《အတ္တလွန်အချစ် (OC) Completed》Part (1) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(1)
"အား..... စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
"ဟဲ့ ဟဲ့ ဘာဖြစ်လာတာလဲ ပုံစံကိုလည်းကြည့်ပါဦး ရစရာကိုမရှိဘူး"
ဖုန်းတစ်လုံးကိုင်၍ တစ်ယောက်တည်းပေါက်ကွဲနေသောမိန်းကလေးအား အိပ်ခန်းထဲမှထွက်လာသော အခြားမိန်းကလေးတစ်ဦးမှမေးလိုက်ခြင်းဖြစ်သည်။
"အဲ့တာတရားသလား နဒီရဲ့"
အိပ်ခန်းထဲမှထွက်လာသည့်နဒီဆိုသောမိန်းကလေးဘက်သို့လှည့်ကာ မျက်နှာငယ်လေးနှင့်ဆိုသည်။
"ဟင် ဘာကိုလဲ"
"ဒီမှာကြည့် အဲ့တာကိုသေချာကြည့်"
သူမ၏လက်ထဲမှဖုန်းကိုထောင်ပြလိုက်ရာ
နဒီလည်း သေချာယူကြည့်လိုက်ပြီး
"ဟယ်...... ငါ ပါတယ် ငါအင်တာဗျူးအောင်တယ်တော့ ဟိဟိ"
နဒီဟာ ရုတ်တရက်ထအော်ပြီးခုန်လိုက်တော့ သူမက မျက်မှောင်ကုပ်၍မော့ကြည့်သည်။
"နင်က ဘာလို့ပျော်နေတာလဲ ငါငိုလိုက်မှာနော် ငါမှမပါတာ"
"အယ်....ဟုတ်သားပဲ ဆောရီး ဆောရီး သူငယ်ချင်းလေး "
နဒီက သူမထိုင်နေသော ဧည့်ခန်းထဲမှနှစ်ယောက်ထိုင်သစ်သားခုံပေါ်သို့အတူထိုင်ကာ သူမကိုနှစ်သိမ့်ပွေ့ဖက်လိုက်သည်။
"စိတ်မညစ်ပါနဲ့ နောက်တစ်ခုထပ်ဖြေမှာပေါ့"
"ဟင့်... ဟင့်...ဟီး... ငါဖြေနေတာ အခု၂၀မကတော့ဘူး ဘာလို့ ငါ့ကိုမရွေးတာလဲ ဟင့် .. "
နှစ်သိမ့်ပေးလိုက်ရာမှပိုလို့ဝမ်းနည်းလာသောသူမသည်သူငယ်ချင်းနဒီရဲ့ပုခုံးပေါ်မှာငိုချမိလေသည်။
" အဟင့်...အမေကလည်း ကောင်းကင်ကနေဒီတိုင်းကြည့်နေတော့မှာလား အဟင့်....."
လွန်ခဲ့သော၃နှစ်မှဘဝတစ်ပါးသို့ကူးပြောင်းသွားသောအမေဖြစ်ကိုတမ်းတကာငိုကြွေးလေတော့ သူငယ်ချင်းနဒီက သူ့ပုခုံးပေါ်ကသူမကိုငုံ့ကြည့်ပြီး
"အသံပြဲကြီးနဲ့ ဘာလို့ ပိတ်အော်နေတာလဲ စောစောစီးစီး ဘေးအိမ်တွေခဲနဲထုလိမ့်မယ်"
ငယ်ငယ်ကတည်း သူငယ်ချင်းနဒီ့အိမ်မှာသာကြီးပျင်းခဲ့ရသူဖြစ်သည်။
အဖေနဲ့အမေကို တစ်နှစ်လျှင်တစ်ကြိမ်တောင်မှန်မှန်တွေ့ရသူမဟုတ်သောကြောင့်
မိမိမှာ ကိုယ့်အားကိုယ်ကိုးမည်ဟု ဆုံးဖြတ်ထား၍ အဝေးသင်နှင့်ဘွဲ့ရကာ အချိန်ပိုင်းအလုပ်လုပ်ရင်း အချိန်ပြည့်အလုပ်ရှာနေသောမိန်းကလေးတစ်ဦးပင်ဖြစ်သည်။
ကုမ္ပဏီတွေ ကျောင်းတွေ အစရှိသဖြင့် အလုပ်ခေါ်စာတွေ့တဲ့နေရာမှန်သမျှလိုက်လျှောက်ခဲ့ပါသော်ငြားလည်း အလုပ်ပေါင်း၂၀မျှပင်ရှိလေပြီ တစ်ခုမှအင်တာဗျူးမအောင်ခဲ့လေရာ နောက်ဆုံးတစ်ခုတွင်တောင် အတူတူလျှောက်လွှာတင်ခဲ့ကြသောသူငယ်ချင်းမှ ပါသွားပါလျှက် သူမဟာကျန်ခဲ့ပြန်သည်။
"မွန်း လာ ဒီမှာ ထမင်းကြော်လာစား ငါ ထည့်ပေးထားတယ်"
နဒီက မီးဖိုခန်းမှလှမ်းခေါ်ပါသော်လည်း မွန်းဆိုသည့်သူမဘက်ကတော့အကြောင်းလည်းမပြန်လူလည်းပေါ်မလာသဖြင့်
"မွန်းရေ လာပါဟာ လာစားစမ်းပါ အဲ့လိုကြီးထိုင်မနေနဲ့"
ဧည့်ခန်းထဲမှပြတင်းပေါက်အနားတွင်မှိုင်မှိုင်ကြီးထိုင်နေသော သူမကို နဒီမှထပ်မံခေါ်လိုက်သည့်အခါမှ
"ငါမကျေနပ်ဘူးဟာ တခြားအလုပ်ထပ်ရှာမယ်"
"မွန်း ဒီိကိုလာပါဆိုနေ"
နဒီအတင်းခေါ်နေတာမို့ ထမင်းစားစားပွဲဆီသို့သူမထိုင်နေသောနေရာမှထ၍လာခဲ့သည်။
"ဟင် နေပါဦးနင်က အဲ့တာ ဘယ်သွားမလို့လဲ"
သူငယ်ချင်းနဒီဟာ အဖြူရောင်ဘလောက်စ်လေးနှင့်စကပ်ဒူးဖုံးကလေးကိုဝတ်ထားပြီး ဆံပင်တိုတိုကလေးကိုသပ်ရပ်စွာဖြီးထားလေရာ
"ငါကဘယ်သွားရမှာလဲ အလုပ်ကိုပေါ့ဟ"
"ဟွန့် ငါလည်း အဲ့လိုယူနီဖောင်းလေးတွေ၀တ်ချင်တာပေါ့လို့ "
"ငါ လည်းအလုပ်ထဲမှာ ပြောကြည့်ပါ့မယ်ဟာ နင်၀င်လို့ရမယ့်အလုပ်နေရာများရှိမလားလို့
