《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 25 (☕🚥🏨❤️)
Advertisement
ဆုရီတို့မိသားစု အိမ်မပြောင်းခင်.....
ကောင်းမြတ် ကျော်ကျော့်ရဲ့အိမ်မှာသွားနေနေတုန်းအချိန်တွင်......
မျိုးသူရကဖုန်းဆက်ပြီးတွေ့ရအောင်ဆိုတော့ သူမငြင်းခဲ့ပေမယ့် ဖုန်းထဲကိုရောက်လာတဲ့ ကောင်းမြတ်ထိုးကြိတ်ခံထားရတဲ့ ဗီဒီယိုဖိုင်ကြောင့် မသွားလို့မရတော့ပေ။
တစ်လမ်းလုံးဒေါသထွက်လာတဲ့သူမ ရောက်ရောက်ချင်းပဲ ဆဲဆိုကြိမ်းမောင်းလေတော့သည်။
"အောက်တန်းကျတဲ့ကောင် ရှင်မဆိုင်တဲ့သူကို ဘာလို့အဲ့လိုယုတ်မာရတာလဲ"
"ဟင်းး.....စိတ်လျှော့ပါ ဆုရာ မင်းကသာမဆိုင်တဲ့သူလို့ပြောတာ ကိုယ်ထင်တာတော့မင်းနဲ့တော်တော်လေးဆိုင်နေတာပဲ"
ပန်းခြံထဲကခုံမှာထိုင်နေရာကနေ မျိုးသူရမတ်တပ်ထပြီး
"ဒီလောက်ဒေါသထွက်နေတာ မင်းအဲ့ကောင်လေးကိုတော်တော်ချစ်နေလား"
"တော်ပြီ အပိုတွေမပြောချင်ဘူး ရှင်နောက်တစ်ခါထပ်လုပ်ရင် ရဲတိုင်မယ်"
"တိုင်လေ...ဒီမှာငါဆိုတဲ့ကောင်ကမကြောက်လို့ ကိုလုပ်နေတာ မင်းရဲတိုင်ရင် နောက်နေ့အဲ့ကောင်ရဲ့အလောင်းကိုမင်းမြင်ရမယ်"
"တောက်...ရှင်....တော်တော်အကြံပက်စက်တဲ့လူပဲ လူသတ်ဖို့တောင်ဝန်မလေးတော့ဘူးနော်ကျွန်မတကယ်မယုံနိုင်ဘူး"
ထိုအခါ မျိုးသူရ မျက်လုံးရဲရဲကြီးတွေနဲ့ ကြည့်ပြီး
"ဒီမှာ ငါကဖောက်ပြန်ခံရတဲ့သူ မင်းကဖောက်ပြန်တဲ့သူနော်....ငါလိုချင်တာရှင်းရှင်း လေးပါ....မင်းအရမ်းချစ်ပါတယ်ဆိုတဲ့အဲ့ကောင်ကိုအဆက်အသွယ်ဖြတ်....ငါ့တုန်းကလိုမျိုးပေါ့....ငါအသည်းကွဲခဲ့ရသလိုမင်းလည်းအဲ့လိုကွဲတာငါမြင်ချင်တယ်"
"မဖြတ်နိုင်ဘူး ဘာလုပ်မလဲ"
"ပြောပြီးသားပဲ အသေသတ်မှာလို့ မသတ်ခင်တော့အခုလို့နှိပ်စက်ဦးမယ်အရင်"
ဆုရီရဲ့လက်ကသူ့ကိုရိုက်ဖို့လွှဲလိုက်ပေမယ့် သူကသူမလက်ကို အမိအရပဲဖမ်းဆုပ်ထားလိုက်သည်။
"ဒီမှာ မင်းသေချာစဉ်းစားအဲ့ကောင်သေတာကြည့်မလား အဆက်အသွယ်ဖြတ်မလား..အင်း...နှစ်ခုလုံးကတော့မင်းခံစားရမှာ တစ်ခုကတော့နည်းနည်းသက်သာမယ်..."
ဆုရီ စူးရှပြီးမာန်ပါတဲ့အကြည့်တွေနဲ့ မျိုးသူရကိုကြည့်နေလိုက်သည်။
ထို့နောက်သူကဆက်ပြီး...
