《အတ္တလွန်အချစ် (OC) Completed》Part (5) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(5)
မွန်းသည် ထမင်းကို နှုတ်ခမ်းနာသည့်ကြားက မြန်မြန်စားနေသဖြင့်
"ဖြေးဖြေးစားပါ မမလေး သခင်လေးက ပြန်မ၀င်လာလောက်ပါဘူး"
သူမက ရေသောက်လိုက်ပြီး
"မေတင် လို့ခေါ်မယ်နော် "
အတ္တ ထွက်သွားပြီး သူမဗိုက်၀သွားမှ
မျက်နှာလေးအနည်းငယ်ကြည်လင်လာသည်။
"မွန်းမှာ အမေ မရှိတော့ဘူး မေတင် ရဲ့ အဲ့တာကြောင့် မေတင် လို့ခေါ်တာ ပြီးတော့ ဒီအိမ်ကနေ မလွတ်သေးတဲ့ကာလပတ်လုံး မေတင့်ကိုပဲ အဖော်ပြုရမှာ"
"မမလေး လိုတာအားလုံးခိုင်းပါ ဒေါ်တင် လုပ်ပေးမယ်"
မွန်းက ဒေါ်မေတင် အနားသို့ ပိုတိုးကပ်ကာ လက်ကလေးကို ကိုင်လိုက်ပြီး
"မွန်း တစ်ခုလောက်မေးလို့ရမလား ဟင် "
"မေးကြည့်လေ "
"အဲ့ဒီလူရဲ့ နာမည်ကဘယ်သူလဲ "
"သခင်လေး နာမည်က အတ္တလွန် တဲ့"
မွန်းက နှုတ်ခမ်းမဲ့လိုက်ပြီး
"အတ္တလွန် နာမည်တဲ့သိပ်လိုက်ဖက်ပါတယ် "
"အင်း...နာမည်စီးနေတယ်ထင်ပါရဲ့ သခင်လေးက အတ္တကြီးလွန်းတယ် "
"မွန်းကို ဘာလို့အခုလိုချုပ်နှောင်ထားတာလဲ မွန်းနဲ့သူနဲ့ကြားမှာဘာအငြိုးအတေးရှိလို့လဲ မွန်းသူ့ကိုအခုမှမြင်ဖူးတာ"
"ဒေါ်တင်လည်း မသိဘူးကွယ့် ဒေါ်တင်က ဒီအိမ်ရဲ့ အစေခံတစ်ယောက်လေ မမလေး လောက်အရေးပါတဲ့သူမဟုတ်ဘူး မမလေး ကိုယ်တိုင်မေးကြည့်ပေါ့"
"မွန်းကိုမဖြေဘူး မေတင်ရဲ့ "
ဒေါ်မေတင် မှန်ပြတင်းပေါက်သို့မျက်လုံးရောက်သွားသည့်အခါ မွန်းတည့်ချိန်ရောက်နေပြီမို့ သခင်လေးမှာတာလုပ်ရဦးမယ်။
"မမလေး ဒေါ်တင် ဆေးသွားယူလိုက်ဦးမယ် "
"ဟင်.... ဟုတ်ကဲ့"
တကယ်တော့ ဒေါ်မေတင် မွန်းအနားကထွက်သွားမှာကိုပင်ကြောက်မိသည်။
မေတင်မရှိတုန်း သူ၀င်လာရင်
မွန်းကိုတစ်ခုခုလုပ်မှာ ကြောက်တယ် ။
မွန်းတစ်ယောက်တည်းမနေချင်ဘူး ။
၅မိနစ်လောက်နေတော့ ဒေါ်မေတင် အပေါ်ပြန်တက်လာခဲ့သည်။
"မမလေး ဒီမှာ အိပ်ဆေးလေးသောက်လိုက်ပါနော် မအိပ်ရတာကြာနေတော့ မျက်စိကြောင်နေပြီး အိပ်မပျော်မှာဆိုးလို့ "
မွန်း ခေါင်းညိတ်ပြီး မေတင့်လက်ထဲက ဆေးလုံးလေးကို ပါးစပ်ထဲထည့်ကာ ရေဖြင့်မျောချလိုက်သည်။
