《အတ္တလွန်အချစ် (OC) Completed》Part (3) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(3)
အတ္တသည် သူမကိုသွေးအေးရက်စက်သောအကြည့်များဖြင့်ကြည့်နေရင်း သူမရဲ့နှဖူးပေါ်ကသေနတ်ပြောင်းဝဟာလည်းနေရာရွေ့သွားခြင်းအလျဥ်းမရှိပဲ အတ္တသည်သေနတ်ကိုပိုမိုတင်းကြပ်အောင်ဆုပ်ကိုင်လိုက်ချိန်.....
သူမဟာအတ္တရဲ့မျက်နှာကိုတည့်တည့်မော့ကြည့်ပြီး
" မေမီမွန်း!"
ဟုပြောလိုက်သည်။
အတ္တဟာ သူမနှုတ်မှထွက်လာသောနာမည်တစ်ခုကိုကြားလျှင်ကြားခြင်း မျက်ခုံးတွေက ကျုံ့၀င်သွားကာ သူမကိုစောနကထက်ပိုပြီးစူးစိုက်အကဲခက်လိုက်မိသည်။
သူမရဲ့နီညိုရောင်ဆံပင်လှိုင်းတွန့်တွေကအစ သူ့ကိုတုန့်ပြန်နေသည့်မျက်နှာသေလေးအပါအဝင်တစ်ကိုယ်လုံးကိုခြုံငုံကြည့်ရှုလျှက်
မျက်၀န်းတွေနဲ့သူ၏မျက်နှာထားက လိုချင်တာကိုရသွားတာမျိုးပြောင်းလဲသွားသည်။
အတ္တဟာ သူမနှဖူးပေါ်ကပစ်စတိုသေနတ်ကိုဖယ်ရှားလိုက်ပြီး
"ဟက် သေချာသားပဲ မင်း မှ မင်း "
အတ္တပြောလိုက်တဲ့စကားကြောင့် သူမကမျက်မှောင်ကုပ်ကြည့်လိုက်သည်။
"ရှင် ဘာကိုဆိုလိုတာလဲ"
"အစကတော့မင်းကိုတစ်ခါတည်းမြေမြှုပ်ပေးမလို့ "
သူ့စကားအရမွန်းဟာကံကောင်းလို့အသက်ရှင်ခွင့်ရတာပေါ့။
မွန်းသာနာမည်ကိုမပြောလိုက်ရင်သူဟာအဲ့ဒီသေနတ်နဲ့တကယ်ပစ်သတ်မည့်ပုံရှိသည်။
"ခုတော့ မင်း ကိုမသတ်ချင်တော့ဘူး မင်း ငါ့အတွက်ပေးဆပ်စရာတွေရှိတယ် ချက်ချင်းကြီးသေခွင့်ပေးလိုက်ရင် မင်းအရမ်းကံကောင်းသွားမှာပေါ့ မင်းပေးဆပ်သင့်သလောက်တော့ ပေးဆပ်ပြီးမှအေးဆေးသေ "
သူဟာ လက်ထဲကသေနတ်ကို အလင်း အားပစ်ပေးလိုက်ပြီး မွန်းမှီထားတဲ့ကားကို သူလက်လှမ်းထောက်လိုက်တော့ မွန်းဟာ ပိုပြီးအနေကြပ်သွားရသည်။
ခေါင်းကိုကားနဲ့ကပ်တဲ့အထိနောက်ဆုတ်ထားရင်း
"ရှင်ပြောတာတွေ တစ်ခုမှ ကျွန်မနားမလည်ဘူး "
သူက နှုတ်ခမ်းမှာကိုက်ခဲထားသော စီးကရက်ကို လက်နှစ်ချောင်းဖြင့်ကူးပြောင်းပြီး
သူ့မျက်နှာကြီးက မွန်းအနားကို အရမ်းငုံ့လာတာကြောင့် မျက်နှာကို တစ်ဖက်သို့စောင်းလှည့်ပစ်လိုက်သည် ။
"နောက်တော့ နားလည်သွားမှာပေါ့"
သူ့နှာခေါင်းမှ ရှိုက်ထုတ်လိုက်သည့်စီးကရက်ငွေ့တွေက မွန်းရဲ့ လည်ပင်းဖြူဖြူလေးပေါ်သို့ ယှက်ပြေးသွားသလို စီးကရက်အနံ့တွေကနှာခေါင်းထဲသို့ထောင်းခနဲဝင်လာသည်။
မုန်းလိုက်တာ အဲ့ဒီဆေးလိပ်အနံတွေကို ။
ထို့နောက် သူကမွန်းဆီကနေခွာပြီး အိမ်ထဲဝင်ရန်လှည့်ထွက်သွားသဖြင့် မွန်းလည်း ကျန်ရစ်တဲ့ဆေးလိပ်နံ့တွေကို လက်ဖြင့် ယက်ထုတ်ကာ
ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
မွန်းသည် သူအိမ်ထဲသို့မရောက်မီ
"ဒီမှာ ကျွန်မကို အိမ်ပြန်ပို့ပေး ရှင်ပြောတာတွေကိုနားလည်းမလည်ဘူး နားလည်းနားလည်မချင်ဘူး ကျွန်မ သိတာ အခုအိမ်ပြန်ပို့ ရှင့်ကိုလည်းကျွန်မမသိဘူး ကျွန်မကိုလည်း ရှင် မသိပဲနဲ့ ဒီထိခေါ်လာပြီး "
သူက အိမ်အပေါက်၀မှာခြေစုံရပ်လိုက်ကာ နောက်ကိုလှည့်မကြည့်ပဲ။
"ငါ က မင်းကို သိတယ်ဆိုရင်ရော "
"ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကိုမသိဘူး ကျွန်မအိမ်ပြန်ချင်တယ် "
သိပ်ရဲတင်းလွန်းတဲ့မိန်းကလေးပဲ ။
ဒီလောက်ကြောက်ဖို့ကောင်းတဲ့စက်ကွင်းထဲရောက်နေတာကို သူမသိတာလား သိရဲ့နဲ့ ငါ့ကို ပုံကန်နေတာလား ။
"အပိုစကားမပြောနဲ့ မင်း အခုအိမ်ထဲမ၀င်ရင် တစ်ညလုံး အပြင်မှာပဲ နေရမယ် "
ထိုအခါမွန်းသည် ဦးနှောက်ထဲမှာဝေဝါးသွားကာ ကြောက်ဒေါသတွေလည်းဆူပွက်လာပြီး အိမ်ထဲဝင်ရင်လည်းသူမဘဝအညွှန့်တုံးမလားတောင်မသိတဲ့အခြေအနေဖြစ်သဖြင့် အပြင်မှာနေပြီးထွက်ပြေးနိုင်မည့်လမ်းကိုရှာဖွေဖို့ဆုံးဖြတ်လိုက်သည်။
"1"
"2"
"....."
