《အတ္တလွန်အချစ် (OC) Completed》Part (12) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(12)
လေပေါ်မှာရပ်တန့်သွားတဲ့တစ်ခဏနောက်မှာ
မျက်နှာလွှဲကာ တစ်ရှိုက်ဖွာလိုက်ပြီးနှာခေါင်းမှ အငွေ့များရှိုက်ထုတ်ရင်း
"မင်းက မကြိုက်လို့လား "
အတ္တရဲ့မေးခွန်းနောက်မှာ သူမအဖြေက ခတ္တဆိုင်းငံ့နေသေး၏။
"အင်း... ကျွန်မ ဆေးလိပ်နံ့တွေ မကြိုက်ဘူး"
ငါ စီးကရက်သောက်တာတောင် သူမကြိုက်ဘူးဆိုရင် ဆေးချတာများသိရင် ဘယ်လိုဖြစ်သွားမလဲ။
"ကိုယ် မသောက်တော့ဘူးလို့တော့ ကတိမပေးနိုင်ဘူး မင်းရှေ့မှာတော့ တက်နိုင်သလောက် မသောက်ပဲနေပေးမယ် "
အတ္တကထိုကဲ့သိုဆိုလိုက်တော့ မွန်းသည် ခါးကသူ့လက်တွေကို ဖြုတ်လိုက်ပြီး ထွက်သွားမည်ပြုလျှင်
"အ...."
လက်ကနေပြန်ဆွဲချလိုက်သည့်အခါ ခန္ဓာကိုယ်လေးပြိုကျလာတာသူ့ရင်ခွင်ထဲသို့...
သူသည် လက်ထဲကစီးကရက်ကို စန္ဒယားခုံပေါ်မှာထောက်ကာ ပွတ်ချေ၍မီးသတ်လိုက်ပြီး သူ့ပေါင်ပေါ်မှာ အရုပ်တစ်ရုပ်ငြိမ်နေသောသူမကိုငုံ့ကြည့်လျှက်
"ကိုယ် စီးကရက်ဖြတ်ဖို့ဆိုတာ သိပ်ခက်ခဲတယ် "
မွန်းက သူ့မျက်နှာကိုမော့ကြည့်လျှင် သူ့ပါးပေါ်မှာ ခပ်ရေးရေးထင်နေတဲ့ အနီရောင် နှုတ်ခမ်းရာတစ်ခု။
ဟွန့်....သိပ်ရှုပ် သိပ်ပွေ နဲ့လူပဲ ဒါတောင်မွန်းကိုရင်ခုန်တယ်တဲ့ ဘယ်မိန်းမကနမ်းလို့နမ်းလိုက်မှန်းမသိဘူး။
အတ္တပြောစကားကို မွန်းသည် နား၀င်ပုံမပေါ်ဘဲ သူမအတွေးနဲ့သူမစိတ်ထဲကနေသူ့ကိုရန်တွေ့နေသည်ဖြစ်ရာ
"မင်း ဘာလို့ စိုက်ကြည့်နေတာလဲ"
အတ္တကရိပ်မိလို့မေးလိုက်တော့ မွန်းသည် သူ့ရင်ခွင်ထဲကကုန်းထ၍
"ကျွန်မကိုလွှတ်ပါ "
"ကိုယ် စကားပြောလို့မပြီးသေးဘူး"
မွန်းဘာမှ မပြောဘဲ နှုတ်ခမ်းလေးကို မသိမသာကိုက်ကာ မျက်စောင်းထိုးပစ်လိုက်သည် ။
ဘယ်လိုထထ သူက ပြန်ဆွဲချပြီး အတင်းဖက်ဖက်ထားတာ လွတ်မှာမှမဟုတ်တာ ။
"ကိုယ်စီးကရက်စွဲနေတယ်ဆိုတာမင်းသိမှာပါ စွဲလမ်းတယ်ဆိုကတည်းကလွယ်လွယ်နဲ့ဖြတ်လို့ရတာမှမဟုတ်တာ စွဲနေတဲ့အရာထက် ပိုပြီးစွဲလမ်းလာစေမယ့်အရာတစ်ခုပေါ်လာမှ
