《အတ္တလွန်အချစ် (OC) Completed》Part (8) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(8)
အိပ်မပျော်ရက်တွေများသည့်အတ္တဟာ မနေ့ညက နှစ်ခြိုက်စွာအိပ်ပျော်ခဲ့သည်။
နေမထွက်ခင်သူ့အခန်းထဲကထွက်လာမြဲ ဖြစ်သူက ဒီနေ့နေရောင်ခြည်ဖျဖျကျမှ မနက်စာစားရန် ဆင်းလာခဲ့သည်။
နာရီအားဖြင့် ၉နာရီရှိနေပြီဖြစ်သော်လည်း
မိုးအုံ့နေသည်မို့ နေရောင်ကသိပ်မထွက်။
"သခင်လေး ဒေါ်တင် ပေါင်မုန့်လေးမီးကင်ပေးမယ်နော် "
အတ္တက ခေါင်းတစ်ချက်ညိတ်၍ သူထိုင်နေကျ ထမင်းစားစားပွဲထောင့်မှာ၀င်ထိုင်လိုက်သည်။
မိုးမလင်းသေးဘူး စီးကရက်မီးညှိမြဲဖြစ်သည့် အတ္တသည် အခုလည်း နှုတ်ခမ်းမှာ စီးကရက်တစ်လိပ်ကိုတွယ်ချိတ်ထားသည်။
=======
မွန်းသည် စောစောဆင်းလာရင် အမြဲ သူနဲ့တွေ့ရလို့ ဒီနေ့ နေထွက်ပြီးမှဆင်းလာခဲ့ရာမှ တည့်တည့်ပင်တိုးပါသည် ။
မီးဖိုခန်းအပေါက်၀တွင် သူမ၏ခြေလှမ်းတို့က တုန့်ကနဲရပ်သွားပြီး ခပ်ပါးပါးရှပ်အင်္ကျီအဖြူဖြူစွတ်စွတ်ကိုဝတ်ထားကာ စီးကရက်ဖွာနေတဲ့သူ့ကျောပြင် ကိုမြင်ရ၍ အပေါ်ပဲပြန်တက်ရမလို ရှေ့ဆက်တိုးရမလိုနှင့် မနေ့ကအဖြစ်အပျက်ပြန်တွေးတိုင်းရှက်တာနဲ့ ကြောက်တာရယ် သူ့မျက်နှာကိုလုံးဝမမြင်ချင်ပါ။
"အဲ့ဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ "
လှည့်မကြည့်ပဲ သိရအောင် သူ့နောက်ကျောမှာများ မျက်စိပါလို့လား
ဟုစိတ်ထဲကနေရန်တွေ့ကာ မွန်းသည်မျက်စောင်းထိုးပြီး ထိုထမင်းစားခန်းအတွင်းသို့ဝင်လာခဲ့ပါသည်။
မဟုတ်ရင် သူခေါ်တာကိုမလာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပွဲထကြမ်းမလားမသိပါ။
မွန်းက စားပွဲအရှည်ကြီးမှာသူနဲ့ ခပ်ဝေးဝေးနေရာ၌ ၀င်ထိုင်လိုက်၏ ။
သူက နှုတ်ခမ်းကိုမဲ့ကာ ရယ်လိုက်သဖြင့်
မွန်းမျက်ခုံးတွေတွန့်ကျသွားပြီး
လူကိုလှောင်သလိုလိုရယ်တာများ အရမ်းမုန်းဖို့ကောင်းတာပဲ။
"မမလေးရောလား အတော်ပဲ ဒီမှာ မေတင် က ပေါင်မုန့်မီးကင်တွေပိုလုပ်ထားတယ် "
ဒေါ်မေတင်က အတ္တရဲ့ ရှေ့သို့တစ်ပန်းကန် မွန်းရှေ့သို့တစ်ပန်းကန်လာချပေးသည်။
မွန်းလည်း သူ့ကိုဂရုမထားဘဲ စားစရာရှိတာကိုပဲအေးအေးဆေးဆေးစားလေသည်။
ဒါပေမဲ့ သူက သူ့ရှေ့ကမုန့်ကိုလက်ဖျားနဲ့တောင်မတို့ဘဲ မွန်းစားနေတာကို တည်ကြည့်နေသဖြင့် မနေတတ်တော့ပါ။
မွန်းလည်း အနေအရမ်းကြပ်လာပြီး စားလက်စ ပေါင်မုန့်ကို ပန်ကန်ထဲသို့ ပြန်ချ၍ သူ့ကို လှည့်ကြည့်သည့်အခါ သူဟာအရင်အတိုင်းဆက်ကြည့်နေသဖြင့် မွန်းလည်း ဘာမှမပြောပဲ နှုတ်ခမ်းလေးကိုကိုက်လိုက်ကာ ထသွားမည်ပြုရာ သူကချက်ချင်းပဲ သူ၏နေရာမှထလာပြီး
မွန်းကို ပုခုံးကနေပြန်ဖိချ၏။
"ရှင် ဘာလုပ်တာလဲ စကားမပြောချင်လို့ ငြိမ်နေတာ "
ခုံကိုရှေ့ပြန်တိုးပေးပြီး မွန်းရဲ့အနောက်မှ နားနားလေးကိုကပ်ကာ
"ဆက်စား မကြည့်တော့ဘူး "တဲ့
မွန်း ကြက်သီးပင်ဖြန်းကနဲထသွားရသည်။
သူ့၀င်လေထွက်လေကလည်ပင်းသို့ယှက်ပါးကလေးထိပြေးသွား၍ သူရှုထုတ်လိုက်တဲ့လေတွေနဲ့ထိတွေ့လိုက်ရသောလည်ပင်းကလေးကလည်း နွေးပြီးကျန်ရစ်သည်။
ထိုစကားအဆုံးမှာ မွန်းရဲ့ လည်ပင်းတစ်ချက် ပူနွေးသွားသဖြင့် လည်ပင်းလေးပု၀င်သွားကာ
မျက်လုံးပင်ပြူးသွားရပြန်သည် ။
သူ့နှုတ်ခမ်းရဲ့ထိတွေ့မှုတိုင်းဟာ နူးညံံ့ပြီးအိစက်နေသည်။
သူဟာသူမကိုတစ်ချက်လှည့်မကြည့်ဘဲ အပြင်သို့ထွက်သွားလေသည်။
မွန်းအနေနဲ့ ဆက်လည်းမစားနိုင်တော့ဘဲ ဒီနေရာမှာပဲထိုင်နေမိပြီး
သူ တကယ်အမျိုးမျိုးတက်နိုင်တာပဲ ။
မွန်းကိုပဲ ရင်ခုန်အောင်သေချာအကွက်ချလုပ်နေသလား သူ့အကွက်ထဲမဝင်အောင်ကိုယ့်ကိုယ်ကိုထိန်းထားမှဖြစ်မယ်
ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ထမင်းစားခန်းထဲကနေထွက်လာ၍ သူမအခန်းသို့ပြန်ခဲ့သည်။
ဒီမွေ့ယာပေါ်မှာပဲ မွန်း အမြဲထိုင်ရသည်မို့တစ်ခါတစ်လေတော့ မှန်ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေမိသည် ။
သူ့ရဲ့ခြံအကျယ်ကြီးထဲက သစ်ပင်စိမ်းစိမ်းတွေကိုသာ အကြောင်းမရှိပဲ ငေးနေမိသည့်နာရီတွေလည်းမနည်းတော့ပါ။
ထိုအချိန် လူတွေတရုံးရုံးနဲ့ခြံထဲမှာတွေ့တော့
မွန်းစိတ်၀င်တစား ကြည့်လိုက်မိသည်။
ပါကင်ပိတ်ထားသောဂျက်ဖာတွေ အထုတ်တွေစသည်ဖြင့် ကားတစ်စင်းထဲသို့အစီအရီထည့်သွင်းနေကြသည်။
မွန်းက အုံ့မှိုင်းနေတဲ့ကောင်းကင်သို့တစ်ခါမော့ကြည့်ပြီး
"မိုးအုံ့နေတာသူတို့ဘယ်သွားမလို့ပါလိမ့်"
ဟုနှုတ်မှခပ်တိုးတိုးရေရွတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း အိမ်ကြီး၏ညာဘက်ကဂိုထောင်ထဲမှထွက်လာသော အမဲရောင်ဂျာကင်အင်္ကျီနဲ့ အတ္တသည် အလင်းဆီက သေနတ်ကို ယူပြီး သူ့၏ခါးနောက်ထဲသို့ထိုးထည့်လိုက်သည်။
"သူက သွားလေရာ သေနတ်ယူတာပဲ ရန်သူပေါပုံရတယ်"
ပြီးတော့ ပစ္စည်းတွေတင်ထားတဲ့ကားကတစ်စီး ကျန်သောဇိမ်ခံကားအနက်ရောင်၂စီးဖြင့်စုစုပေါင်း၃စီးခြံထဲကနေအလျှိုလျှိုထွက်သွားကြသည်။
"ဒီလောက်လူတွေအများကြီးပါသွားတာ ဒီမှာ လူသိပ်မကျန်လောက်တော့ဘူး"
ဟု ဘယ်ချိန်ဖြစ်ဖြစ် ဒီအိမ်ကလွတ်ဖို့စိတ်ကူးနေသည့်သူမက အမြဲထွက်ပြေးဖို့သာကြံစည်မိသည်။
မွန်းက မိုးအခြေအနေကြည့်တော့ အုံ့ပဲအုံ့နေပြီး
ရွာမည့်ပုံမပေါ်သေးပေ ။
ထိုအခါ မွန်းလည်းသူမအကြံနှင့်သူမ အောက်သို့ဆင်းလာပြီး မီးဖိုခန်းထဲသို့ ၀င်ကြည့်တော့ မေတင်ရောသက်သက်ရောရှိနေသည်။
သူတို့ကတော့တားကြမှာပဲ လွှတ်မည်မထင်ဘူး။
"မမလေး ဘာလိုချင်လို့လဲ"
ပြောရင်းဆိုရင်း သက်သက်က လှည့်မေးလေတော့
"ဟင်...ဟို... ဘာမှ မဟုတ်ပါဘူး ဒီတိုင်း မွန်းပျင်းလို့ဆင်းလာခဲ့တာ သူအပြင်သွားတုန်းလေး"
မွန်းကနှုတ်ခမ်းကလေးကွေးရုံပြုံးပြီးပြန်ဖြေလိုက်သည်။
"ဪ သခင်လေးက ကြာမယ်ထင်တယ် "
"ဟုတ်လား"
သက်သက်ပြောတာနဲ့ မွန်းဟာဟုတ်လားဟုခပ်ကျယ်ကျယ်ကလေးပြန်မေးလိုက်မိသည်။
"မမလေး စားဦးလေ သက်သက်တို့ထမင်းစားကြမလို့"
ဒေါ်မေတင်နှင့်သက်သက်အပြင်အခြားသောအစေခံတစ်စုက ထမင်းစားခန်းကြီးရဲ့အနောက်က သစ်သားစားပွဲကြီးမှာဟင်းပန်းကန်အချို့ပြင်ဆင်သူကပြင် ထမင်းခူးသူကခူးနှင့် နေ့လည်စာစားကြရန်ပြင်ဆင်နေကြသည်။
"ဟင့်အင်း မွန်း ဗိုက်မဆာတော့ဘူး ဪ မေတင် နေကောင်းသွားပြီလား"
ဟု သူတို့ထမင်းစားဝိုင်းအလယ်မှာထိုင်နေသည့် ဒေါ်မေတင်ကိုမွန်းမှလှမ်းမေးလိုက်သည်။
"ကောင်းပါတယ် မမလေး ရယ် မနေ့ကခေါင်းကိုက်ရုံလေးတင်ပါ "
မွန်းလည်း အရိပ်အခြေကြည့်ကာ
"အဲ့တာဆို ထမင်းစားကြနော် တော်ကြာမွန်းရှိရင် အနှောက်အယှက်ဖြစ်နေလိမ့်မယ် "
"ရပါတယ်မမလေး ရယ်"
မွန်းက ထမင်းစားခန်းထဲကထွက်လာပြီး ဧည့်ခန်းထဲမှာ ဟိုကြည့်သည်ကြည့်ဖြင့် နှစ်ယောက်ထိုင်ဆိုဖာတစ်ခုမှာ အသာထိုင်နေလိုက်သည်။
မွန်းသည် ခြံထဲသို့သာ အရိပ်တကြည့်ကြည့်ဖြင့် လူမရှိတာသေချာရဲ့လားဟုအကဲခက်နေသည်။
မွန်းကြည့်နေတဲ့အချိန်အတွင်းတော့မည်သူမျှခြံထဲတွင်မရှိကြပေ။
နာရီ၀က်လောက်အကြာတွင် သက်သက်က ဧည့်ခန်းထဲသို့ထွက်လာသဖြင့်
ခြေသံကြားကတည်းက မွန်းသည်ဆိုဖာပေါ်တွင် လှဲကာ မျက်လုံးမှိတ်ထားလိုက်သည်။
"ဟင် မမလေးက အိပ်ပျော်နေတာလား "
သက်သက်က အနီးနားထိလာကြည့်သွားပြီး
အနောက်သို့ပြန်၀င်သွားကာ
"မေတင် မမလေး ကအိပ်ပျော်နေတယ် "
"ဪ အိပ်ပါစေကွယ် နိုးမှ ကျွေးလိုက်လည်းရတာပဲ "