အတ္တ သူမအတွက် အခွင့်အရေးပေးခဲ့ပါသော်လည်း ခေါင်းမာတဲ့သူမဟာ လုံးဝခြေလှမ်းတွေရွေ့မလာသောကြောင့်
"3"
အတ္တက နှုတ်ခမ်း ကိုတစ်ခြမ်းမဲ့ ပစ်လိုက်ပြီးမှ
"အလင်း အိမ်တံခါးတွေအကုန်ပိတ်ပစ်လိုက် ဒီတစ်ညလုံး ငါ့ခွင့်ပြုချက်မပါပဲ လုံး၀တံခါးဖွင့်မပေးနဲ့ "
ဟုဆိုပြီး ဆေးလိပ်တိုကို သူမရှိရာ ဘက်ဆီသို့ လွှင့်ပစ်လိုက်ရင်း အိမ်ထဲသို့ အေးစက်စွာ ၀င်သွားခဲ့သည်။
အတ္တ၀င်သွားသည်နှင့်တစ်ပြိုင်နက် အိမ်ကြီးမှာရှိတဲ့ တံခါးတွေကို အစေခံတွေလိုက် ပိတ်နေကြ၏ ။
ပြတင်းပေါက်တွေပိတ်နေတဲ့အစေခံတွေကို သူမတစ်ယောက်ချင်းလိုက်ကြည့်သည့်အခါ အသက်အကြီးဆုံးဖြစ်လောက်မည့် အသက်၅၀အရွယ်အမျိုးသမီးကြီးတစ်ဦးက သူမအားသနားတဲ့မျက်လုံးတွေနဲ့ကြည့်နေသည်။
ဒါပေမဲ့ ထိုအမျိုးသမီးဟာလည်း မွန်းကိုကယ်နိုင်မယ့်လူမဟုတ် သူ့သခင်အမိန့်ကြောင့် ခေါင်းရမ်းခါလိုက်ပြီး တံခါးတွေပိတ်သွားသည် ။
မွန်းဟာ သူ၀င်သွားတဲ့ကျောပြင်ကို ဖုံးကွယ်သွားသည့် တံခါးပေါက်အမြင့်ကြီးကို စူးစူးရဲရဲကြည့်ပစ်လိုက်သည် ။
ထို့နောက် သူမရဲ့နောက်ကကားကြီးကိုလည်း လူတစ်ယောက်က ဂိုထောင်ထဲသို့ရွှေ့လိုက်သည့်အခါ ဒီလောက်ကျယ်ပြန့်လှတဲ့ ခြံ၀န်းထဲမှာ မွန်း တစ်ယောက်တည်းရှိနေခဲ့၏။
မွန်းဘေးပတ်လည်ကိုလှည့်ကြည့်ပါသော်လည်းတစ်စုံတစ်ယောက်မျှမရိပ်အယောင်တောင်မတွေ့ရပေ။
အချိန်အားဖြင့်ညသန်းခေါင်ယံဖြစ်သဖြင့် ရုတ်တရက်ပဲ လင်းထိန်နေသည့် ခြံ၀န်းကြီးဟာအမှောင်ကျသွားသည်။
ဒါကတော့သူ့လက်ချက်ပဲလား ။
မွန်းကကောင်းကင်သို့မော့ကြည့်တော့ တခြမ်းပဲသာနေတဲ့လကြီးကလည်းသူမဘက်ကမဟုတ်ဘူးထင်ပါရဲ့ တိမ်တွေဖုံးလွှမ်းလျှက်ရှိ၏။
သူမကောင်းကင်သို့မော့ကြည့်နေတုန်း သူမနဲ့အနီးဆုံးက မီးတိုင်ကလေးဟာ လင်းလာပေမဲ့ မှောင်မဲနေတဲ့ဒီခြံအကျယ်ကြီးကို ဒီခပ်မှိန်မှိန်မီးတိုင်ကလေးလောက်နဲ့လုံလောက်သောအလင်းမျိုးမပေးနိုင်ပါ။
သူမရှေ့က သူပစ်ချသွားတဲ့ ဆေးလပ်တိုကို သူအမှတ်နဲ့ သူမဒေါက်ဖိနပ်လေးဖြင့် ပွတ်ခြေနင်း ပစ်လိုက်ပြီး
"ယုတ်မာလိုက်တဲ့လူ အကျင့်မကောင်တဲ့လူ သေစမ်း သေစမ်း "
မှောင်မှောင် မဲမဲခြံအကျယ်ကြီးထဲမှာ မွန်းဟာ တိမ်ဖုံးနေသောလတခြမ်းကိုမော့ကြည့်လိုက်
ကျယ်ပြန့်လှတဲ့ ခြံ၀န်းကြီးထဲကို လှည့်ကြည့်လိုက်ဖြင့် အောက်နှုတ်ခမ်းလေးကိုဖိကိုက်ကာ သူမကိုခေါ်လာခဲ့တုန်းကအလာလမ်းကိုခန့်မှန်းပြီး ပြေးထွက်လာသည်။
မွန်းသည် မြေလမ်းဘေးကမြက်ခင်းတွေကိုလည်းမျက်စိစွေကြည့်ရင်း အမှောင်ထဲမှာ ရေပန်းကြီးကိုလည်းခပ်ရေးရေးမြင်ရသည်။
ထိုရေပန်း၏အလွန်မှာတော့ဘာမီးရောင်မှမရှိတော့ဘဲ အရမ်းမှောင်မိုက်သွားကာ မွန်းရှေ့ကိုပင်သည်းကွဲစွာမမြင်ရတော့ပါ။
အခုသူမဘယ်နေရာရောက်နေပြီလဲ ဒီခြံကြီးရဲ့ထွက်ပေါက်ဟာရောဘယ်နားမှာလဲ မွန်းလမ်းတစ်ဝက်မှာပင်ခြေလှမ်းတို့ရပ်သွားကာ နောက်သို့လှည့်ကြည့်လိုက်တော့ သူနေတဲ့တိုက်ကြီးကိုလည်းဝိုးတိုးဝါးတားပဲမြင်ရတော့သည်။
ညသန်းခေါင်ကျော်လာလေ ပတ်ဝန်းကျင်ကအေးစက်လာလေဖြစ်ကာ ဂါဝန်ပါးလေးတစ်ထည်တည်းနှင့်သူမဟာ ချမ်းစိမ့်စွာခံစားလာရပြီးလက်ကလေးကိုကျစ်ကျစ်ပါအောင်ပိုက်ထားလိုက်သည်။
ရှေ့သို့ဆက်သွားရမလားမီးရောင်ရှိတဲ့အနောက်ကိုပဲပြန်လှည့်ရမလားစဥ်းစားနေတုန်း သူမရှေ့သို့ခပ်မဲမဲအရိပ်တစ်ချို့ရောက်လာပြီးလူချင်းမသည်းကွဲတဲ့အခြေအနေမှာ ယောက်ျားနှစ်ယောက်ရဲ့အရိပ်အယောင်ဟာသူမရှေ့မှာပိတ်ရပ်ထားလျှက်
" ရှေ့ဆက်တိုးရင် ကျွန်တော်တို့အင်အားသုံးရလိမ့်မယ် "
" ကျွန်မကိုအိမ်ပြန်ပို့ပေးပါ ဒါမှမဟုတ် ရှေ့...ရှေ့..ရှင်တို့ခြံတံခါးအထိပဲလိုက်ပို့ပေးပါ ကျွန်မဟာကျွန်မပြန်လိုက်ပါ့မယ် "
" အခုချက်ချင်းနောက်ပြန်လှည့်ပါ မိန်းကလေး"
" ကျေးဇူးပြုပြီး လိုက်ပို့ပေးပါ "
သူမဟာ အရဲစွန့်ပြီးရှေ့သို့ဆက်တိုးသည့်အခါထိုလူတွေကသူမအားတစ်ဖက်တစ်ချက်စီမှ ထိန်းချုပ်လာပါသည်။
" ဟင့်အင်း...ကျွန်မကိုလွှတ်...မထိနဲ့....အခုလွှတ်ပေး.... "
သူမကဇွတ်အထိမခံဘဲ ရုန်းထွက်ပေမဲ့အချည်းအနှီးသာရှိပြီး ထိုလူတွေကသူမကို ယခင်ကနေရာအိမ်ရှေ့သို့သာပြန်ပို့ဖို့ဆွဲခေါ်နေသဖြင့်
" ဖယ်....ဖယ်...လွှတ်...ဟင့်အင်း...."