ဟင်း... နင်ကလည်း နောက်တိုးခေါ်မယ့်ဟာရှိပါသေးတယ်"
"ဟင်"
နဒီ့စကားကြောင့်သူမဟာ ထမင်းကြော်ပန်းကန်ကြီးကိုငေးငိုင်ကြည့်နေရာမှ မျက်လုံးကလေးဝိုင်းသွားကာ မျှော်လင့်ချက်ရောင်များသမ်းသွားသည်။
"အေးလေ မသိဘူးလား "
"အေး "
"ဟော်တော် ဒီမှာကြည့် နောက်တိုး၃ယောက်ခေါ်မှာတဲ့ နင်ပါရင်ပါမှာပေါ့"
နဒီဟာသူမ၏ဖုန်းကိုဖွင့်ပြပြီးစာကိုသေချာမဖတ်သည့်သူငယ်ချင်းကိုပြလေသည်။
"ဟာ ဟုတ်သားပဲ အဲ့တာဆိုရင်တော့ ငါ ဆုတောင်းရင်း စောင့်တော့မယ် "
"အေး ဆုတောင်းထားမေမီမွန်းရေ ငါသွားတော့မယ်"
"အေးအေး ကောင်းကောင်းသွားနော် "
မေမီမွန်းဆိုတဲ့မိန်းကလေးဟာမဟုတ်မခံစိတ်ကလေးရှိသလိုကြိုးစားလိုစိတ်လည်းရှိသည်။
ကျောအလယ်အထိရှိနေသောလှိုင်းပါသည့်ဆံပင်ရှည်တွေဟာ ပင်ကိုအနီရောင် ဖြစ်နေသည်က အမေပေးတဲ့အမွေတစ်ခုပေါ့။
မျက်လုံးလေးမှာခပ်စိမ်းစိမ်းဖြစ်ပြီး
နှာခေါင်းချွန်ချွန်ကလေးနဲ့ နှုတ်ခမ်းပါးလေးကိုပိုင်ဆိုင်ထားသည့်သူမဟာ ဗမာရုပ်နဲ့မတူပေ။
============================
"ပြီးပြီလား "
"ဟုတ်ကဲ့ သခင်လေး ကျွန်တော်တို့ ပို့ခဲ့ပါပြီ "
"သူတို့ဘက်က ဘာပြန်ပြောလဲ "
"အမှုန့်ထပ်လိုမယ်တဲ့ ဖြစ်နိုင်ရင် ဒီနေ့ညဖြစ်ဖြစ် သခင်လေးနဲ့တွေ့ချင်တယ်လို့မှာလိုက်ပါတယ် "
ကြီးကျယ်လွန်းလှသည်ဒီအိမ်ကြီးဟာအဖြူနဲ့အမဲသာဖြစ်ပြီး အလယ်တည့်တည့်ဧည့်ခန်းရဲ့ ဆိုဖာအနက်ရောင်ကြီးသည် ထိုင်နေသည့်လူစပျောက်လုနီးနီးကြီးမားလှပြီး ထိုကတ္တီပါဆိုဖာကြီးမှာ စမတ်ကျကျ ခြေချိတ်ထိုင်နေသည့် သူက နှုတ်ခမ်း၀က စီးကရက်ကိုလက်နှစ်ချောင်းကြားသို့ ကူးပြောင်းယူလိုက်ပြီး နှာခေါင်းမှ အဖြူရောင်အငွေ့များရှိုက်ထုတ်လိုက်ချိန်.....
"ဟက် "
ဆိုသည့်ခနဲ့တဲ့တဲ့သူ့ရီသံက မျက်နှာကျက်တွင်ကပ်နေသည့်မီးဆိုင်းတွင်တောင် တုန်ခါသွားသလိုဖြစ်သွားတာမျိုး။
မှုန်ဝါးဝါးစီးကရက်ငွေ့များကြောင့် သူ့မျက်နှာကို မမြင်ရပေမဲ့သေချာတာက အတော်မာထန်နေလောက်ပြီ ။
"အလုပ်တစ်ခုကိုမင်းတို့လွှဲရင် ငါ၀င်မပါရစေနဲ့လို့ပြောမထားဘူးလား "
သူ့လက်ထဲက မီးရဲရဲနဲ့စီးကရက်ကိုတောင် မကြည့်ရဲတော့တဲ့ တပည့်တွေဟာ ခေါင်းနဲ့ဒူးနဲ့တိုက်အောင်ငုံ့ထားလျှက်ရှိကြသည်။
"မင်းကိုလတ်မို့ သွားတွေ့မယ် ဒီနေ့အဲ့ဒီကိစ္စမှာပါတဲ့ကောင်တွေအကုန် ဒီဂိုဏ်းထဲကထွက် "
သူ့စကားတစ်ခွန်းဆို တစ်ခွန်းထပ်ပြီးအတွန့်မတက်ရဲပဲ အလုပ်လည်းမထွက်ချင်သောကြောင့် သူ့ရှေ့မှာငြိမ်နေလျှက်ရှိကြလေရာ
"သွားလေ ဘာလုပ်နေတာလဲ"
သူ၏နောက်စကားတစ်ခွန်းမှာ ထိုလူတွေအားလုံးဟာခပ်ကုပ်ကုပ်ပင်အိမ်ကြီးထဲမှထွက်သွားကြလေသည်။
လက်ထဲကစီးကရက်ကို ဖန်ပြာခွက်ထဲတွင် ထိုးမွှေမီးသတ်၍
"အလင်းကို အပေါ်လွှတ်လိုက် "
တစ်ခွန်းသာ ပြောပြီး ခပ်ဖွဖွခြေလှမ်းဖြင့် ၂ထပ်ရှိသောအိမ် အပေါ်ထပ်သို့တက်သွား၏ ။
ကျွန်းတံခါးကြီးဟာ သူ့အရပ်ခြောက်ပေထက် အလုံအလောက်ကျော်လွန်ကြီးမားလှသည် ။
ထိုတံခါးကြီးပွင့်သွားသည့်နောက်၌
လှပသေသပ်သည့်မီးဆိုင်းကြီးရဲ့အောက်တည့်တည့်က အိစက်ညက်ညောကြီးမားကျယ်ပြန့်သည့် မွေ့ယာထူထူကြီးသည်ဖြူဖွေးစွာပင်ကြိုဆိုလျှက်
"သခင်လေး ခေါ်တယ်ဆိုလို့"
တံခါးဖွင့်ထားသည်မို့ အသံပေးကာ ၀င်လာခဲ့သော အလင်းဆိုသည့် သူ၏ညာလက်ရုံးပင်ဖြစ်သည်။
"အင်း "
"ဘာ စီစဉ်ပေးရမလဲ "
အလိုက်အသိဆုံးနဲ့အားအကိုးရဆုံးတပည့်မို့ အမြဲအနီးကပ်ထားသည့်ညာလက်ရုံးဟာအလင်းတစ်ယောက်တည်းဖြစ်သည်။
"ညနေ မင်းကိုလတ် ချိန်းတဲ့ဟိုတယ်ကို သွာမယ် "
