《အတ္တလွန်အချစ် (OC) Completed》Part (10) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(10)
မှိတ်ထားသည့် သူမမျက်လုံးဖွင့်လိုက်သည့်အခါ ပါးလေးနှစ်ဖက်အားညင်သာစွာကိုင်ထားပြီး ရီဝေစွာကြည့်နေသည့် သူ့အကြည့်တွေကြောင့် မွန်းသည် မျက်နှာလေးငုံ့ကျသွားသဖြင့်
"ရပြီလား အသက်ရှူကြပ်သေးလား"
မွန်းသည်သူ၏အမေးကို အငိုမျက်လုံးဖြင့် မော့ကြည့်၍ အတ္တအား တွန်းထုတ်ပစ်လိုက်ပြီး
"လူယုတ်မာ ရှင် ကျွန်မဘ၀ကိုဖျက်ဆီးတာ သိပ်မုန်းတယ် "
သူမတွန်းထုတ်လိုက်တော့ အတ္တဟာ ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။
"ဟင့် အဟင့် ရှင်သိပ်မိုက်ရိုင်းတယ် ကျွန်မကိုရှင်လုပ်ချင်သလိုလုပ်နေရအောင် ရှင်ပိုင်တဲ့အရုပ်မဟုတ်ဘူး "
"ဒီမှာ မေမီမွန်း မနေ့ညက မင်းကိုငါ ဘာမှမလုပ်ခဲ့ဘူး မင်းကြောင့် ငါတစ်ညလုံးအိပ်ပျော်ခဲ့တာတောင်မဟုတ်ဘူး "
"ဟင့်အင်း ဒါဆိုကျွန်မလည်ပင်းကအရာတွေကဘာလဲ ပြောင်မလိမ်နဲ့အရိုင်းအစိုင်းကောင် "
မွန်းဟာသူမလည်ပင်းလေးကိုခပ်စောင်းစောင်းအနေအထားနှင့်သူပေးထားတဲ့ Marking တွေကိုမြင်သာအောင်ပြလိုက်သည်။
"ဟုတ်တယ် မနက်ကမင်းလည်ပင်းကိုငါနမ်းတယ် အဲ့တော့ဘာဖြစ်လဲ "
"ဘာဖြစ်ရမှာလဲ...ရှင်သိမှာပေါ့ လူယုတ်မာရဲ့."
"အဲ့ဒီတော့ ငါက မင်းကျေနပ်အောင်ဖြေရှင်းချက်ပေးရမယ်ပေါ့ "
အတ္တဟာ ခါးထောက်ထားလျှက် မွန်းကိုမျက်ခုံးပင့်လျှက်ကြည့်ကာ
" ဟက် ဟက် ဟက် ရယ်စရာကောင်းလိုက်တာ ငါကသူများနားလည်အောင်ဖြေရှင်းပြနေမယ့်ကောင်မဟုတ်ဘူး "
ဟုလှောင်ရယ်ရင်းပြောလာတဲ့အခါ မွန်းနှုတ်ခမ်းတွေကို ပြတ်လုမတက်ကိုက်ထားပြီး မျက်ဝန်စိမ်းတွေကနေမျက်ရည်တို့ပြည့်လျှံလာသည်။
"ဒါပေမဲ့ အရှင်းဆုံးပြောနိုင်တာတစ်ခုက မင်းအပေါ်မှာ မနေ့ညက အဲ့ဒီ Marking အပြင်ဘာမှမလုပ်ခဲ့ဘူး"
မွန်းရဲ့ စိတ်ထဲမှာ အစိုင်အခဲအချို့ပြေလျော့သွားပေမဲ့ သူ့ကိုတော့ ရွံမုန်းနေဆဲဖြစ်သည်။
အတ္တက မျက်နှာကျက်ကိုမော့ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ
"ငါ အိပ်ရေးပျက်ထားလို့ အရမ်းအိပ်ချင်နေတယ် မင်းအေးဆေးငြိမ်ငြိမ်နေလိုက် ငါမင်းကိုထပ်မနှိပ်စက်ချင်သေးဘူး"
မွန်းသည် သူ့ကိုစကားကိုပြောချင်စိတ်မရှိတော့ဘဲ အိပ်ယာပေါ်ကနေ ဆင်း၍ မတ်တပ်ရပ်လိုက်သည့်အခါ ခေါင်းထဲမှာရိပ်ခနဲဖြစ်သွားရသည်။
ဒါပေမဲ့ သူနမ်းထားတဲ့ လည်ပင်းကို ရေသွားဆေးမယ် ရွံတယ် အဓိက ကတော့ သူ့ကိုမျက်စိထဲမှာကိုမမြင်ချင်တော့တာ ။
နှင်ထုတ်လို့လည်းဖြစ်တာမှမဟုတ်တာ ဒါက သူ့အိမ်။
"ဒါကဘယ်လဲ"
မွန်းမဖြေပဲ သူ့ကိုမျက်စောင်းထိုးကာ ရေချိုးခန်းရှိရာသို့သာ ဆက်လျောက်လေသည် ။
"မင်း ကိုမေးနေတယ်လေ ဘယ်....."
အတ္တ စကားပင်မဆုံးလိုက်ပါ ။
ရေချိုးခန်းအပေါက်၀မှာ ခွေယိုင်သွားတဲ့သူမကြောင့် အတ္တချက်ချင်း သူမကိုပြေးဖမ်းလိုက်သည်။
ဒါတွေကြိုမြင်လို့ ပြောနေတာကို နားမထောင်ဘူး
ဟုစိတ်ထဲကနေ သူမကိုအပြစ်တင်လိုက်သည်။
"မင်း နေမကောင်းဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတယ်မလား "
သူမအခုချိန်မှာခေါင်းမူးတာကလွဲပြီးဘာမှမသိတော့ပါ။
"ကျွန်မကို အောက်ချပေး ခေါင်းမူးတယ် "
အတ္တ လည်း သူမကို မွေ့ယာပေါ်သို့ အသာချပေးလိုက်၍ သူ့ဘေးမှ ၀င်လှဲသည့်အခါ၌
"ဟင် ရှင် ဘာလုပ်တာလဲ"
မွန်းက ထထိုင်ဖို့ပြင်ဆင်တော့ အတ္တဟာသူမကိုပြန်လှဲချကာ
"ခဏနေ ဆေးပတ်လည်သွားလိမ့်မယ် အိပ်လိုက်"
"ဖယ် ကျွန်မ ဘေးကနေထ"
"ငါ ထ ရင် မင်းက အပြင်ထွက်သွားဦးမှာမဟုတ်လား "
"မအိပ်ဘူးဖယ်ပါ ကျွန်မ ရှင်နဲ့ တစ်ကုတင် ထဲမအိပ်ဘူး"
"မနေ့က တစ်ခါအိပ်ပြီးပြီ အထူးအဆန်းမဟုတ်ဘူး "
မွန်းသည် ခေါင်းမူးနေလို့ အားမရှိသဖြင့်
အရင်လို အတင်းရုန်းကန်မတွန်းဖယ်နိုင်ဘဲ
ဖက်ထားသည့်အတိုင်းသာ နှုတ်မှ ခပ်တိုးတိုး ငြင်းဆိုနေရသည်။
ဘာပဲဖြစ်ဖြစ် မွန်းဘ၀သူ့ဆီမရောက်ဖို့ မွန်းမုန်းတဲ့သူနဲ့ မနေနိုင်တဲ့အတွက် မိမိမှာ အားရှိသလောက် ငြင်းရမှာပဲ ။
"ဖယ်ပါ လွှတ်ပါ ကျွန်မ ရှင့်ကိုမုန်းတယ် အတူမအိပ်နိုင်ဘူး ဖယ်....."