"အိပ်လိုက်နော် မမလေး "
ဆိုကာ မွန်းလှဲချလိုက်တေ့ာ စောင်တွေခြုံပေးပါသည် ။
မွန်း မျက်လုံးလေးမှိတ်လိုက်သည့်အခါ
မေတင်က မွန်းနှုတ်ခမ်းလေးကို ဆေးလိမ်းပေးသည်။
မွန်းသိပေမဲ့ မျက်လုံးဖွင့်မကြည့်တော့ဘဲ
ဒါတွေကို သူ ခိုင်းသွားတာလား။
မေတင်ထွက်သွားသည်ကို တံခါးပြန်ပိတ်သံအရ မွန်းသိလိုက်ရပါသည် ။
အိပ်မပျော်သေးသည့်အချိန်အတွင်း
နဒီ ငါ့ကိုစိတ်ပူနေမလားဆိုသည့် အတွေးလေး၀င်လာပေမဲ့ အိပ်ဆေးအရှိန်ကြောင့် အိပ်ပျော်သွားသည်။
=======
အတ္တက၀ရန်တာတွင် စီးကရက်ဖွာနေရင်း
၀ရန်တာလက်ရန်းပေါ်သို့လက်တင်ကာ
စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး
ခြံထဲသို့ မျက်လုံးတွေရောက်သွားသည်။
ခြံထဲသို့အကြည့်တွေရောက်သွားတိုင်း အိမ်ရှေ့က မီးတိုင်လေးအောက်မှာ လက်ကလေးပိုက်ကာ တုန်တုန်ရီရီဖြင့် သူမရဲ့မျက်ရည်တွေနဲ့အတူ သူ့ကိုမော့ကြည့်ခဲ့သည့် မေမီမွန်းဆိုတဲ့သူမကို မကြာခဏမြင်မြင်နေရသည်။
အတ္တက မျက်လုံးတွေမှိတ်လိုက်ကာ ထိုမြင်ကွင်းကို ဖျောက်ဖျက်ပစ်ရန်ကြိုးစားလိုက်ပါသည် ။
ဘယ်သူ့စေညွှန်ချက်မှမပါပဲ အတ္တတစ်ယောက် သူမ၏အခန်းတံခါးကိုလာဖွင့်မိသည် ။
ဘာလို့ ခဏခဏတွေ့ချင်စိတ်ကို ထိန်းလို့မရတာလဲ
သူမအိပ်နေသည့် မွေ့ယာဘေးသို့၀င်ထိုင်လိုက်ပြီး ဘာမှမလိမ်းထားပဲ ဖြူစွတ်စွတ်ပြောင်၀င်းနေသည့်သူမ မျက်နှာလေးကသူ့နှိပ်စက်မှုကြောင့် မျက်ကွင်းညိုတွေနှင့် ။
ဒီလိုမျက်ကွင်းညိုနေတာမကြည့်ချင်လို့ အိပ်ဆေးတိုက်ပြီးအိပ်ခိုင်းလိုက်တာဖြစ်သည်။
နှာခေါင်းချွန်ချွန်လေးနဲ့ သွေးခြေဥနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကိုကြည့်ပြီးအတ္တက စိတ်ထိန်းကာသက်ပြင်းချလိုက်၍နားထင်တွင်ကပ်နေသည့် ပင်ဂိုနီညိုရောင်ဆံပင်တွေကို သပ်တင်ပေးလိုက်မိတဲ့ကိုယ့်လက်ကိုယ်တောင်မယုံနိုင်ပါ။
စောင်အပြင်ရောက်နေသည့် သူမ လက်ချောင်းသွယ်သွယ်လေးတွေဆီမျက်လုံးတွေရောက်သွားတော့ သူ့လက်ကိုကြည့်လိုက် သူမလက်ကိုကြည့်လိုက်ဖြင့် တော်တော်သေးတာပဲ ဟု တွေးမိ၏ ။
နှုတ်ခမ်းကို ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး သူမအတွက် မှတ်ချက်တစ်ခုချလိုက်သည်။