"ငါ့တုန်းက မင်းပြဿနာရှာခဲ့လို့ ငါတကယ်ချစ်တဲ့တစ်ယောက်ကိုထားခဲ့ပြီး မင်းဆီကိုပဲလာခဲ့ ရတာနော်....ဟင်းဟင်း...ကျေပြီပေါ့နော်....ငါအသည်းကွဲခဲ့တုန်းကလောက်မဆိုးပါစေနဲ့ကွာ"
ထို့နောက်သူကားပေါ်တက်ပြီးမောင်းထွက်သွားတော့သည်။
ဝမ်းနည်းမှုရယ် ဒေါသရယ်ကြောင့် ဆုရီရဲ့မျက်ဝန်းထဲမှ မျက်ရည်တို့ စီးကျလာသည်။
အိမ်ကိုပြန်ရောက်တဲ့အခါ သူမရဲ့အမေကိုထိုအကြောင်းတွေပြောပြပြီး ရှိုက်ကြီးတငင်ငိုမိပါတော့သည်။
သူမအမေကလည်းဒီလိုလူမျိုးနဲ့တော့သဘောမတူနိုင်ပါ။သမီးလေးကို မောင်မျိုးသူရ နဲ့အဆင်ပြေနေတယ်ပဲ ထင်နေခဲ့တာ အခုလိုသိရတဲ့အခါ သူတို့အထင်ကြီးလေးစားခဲ့တဲ့ သူတို့ရဲ့ကျေးဇူးရှင်ကြီးရဲ့သားကို ဘယ်လောက်ပဲကျေးဇူးရှိနေပါစေ ထိုနည်းနဲ့တော့ပြန်မဆပ်နိုင်။
ထို့ကြောင့် အရင်ကငှားနေခဲ့တဲ့ အိမ်လေးကိုသာပြန်သွားဖို့ဆုံးဖြတ်ခဲ့ကြသည်။အလုပ်ကအစောကတည်းကထွက်ဖို့တင်ထားပေမယ့် အခုမနေနိုင်တော့ပဲထွက်တော့မည်။ထို့အပြင် အကောင့်တွေ ဖုန်းနံပါတ်တွေပါ တစ်ခါတည်းပြောင်းပစ်လိုက်သည်။
အလုပ်ကလူတွေကို ကောင်လေးတစ်ယောက်လာမေးရင် မသိဖူးလို့ပြောဖို့မှာသွားသည်။
ဖြိုးငယ်ကိုလည်း လာမေးတဲ့အခါ မသိချင်ယောင်ဆောင်ပေးဖို့ပြောခဲ့သည်။
ထိုသို့ဖြင့် ကောင်းမြတ်ဘဝထဲက သူမထူးဆန်းစွာပျောက်သွားခဲ့သည်။
________________________
သို့ပေမယ့်.....
ကောင်းမြတ်ရဲ့ ကြိုးစားမှုကြောင့်အခု သူမကိုဆက်သွယ်နိုင်တဲ့အပြင် အိမ်ကိုပါမကြာခင်ရောက်လာတော့မည်။
"မင်းလိုက်မလို့လား"
"အေးလိုက်ခဲ့မယ်လေကွာ...ငါလည်းပိတ်ရက်တွေဆိုပျင်းနေတာ"
"ပြီးရောကွာ"
"စိတ်ချပါ...မင်းကိစ္စမင်းရှင်းငါလိုက်မရှုပ်ဘူး...ငါကငါ့ကိစ္စနဲ့ငါ"
ကျော်ကျော်ကအိမ်လိပ်စာကိုရအောင်စုံစမ်းပေးခဲ့သည်။လူမိုက်ဆန်ဆန်ပဲ ဖြိုးငယ်ကိုဖမ်းပြီး ခြိမ်းခြောက်ကာ ဆုရီရဲ့အိမ်ကိုမေးခဲ့ခြင်းဖြစ်သည်။ဆုရီရဲ့ သူငယ်ချင်းတစ်ယောက်ယောက်တော့သိမှာပဲလို့ ကျော်ကျော်ထင်ခဲ့သည်။ထို့ကြောင့်ကောင်းမြတ်ကိုမေးကြည့်တော့ ဖြိုးငယ်ဆိုတဲ့တစ်ယောက်ပဲ သိတယ်ဆိုတဲ့အတွက် မေးခဲ့ခြင်းဖြစ်သည်။
အခုသူမ နေတဲ့မြို့ကိုသွားဖို့အတွက်ကောင်းမြတ် ကားလက်မှတ်ဝယ်လို့ပြီးပြီ။ ကျော်ကျော်ကလိုက်မည်ဆိုတော့ သူလည်းအဖော်လေးရလိုရညားခေါ်လိုက်သည်။
ကားပေါ်မှာပြတင်းပေါက်ကိုငေးရင်း ဆုရီကိုနောက်တစ်ခါတွေ့ရတော့မည်ဆိုတော့ သူမမျက်နှာလေးကိုပုံဖော်ကြည့်ရင်းပေါ့။
______________________
ကောင်းကင်ကြီးကအပြာနုရောင်လင်းထိန်လို့နေသည်။
မိုးတိမ်တွေကင်းစင်နေတယ်လို့ထင်ရပေမယ့် တိမ်စိုင်နှစ်ခုကတော့ တဖြည်းဖြည်းခြင်းဆုံဖို့ဦးတည်နေလေသည်။မကြာခင်ပဲ တစ်ထပ်ထဲကျသွားတော့သည်။
ဈေးထဲမှာ လိမ္မော်သီးရွေးနေတဲ့သူမ...
အဝေးကနေလှမ်းကြည့်နေတဲ့သူ
"ဘယ်လောက်လဲမသိဘူး"
"၂၀၀၀ပဲပေးလေ"
"ဟုတ်"
ဒီဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါ
"ဟင်"
ကောင်းမြတ်ကိုသူမ တွေ့လိုက်ရသည်။လုံးဝမထင်မှတ်လို့ထားခဲ့ပေ။သူဒီအထိတောင်အရောက်လာခဲ့တာပဲ။
ချက်ချင်းပဲမျက်နှာလွှဲပြီး လှည့်ထွက်လာခဲ့သည်။
ကောင်းမြတ်ကပြေးပြီး လက်ကိုဆွဲကာ
"အမ"
တားလိုက်သည်။သူမခြေလှမ်းတွေတုံ့သွားပြီး
"ဘယ်လိုလုပ်ဒီအထိရောက်လာခဲ့တာလဲ...မဆက်သွယ်နဲ့လို့ပြောထားတာကို"
"အမကိုအရမ်းသတိရတယ်...ကျွန်တော်အတည်ပြုစရာလေးရှိလို့လာခဲ့တာပါ"
"စိတ်ကစားခဲ့တယ်လို့ပြောပြီးပြီလေ..."