ဥပမာ ကိုယ့်ကိုစီးကရက်ထက်စွဲလမ်းစေတဲ့မင်းနှုတ်ခမ်းတွေပေါ့ "
သူဟာလေးနက်ဟန်စကားအချို့ကိုပြောနေသည့်အခါ မွန်းသူ့ကို မျက်ခုံးရှုံ့ကာမော့ကြည့်လျှင်
"မင်းနှုတ်ခမ်းတွေကိုသာ နေ့တိုင်းနမ်းခွင့်ရမယ်ဆိုရင် ကိုယ်စီးကရက်ဖြတ်နိုင်လောက်တယ် "
သူသည် မွန်းကိုနမ်းတော့မည်ဆိုတာ သူ့စကားထဲကနေဖော်ပြနေတာမဟုတ်လား။
မွန်းက သူ့ရင်ဘက်ကို အတင်းတွန်းကာ
မတ်တပ်ထရပ်ပြီး
"ရှင့်ကို နမ်းပေးမယ့် မိန်းမတွေ ပုံနေတာပဲမဟုတ်လား ဘာဖြစ်လို့ ကျွန်မ လဲ "
သူ့ရှေ့ကနေ ဖျက်ကနဲလှည့်ထွက်သွားကာ
"ကျွန်မ ဗိုက်ဆာနေပြီ ရှင် မစားနဲ့ဆိုလို့ "
မွန်းကိုကျတော့ ထမင်းမစားနဲ့ သူ့ကိုစောင့်ရမယ်ဆိုပြီးသူက ဘယ်မိန်းမ နဲ့ပလူးလာမှန်းမသိဘူး။
ဒါကို သ၀န်တိုခြင်းလို့ အမည်တပ်ရအောင်လည်း မွန်းမှ သူ့ကိုမချစ်တာ ။
အတ္တသည် ထွက်သွားတဲ့သူမကျောကို ကြည့်ရင်း ဒီအမူအယာဘာဖြစ်တာလဲ။
မျက်ခုံးပင့်လျှက်ကျန်နေရစ်ရာမှ အဝတ်လဲရန် သူ့အခန်းထဲ၀င်သွားသည်။
လူကိုလန်းသွားအောင် အရင်ဦးဆုံး မျက်နှာသစ်ရင်းမှန်ကြည့်လိုက်မှ ကိုယ့်ပါးပေါ်ကနှုတ်ခမ်းနီရာကြောင့်သဘောပေါက်သွားသည်။
အတ္တသည် ပေါ့ပါးတဲ့ ချည်သားရှပ်ထည်ကို အပေါ်ကြယ်သီး၂လုံးဖြုတ်၀တ်၍ ဆင်းလာခဲ့ရာသူမက ထမင်းစားပွဲမှာ ဆူဆူပုတ်ပုတ်ထိုင်စောင့်နေ၏။
အတ္တက စားပွဲရဲ့ ထိပ်မှာ၀င်ထိုင်ရင်း
"မင်း ကို ကိုက်မစားဘူး ဒီဘက်တိုး"
ပေကပ်ကပ် အကျင့်ရှိသည့်သူမ ကလည်း
ဘယ်တော့မှတစ်ခွန်းပြောရုံဖြင့်မရ ။
"ကောင်းပြီ မင်းမတိုးလို့ ငါမင်းဘက်တိုးခဲ့ရရင် ဘာဖြစ်မလဲ သိချင်လား "
မွန်းက နှုတ်ခမ်းကိုကိုက်ကာ သက်ပြင်းရှိုက်ရင်း ထမင်းပန်းကန်ကို အသံမည်အောင် ရွှေ့၍လူပါ သူ့အနားသို့တိုးလာခဲ့ရသည်။
မေတင်နဲ့သက်သက်က ဟင်းစုံအောင်ချပေးသည့်အခါ သူကထည့်မစားပဲ မွန်းစားတာကိုပဲ ကြည့်နေပြန်သည်။
ဗိုက်မဆာတဲ့ အတ္တက သူမစားစေဖို့ သတ်သမှတ် လာထိုင်ပေးနေတာဆိုရင် သိပ်ထူးစမ်းနေမလား။
မွန်းပါးစပ်ထဲက အစားတွေကိုကျေညက်အောင် ပင်မဝါးနိုင်ပါ။
