ ပြန်သွားတာပဲဖြစ်မှာပေါ့"
"မဟုတ်လောက်ပါဘူးကွာ"
"ဟင်း..ဟင်း..ဒါပဲရှိတာပဲ"
ရွဲ့ကာပြုံးပြီး ပြောလာတဲ့ကောင်းမြတ်ကိုကျော်ကျော်ကြည့်ပြီး တကယ်အဲ့လိုထင်နေတာဆိုတာကို နားလည်လိုက်သည်။
သူ့ရဲ့စကားသံတွေမှာ နာကျင်မှုတွေ ကြေကွဲခြင်းတွေပါသည်။လှည့်စားခံလိုက်ရတဲ့သူတစ် ယောက်အရွဲ့တိုက်ပြီးပြောလာတဲ့ လေသံ။
"ဘာပဲဖြစ်ဖြစ် ကျောင်းတော့လာခဲ့လေ စိတ်ပြေလက်ပျောက်ပေါ့"
"အေး မပြောတတ်ဘူး"
သူနဲ့စိတ်ဝင်စားဖို့မကောင်းတဲ့ရုပ်ရှင်ကြီးကို အတူတူထိုင်ကြည့်ပေးရင်း ညဉ့်နက်လာသည်။
ပြန်ရဦးမည်မို့ ကျော်ကျော်နှုတ်ဆက်လိုက်သည်။
"သွားပြီငါးကောင်...လာဖြစ်အောင်လာနော်"
"အေးပါ"
ထို့နောက် ကောင်းမြတ်တံခါးကိုပိတ်လိုက်တော့သည်။
ကျော်ကျော်လှည့်ကြည့်လိုက်တော့မှ ကောင်းမြတ်ပြောတဲ့အတိုင်း တံခါးကသော့ခတ်ထားသည်။
အပြန်လမ်းမှာထိုအကြောင်းကိုစဉ်းစားရင်း မောင်းလာခဲ့ပေမယ့် အဖြေကထွက်မလာပေ။
"အိမ်ပြောင်းသွားတာလား"
ကောင်းမြတ်ကို သူ့တုန်းကလိုမျိုးမဖြစ်စေချင်တဲ့အတွက် အစွမ်းကုန်ကူညီပေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် ဆုရီကသာတကယ်သူ့ဘဲနဲ့ပြန်တွဲနေတာ ဆိုရင်သူ့မှာဘာမှလုပ်ပေးနိုင်တာမရှိ။
ဒဏ်ရာတွေကို အချိန်နဲ့ကုစားဖို့အတွက် အဖော်ပြုပေး အာရုံလွှဲပေးရုံ သာတတ်နိုင်တဲ့အတွက် ကျောင်းကိုရောက်အောင်လာခဲ့လို့ သူပြောခဲ့ခြင်းဖြစ်သည်။
____________________
"ဆုရီပန်ပန်ဆိုတဲ့ အမကိုလာတွေ့တာ"
"ဪ...မဆုလား"
"ဟုတ်"
"သူက အလုပ်မလာတော့တာကြာပြီ အမတို့လည်းအဆက်အသွယ်မရတော့ဘူး"
"ဟုတ်လား"
"အင်း...သူ့ဖုန်းနံပါတ်ယူမလား"
ဖုန်းနံပါတ်ပေးလိုက်ပေမယ့် အဟောင်းကြီးသာဖြစ်နေသည်။