ထောပတ်သီးတွေကိုနို့ဆီနဲ့နယ်နေတဲ့ မေတင်က ထိုပန်းကန်ကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။
မွန်းအိပ်ချင်ယောင်ဆောင်နေရာမှ အသံတွေကိုနားစွင့်ရင်း ငြိမ်နေ၏။
ဒီနေ့တော့ လွတ်မှ ဖြစ်မယ် ဒီကနေလွတ်အောင် ပြေးရမယ် ။
Advertisement
ထိုဆုံးဖြတ်ချက်နှင့် မွန်းလည်း အိမ်ထဲမှ အသာထွက်လာခဲ့သည် ။
ခြံထဲသို့ ဘေးဘီဝေ့ကြည့်ပြီး လူမမြင်သဖြင့်
ခြေသလုံးတစ်၀က်ပန်းနုရောင်ဂါ၀န်ကို မကာ ဖိနပ်မပါသော မနေ့ကပက်တီးစည်းထားတဲ့ဒဏ်ရာနေသည့်ခြေဖဝါးနုနုကလေးများနှင့် ပြေးထွက်လာခဲ့သည် ။
ခြံကြီးထွက်ပေါက်ကိုမှန်းဆကာ စောနကကားဘီးရာတွေအတိုင်းပြေးလာခဲ့စဥ် အုံ့မှိုင်းနေသောကောင်းကင်ကမိုးချိန်းသံတွေပေးလာတော့သည်။
အရင်လိုဆိုရင် မိုးချိန်းသံကြားပြီဆိုတာနဲ့ နဒီ့ကိုတွယ်ဖက်ထားတာ မွန်းက မိုးရွာရင်သိပ်ကြောက်တတ်တာ
ဒါပေမဲ့ အတ္တဆိုတဲ့သူကထိုမိုးချိန်းသံတွေထက်ပိုကြောက်စရာကောင်းတာမို့ ဒီအိမ်ကနေလွတ်ဖို့ကလွဲပြီး ကျန်တာဘာမှမမြင်တော့ပါ။
မြေလမ်းပေါ်ကကျောက်စရစ်ခဲတွေကိုနင်းမိတိုင်းခြေဖဝါးကလေးတွေစူးခနဲစူးခနဲဖြစ်သွားပြီး ပက်တီးစည်းထားတဲ့ခြေဖဝါးတစ်ဖက်ကလည်း ပက်တီးအဖြူရောင်ကလေးဟာ သွေးရောင်ပေါက်လာသည်။
ဂါ၀န်ကိုမကာ နောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြေးထွက်လာခဲ့သည်မှာ သူမရဲ့ဆံပင်နီတွေကလည်းမိုးသက်လေပြင်းတွေကြားထဲမှာလွင့်မြောစွာ
ခြံတစ်ခုလုံးပတ်ပြေးလာခဲ့ရပြီးမှ ခြံဝရောက်လျှင် မွန်းလွတ်ပြီထင်ခဲ့တာ ။
လူ၂ယောက်က အရင်လိုပဲ မွန်းရှေ့ကပိတ်ရပ်လိုက်ပြန်သည်။
မွန်းမှာရင်ဘက်တွေနိမ့်ချည်မြင့်ချည်နှင့်မောဟိုက်နေကာ
" မွန်း ကိုလွှတ်ပေးပါ... မွန်းကို လွှတ်ပေးပါ "
"ကျွန်တော်တို့မှာလွှတ်ပေးပိုင်ခွင့်မရှိပါဘူးအထဲကိုပြန်ဝင်ပေးပါ မမလေး "
"ဟင့်အင်း ဟင့် အဟင့် မွန်း... မွန်း ကိုလွှတ်ပေးပါနော် တောင်းပန်ပါတယ် "
ထိုလူ၂ယောက်က မွန်းဆီသို့တိုးလာခဲ့ကြရာ မွန်းဟာ နောက်မဆုတ်ပဲပေပြီးရပ်နေသည်။
"မမလေး မိုးရွာတော့မယ်ထင်တယ် အိမ်ထဲပြန်၀င်...."
မိုးဖွဲလေးတွေကျလာတော့သူတို့၂ယောက်ကကောင်းကင်သို့မော့ကြည့်ခိုက် မွန်းသည်အရဲစွန့်ပြီး သူတို့ကြားထဲကနေပြေးထွက်ပါလျှင်
သူတို့ကအနောက်ကနေမှီသောမွန်းရဲ့ဂါဝန်စကိုလှမ်းဆွဲထားသည်။
"ကျွန်တော်တို့ အင်းအားသုံးရလိမ့်မယ် အခုပြန်၀င်လိုက်ပါ သခင်လေး လာလို့မတွေ့ရင် အားလုံးအပြစ်ပေးခံရပါလိမ့်မယ်"
"တောင်းပန်ပါတယ် မွန်းကိုလွှတ်ပေးပါ မွန်းပြန်ပါရစေနော် "
မွန်းဟာသူမရဲ့လက်နှစ်ကိုတစ်ယောက်တစ်ဖက်စီချုပ်ထားကြသော လူနှစ်ယောက်အားဘယ်လိုပင်တောင်းပန်ပါစေ သူတို့နှစ်ယောက်က ပထမဆုံးဒီအိမ်စရောက်တဲ့ရက်ကလိုပဲ တရွတ်ဆွဲသွားမတတ်အိမ်ကြီးရှိရာအပြန်လမ်းသို့ပဲခေါ်ဆောင်သွားလေသည်။
"မမလေး မမလေး "
မေတင်နဲ့ သက်သက်ပါ အိမ်ထဲပြေးထွက်လာသဖြင့် မွန်းက ငိုယိုပြီးတောင်းပန်နေသည်။
"မွန်း... မွန်း...ဟင့်..အင့် ပြန်မှဖြစ်မယ်"
"မမလေး အိမ်ထဲပြန်ဝင်ပါမမလေးရယ် "
မိုးတွေလည်းချိန်း မွန်းကိုလည်းဝိုင်းတားနေကြရာ မွန်းဟာ သူ၏တပည့်နှစ်ယောက်ယောက်လက်ထဲမှာပြာယာခက်စွာရုန်းကန်နေရသည်။
အကုန်လုံး မွန်းကိုဝိုင်းဆွဲပြီး ပြန်ခေါ်နေကြသဖြင့် ခြံအပေါက်ဝကနေ ရေဗန်းတွေရှိတဲ့လမ်းတစ်ဝက်အထိပြန်ပါလာခဲ့သည်။
မိုးဖွဲတွေကလည်းတဖြည်းဖြည်းနဲ့များလာတော့ လမ်းပေါ်မှာရှိနေကြတဲ့လူ၄ယောက်လုံးစိုရွှဲလုနီးနီးဖြစ်နေပြီ။
မွန်းဟာ ထိုလူနှစ်ယောက်ကိုင်ဆွဲထားတဲ့လက်နှစ်ဖက်ကိုအတင်းရုန်းဖယ်နေချိန်
တီ.......