စကားသံတွေတိတ်ဆိတ်သွားပြန်တာက
ဆူညံခြင်းမနှစ်သက်သည့် အတ္တသည်သူမ၏ နှုတ်ခမ်းတွေကို အနမ်းတို့ဖြင့် ပိတ်ပေးလိုက်ခြင်းဖြစ်သည်။
နှုတ်ခမ်းလေးအား ခပ်ကြာကြာ ဖိကပ်ထားပြီး မကစားဘဲ ပြန်လွှတ်ပေးလိုက်သည့်အခါ
မွန်းမျက်လုံးတွေမှေးမှိတ်သွားပြီ။
"မင်းနေမကောင်းလို့ အလျော့ပေးပြီးစိတ်ထိန်းထားတာ နောက်ထပ်အသံထွက်ရင် ငါအာမ မခံတော့ဘူး "
မွန်းက နှုတ်ခမ်းလေးကိုစိပိတ်၍ အခြားတစ်ဖက်သို့လှည့်ပြီးကျောပေးထားလိုက်သည်။
အတ္တ ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး သူမကိုခါးမှ အနားတိုးအောင်ဆွဲဖက်၍ အိပ်ပျော်အောင်အိပ်ပစ်လိုက်သည်။
သူ့ဆီမှာ စွဲကပ်နေတဲ့ စီးကရက်နံ့ကိုတောင် မွန်းတစ်နေ့တစ်ခြားယဉ်လာပြီ ။
အနံ့မခံနိုင်ပေမဲ့ မွန်းအနားမှာကပ်အိပ်နေသဖြင့် ဒီစီးကရက်နံ့တွေမခံနိုင်မှအဆုံး။
============================
ညနေခပ်စောင်းစောင်းမှာ မွန်းနိုးလာခဲ့တော့
မျက်လုံးပွင့်သည်နှင့် ခါးမှာတင်းကြပ်စွာသောခံစားမှု
သူ အိပ်ပျော်နေတုန်းပဲလား။
နောက်သို့လှည့်ကြည့်လိုက်သည့်အခါ
သူ့၀င်သက်ထွက်သွက်တွေက မွန်းမျက်နှာသို့ရိုက်ခက်လာသည်။
မွန်းလည်း ခါးက သူ့လက်တွေကို အသာဆွဲဖြုတ်၍ ထလာခဲ့၏။
ဆေးသောက်ပြီးအိပ်ပျော်သွားသဖြင့် ခေါင်းကြည်လာ၍ ဒီအခန်းထဲကနေမထွက်ခင် သူ့ကိုတစ်ချက်လှည့်ကြည့်ခဲ့သည်အထိ သူဟာနှစ်ခြိုက်စွာအိပ်ပျော်နေသည်။
=======
အတ္တသည် နိုးလျှင်နိုးချင်း ရင်ခွင်ထဲတွင် ဟာလာ ဟင်းလင်းကြီးဖြစ်သွားသည်မို့
မျက်လုံးတွေပွင့်လာကာ ဇက်ကနဲ ထထိုင်ပြီး
ပတ်ပတ်လည် ဝေ့ကြည့်ရှာသည်။
မတွေ့သဖြင့် ရေချိုးခန်းထဲမှာရှိမလားဟုသွားကြည့်တော့လည်း မတွေ့ခဲ့ပြန်ပါ။
အတ္တရဲ့ရင်ထဲမှာ မီးပူတိုက်နေသလိုပူလောင်လာ၍ အခန်းအပြင်ထွက်လာခဲ့သော်လည်း
သူမအရိပ်တောင်မတွေ့ရ အတ္တသည် သူ့အခန်းထဲသို့ တစ်ဖန်၀င်ရှာခဲ့သေးသည်။
အတ္တဟာ အောက်သို့ဆင်းသွားပြီး ဧည့်ခန်းထဲတွင်အရင်လှည့်ပတ်ကြည့်၍ အခုထိသူမကိုမမြင်ရတာနဲ့
"ဒေါ်မေတင် "
ခေါ်လိုက်တာနဲ့ ဒေါ်မေတင်က အတ္တရှိတဲ့ဧည့်ခန်းထဲသို့ရောက်လာပါသည်။
"ဟုတ် သခင်လေး"
"မွန်း ဘယ်မှာလဲ"
"မမလေး အောက်ဆင်းမလာဘူးနော် ဒေါ်တင်မတွေ့မိဘူး"
အတ္တက ချက်ချင်း အပေါ်ပြန်တက်သွား၍
သူ့အခန်းရဲ့ အရှေ့ဘက်သို့လွန်ကာ
သွားကြည့်တော့မှ ၀ရန်တာမှာ ဂါ၀န်ပါးပါးလေးနဲ့လက်ပိုက်ရပ်နေသည့် သူမကို
မြင်မြင်ချင်းရင်ထဲက အပူမီးတွေ အေးသွားသည် ။
Advertisement
အတ္တဟာ သက်ပြင်းချလိုက်ပြီး သူတို့နေသောဒီအိမ်အပေါ်ထပ်အလယ်က ဆိုဖာခုံတွေအပေါ်မှာခေါက်တင်ထားတဲ့စောင်တံဘက်တစ်ထည်ကိုယူ၍ သူမအနောက်ကနေပုခုံးပေါ်သို့အုပ်ပြီးခြုံပေးလိုက်သည်။
"လေတိုက်နေတာကို ဘာလို့အပြင်မှာထွက်ရပ်နေတာလဲ "
အမူအရာတွေကသာ ပြောင်းလဲနေတာ သူ့ရဲ့အေးစက်တဲ့လေသံကမပြောင်းလဲပါ။
မွန်းသည် သူရောက်နေမှန်းသိပေမဲ့ လှည့်ပြီးရန်မတွေ့ပဲ ငြိမ်နေသည်။
အတ္တဟာ အရုပ်တစ်ရုပ်လိုငြိမ်နေသော သူမကိုနောက်ကနေပုခုံးပေါ်သို့သိုင်းဖက်လိုက်၍
"မှောင်တော့မှာ အထဲ၀င်တော့"
မွန်းသည် သူမရဲ့ ပုခုံးပေါ်က သူ့လက်တွေကို ဖြုတ်ဖယ်ပစ်လျှင် သူကအလိုက်သင့်ဖယ်ပေး၍ သူ၏ ဘောင်းဘီအိတ်ထဲကစီးကရက်တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းဖြင့်ဖိထားပြီး