"အဲ့တာကိုမယုံဘူးဗျာ အခုတစ်နေရာသွားရအောင်"
ထို့နောက်အိမ်ပြန်ပြီးဈေးခြင်းထောင်းကိုထားကာ သူမသူနဲ့လိုက်လာခဲ့သည်။
bus ကားဆီးပြီး အဲ့ဒီမြို့ထဲက ကော်ဖီဆိုင်လေးကိုလာခဲ့သည်။
"မယုံဘူး"
"မျိုးသူရနဲ့အမပြန်တွဲနေပါပြီဆို...ကောင်းမြတ်အခုလိုလုပ်နေတာ ပိုခံစားရမယ်နော်...အမတကယ်တောင်းပန်ပါတယ် အဆက်အသွယ်မလုပ်ပါနဲ့တော့...မေ့လိုက်ပါတော့"
လာချပေးတဲ့ကော်ဖီခွက်လေးနှစ်ခွက်က အငွေ့တလူလူနဲ့ ဒီအတိုင်းလေး။နှစ်ယောက်လုံးမသောက်။
"ဒါဆိုရင်...ကျွန်တော့်ကိုတကယ်မချစ်တော့ဘူးလား"
"ကျွတ်...စိတ်ညစ်ပါတယ်...ဟုတ်တယ်အစကတည်းကမချစ်ခဲ့တာ"
သူမကိုသူသေချာကြည့်ပြီးမေးလိုက်သည်။သူမကလည်းသူ့ကို ပြန်ကြည့်ပြီးအသေအချာပြောလိုက်လေသည်။
"မဖြစ်နိုင်ဘူး"
"ဒုက္ခပဲနော်...ဒီမှာ...အမကောင်းမြတ်ကိုအားနာနေလို့ အခုပေါ်တင်ပဲပြောမယ်...ကိုမျိုးနဲ့စိတ်ဆိုးနေတုန်းခဏအပျော်တွဲခဲ့တာပဲ...အခုကိုမျိုးနဲ့ပြန်အဆင်ပြေသွားပြီဆိုတော့ သူနဲ့ဆက်တွဲတော့မယ်...လက်ထပ်ဖို့အထိလုပ်ထားပြီးပြီ၊စိတ်တော့မကောင်းမိပေမယ့် အမကိုတကယ်ချစ်မိသွားတယ်ဆို ခွင့်လွှတ်ပါလို့ပဲပြောချင်တယ်"
"ဒါပေမယ့် အဲ့လောက်တောင် ပြတ်သားနေတဲ့အမက ကျွန်တော့်ကိုရင်မဆိုင်နိုင်ပဲ အပြစ်လုပ်ထားတဲ့လူလို ခြေရာဖျောက်ပြီး ထွက်ပြေးသွားရတာလဲ...အဲ့ကတည်းကအခုလိုပေါ်တင်ပြောပါတော့လား"
ထိုအခါသူမပြောစရာစကားပျောက်လို့သွားသည်။
"အဲ့....အဲ့တာက"
"ဘာလဲ"
"အင်းး"
"ကျွန်တော့်ကိုသနားလို့လို့မပြောနဲ့နော်...အခုတော့လုံးဝမသနားတဲ့အတိုင်းပဲမို့"
သူမဘာမှဆက်မပြောတော့ပဲ ငြိမ်သာနေနေလိုက်သည်။ထိုအခါ သူကသူမရဲ့လက်ကိုကိုင်လိုက်ပြီး
"အမကျွန်တော့်ကို တကယ်ချစ်ခဲ့တာဆိုတာကိုပဲယုံချင်တယ်"
"အာ..တော်ပြီကွာ...မျက်နှာမမြင်ချင်တော့ဘူးအမ ရှေ့ကိုနောက်တစ်ခါထပ်ပေါ်မလာနဲ့တော့"
လက်ကိုဖယ်ပြီး သူမထသွားတဲ့အခါ သူလက်ကာပြီးတားလိုက်သည်။
"ဟုတ်ပါပြီဗျာ...ဒီနေ့နောက်ဆုံးပါပဲ....အိမ်တော့လိုက်ပို့ပေးပါရစေ"
သူမဘာမှမပြောတော့သူလိုက်လာခဲ့သည်။bus ကားနဲ့ပဲသူမရဲ့အိမ်ကို လာခဲ့သည်။အိမ်ရှေ့မှာ သူမရဲ့အမေက အဝတ်လှမ်းနေရင်း သူတို့ကိုတွေ့တော့
"ဪ.....တွေ့လာပြီပေါ့"
"ဟုတ်အန်တီ"
"လာ..လေ..အထဲကို"
"ရပါတယ်အန်တီ..တွေ့ပြီးပြီမို့....ပြန်လိုက်ပါဦးမယ်"
"အေးအေး"
သူထွက်သွားတော့သူ့နောက်ကျောကိုတစ်ချက်လှည့်ကြည့်ပီးငေးနေမိသည်။
___________________
ည.....