မင်းကလှတယ်။
အခုလို အချိန်တောင်လှနေတာ တခြားချိန်တွေဆိုရင် ဘယ်လောက်လှလိုက်မလဲ။
အင်္ကျီကကြီးနေလို့ လည်ပင်းဟိုက်နေသဖြင့်
ရင်ဘက်ထိလုံအောင် စောင်ကိုဆွဲခြုံပေးခဲ့ပြီး
ပြန်ထွက်လာခဲ့သည်။
ငါ ဘာတွေလုပ်နေမိတာလဲ
အတ္တက သူမရဲ့အခန်းတံခါးကိုမှီကာထိုကဲ့သို့တွေးကြည့်မိလိုက်သည်။
============================
နေ့လည်ကတည်းက အိပ်ပျော်သွားတာ
ညနေစောင်းမှ ပြန်နိုးလာသည့် မွန်းတစ်ယောက် ခေါင်းအုံးလေးကိုမှီကာ ခဏထိုင်နေရင်း ကြမ်းပြင်က ဆေးလိပ်ပြာစတွေတွေ့သည့်အခါ
အိပ်နေတုန်းက ဆေးလိပ်နံ့ရတာကို အိပ်မက်ထင်နေတာ သူ တကယ် လာသွားတာလား။
သူမက အိပ်ယာပေါ်က ဆင်းလာပြီး
တံခါးရှိရာသို့ရောက်သည့်အခါလက်ကိုင်ဘုကိုလှည့်ကြည့်လိုက်ရင်း သော့မခက်ထားတာကိုသိရ၍ သူမတံခါးဖွင့်ပြီးအပြင်ထွက်လာခဲ့သည်။
မျက်နှာကျက်ကိုမော့ကြည့်တော့ တကယ်ကိုအမြင့်ကြီး ပြီးတော့ မီးဆိုင်းတွေကလည်းအကြီးကြီးပဲ
ဘယ်ဘက်လှည့်လိုက်ညာဘက်လှည့်လိုက်ဖြင့်
တစ်အိမ်လုံးစူးစမ်းကြည့်မိကာလှေကားတွေ့သည့်အခါ
မွန်းဟာ ဖိနပ်မပါသည့် ခြေဖဝါးဖြူဖြူလေးဖြင့် လှေကားထစ် တစ်ထစ်ချင်းဆင်းလာခဲ့သည်။
မြေညီထပ်သို့ ရောက်သည့်အခါလည်း တူတူပင် အရမ်းခမ်းနားကြီးကျယ်နေပြန်သည်။
ဧည့်ခန်းထဲက ထိုင်ခုံကြီးက လူတစ်ရပ်နီးပါးမြင့်သည့်အပြင် သူမက ထိုထိုင်ခုံကြီးကို စိတ်၀င်တစား နဲ့ အနားသို့သွားကာ ကနုတ်ပန်းတွေနဲ့ဘောင်ခက်ထားတဲ့ကတ္တီပါဆိုဖာကြီးကို ထိကိုင်ဖို့ လက်ကလေးလှမ်းနေခိုက်မှာ
"မမလေး မထိလိုက်နဲ့"
မေတင်က အနောက်မှအော်လိုက်တာကြောင့်
သူမလက်တွန့်သွား၏ ။
"ဘာဖြစ်လို့လဲ"
"အဲ့တာ သခင်လေးတစ်ယောက်တည်းပဲ ထိုင်ခွင့်ရှိတာ ဘယ်သူမှ မထိရဲဘူး"
မွန်းလည်းထိုအခါမှနောက်ဆုတ်လိုက်လိုက်သည်။
"မမလေး ဗိုက်ဆာပြီလား ဒီမှာ ထမင်းစားလိုက်ပါ့လား "
မွန်းခေါင်းညိတ်လိုက်ပြီး ဒေါ်မေတင်ရဲ့နောက်သို့လိုက်လာခဲ့သည်။
မွန်းအခန်းထဲကထွက်လာကတည်းက သူ့ကိုမတွေ့ရသဖြင့် စိတ်ထဲမှာ၀မ်းသာမိသည်။
သူမရှိခင် စားထားမှဖြစ်မယ် သူလာရင် မွန်းကိုအငတ်ထားဦးမလားမသိဘူးလေ။