မီးခြစ်ခြစ်ရင်း လေတိုက်သဖြင့် လက်ဖြင့်ကွယ်ကာ စီးကရက်ကိုမီးညှိနေသည်။
မွန်းနှာခေါင်းထဲမှာ စီးကရက်နံ့က ထောင်းကနဲရလိုက်ပြီးနောက် သူမ၏တစ်ဖက်တစ်ချက်စီမှသူ၏လက်နှစ်ဖက်ဖြင့် ၀ရန်တာလက်ရန်းကိုလှမ်းထောက်ထားလိုက်သည်။
အခု မွန်းက သူ့ရင်ခွင်ထဲမှာဖြစ်ပြီး သူ့ဘက်သို့ ခန္ဓာကိုယ်လေးပြန်လှည့်လာလိုက်လျှင် သူကမွန်းကို မျက်လုံးတွေမှေးစင်းကာကြည့်နေသည်။
မွန်းလည်း သူမကြိုက်တဲ့အကြည့်တို့ဖြင့် သူ့မျက်၀န်းတွေကိုအဖြေရှာကြည့်မိသည် ။
ရှင် တကယ်ဘာလဲ မသိတော့ဘူး အတ္တလွန်
မွန်းကိုပဲရင်ခုန်အောင်သေချာလုပ်နေသလား။
ရှင်ပဲတကယ်နူးညံ့သွားတာလား ။
ရှင်ဟာ တကယ်အပြုအမူ၂မျိုးနဲ့လူပဲ ကြမ်းတမ်းရက်စက်တတ်သလို မိန်းကလေးတစ်ယောက်ကိုလည်းဘယ်လိုကိုင်တွယ်ပြီးရင်ခုန်အောင်လုပ်ရမလဲဆိုတာ သိပ်ကျွမ်းကျင်နေတဲ့သူဖြစ်ပါလိမ့်မယ်။
မွန်းရှင့်ကိုရင်ခုန်မိရင် မှားသွားမှာလား မုန်းတယ် မွန်းရဲ့ရင်ထဲက ရှင့်အတွက်ဖြစ်တည်လာတဲ့ ရင်ခုန်သံတွေကို သိပ်မုန်းတယ် ။
မွန်းရဲ့မျက်၀န်းစိမ်းတွေကို သူရှောင်ရှားကာ
အခြားတစ်ဖက်သို့လှည့်လိုက်ပြီး စီးကရက်တစ်ရှိုက်ဖွာလိုက်သည် ။
ပြီးမှ
"မင်း ကို အဲ့ဒီအကြည့်တွေပြင်ထားဖို့ ပြောထားတယ်နော် "
မွန်းသူ့ကိုသာကြည့်မြဲဖြစ်ပြီး ဘေးတိုက်မြင်နေရတဲ့သူ့မျက်နှာအနေအထားနဲ့ လည်ပင်းကအကြောစိမ်းတွေမြင်ရလောက်ဖြူနေသည့်အသားအရေကြောင့်
ရှင် သာအမြဲဒီလိုနူးညံ့နေရင် မွန်းချစ်မိသွားမှာတောင် စိတ်ပူရတယ် ။
မျက်နှာနဲ့မလိုက်အောင်ရက်စက်နိုင်လွန်းတဲ့ရှင့်ကိုအခုတော့အရမ်းမုန်းတယ်။
အတ္တဟာ သက်ပြင်းတစ်ချက်ချကာ မွန်းရဲ့ မျက်နှာကိုကြမ်းတမ်းစွာဆွဲမော့ပြီး
"မင်းကိုအကြည့်ပြင်လိုက်လို့ ပြောနေတယ်လေ ငါ အဲ့ဒီ့မျက်လုံးနဲ့အကြည့်တွေကို အရမ်းမုန်းတာ "
မွန်းက သူ့လက်ထဲမှ မွန်းမျက်နှာကို ခေါင်းရမ်းကာ ရုန်းပစ်လိုက်ပြီး
"ရှင် ရဲ့ပုံစံအမှန်က တကယ် ဒီပုံစံပါပဲ ဘယ်လောက်ပဲနူးညံ့ပြပြ ကျွန်မ ရှင့်ကို မယုံဘူး ကျွန်မလည်း ရှင့်ကို ချစ်လို့ကြည့်တာမဟုတ်ဘူး မုန်လို့ကြည့်တာ မုန်းလွန်းလို့"
မွန်းက သူ့ရင်ခွင်ထဲကနေ တိုးထွက်သွားပြီး
"အခုကြမ်းပြ အခုနုပြနဲ့ရှင်က ပုံမှန်ရောဟုတ်ရဲ့လား"
အတ္တကနောက်မှ သူမလက်ကိုပြန်ဆွဲကာ အိမ်ထဲသို့ဆွဲခေါ်လာခဲ့လျှင်
"ဘာလုပ်တာလဲ လွှတ် ကျွန်မ ကိုလွှတ်"
သူဟာတစ်ခွန်းမှ ပြန်မပြောဘဲ မွန်းကိုထမင်းစားခန်းထဲသို့ခေါ်လာခဲ့သည်။
"ဒေါ်မေတင် တစ်ခုခုစားဖို့လုပ်လိုက်ပါ "
"မေတင် ဆန်ပြုတ်နွေးထားတယ် "
"တော်ပြီ မေတင် မွန်းမစားတော့ဘူး"
"မင်းကို အမိန့်ပေးနေတာ စားကိုစားရမယ် "
အတ္တက သူမရဲ့ ပုခုံးတွေကို ခုံတွင်ဖိချပြီးထိုင်ခိုင်းလိုက်သည်။
မွန်းက သူ့လက်တွေဖယ်ရင်း တွန့်လူးရုန်းနေစဥ် ဒေါ်မေတင်က ဆန်ပြုတ်ပူပူလေးကို မွန်းရှေ့သို့လာချပေး၏။
"စား"
သူဟာ ထိုသို့အမိန့်ပေးလိုက်တာနဲ့
"မစားဘူး "
မွန်းကလည်း ဤကဲ့သို့ငြင်းပြီးသားပဲဖြစ်သည်။
ပြောသမျှငြင်းပယ်ချင်စိတ်နဲ့ မခံချင်စိတ်ကလေးက ပေါ်ပေါ်လာသည်။
"မင်းကို စားလို့ပြောပြီးပြီ "
"ဟင့်အင်း"