သူကြည့်နေရင် ဘာကိုမှဆက်မလုပ်တတ်တော့တာ အဲ့ဒီခဲရောင်မျက်၀န်းတွေကြောင့်
"ညက်အောင် ဝါးစား ဗိုက်နာလိမ့်မယ် ကိုယ်မကြည့်တော့ဘူး "
အတ္တက အခြားတစ်ဖက်သို့လှည့်ရင်း စီးကရက်နှင့်မီးခြစ်ကိုထုတ်လိုက်သည် ။
နှုတ်ခမ်းမှာ စီးကရက်ကိုကိုက်ထားပြီး မီးခြစ်ခြစ်ဖို့ကြိုးစားပြီးမှသူမပြောစကားကိုပြန်သတိရကာ ပြန်သိမ်းလိုက်၏။
မွန်း ဒီကိုရောက်ကတည်းက သူ့အတွက်ဖြစ်ပေါ်လာတဲ့ ပထမဆုံးအပြုံးတစ်ခုပေါ့။
ဒီအပြုံးကိုသူမမြင်စေလို ။
သူ တကယ်ဆင်ခြင်တာပဲ
မွန်းကိုလည်းမကြည့် စီးကရက်ကိုပြန်သိမ်ထားပြီး အခြားတစ်ဘက်ကိုသာ အကြောင်းမဲ့ငေးနေတဲ့သူ့ကို
ရှင် မွန်း ကိုမကြည့်တဲ့ အချိန်တွေဆို ရှင့်ကိုဘေးတိုက်အနေအထားကနေ မြင်ရတာတကယ်ကြည့်လို့ကောင်းတယ်။
မွန်းသည် ပါးစပ်ထဲကအစားတွေကြေညက်သွားပေမဲ့ နောက်တစ်လုပ်ထည့်ဖို့မေ့နေခဲ့ပြီ ။
"မင်းကို ကြည့်တော့ မကြိုက်ဘူး ကိုယ့်ကိုကျတော့ ထိုင်ငေးနေတယ် "
တစ်ခါတစ်လေ သူ့ရဲ့နောက်ကျောမှာမျက်လုံးများပါသလား အောက်မေ့ရတယ် ။
ဘယ်လိုလူလည်းမသိဘူး ရှင် မသိတာရောရှိရဲ့လား
မွန်းက ထမင်းကိုပြန်ငုံ့စားနေတုန်းမှာ
"သခင်လေး "
အတ္တကိုလာခေါ်သော အလင်းနဲ့အတူ သူက အရှေ့သို့လိုက်သွားသည်။
"ဘာကိစ္စလဲ"
"မနက်ဖြန် အတွက် ကျွန်တော် ဦးနေ ဆီသွားကြည့်ပြီးပြီ သင့်တော်မယ့်သူမတွေ့ခဲ့ဘူး"
ဦးနေဆိုတာ မော်ဒယ်အသစ်တင်တဲ့ ပွဲစားတစ်ယောက်ဖြစ်သည်။
"တခြား ကိုရော"
"ဦးနေ ဆီမှာတောင်မရှိရင် ဘယ်မှာရှိဦးမှာလဲ သခင်လေးရဲ့"
အတ္တဟာ မွန်းကိုဒီအိမ်ခေါ်လာတဲ့နေ့ကတည်းကနေစပြီး မိန်းမကိစ္စနဲ့အဆက်အသွယ်ပြတ်နေသောကြောင့် ဘယ်သူဌေးတင်တဲ့မော်ဒယ်တွေဟာအလှဆုံးလဲဆိုတာတောင်မေ့နေခဲ့သည်။
အတ္တ သေချာတွေးကြည့်ပြန်တော့လည်း
ဂျော်နီ့ဆီက စာချုပ်ပြန်ရဖို့ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။
စဉ်းစားထားတဲ့နည်းက အဆင်ပြေမည်ထင်ပေမဲ့ လိုချင်တဲ့ပုံစံရှိတဲ့မိန်းကလေးမျိုးမတွေ့။
"သခင်လေး ဒီလိုဆိုရင်ရော?"
