《အတ္တလွန်အချစ် (OC) Completed》Part (6) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(6)
အတ္တသည်လက်ထဲက စီးကရက်ကိုတစ်ရှိုက်ဖွာလိုက်ကာ ဘေးမှပြာခွက်ထဲသို့ ထည့်လိုက်၍
ခြေချိတ်ထိုင်နေရာမှ ထလာ၏ ။
မွန်းရဲ့ခြေလှမ်းတွေ နောက်ဆုတ်သွားရာ
သူက ပုခုံးကနေ လှမ်းဆွဲ၍ သူတစ်ယောက်တည်းသာ ထိုင်ခွင့်ရှိတယ်ဆိုတဲ့ထိုဆိုဖာကြီးပေါ်သို့ ပုခုံးမှဖိချလိုက်လျှင် ဆိုဖာကြီးထဲသို့မွန်းရဲ့တင်ပါးကလေးအိခနဲနစ်ဝင်သွားရသည်။
"ခဏနေ မင်း သူငယ်ချင်း နဲ့ဖုန်းပြောရမယ် "
"ရှင် နဒီ နဲ့ နဒီနဲ့လား.."
မွန်းမှာ အတ္တကိုမော့ကြည့်ပြီး လှုပ်လှုပ်ရှားရှာဖြစ်သွားသည်။
"မင်းသူငယ်ချင်းရဲ့အသက်က ငါတို့လက်ထဲမှာ မင်းကိုမရှာဖို့ပဲပြော ကျန်တာအရစ်မရှည်နဲ့ "
နဒီ့ရဲ့အသက်ကသူတို့လက်ထဲမှာဟုပြောလိုက်တဲ့အခါမွန်းသည် နဒီ့အတွက်စိုးရိမ်ပူပန်သွားရသည်။
"ရှင် ကျွန်မ သူငယ်ချင်းကိုဘာလုပ်မလို့လဲ ကျွန်မ လုံး၀သည်းခံမဟုတ်ဘူးနော် "
ကိုယ်ဟာအခုလောလောဆယ်ပြန်ပေးစွဲခံထားရတာကိုပင်မေ့လျော့စွာ သူငယ်ချင်းကိုကာကွယ်ပေးဖို့ကြိုးစားနေမိသည်။
"ဘယ်လုပ်မလဲသိချင်ရင် မင်းစကားအပိုတွေပြောကြည့်လိုက်လေ "
"တောက်!"
သူမက အောက်နှုတ်ခမ်းလေးကို ကိုက်ကာ သူ့ကို မျက်စောင်းထိုးပစ်လိုက်၏ ။
"သူမေးတာကို ကောင်းကောင်းဖြေ အလိုက်သင့်ကလေးပေါ့ မင်းဘယ်မှာလဲဆိုတာအမှန်တိုင်းပြောဖို့မလိုဘူး"
မင်းကိုလတ်က သူ့သူငယ်ချင်းကိုအယုံသွင်းဖို့ ဖုန်းပြောခိုင်းရန်အကြံပေးတာနဲ့ အတ္တလက်ခံလိုက်ခြင်းဖြစ်သည်။
သူက မွန်းရဲ့ဘေးမှာရှိတဲ့ စားပွဲပေါ်က ကြိုးဖုန်းကိုယူကာဖုန်းခေါ်လိုက်ပါသည်။
မွန်းသူထိုင်ခိုင်းထားတဲ့အတိုင်းငြိမ်ငြိမ်ထိုင်နေပေမဲ့ စိတ်တွေလှုပ်ရှားပူလောင်လျှက်ရှိသည်။
သူငယ်ချင်းနဒီ့ကိုတော့ဒုက္ခမရောက်စေချင်
တစ်သက်လုံးသူမအပေါ်မှာ နဒီ့ကျေးဇူးတွေဟာအများကြီးရှိသည်။
ဘာပဲဖြစ်ဖြစ် နဒီစိတ်မပူဖို့ကအရေးကြီးတယ်
ဖုန်းကိုနားမှာကပ်ကာ သူက မွန်းမျက်နှာအနားမှာဝေ့လည်ချောင်ပတ်လုပ်နေပြီး
ဆိုဖာခုံကြီးကို လက်တစ်ဖက်က ကိုင်ထား၏။
နားမှာကပ်ထားတဲ့ဖုန်းထဲမှ ဟယ်လိုဟူသည့်
ယောကျာ်းတစ်ယောက်အသံထွက်လာသည်။
"သူရောက်ပြီလား"
လို့အတ္တမှ အရင်မေးလိုက်၏။
"အေး ရှေ့မှာရောက်နေပြီ "