ထိုအခါ အတ္တသည် မွန်းရဲ့ဘေးကနေမတ်တပ်ရပ်ထားသောအနေအထားမှ စားပွဲပေါ်က ရေကရားထဲကနေ ဖန်ခွက်ထဲသို့ရေငှဲ့လိုက်ပြီး မွန်းအပေါ်လောင်းချလိုက်ရာ မွန်းပေါင်တွေအေးစက်သွားရသဖြင့် အံ့သြတသနဲ့ ဒေါသထွက်ကာ သူ့ကို မော့ကြည့်လိုက်သည် ။
"နောက်တစ်ခါ ထပ်ငြင်းကြည့်လိုက် အဲ့ဒီဆန်ပြုတ်တွေ မင်းခေါင်းပေါ်ကနေလောင်းချပစ်မှာ"
မွန်းမှ ပြောရင်ပြောတဲ့အတိုင်းလုပ်လေ့ရှိတဲ့သူ့ကြောင့် ကြောက်လန့်သွားရသည်။
ဆန်ပြုတ်တွေက အခုမှနွေးထားတဲ့ပူပူကျက်ကျက်တွေ ခုနကလိုမွန်းပေါင်ပေါ်သာလောင်းချလိုက်ရင် မွန်းရဲ့အသားတွေရစရာမရှိအောင်အပူလောင်သွားနိုင်သည်။
သူက တကယ်လုပ်တယ်ဆိုတာ အကြိမ်ကြိမ်ကြုံဖူးပြီးသားမို့ ဆန်ပြုတ်ပန်းကန်ကိုရှေ့တိုးကာ ငုံ့သောက် လေပြန်၏။
ဆန်ပြုတ်ပူပူတွေကို မမှုတ်အားဘဲ တတ်နိုင်သလောက်မြန်မြန်သောက်နေရင်း မျက်ရည်တွေကပါးပေါ်ကနေစီးကျလာလေသည်။
ဘယ်၀ဋ်ကျွေးတွေကြောင့် ဒီလောက်ထိ ရက်စက်တဲ့လူနဲ့လာတွေ့နေရတာလဲ ။
အဲ့လောက်ရက်စက်တတ်သူကိုရင်ခုန်မိတဲ့ရင်ခုန်သံတွေ အမှန်မဟုတ်ပါစေနဲ့ ။
မွန်းဟာ တစ်ပန်းကန်လုံးကုန်အောင်သောက်လိုက်ရပြီးနောက်
အတ္တက သက်သက်ကို ကြည့်လိုက်လျှင် သက်သက်က ဆေးနဲ့ရေကို မွန်းရှေ့သို့ ချပေးလိုက်သည်။
"ဆေးသောက်"
အတ္တက မာဆတ်ဆတ်ပြောလိုက်ရာ မွန်းက ဒေါသမျက်၀န်းတို့ဖြင့် မော့ကြည့်လာသေးသည် ။
"ငါ တိုက်ရမလား မင်းဘာသာသောက်မလား "
မနက်က မွန်း တကယ်အသက်ပင်မရှူနိုင် သေမလိုတောင်ဖြစ်ခဲ့တာ ။
နောက်တစ်ခါအဲ့သလိုတော့အဖြစ်မခံနိုင်ပါ။
သူမဟာ ဆေးလုံးကိုပါးစပ်ထဲကောက်ထည့်၍
ရေသောက်ချလိုက်ပြီးသူ့ကိုတစ်ချက်မှ မကြည့်ပဲ နေရာကနေထ ထွက်သွားလေသည်။
ငါ မင်းကို မုန်းတာထက်တောင်ပိုခဲ့ပေမဲ့
အခု ဘာဖြစ်နေမှန်း မသိတော့ဘူး တစ်ခါတစ်ခါ မင်းနဲ့တွေ့ရင် ကိုယ့်စိတ်က နူးညံ့သွားတတ်တယ် မင်းဘက်က အကန်တွေလုပ်လာရင် လည်း ဒီစိတ်ကပဲ မင်းအပေါ်ကိုရက်စက်စေတယ် နားမလည်နိုင်ဘူး။
===========================
ဒေါက် ဒေါက် " မမလေး မမလေး"
မွန်းဟာ ရေချိုးခန်းထဲမှ ခေါင်းရေသုတ်ရင်း ထွက်လာပြီး
"၀င်ခဲ့လေ သက်သက် "
"ဟယ် ရေချိုးနေတာလား သခင်လေးသိရင် ဆူဦးမယ် မနေ့ကမှ ကိုယ်အပူကျတာကို"
"ရေချိုးလိုက်မှ ပေါ့သွားတာ သက်သက်ရဲ့ "
"ဟင်း မမလေး ကတော့"
"ဒါနဲ့ ဘာပြောမလို့လဲ"
"မနက်ကတည်းက ထွက်မလာသေးလို့ မေတင်က သွားကြည့်ခိုင်းလိုက်လို့"
"ဪ လာမှာပေါ့ မွန်း ရေချိုးနေလို့ပါ ဒါနဲ့ သက်သက် ခေါင်းဘီး ရှိလားဟင် မွန်း ဆံပင်တွေ ရှုပ်နေလို့"
Advertisement
"ရှိတယ် ရှိတယ် ခဏ သက်သက် သွားယူလိုက်ဦးမယ် "
သက်သက်က သူမအခန်းထဲကနေ ပြန်ထွက်သွားသည့်အခါ မွန်းက ကျွန်းဗီရိုကြီးကို ဖွင့်လိုက်ပြီး နွေးမည်ထင်ရနဲ့ ခပ်ထူထူဂါ၀န်တစ်ထည်ရွေးထုတ်လိုက်၏။
သက်သက် ပြန်၀င်လာသည့်အခါ အင်္ကျီဝတ်ပြီး ခေါင်းကို ရေပြောင်အောင် ထပ်သုတ်နေသည့် သူမကိုမြင်၍
"မမလေး တကယ်လှတာပဲ အဝါရောင်နဲ့ မမလေးအသားအရေနဲ့လိုက်တယ်"
ဆိုပြီး မွန်း အနောက်သို့၀င်ကာ
"သက်သက် ခေါင်းဖြီးပေးမယ်နော်"
"အင်း ကျေးဇူးပဲ မွန်းကိုယ့်ဟာကိုယ် ဖြီးလို့မရဘူး မွန်းဆံပင်ကအရမ်းရှုပ်တာ "
"ရပါတယ်မမလေးရဲ့မမလေးဆံပင်က အစကတည်းက အနီလား"
သက်သက်က ရှုပ်ထွေးနေသော မွန်းရဲ့ဆံပင်တွေကိုစိတ်ရှည်လက်ရှည်ရှင်းပေးနေသည်။