သူမကိုတရွတ်မဆွဲရုံတမည်ဆွဲခေါ်လာ၍ မူရင်းနေရာမီးတိုင်အောက်မှာချထားခဲ့ကာ သူတို့ကပြန်ထွက်သွားကြသည်။
မွန်းသည် အိမ်ကြီး၏ရှေ့တည့်တည့်သို့ပြန်ရောက်သဖြင့် နှုတ်ခမ်းကိုတင်းတင်းစိ ထားလိုက်၍ လက်ကလေးကိုခပ်ကျစ်ကျစ်ပြန်ပိုက်ကာ လေတိုးတိုင်း ခန္ဓာကိုယ်ထဲစိမ့်ခနဲစိမ့်ခနဲအေးအောင်ခံစားနေရပြီး ခြေထောက်တွေယိုင်မသွားစေရန်ထိန်းထားသည် ။
Advertisement
ဒီလူလောက်ရက်စက်တဲ့လူ မွန်းဘဝမှာတစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။
ရင်ထဲမှာလှိုက်ခနဲလှိုက်ခနဲနေအောင်ကြောက်စိတ်နှင့်ဝမ်းနည်းစိတ် မုန်းတီးစိတ်တွေနဲ့ သူနေတဲ့ထိုအိမ်ကြီးကိုမော့ကြည့်ရင်းအောက်နှုတ်ခမ်းလေးကို သွားစွယ်လေးနှင့် ဖိကိုက်ပစ်လိုက်ကာ မျက်ဝန်းထဲကနေ
မျက်ရည်တွေပင် ပါးပြင်ထက်သို့တရွေ့ရွေ့ စီးကျလာ၏။
လူမဆန်တဲ့ကောင် မုန်းလိုက်တာ
ထိုနေရာကနေလည်းရွေ့နိုင်စွမ်းမရှိတော့ပဲလူက တဖြည်းဖြည်းပိုပိုပြီးသာအေးလာသည်မို့ သူမနှုတ်ခမ်းတွေတောင်အရောင်မရှိတော့ပါ။
===========
အတ္တသည် အိပ်မရခဲ့ဘဲသူမကိုအပြင်မှာ တစ်ယောက်တည်းပစ်ထားခဲ့သည်ဆိုတဲ့ စိတ်က သူ့ကို မသိမသာခြောက်လန့်နေခဲ့သည်။
အတ္တဟာ ဒုတိယထပ် သူ့အခန်းထဲမှ မှန်ပြတင်းအနားတွင် ရပ်ကာ အခန်းစီးကို ဖယ်ရင်းခြံထဲသို့ငုံ့ကြည့်လိုက်သည့်အခါ တုန်တုန်ရီရီ ရပ်နေသည့် သူမ ကို မြင်လျှင်အတ္တက ကျေနပ်သလို နှုတ်ခမ်းကိုတွန့်ပြုံးလိုက်၏။
သူမက ရုတ်တရက်အပေါ်မော့လာသည့်အခါ
မျက်ရည်စတွေကို သူတွေ့လိုက်ရသည် ။
မျက်မှောင်ကုတ်ကျသွားပြီး လက်ထဲကစီးကရက်ကို တစ်ရှိုက်ဖွာလိုက်ကာ အခန်းစီးဖြင့် ပြန်အုပ်လိုက်၍ထိုမှန်ပြတင်းကိုသာမှီလိုက်ပြီး ဆေးလိပ်ငွေ့တွေကို ရှိုက်ထုတ်ပစ်လိုက်၏ ။
ရင်ထဲကနေ လှိုက်ကနဲ ခံစားလိုက်သည့် ခံစားချက်ကို အမည်ဖော်၍မရနိုင်ပါ။
မျက်လုံးတွေ မှိတ်လိုက်ကာ
"မင်းက ဒီ့ထက်ပိုပြီး ခံစားသင့်တာ မေမီမွန်း "
အတ္တသည် တစ်ညလုံး ထိုပြတင်းကိုသာ မှီရင်း စီးကရက်တွေကိုအဖော်ပြုကာ တစ်ညလုံးကုန်ဆုံးခဲ့သည်။
မှန်ပြတင်းဘောင်ပေါ်က ဆေးလိပ်ခွက်ထဲတွင် ဆေးလိပ်တိုတွေအပြည့်က ဒီတစ်ညတည်းအတွက်ဆိုရင် အရမ်းများနေမလား ။
မနက်၄နာရီ၃၀မိနစ်အချိန်ဖြစ်၍ အတ္တသည် မိုးလင်းပြီဟု ထင်မှတ်ကာ အခန်းစီးကို တစ်ဖန် ပြန်ဖယ်ကြည့်တော့ သူမျက်ခုံးတွန့်သွားရပြန်သည်။
"မင်း သိပ်ခေါင်းမာတာပဲ တော်တော် တောင့်ထားနိုင်တယ်"
ထိုနေရာမှာပဲပုံစံမပျက်ရပ်နေသည့်သူမကိုကြည့်ပြီးဆိုလိုက်ခြင်းဖြစ်သည်။
ဒီအချိန်သူမဟာအအေးဒဏ်နဲ့ပုံရပ်လဲနေလောက်ပြီဟုထင်ထားခဲ့တာ။
အတ္တက လက်ထဲက ဆေးလိပ်တိုအား ခွက်ထဲသို့ပစ်ထည့်လိုက်ပြီး သူ့ရဲ့ ကျွန်းအခန်းတံခါး အမြင့်ကြီးရှိရာသို့ အေးစက်စွာလျောက်လာခဲ့၏။
ဘယ်လောက်တောင်အေးစက်လိုက်သလဲ
လှေကားဆင်းသည့်အခါ ခြေသံတောင်မကြားရပါ။
အတ္တက သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဧည့်ခန်းထဲတွင် ဘောင်းဘီအိတ်ထောင်ထဲလက်လျှိုကာ
"အလင်း "
သူ့အသံက အေးစက်ညက်ညောပေမဲ့ တစ်ခါခေါ်ရုံဖြင့် အလင်းက သူ့အနားကို ဘယ်ကနေပေါ်လာမှန်းမသိပါ ။
"တံခါးဖွင့်လိုက် "
အလင်းက သူ့သခင်၏အမိန့်ရတော့ အိမ်တံခါးမကြီးကို ဖွင့်လိုက်၏ ။
ရှေ့တည့်တည့်က မိန်းကလေးသည် လက်ပိုက်ရပ် မတ်မတ်ရပ်နေနိုင်နေသေးသည်ကိုတွေ့ရသည်။
အလင်းကဘာလုပ်ရမလဲ ဆိုသလို
အတ္တကိုလှည့်ကြည့်လျှင်သူက မေးဆက်ပြလိုက်ရာ သွားခေါ် ဟူသည့် သဘောအား
အလင်းကနားလည်ပြီး သူမဆီသို့သွားသည်။
"မိန်းကလေး မိန်းကလေး ..."