"အင်း ဖုန်းပေးလိုက် "
ပြောပြီး မွန်းရဲ့နှုတ်ခမ်းတွေကိုသူကဖိကပ်လိုက်တော့ မွန်းက ခေါင်းရမ်းလိုက်သည်။
သူသည် မွန်းကို လည်တိုင်မှပြန်ဆွဲလှည့်ပြီး ထိန်းထားလျှက်
"အေး ငါဖုန်းပေးလိုက်ပြီနော်"
မင်းကိုလတ် စကားအဆုံးမှာ အတ္တက သူမနှုတ်ခမ်းကို တစ်ချက် စုပ်ယူလိုက်ပြီး သူ့လက်ထဲကဖုန်းကို သူမနားသို့ကပ်ပေးလိုက်၏။
"ငါပြောခိုင်း သလိုပြော"
မွန်းလည်း နားမှာကပ်ပေးထားတဲ့ဖုန်းကို သူ့လက်ထဲမှဆွဲယူလိုက်ပြီး သူ့ကို မကျေမနပ်ကြည့်ပစ်လိုက်သည်။
"ဟယ်လို "
"ဟယ်လို မွန်းလား "
"အင်း နဒီ "
နဒီ့အသံကြားတော့ မွန်းမှာမျက်ရည်တွေဝဲလာသည်။
"မွန်းရယ် ငါစိတ်ပူလိုက်ရတာ နင်တကယ် ဘန်ကောက်မှာလားဟင် နင့်ကိုသူဌေးတစ်ယောက်ခေါ်သွားတယ်ဆို စာဖိုမှူးသင်တန်းတက်ခိုင်းမလို့ဆို ဟုတ်လားဟင် "
မွန်းက နဒီဆက်တိုက်ပြောသွားသည့်စကားတွေကို အခုမှကြားဖူးသည် ။
ရှင် တကယ်အကွက်ကျကျစီစဉ်နိုင်တာပဲ။
ဘာပဲဖြစ်ဖြစ် အခုလိုနဒီထင်နေတာတော်ပါသေးတယ် ။
မွန်းအမှန်တိုင်းပြောလိုက်မှ နဒီရောမွန်းပါအသက်ပျောက်သွားရမလားစိုးရိမ်ရသဖြင့်
"အင်း ငါအဆင်ပြေပါတယ် "
"သေချာရဲ့လား ငါစိတ်ပူလိုက်တာဟယ် ငါ့ကိုဘာမှတောင်ပြောမသွားဘူး ဖုန်းကရောဘယ်ရောက်သွားတာလဲလုံးဝခေါ်လို့မရတော့ဘူး "
" ဖုန်းက ပျောက်သွားတာဟ ငါတကယ်အဆင်ပြေပါတယ် ဘန်ကောက်ကိုအခုမှရောက်ဖူးလို့ နည်းနည်းအနေကြပ်တာကလွဲရင်ကျန်တာအားလုံး အိုခေ နင့်ကိုဖုန်းဆက်ချင်ပေမဲ့ဒီမှာကတစ်ပတ်မှတစ်ခါပဲအပြင်ထွက်ခွင့်ပေးတာဟဲ့ငါဖုန်းမဝယ်နိုင်သေးလို့ "
မွန်းဟာ အတ္တကိုမော့ကြည့်ပြီး အလိမ်အညာစကားတွေကို သူငယ်ချင်းအန္တရာယ်ကင်းအောင် ပြောနေတော့ အတ္တသည်သူမကိုသရုပ်ဆောင်ကောင်းလှချည်လားလို့ခနဲ့တဲ့အကြည့်မျိုးနဲ့ကြည့်ပြီးတစ်ချက်ပြုံး၍တစ်ဖက်သို့လှည့်သွား၏။
မွန်းမှာ မျက်ရည်တွေပေါက်ပေါက်ကျနေပေမဲ့
သူမငိုနေတာမသိစေရန် အသံကိုအတက်နိုင်ဆုံးထိန်းပြောနေရ၏။
"ဟုတ်လား ငါ့ကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်လေးပေးထားဦးလေ "
"နဒီ ဒါပဲဟာ ငါအလုပ်တွေအရမ်းရှုပ်နေလို့ နောက်မှပြန်ဆက်လိုက်မယ် ငါပြန်လာမှာပါ"
သူမပ ဖုန်းကို အတင်းချကာ ရှိုက်၍ငိုပါတော့သည်။
"ဟင့် ဟင့် အဟင့် ဟီး အီး အဟင့် ဟင့်......"