မီးဖိုခန်းထဲက အစေခံမိန်းကလေးတွေက မွန်းကို ဝိုင်းကြည့်နေကြ၏။
အဲ့တာကိုလည်း မမှုနိုင်ပါ ။
သူလာရင် ထမင်းမစားရပဲနေလိမ့်မယ် ။
Advertisement
သူ့ကိုရုန်းနိုင်ဖို့လည်း အားရှိမယ့်ဖြစ်မည်ဟူ၍ ဒေါ်မေတင်ချပေးတဲ့ထမင်းနဲ့ဟင်းတွေကိုအားရပါးရ ငုံ့စားနေမိသည် ။
"မမလေး နှုတ်ခမ်းက သက်သာသွားပြီလား"
"ဟုတ် "
မွန်းကရေသောက်လိုက်ပြီး
"မေတင် သူ ဘယ်သွားတာလဲ"
"အပေါ်ထပ်မှာရှိတယ် မမလေးရဲ့ မတွေ့ခဲ့ဘူးလား"
မွန်းက ရေခွက်ကလေးကိုင်ကာ ငြိမ်သွားသည်။
သူရှိတယ်တဲ့။
"ဟင့်အင်း "
"သူ့အခန်းထဲမှာမို့နေမယ် "
မွန်းက ရေခွက်လေးပြန်ချလိုက်ပြီး
"မေတင် မွန်း အခန်းထဲပြန်တော့မယ် "
ဆိုကာ သူနဲ့မတွေ့ချင်လို့ အပေါ်ပြန်တက်ပြီးမခန်းထဲမှာပဲနေဖို့ဆုံးဖြတ်လိုက်သည်။
လှေကားအဆုံးမှာ ရုတ်တရက်ကြီးပေါ်လာတဲ့
ဘောင်းဘီရှည်အနက်ကြီးကြောင့် သူမမော့ကြည့်လိုက်တော့ မွန်းကို အေးစက်တဲ့မျက်၀န်းတွေနဲ့စိုက်ကြည့်နေတဲ့ သူ ။
မွန်း ကြောက်ကြောက်နဲ့ သူ့ကိုရှောင်ကာ ကျော်တက်ပေမဲ့ သူက ရှေ့တည့်တည့်ကပိတ်ရပ်သည်မို့
"အမလေး...."
သူမလန့်၍ နောက်ယိုင်သွားသည့်အခါ
မွန်းလှေကားပေါ်ကလိမ့်ကျပြီဟု ထင်ထားခဲ့တာ သူကလှမ်းဆွဲလိုက်သောကြောင့် အရှိန်နှင့်
လေပေါ်မှာ ဝဲသွားသလိုခံစားရတဲ့မွန်းကို သူက ဘေးကလှေကားနံရံသို့ ကပ်လိုက်သည် ။
"မင်းက ငါ့ကိုရှောင်တာလား"
မွန်းရဲ့ဘေးတစ်ဖက်တစ်ချက်စီကနေ သူ့လက်တွေနဲ့ နံရံကိုထောက်ထားလိုက်သည်။
မွန်းမှာပြေးပေါက်မရှိတာကိုလည်းသိထားလိုက်ပြီး သူ့ကိုလည်းမော့မကြည့်တော့ဘဲ
သူမနဲ့တန်းတန်းက သူ့ရင်ဘက်ကိုသာ အကြောင်းမဲ့စိုက်ကြည့်နေခဲ့မိပါလျှင် သူတံတွေးမြိုချတိုင်းလှုပ်ရှားသွားတဲ့ သူ့လည်ပင်းဟာ အကြောစိမ်းလေးတွေထောင်လျှက်ရှိလေရာ မွန်းကိုဒေါသထွက်နေတာများလား ။
သူကမော့ကာ သက်ပြင်းချလိုက်တော့
သူ့ရဲ့မေးရိုးပုံကျမှုကို မြင်ရပြန်သည် ။
"ငါမင်းကိုမေးနေတယ်လေ ငါ့ကိုရှောင်တာလား"
"မြင်နေရက်နဲ့ ဘာလို့မေးနေသေးလဲ"
"ဟက် ပြေးလို့လွတ်မယ် ထင်နေလို့လား "
"ဖယ်ပါ ကျွန်မ ရှင့်ကိုမတွေ့ချင်ဘူး"
"ငါကတော့တွေ့ချင်တယ်..."