သူကခပ်အေးအေးနဲ့နောက်လှည့်မကြည့်ဘဲဆိုလိုက်သည်။
"ဟုတ်ကဲ့ "
"သူတို့ဘာမှာလိုက်တာလဲသိတယ်မဟုတ်လား "
"ဟုတ်ကဲ့ အမှုန့် နဲ့Share နဲ့လဲမယ်လို့ပြောထားပါတယ် "
"အင်း အမှုန့်ကို အနောက်လမ်းကပဲ ပို့လိုက် စာချုပ်ကိစ္စ ငါကိုယ်တိုင်ပဲသွားမယ် "
"ဟုတ်ကဲ့ ကျွန်တော် အခုစီစဉ်လိုက်ပါ့မယ်"
"အာ.... ကျန်သေးတယ် "
ထွက်သွားမည့် အလင်း ရဲ့ခြေလမ်းတွေဟာ သူ့စကားနောက်မှတန့်ခနဲရပ်ပြီးပြန်လှည့်လာသည်။
"အမှုန့်က ညနေ ဟိုတယ်ကိုလည်း ယူခဲ့
Advertisement
ဒီနေ့က ငါ့အနားယူရမယ့်ရက်ပဲ "
"ဟုတ်ကဲ့ "
အလင်းမှခေါင်းညိတ်ပြီး တစ်ခုခုကိုသတိရသွားသည့်ပုံစံနှင့်
"သြော် သခင်လေး "
"ဘာ ကိစ္စရှိသေးလို့လဲ"
သူရဲ့မျက်ခုံးတွေတွန့်ချိုးသွားတဲ့အခါမျိုးဆိုရင် ညာလက်ရုံးဆိုတဲ့ အရင်းအနှီးဆုံး အလင်း တောင် လန့်ရသည်။
"သခင်လေး လွန်ခဲ့တဲ့၃နှစ်ကတည်းက ရှာခိုင်းတဲ့ မိန်းကလေး"
အလင်းရဲ့ စကားအဆက်ပြတ်သွားသည့်အခါ
လှည့်မကြည့်ပေမဲ့ စိတ်အ၀င်စားဆုံးအကြောင်းအရာမို့ နားစိုက်ထောင်နေခဲ့သည်။
"ဆက်ပြောလေ "
ခက်ထန်မာကြောသည့်သူ့အသံက ဒေါသဖြစ်နေတယ်ဆိုတာ အသေအချာကြီးပင်ဖြစ်ပြီး
"အဲ့ဒီ မိန်းကလေး နဲ့ဆင်တဲ့သူတွေ့တယ်လို့ကြားတယ် သူဌေးမင်းကိုလတ် ကဖုန်းဆက်...."
"မင်းသွားတော့ "
အလင်းကိုနှင်လိုက်ပြီး သူက တံခါးပိတ်ကာ ဖုန်းဆက်လိုက်သည်မှာ မင်းကိုလတ်ဆီသို့ပင်ဖြစ်သည်။
"ဟယ်လို မင်းကို "
သူကဖုန်းဆက်ရင်း စီးကရက်တစ်လိပ်ခဲပြီး မွေ့ယာဘေးကနံရံလျောတံခါးကြီးကိုမှီထားသည်။
"အင်း ဟိုကိစ္စလား "
"အဲ့ဒီမိန်းကလေး ဘယ်မှာလဲ"
"ဆင်ပဲဆင်တာကွ ငါလည်း သေချာမသိဘူး "
"ကျစ် ကိစ္စတစ်ခုကိုသေချာစေချင်တယ်ကွာ "
"သေချာမင်းနဲ့ညနေတွေ့ရအောင် လုပ်လိုက်တာ ငါလည်းပထမတုန်းက သတိမထားမိဘူး ငါ့ကုမ္ပဏီမှာ လာလျောက်တဲ့အထဲပါလာတာ နောက်တိုးခေါ်မယ့်လူတွေကို ငါပြန်စစ်ကြည့်ရင်း သူ့ရဲ့ပရိုဖိုင်ကိုတွေ့လိုက်တာ"
"အဲ့ဒီကျ ..."
"အေး လျောက်လွှာထဲက တစ်ယောက်က မင်း အရင်ကပုံပြဖူးတဲ့ တစ်ယောက်ပဲထင်တယ်တော်တော်တူတယ် ဆံပင်ကအနီရောင်နဲ့ "
"နာမည်က?"
"မေမီမွန်း "
ထိုနာမည်ကိုကြားတာနဲ့ သူသည်စီးကရက်ခဲထားတဲ့နှုတ်ခမ်းကိုတစ်ချက်တွန့်ပြီးပြုံးလိုက်ကာ
"ဟက် သေချာတယ် သူပဲ မင်းရအောင်ဆွဲထား"
"ငါ ဆွဲထားတယ် ညနေသာ ဟိုတယ်ကိုလာခဲ့"
============================
နဒီ အိမ်တံခါးဖွင့်လိုက်လျှင် ပြတင်းပေါက်နားတွင် ထိုင်နေသည့်သူမက မလှုပ်မယှက်။
"ဟဲ့ မွန်း နင် ငါသွားကတည်းက အဲ့ဒီနားမှာထိုင်နေတာ အခုလည်း အဲ့ဒှနားမှာပဲလား "
"ဟင်း စိတ်ညစ်လို့ပါဟာ အဖေနဲ့အမေကလည်း ဆုံးသွားတာတောင် ငါ့အတွက် ဘာလေးညာလေးချန်မထားခဲ့ဘူး"
"ဟော်တော် နင်ကဘာလိုချင်သေးတာလဲ "
နဒီဟာ သူလွယ်လာတဲ့အိတ်ကလေးကိုဧည့်ခန်းထဲကုလားထိုင်ပေါ်သို့ပစ်တင်လိုက်ပြီး မွန်းရဲ့ဘေးသို့လာထိုင်သည်။
"မဟုတ်ဘူးလေဟာ ဆုံးပြီသာပြောတာ ဘယ်မှာဆုံးတာ ဘယ်လိုဆုံးတာ ငါဘာမှမသိရဘူး ဘာပဲဖြစ်ဖြစ် ကိုယ့်သမီးအတွက် စာလေးဖြစ်ဖြစ်ချန်ခဲ့သင့်တာပေါ့ "
ထိုသို့ပြောလာတော့နဒီမှာတစ်ကောင်ကြွက်သူငယ်ချင်းမလေးကိုသနားရပြန်သည်။
"ဟင်း ဘာလို့ဒါတွေကိုခဏခဏတွေးနေတာလဲ ငါ၀မ်းသာစရာပြောပြမယ် နင်သိပြီးလောက်ပြီထင်နေတာ အခုလိုမှိုင်နေရင်မသိလောက်သေးဘူးထင်တယ်"
"ဘာကိုလဲ"
"နင့်ကိုနောက်တိုးစာရင်းထဲမှာခေါ်ထားတယ်လေ ဖုန်းလေးဘာလေးလည်းဖွင့်ကြည့်ပါဦးတစ်နေကုန်ဘာထိုင်လုပ်နေတာလဲ"
"ဘာ ဘာ အ အတည်လား "