သူမ သူ့ရဲ့ ထိုင်ခုံကြီးမှလည်းမထ။
မျက်ရည်တွေလည်းစိုရွှဲစွာ ငိုနေသဖြင့် အတ္တသည် လှည့်မကြည့်ဘဲ
"ကျစ် နားငြီးတယ်ကွာ မင်းကို ငိုဖို့ဖုန်းပြောခိုင်းတာမဟုတ်ဘူး"
သူမက ထိုင်ရာမှ ဆက်ကနဲ ထရပ်ကာ
ကျောပေးရပ်နေသည့် သူနဲ့အနီးဆုံးကို သွားရင်း
"ရှင်တစ်နေ့ကျပြန်ခံရမယ် လူမိုက်ကောင် မုန်းတယ် "
အတ္တကသူမဆီသို့ လှည့်လာ၍ သူမရဲ့ မျက်နှာကို ကြမ်းတမ်းစွာဆွဲမော့လိုက်ကာ
"မင်း အရင် ငါ့ပေးတဲ့ အပြစ်ဒဏ်တွေကိုခံလိုက်ဦး "
သူ့ရဲ့ ရည်ဝေ၀မျက်လုံးရဲရဲတွေနဲ့ မွန်းကို ဝါးစားမတက်ကြည့်ပြီး
"ငါလည်းမင်းကို စောက်ရမ်းမုန်းတယ် နားလည်လား"
"ရှင်နဲ့ ကျွန်မ နဲ့ မပတ်သတ်ဖူးပဲ မုန်းစရာအကြောင်းမရှိဘူး "
"မင်း တကယ်ဘာမှမသိတာလား မသိချင်ယောင်ဆောင်နေလားတော့မသိဘူး ဒါပေမဲ့ ငါလည်း ပြန်မပြောနိုင်ဘူး "
သူဆွဲမော့ထားတဲ့လက်တွေကိုသူမမျက်နှာပေါ်မှာဖယ်ပစ်ပြီး
"ဟွန့် ....... ကျွန်မ ရှင့်ကို ဘယ်တော့မှ အလျော့မပေးဘူး"
"မင်းဘ၀ ငါ့ဆီမှာ "
"ဟင့်အင်း ရှင်မပိုင်ဘူး ရှင့်လိုလူကို ကျွန်မ ဘ၀မပေးနိုင်ဘူး လွတ်အောင်ရုန်းမယ် "
မွန်းက သူ့ရှေ့မှာ အမြန်ဆုံးလှည့်ထွက်သွားပါလျှင် အတ္တက ခပ်ထေ့ထေ့ပြုံးရင်း
ခုံအမြင့်ကြီးမှာ ပြန်ထိုင်လိုက်၍
"သိပ်ရယ်ရတာပဲ "
============================
ဖုန်းပြောခဲ့တဲ့နေ့ကတည်းက အပြင်ထွက်မလာတော့ဘဲ ဒေါ်မေတင်လာကျွေးတဲ့ထမင်းကိုသာစား၍နောက်ရက်မနက်သို့ကူးခဲ့သည်။
မိုးလင်းကတည်းကမနက်စာမစားရသေးဘဲ သူမအခန်းတွင်းကမှန်ပြတင်းမှ ခြံထဲကိုသာငေးနေမိသည် ။
ဘယ်သူမှလည်း မွန်းကို လာမကယ်ကြဘူး။
ဒီအိမ်ကြီးထဲကလူတွေကလည်း အကုန်လုံးသူ့လူတွေချည်းပဲ ။
မေတင် ကလည်း မွန်းကိုသနားတယ်ချစ်တယ်ဆိုပေမဲ့ သူ့သခင်ရဲ့ အမိန့်ကိုမလွန်ဆန်နိုင်ဘူးတဲ့ ။
နဒီကတော့ဘယ်လိုနေမလဲမသိပေနဲ့ မွန်းကတော့ နဒီ့ကိုစိတ်ပူတယ် ။