ကျော်ကျော်တစ်ယောက်တော့ မြို့ထဲကိုသွားပြီး ဇယားရှာနေပြန်ပြီလားမသိလို့ ကောင်းမြတ်တွေးရင်း ဟိုတယ်ကတီဗီကို ပိတ်လိုက်သည်။
မနက်ဖြန်တစ်ညလောက်တော့နေလို့ရသေးသည်။ကျောင်းပိတ်ရက်ဖြစ်နေသေးသည့်အတွက်။
"ကော်ဖီလေးဘာလေးသောက်မယ်ကွာ"
ဆိုပြီးသူ ဟိုတယ်ကနေအပြင်ကိုထွက်လာခဲ့သည်။
'ကြိုးစားရမှာပေါ့ကွာ ဒီတစ်ပတ်မရလည်းနောက်တစ်ပတ် နောက်တစ်ပတ်မရလည်း လာမယ့်အပတ်တွေ အပတ်တိုင်းလာရမှာပေါ့'
ထို့နောက်လမ်းကြိုလမ်းကြားလေးထဲက လက်ဖက်ရည်ဆိုင်လေးကိုလာခဲ့သည်။
_________________
အဲ့ဒီညမှာပဲ ဆုရီနဲ့မျိုးသူရတို့နောက်ဆုံးအကြိမ်တွေ့ဖို့ချိန်းထားကြသည်။နေရာကတော့ ပန်းခြံထဲမှာပဲ။
လူပြတ်တဲ့နေရာလေးမှာ ကားကိုရပ်ထားသည်။ကားပေါ်မှာသူတို့နှစ်ယောက် စကားပြောနေကြလေသည်။
"ဘယ်လိုလဲ"
"စိတ်ချ သူနဲ့အဆက်အသွယ်လုံးဝဖြတ်ထားပြီ"
"ဟားးးဟားးး...ငါလည်းကတိတည်မှာပါ"
"မတည်ရင်ရှင်လည်းမလွယ်ပါဘူး ကျွန်မအကြောင်းသိရမယ်"
"အမလေး ကြောက်လိုက်တာ"
ထို့နောက်မျိူးသူရဆုရီကို တစ်ချက်လှည့်ကြည့်လိုက်ပြီး သူမရဲ့ပေါင်ကို လက်ကရောက်သွားသည်။
သူမကဖယ်ထုတ်လိုက်ပြီး
"ဘာလုပ်တာလဲ...ဒီမှာဘာမှမပတ်သက်တော့ဘူးနော်"
"သိပါတယ် ဒါပေမယ့်ကိုယ်မင်းနဲ့ နောက်ဆုံးတစ်ချိန်လောက် hate fuck လေးဖြစ်ဖြစ်လုပ်ချင်သေးတယ်"
Advertisement
"ဘာ"
သူမတကယ်ကိုဒေါသထွက်လို့သွားလေသည်။
"မင်းကိုတကယ်နှမြောမိတယ်သိလား"
"သူတောင်းစား လွှတ်နော်"
သူမပုခုံးနှစ်ဖက်ကိုကိုင်ပြီးဆွဲလှည့်နေလို့ သူမအတင်းရုန်းနေလေသည်။
"လုပ်ပါကွာ မင်းရဲ့ဖင်ကြီးကိုလေကိုယ်"
"ဖောင်း"
"အ"
သူမရဲ့ဖိနပ်ကိုချွတ်ပြီး ပါးကိုဖြတ်ရိုက်လိုက်လေသည်။
ကားထဲကထွက်ကာသူမထွက်ပြေးလာခဲ့လေသည်။တစ်ဆက်တည်းမှာပဲ သူမလက်ထဲမှာ ကောင်းမြတ်ရဲ့ဖုန်းနံပါတ်ကိုရိုက်လေသည်။
သူမသေချာမမှတ်မိတော့တဲ့အတွက်ပြန်စဉ်းစားနေရသေးသည်။
"ဆု သတိထားဦး...လဲမယ်"
လို့ပြောရင်း ကားပေါ်ကမျိုးသူရဆင်းလာသည်။
"ဪခက်နေပြီ"
နောက်ဆုံးမသူမမှတ်မိသွားပြီး ဖုန်းဆက်လိုက်လေသည်။
"တီ...တီ"
_______________
လာချတဲ့ကော်ဖီခွက်လေးကိုသောက်မလို့ရှိသေး ဖုန်းဝင်လာတော့
"ဟယ်လို ဘယ်သူလဲဗျ"
"အမ...အမပါ ကောင်းမြတ်အမကိုကယ်ပါဦး"
"ဘာဖြစ်လို့လဲ...အခုဘယ်မှာလဲအမ"
"ပန်းခြံထဲမှာ ၁၃ လမ်းထိပ်ကပန်းခြံထဲမှာ မျိုးသူရ"
"..."