မွန်းသည် နဒီ့ဘေးကနေထပြေးပြီးအိပ်ခန်းထဲမှာအားသွင်းထားသောသူမ၏ဖုန်းကလေးကိုသွားဖြုတ်ယူဖွင့်ကြည့်လေလျှင် နောက်တိုင်းခေါ်သည့်၃ယောက်စာရင်းမှာသူမဟာထိပ်ဆုံးကနေပါလာကြောင်း Message ဝင်နေလေသည်။
"ဟယ် ငါ ငါ အလုပ်ရပြီပေါ့ ဟီဟီ အမလေးပျော်စရာကြီး "
နဒီကိုဖက်ကာ မျက်ရည်ပင် ဝေ့လာသည့်အခါ
" ဟုတ်တယ် ငါကြားခဲ့တာတော့ နင်က Cooking ပိုင်းမှာ သင်တန်း၂ခုတောင်လက်မှတ်ရထားတော့ နင့်ကိုစားဖိုဆောင်မှာထားမယ်ထင်တယ် ညနေကျရင် ဝန်ထမ်းအသစ်တွေကြိုဆိုပွဲရှိတယ် နောက်တိုးထဲမှာပါလာတဲ့လူတွေကိုတော့သူဌေးကသူကိုယ်တိုင်ထပ်ပြီးအကဲခက်ဦးမယ်တဲ့ အဲ့တာနင်လိုက်ခဲ့ရမယ် "
ထိုအခါ မွန်းက နဒီနဲ့လူချင်းခွာပြီး
" အဲ့...အဲ့တာဆို...ငါပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမှာပေါ့ "
" အေး...လုပ်ရေသွားချိုးချေ ညကျအတူတူသွားကြမယ် "
မွန်းအတွက် ပျော်ရမည့်နေ့က ဘာလို့ကံဆိုးမည့်နေ့နဲ့ တစ်ထပ်တည်းကျနေပါသလဲ။
============================
"အိုခေ! ရော့ လက်မှတ်ထိုးလိုက်တော့ "
"အားလုံး ပြည့်စုံပြီ "
"အင်း ခဏနေရင် ငါ့၀န်ထမ်းတွေလာတော့မယ် မင်းလည်း ရှောင်တော့"
မင်းကိုလတ်သည် ထိုလူလက်မှတ်ထိုးပေးတဲ့စာချုပ်ကိုပြန်ဆွဲယူပြီးပြောလိုက်ပါသည်။
"အင်း ငါရှာနေတဲ့မိန်းကလေးကို မင်းတွေ့ပြီးရင် သေချာလား ငါ့ကိုပြော ငါဒီဟိုတယ်မှာပဲရှိနေမယ် "
သူသည် ပြောစရာရှိတာပြောပြီးမင်းကိုလတ်ရှေ့ကနေထ၍ ထွက်သွားသည်။
"အတ္တ!"
မင်းကိုလတ်သည် သူနဲ့ပေါင်းမိတာ ၆နှစ်ရှိပြီဖြစ်သည်။
စီးပွားရေးအရရော သူတို့ဂိုဏ်းအတွက် အရေးပါသည့် သူတစ်ယောက်လည်းဖြစ်သည်။
အသက်အရွယ်မတိမ်းမယိမ်း ဆိုတော့ အခြားလုပ်ငန်းရှင်များထက်ပိုပြီးပါတနာကျကာ သူငယ်ချင်းဟုပင်ဆိုနိုင်လောက်သည်အထိရင်းနှီးကြသည်။
အတ္တလွန်ဆိုတဲ့သူက ဘာမဆိုလျှို့ဝှက်တာများသည်မို့ အနီးကပ်နေသည့်အလင်းတောင် သူ့အကြောင်းအားလုံးသေချာစွာမသိနိုင်။
အတ္တ မင်းကိုလတ် ရဲ့အခေါ်ကြောင့် နောက်မကြည့်ပေမဲ့ ဟိုတယ်အခန်းရဲ့တံခါးရှေ့မှာရပ်နေသည်။
"သူ့ကို ဘာလို့အသည်းအသန်ရှာနေတာလဲ"
"အဲ့ဒီမိန်းကလေးက ငါ့အတွက်အရေးကြီးတယ် .......မဟုတ်ဘူး ငါ့ဘ၀ခါးသီးမှုအတွက်"
============================
ပန်းရောင်ဇာဂါ၀န်လေးနဲ့ နဒီသည် ဆံပင်တိုတိုနှင့်မို့ စကုပ်လေးသာ တွယ်ထား၍ အိမ်တံခါးသော့ပိတ်ရန် ခြံ၀၌စောင့်နေ၏။
"ဟဲ့ မွန်းရေကြာလိုက်တာ"
"လာပါပြီ "
အိမ်ထဲကပြေးထွက်လာသည့်သူမက
ဆင်စွယ်ရောင် ဒူးဖုံးဂါ၀န်လေးဖြင့် ဆံပင်အနီရောင်တွေကိုသိမ်းစည်းထားသည်။
မိတ်ကပ်မလိမ်းတတ်သူမို့ နဒီ့ဆီကခပ်ပါးပါးကလေးတောင်းပြီးလိမ်းထား၏။
"အမလေး လှပနေလိုက်တာ "
"နင့်လောက်တော့ ဘယ်ဟုတ်မလဲ ရှိတာ၀တ်ရတာ အဆင်ပြေရဲ့မသိပါဘူး"
"လှပါတယ်ဆိုနေ မြန်မြန်လာ Taxiနဲ့သွားရမှာ"
============================
ဟိုတယ် အခန်းထဲက မွေ့ယာဖြူဖြူကြီးရဲ့ဘေး မှန်စားပွဲခုံသေးလေးပေါ်တွင် ကိုကင်းအမှုန့် ဖြူဖြူတွေကို အလျားလိုက် ချလိုက်ပြီး ဖန်ပိုက်သေးသေးကလေးဖြင့် သူတစ်ချက်ရှိုက်ရှူလိုက်သည်။
ထို့နောက် စီးကရက်ကိုမီးညှိလိုက်ပြီး တစ်ရှိုက်ဖွာ၍ မွေ့ယာပေါ်တွင်ချွတ်ထားသော သူ၏ကုတ် အင်္ကျီအတွင်းအိတ်ထဲကနေ ဖုန်းထုတ်ဆက်လိုက်သည့်အခါ
"အာ သခင်လေး အတ္တ မဆက်သွယ်တာတောင်ကြာပြီ ဘယ်လိုလဲ ကောင်းနေပြီလား"
ဖုန်းဝင်တာနဲ့ချက်ချင်းဖြေကြားလာသည့်တစ်ဖက်ကလူရဲ့အသံသည်အတ္တဖုန်းဆက်တာနဲ့ပင်ပျော်ရွှင်မြူးတူးနေသယောင်။