အလင်းက အတ္တဆီသို့တိုးကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
အတ္တ ချက်ချင်း မျက်မှောင်ကုတ်သွားကာ
"မဖြစ်ဘူး အလင်း ဒီအန္တရာယ်စက်ကွင်းထဲကို သူ့ကိုလုံး၀မထည့်နိုင်ဘူး"
ဟု အတ္တဟာ အလင်းရဲ့အကြံပေးချက်ကိုလက်မခံဘဲ ရတိပြတ်ငြင်းလေလျှင်
"ဒါပေမဲ့ ဒီတစ်နည်းပဲရှိတော့တယ် သခင်လေး Pianoလည်းတီးတတ်တော့ ပိုဆွဲဆောင်နိုင်တာပေါ့ "
အတ္တဟာ ထမင်းစားခန်းထဲကသူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်တွေလေးလာရသည်။
Advertisement
"မနက်မှ ဆက်ပြီးပြောမယ် အားလုံးကိုတော့စီစဉ်ထား အ၀တ်အစားကစပြီးပေါ့"
"ဟုတ်ကဲ့"
အတ္တသည် သူမဆီသို့ပြန်မလာတော့ဘဲ အိမ်အပေါ်ထပ်သို့ပြန်တက်သွားလေသည်။
မွန်းရိပ်မိလိုက်တာကတော့ သူ့အတွက် မကောင်းတဲ့ကိစ္စတစ်ခုခုရှိနေတာဖြစ်လိမ့်မည်။
ဒီညက မွန်းအတွက် သိပ်ကံကောင်းသလား ။
သူလည်းလာမနှောက်ယှက်ဘူး။
ခါတိုင်းညတွေလို မွတ်သိပ်တဲ့အနမ်းတွေကို နဲ့ အိပ်မက်ဆိုးတွေ မရှိတဲ့အတွက် ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
===========================
မှန်ပြတင်းဆီကနေ နေရောင်ခြည်ဖျဖျကလေးကအခန်းထဲဝင်လာတော့ မွန်းလည်းကိုယ်လေးလူးလွန့်ပြီးမျက်လုံးလေးတွေပွင့်လာခဲ့ပါလျှင်
နွေးထွေးတဲ့အငွေ့အသက်တွေကြောင့် လက်ကလေးက ဘယ်ဘက်သို့စမ်းကြည့်လိုက်တော့
"ဟင် "
ရင်ခွင်ကျယ်ကြီးတစ်ခု နောက်ပြီးတော့ စီးကရက်နံ့ မျက်လုံးကလေးလှန်ကြည့်လိုက်တဲ့အခါ
မွန်းရဲ့ဘေးမှာ ကိုယ်တစ်၀က်နံရံကိုမှီကာ မွေ့ယာပေါ်ခြေဆင်းထားသည့်သူက ညာဘက်လည်ဖြင့် မွန်း ကိုဖက်ထားသေးသည် ။
ဘယ်ဘက်လက်ကတော့ ထုံးဆန်အတိုင်း စီးကရက်တစ်လိပ်ညှပ်ထားသည်။
မွန်းက ဆက်ကနဲ ထထိုင်သည့်အခါ
သူက စီးကရက်ကို ချက်ချင်းမီးသတ်လိုက်ပြီး မွန်းကို မျက်ခုံးတစ်ချက်ပင့်တင်ကြည့်လိုက်သည် ။
"ရှင် ရှင် ဘယ်တုန်းက ဒီအခန်းထဲရောက်နေတာလဲ"
မွန်းအခန်းထဲကို တံခါးမရှိ ဓားမရှိ ၀င်နေတာ
မွန်းသိပ်မုန်းတာပဲ ဘယ်နေရာမှာမှ မလုံခြုံသလိုခံစားလာရသည်။