"အင်း ပင်ဂိုနီလေ မေမေနဲ့တူတယ်ပြောတာပဲ"
အရင်ကတည်းက မွန်းဆံပင်က ဖြောင့်ဆင်းမနေပဲ ခပ်ဖွာဖွာ တွန့်တွန့် နဲ့မို့ ခေါင်းလျှော်ပြီးစပေမဲ့ ကပ်မနေပဲ ကြည့်ကောင်း၏။
သက်သက်က သူမကိုယ်တိုင်ဖြီးပေးခဲ့သော မွန်းရဲ့ဆံပင်တွေကို သဘောကျစွာပြုံးကြည့်ပြီး
"ကဲ သက်သက် သွားမယ်နော် ဆင်းခဲ့တာ့"
"အင်းပါ မွန်း ခဏနေရင် ဆင်းလာမယ်"
သက်သက်က မွန်းအခန်းထဲမှ အထွက်
အတ္တက မွန်းအခန်းရှေ့၌ရှိနေသဖြင့်သက်သက်က ခေါင်းလေးငုံ့ကာ အောက်ဆင်းသွား၏။
အတ္တဟာ အခန်းထဲ၀င်လာလျှင် ဆံပင်တွေကို လက်ဖြင့် ပွတ်သပ်နေသည့်သူမက အဝါရောင်မင်းသမီးလေးတစ်ပါးကဲ့သို့။
နွေးထွေးမည့်ဆွယ်တာ ဂါ၀န်လေးနှင့်
ဖြူဝင်းနေသောအသားအရေနဲ့ကတကယ်လိုက်ဖက်သည်။
မျက်နှာလေးမှာ ပြောင်ရှင်း၀င်းမွတ်နေသဖြင့်
နှုတ်ခမ်းဖူးဖူးလေးမှာ ပို၍ရဲနေသလိုပင်။
မွန်းသည် သူဝင်လာတာကိုသိလျှင်သိချင်း မျက်နှာကြောကတင်းမာသွားသည်။
အတ္တက သူမကို ကြည့်ရင်း အနားသို့ ကပ်လာကာ ကျွန်းဗီရိုက ကိုယ်လုံးပေါ်မှန်ကြီးဘက်သို့
သူမအားပုခုံးမှဆွဲလှည့်လိုက်ပြီး နောက်ကနေခါးမှဖက်ကာ မွန်းရဲ့ပုခုံးပေါသို့ သူမေးတင်လိုက်၍ မွန်းတို့၂ယောက်ပုံထင်ဟပ်နေသည့် ထိုမှန်ထဲသို့ကြည့်ရင်း မွန်း နားနားလေးသို့ကပ်ကာ
"မင်းဒီနေ့အရမ်းလှနေတယ်..."
မွန်းမှ ကြက်သီးပင်ထလာ၍ ဇက်ကလေးပု၀င်သွားသည့်အခါ ဆံပင်တွေကိုဖယ်ပြီး
နားနားလေးကိုပိုတိုးကပ်ကာ
"မဟုတ်ဘူး မင်းက ငါမြင်ဖူးသမျှ မိန်းကလေးထဲမှာ အလှဆုံးပဲ "
အတ္တသည် ပို၍တင်းကြပ်အောင်ဖက်လိုက်သည်။
လည်ပင်းနားနဲ့ နားရွက်တွေကို သူ့မျက်နှာဖြင့်တိုးဝှေ့ရင်း သူမဆီကရတဲ့ Shampoo နံ့နဲ့ဆပ်ပြာနံ့ခပ်သင်းသင်းကိုရှူရိုက်ရင်း
"ကိုယ်မညာပါဘူး မင်းကိုရင်ခုန်မိတယ်"
ထိုအချိန်မှာ မွန်းသည် ခါးကသူ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ထားမိတာ နှလုံးသားရဲ့စေခိုင်းမှုကြောင့်လား။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(11)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(10)
မွိတ္ထားသည့္ သူမမ်က္လုံးဖြင့္လိုက္သည့္အခါ ပါးေလးႏွစ္ဖက္အားညင္သာစြာကိုင္ထားၿပီး ရီေဝစြာၾကည့္ေနသည့္ သူ႕အၾကည့္ေတြေၾကာင့္ မြန္းသည္ မ်က္ႏွာေလးငုံ႕က်သြားသျဖင့္
"ရၿပီလား အသက္ရႉၾကပ္ေသးလား"
မြန္းသည္သူ၏အေမးကို အငိုမ်က္လုံးျဖင့္ ေမာ့ၾကည့္၍ အတၱအား တြန္းထုတ္ပစ္လိုက္ၿပီး
"လူယုတ္မာ ရွင္ ကြၽန္မဘ၀ကိုဖ်က္ဆီးတာ သိပ္မုန္းတယ္ "
သူမတြန္းထုတ္လိုက္ေတာ့ အတၱဟာ ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္သည္။
"ဟင့္ အဟင့္ ရွင္သိပ္မိုက္ရိုင္းတယ္ ကြၽန္မကိုရွင္လုပ္ခ်င္သလိုလုပ္ေနရေအာင္ ရွင္ပိုင္တဲ့အ႐ုပ္မဟုတ္ဘူး "
"ဒီမွာ ေမမီမြန္း မေန႕ညက မင္းကိုငါ ဘာမွမလုပ္ခဲ့ဘူး မင္းေၾကာင့္ ငါတစ္ညလုံးအိပ္ေပ်ာ္ခဲ့တာေတာင္မဟုတ္ဘူး "
"ဟင့္အင္း ဒါဆိုကြၽန္မလည္ပင္းကအရာေတြကဘာလဲ ေျပာင္မလိမ္နဲ႕အရိုင္းအစိုင္းေကာင္ "
မြန္းဟာသူမလည္ပင္းေလးကိုခပ္ေစာင္းေစာင္းအေနအထားႏွင့္သူေပးထားတဲ့ Marking ေတြကိုျမင္သာေအာင္ျပလိုက္သည္။
"ဟုတ္တယ္ မနက္ကမင္းလည္ပင္းကိုငါနမ္းတယ္ အဲ့ေတာ့ဘာျဖစ္လဲ "
"ဘာျဖစ္ရမွာလဲ...ရွင္သိမွာေပါ့ လူယုတ္မာရဲ႕."