"ခါတိုင်းဟိုတယ်ယူနေကျအခန်းကို တစ်ယောက်လွှတ်လိုက်"
"ဟုတ်ပြီဗျာ အသစ်လေးလွှတ်ပေးမယ် အသန့်ဆုံးလေး ဟဲဟဲဟဲ"
Advertisement
အတ္တက လိုရင်းသာပြော၍ ဖုန်းကို မွေ့ယာပေါ်သို့ပစ်တင်လိုက်ပြီး အခန်းတံခါးဖွင့်ကာ
အပြင်မှာစောင့်နေသည့် အလင်း မဟုတ်တဲ့ တပည့်၂ယောက်အား
"ခပ်ချောချောမိန်းကလေးတစ်ယောက်လာရင်အထဲလွှတ်လိုက်"
"ဟုတ်ကဲ့"
အတ္တက တံခါးပြန်ပိတ်ရင်း စီးကရက်ငွေ့တွေရှိုက်ထုတ်ကာ အိပ်ယာပေါ်လှဲလိုက်ရင်း မှိန်းနေလိုက်သည် ။
ဘယ်လိုအာရုံတွေမှန်းတောင်မသိတော့ကာ
လောကကြီးနဲ့အဆက်ပြတ်သွားသလိုစိတ်ကူးယဥ်သမျှပဲအားလုံးဖြစ်လာသမျိုး ပြောမပြတတ်လောက်အောင်ခံစားလို့ကောင်းနေသည်။
ဒါတွေကြောင့်လည်း စွဲနေတာပေါ့။
စီးကရက်ကို နှုတ်ခမ်း၀သို့တစ်ဖန် ရောက်စေ၏။
======================
ဟိုတယ်က စားသောက်ရန် ငှားထားသည့် ပါတီကျင်းပနေသည့်အခန်းထဲသို့ နဒီ့လက်ကို တင်းတင်းလေးဆွဲကာ ၀င်လာခဲ့သည်။
"ဟဲ့ နဒီ ငါ ကြောက်လိုက်တာ"
"နင်ကလည်း "
"နင်တို့သူဌေး ဘယ်မလဲ နင်ရောလိုက်ခဲ့နော် ငါကြောက်လို့"
"အေးပါ ခဏ ငါမေးပေးမယ် ဟိုဖြူဖြူ၀၀နဲ့က ငါတို့မန်နေဂျာလေ "
နဒီကပဲဦးဆောင်ခေါ်သွားပြီး
"အစ်မ"
"ဪ နဒီ "
နဒီကသွက်တော့ မနက်ကမှ သိပြီးချက်ချင်းရင်းနှီးနေသည်။
"ဟိုလေ သူဌေး ကဘယ်မှာလဲ"
"သူဌေးလား ဟုတ်တယ် အစ်မကိုမှာသွားတယ် ၀န်ထမ်းအသစ်ကလေးနဲ့ တွေ့ချင်လို့တဲ့ အခန်း1011 ကိုလာခဲ့ပါတဲ့"
မန်နေဂျာမဖြူကထိုသို့ပြောတော့
" ခဏခဏ မဖြူ သူဌေးအခန်းပြောင်းသွားပြီ 1012မှာ"
ဘေးကကြားလိုက်သည့် အတွင်းရေးမှူးမလေးက၀င်ပြောပြသည်။
"ဟယ် မဟုတ်ပါဘူးငါ့ကိုမှာသွားတာ အခန်း1011 ပါတဲ့"
"အစကဟုတ်တယ် အဲ့ဒီအခန်းက အမြဲလာနေကျလူရှိလို့တဲ့ သူဌေးကဖယ်ပေးလိုက်ရတယ်ဆိုပဲ 1012မှာပါ ဦးကျော်တို့တောင်ပြောသွားသေး"
သူတို့၂ယောက်ပဲငြင်းနေကြတာ ဒီက ဘာယုံရမှန်းမသိတော့ဘူး။
နဒီနဲ့မွန်းကတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြရင်း မွန်းကပဲ...
"ဟုတ် ဟုတ်ကဲ့ နဒီ ငါ့ကိုလိုက်ပို့ဦး"
"အင်း "
"ဟယ်သူဌေးက တစ်ယောက်တည်းလာခိုင်းတာ ညီမရဲ့ ကိုကျော်တို့လည်းရှိတယ် တစ်ခါတည်း အင်တာဗျူးမလို့ထင်တယ်"
အတွင်းရေးမှူးမလေးကထပ်ပြောလာသည့်အခါ မွန်းကမျက်လုံးလေးဝိုင်းသွားသည်။
"ဟင် ဟုတ်လား"
"မနက်က အသစ်လေးမလား လာလေ ဒီမှာ စားရအောင်"
အခြား၀န်ထမ်းအသစ်တွေကလည်း နဒီ့ကို ဝိုင်းခေါ်နေကြသဖြင့် နဒီ့ကိုလည်းအားနာပြီး
မွန်းလည်း
မေမီမွန်းပါ အဲ့လောက်မကြောက်နဲ့
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်တာပေါ့
ဟုကိုယ့်ကိုယ်ကိုအားပေး၍
"နဒီ ငါ့ဘာသာသွားလိုက်တော့မယ် ရတယ် "
"ဖြစ်ရဲ့လား"
"ရပါတယ် ပြီးမှတွေ့မယ်နော် "
သူမဟာ ဓာတ်လှေကားကနေတစ်ဆင့် မန်နေဂျာအစ်မကြီးနဲ့အတွင်းရေးမှူးကောင်မလေးတို့ပြောကြသောအခန်းနံပါတ်တွေရှိသည့်အထပ်ကိုတက်လာခဲ့သည်။
အားနာလို့ တစ်ယောက်တည်းဖြစ်တယ်ဆိုပြီးလာခဲ့တာ အခန်းနံပါတ်က 1011တွေရော1012တွေရော ဘာအမှန်မှန်းမသိဘူး။
ဘာပဲဖြစ်ဖြစ် ပထမဆုံးလာတဲ့အခန်း အရင်ကြည့်ရမှာပဲ မဟုတ်တော့ နောက်တစ်ခန်းပေါ့ ခက်တာမှမဟုတ်ဘဲ။
မွန်းသည် ဟိုကြည့်ဒီကြည့်ဖြင့် အူလည်လည်ဖြစ်နေသည့်ကြားမှ အခန်းနံပါတ်1011ရှေ့တွင် လူ၂ယောက်စောင့်နေတာကိုတွေ့လိုက်ရသည်။
သူတို့တွေကရုပ်တည်လွန်းတော့ မွန်းအနေနဲ့မေးဖို့ကြောက်နေချိန်