အလင်းခေါ်တာကိုသူမဘက်မှပြန်မထူး တုန့်ပြန်တဲ့အမူအယာလည်းမရှိ။
သူမရဲ့ ဆံပင်တွေကလည်း နှင်းရည်နှင်းစက်တို့ စိုရွှဲစွာ အနီရောင်မထွက်တော့ဘဲအညိုရောင်ခပ်မှိုင်းမှိုင်းမျိုးဖြစ်ပြီးအချောင်းလိုက်အချောင်းလိုက်ကျနေသည်။
သူမရဲ့ဂါ၀န်လေးမှာလည်း စိုရွှဲ၍ အိတွဲကျနေလေလျှက် ရုတ်တရက် သူမ မြေပြင်ပေါ်သို့လဲကျတော့မလိုယိုင်နဲ့သွားလေရာ အလင်းမှထိန်းပွေ့လိုက်သည်။
"မိန်းကလေး မိန်းကလေး "
အလင်းက အိမ်ထဲသို့ လှမ်းကြည့်လိုက်တော့
အတ္တကခေါင်းညိတ်ပြသည်မို့ သူမကိုချီလျှက်အထဲဝင်လာခဲ့၏။
"မင်း အသက်ပျောက်သွားရင် ကံကောင်းခြင်းပဲ မေမီမွန်း"
အတ္တက အလင်းလက်ထဲမှာကော့လန်ပြီးသတိလစ်နေသော မွန်းကိုကြည့်ကာပြောလိုက်သည်။
"ဒေါ်မေတင် "
အတ္တကခေါင်လိုက်သည်နှင့် အသက်၅၀အရွယ်ခပ်ဝဝအိမ်တော်ထိန်းဒေါ်မေတင်သည် အနောက်မှ ထွက်လာသည့်အခါ အတ္တသည် အလင်းလက်ထဲက မွန်းကို မေးငေါ့ ပြရင်း
"လုပ်စရာရှိတာလုပ်ပေးလိုက်ဦး"
ဟုဆိုကာသူထိုင်နေကျ ဆိုဖာ ခုံအကြီးကြီးပေါ်သို့ ခြေချိတ်ထိုင်လိုက်သည် ။
"အလင်း ဒီဘက်လာ ဒီဘက်လာ"
ဒေါ်မေတင်ကပဲ ဦးဆောင်ကာ အလင်းကိုအိမ်အပေါ်ထပ်သို့ခေါ်သွားသည်။
အတ္တ ရဲ့ဘေးကပ်ရပ် အခန်းတံခါးကိုဖွင့်ပေးလိုက်ရာ အလင်းကသူမကိုအိပ်ယာပေါ်သို့ အသာ ချလိုက်သည် ။
" ရပြီ အလင်းရေ ကျန်တာ ဒေါ်တင် ဆက်လုပ်ပေးလိုက်မယ် "
"ဟုတ်ကဲ့ လိုရင် ခေါ်လိုက်ပါ မေတင်"
အလင်းက အောက်ပြန်ဆင်းသွားခါမှ ဒေါ်မေတင်ဟာ
"ကျွတ် ကျွတ် ကျွတ် စိတ်မကောင်းလိုက်တာ
မိန်းကလေးရယ် နှင်းတွေကျနေတာကို ညကြီး တစ်ယောက်တည်း ရပ်နေရတယ်လို့ သခင်လေးက သွေးအေးတယ်ကွယ့်"
သတိလစ်နေသောသူမအား သနားစိတ်ဖြင့် ပြောမိလေသည် ။
အိပ်ယာဘေးကဗီရိုထဲမှာအင်္ကျီလဲပေးရလွယ်ကူသော ခပ်ပွပွ ဂါ၀န်ထူထူကိုနွေးထွေးအောင်၀တ်ပေးကာ သူမအသားတွေဟာလည်းပူကျစ်နေသဖြင့်
"ကိုယ်တွေလည်း ပူလို့ပါလား "
စောင်ခြုံပေးခဲ့ပြီး ဒေါ်မေတင်က အောက်သို့တစ်ခေါက်ဆင်းကာ ဆေးနဲ့ရေသွားယူပြန်လေသည်။
ဒေါ်မေတင်သည် ဆေးနဲ့ရေကို အိပ်ယာဘေးစားပွဲမှာ အဆင်သင့်ချပေးကာ အောက်သို့ပြန်ဆင်း၍ သူမ၏အလုပ်သူမဆက်လုပ်သည်။
ဒေါ်မေတင်လည်း လူကသာ နောက်ဖေးမီးဖိုခန်းတွင် အလုပ်လုပ်နေရသည် ။
စိတ်က မွန်းဆီတွင်သာရှိနေ၍ ကလေးမလေး ကို သနားလွန်းလို့ သတိမှရရဲ့လား
ဟုစိတ်ထဲကရေရွတ်လိုက်သည်။
==============
"အလင်း "
"ဟုတ်ကဲ့"
" နယ်စပ် ဘက်ကအ၀င်တွေ ရပြီမလား "
"ခုထိမရောက်သေးပါဘူး လမ်းက နည်းနည်းကြပ်ပုံရတယ် "
"ဒါဆို ဘယ်လိုသွင်းမလဲ "
"နေ့လည်က တော့ဖုန်းဆက်ပါတယ် အပြား အရင် သွင်းဖို့တဲ့ "
"ကောင်းပြီ ဒါဆို သူတို့လည်း လမ်းကြပ်တာကို သိပုံရတယ် အဲ့တာ အရင်သွင်းလိုက် ငါ သင်္ဘောဆိပ်ကို သွားရဦးမယ်"
"ဟုတ်ကဲ့ ငွေက?"