ဟွန်းသံကျယ်ကျယ်နဲ့အတူကားသံတွေကြားလိုက်ရပြီး မွန်းတို့အားလုံး ရပ်သွားကြရာ
မိုးဖွဲဖွဲတွေကျနေသည့်ကြားက အတ္တဟာ အသွားတုန်းကဝတ်ထားသောဂျက်ကင်အင်္ကျီကကိုယ်ပေါ်တွင်မရှိဘဲ ရှပ်အင်္ကျီအနက်ရောင်ကို လည်ပင်းကကြယ်သီး၂လုံးဖြုတ်ထားပြီး ကားတံခါးကိုကြမ်းတမ်းစွာဝုန်းကနဲဖွင့်၍ထွက်လာခဲ့သည်။
"ဒါက ဘာဖြစ်နေတာလဲ"
မွန်းရဲ့ရှေ့မှာလာရပ်တဲ့သူ့ကိုမော့ကြည့်လိုက်တော့ သူဟာ မေးကြောတွေပင်ထောင်နေရာ သူအရမ်းဒေါသထွက်နေကြောင်းသိလိုက်ရသည်။
မွန်းထွက်ပြေးတာကိုမြင်ရလို့ဒေါသထွက်နေသလား
ဒါမှမဟုတ်သူ့ရဲ့ကိစ္စတွေအဆင်မပြေလို့ဒေါသထွက်လာတာလားဆိုတာတော့မွန်းသေချာမသိပါ။
ပစ္စည်းအလဲအလည်သွားလုပ်ရာ မိုးတွေရွာနေတာကြောင့် လမ်းမှာပဲ ပြန်လှည့်ခဲ့ရသည်မို့ စိတ်တိုနေတဲ့ကြားက အခုခြံထဲရောက်တော့လည်း ဒီမြင်ကွင်းကိုတွေ့ရပြီး မျက်နှာထားဟာလုံးဝဟန်မဆောင်နိုင်လောက်အောင်တင်းမာသွားတော့သည်။
"ဟို.... ဟို..."
သက်သက်နဲ့မေတင်က မွန်းကိုသနားလို့ပြောမထွက်ကြပေမဲ့ ခြံစောင့်သူ့တပည့်၂ယောက်ကတော့ ကိုယ်ချင်းစာတတ်ဟန်မတူ။
"မမလေးက ထွက်ပြေးလို့..."
စကားပင်မဆုံးသေးဘူး အတ္တက မွန်းရှေ့သို့ပိုတိုးကပ်သွားသဖြင့် ဘေးကလူတွေနောက်ဆုတ်လိုက်သည်။
"မင်းကထွက်ပြေးချင်တာပေါ့ ဟုတ်လား"
ခါးထောက်ထားလျှက်မွန်းကိုငုံ့ပြီးမေးလိုက်တော့
"ပြေးမှာပဲ ရှင့်လိုအတ္တကြီးပြီး ရက်စက်တဲ့သူနဲ့ မနေဘူး ကျွန်မ အိမ်ပြန်မယ်"
"မင်းက ငါနူးညံ့ပြနေတာကို ပြန်ကြမ်းတမ်းအောင်လုပ်နေတာပဲ ငါ့စိတ်တွေကိုမင်းပဲလာလာစွနေတာ မေမီမွန်း!"
အတ္တဟာ သူမရဲ့ပုခုံးတွေကို လှုပ်ရမ်းပစ်လိုက်ရာ မိုးရေစိုနေသဖြင့်မွန်းရဲ့ပုခုံးလေးတွေ အေးစက်နေသည်။
"ဟွန့် ကျွန်မအတွက်တော့ ရှင်ဘာလုပ်ပြပြ ရှင်ကရှင်ပဲ လူမဟုတ်တဲ့မကောင်းဆိုးဝါးလိုကောင် "
"အေး မင်းပြောသလို ငါကလူမဆန်ဘူး အဲ့တော့ အရမ်းထွက်ပြေးချင်နေတဲ့မင်း ဒီနေ့အပြင်မှာပဲနေ ခြံထဲမှာမင်းကြိုက်သလောက်ပတ်ပြေးနေ အထဲမ၀င်နဲ့"
ထိုအမိန့်ကိုကြားတော့သက်သက်နဲ့မေတင်ကတစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးကြည့်နေရင်း မေတင်က မွန်းကိုသနားကာ
"သခင်လေး မိုးတွေရွာ...."