"အမ...အမ"
ထို့နောက်ဖုန်းကျသွားသည်။
ထိုအခါ ပိုက်ဆံထားခဲ့ပြီး အမြန်ထွက်သွားပြီး လမ်းထိပ်ရောက်တော့ တက္ကစီကစောင့်နေရတယ ကြာလို့ ရပ်ထားတဲ့ ဆိုင်ကယ်ကယ်ရီကိုငှားလိုက်လေသည်။
____________________
ဖုန်းလက်ထဲကလွတ်ကျသွားလောက်အောင် လူကမူးတက်လာသည်။မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံးချာချာလည်သွားပြီး ပစ်လဲသွားတော့သည်။
ခုနကအမှတ်မထင်ပဲ သောက်လိုက်မိတဲ့ မျိုးသူရတိုက်တဲ့ကော်ဖီကြောင့်သာဖြစ်မည်။
"ကျွန်တော့်ကောင်မလေးပါဗျ...မူးနေတာ"
"အိမ်ပို့ပေးလိုက်လေ"
"ဟုတ်ဟုတ်"
ဆုရီကိုမချီပြီးကားပေါ်တင် ကာဟိုတယ်တစ်ခုဆီကို သူမောင်းလာခဲ့တော့သည်။
လမ်းမှာအမှတ်မထင် ဆိုင်ကယ်ကိုကိုယ်တိုင်မောင်းလာတဲ့ ကောင်းမြတ်က မျိူးသူရရဲ့ကားကိုသွားတွေ့လေသည်။ဆိုင်ကယ်ကိုချက်ချင်းပြန်ကွေ့လိုက်ပြီး...
"ဟာ...ညီလေးပန်းခြံဆို"
"အဲ့ကားနောက်ကိုလိုက်မှာ"
"ဟ"
"ခင်ဗျားကိုကျွန်တော်ကျသလောက်ပေးမယ်ဗျာ"
"အေးပါ...ဖြည်းဖြည်းလည်းမောင်းဦး"
"ဝူးးးး"
"အမလေး"
မီးပွိုင့်မိသွားတဲ့အခါ ရှေ့နားကိုမတိုးသွားသေးပဲ ကားနှစ်စီးသုံးစီးလောက်အကွယ်မှာ သူရပ်ထားသည်။အနားသွားရင်လည်းမောင်းပြေးမှာပဲဆိုတော့ ကားရပ်သွားမှပဲ သူဆင်းကာထိုးမည်ဟု ကြံထားသည်။
"ညီလေးအဲ့ကားလား"
"ဟုတ်တယ်...အဲ့ထဲမှာကျွန်တော့်ကောင်မလေးပါတယ်"
"ဪ"
မီးပွိုင့်လွှတ်တာနဲ့ သူလည်းနောက်ကထပ်ချပ်မကွာ မသိမသာလိုက်လာခဲ့လေသည်။
လမ်းတွေအကွေ့တွေ အများကြီးမောင်းလာအပြီးမှာ လမ်းကြားလေးထဲဝင်သွားသည်။ကောင်းမြတ်လည်းတစ်လှိမ့်ချင်းလှိမ့်ကာဖြည်းဖြည်းချင်းဝင်လာခဲ့သည်။
ကားရပ်သွားတဲ့နေရာက ဟိုတယ်အသေးလေးတစ်ခု။
"ရော့ အစ်ကို"
"အဆင်ပြေပါစေကွာ"
"ဟုတ်"
ထို့နောက် မျိူးသူရ ဝင်သွားတဲ့ ဟိုတယ်ထဲကို လိုက်မဝင်ခင် ကျော့်ကျော့်ကိုဖုန်းဆက်လိုက်သည်။
______________
"ဟာ....လက်စက မမှန်ဘူးဖြစ်နေတာ"
ဘိလိယက် ထိုးနေတုန်း ဖုန်းဝင်လာတော့ ကိုင်လိုက်သည်။
"အေး ပြော"
"ဟျောင်...မင်းအခုဘယ်မှာလဲ"
"ဟေ...ဘိလိယက်ထိုးနေတာ"
"..................."