အတ္တက သူမကို ငုံ့ကြည့်သည့်အခါ
အင်္ကျီကကြီးနေသဖြင့်လည်ပင်းဟိုက် သောကြောင့် လည်ပင်းကအရိုးနဲ့ ပုခုံးဖွေးဖွေးလေးကိုမြင်ကာ မျက်လုံးစုံမှိတ်ပစ်လိုက်ရပြန်သည်။
ဒီ့ထက် အတွင်းသားတွေပေါ်တဲ့ မိန်းကလေးတွေတောင် မြင်ဖူးနေရက်နဲ့ သူ့ကိုကျမှ ငါဘာဖြစ်နေတာလဲ။
"ဖယ် ကျွန်မကိုလွှတ် မထိနဲ့ "
သူမက အတင်းရုန်းသည့်အခါ
အတ္တရဲ့ ဒေါသကိုမီးရှို့ပေးလိုက်သလိုဖြစ်သွား၍
"ကျစ်..... မင်းကိုယ်တိုင်က ငါ့စိတ်ကိုလာလာစွနေတာ"
အတ္တက သူမရဲ့လည်ပင်းသို့ ငုံ့နမ်းလိုက်သည့်အခါ မွန်းက ခေါင်းတွေခါရမ်းကာ
"အင်း ဖယ် ဖယ် ကျွန်မကိုလွှတ် ဟင့် အဟင့် လွှတ် "
သူမဘယ်လောက်အော်အော် အောက်မှာရှိနေတဲ့ လူတွေက လာတောင်မကြည့်ရဲကြပါ။
အတ္တသည် သူမအော်လေ ပိုပြီးစုပ်လေးဖြစ်၍
"အ..အား အဟင့် ဟင့်"
သူမရဲ့လည်ပင်းကို ကိုက်ချလိုက်သည်မို့ သူမ အတော်နာကျင်သွားပုံရပါသည်။
အတ္တက လွှတ်ပေးလိုက်ရင်း
"မာနကြီးပြမနေနဲ့ မင်းဘဝကငါ့လက်ထဲမှာ"
မွန်းက ငိုနေရက်နဲ့မို့ အသံမထွက်စေရန်ပါးစပ်လေးကို လက်ဖြင့် အုပ်ကာ သူကိုက်လိုက်သည့် လည်ပင်းလေးအား ကျန်လက်တစ်ဖက်ဖြင့်အသာဖိရင်း အခန်းထဲ ပြေး၀င်သွားသည် ။
အခန်းတံခါးကိုပိတ်လိုက်ပြီး မွန်းသည်ဗီရိုရှေ့က မှန်လေးထဲမှာ မြင်နေရသည့်သူမ လည်ပင်းက သူကိုက်လိုက်သည့် Marking ကိုကြည့်ကာ မျက်ရည်တွေကသွင်သွင်စီးကျလာပြန်သည်။
===========================
အတ္တသည် သူမဟိုတယ်ခန်းထဲဝင်လာပြီး သူ၏နားရက်ကိုဖျက်လိုဖျက်ဆီးလုပ်လိုက်တဲ့နေ့ကစလို့ ဆေးမချရသေးသဖြင့်
ဒီနေ့မှာ အနည်းငယ်လည်းစိတ်ကြည်နေတာနဲ့ သူ့အခန်းထဲက မှန်စားပွဲပေါ်သို့ သူ့အတွက်ငွေမှုန်များကဲ့သို့တန်ဖိုးရှိလှသော အဖြူရောင်အမှုန့်တွေအား အလျားလိုက် ၄ မြှောင်းလောက်ဖြန့်ချလိုက်သည်။
ထို့နောက် ရှူရှိိုက်ရန်ဖန်ပိုက်ကလေးကိုရှာမတွေ့တာနဲ့ ထိုစားပွဲအံဆွဲထဲမှအထပ်လိုက်ရှိသော မြန်မာငွေမလဲရသေးတဲ့ ဒေါ်လာအသစ်တွေအထပ်လိုက်ကနေတစ်ရွက်ကိုထုတ်ယူပြီး အသေးဆုံးဖြစ်အောင်လိပ်လိုက်ကာ
ထိုအဖြူအမှုန့်အမြှောင်းကလေးအစမှာ ထောက်၍ နှာခေါင်းပေါက်တစ်ဖက်အား လက်ခလယ်ဖြင့်ဖိပိတ်ပြီး ထိုအမှုန့်တွေကုန်သွားအောင်ရှုရှိုက်ပစ်လိုက်သည်။
" အား...."