"ပိတ်ထား မင်းတို့ပါ နေချင်ရင်နေခဲ့"
မိုးတွေကပိုသည်းလာသဖြင့် ခြံစောင့်နှင့်အတ္တစီးလာသောကားတွေပါမကျန်အားလုံးဟာအသီးသီးသူတို့နေရာသို့ပြန်ကုန်ကြသည်။
အတ္တလည်းသူမကိုလှည့်တောင်မကြည့်ပဲ အိမ်ထဲ၀င်သွားခဲ့ပြီး သူဝင်သွားတာနဲ့ ဟိုတစ်နေ့ကအတိုင်း တံခါးတွေအားလုံး ပိတ်ပစ်လိုက်ကြ၏။
မွန်းနှုတ်ခမ်းလေးကိုပြတ်လုမတက်ကိုက်ထားပြီး မိုးစက်တွေနဲ့အပြိုင်သည်းထန်စွာငိုကြွေးနေတယ်ဆိုတာမွန်းမှအပ မည်သူမှသိမည်မဟုတ်။
မိုးတွေ ပိုသည်းထန်လေ မိုးချိန်းသံတွေ ကျယ်လောင်လေဖြစ်၍ ဆံပင်တွေလည်း ရေစိုကာ ကပ်နေပြီး ဂါ၀န်ကလည်း စိုကပ်ကာ တွဲကျနေလေ၏။
"တကယ်တစ်ညလုံးတော့ပစ်မထားကောင်းပါဘူးနော် မိုးကြီးကတိတ်မည့်ပုံမပေါ်ဘူး"
မေတင်နဲ့ သက်သက်သည် အိမ်ထဲကပြတင်းမှလှမ်းကြည့်ရင်း စိတ်ပူနေကြသည်။
"မမလေး သနားပါတယ် သခင်လေးကလည်းလုပ်ရက်လိုက်တာ"
အတ္တသည် အမြဲတမ်း သူမကိုကြည့်ရှုသည့် သူ့အခန်းမှန်ပြတင်းကလိုက်ကာလေးဖယ်ကာ
စီးကရက်ငွေ့တွေရှိုက်ထုတ်ရင်း မိုးရေထဲကသူမကို ကြည့်နေမိသည်။
ညနေကတည်းကပစ်ထားခဲ့တာ အခုဆိုမိုးကမတိတ်သည့်အပြင်တဖြည်းဖြည်းမှောင်လာပြီ။
မှောင်ရည်ပျိုးစအချိန်ပေမဲ့ ဘာမီးမှမဖွင့်ပဲအမှောင်ချထားရာလျှပ်စီးပစ်လိုက်တိုင်း ကောင်းကင်ကြီးက အက်ကွဲရာကြီးတွေက ဝင်းကနဲဝင်းကနဲ တဂျိန်းဂျိန်းမိုးချိန်းသံတွေဟာမကဘဲ ကျယ်လှောင်သောမိုးကြိုးပစ်သံတွေကိုလည်းအတိုင်းသားကြားနေရ၍
သူမဘယ်လောက်ပင်ကြောက်ကြောက် ဖက်ထားပေးမဲ့နဒီလည်းမရှိသလို ချမ်းလိုခြုံပြီးကွေးနေစရာစောင်လည်းမရှိပါ။
မွန်းဟာ နားပိတ်မျက်စိမှိတ်ကာ မိုးချိုးပစ်သံကြားတိုင်း အော်ငိုရုံသာ။
အတ္တဟာ မိုးရေထဲကသနားစရာသူမကို ဆက်မကြည့်တော့ဘဲ အခန်းစီးကိုပြန်ပိတ်၍ မှန်ပြတင်းဘောင်ကို ကျောမှီပြီးလက်ပိုက်ထားပါလျှက်
နောက်ထပ်မိုးကြိုး ပစ်သံအကျယ်ကြီးကိုကြားလိုက်ရပြီးနောက် ရုတ်တရက် အောက်သို့ပြေးဆင်းလာသဖြင့် အလင်းဟာလှေကားရင်းမှနေ၍သူ၏သခင်ကိုမော့ကြည့်နေစဥ် ဒေါ်မေတင်နှင့်သက်သက်တို့ အိမ်တံခါးကြီးကိုမဖွင့်ရဲဘဲထီးတစ်ချောင်းနှင့်ပြူတစ်ပြူတစ်လုပ်လေရာ
သက်သက်ကိုင်ထားသည့်ထီးကို ဆွဲယူကာ
မိုးရွာထဲသို့ သူကိုယ်တိုင်ထွက်သွားခဲ့သည်။
မွန်းဟာ မျက်စိမှိတ်နားပိတ်ထားသည့်ကြားက
သူမအပေါ်သို့ မိုးရေစက်များထိတွေ့ခြင်းမရှိတော့သည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်တော့
မွန်းအပေါ်မှမိုးပေးထားတဲ့ ထီးအနက်ကြီးကို ကိုင်ထားတာက အဲ့ဒီလူ။
မွန်းကိုပဲ စူးစူးစိုက်စိုက်ငုံ့ကြည့်နေရာ
လူကတုန်ရီနေပြီမို့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရပါ ။
မွန်းကိုထီးဆောင်းပေးထားတာက အဲ့ဒီလူဆိုတဲ့ ဝိုးတိုးဝါးပုံရိပ်မှလွဲပြီး ကျန်တာဘာမှမသိတော့ပါ။
ရုတ်တရက် နောက်တစ်ကြိမ် မိုးကြိုးပစ်သံအကျယ်ကြီးထွက်ပေါ်လာရာ
ဂျိန်း....
မွန်းက သူ့ရင်ခွင်ထဲတိုး၀င်လိုက်သည်။
အတ္တဟာ မိုးကြိုးပစ်သံကို တုန်လှုပ်ခြောက်ခြားခြင်းမရှိပေမဲ့တင်းတင်းကြပ်ကြပ်ဖက်ထားသည့် သူမလက်တွေ လျော့ရဲကာ ရင်ခွင်ထဲမှ ပြိုကျလာရာ၌
"ဟေ့.....မင်း ဘာဖြစ်နေတာလဲ"
Advertisement
အတ္တသည် လက်တစ်ဖက်ဖြင့် ခါးမှထိန်းထားလိုက်သည့်အခါ သူ့လက်ပေါ်မှာကော့ကျပြီး သူမဟာ မျက်လုံးမပွင့်သဖြင့်
"မွန်း... မွန်း..."
အတ္တဟာ သူ၏လက်ထဲက ထီးကိုပစ်ချလိုက်ပြီး သူမကိုပွေ့ချီလိုက်သည်။
အလင်းကနောက်ထီးတစ်ချောင်းနဲ့ပြေးထွက်လာပေမဲ့ အတ္တဟာ တစ်ကိုယ်လုံးလည်း မိုးရေတွေရွှဲစိုလာပြီးအိမ်ထဲသို့သူမကိုသယ်လာကာ ဒေါ်မေတင်ကိုလိုက်ခဲ့ဖို့ခေါ်ပြီး ချက်ချင်းအပေါ်တက်သွားသည်။
သတိမ၀င်တစ်၀င်သူမက အတ္တ သူမကိုသယ်လာတာကိုတော့မှတ်မိလိုက်ပါသည် ။
အခန်းထဲထိပို့ပေးပြီး ဒေါ်မေတင်အားသူမကိုအဝတ်အစားလဲပေးရန်မှာကြား၍ သူလည်းရေစိုဝတ်တွေကိုသွားလဲလေသည်။
ဒေါ်မေတင်က ဝတ်ပေးရလွယ်ကူသောအဖြူရောင်ညဝတ်ဂါဝန်ပွပွတစ်ထည်ကိုဝတ်ပေးခဲ့ကာ ဆံပင်တွေကိုရေခြောက်အောင်သုတ်ပေးနေစဥ် အခန်းထဲဝင်လာသော အတ္တဟာလည်း ခေါင်းကဆံပင်တိုတိုတွေကစိုတစ်ဝက်ခြောက်တစ်ဝက်နှင့် ဗွီပုံစံလည်ပင်းပေါက်ရှိသော ရှပ်လက်ရှည်ခပ်ပွပွနှင့် ပေါ့ပါးသောဘောင်းဘီတစ်ထည်ကိုလဲဝတ်ထားသည်။
"သခင်လေး ဒေါ်တင် ဘာလုပ်ရဦးမလဲ ရေသုတ်ပေးပြီးအ၀တ်လဲပေးခဲ့ပြီ"
"ထားခဲ့တော့ ကျန်တာမနက်မှ ဆက်မယ် သူအိပ်ပါစေ"
"ဟုတ်ကဲ့"
ဒေါ် မေတင် အောက်ထပ်သို့ ပြန်ဆင်းသွားသည့်အခါ အတ္တသည် သူမအိပ်နေတဲ့ကုတင်ပေါ်သို့ ခေါင်းရင်းဘက်ကနေတင်ပါးလွှဲ၍ဝင်ထိုင်လိုက်သည်။
အနီရောင်မဟုတ်ဘဲရေစို၍အညိုရောင်သမ်းနေသောသူမရဲ့ဆံပင်တွေအား အမြန်ခြောက်အောင် ခေါင်းအုံးပေါ်မှာ ဖြန့်ချပေးနေမိသည်။
ဂျိန်း...