"သေချာစစ်ခဲ့ အဲ့ဒီဘက်က ညစ်တယ် အရင်လက ကျားကြီးတို့ ဂိုဏ်း ကိုငွေအတုနဲ့လိမ်သွားတယ်ကြားတယ်"
"ဟုတ်ကဲ့ စိတ်ချပါ "
"လူလုံလောက်အောင် ခေါ်သွား "
Advertisement
"ဟုတ်ကဲ့ အခုပဲ သွားလိုက်ပါ့မယ် သခင်လေး"
အလင်းက ထွက်သွားပြီးနောက်မှာ
အတ္တလည်း ဧည့်ခန်းထဲမှ တိုင်တွင် အသင့်ချိတ်ထားသောကုပ်အင်္ကျီကိုလျှိုဝတ်၍ ကားတစ်စီးဖြင့် ထွက်သွားလေ၏ ။
သင်္ဘောဆိပ်မှာဆို များသောအားဖြင့် ခေါင်းဆောင်အသီးသီးသာ လာကြသဖြင့် သူကိုယ်တိုင်သွားရသည်။
ဒီလိုင်းက၀င်တဲ့ အမှုန့်တွေကို လိုချင်တဲ့ရန်သူတွေလည်းပေါ၏ ။
အရင်တစ်ခါက အတ္တ မရလိုက်ပဲရှုံးထားသည်မို့ ဒီတစ်ကြိမ်တော့ ရမှဖြစ်မည်ဟူ၍ လာခဲ့ပါသည်။
ဒါပေမဲ့ ရသင့်သလောက်မရခဲ့ဘဲတစ်၀က်သာ ရခဲ့သည့်အတွက် စိတ်ကတော့သိပ်မကြည် ။
တစ်၀က်ရဖို့တောင််အတော်လေးကြိုးစားခဲ့ရတာဖြစ်၏။
ခြံထဲသို့ ကား၀င်လာသည့်အခါ ဘရိတ်နင်းတဲ့အသံက အတော်ကျယ်ပါသည်။
မျက်နှာထားခပ်တင်းတင်းဖြင့် အတ္တ အိမ်ထဲ၀င်လာခဲ့လျှင် ပထမဆုံးသတိရမိတာက
မေမီမွန်း သတိရပြီးလား။
ချက်ချင်းပဲ သူမရှိသောအခန်းသို့တက်လာခဲ့ရာအခန်းတံခါးရှေ့မှာ သူ့တပည့်၂ယောက်တွေ့တာမို့ မျက်မှောင်ကုပ်သွား၍
"မင်းတို့ကဘာလုပ်နေတာလဲ"
"မနေ့ညကလိုပဲ မိန်းကလေးကထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ကျွန်တော်တို့ခြံထဲကနေပြန်ခေါ်ထားရပါတယ် ဒါကြောင့်စောင့်နေရတာပါသခင်လေး"
"လစ်တော့!"
လေသံအေးလေးနဲ့ပဲ မောင်းထုတ်လိုက်ပြီး
အတ္တက အခန်းတံခါး ဖွင့်လိုက်သည် ။
တံခါးဖွင့်သံကြားသဖြင့် အိပ်ယာပေါ်တွင် ဒူး၂ဖက်ပေါ်လက်တင်၍မျက်နှာအပ်ထားသောသူမကမျက်ရည်တွေနဲ့မော့ကြည့်လာလျှင်
အတ္တမှာ ချက်ချင်းမျက်နှာက တစ်မျိုးပြောင်းကာ ရင်ထဲတွင် မနေ့ညက သူ့မျက်ရည်မြင်သည့်အခါ ဖြစ်လာတဲ့ခံစားချက်မျိုးဖြစ်လာ၏။
"ရှင်!"
မွန်း မျက်ရည်တွေကို ပွတ်သပ်သုတ်ဖယ်ပစ်လိုက်ပြီး
"လူမဆန်တဲ့ကောင်ပဲ မိန်းကလေးတစ််ယောက်ကိုဒီလိုနှိပ်စက်ရတာပျော်စရာကောင်းနေသလား"
သူမအိပ်ယာပေါ်မှာ မတ်နေအောင်ထိုင်၍ သူ့ကို အံကြိတ်ကာ ပြောပစ်လိုက်သည်။
"မင်း မသေဘူးပဲ"
သိပ်ရက်စက်တဲ့လူပဲ သူဟာမွန်းကိုသေစေချင်နေတာလား သေအောင်လို့တမင်သပ်သပ်ပစ်ထားခဲ့တာလား
ဒါပေမဲ့သူက မွန်းမသေတာကိုတော့ဝမ်းသာနေတဲ့ပုံစံရှိသည်။
"မင်း မသေတာ ကံဆိုးတယ် ငါကတော့ ထပ်နှိပ်စက်မှာပဲ"
"ရှင်နဲ့ကျွန်မဘာမှလည်းမပတ်သတ်ခဲ့ဘူး ပတ်သတ်စရာအကြောင်းလည်းမရှိဘဲ ဒီလိုမလုပ်သင့်ဘူး ရှင့်ကိုပြန်ပေးစွဲမှုနဲ့တရားစွဲပစ်မယ် "
ထိုအခါသူက သူမရှိတဲ့အိပ်ယာပေါ်သို့ထူးတစ်ဖက်ထောက်တင်လိုက်ကာ သူမရဲ့ မေးဖျားကိုဆွဲယူလိုက်ပြီး
"ငါ့ကိုလွယ်လွယ်နဲ့တရားစွဲလို့ရမယ်လို့ထင်နေတာလား မင်းမပတ်သပ်ချင်လည်း မင်းသေတဲ့အထိငါနဲ့ပတ်သပ်ရမှာပဲ မင်းအသက်ကငါ့လက်ထဲမှာ"
"အခုသတ်လိုက်!"