အတ္တဆိုတဲ့အဲ့ဒီလူက နဒီ့ကိုရော မွန်းလို နှိပ်စက်မှာလားမသိဘူး ။
Advertisement
ဘယ်နည်းနဲ့ဖြစ်ဖြစ် နဒီ့ကိုတော့ မွန်းလိုမဖြစ်စေချင်ဘူး ။
အတွေးတွေပြန့်နေစဉ် ခြံထဲသို့ ထွက်လာသောလူသည် လက်ထဲက မလွှတ်တမ်းကိုင်ထားတတ်တဲ့စီးကရက်တစ်လိပ်နဲ့ အတ္တသာဖြစ်သည်။
မွန်းနှုတ်ခမ်း တွေမဲ့ပစ်လိုက်ပြီး သူဘာလုပ်မလဲဆိုတာကိုသာ အာရုံစိုက်နေမိ၏ ။
အိမ်ကြီးရဲ့ဘယ်ဘက်က ဂိုထောင်ထဲ၀င်သွားသည့်အခါ
မွန်းသတိရတာက ထမင်းဆင်းစားရမယ်။
"ဗိုက်ဆာနေပြီ သူမရှိခင်စားထားမှ "
မွန်းက ခပ်သွက်သွက် အိမ်ပေါ်မှပြေးဆင်းလာပြီး
"မေတင် မေတင် "
ထမင်းစားခန်းထဲသို့ ဒေါ်မေတင်နာမည်ခေါ်၍ဝင်လာခဲ့သော်လည်း ဒေါ်မေတင့်ကိုမတွေ့သဖြင့်
"မမလေး မေတင် နေမကောင်းခဏနားနေတယ် "
သူမထက်ငယ်မည်ထင်ရသော မိန်းကလေးတစ်ယောက်က ပန်းကန်ဆေးနေရာမှ လှည့်ဖြေသည်။
"ရှင်.... အရမ်းနေမကောင်းတာလားဟင်"
"မဟုတ်ပါဘူး ခေါင်းကိုက်လို့တဲ့ သက်သက် ကိုပြောလေ မမလေး ဘာလိုချင်လို့လဲ"
"ဟင် ... ဟိုလေ မွန်း ဗိုက်ဆာလို့"
"ဪ လာလေ သက်သက် ထမင်းခူးပေးမယ် ဒီဘက်လာခဲ့မမလေး"
ထိုအိမ်ဖော်မလေးဟာမွန်းကို ဆွဲခေါ်ပြီး ခုံတွေပါထုတ်ပေးကာ ထိုင်စေ၏။
"ဒီမှာနော် မမလေး ထည့်စား"
"ရပါပြီ သက်သက် ရယ် မွန်း များနေပါပြီ "
"အို... မဟုတ်ဘူး မမလေး ရဲ့ သက်သက် သိတယ် သခင်လေး ကဟိုတစ်နေ့က မမလေးကိုအငတ်ထားတယ်ဆို မမလေး တော်တော်ခံစားရမှာပဲ"
မွန်း မျက်နှာလေးညှိုးသွားသဖြင့်
"စိတ်ဆိုးသွားလားဟင် "
"မဆိုးပါဘူး သက်သက်ရယ် မွန်း စိတ်ညစ်နေလို့ပါ "
"သခင်လေး ကလည်း သိပ်ကြောက်ဖို့ကောင်းတာပဲ မမလေး မို့သာ "
"အွန်း မွန်းလည်း ကြောက်တယ် ဒါပေမဲ့ ပြန်တော့ခုခံရမှာပဲ မွန်းဘ၀ကိုတော့သူ့ကိုမပေးနိုင်ဘူး"
"ဒီကိုခေါ်လာတဲ့အထဲမှာလေ မမလေးအကြာဆုံးပဲ "