မိုးချိန်းသံကြောက်သည့်သူမက အသံကြားတာနဲ့ ရုတ်တရက် ဘေးမှာရှိသော မှီသောအတ္တရဲ့ခါးကို လှမ်းဖက်လိုက်သည်။
အတ္တက သူ့ခါးကိုအတင်းလာဖက်လာသော သူမကိုငုံ့ကြည့်ခါ သက်ပြင်းချလိုက်ပြီး
"မင်းက မီးနဲ့လာကစားနေတာပဲ"
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(9)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(8)
အိပ္မေပ်ာ္ရက္ေတြမ်ားသည့္အတၱဟာ မေန႕ညက ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ခဲ့သည္။
ေနမထြက္ခင္သူ႕အခန္းထဲကထြက္လာၿမဲ ျဖစ္သူက ဒီေန႕ေနေရာင္ျခည္ဖ်ဖ်က်မွ မနက္စာစားရန္ ဆင္းလာခဲ့သည္။
နာရီအားျဖင့္ ၉နာရီရွိေနၿပီျဖစ္ေသာ္လည္း
မိုးအုံ႕ေနသည္မို႔ ေနေရာင္ကသိပ္မထြက္။
"သခင္ေလး ေဒၚတင္ ေပါင္မုန့္ေလးမီးကင္ေပးမယ္ေနာ္ "
အတၱက ေခါင္းတစ္ခ်က္ညိတ္၍ သူထိုင္ေနက် ထမင္းစားစားပြဲေထာင့္မွာ၀င္ထိုင္လိုက္သည္။
မိုးမလင္းေသးဘူး စီးကရက္မီးညွိၿမဲျဖစ္သည့္ အတၱသည္ အခုလည္း ႏႈတ္ခမ္းမွာ စီးကရက္တစ္လိပ္ကိုတြယ္ခ်ိတ္ထားသည္။
=======
မြန္းသည္ ေစာေစာဆင္းလာရင္ အၿမဲ သူနဲ႕ေတြ႕ရလို႔ ဒီေန႕ ေနထြက္ၿပီးမွဆင္းလာခဲ့ရာမွ တည့္တည့္ပင္တိုးပါသည္ ။
မီးဖိုခန္းအေပါက္၀တြင္ သူမ၏ေျခလွမ္းတို႔က တုန့္ကနဲရပ္သြားၿပီး ခပ္ပါးပါးရွပ္အကၤ်ီအျဖဴျဖဴစြတ္စြတ္ကိုဝတ္ထားကာ စီးကရက္ဖြာေနတဲ့သူ႕ေက်ာျပင္ ကိုျမင္ရ၍ အေပၚပဲျပန္တက္ရမလို ေရွ႕ဆက္တိုးရမလိုႏွင့္ မေန႕ကအျဖစ္အပ်က္ျပန္ေတြးတိုင္းရွက္တာနဲ႕ ေၾကာက္တာရယ္ သူ႕မ်က္ႏွာကိုလုံးဝမျမင္ခ်င္ပါ။
"အဲ့ဒီမွာရပ္ၿပီး ဘာလုပ္ေနတာလဲ "
လွည့္မၾကည့္ပဲ သိရေအာင္ သူ႕ေနာက္ေက်ာမွာမ်ား မ်က္စိပါလို႔လား
ဟုစိတ္ထဲကေနရန္ေတြ႕ကာ မြန္းသည္မ်က္ေစာင္းထိုးၿပီး ထိုထမင္းစားခန္းအတြင္းသို႔ဝင္လာခဲ့ပါသည္။
မဟုတ္ရင္ သူေခၚတာကိုမလာလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ ပြဲထၾကမ္းမလားမသိပါ။
မြန္းက စားပြဲအရွည္ႀကီးမွာသူနဲ႕ ခပ္ေဝးေဝးေနရာ၌ ၀င်ထိုင်လိုက်၏ ။
သူက ႏႈတ္ခမ္းကိုမဲ့ကာ ရယ္လိုက္သျဖင့္
မြန္းမ်က္ခုံးေတြတြန့္က်သြားၿပီး
လူကိုေလွာင္သလိုလိုရယ္တာမ်ား အရမ္းမုန္းဖို႔ေကာင္းတာပဲ။
"မမေလးေရာလား အေတာ္ပဲ ဒီမွာ ေမတင္ က ေပါင္မုန့္မီးကင္ေတြပိုလုပ္ထားတယ္ "
ေဒၚေမတင္က အတၱရဲ႕ ေရွ႕သို႔တစ္ပန္းကန္ မြန္းေရွ႕သို႔တစ္ပန္းကန္လာခ်ေပးသည္။
မြန္းလည္း သူ႕ကိုဂ႐ုမထားဘဲ စားစရာရွိတာကိုပဲေအးေအးေဆးေဆးစားေလသည္။
ဒါေပမဲ့ သူက သူ႕ေရွ႕ကမုန့္ကိုလက္ဖ်ားနဲ႕ေတာင္မတို႔ဘဲ မြန္းစားေနတာကို တည္ၾကည့္ေနသျဖင့္ မေနတတ္ေတာ့ပါ။
မြန္းလည္း အေနအရမ္းၾကပ္လာၿပီး စားလက္စ ေပါင္မုန့္ကို ပန္ကန္ထဲသို႔ ျပန္ခ်၍ သူ႕ကို လွည့္ၾကည့္သည့္အခါ သူဟာအရင္အတိုင္းဆက္ၾကည့္ေနသျဖင့္ မြန္းလည္း ဘာမွမေျပာပဲ ႏႈတ္ခမ္းေလးကိုကိုက္လိုက္ကာ ထသြားမည္ျပဳရာ သူကခ်က္ခ်င္းပဲ သူ၏ေနရာမွထလာၿပီး
မြန္းကို ပုခုံးကေနျပန္ဖိခ်၏။
"ရွင္ ဘာလုပ္တာလဲ စကားမေျပာခ်င္လို႔ ၿငိမ္ေနတာ "
ခုံကိုေရွ႕ျပန္တိုးေပးၿပီး မြန္းရဲ႕အေနာက္မွ နားနားေလးကိုကပ္ကာ
"ဆက္စား မၾကည့္ေတာ့ဘူး "တဲ့
မြန္း ၾကက္သီးပင္ျဖန္းကနဲထသြားရသည္။
သူ႕၀င္ေလထြက္ေလကလည္ပင္းသို႔ယွက္ပါးကေလးထိေျပးသြား၍ သူရႈထုတ္လိုက္တဲ့ေလေတြနဲ႕ထိေတြ႕လိုက္ရေသာလည္ပင္းကေလးကလည္း ႏြေးၿပီးက်န္ရစ္သည္။
ထိုစကားအဆုံးမွာ မြန္းရဲ႕ လည္ပင္းတစ္ခ်က္ ပူႏြေးသြားသျဖင့္ လည္ပင္းေလးပု၀င္သြားကာ
မ်က္လုံးပင္ျပဴးသြားရျပန္သည္ ။
သူ႕ႏႈတ္ခမ္းရဲ႕ထိေတြ႕မႈတိုင္းဟာ ႏူးညံံ့ၿပီးအိစက္ေနသည္။
သူဟာသူမကိုတစ္ခ်က္လွည့္မၾကည့္ဘဲ အျပင္သို႔ထြက္သြားေလသည္။
မြန္းအေနနဲ႕ ဆက္လည္းမစားနိုင္ေတာ့ဘဲ ဒီေနရာမွာပဲထိုင္ေနမိၿပီး
သူ တကယ္အမ်ိဳးမ်ိဳးတက္နိုင္တာပဲ ။