"အဲ့ဒီေတာ့ ငါက မင္းေက်နပ္ေအာင္ေျဖရွင္းခ်က္ေပးရမယ္ေပါ့ "
အတၱဟာ ခါးေထာက္ထားလွ်က္ မြန္းကိုမ်က္ခုံးပင့္လွ်က္ၾကည့္ကာ
" ဟက္ ဟက္ ဟက္ ရယ္စရာေကာင္းလိုက္တာ ငါကသူမ်ားနားလည္ေအာင္ေျဖရွင္းျပေနမယ့္ေကာင္မဟုတ္ဘူး "
ဟုေလွာင္ရယ္ရင္းေျပာလာတဲ့အခါ မြန္းႏႈတ္ခမ္းေတြကို ျပတ္လုမတက္ကိုက္ထားၿပီး မ်က္ဝန္စိမ္းေတြကေနမ်က္ရည္တို႔ျပည့္လွ်ံလာသည္။
"ဒါေပမဲ့ အရွင္းဆုံးေျပာနိုင္တာတစ္ခုက မင္းအေပၚမွာ မေန႕ညက အဲ့ဒီ Marking အျပင္ဘာမွမလုပ္ခဲ့ဘူး"
မြန္းရဲ႕ စိတ္ထဲမွာ အစိုင္အခဲအခ်ိဳ႕ေျပေလ်ာ့သြားေပမဲ့ သူ႕ကိုေတာ့ ႐ြံမုန္းေနဆဲျဖစ္သည္။
အတၱက မ်က္ႏွာက်က္ကိုေမာ့ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ
"ငါ အိပ္ေရးပ်က္ထားလို႔ အရမ္းအိပ္ခ်င္ေနတယ္ မင္းေအးေဆးၿငိမ္ၿငိမ္ေနလိုက္ ငါမင္းကိုထပ္မႏွိပ္စက္ခ်င္ေသးဘူး"
မြန္းသည္ သူ႕ကိုစကားကိုေျပာခ်င္စိတ္မရွိေတာ့ဘဲ အိပ္ယာေပၚကေန ဆင္း၍ မတ္တပ္ရပ္လိုက္သည့္အခါ ေခါင္းထဲမွာရိပ္ခနဲျဖစ္သြားရသည္။
ဒါေပမဲ့ သူနမ္းထားတဲ့ လည္ပင္းကို ေရသြားေဆးမယ္ ႐ြံတယ္ အဓိက ကေတာ့ သူ႕ကိုမ်က္စိထဲမွာကိုမျမင္ခ်င္ေတာ့တာ ။
ႏွင္ထုတ္လို႔လည္းျဖစ္တာမွမဟုတ္တာ ဒါက သူ႕အိမ္။
"ဒါကဘယ္လဲ"
မြန္းမေျဖပဲ သူ႕ကိုမ်က္ေစာင္းထိုးကာ ေရခ်ိဳးခန္းရွိရာသို႔သာ ဆက္ေလ်ာက္ေလသည္ ။
"မင္း ကိုေမးေနတယ္ေလ ဘယ္....."
အတၱ စကားပင္မဆုံးလိုက္ပါ ။
ေရခ်ိဳးခန္းအေပါက္၀မွာ ေခြယိုင္သြားတဲ့သူမေၾကာင့္ အတၱခ်က္ခ်င္း သူမကိုေျပးဖမ္းလိုက္သည္။
ဒါေတြႀကိဳျမင္လို႔ ေျပာေနတာကို နားမေထာင္ဘူး
ဟုစိတ္ထဲကေန သူမကိုအျပစ္တင္လိုက္သည္။
"မင္း ေနမေကာင္းဘူးဆိုတာ ကိုယ့္ကိုယ္ကိုယ္သိတယ္မလား "
သူမအခုခ်ိန္မွာေခါင္းမူးတာကလြဲၿပီးဘာမွမသိေတာ့ပါ။
"ကြၽန္မကို ေအာက္ခ်ေပး ေခါင္းမူးတယ္ "
အတၱ လည္း သူမကို ေမြ႕ယာေပၚသို႔ အသာခ်ေပးလိုက္၍ သူ႕ေဘးမွ ၀င်လှဲသည့်အခါ၌
"ဟင္ ရွင္ ဘာလုပ္တာလဲ"
မြန္းက ထထိုင္ဖို႔ျပင္ဆင္ေတာ့ အတၱဟာသူမကိုျပန္လွဲခ်ကာ
"ခဏေန ေဆးပတ္လည္သြားလိမ့္မယ္ အိပ္လိုက္"
"ဖယ္ ကြၽန္မ ေဘးကေနထ"
"ငါ ထ ရင္ မင္းက အျပင္ထြက္သြားဦးမွာမဟုတ္လား "
"မအိပ္ဘူးဖယ္ပါ ကြၽန္မ ရွင္နဲ႕ တစ္ကုတင္ ထဲမအိပ္ဘူး"
"မေန႕က တစ္ခါအိပ္ၿပီးၿပီ အထူးအဆန္းမဟုတ္ဘူး "
မြန္းသည္ ေခါင္းမူးေနလို႔ အားမရွိသျဖင့္
အရင္လို အတင္း႐ုန္းကန္မတြန္းဖယ္နိုင္ဘဲ
ဖက္ထားသည့္အတိုင္းသာ ႏႈတ္မွ ခပ္တိုးတိုး ျငင္းဆိုေနရသည္။
ဘာပဲျဖစ္ျဖစ္ မြန္းဘ၀သူ႕ဆီမေရာက္ဖို႔ မြန္းမုန္းတဲ့သူနဲ႕ မေနနိုင္တဲ့အတြက္ မိမိမွာ အားရွိသေလာက္ ျငင္းရမွာပဲ ။
"ဖယ္ပါ လႊတ္ပါ ကြၽန္မ ရွင့္ကိုမုန္းတယ္ အတူမအိပ္နိုင္ဘူး ဖယ္....."