"ဒီနံပါတ်ကရှိတယ်"
"ဟုတ်လား အဲ့တာဆိုအမလည်းမကူညီနိုင်တော့ဘူး...သူ့အိမ်ကိုရော"
"ဟုတ်....မရှိဘူးဗျ"
"အယ်...အဲ့တာဆိုရင်"
"ရတယ်အမ ထားလိုက်တော့ ကျေးဇူးနော်"
"အင်းအင်း"
ကောင်းမြတ်ပြန်ထွက်သွားတော့ ရုံးကအမကြီးက စိတ်မကောင်းဖြစ်စွာနဲ့ငေးကြည့်နေမိသည်။
ထို့နောက်ဖြိုးငယ်ဆိုတဲ့အမကြီးအိမ်ကိုလာခဲ့ပေမယ့်လည်း သူမကသိတောင်မသိ။
"ဟမ်...ဟုတ်လားငါ့တောင်ဘာမှမပြောသွားဘူး"
"ဟုတ် မနေတော့ဘူး....ဒါနဲ့အမရဲ့အကောင့်မှာစစ်ကြည့်ပါလား သူရှိသေးလားလို့"
သူမဖုန်းယူပြီးစစ်ကြည့်လိုက်တဲ့အခါ
"အေးဟဲ့ အကောင့်မရှိတော့ဘူး"
"သူ့အမေဖုန်းရောရှိလားအမ"
"ဟင့်အင်းမရှိဘူး"
"ဟူးး..အဲ့တာဆိုကျွန်တော်နောက်ထပ်စုံစမ်းကြည့်ပါဦးမယ်"
"အေးအေး"
ဒီတစ်ခါလည်း ထွက်သွားတဲ့သူ့ကို ဖြိုးငယ်ဆိုတဲ့အမကြီး စိတ်မကောင်းစွာနဲ့ထပ်ကြည့်ပြန်သည်။
________________
တစ်လဆိုတဲ့အချိန်ဟာ ကောင်းမြတ်အတွက် နာကျင်စရာတွေကို မသက်သာစေတဲ့အပြင် ဒဏ်ရာ ပိုလို့တောင်နက်လာသည်။
ဆိုင်ကယ်တစ်စီးနဲ့ ညနေဘက်တွေ ဦးတည်ရာမဲ့တစ်ယောက်ထဲလျှောက်သွားမိနေပေမယ့် နောက်ကနေသူ့ကိုဖက်ထားတဲ့ သူမရဲ့လက်တွေကို အခုထိခံစားမိနေတုန်း။
ကမ်းနားလမ်းမှာဆိုင်ကယ်ကို ရပ်ပြီး ဘေးကရေပြင်ကိုငေးမိတဲ့အခါ နှုတ်ခမ်းထက်မှာ အမှတ်တရလေးတစ်ချို့က ပြန်ပေါ်လာသည်။
အဲ့ဒီနေရာမှ သူတို့ရပ်ပြီးနမ်းခဲ့ဖူးသည်။
"သက်ဆုံးတိုင် အမကိုအခုလိုအနမ်းတွေပေးချင်တာ"
"ဟားဟား...အမကအဲ့အရွယ်ထိဆို အဖွားကြီးဖြစ်နေမှာ"
"ဘာဖြစ်လဲ...အဲ့ဒီအဖွားကြီးကို အဖိုးကြီးကျွန်တော်က အခုလိုချီပြီး"
"အယ်"
သူမကိုခါးကနေမချီလိုက်သည်။
"နမ်းပစ်မှာ"
"ကောင်းမြတ် ပြန်ချပေး.."