မြန္းကိုပဲ ရင္ခုန္ေအာင္ေသခ်ာအကြက္ခ်လဳပ္ေနသလား သူ႕အကြက္ထဲမဝင္ေအာင္ကိုယ့္ကိုယ္ကိုထိန္းထားမွျဖစ္မယ္
ဆိုတဲ့ဆုံးျဖတ္ခ်က္နဲ႕ ထမင္းစားခန္းထဲကေနထြက္လာ၍ သူမအခန္းသို႔ျပန္ခဲ့သည္။
ဒီေမြ႕ယာေပၚမွာပဲ မြန္း အၿမဲထိုင္ရသည္မို႔တစ္ခါတစ္ေလေတာ့ မွန္ျပတင္းေပါက္ေရွ႕မွာ မတ္တပ္ရပ္ေနမိသည္ ။
သူ႕ရဲ႕ၿခံအက်ယ္ႀကီးထဲက သစ္ပင္စိမ္းစိမ္းေတြကိုသာ အေၾကာင္းမရွိပဲ ေငးေနမိသည့္နာရီေတြလည္းမနည္းေတာ့ပါ။
ထိုအခ်ိန္ လူေတြတ႐ုံး႐ုံးနဲ႕ၿခံထဲမွာေတြ႕ေတာ့
မြန္းစိတ္၀င္တစား ၾကည့္လိုက္မိသည္။
ပါကင္ပိတ္ထားေသာဂ်က္ဖာေတြ အထုတ္ေတြစသည္ျဖင့္ ကားတစ္စင္းထဲသို႔အစီအရီထည့္သြင္းေနၾကသည္။
မြန္းက အုံ႕မွိုင္းေနတဲ့ေကာင္းကင္သို႔တစ္ခါေမာ့ၾကည့္ၿပီး
"မိုးအုံ႕ေနတာသူတို႔ဘယ္သြားမလို႔ပါလိမ့္"
ဟုႏႈတ္မွခပ္တိုးတိုးေရ႐ြတ္လိုက္သည္။
စကၠန့္ပိုင္းအတြင္း အိမ္ႀကီး၏ညာဘက္ကဂိုေထာင္ထဲမွထြက္လာေသာ အမဲေရာင္ဂ်ာကင္အကၤ်ီနဲ႕ အတၱသည္ အလင္းဆီက ေသနတ္ကို ယူၿပီး သူ႕၏ခါးေနာက္ထဲသို႔ထိုးထည့္လိုက္သည္။
"သူက သြားေလရာ ေသနတ္ယူတာပဲ ရန္သူေပါပုံရတယ္"
ၿပီးေတာ့ ပစၥည္းေတြတင္ထားတဲ့ကားကတစ္စီး က်န္ေသာဇိမ္ခံကားအနက္ေရာင္၂စီးျဖင့္စုစုေပါင္း၃စီးၿခံထဲကေနအလွ်ိုလွ်ိုထြက္သြားၾကသည္။
"ဒီေလာက္လူေတြအမ်ားႀကီးပါသြားတာ ဒီမွာ လူသိပ္မက်န္ေလာက္ေတာ့ဘူး"
ဟု ဘယ္ခ်ိန္ျဖစ္ျဖစ္ ဒီအိမ္ကလြတ္ဖို႔စိတ္ကူးေနသည့္သူမက အၿမဲထြက္ေျပးဖို႔သာႀကံစည္မိသည္။
မြန္းက မိုးအေျခအေနၾကည့္ေတာ့ အုံ႕ပဲအုံ႕ေနၿပီး
႐ြာမည့္ပုံမေပၚေသးေပ ။
ထိုအခါ မြန္းလည္းသူမအႀကံႏွင့္သူမ ေအာက္သို႔ဆင္းလာၿပီး မီးဖိုခန္းထဲသို႔ ၀င်ကြည့်တော့ ေမတင္ေရာသက္သက္ေရာရွိေနသည္။
သူတို႔ကေတာ့တားၾကမွာပဲ လႊတ္မည္မထင္ဘူး။
"မမေလး ဘာလိုခ်င္လို႔လဲ"
ေျပာရင္းဆိုရင္း သက္သက္က လွည့္ေမးေလေတာ့
"ဟင္...ဟို... ဘာမွ မဟုတ္ပါဘူး ဒီတိုင္း မြန္းပ်င္းလို႔ဆင္းလာခဲ့တာ သူအျပင္သြားတုန္းေလး"
မြန္းကႏႈတ္ခမ္းကေလးေကြး႐ုံၿပဳံးၿပီးျပန္ေျဖလိုက္သည္။
"ဪ သခင္ေလးက ၾကာမယ္ထင္တယ္ "
"ဟုတ္လား"
သက္သက္ေျပာတာနဲ႕ မြန္းဟာဟုတ္လားဟုခပ္က်ယ္က်ယ္ကေလးျပန္ေမးလိုက္မိသည္။
"မမေလး စားဦးေလ သက္သက္တို႔ထမင္းစားၾကမလို႔"
ေဒၚေမတင္ႏွင့္သက္သက္အျပင္အျခားေသာအေစခံတစ္စုက ထမင္းစားခန္းႀကီးရဲ႕အေနာက္က သစ္သားစားပြဲႀကီးမွာဟင္းပန္းကန္အခ်ိဳ႕ျပင္ဆင္သူကျပင္ ထမင္းခူးသူကခူးႏွင့္ ေန႕လည္စာစားၾကရန္ျပင္ဆင္ေနၾကသည္။
"ဟင့္အင္း မြန္း ဗိုက္မဆာေတာ့ဘူး ဪ ေမတင္ ေနေကာင္းသြားၿပီလား"
ဟု သူတို႔ထမင္းစားဝိုင္းအလယ္မွာထိုင္ေနသည့္ ေဒၚေမတင္ကိုမြန္းမွလွမ္းေမးလိုက္သည္။
"ေကာင္းပါတယ္ မမေလး ရယ္ မေန႕ကေခါင္းကိုက္႐ုံေလးတင္ပါ "
မြန္းလည္း အရိပ္အေျခၾကည့္ကာ
"အဲ့တာဆို ထမင္းစားၾကေနာ္ ေတာ္ၾကာမြန္းရွိရင္ အႏွောက္အယွက္ျဖစ္ေနလိမ့္မယ္ "
"ရပါတယ္မမေလး ရယ္"
မြန္းက ထမင္းစားခန္းထဲကထြက္လာၿပီး ဧည့္ခန္းထဲမွာ ဟိုၾကည့္သည္ၾကည့္ျဖင့္ ႏွစ္ေယာက္ထိုင္ဆိုဖာတစ္ခုမွာ အသာထိုင္ေနလိုက္သည္။
မြန္းသည္ ၿခံထဲသို႔သာ အရိပ္တၾကည့္ၾကည့္ျဖင့္ လူမရွိတာေသခ်ာရဲ႕လားဟုအကဲခက္ေနသည္။
မြန္းၾကည့္ေနတဲ့အခ်ိန္အတြင္းေတာ့မည္သူမွ်ၿခံထဲတြင္မရွိၾကေပ။
နာရီ၀က္ေလာက္အၾကာတြင္ သက္သက္က ဧည့္ခန္းထဲသို႔ထြက္လာသျဖင့္
ေျခသံၾကားကတည္းက မြန္းသည္ဆိုဖာေပၚတြင္ လွဲကာ မ်က္လုံးမွိတ္ထားလိုက္သည္။
"ဟင္ မမေလးက အိပ္ေပ်ာ္ေနတာလား "
သက္သက္က အနီးနားထိလာၾကည့္သြားၿပီး
အေနာက္သို႔ျပန္၀င္သြားကာ
"ေမတင္ မမေလး ကအိပ္ေပ်ာ္ေနတယ္ "
"ဪ အိပ္ပါေစကြယ္ နိုးမွ ေကြၽးလိုက္လည္းရတာပဲ "
ေထာပတ္သီးေတြကိုနို႔ဆီနဲ႕နယ္ေနတဲ့ ေမတင္က ထိုပန္းကန္ကို ေရခဲေသတၱာထဲ ထည့္ထားလိုက္သည္။