မွန်းဟာသူ့မျက်လုံးတွေကိုတည့်တည့်ကြည့်ကာပြောလိုက်လျှင်
"ဟက် လုံး၀ပဲ"
မျက်နှာလွှဲလို့မရအောင်သူဟာသူမမေးဖျားကိုချုပ်ကိုင်ထားသဖြင့် စကားပြောတိုင်းရနေတဲ့
သူ့ဆီကစီးကရက်နံ့တွေဟာမုန်းဖို့အရမ်းကောင်းသည်။
"မင်းကို သေနတ်သုံးပြီး မသတ်ဘူး ဖြေးဖြေးချင်းပေါ့"
"ရှင့်ကိုအရမ်းမုန်းတယ် လူယုတ်မာ"
"ငါလည်းမုန်းတယ် မင်းကိုချစ်လွန်းလို့ဖမ်းခေါ်ထားတယ်မထင်နဲ့ "
=================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(4)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(3)
အတၱသည္ သူမကိုေသြးေအးရက္စက္ေသာအၾကည့္မ်ားျဖင့္ၾကည့္ေနရင္း သူမရဲ႕ႏွဖူးေပၚကေသနတ္ေျပာင္းဝဟာလည္းေနရာေ႐ြ႕သြားျခင္းအလ်ဥ္းမရွိပဲ အတၱသည္ေသနတ္ကိုပိုမိုတင္းၾကပ္ေအာင္ဆုပ္ကိုင္လိုက္ခ်ိန္.....
သူမဟာအတၱရဲ႕မ်က္ႏွာကိုတည့္တည့္ေမာ့ၾကည့္ၿပီး
" ေမမီမြန္း!"
ဟုေျပာလိုက္သည္။
အတၱဟာ သူမႏႈတ္မွထြက္လာေသာနာမည္တစ္ခုကိုၾကားလွ်င္ၾကားျခင္း မ်က္ခုံးေတြက က်ဳံ႕၀င္သြားကာ သူမကိုေစာနကထက္ပိုၿပီးစူးစိုက္အကဲခက္လိုက္မိသည္။
သူမရဲ႕နီညိုေရာင္ဆံပင္လွိုင္းတြန့္ေတြကအစ သူ႕ကိုတုန့္ျပန္ေနသည့္မ်က္ႏွာေသေလးအပါအဝင္တစ္ကိုယ္လုံးကိုၿခဳံငုံၾကည့္ရႈလွ်က္
မ်က္၀န္းေတြနဲ႕သူ၏မ်က္ႏွာထားက လိုခ်င္တာကိုရသြားတာမ်ိဳးေျပာင္းလဲသြားသည္။
အတၱဟာ သူမႏွဖူးေပၚကပစ္စတိုေသနတ္ကိုဖယ္ရွားလိုက္ၿပီး
"ဟက္ ေသခ်ာသားပဲ မင္း မွ မင္း "
အတၱေျပာလိုက္တဲ့စကားေၾကာင့္ သူမကမ်က္ေမွာင္ကုပ္ၾကည့္လိုက္သည္။
"ရွင္ ဘာကိုဆိုလိုတာလဲ"
"အစကေတာ့မင္းကိုတစ္ခါတည္းေျမျမႇုပ္ေပးမလို႔ "
သူ႕စကားအရမြန္းဟာကံေကာင္းလို႔အသက္ရွင္ခြင့္ရတာေပါ့။
မြန္းသာနာမည္ကိုမေျပာလိုက္ရင္သူဟာအဲ့ဒီေသနတ္နဲ႕တကယ္ပစ္သတ္မည့္ပုံရွိသည္။
"ခုေတာ့ မင္း ကိုမသတ္ခ်င္ေတာ့ဘူး မင္း ငါ့အတြက္ေပးဆပ္စရာေတြရွိတယ္ ခ်က္ခ်င္းႀကီးေသခြင့္ေပးလိုက္ရင္ မင္းအရမ္းကံေကာင္းသြားမွာေပါ့ မင္းေပးဆပ္သင့္သေလာက္ေတာ့ ေပးဆပ္ၿပီးမွေအးေဆးေသ "
သူဟာ လက္ထဲကေသနတ္ကို အလင္း အားပစ္ေပးလိုက္ၿပီး မြန္းမွီထားတဲ့ကားကို သူလက္လွမ္းေထာက္လိုက္ေတာ့ မြန္းဟာ ပိုၿပီးအေနၾကပ္သြားရသည္။
ေခါင္းကိုကားနဲ႕ကပ္တဲ့အထိေနာက္ဆုတ္ထားရင္း
"ရွင္ေျပာတာေတြ တစ္ခုမွ ကြၽန္မနားမလည္ဘူး "
သူက ႏႈတ္ခမ္းမွာကိုက္ခဲထားေသာ စီးကရက္ကို လက္ႏွစ္ေခ်ာင္းျဖင့္ကူးေျပာင္းၿပီး
သူ႕မ်က္ႏွာႀကီးက မြန္းအနားကို အရမ္းငုံ႕လာတာေၾကာင့္ မ်က္ႏွာကို တစ္ဖက္သို႔ေစာင္းလွည့္ပစ္လိုက္သည္ ။
"ေနာက္ေတာ့ နားလည္သြားမွာေပါ့"
သူ႕ႏွာေခါင္းမွ ရွိုက္ထုတ္လိုက္သည့္စီးကရက္ေငြ႕ေတြက မြန္းရဲ႕ လည္ပင္းျဖဴျဖဴေလးေပၚသို႔ ယွက္ေျပးသြားသလို စီးကရက္အနံ႕ေတြကႏွာေခါင္းထဲသို႔ေထာင္းခနဲဝင္လာသည္။
မုန္းလိုက္တာ အဲ့ဒီေဆးလိပ္အနံေတြကို ။
ထို႔ေနာက္ သူကမြန္းဆီကေနခြာၿပီး အိမ္ထဲဝင္ရန္လွည့္ထြက္သြားသျဖင့္ မြန္းလည္း က်န္ရစ္တဲ့ေဆးလိပ္နံ႕ေတြကို လက္ျဖင့္ ယက္ထုတ္ကာ
ေခ်ာင္းတဟြတ္ဟြတ္ဆိုးလာသည္။
မြန္းသည္ သူအိမ္ထဲသို႔မေရာက္မီ
"ဒီမွာ ကြၽန္မကို အိမ္ျပန္ပို႔ေပး ရွင္ေျပာတာေတြကိုနားလည္းမလည္ဘူး နားလည္းနားလည္မခ်င္ဘူး ကြၽန္မ သိတာ အခုအိမ္ျပန္ပို႔ ရွင့္ကိုလည္းကြၽန္မမသိဘူး ကြၽန္မကိုလည္း ရွင္ မသိပဲနဲ႕ ဒီထိေခၚလာၿပီး "
သူက အိမ္အေပါက္၀မွာေျခစုံရပ္လိုက္ကာ ေနာက္ကိုလွည့္မၾကည့္ပဲ။
"ငါ က မင္းကို သိတယ္ဆိုရင္ေရာ "
"ဘာပဲျဖစ္ျဖစ္ ကြၽန္မ ရွင့္ကိုမသိဘူး ကြၽန္မအိမ္ျပန္ခ်င္တယ္ "
သိပ္ရဲတင္းလြန္းတဲ့မိန္းကေလးပဲ ။
ဒီေလာက္ေၾကာက္ဖို႔ေကာင္းတဲ့စက္ကြင္းထဲေရာက္ေနတာကို သူမသိတာလား သိရဲ႕နဲ႕ ငါ့ကို ပုံကန္ေနတာလား ။
"အပိုစကားမေျပာနဲ႕ မင္း အခုအိမ္ထဲမ၀င္ရင္ တစ္ညလုံး အျပင္မွာပဲ ေနရမယ္ "
ထိုအခါမြန္းသည္ ဦးႏွောက္ထဲမွာေဝဝါးသြားကာ ေၾကာက္ေဒါသေတြလည္းဆူပြက္လာၿပီး အိမ္ထဲဝင္ရင္လည္းသူမဘဝအၫႊန့္တုံးမလားေတာင္မသိတဲ့အေျခအေနျဖစ္သျဖင့္ အျပင္မွာေနၿပီးထြက္ေျပးနိုင္မည့္လမ္းကိုရွာေဖြဖို႔ဆုံးျဖတ္လိုက္သည္။
"1"
"2"
"....."