ထို အစောင့်၂ယောက်ကလည်း ဆင်ဆွယ်ရောင်ဂါဝန်ကလေးနှင့်ဆံပင်တွေကိုနောက်မှာသိမ်းစည်းပြီးသပ်သပ်ရပ်ရပ်မိန်ကလေး မွန်းကို ၃၀ စက္ကန့်မျှကြည့်နေပြီး သူတို့အချင်းအချင်းအချက်ပြကာအခန်းတံခါးဖွင့်ပေးလိုက်ည့်အခါ
ဟူး တော်ပါသေးတယ် ငါလာမယ်သိလို့ထင်တယ် တံခါးဖွင့်ပေးလို့ မဟုတ်ရင် ငါ ဒီတိုင်းလှည့်ပြန်ရမှာ
သူမလည်း ထိုအတွေးနဲ့ အထဲ၀င်လိုက်ရော တံခါးကဂျိန်းခနဲပြန်ပိတ်သွားလို့လန့်ပြီးနောက်လှည့်ကြည့်ကာရှေ့သို့ပြန်လှည့်ကြည့်လိုက်လျှင်
နက်(ခ်)တိုင်လျော့ရဲရဲနဲ့ ရှပ်အင်္ကျီကိုလက်ခေါက်တင်ထားသော လူတစ်ယောက်က ရုတ်တရက်ကြီး ခါးမှဆွဲကာ ပြန်ပိတ်သွားတဲ့တံခါးတွင် မွန်းကို တွန်းကပ်ပြီး နှုတ်ခမ်းတွေကို အနမ်းရိုင်းများဖြင်ကြိုလိုက်သည် ။
ဘာမှာတားဆီးချိန်မရလိုက်ပြီးကြုံတွေ့လိုက်ရသည့်အခြေအနေကြောင့် တစ်ကိုယ်လုံးပူထူသွားကာ မျက်လုံးအပြူးသားနဲ့ ခန္ဓာကိုယ်တစ်ခုလုံး လန့်ဖြန့်ကာ တောင့်သွားသည် ။
သူမရဲ့အောက်နှုတ်ခမ်းတွေကို ဆွဲယူစုပ်နမ်းနေသည်မှ လည်ပင်းတွေအထိနှုတ်ခမ်းများဖြင့်ပွတ်တိုက်နမ်းရှိုက်ရင်းစုပ်သပ်ကာ သူမရဲ့ဂုတ်မှထိန်းကိုင်ထားသည့်သူ့လက်တွေကစည်းနှောင်ထားသောသူမရဲ့ဆံပင်တွေကိုကြမ်းတမ်းစွာဆွဲစောင့်လိုက်ရာ နာကျင်သွားရပြီး အသိဝင်လာ၍
"အင်း အဟွင့် "
သူမ အတင်းတွ့န်လူးရုန်းထွက်ကာ
ဖြန်း!!
ထူပူသွားသည့် ပါးတစ်ဖက် ဘယ်လောက်တောင်နာလိုက်မလဲ မွန်းလက်တောင် စပ်ဖျင်းဖျင်းနဲ့ကျန်နေရစ်သည်။
မွန်းမှာရိုက်လိုက်ပြီး ကိုယ့်နှုတ်ခမ်းကိုယ်လက်ဖမိုးဖြင့်ပွတ်တိုက်သုတ်ဖယ်ရင်း လူတစ်ကိုယ်လုံးလည်းတုန်ဆက်လျှက်ရှိလေသည်။
သူ့အသားကလည်းဖြူဖွေးနေတာကြောင့် ပါးတစ်ခြမ်းသည်ရဲတက်သွားကာ
အတ္တမှာဇက်လည်သွားအောင်ပင်အရိုက်ခံလိုက်ရပြီး ကိုယ့်ပါးကိုယ် ပြန် ပွတ်သပ်ရင်း
ခုနကကောင်းနေတဲ့ ဆေးအရှိန်တောင်ပျက်ပြယ်သွားသည်။
=================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(2)ဆက်ရန်
မူးယစ်ဆေးများကိုလက်တွေ့ဘဝမှာလုံးဝစမ်းသက်မကြည့်သင့်ပါ။
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(1)
"အား..... စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ"
"ဟဲ့ ဟဲ့ ဘာျဖစ္လာတာလဲ ပုံစံကိုလည္းၾကည့္ပါဦး ရစရာကိုမရွိဘူး"
ဖုန္းတစ္လုံးကိုင္၍ တစ္ေယာက္တည္းေပါက္ကြဲေနေသာမိန္းကေလးအား အိပ္ခန္းထဲမွထြက္လာေသာ အျခားမိန္းကေလးတစ္ဦးမွေမးလိုက္ျခင္းျဖစ္သည္။
"အဲ့တာတရားသလား နဒီရဲ႕"
အိပ္ခန္းထဲမွထြက္လာသည့္နဒီဆိုေသာမိန္းကေလးဘက္သို႔လွည့္ကာ မ်က္ႏွာငယ္ေလးႏွင့္ဆိုသည္။
"ဟင္ ဘာကိုလဲ"
"ဒီမွာၾကည့္ အဲ့တာကိုေသခ်ာၾကည့္"
သူမ၏လက္ထဲမွဖုန္းကိုေထာင္ျပလိုက္ရာ
နဒီလည္း ေသခ်ာယူၾကည့္လိုက္ၿပီး
"ဟယ္...... ငါ ပါတယ္ ငါအင္တာဗ်ဴးေအာင္တယ္ေတာ့ ဟိဟိ"
နဒီဟာ ႐ုတ္တရက္ထေအာ္ၿပီးခုန္လိုက္ေတာ့ သူမက မ်က္ေမွာင္ကုပ္၍ေမာ့ၾကည့္သည္။
"နင္က ဘာလို႔ေပ်ာ္ေနတာလဲ ငါငိုလိုက္မွာေနာ္ ငါမွမပါတာ"
"အယ္....ဟုတ္သားပဲ ေဆာရီး ေဆာရီး သူငယ္ခ်င္းေလး "
နဒီက သူမထိုင္ေနေသာ ဧည့္ခန္းထဲမွႏွစ္ေယာက္ထိုင္သစ္သားခုံေပၚသို႔အတူထိုင္ကာ သူမကိုႏွစ္သိမ့္ေပြ႕ဖက္လိုက္သည္။
"စိတ္မညစ္ပါနဲ႕ ေနာက္တစ္ခုထပ္ေျဖမွာေပါ့"
"ဟင့္... ဟင့္...ဟီး... ငါေျဖေနတာ အခု၂၀မကေတာ့ဘူး ဘာလို႔ ငါ့ကိုမေ႐ြးတာလဲ ဟင့္ .. "
ႏွစ္သိမ့္ေပးလိုက္ရာမွပိုလို႔ဝမ္းနည္းလာေသာသူမသည္သူငယ္ခ်င္းနဒီရဲ႕ပုခုံးေပၚမွာငိုခ်မိေလသည္။
" အဟင့္...အေမကလည္း ေကာင္းကင္ကေနဒီတိုင္းၾကည့္ေနေတာ့မွာလား အဟင့္....."