မြန္းအိပ္ခ်င္ေယာင္ေဆာင္ေနရာမွ အသံေတြကိုနားစြင့္ရင္း ၿငိမ္ေန၏။
Advertisement
- In Serial66 Chapters
My Brother's Best Friend
#2 In Romance |May 1,2019|#1 In Teen Fiction |May 18,2019|ONLY AND ORIGINAL BOOK!!!!"What are we going to tell your brother?" He says, his breath on my neck."Who says we have to tell him anything?"- - - Sixteen year old Emma knows better than to get involved with her brother's best friend, Jax. She's been keeping her feelings for him a secret for as long as she can remember. Until, one day she makes the mistake of kissing him. She doesn't know how much longer she can keep those feelings a secret before her brother finds out. Worst all, does Jax feel the same way?Can she manage to stay away from him...or does she go behind her brother's back?
8 282 - In Serial54 Chapters
Falling In Love With My Sugar Mommy
At first It was just for the money.Being kicked out at 18 for being gay and having no place to go was gonna seem like a hard life until Alexa receives a message and her whole world seems to change and within a few weeks she realizes just how screwed she is for falling for her sugar mommy.This book will contain smut, mentions of death, drugs, alcohol, self harm, I won't be consistent on putting a tw at the start of a chapter so please please read at your own risk.
8 200 - In Serial32 Chapters
Levi's Titan (Attack On Titan Fanfic)
What happens when the scouts run into a titan that has extra odd behaviour? And what happens when this very same odd titan starts listening to the orders of their corporal? Who is this titan? Why is she obedient to Levi of all people?
8 265 - In Serial98 Chapters
Stay with me
This story is about hope and devotion. About loyalty to yourself and your feelings. About true friendship and family values. About a difficult choice. About forgiveness. The fact that a good person can commit a bad deed and endure all the troubles that life will give as a punishment.This story is about love ...This story is about a miracle ...* The author is Marina Victoria, I am only a translator
8 275 - In Serial17 Chapters
One Shots || stopped
Hello! This book will be one shots written by Admin Winter and Admin Summer. Please read, comment, vote and follow our account! We hope you enjoy the stories:))Okay actually it isn't one shots. Sometimes it will be stories with real content, other times it will be like a diary entry. Like what you would write in a diary if you saw your crush with another girl, etc.
8 153 - In Serial32 Chapters
Love at First Fight
A Gally love story that takes place way before Thomas ever enters the Maze. When he shows up lots of things change a new perspective in the Maze Runner story. Gally and (Y/n) start off like all the good stories enemies to lovers. I hope you like my take on how Gally would be in love.
8 104