ခေါင်းကိုမော့လိုက်၍ တစ်ချက်ရမ်းခါလိုက်ပြီး ခပ်တိုးတိုးညည်းလိုက်ရင်း နောက်ထပ်အဖြူမြှောင်းကလေးပေါ်ထောက်ကာယခင်နည်းအတိုင်းရှူရှိုက်လိုက်ပြန်သည်။
၃ခါလောက်ရှူရှိုက်လိုက်ပြီးနောက်မှာ
ကျန်တဲ့ အမှုန့်အချို့ကို စီးကရက်ထဲထည့်လိုက်သည်။
မကြာခင်အာရုံတွေဝေဝါးလာတော့မည် ခံစားချက်တွေကောင်းလာတော့မည်ကိုသေချာခံစားရန်အတွက် ထိုစားပွဲရဲ့ ခြေထောက်ကိုမှီကာ ထိုင်ချလိုက်ပြီး မျက်လုံးများ မှေးမှိတ်ကာ မှိန်းနေလိုက်၏။
============================
မွန်းကိုသူချုပ်နှောင်ထားခဲ့တာဒီနေ့၃ရက်ပြည့်ပြီ။
၃ရက်လုံးရေလည်းမချိုးရဘဲ ခဏခဏငိုလိုက် ဖျားလိုက်နှင့်မို့တစ်ကိုယ်လုံးလည်းညစ်ပတ်နေသလိုခံစားရပြီးလူကလည်းနှုံးချိနေသည်ဖြစ်ရာ မွန်းနေသောအခန်းထဲမှာလည်း ရေချိုးခန်းရှိနေသည်မို့ သူမ ရေချိုးဖို့ဆုံးဖြတ်လိုက်သည်။
ရေချိုးခန်းထဲဝင်သွားသည့်အခါ ရေဗန်းတစ်ခုနှင့်အတူ ကြွေဘေစင်ကိုလည်းတွေ့ရသည်။
Shampoo တွေကိုယ်တိုက်ဆပ်ပြာရည်တွေကအစရှိနေသဖြင့်ဒီအခန်းဟာ လူနေဖူးတာမကြာသေးဘူးဆိုတာသိလိုက်ရသည်။
မွန်းလည်းဝတ်ထားသောဂါဝန်ကလေးကိုပုခုံးကနေလျောချ၍ ကြမ်းပြင်ပေါ်သို့ပုံကျသွားအောင်ချွတ်ချလိုက်ပြီးရေချိုးခန်းတံခါးကိုပိတ်လိုက်ကာ ခပ်သွက်သွက်ကလေးခေါင်းလျှော်ရေချိုးလိုက်ပါသည်။
သူမဟာ ထိုရေချိုးခန်းထဲကတဘက်တစ်ထည်ဖြင့်ကိုယ်မှာပတ်ပြီး ထွက်လာခဲ့ကာ အိပ်ယာရဲ့ဘေးတွင်ရှိသော ကျွန်းဗီရိုကြီးကိုဖွင့်ကြည့်လိုက်တော့ မွန်းမှာပါးစပ်အဟောင်းသားဖြစ်သွားရသည်။
အရောင်မထပ်တဲ့ဂါဝန်တွေချည်းပဲအပြည့်
ဘာလို့ဒါတွေရှိနေရတာလဲ ဒီအခန်းထဲမှာ မိန်းမတစ်ယောက်ယောက်နေဖူးတာသေချာမည်။
ထိုမိန်းမဟာဂါဝန်တွေကိုနှစ်ခြိုက်သူဖြစ်ပါလိမ့်မည်။
ထိုဂါ၀န်တွေအများကြီးထဲကမှ မွန်းနဲ့တော်မည်ထင်တဲ့ ခပ်သေးသေးတစ်ထည်ကိုယူပြီး ဝတ်ကြည့်လိုက်သည့်အခါ ပန်းရောင်ကသူမနဲ့အလိုက်ဖက်ဆုံးပင်ဖြစ်သည်။
ဒူးဖုံးဂါ၀န်လေးက သူမနဲ့ကွက်တိကျနေပြီး
ပုခုံးပေါ်ကကြိုးလေးကိုချည်ရင်းမှ မနေ့ကသူကိုက်ထားတဲ့ လည်ပင်းကMarkingကိုမြင်ပြီး စိတ်ညစ်ရပြန်သည် ။
ကြည့်ရတာရုပ်ဆိုးလိုက်တာ
လည်ပင်းမှာအညိုရောင်အကွက်ကြီးကထင်းခနဲမြင်နေတာမို့ လက်ဖြင့်ခေတ္တအုပ်ထားလိုက်၏။
ခေါင်းဖြီးရန် ထိုဗီရိုနဲ့မျက်နှာချင်းဆိုင်မှန်တင်ခုံပေါ်မှာ ဘီးလိုက်ရှာပေမဲ့ မတွေ့သဖြင့်ရှုပ်နေသည့်ဆံပင်တွေကို ဖြန့်မချချင်တာကြောင့်
မြှောက်စည်းထားလိုက်သည့်အခါ မျက်နှာလေးကရှင်းလင်းပြီးပိုကြည့်ကောင်းသွားသည်။
ဒေါက် ဒေါက်
တံခါးခေါက်သံကြားသည့်အခါ သူမဟုတ်ကြောင်းသိလိုက်ပါသည်။
သူဆိုရင် ၀င်ချင်သလို၀င်ထွက်ချင်သလိုထွက်တဲ့အရိုင်းအစိုင်းကောင်မဟုတ်လား။
အလင်း ဖြစ်နေသဖြင့် မေတင် မဟုတ်လို့ မျက်နှာလေးညှိုးရ၏ ။