လူငယ်ပီပီ စပ်စုသလို သူသိသမျှလည်း ဖွင့်ထုတ်ပြောဆိုနေသော သက်သက်ကို မွန်းပိုပြီးရင်းနှီးအောင်ပေါင်းထားဖို့ဆုံးဖြတ်လိုက်သည်။
ဒီမှာနေနေရသမျှတော့ မွန်းအဖော်ရတာပဲမဟုတ်လား။
"ဟင် ... သူက ဒီကို မွန်းလိုပဲ မိန်းမတွေခေါ်လာနေကျလား"
"အမ်.......၁ပတ်ခြာ၂ပတ်ခြာ ၁ယောက်လောက်တော့ခေါ်လာတယ် မမလေးလိုတော့မဟုတ်ဘူး အဲ့ဒီမိန်းကလေးတွေက တစ်ညပဲမနက်ကျ ပိုက်ဆံအထပ်လိုက်နဲ့ပြန်ကြရော"
"မွန်းနားလည်ပါပြီ "
အဲ့တာကြောင့် သူက မွန်းကိုအဲ့ဒီလိုမိန်းမမျိုးထင်နေတာကိုး မုန်းဖို့ကောင်းလိုက်တာ။
"သူက သိပ်ပွေတာပဲနေမှာ"
မွန်းက သက်သက်ကို တစ်ချက်ကြည့်ရင်း ထမင်းတစ်လုပ်ပါးစပ်ထဲထည့်လိုက်၏။
"ဒါပေမဲ့လေ မမလေးက သခင်လေးကိုပြန်ခံပြောတာကို သခင်လေး သေနတ်မကိုင်တာ တော်တော်အံ့သြဖို့ကောင်းတာ"
"ဟင်....."
"ဟုတ်တယ် ဘယ်သူမှ မပြောရဲကြဘူး"
မွန်းက သူ့ကိုပါးတောင်ချခဲ့သေးတာပဲ ။
သူ ဘယ်လောက် ဒေါသဖြစ်လိုက်မလဲ ဘာနေနေ သူအရင်စော်ကားလို့ဖြစ်တာပဲ။
ရုတ်တရက် မွန်းစီးကရက်နံ့ရသဖြင့်
လှည့်ကြည့်လိုက်တောကြက်သီးများပင်ဖြန်းကနဲထသွားသည်။
သူက မွန်းတို့နောက်မှာ မတ်မတ်ကြီးရပ်နေတာ
ကြားမသွားလောက်ပါဘူးနော် ။
မွန်းရှေ့သို့ပြန်လှည့်ပြီး ခန္ဓာကိုယ်လေးမတ်ထားလိုက်၏။
သူက အေးအေးဆေးဆေးနဲ့ ထမင်းစားပွဲထောင့်မှာ ၀င်ထိုင်လိုက်ရာ သက်သက်က မွန်းနဲ့အတူလေပေါနေရာကနေသူမအလုပ်သူမလုပ်ရန်ရှောင်ထွက်သွားလေသည်။
ကြည့်ရတာတော့ ဒီလိုအေးဆေးနေပုံထောက်ရင် မကြားဘူးလိုက်ထင်ပါရဲ့ ။
မွန်းက ရေသောက်၍ ထိုင်ရာမှ ထ ထွက်သွားလျှင်
"ဘာအချိုးချိုးတာလဲ"
မနေ့ကတည်းကသူမကိုသွားမကြည့်ဘဲ
ဂိုထောင်ထဲကပစ္စည်းတွေသွားစစ်ပြီး
ပြန်လာတော့ အိမ်ထဲ၀င်၀င်ချင်း ထမင်းစားခန်းထဲက သူမကျောပြင်လေးနဲ့ စကားပြောနေပုံမြင်ရသဖြင့် တစ်နေကုန်မမြင်ရသေးတဲ့သူမရဲ့မျက်နှာကိုလာကြည့်ရန် ရှေ့မှာထိုင်တော့မှ သူမဟာ ထွက်သွားသဖြင့် ဒေါသအစကိုလောင်စာ ပေးလိုက်သလိုဖြစ်သွားသည်။