လြန္ခဲ့ေသာ၃ႏွစ္မွဘဝတစ္ပါးသို႔ကူးေျပာင္းသြားေသာအေမျဖစ္ကိုတမ္းတကာငိုေႂကြးေလေတာ့ သူငယ္ခ်င္းနဒီက သူ႕ပုခုံးေပၚကသူမကိုငုံ႕ၾကည့္ၿပီး
"အသံၿပဲႀကီးနဲ႕ ဘာလို႔ ပိတ္ေအာ္ေနတာလဲ ေစာေစာစီးစီး ေဘးအိမ္ေတြခဲနဲထုလိမ့္မယ္"
ငယ္ငယ္ကတည္း သူငယ္ခ်င္းနဒီ့အိမ္မွာသာႀကီးပ်င္းခဲ့ရသူျဖစ္သည္။
အေဖနဲ႕အေမကို တစ္ႏွစ္လွ်င္တစ္ႀကိမ္ေတာင္မွန္မွန္ေတြ႕ရသူမဟုတ္ေသာေၾကာင့္
မိမိမွာ ကိုယ့္အားကိုယ္ကိုးမည္ဟု ဆုံးျဖတ္ထား၍ အေဝးသင္ႏွင့္ဘြဲ႕ရကာ အခ်ိန္ပိုင္းအလုပ္လုပ္ရင္း အခ်ိန္ျပည့္အလုပ္ရွာေနေသာမိန္းကေလးတစ္ဦးပင္ျဖစ္သည္။
ကုမၸဏီေတြ ေက်ာင္းေတြ အစရွိသျဖင့္ အလုပ္ေခၚစာေတြ႕တဲ့ေနရာမွန္သမွ်လိုက္ေလွ်ာက္ခဲ့ပါေသာ္ျငားလည္း အလုပ္ေပါင္း၂၀မွ်ပင္ရွိေလၿပီ တစ္ခုမွအင္တာဗ်ဴးမေအာင္ခဲ့ေလရာ ေနာက္ဆုံးတစ္ခုတြင္ေတာင္ အတူတူေလွ်ာက္လႊာတင္ခဲ့ၾကေသာသူငယ္ခ်င္းမွ ပါသြားပါလွ်က္ သူမဟာက်န္ခဲ့ျပန္သည္။
"မြန္း လာ ဒီမွာ ထမင္းေၾကာ္လာစား ငါ ထည့္ေပးထားတယ္"
နဒီက မီးဖိုခန္းမွလွမ္းေခၚပါေသာ္လည္း မြန္းဆိုသည့္သူမဘက္ကေတာ့အေၾကာင္းလည္းမျပန္လူလည္းေပၚမလာသျဖင့္
"မြန္းေရ လာပါဟာ လာစားစမ္းပါ အဲ့လိုႀကီးထိုင္မေနနဲ႕"
ဧည့္ခန္းထဲမွျပတင္းေပါက္အနားတြင္မွိုင္မွိုင္ႀကီးထိုင္ေနေသာ သူမကို နဒီမွထပ္မံေခၚလိုက္သည့္အခါမွ
"ငါမေက်နပ္ဘူးဟာ တျခားအလုပ္ထပ္ရွာမယ္"
"မြန္း ဒီိကိုလာပါဆိုနေ"
နဒီအတင္းေခၚေနတာမို႔ ထမင္းစားစားပြဲဆီသို႔သူမထိုင္ေနေသာေနရာမွထ၍လာခဲ့သည္။
"ဟင္ ေနပါဦးနင္က အဲ့တာ ဘယ္သြားမလို႔လဲ"
သူငယ္ခ်င္းနဒီဟာ အျဖဴေရာင္ဘေလာက္စ္ေလးႏွင့္စကပ္ဒူးဖုံးကေလးကိုဝတ္ထားၿပီး ဆံပင္တိုတိုကေလးကိုသပ္ရပ္စြာၿဖီးထားေလရာ
"ငါကဘယ္သြားရမွာလဲ အလုပ္ကိုေပါ့ဟ"
"ဟြန့္ ငါလည္း အဲ့လိုယူနီေဖာင္းေလးေတြ၀တ္ခ်င္တာေပါ့လို႔ "
"ငါ လည္းအလုပ္ထဲမွာ ေျပာၾကည့္ပါ့မယ္ဟာ နင္၀င္လို႔ရမယ့္အလုပ္ေနရာမ်ားရွိမလားလို႔
ဟင္း... နင္ကလည္း ေနာက္တိုးေခၚမယ့္ဟာရွိပါေသးတယ္"
"ဟင္"
နဒီ့စကားေၾကာင့္သူမဟာ ထမင္းေၾကာ္ပန္းကန္ႀကီးကိုေငးငိုင္ၾကည့္ေနရာမွ မ်က္လုံးကေလးဝိုင္းသြားကာ ေမွ်ာ္လင့္ခ်က္ေရာင္မ်ားသမ္းသြားသည္။
"ေအးေလ မသိဘူးလား "
"ေအး "
"ေဟာ္ေတာ္ ဒီမွာၾကည့္ ေနာက္တိုး၃ေယာက္ေခၚမွာတဲ့ နင္ပါရင္ပါမွာေပါ့"
နဒီဟာသူမ၏ဖုန္းကိုဖြင့္ျပၿပီးစာကိုေသခ်ာမဖတ္သည့္သူငယ္ခ်င္းကိုျပေလသည္။
"ဟာ ဟုတ္သားပဲ အဲ့တာဆိုရင္ေတာ့ ငါ ဆုေတာင္းရင္း ေစာင့္ေတာ့မယ္ "
"ေအး ဆုေတာင္းထားေမမီမြန္းေရ ငါသြားေတာ့မယ္"
"ေအးေအး ေကာင္းေကာင္းသြားေနာ္ "
ေမမီမြန္းဆိုတဲ့မိန္းကေလးဟာမဟုတ္မခံစိတ္ကေလးရွိသလိုႀကိဳးစားလိုစိတ္လည္းရွိသည္။
ေက်ာအလယ္အထိရွိေနေသာလွိုင္းပါသည့္ဆံပင္ရွည္ေတြဟာ ပင္ကိုအနီေရာင္ ျဖစ္ေနသည္က အေမေပးတဲ့အေမြတစ္ခုေပါ့။
မ်က္လုံးေလးမွာခပ္စိမ္းစိမ္းျဖစ္ၿပီး
ႏွာေခါင္းခြၽန္ခြၽန္ကေလးနဲ႕ ႏႈတ္ခမ္းပါးေလးကိုပိုင္ဆိုင္ထားသည့္သူမဟာ ဗမာ႐ုပ္နဲ႕မတူေပ။
============================
"ၿပီးၿပီလား "
"ဟုတ္ကဲ့ သခင္ေလး ကြၽန္ေတာ္တို႔ ပို႔ခဲ့ပါၿပီ "
"သူတို႔ဘက္က ဘာျပန္ေျပာလဲ "
"အမႈန့္ထပ္လိုမယ္တဲ့ ျဖစ္နိုင္ရင္ ဒီေန႕ညျဖစ္ျဖစ္ သခင္ေလးနဲ႕ေတြ႕ခ်င္တယ္လို႔မွာလိုက္ပါတယ္ "
ႀကီးက်ယ္လြန္းလွသည္ဒီအိမ္ႀကီးဟာအျဖဴနဲ႕အမဲသာျဖစ္ၿပီး အလယ္တည့္တည့္ဧည့္ခန္းရဲ႕ ဆိုဖာအနက္ေရာင္ႀကီးသည္ ထိုင္ေနသည့္လူစေပ်ာက္လုနီးနီးႀကီးမားလွၿပီး ထိုကတၱီပါဆိုဖာႀကီးမွာ စမတ္က်က် ေျခခ်ိတ္ထိုင္ေနသည့္ သူက ႏႈတ္ခမ္း၀က စီးကရက္ကိုလက္ႏွစ္ေခ်ာင္းၾကားသို႔ ကူးေျပာင္းယူလိုက္ၿပီး ႏွာေခါင္းမွ အျဖဴေရာင္အေငြ႕မ်ားရွိုက္ထုတ္လိုက္ခ်ိန္.....
"ဟက္ "
ဆိုသည့္ခနဲ႕တဲ့တဲ့သူ႕ရီသံက မ်က္ႏွာက်က္တြင္ကပ္ေနသည့္မီးဆိုင္းတြင္ေတာင္ တုန္ခါသြားသလိုျဖစ္သြားတာမ်ိဳး။
မႈန္ဝါးဝါးစီးကရက္ေငြ႕မ်ားေၾကာင့္ သူ႕မ်က္ႏွာကို မျမင္ရေပမဲ့ေသခ်ာတာက အေတာ္မာထန္ေနေလာက္ၿပီ ။
Advertisement
- In Serial53 Chapters
The Billionaire's Maid in Disguise
To take over her injured aunt's job temporarily- Pia Rosi, a newly graduated historian, offered to work as a maid to the highly powerful Greek billionaire, Kristov Stavrakos. But Mr. Stavrakos has a very strict qualification on his maids - must be middle-aged. So, Pia has no choice but to put on a disguise.How long can she keep up with the disguise, when her employer's ruthless behavior made it impossible for her to stay more docile? - She finds it hard to keep her mouth shut and her patience is hanging on a very thin-thread already. Just a little bit more... she's ready to explode and give him a taste of his own medicine.***Another Feel-Good story, full of romance and comedy, that will make you laugh aloud, cry a little bit, feel butterflies in your stomach and blush all throughout the story. Join Kristov and Pia in their journey of finding true love.