အတၱ သူမအတြက္ အခြင့္အေရးေပးခဲ့ပါေသာ္လည္း ေခါင္းမာတဲ့သူမဟာ လုံးဝေျခလွမ္းေတြေ႐ြ႕မလာေသာေၾကာင့္
"3"
အတၱက ႏႈတ္ခမ္း ကိုတစ္ျခမ္းမဲ့ ပစ္လိုက္ၿပီးမွ
"အလင္း အိမ္တံခါးေတြအကုန္ပိတ္ပစ္လိုက္ ဒီတစ္ညလုံး ငါ့ခြင့္ျပဳခ်က္မပါပဲ လုံး၀တံခါးဖြင့္မေပးနဲ႕ "
ဟုဆိုၿပီး ေဆးလိပ္တိုကို သူမရွိရာ ဘက္ဆီသို႔ လႊင့္ပစ္လိုက္ရင္း အိမ္ထဲသို႔ ေအးစက္စြာ ၀င်သွားခဲ့သည်။
အတၱ၀င္သြားသည္ႏွင့္တစ္ၿပိဳင္နက္ အိမ္ႀကီးမွာရွိတဲ့ တံခါးေတြကို အေစခံေတြလိုက္ ပိတ္ေနၾက၏ ။
ျပတင္းေပါက္ေတြပိတ္ေနတဲ့အေစခံေတြကို သူမတစ္ေယာက္ခ်င္းလိုက္ၾကည့္သည့္အခါ အသက္အႀကီးဆုံးျဖစ္ေလာက္မည့္ အသက္၅၀အ႐ြယ္အမ်ိဳးသမီးႀကီးတစ္ဦးက သူမအားသနားတဲ့မ်က္လုံးေတြနဲ႕ၾကည့္ေနသည္။
ဒါေပမဲ့ ထိုအမ်ိဳးသမီးဟာလည္း မြန္းကိုကယ္နိုင္မယ့္လူမဟုတ္ သူ႕သခင္အမိန့္ေၾကာင့္ ေခါင္းရမ္းခါလိုက္ၿပီး တံခါးေတြပိတ္သြားသည္ ။
မြန္းဟာ သူ၀င္သြားတဲ့ေက်ာျပင္ကို ဖုံးကြယ္သြားသည့္ တံခါးေပါက္အျမင့္ႀကီးကို စူးစူးရဲရဲၾကည့္ပစ္လိုက္သည္ ။
ထို႔ေနာက္ သူမရဲ႕ေနာက္ကကားႀကီးကိုလည္း လူတစ္ေယာက္က ဂိုေထာင္ထဲသို႔ေ႐ႊ႕လိုက္သည့္အခါ ဒီေလာက္က်ယ္ျပန့္လွတဲ့ ၿခံ၀န္းထဲမွာ မြန္း တစ္ေယာက္တည္းရွိေနခဲ့၏။
မြန္းေဘးပတ္လည္ကိုလွည့္ၾကည့္ပါေသာ္လည္းတစ္စုံတစ္ေယာက္မွ်မရိပ္အေယာင္ေတာင္မေတြ႕ရေပ။
အခ်ိန္အားျဖင့္ညသန္းေခါင္ယံျဖစ္သျဖင့္ ႐ုတ္တရက္ပဲ လင္းထိန္ေနသည့္ ၿခံ၀န္းႀကီးဟာအေမွာင္က်သြားသည္။
ဒါကေတာ့သူ႕လက္ခ်က္ပဲလား ။
မြန္းကေကာင္းကင္သို႔ေမာ့ၾကည့္ေတာ့ တျခမ္းပဲသာေနတဲ့လႀကီးကလည္းသူမဘက္ကမဟုတ္ဘူးထင္ပါရဲ႕ တိမ္ေတြဖုံးလႊမ္းလွ်က္ရွိ၏။
သူမေကာင္းကင္သို႔ေမာ့ၾကည့္ေနတုန္း သူမနဲ႕အနီးဆုံးက မီးတိုင္ကေလးဟာ လင္းလာေပမဲ့ ေမွာင္မဲေနတဲ့ဒီၿခံအက်ယ္ႀကီးကို ဒီခပ္မွိန္မွိန္မီးတိုင္ကေလးေလာက္နဲ႕လုံေလာက္ေသာအလင္းမ်ိဳးမေပးနိုင္ပါ။
သူမေရွ႕က သူပစ္ခ်သြားတဲ့ ေဆးလပ္တိုကို သူအမွတ္နဲ႕ သူမေဒါက္ဖိနပ္ေလးျဖင့္ ပြတ္ေျခနင္း ပစ္လိုက္ၿပီး
"ယုတ္မာလိုက္တဲ့လူ အက်င့္မေကာင္တဲ့လူ ေသစမ္း ေသစမ္း "
ေမွာင္ေမွာင္ မဲမဲၿခံအက်ယ္ႀကီးထဲမွာ မြန္းဟာ တိမ္ဖုံးေနေသာလတျခမ္းကိုေမာ့ၾကည့္လိုက္
က်ယ္ျပန့္လွတဲ့ ၿခံ၀န္းႀကီးထဲကို လွည့္ၾကည့္လိုက္ျဖင့္ ေအာက္ႏႈတ္ခမ္းေလးကိုဖိကိုက္ကာ သူမကိုေခၚလာခဲ့တုန္းကအလာလမ္းကိုခန့္မွန္းၿပီး ေျပးထြက္လာသည္။
မြန္းသည္ ေျမလမ္းေဘးကျမက္ခင္းေတြကိုလည္းမ်က္စိေစြၾကည့္ရင္း အေမွာင္ထဲမွာ ေရပန္းႀကီးကိုလည္းခပ္ေရးေရးျမင္ရသည္။
ထိုေရပန္း၏အလြန္မွာေတာ့ဘာမီးေရာင္မွမရွိေတာ့ဘဲ အရမ္းေမွာင္မိုက္သြားကာ မြန္းေရွ႕ကိုပင္သည္းကြဲစြာမျမင္ရေတာ့ပါ။
အခုသူမဘယ္ေနရာေရာက္ေနၿပီလဲ ဒီၿခံႀကီးရဲ႕ထြက္ေပါက္ဟာေရာဘယ္နားမွာလဲ မြန္းလမ္းတစ္ဝက္မွာပင္ေျခလွမ္းတို႔ရပ္သြားကာ ေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ သူေနတဲ့တိုက္ႀကီးကိုလည္းဝိုးတိုးဝါးတားပဲျမင္ရေတာ့သည္။
ညသန္းေခါင္ေက်ာ္လာေလ ပတ္ဝန္းက်င္ကေအးစက္လာေလျဖစ္ကာ ဂါဝန္ပါးေလးတစ္ထည္တည္းႏွင့္သူမဟာ ခ်မ္းစိမ့္စြာခံစားလာရၿပီးလက္ကေလးကိုက်စ္က်စ္ပါေအာင္ပိုက္ထားလိုက္သည္။
ေရွ႕သို႔ဆက္သြားရမလားမီးေရာင္ရွိတဲ့အေနာက္ကိုပဲျပန္လွည့္ရမလားစဥ္းစားေနတုန္း သူမေရွ႕သို႔ခပ္မဲမဲအရိပ္တစ္ခ်ိဳ႕ေရာက္လာၿပီးလူခ်င္းမသည္းကြဲတဲ့အေျခအေနမွာ ေယာက္်ားႏွစ္ေယာက္ရဲ႕အရိပ္အေယာင္ဟာသူမေရွ႕မွာပိတ္ရပ္ထားလွ်က္
" ေရွ႕ဆက္တိုးရင္ ကြၽန္ေတာ္တို႔အင္အားသုံးရလိမ့္မယ္ "
" ကြၽန္မကိုအိမ္ျပန္ပို႔ေပးပါ ဒါမွမဟုတ္ ေရွ႕...ေရွ႕..ရွင္တို႔ၿခံတံခါးအထိပဲလိုက္ပို႔ေပးပါ ကြၽန္မဟာကြၽန္မျပန္လိုက္ပါ့မယ္ "
" အခုခ်က္ခ်င္းေနာက္ျပန္လွည့္ပါ မိန္းကေလး"
" ေက်းဇူးျပဳၿပီး လိုက္ပို႔ေပးပါ "
သူမဟာ အရဲစြန့္ၿပီးေရွ႕သို႔ဆက္တိုးသည့္အခါထိုလူေတြကသူမအားတစ္ဖက္တစ္ခ်က္စီမွ ထိန္းခ်ဳပ္လာပါသည္။
" ဟင့္အင္း...ကြၽန္မကိုလႊတ္...မထိနဲ႕....အခုလႊတ္ေပး.... "
Advertisement
- In Serial534 Chapters
Chosen by Fate, Rejected by the Alpha
Eighteen-year-old Trinity is unlike any other werewolf in her pack. For one, there were unusual circumstances surrounding her birth, for another, she is the only pack member to never shift into a wolf...
8 1007 - In Serial43 Chapters
Knowing Xavier Hunt ✓