ဆေးချထားရင်စိတ်ကအရမ်းဆက်နေတတ်သည်။
သူမကမရပ်ပဲ ထမင်းစားခန်းအဝင်ဝအထိထွက်သွားလေရာ
"မင်းကိုမေးနေတယ်လေ ဘာစောက်ချိုးတွေ ချိုးတာလဲလို့ "
ဘယ်ကရောက်နေမှန်းမသိတဲ့ အလင်းက သူမအရှေ့ကပိတ်ရပ်သဖြင့် မွန်းက သက်ပြင်းချကာ ခြေလှမ်းတွေရပ်လိုက်ရပြီး
"ရှင် မမြင်လို့မေးနေတာလား "
အတ္တက ထလာ၍သူမကိုပုခုံးကနေ ဆွဲလှည့်လိုက်သည်။
"မင်းကို အကောင်းမေးရင် အကောင်းပြန်ဖြေ "
သူမက ရွဲ့သလို မကျေနပ်ခြင်းမျက်၀န်းကိုသာသုံးသဖြင့် သူမကိုစောင့်ဆွဲပြီး စားပွဲဘက်သို့တွန်းလိုက်သည်။
မွန်းက သူနဲ့စားပွဲခုံကြားမှာ ရင်တွေတဒိတ်ဒိတ်နဲ့ ကြောက်လန့်သွားရသည်။
သူ့ကိုအတက်နိုင်ဆုံးရှောင်ပါသော်လည်း
မွန်းဟာ သူ့ပိုင်နက်အတွင်းမှာဖြစ်၍ မလွတ်မြောက်နိုင်ပေ။
"ငါလာမှထွက်သွားရအောင် မင်းကဘာမို့လို့လဲ"
"ရှင့်မျက်နှာမမြင်ချင်လို့"
သူက စားပွဲခုံကိုလက်လှမ်းထောက်ကာ အနားသို့ပိုတိုးကပ်လာပြီး
"မင်းကိုယ်မင်း ဟုတ်လှပြီမထင်နဲ့ မေမီမွန်း ဒီနေ့ညလည်း နှင်းထဲမှာအပစ်ခံချင်လို့လား"
မွန်းကို သူပြောတဲ့လေသံက အရမ်းအေးစက်တယ်
အော်တာမဟုတ်ပဲနဲ့တောင် တော်တော်ကြောက်ဖို့ကောင်းတယ်။
သွေးအေးရက်စက်တတ်တဲ့သူပဲ။
မွန်းက သူနမ်းမှာကြောက်လို့ မျက်နှာကိုအတင်းလွှဲထားသဖြင့် သူက ပါးနှစ်ဖက်ကို ကြမ်းတမ်းစွဲဆွဲညှစ်၍
"စောစော မသေချင်ရင် အချိုးတွေကိုပြင် ထား အထူးသဖြင့် အဲ့ဒီမျက်လုံးတွေ"
မွန်းရဲ့မျက်၀န်းစိမ်းတွေကသူ့ကိုအမြဲမှင်သက်သွားစေတတ်သည်။
မွန်းက သူ့ရဲ့ခဲရောင် မျက်လုံးတွေကို
တည်ကြည့်ပစ်တိုင်း သူလွှဲလွှဲပစ်တာကို သတိထားမိပါသည် ။
"ငါ မင်းကို ပြောနေတယ်နော် ပြင်လိုက်
မင်းမျက်လုံးတွေကို ငါအရမ်းမုန်းတာ"
" ရှင်မုန်းတယ်ဆိုလို့ကြည့်တာ ဘာဖြစ်ချင်လဲ"
"အာ.....ကွာ တောက်!"