"ခဏလောက်"
"ပြုတ်ကျတော့မယ်"
"ဒီတိုင်းလေးခဏနေဦး"
သူမရယ်သူရယ် အနောက်မှာ ပန်းချီကားတစ်ချပ်သဖွယ် အရောင်တွေဖြာထွက်နေတဲ့နေလုံးကြီးနဲ့ တလက်လက်ထနေတဲ့ ရေပြင်ရယ်။
ထို့နောက် သူမသူ့ကိုသေချာစိုက်ကြည့်ပြီး ပါးနှစ်ဖက်ကိုကိုင်ကာ ထပ်နမ်းလိုက်သည်။
မြင်မြင်သမျှအရာတွေအကုန် သူတို့နှစ်ယောက်အတွက်လှပနေခဲ့သည်။
________________
'ကျွန်တော့်အတွက်ပဲလှနေခဲ့တာပါ အမအတွက်တော့ အပျင်းပြေရုံလောက်ဖြစ်မှာပေါ့'
အခုတော့ အဆုံးသတ်မလှတဲ့ပုံပြင်တစ်ပုဒ်လိုဖြစ်သွားခဲ့လေပြီ။
အမက ငှက်ဆို ကျွန်တော်က သစ်ပင်ကသစ်ကိုင်း။
အမက လိပ်ပြာဆို ကျွန်တော်က ပန်းခင်း။
အမက မိုးဆို ကျွန်တော်ကန္တာရ။
အမက အိမ်မက်လှလှလေးဆို ကျွန်တော် တစ်ဝက်နဲ့နိုးထလာတဲ့သူ။
အမက ခဏတာရောက်လာ တဒင်္ဂ ပျော်ရွင်မှုပေးပြီးပြန်ပျောက်ကွယ်သွားတဲ့သူပဲ။
အိမ်မက်ဆက်မက်ချင်လို့ပြန်အိပ်လိုက်မယ်ဆိုရင်တောင် ကျွန်တော်ပြန်မမက်နိုင်တော့ပါ။
ဘယ်ဆီလိုက်ရှာလို့ရှာရမှန်းလည်းကျွန်တော်မသိ။
တကယ်ကိုပျောက်ကွယ်လို့သွားပါပြီ။
ထိုနေရာလေးမှာ ခဏလောက်နေပြီး အသက်မဲ့စွာငေးမောကြည့်နေလိုက်သည်။
မျက်ရည်တွေကျလာတာကို ထိန်းနိုင်စွမ်းသူ့မှာမရှိပေ။
လက်နဲ့တစ်ချက်သုတ်လိုက်ပြီး ဆိုင်ကယ်ပေါ်ပြန်တက်ကာ ထိုနေရာလေးကို ကျောခိုင်းပြီးမောင်းထွက်သွားလေတော့သည်..........။
____________________
Advertisement
- In Serial21 Chapters
Host Me!
This is the story of Yuuto, who upon turning 18 was unceremoniously thrust out into the world head first. He encounters misfortune and somehow ends up working as a host in Shinjuku to pay off his massive debt.
8 210 - In Serial45 Chapters
Him & I (Queen Shadow #1)
(Queen Shadow series #1)One girl had the perfect life until her best friend turned into her bully her brother and sister also turned against with no one left to rely on she leaves to make a better version of her self but it's not your normal revenge story she doesn't come back to get revenge in fact they come to her.This story is full of love,secrets,mystery and much more feel free to come in the adventure of Isabella and Jaxon will there love conquer all or will it destroy them both.I'm sorry if this bad this is my first story so I'm really nervous but really excited. please excuse any grammar mistakes or spelling please comment and vote xoxoPLEASE DO NOT COPY MY STORY I DO OWN THE PLOTS IN THIS BOOK THIS BOOK IS TO NOT BE COPIED IN ANY FORM OR BE PUBLISHED ANYWHERE ELSE WITHOUT THE AUTHORS PERMISSION Copyright ©️2019
8 127 - In Serial33 Chapters
Slave, My Mate
When you are a slave no one loves you. No one cares about you. You don't even have a name. So what happens when a slaves new master is her mate?
8 233 - In Serial51 Chapters
Evils Of The Sky (Io Shirai X Male OC)
Cover by @QueenZain3Carlo De Luca Pesci, an Italian born New Yorker, has had a wrestling career where he's had a lot of left turns: sexual harassment allegations, drinking, and breaking people's balls.After getting signed to NXT to start fresh and reinvigorate his career, he met his friend during his time in Japan, Io Shirai.The two catch up and start to be friends again, but will one thing lead to another?
8 199 - In Serial41 Chapters
Pokémon: Ultra Guardian
T-Rated. AMOURSHIPPING
8 95 - In Serial36 Chapters
I Know What You Did Last Night (Zarry / Mpreg)
"He knows .. dirty secrets that I keepDoes he know it's killing me?He knows , he knows..! " Harry."I know what you did last night .. When he looks me in the eyes , they don't seem as mean no more. " Zayn.
8 200