အကျိူးအကြောင်းပြောပြလိုက်တော့
"အေးငါအခုလာခဲ့မယ်"
သူထိုးလက်စပွဲကိုပစ်ထားခဲ့ပြီးကောင်းမြတ် ပြောတဲ့နေရာကို သွားရန်ထွက်လာခဲ့လေသည်။
_________________
ဆုရီ ခေါင်းမူးနေတော့လမ်းကောင်းကောင်းမလျှောက်နိုင်ပေ။reception ကိုရောက်တော့ မျိုးသူရက
"နှစ်ယောက်ခန်းပြောထားတယ်နော်"
"ဟုတ်ဆရာ"
"သော့ပေး"
"ဟုတ်"
ဟိုတယ်ကဝန်ထမ်းကောင်လေးကသေချာကြည့်နေတော့
"ငါ့ချစ်သူပါကွာမင်းကလည်း နည်းနည်းမူးနေလို့"
"ဪဟုတ် ဟီးးးကိုကြီးမလာတာတောင်ကြာလို့ပါ လာမယ့်လာတော့လည်း ကောင်မလေးနဲ့ဆိုတော့"
"အေး...ထားပါ လောလောဆယ်သော့မြန်မြန်"
"ဟုတ်"
ထို့နောက် သူမကိုတွဲရင်းနဲ့ပဲအပေါ်ကိုတက်သွားသည်။
အခန်းထဲကိုရောက်တဲ့အခါ မွေ့ယာဖြူဖြူကြီးအပေါ်ကို ပစ်ချလိုက်လေသည်။
"ဘုတ်"
"အင့်"
တစ်ဆက်တည်းတံခါးကိုလော့သွားချလိုက်ပြီး ရေချိုးခန်းထဲကို ဝင်သွားလေသည်။
ဆုရီနိုးလာတော့ခေါင်းတွေကမူးနေတုန်းပဲ ထို့အပြင်က ကိုယ်လက်တွေကမလှုပ်ချင်လောက်အောင်ကို လေးလံလို့နေသည်။စိတ်ကထချင်ရင်တောင်လူကမထနိုင်။
မျက်လုံးကိုအားယူပြီးဖွင့်ကြည့်တော့ သူမဟိုတယ်ခန်းထဲကို ရောက်နေတာကိုသတိထားမိလေသည်။အေးစိမ့်လို့နေသည်။
ကြောက်စိတ်တွေကြောင့် မျက်ရည်တို့ ပါးထက်မှာစီးကျလာသည်။
__________________
အောက်မှာတော့ ကောင်းမြတ်တစ်ယောက် ဝင်လာလေပြီ။
"ကိုမျိုးသူရ ဘယ်မှာလဲမသိဘူး"
"ဪ အသိလား"
"ဟုတ် ကျွန်တော်တွေ့လိုက်လို့"
"ခဏနော် ကျွန်တော်ဖုန်းဆက်ပေးမယ်"
ထိုအခါသူလည်းဘာမှမတတ်နိုင်ပဲ စောင့်နေရသည်။
"ဖုန်းမကိုင်ဘူးဗျ"
ရေချိုးခန်းထဲဝင်သွားတဲ့ မျိုးသူရ ဖုန်းမကိုင်နိုင်။
ထို့ကြောင့် ကောင်းမြတ်က
"အခန်းနံပါတ် ပဲပြောလိုက်လေ ကျွန်တော်ခဏတွေ့ရုံပါ သူမိတ်ဆွေအရင်းကြီးပါဗျာ မဟုတ်တာလုပ်မယ့်သူမဟုတ်ပါဘူး"
ထိုအခါ ကောင်လေးလည်း အခန်းနံပါတ်သာပြောပြလိုက်တော့သည်။
"ဒေါက်...ဒေါက်"
"ဟင်"
တံခါးခေါက်သံကို ဆုရီကြားသလို မျိုးသူရလည်းကြားလိုက်တဲ့အတွက်
"ခဏလေးလာပြီ"
ရေချိုးခန်းထဲက တဘက်ပတ်ပြီးထွက်လာသည်။
"ဘယ်သူလဲ"
"ကျွန်တော် မီးခလုတ်လာပြင်တာပါ"
"ဪအေး"
"ကျွီ"
"ခွပ်"
"အ"
"ဟာ...မင်းဘယ်လိုလုပ်...အာ..."
"ခွပ်"
သူ့ကိုပြန်ထိုးလိုက်သည်။မျိုးသူရရဲ့ ဗိုက်ကိုပြေးဖက်ပြီး လှဲချလိုက်သည်။
"ခွပ်...ဂုတ်"
အပေါ်စီးကနေထိုးသည်။သို့ပေမယ့် မျိုးသူရကအောက်ကနေပြန် ပြီးလည်ပင်းကိုညှစ်ထားသည်။
"အ.."
ကောင်းမြတ်အသက်ရှုကျပ်လာပြီး မျက်နှာကြီးပြာတက်လာသည်။
"သေစမ်း...မင်းသေမှအေးမှာ"
"အု...အု"
သူ့ရဲ့လက်ကတော့ဘေးနာကပန်းအိုးဆီကိုလှမ်းနေသည်။အထဲကဖြည့်ထားတဲ့ ကျောက်ခဲကိုယူလိုက်ပြီး အောက်က မျိုးသူရရဲ့ ခေါင်းကိုရိုက်ချလိုက်သည်။
"ဂုတ်"
"အ"
"အားးး...ဟူးးး...ဟဲ....ဟူးးးဟဲ"
ထို့နောက် အသက်ကိုအလုအယက်ရှုနေရတဲ့ ကောင်းမြတ်တစ်ယောက် ကြမ်းပြင်မှာမှောက်နေတုန်း မျိူးသူရသူ့ လက်ဆွဲအိတ်ထဲက ဓားကိုသွားထုတ်နေသည်။
တစ်ချိန်တည်းမှာ ပဲ ဆုရီကထလာပြီး ကောင်းမြတ်ဆီက သွားနေသည်။
"မင်းကိုအပြတ်ရှင်းပေးမယ်"
"မလုပ်နဲ့"
ဆုရီကောင်းမြတ်ကို ဖက်ထားသည်။ မျိုးသူရကိုကျော်ပေးပြီး ဖက်ထားသည်။
"ဖယ်စမ်း"
လက်နဲ့ဆွဲဖယ်သော်လည်း သူမရှိသမျှအားအကုန်သုံးပြီး ကောင်းမြတ်ကိုဖက်ထားသည်။
ကောင်းမြတ်ကတော့ အသက်ရှုကျပ်ပြီး သတိလစ်ချင်သလိုဖြစ်နေပြီ။
"မဖယ်ဘူး...လုံးဝမဖယ်ဘူး ရှင်သူ့ကိုသတ်ရင် ရှင့်ကိုလည်း ဒီနေရာမှာတင် ပြန်သတ်မှာ"
"ဪ....အဲ့လောက်တောင်ပဲလား"
"တိန်...တိန်"
ဓားကိုသူလွှတ်ချလိုက်လေသည်။
"ဟားးဟားးကောင်းပြီ...ကြိုက်ပြီမင်းကိုအဲ့လောက်ထိလို့မထင်ထားဘူး...အိုကေမင်းကိုငါလွှတ်ပေးလိုက်မယ်....ဒါပေမယ့်ပေးထားတဲ့ကတိတော့တည်ပါစေကွာ"
ထို့နောက် မျိူးသူရ ဖင်ပြောင်ကြီးဖြစ်နေရာမှအဝတ်အစားတွေသွားပြန်ဝတ်လိုက်လေသည်။
"အသဲကွဲတာလေးမြင်ရမှာပေါ့"
သူမမျက်နှာရှေ့တည့်တည့်ကို ကုန်းပြီး သွားကြည့်ကာပြောလိုက်ခြင်းဖြစ်လေသည်။
ထိုစဉ်......