8 341 - In Serial12 Chapters
7 years with TharnType FF
Just a fanfiction about the relationship of this power couple after 7 years. How much did they change? How much do they understand each other now? Read to find out.....
8 211 - In Serial46 Chapters
In Too Deep
She doesn't know his name.She doesn't know where he comes from.She doesn't know anything about him.But she knows she will always find him on her couch passed out from gunshot or stabbing wounds.Like always, she has no choice but to tend to his wounds and save his life. And like always, he leaves without saying goodbye.
8 182 - In Serial34 Chapters
Marrying my brother-in-law
Diya ahuja was set up to replace her elder sister,and married her brother-in-law to befrom then onwards she had to call him"Dear husband".every night they had a lot of fun together.reyansh malhotra was said to be the most ruthless man in the business field,unexpectedly he spoiled her to the extremeone a reporter asked her a question"what are you afraid of the most??mrs.malhotra"she said that she was afraid of two things 1)her serious husband in daytime 2)her wild husband at night
8 123 - In Serial49 Chapters
VENGEANCE INTO LOVE ( Toshiro Hitsugaya x Reader(fem) (DISCONTINUED)
(Y/n) Yamamoto the only daughter of Head Captain Yamamoto, who disappear 5 years ago with her mother due to the attack by Aizen Trying to kill or capture the biggest threat....that was (Y/n) Head Captain Yamamoto's daughter.......The person head captain order toshiro to find at all costWhen they met what love story will it be..... Found out😆😆I didn't expected it to be a long story.******** Dear reader's This is my very first story i made so forgive me for the wrong spelling and word that i used....... For the record i don't own bleach T.Y ❤❤❤One more thing while the story goes u will be the same age as toshiro...... even your father is Head Captain Yamamoto is an elder or old in the real story😜😜 HOPE U UNDERSTAND AND PLS NO HATERS🙏🙏
8 121 - In Serial7 Chapters
My Boyfriend's Billionaire Daddy
"You have no idea how many times I've imagined this." She whispered as her lips crashed down on his. Hearing her say those words nearly made him cum in his boxer briefs. He'd had so many beautiful, sexy women, but Cyra turned him on more than any of them. There were a hundred reasons why he shouldn't be doing exactly what he was doing and yet it felt so perfectly right. Logan tried to let Cyra control the speed that they were going as he continued to kiss her passionately. He didn't want to take things too fast. But she was rubbing her tight little pussy back and forth across his cock, and although there were three layers of fabric between them, she was doing it in such a way that made it impossible for him to think of anything else. His hands gripped her waist, as he took a slow, deep breath. Fuck if she didn't stop he was going to bend her over the table and fuck her right there and he was trying to take things slow with her. Or relatively slow. If she'd been his new personal assistant she already would have been on her knees sucking him off. ------When Cyra goes to work for the business that her father owns with his business partner, who happens to be her boyfriend's father, she thinks she's in for the most boring summer before college ever. But then the one man she shouldn't look twice at catches her eye and she realizes that she's caught his as well, and the summer gets hotter than she ever expected it to be.⚠️THIS STORY HAS EXPLICIT SCENES AND MATURE CONTENT. IT IS NOT ADVISED FOR THOSE YOUNGER THAN 18⚠️
8 137