စကားသံေတြတိတ္ဆိတ္သြားျပန္တာက
ဆူညံျခင္းမႏွစ္သက္သည့္ အတၱသည္သူမ၏ ႏႈတ္ခမ္းေတြကို အနမ္းတို႔ျဖင့္ ပိတ္ေပးလိုက္ျခင္းျဖစ္သည္။
ႏႈတ္ခမ္းေလးအား ခပ္ၾကာၾကာ ဖိကပ္ထားၿပီး မကစားဘဲ ျပန္လႊတ္ေပးလိုက္သည့္အခါ
မြန္းမ်က္လုံးေတြေမွးမွိတ္သြားၿပီ။
"မင္းေနမေကာင္းလို႔ အေလ်ာ့ေပးၿပီးစိတ္ထိန္းထားတာ ေနာက္ထပ္အသံထြက္ရင္ ငါအာမ မခံေတာ့ဘူး "
မြန္းက ႏႈတ္ခမ္းေလးကိုစိပိတ္၍ အျခားတစ္ဖက္သို႔လွည့္ၿပီးေက်ာေပးထားလိုက္သည္။
အတၱ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးလိုက္ၿပီး သူမကိုခါးမွ အနားတိုးေအာင္ဆြဲဖက္၍ အိပ္ေပ်ာ္ေအာင္အိပ္ပစ္လိုက္သည္။
သူ႕ဆီမွာ စြဲကပ္ေနတဲ့ စီးကရက္နံ႕ကိုေတာင္ မြန္းတစ္ေန႕တစ္ျခားယဥ္လာၿပီ ။
အနံ႕မခံနိုင္ေပမဲ့ မြန္းအနားမွာကပ္အိပ္ေနသျဖင့္ ဒီစီးကရက္နံ႕ေတြမခံနိုင္မွအဆုံး။
============================
ညေနခပ္ေစာင္းေစာင္းမွာ မြန္းနိုးလာခဲ့ေတာ့
မ်က္လုံးပြင့္သည္ႏွင့္ ခါးမွာတင္းၾကပ္စြာေသာခံစားမႈ
သူ အိပ္ေပ်ာ္ေနတုန္းပဲလား။
ေနာက္သို႔လွည့္ၾကည့္လိုက္သည့္အခါ
သူ႕၀င္သက္ထြက္သြက္ေတြက မြန္းမ်က္ႏွာသို႔ရိုက္ခက္လာသည္။
မြန္းလည္း ခါးက သူ႕လက္ေတြကို အသာဆြဲျဖဳတ္၍ ထလာခဲ့၏။
ေဆးေသာက္ၿပီးအိပ္ေပ်ာ္သြားသျဖင့္ ေခါင္းၾကည္လာ၍ ဒီအခန္းထဲကေနမထြက္ခင္ သူ႕ကိုတစ္ခ်က္လွည့္ၾကည့္ခဲ့သည္အထိ သူဟာႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနသည္။
=======
အတၱသည္ နိုးလွ်င္နိုးခ်င္း ရင္ခြင္ထဲတြင္ ဟာလာ ဟင္းလင္းႀကီးျဖစ္သြားသည္မို႔
မ်က္လုံးေတြပြင့္လာကာ ဇက္ကနဲ ထထိုင္ၿပီး
ပတ္ပတ္လည္ ေဝ့ၾကည့္ရွာသည္။
မေတြ႕သျဖင့္ ေရခ်ိဳးခန္းထဲမွာရွိမလားဟုသြားၾကည့္ေတာ့လည္း မေတြ႕ခဲ့ျပန္ပါ။
အတၱရဲ႕ရင္ထဲမွာ မီးပူတိုက္ေနသလိုပူေလာင္လာ၍ အခန္းအျပင္ထြက္လာခဲ့ေသာ္လည္း
သူမအရိပ္ေတာင္မေတြ႕ရ အတၱသည္ သူ႕အခန္းထဲသို႔ တစ္ဖန္၀င္ရွာခဲ့ေသးသည္။
အတၱဟာ ေအာက္သို႔ဆင္းသြားၿပီး ဧည့္ခန္းထဲတြင္အရင္လွည့္ပတ္ၾကည့္၍ အခုထိသူမကိုမျမင္ရတာနဲ႕
"ေဒၚေမတင္ "
ေခၚလိုက္တာနဲ႕ ေဒၚေမတင္က အတၱရွိတဲ့ဧည့္ခန္းထဲသို႔ေရာက္လာပါသည္။
"ဟုတ္ သခင္ေလး"
"မြန္း ဘယ္မွာလဲ"
"မမေလး ေအာက္ဆင္းမလာဘူးေနာ္ ေဒၚတင္မေတြ႕မိဘူး"
အတၱက ခ်က္ခ်င္း အေပၚျပန္တက္သြား၍
သူ႕အခန္းရဲ႕ အေရွ႕ဘက္သို႔လြန္ကာ
သြားၾကည့္ေတာ့မွ ၀ရန်တာမှာ ဂါ၀န္ပါးပါးေလးနဲ႕လက္ပိုက္ရပ္ေနသည့္ သူမကို
ျမင္ျမင္ခ်င္းရင္ထဲက အပူမီးေတြ ေအးသြားသည္ ။
အတၱဟာ သက္ျပင္းခ်လိဳက္ၿပီး သူတို႔ေနေသာဒီအိမ္အေပၚထပ္အလယ္က ဆိုဖာခုံေတြအေပၚမွာေခါက္တင္ထားတဲ့ေစာင္တံဘက္တစ္ထည္ကိုယူ၍ သူမအေနာက္ကေနပုခုံးေပၚသို႔အုပ္ၿပီးၿခဳံေပးလိုက္သည္။
"ေလတိုက္ေနတာကို ဘာလို႔အျပင္မွာထြက္ရပ္ေနတာလဲ "
အမူအရာေတြကသာ ေျပာင္းလဲေနတာ သူ႕ရဲ႕ေအးစက္တဲ့ေလသံကမေျပာင္းလဲပါ။
မြန္းသည္ သူေရာက္ေနမွန္းသိေပမဲ့ လွည့္ၿပီးရန္မေတြ႕ပဲ ၿငိမ္ေနသည္။
အတၱဟာ အ႐ုပ္တစ္႐ုပ္လိုၿငိမ္ေနေသာ သူမကိုေနာက္ကေနပုခုံးေပၚသို႔သိုင္းဖက္လိုက္၍
"ေမွာင္ေတာ့မွာ အထဲ၀င္ေတာ့"
မြန္းသည္ သူမရဲ႕ ပုခုံးေပၚက သူ႕လက္ေတြကို ျဖဳတ္ဖယ္ပစ္လွ်င္ သူကအလိုက္သင့္ဖယ္ေပး၍ သူ၏ ေဘာင္းဘီအိတ္ထဲကစီးကရက္တစ္လိပ္ကို ထုတ္ကာ ႏႈတ္ခမ္းျဖင့္ဖိထားၿပီး
မီးျခစ္ျခစ္ရင္း ေလတိုက္သျဖင့္ လက္ျဖင့္ကြယ္ကာ စီးကရက္ကိုမီးညွိေနသည္။
မြန္းႏွာေခါင္းထဲမွာ စီးကရက္နံ႕က ေထာင္းကနဲရလိုက္ၿပီးေနာက္ သူမ၏တစ္ဖက္တစ္ခ်က္စီမွသူ၏လက္ႏွစ္ဖက္ျဖင့္ ၀ရန်တာလက်ရန်းကိုလှမ်းထောက်ထားလိုက်သည်။
အခု မြန္းက သူ႕ရင္ခြင္ထဲမွာျဖစ္ၿပီး သူ႕ဘက္သို႔ ခႏၶာကိုယ္ေလးျပန္လွည့္လာလိုက္လွ်င္ သူကမြန္းကို မ်က္လုံးေတြေမွးစင္းကာၾကည့္ေနသည္။
မြန္းလည္း သူမႀကိဳက္တဲ့အၾကည့္တို႔ျဖင့္ သူ႕မ်က္၀န္းေတြကိုအေျဖရွာၾကည့္မိသည္ ။
ရွင္ တကယ္ဘာလဲ မသိေတာ့ဘူး အတၱလြန္
မြန္းကိုပဲရင္ခုန္ေအာင္ေသခ်ာလုပ္ေနသလား။
ရွင္ပဲတကယ္ႏူးညံ့သြားတာလား ။
ရွင္ဟာ တကယ္အျပဳအမူ၂မ်ိဳးနဲ႕လူပဲ ၾကမ္းတမ္းရက္စက္တတ္သလို မိန္းကေလးတစ္ေယာက္ကိုလည္းဘယ္လိုကိုင္တြယ္ၿပီးရင္ခုန္ေအာင္လုပ္ရမလဲဆိုတာ သိပ္ကြၽမ္းက်င္ေနတဲ့သူျဖစ္ပါလိမ့္မယ္။
မြန္းရွင့္ကိုရင္ခုန္မိရင္ မွားသြားမွာလား မုန္းတယ္ မြန္းရဲ႕ရင္ထဲက ရွင့္အတြက္ျဖစ္တည္လာတဲ့ ရင္ခုန္သံေတြကို သိပ္မုန္းတယ္ ။
မြန္းရဲ႕မ်က္၀န္းစိမ္းေတြကို သူေရွာင္ရွားကာ
အျခားတစ္ဖက္သို႔လွည့္လိုက္ၿပီး စီးကရက္တစ္ရွိုက္ဖြာလိုက္သည္ ။
ၿပီးမွ
"မင္း ကို အဲ့ဒီအၾကည့္ေတြျပင္ထားဖို႔ ေျပာထားတယ္ေနာ္ "
မြန္းသူ႕ကိုသာၾကည့္ၿမဲျဖစ္ၿပီး ေဘးတိုက္ျမင္ေနရတဲ့သူ႕မ်က္ႏွာအေနအထားနဲ႕ လည္ပင္းကအေၾကာစိမ္းေတြျမင္ရေလာက္ျဖဴေနသည့္အသားအေရေၾကာင့္
ရွင္ သာအၿမဲဒီလိုႏူးညံ့ေနရင္ မြန္းခ်စ္မိသြားမွာေတာင္ စိတ္ပူရတယ္ ။
မ်က္ႏွာနဲ႕မလိုက္ေအာင္ရက္စက္နိုင္လြန္းတဲ့ရွင့္ကိုအခုေတာ့အရမ္းမုန္းတယ္။
အတၱဟာ သက္ျပင္းတစ္ခ်က္ခ်ကာ မြန္းရဲ႕ မ်က္ႏွာကိုၾကမ္းတမ္းစြာဆြဲေမာ့ၿပီး
"မင္းကိုအၾကည့္ျပင္လိုက္လို႔ ေျပာေနတယ္ေလ ငါ အဲ့ဒီ့မ်က္လုံးနဲ႕အၾကည့္ေတြကို အရမ္းမုန္းတာ "