"ဒုန်းးး"
တံခါးကဖွင့်ထွက်လာပြီး
"ဖောင်း"
ခနဲဆို ဘေ့စ်ဘောတုတ်နဲ့ ကျော်ကျော်မျိုးသူရကိုရိုက်ချ ပစ်လိုက်သည်။
"အ...အားးး"
ကြမ်းပြင်မှာ ငြီးတွားနေတုန်း အနားကိုကပ်သွားပြီး
"ဒီမှာ မင်းနောက်တစ်ခါ ငါသူ့ငယ်ချင်းကိုထိရင် မင်းတစ်ဆွေတစ်မျိုးလုံးကို ငါပြန်ထိပြမယ်...
မနက်ဖြန်မင်းတစ်မျိုးလုံးရဲ့လိပ်စာတွေငါပို့လိုက်မယ်...မင်းအမေ မင်းညီ...မင်းဦးလေး...အကုန်ငါသိတယ်"
"အ...အ"
"ထွီ"
ထို့နောက် ဒီဘက်လှည့်လာပြီး
"အမ အဆင်ပြေရဲ့လား"
"ဟုတ်"
"ဟျောင် ရလား"
"အေး...တစ်ချက်လောက်"
ထို့နောက်သူဆွဲထူလိုက်သည်။သုံးယောက်သား ကြမ်းပြင်မှာမှောက်နေတဲ့ မျိုးသူရကိုကြည့်နေလိုက်သည်။
"ဘာဖြစ်သွားသေးလဲ...အမ"
"အင့်ဟင့်...ဟင့်"
သူမကောင်းမြတ်ကိုဖက်ပြီး ငိုလေတော့သည်။
________________________
အခြေအနေတွေမဆိုးခင် သူမကိုသူကယ်လိုက်နိုင်ပါသည်။မျိုးသူရလည်း rape attempt နဲ့တရားစွဲခံရပြီး ထောင်ကျသွားခဲ့သည်။
အဖြစ်မှန်တွေ အကုန်လုံးကိုလည်းသူသိရပြီမို့ ကျေနပ်တယ်ဆိုပေမယ့် သူမကိုသူ ဟိုကောင့်လက်ထဲက ကယ်လိုက်နိုင်တာက သူ့ကိုပိုစိတ်ကျေနပ်စေမိသည်။
သူတို့ကျောင်းဖွင့်ရက်ရောက်ပြီမို့ ထိုမြို့လေးကနေ ထွက်ခွာလာခဲ့ပါတော့သည်။
သွားဖို့ဆုံးဖြတ်ထားပေမယ့် နောက်အပတ်တွေမှာ ကောင်းမြတ်မသွားဖြစ်တော့ပါ။
"တော်သေးတာပေါ့ကွာ"
"မင်း တုတ်ကြီးဘယ်ကရလာတာလဲ"
"ဟားးဟားးးအဲ့ဘိလိယက်ဆိုင်က အလှချိတ်ထားတဲ့ဟာ ဆွဲလာတာ"
"ဟားးးရိုက်လို့ကောင်းလား"
"အာ...အားရချက်ပဲ...ဖောင်းခနဲဆိုကျွေးတာ"
"ဟားးးဟားးး"
"ဟားးဟား"
ကားပေါ်မှာစကားတွေပြောရင်း ကစားပွဲအနိုင်ရတဲ့သူတစ်ယောက် အိမ်ပြန်လာရသလိုမျိုး သူခံစားနေရသည်။
________________________
ကျောင်းဆင်းတော့....