အဲ့ဒီသူ့တပည့်အလင်းဆိုသူကလည်းသူ့သခင်လိုပဲ လူကိုသေနတ်နဲ့ခဏခဏချိန်ဖူးတာကြောင့် လုံးဝကြည့်လို့မရပါ။
"သခင်လေးက ဆင်းခဲ့ပါတဲ့"
ဟုတစ်ခွန်းတည်းပြောပြီးပြန်ထွက်သွားလေရာ
မွန်းဘက်က ဘာမှ မတုန့်ပြန်ပဲ ၂မိနစ်လောက်နေတော့ လှေကားတစ်ထစ်ချင်းကို ညင်သာစွာ ဆင်းလာခဲ့သည် ။
ဆိုဖာပေါ်မှာ မျက်လုံးမှိတ်ထိုင်နေသည့်သူနှင့်အတူလက်ထဲကအငွေ့တထောင်းထောင်းစီးကရက်ကြောင့် မွန်းစိတ်ညစ်ညစ်နဲ့နှာခေါင်းရှုံ့လိုက်သည်။
စီးကရက်နံ့ကိုအရမ်းမုန်းတာ ။
မွန်းကသူမရောက်နေကြောင်း အသံမပေးပဲ ရပ်နေပေမဲ့ အတ္တဟာ မျက်လုံးဖွင့်မကြည့်ပါသော်လည်း shampoo နံ့ကြောင့် သူမရောက်နေပြီလားဟုထင်မိလိုက်သည် ။
Advertisement
ထို ခပ်မွှေးမွှေး Shampoo နံ့ကပျောက်မသွားသဖြင့် အတ္တက မျက်လုံးဖွင့်ကြည့်လိုက်ပါသည် ။
ဆေးအရှိန်ကြောင့်မျက်လုံးတွေကရဲနေပြီးရီဝေလျှက်ရှိနေသည်။
မွန်းဟာ သူ့မျက်လုံးရဲရဲတွေကိုမြင်တဲ့အခါ အရက်မူး၍များရဲနေသလားဟုထင်မှတ်မိပေမဲ့သူ့အနားကအရက်နံ့လည်းမရ။
သူဘာဖြစ်နေသလဲဆိုတာမွန်းမသိချင်ပါ။
မျက်လုံးတွေစိုက်လျှက်ပုံပျက်နေသည့်သူ့ဟာ ရုပ်ဖြောင့်တာကိုမငြင်းချင်ပေမဲ့ အခုပုံစံကိုမြင်ရတာတော့မွန်းတော်တော်စိတ်ပျက်မိသည်။
တကယ့်ကို အကောင်းမြင်စရာတစ်ခုမှမရှိတဲ့လူပဲ
ဆက်မကြည့်ချင်တော့ဘဲအခြားဘက်သို့မျက်လုံးတွေလွှဲပစ်လိုက်သည်။
အတ္တမှာ ဖိနပ်မပါတဲ့ခြေထောက်ဖွေးဖွေးနုနုကလေးတွေကစလို့ ဂါဝန်အသစ်ကလေးနဲ့အတူလည်ပင်းကသူပေးတဲ့ Marking အပြင် စူပုတ်ပြီးမဲ့နေတဲ့မျက်နှာပြောင်နဲ့မွန်းကို ရီဝေဝေနဲ့ကြည့်ပြီး နှုတ်ခမ်းကလေးအနည်းငယ်ကွေးညွတ်ကာပြုံးလိုက်ကာ
" မင်းကလှသားပဲ "
ဟုနောက်တစ်ကြိမ်မှတ်ချက်ချလိုက်သည်။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(6)ဆက်ရန်
မူးယစ်ဆေးကိုလက်တွေ့ဘဝမှာလုံးဝမစမ်းသပ်သင့်ပါ။
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(5)
"မေးကြည့်လေ "
"ဟင်.... ဟုတ်ကဲ့"
"အိပ်လိုက်နော် မမလေး "
ဆိုကာ မွန်းလှဲချလိုက်တော့ စောင်တွေခြုံပေးပါသည် ။
=======
၀ရန်တာလက်ရန်းပေါ်သို့လက်တင်ကာ
မင်းကလှတယ်။
ပြန်ထွက်လာခဲ့သည်။
ငါ ဘာတွေလုပ်နေမိတာလဲ
============================
"မမလေး မထိလိုက်နဲ့"
သူမလက်တွန့်သွား၏ ။
"ဘာဖြစ်လို့လဲ"
"ဟုတ် "
"မေတင် သူ ဘယ်သွားတာလဲ"
သူရှိတယ်တဲ့။
"ဟင့်အင်း "
"အမလေး...."
"ငါကတော့တွေ့ချင်တယ်..."
Advertisement
- In Serial263 Chapters
The Devil Who Devoured Snow White
"The world is not a lovely place, which is why we yearn for all the wonderful things it has to offer. This is what 'Fight for all that's beautiful in the world' stands for." – Lu Mengjie
8 1083 - In Serial10 Chapters