မြန္းက သူ႕လက္ထဲမွ မြန္းမ်က္ႏွာကို ေခါင္းရမ္းကာ ႐ုန္းပစ္လိုက္ၿပီး
Advertisement
- In Serial22 Chapters
Kidnapping the Gang Leader
I was just minding my own business, painting the walls outside the high school I went to, with spray paint. Okay maybe it's called graffiti, but I don't care. Either way, the cops came at the worst time, and I did what any rational person would do. I ran to the parking lot, broke into the only car in the lot, and sped out of there as fast as I could. Only problem was, I didn't realize there was someone sleeping in the back seat. •Damien Asher is the most feared Gang Leader to the Asher Noir Gang, so when he wakes up to someone driving his car like a madman, he was to kill them. That's until he notices it's a beautiful girl covered in paint, well that and the fact the cops are currently chasing them. So he does what he thinks is best; he kidnaps the girl who kidnapped him first.
8 249 - In Serial33 Chapters
One Big Happy Vampire Family
One day Riley is walking home from school when she's attacked by a vampire who later on brings her home. Whether she likes it or not, she soon becomes part of the family.Started Writing 2-7-18Finished 3-13-18
8 180 - In Serial13 Chapters
GOYONG
Discover the untold story of famous young Filipino soldier Heneral Gregorio del Pilar and an unknown girl who changed him forever.This story is inspired by the life of Heneral Gregorio del Pilar. Some of the events stated in the story are historical facts.
8 65 - In Serial93 Chapters
The Hoodie Girl
Wren Martin is socially awkward. She blocks off herself to the world, hiding behind her favorite hoodie. All she wants to do is keep a low profile, and graduate well enough to qualify for a college scholarship. But then a babysitting job leads her to cross paths with Asher Reed, Eastview Highʼs notorious athlete. When a field injury kickstarts his senior year, heʼs turning his free time and attention to Wren.And maybe she might not want to be invisible after all. *****[Watty's Collector's Edition Winner][TFA Runaway Prize Winner][[word count: 150,000-200,000 words]]Cover designed by Ashley Santoro
8 173 - In Serial15 Chapters
Over Chai And Coffee ✔
[Completed]| A Drikshit Fan Fiction |Chai and Coffee are said to be each other's strongest competitors, but more than them, people who consume these beverages compete against each other's liking. ●○●○●○●○Imagine yourself enjoying your chai with the perfect scenic beauty and stars up in the sky but then add a sexy drool worthy typical new next-door neighbour who has this strong liking for coffee and well, a very particular dislike for you chai, but then you both end up playing a brand new version of 21 questions, which leads you to 12 letters,two words separately: ADVENTURE & LOVEThat's Drishti's life, explained to you Over Chai & Coffee.Well, totally fun, you can predict. ●○●○●○●○A bullet... Someone fired a bullet. My eyes shot up with horror and so did Rakshit's. "Melon, run!" With that he caught hold of my hand and in a jiffy we were running out of my house with my free hand now clutching the key of my car and the other hand clutching his hand. ●○●○●○●○||Word count: 20,000-30,000||©mysteriousfairy18
8 110 - In Serial12 Chapters
Korea union is the son of nk (north Korea) and china. soviet reich is the son of ussr and nazi. In this world boys can give birth too and girls can produce sprems . this is the omega verse world. In this world there are three types of humans alpha beta and omega. alpha is the male type beta is the normal human type and omega is the female type female types means which can give birth. this is the love story between Korea union and soviet reich. soviet reich is uke and Korea union is seme this is my first time.
8 101