"ငါးကောင် မနက်ဖြန်ငါလာခဲ့မယ်နော်"
"ဘာလာလုပ်မှာလဲ"
"ဂိမ်းဆော့မယ်လေ"
"အေးလာခဲ့ကွာ"
ဒီနေ့တော့ bus ကားစီးပြီးပြန်လာလို့ လမ်းထိပ်ကနေ လမ်းလျှောက်လို့လာသည်။ပုံမှန်ဆိုရင်တော့ အမဆုရီစက်ဘီးလေးနဲ့ ဒီနေရာဒီလိုအချိန်မှာတွေ့နေကြ။
အခုတော့သူမကိုမတွေ့ရပဲ တစ်ခြားလူတွေကိုသာ လမ်းထဲမှာတွေ့ရလေသည်။
အရင်တုန်းကအကြောင်းတွေပြန်စဉ်းစားရင်း ကြည်နူးမိပြီး လျှောက်လာခဲ့တာ တိုက်ခန်းကိုတောင်ရောက်မှန်းမသိ ရောက်လာခဲ့သည်။
"ဟူးးး...တက်ရဦးမယ်ကွာ"
ထောင်မတ်ရှည်လျားတဲ့တိုက်ခန်းကို ကောင်းမြတ်တစ်ယောက် ခြေထောက်ညောင်းအောင်တက်လာရင်း
"နောက်ဆုံးတစ်ထပ်ပဲ...တက်ထားး"
သူ့အခန်းရှေ့ရောက်တဲ့အခါ
"ဟာ"
သူအမောပြေလို့သွားသည်။မျက်နှာမှာလည်း အပြုံးပန်းတွေဝေလို့သွားသည်။
နောက်ဆုံးတော့ သူ့ဆီကိုပြန်လာခဲ့ပြီပေါ့။
သူမရဲ့မျက်နာလေးကို မှင်သက်ငေးမောမိနေရင်းက သူမကစကားစပြောလေသည်။
"ကျောင်းကပြန်လာပြီလား ကောင်းမြတ်"
"အမ"
ဆုရီကို ကောင်းမြတ် ပြေးဖက်လိုက်သည်။တဝကြီးကိုဖက်ထားလိုက်ပါတော့သည်။
________________________
story end ပါပြီ။ ☺️
စိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။❤️❤️❤️
နောက်ထပ် အပိုင်းတွေတော့ ထန်လာမှပဲဆက်ရေးပါတော့မယ်။
ဖတ်ပေးတဲ့သူတွေ vote ပေးတဲ့သူတွေအကုန်လုံး
ကျေးဇူးတင်ပါတယ်။😁😁😁
Advertisement
- In Serial19 Chapters
Mate for life
Life as an omega is hard for Peter Parker, with having to take birth control and supplements to hide most of his pheromones so that alphas don't attack him. He also has to deal with going to college, finding a job, saving for a car, and on top of all that he's a super hero. Thanks to getting bit by a radioactive spider, he has made it his duty to protect the city of New York. But when new opportunities come his way, will he embrace them, or run away?
8 87 - In Serial32 Chapters
Levi's Titan (Attack On Titan Fanfic)
What happens when the scouts run into a titan that has extra odd behaviour? And what happens when this very same odd titan starts listening to the orders of their corporal? Who is this titan? Why is she obedient to Levi of all people?
8 265 - In Serial56 Chapters
Destroying a Monster (Xavier)
When Aubrey moved to a small town, no one warned her about him. She didn't know that he was dangerous. She wasn't told the small town stories. So when she runs into Xavier one day she has no idea who she is dealing with. Xavier is the leader of a motorcycle club that has terrified his small town since his parents were killed. He is ruthless and has made a point to shut off all emotions. Aubrey refuses to believe anyone is that bad. She refuses to fear him and in doing so, puts herself in a dangerous position. Now it is up to Xavier to decide weather to leave her to take care of her self or give in and go against his nature to be the hero.Thank you @honey_sprinkles for the cover!! Heavy editing on seconds half of story!!!!!
8 535 - In Serial29 Chapters
The Trial She Faces
Evie's life is turned upside down and she must leave behind her pack, her family and, the only home that she has ever known after being brutally rejected by her mate. Scared of the world and irreversibly broken she will build up her strength with the help of a mysterious warrior living alone in the woods. Will she be able to survive her pain? Will she be able to move on from the past? Follow Evie's story of love, loss, and everything else.
8 223 - In Serial43 Chapters
Land of the Destined
In a land where everything is structured on destiny and fate, a single destiny may cause its bane.The Larkspear kingdom was a region of prosperity, magic, and destiny. People were peaceful and happy despite the lore and the truth of the Larkspear rule and its foretold downfall. But things changed after the birth of Prince Jayden Larkspear.The entire empire went silent as people waited for the king to announce the child's name and his fate. But all they got was a name and nothing else.The very next day, a decree was passed making the use of magic in public illegal. People who used magic in any corner of the territory were killed on sight. In fear, many people fled the region, and it took years for the nation to get peace once more.For almost sixteen years, the prince never appeared in public, and speculations began to grow that the prince didn't actually exist. To finally dispel these rumours, the prince finally makes his first appearance, and his life starts to change rapidly.On another end of the social ladder stood Elizah Cohen. She was a girl with just as many rumours as the prince himself. She has been shunned by those around her and has begun to lose hope for change. The only hope she had carried for so long was also starting to get snuffed out until her life began to change.A sudden meeting and an unexpected friendship interplay to form a combination of dastardly results and destruction that has barely begun.Can they figure out what destiny has in store for them before eternal chaos unfolds itself?
8 172 - In Serial13 Chapters
If i had emotions, would the world seem more beautiful?
Kanjouu Yuusuke, a freshman at Kizugaoka High School is often referred to as the 'live-dead student', completely devoid of emotions. But one day, he decided to start a club of his own due to his teacher's casual suggestion all in hope of being able to regain the emotions he once lost before. Will his encounters with the students of the school be able to rehabilitate his current self? Only time will tell.
8 87