ဗုန်း ခွမ်း
သူက မွန်းကို ကြမ်းတမ်းစွာပစ်စောင့်တွန်းချိုးပစ်လိုက်ရာ ကြမ်းပြင်တွင် ပုံရပ်ကလေးလဲကျသွားပြီး စားပွဲပေါ်က ဖန်ခွက်ကိုပါ တိုက်ချမိသဖြင့် သူမ၏ ခြေဖဝါးတွင် သွေးစများကယိုစိမ့်လာလေသည်။
"အ....."
သူမရဲ့မျက်နှာလေးကရှုံ့မဲ့သွားကာ မျက်ရည်တွေပေါက်ပေါက်ကျလာပြီး အတ္တကိုနာကျဥ်းမှုတွေနဲ့အတူမော့ကြည့်ပစ်လိုက်ရာဘယ်သူ့စေခိုင်းမှုမပါပဲ
အတ္တသည် ရုတ်တရက် သူမအနားထိုင်ချမိလိုက်သည်။
Advertisement
ဒီစေခိုင်းမှုက ဦးနှောက်ကမဟုတ်ဘူးဆိုရင်
နှလုံးသားကများလား?
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(7)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(6)
"ရှင် နဒီ နဲ့ နဒီနဲ့လား.."
"တောက်!"
"သူရောက်ပြီလား"
"အင်း ဖုန်းပေးလိုက် "
"ဟယ်လို "
"ဟယ်လို မွန်းလား "
"အင်း နဒီ "
"အင်း ငါအဆင်ပြေပါတယ် "
"မင်းဘ၀ ငါ့ဆီမှာ "
"သိပ်ရယ်ရတာပဲ "
============================
"မေတင် မေတင် "
"စိတ်ဆိုးသွားလားဟင် "
"မွန်းနားလည်ပါပြီ "
"သူက သိပ်ပွေတာပဲနေမှာ"
"ဟင်....."
သူက အေးအေးဆေးဆေးနဲ့ ထမင်းစားပွဲထောင့်မှာ ၀ငျထိုငျလိုကျရာ သက်သက်က မွန်းနဲ့အတူလေပေါနေရာကနေသူမအလုပ်သူမလုပ်ရန်ရှောင်ထွက်သွားလေသည်။
"ဘာအချိုးချိုးတာလဲ"
Advertisement
- In Serial100 Chapters
Contract Marriage || J. Jk [Completed]✔ [Editing]
HR #40 in bts fanficHR #313 in fanfic(If you are thinking that this is just another cliché story with a helpless female and a 'come to me' male lead then yes you are right or maybe you are not!)〖 Warning: This book is not edited. I wrote back then in 2017 when I was new to wp. No hate comments. 〗❝One day someone will walk into your life and make you see why it never worked out with anyone else.❞__ _ __ _ __Her life changes when she is married to the hottest guy of the century, their marriage is nothing but a written contract. They decide to fulfil their wills in the name of 'contract marriage' but then fate has something else to say... and when fate interferes... everything connects or even worse.. breaks...Story of a written contract and unwritten love... Story of a glass girl with no class and a badass playboy..〖 Point 5: 'Husband and wife to the world but nothing to each other under the roof' 〗_________________❝You don't choose LOVE... LOVE chooses you...!!!❞You will love this if you love philosophies, angst and quotes.100k on 25 May 2018🎉1M on 08 Nov 2019Drafted- 15 AUG 2017Published- 18 AUG 2017Ended- 26 April 2018Highest Ranking so far:13 DEC 2017Ranked #313 in Fanfiction.Ranked #40 in btsfanfic
8 337 - In Serial106 Chapters
The Alpha Bully
When Catherine Meyers started a new school in New York all she wanted was to be invincible. She was okay with being in the background. Her plans were to finish highschool with a good GPA and go to Harvard. She wanted to be a neurosurgeon. But her hopes were shattered when a force from the past which she couldn't remember barged into her life again.And this time he promised to ruin her.Ace Hampton was the King of Riverside highschool and Catherine Meyers is the rose he vowed to remove her petals one after the other until she is gone.Her father killed his father, how dare her act like she doesn't know him?He remembers her but she couldn't remember him and he would make her pay.