Jeid
Criminal minds, JJ and Reid one-shotsBest ranks:[#1 in Ajcook][#8 in Jeid]
8 180 - In Serial28 Chapters
Soft Hawks X Reader Shorts
A compilation of soft (& kinda angst) Reader shorts/oneshots that are not in any specific order and don't correlate with each other. :) For my soft Hawks simps(Absolutely no NSFW sorry)
8 150 - In Serial25 Chapters
The Girl With The Cellphone
There are only two types of people: people who can hack and the other. I am a hacker. I'm here to discover their secrets in order to destroy them. I'm talking about men. Those disgusting creatures who are only here to make fun of you, to play with you, to throw you away when not needed anymore. They are those kinds of people.I'll discover your secret.You can't hide from me.My name is Suzuki Amy, and I'm here to make your life miserable. Fear me and disappear forever before I'll come and get you. Had this idea through this music: https://www.youtube.com/watch?v=bZHiGLt7g8E&list=PL9VUbOfVqUpps-4FLtmm2lUGoe4027FRa&index=36&shuffle=15245
8 164 - In Serial68 Chapters
the assignment
In which a boy and a girl have a school assignment, and they learn to get along through text messages. all rights reserved 2017shoutout to @supersized-mcshizzle for winning my graphic contest!
8 544 - In Serial117 Chapters
Learn How To Love
(AU where Steven doesn't move out and stays in Beach City after Steven Universe Future) You've lived in Beach City all your life. For 17 years you've witnessed weird gem stuff, and you've read about it on Ronaldo's dumb blog. You remember the toxic pink stuff killing the earth, the giant ladies in their hand ships, the... eyeball.. in the sky? You've seen it all.But, even with your tugging curiosity, you've stayed away from all that crazy stuff. I mean, you have a good life. Why would you risk that for a life of adventure and adrenaline... and space... and cool weapons... and fun and... You wanted to be a part of it so bad.✨COMMENTS ENCOURAGED; they're fun and entertaining and i like feedback✨Rankings: #1 Steven#1 Suf#2 Stevenuniverse #1 Stevenuniversefuture #1 Stevenxreader#1 Kevinxjamie
8 268