|| Featured FREE story with exclusive paid chapters - previously a paid story ||When Haley discovers the truth behind Xavier, whose silence holds a deeper meaning, she sets her mind on making his life better one small step at a time. *****Haley Rosamond is happy with her simple life, content under the wing of her father. Well-protected, she has no idea of the darkness surrounding Xavier Hunt, with his all-black attire and infrequent presence in school-accompanied by his bruises and scars. That is, until Haley catches a glimpse of Xavier's reality and is made to question everything she knows about family and life in general. The truth, she realizes, couldn't be more different from everything she has heard. Supported by her father, Haley sets her mind on helping Xavier any way she can, and what begins with tutoring sessions, free food, and random acts of kindness blooms into friendship and something a little more. But when Haley's admission into her dream college and another tragedy in Xavier's life threaten to undo everything she has worked for, Haley needs to decide if she'll stick by Xavier or simply be another person in his life that disappears. [[word count: 80,000-90,000 words]]
8 559 - In Serial7 Chapters
The Unwanted
Cyan Ravindra was only a child when she came into Genesis Vadell's care. Years later, she still doesn't know why her parents gave her to such a monster. However, when she sees him, her heart takes over and it seems to know the truth. Genesis' caring nature overwhelms him whenever she's near. Genesis tries his best to stay away from Cyan but it's like he's naturally drawn to her. His solution? Lie. Cyan must never discover the truth about her parents or the small, isolated village she once called home, even if it means she has to hate him. Will Destiny prevail when she finds out her existence is a lie? The Unwanted can also be found on Inkitt.
8 84 - In Serial16 Chapters
A Magical Life: Ink Swan
What life would you live after you wake up in a foreign room and world? After Lisa fell asleep in her classroom, she suddenly found herself in a different body and a different world. Easy-going as she is and experienced with some otherworldly drama, she quickly adjusts. Her aspiration has been for a long to just live a peaceful and passive life observing others. Yet, with a princess visiting her every other day after she saved her, the passive day seem so far away. Faced with the turmoil surrounding the princess, Lisa has to come to terms with her own insecurities and past, or she'll risk what she loves.Of course, in between she won't forget to learn some long-desired magic! This is in the end a story about a girl leaving the stagnation of her own world, her own life and going into a world moving on its own without her intervention, and she'll have to deal with the consequences, should she stay still. Love and Life can be fleeting, after all.
8 216 - In Serial63 Chapters
Forget it || Wendy x Suga ||
Both Suga and Wendy went through a very toxic breakup because of a huge misunderstanding back in highschool. But can they patch things up now, when they're adults and famous idols?Will they be able to forget the horrible memories of the past?Can they still be together?Or will everything be messed up again.Started: 6th July 2019Ended : 7th July 2020
8 242 - In Serial14 Chapters
Every book I've ever published.
Discover and explore all the books I have published on Wattpad. A total of seven books and all of them are different. Stop by and see what you like.Titles/works (in no particular order)~How I met my worst Enemy~When I fell for my worst Enemy~A Gorgon and her fairytale~The Beauty, the Maiden, and the Bane~Running with the wolves~Walking with the Vampire~Flying with the Dragons
8 116