8 596 - In Serial20 Chapters
Little Red Riding Hood
I do very bad things and I do them extraordinarily well. Silent, Precise, and Merciless. The perfect killing machine. That's what I am. I've been trained to cut, then ask questions - which is interesting as I tend to be more of the silent type. It is no wonder why I am preferred over my peers. I am one of the best assassins in the capital. Every day is pretty much the same. Kill, get paid, and watch mundane people and their ordinary lives. Until one day - when I discover I have a stalker, then another one, then another one, and another one. Until four males take a morbid interest in me. Until I find myself actually challenged for once in the game of love and war. It is hard to have a heart when you have taken so many others. I was raised to be a killer and I enjoyed it. However, these males stand to destroy everything I thought I was. I can't tell if that was their biggest mistake or their worst one. After all, I still am a poor little girl waiting for her happy ending. ~~~Warning: this story will contain mature content. Violence, language, adult situations, abuse, and other disturbing content are in this story. Viewer discretion is advised.This is a Reverse Harem Romance.
8 140 - In Serial42 Chapters
OUR JOURNEY OF LOVE
SHE HATED HIM ,HE HATED HER LOVE WAS SOMETHING WHICH WAS NOT THEY CUP OF TEA BUT GOD BEING A CRAZY ONE HICHED THEM TOGETHER LETS SEE WHAT HAPPENS SHRUTI:A PURE BEAUTY, VERY CRAZY HER LIFE WAS A BEST HAVING A LOVEABLE PARENTS ,CRAZY SISTER AND A BUNCH OF NAUGHTY FRIENDS SHE IS A HARD NUT TO CRACK SHE IS DOING HER MASTER DEGREE SHREYAS:A HANDSOME HULK, HE IS A POSSESSIVE, COLD ATTITUDED ,ARROGANT MAN HE HATES SHAREING HIS THINGS WITH OTHERS HE HAS A SECRET NO ONE KNOWS EXCEPT HIS BEST FRIEND. WILL THE HATE BETWEEN THEM CHANGE INTO LOVE ??WILL THEY FIND LOVE !!WHAT IS THE SECRET??NOT WASTING MUCH TIME LETS JUMP INTO THE STORY RANKED 1st :Tamil On 23rd February 2020RANKED 7TH :COLLEGE ON 3RD MARCH 2020RANKED 1RD :EARNING On 5TH MARCH 2020RANKED 1RD ON :CHENNAI ON 5TH MARCH 2020⚠️ WARING:I DON'T OWN THE PICTURES or the Cover ,EVERYHING IS FROM GOOGLE AND INSTAGRAM⚠️some romantic sceans may occur 🤷♀️
8 124 - In Serial51 Chapters
Forbidden
He wasn't supposed to see her. She wasn't supposed to be there that day, yet she was.As if an unnatural force was pulling him towards her. She became his obsession. His want. His need.He wasn't worthy of her. That he knew. A man like him couldn't ever have a woman like her. He was a sinner. He was a killer. Yet what sin isn't committed without temptation and she became his temptation.He knew he'd tear the world apart just to have her. To just see her. To hold her and that's what he did.He destroyed everything just to have her.Even if he destroyed himself in the process.
8 102 - In Serial83 Chapters
THE PRINCE AND I
Skye was starting university thinking it wil be just a normal experience but what he didn't expect was to find out that the prince was his roommateFormally known as SKYE PRINCE
8 398