"အဲ့တာက ဖြေစရာမလိုပါဘူးထင်တယ် ငါစိတ်ကြိုက်ဝင်ချင်တဲ့ချိန်ဝင်မှာပဲ"
မွန်းသည် မျက်စောင်းထိုးကာ စကားဆက်ပြောချင်စိတ်မရှိတာမို့ မွေ့ယာပေါ်ကအောက်ဆင်းသည့်အခါ
သူကအရင် မွန်းအရှေ့တည့်တည့်က ပိတ်ရပ်ပြီး
"မင်းကို ဘယ်သူက သွားဖို့ ခွင့်ပြုလိုက်လို့လဲ
ငါ့စကားမဆုံးခင် ထွက်မသွားနဲ့"
"ရှင့်မှာပြောစရာကျန်သေးလို့လား"
အတ္တက လက်ဖြောက်တစ်ချက်တီးလိုက်သည့်အခါ အလင်း နှင့် သက်သက်က ၀င်လာကြသည် ။
အလင်းလက်ထဲမှာလည်း ရွှေရောင်ဂါ၀န် အရှည်ကြီးကိုင်ထားပြီး
သက်သက်ကလည်း ရွှေဖိနပ်နှင့် ပိုက်ဆံအိတ်သေးသေးလေးကို ကိုင်ထားသည်။
"ဘာတွေလဲ"
မွန်း သိချင်စိတ်ကိုမအောင့်နိုင်ပဲမေးလိုက်လျှင်
"ညကျရင် မင်း ပွဲတစ်ခုတက်ပေးရမယ်
ငါပြောတဲ့အတိုင်းတစ်သွေမတိမ်းလုပ်ပေးရမယ် "
မွန်း စိတ်တွေလေးလာပြီး
သူဘာတွေခိုင်းဦးမှာလဲ ကိစ္စက သေးသေးတော့မဖြစ်နိုင်ဘူး။
"မင်း ငါခေါ်သွားတဲ့နေရာမှာ လူတစ်ယောက်ဆီက စာရွက်တစ်ခု ကိုရအောင်ယူပေးရမယ် "
"ဘယ်လို ရှင်ပြောတာတွေကို ကျွန်မ နားလည်းမလည်ဘူး လုပ်လည်းမပေးနိုင်ဘူး"
အတ္တက စကားအဖြစ်သာ အတိုချုပ်၍ပြောပြသည်။
တကယ့်ပွဲမှာကျမှ အသေးစိတ် တစ်ဆင့်ချင်းသေချာရှင်းပြမည်ဟုစိတ်ကူးထားသည်။
"ငါ မင်းကို အမိန့်ပေးနေတာ အကူညီတောင်းနေတာမဟုတ်လို့ ငြင်းပိုင်ခွင့်မရှိဘူး"
မွန်း ကိုသူဟာဖမ်းချုပ်နှိပ်စက်ရုံတင်မကဘဲ အခုပစ္စည်းတစ်ခုလိုပါအသုံးချနေတာလား။
နှုတ်ခမ်းကိုပြတ်လုမတက်ကိုက်ထားပြီး
မျက်ရည်တွေကိုဝေ့လာသည်။
သူပြောတဲ့ ကိစ္စတွေက ဘယ်လောက်ကြီးမားမှန်းမှမသိတာ မွန်းကြောက်တယ် မွန်းသာ တစ်ခုခုမှားသွားမယ်ဆိုရင် အသက်အန္တရာယ်ပါဖြစ်နိုင်တဲ့ကိစ္စမျိုးတွေမဟုတ်လား။
သူကတော့ သူပြောစရာရှိတာပြောပြီး အေးအေးဆေးဆေး အခန်းထဲကထွက်သွားသည်။
အခန်းထဲမှာ ကျန်ခဲ့တဲ့ အလင်းက
"စိတ်မပူပါနဲ့ မမလေး သခင်လေးက မမလေးကို အသုံးတောင်ချချင်တာမဟုတ်ဘူး သူတော်တော်စဉ်းစားထားရတာ ပြီးတော့ အခုကိစ္စကို မမလေးလည်းလုပ်နိုင်မယ်ထင်ပါတယ်"
ဒါပေမဲ့ မွန်းတကယ် လုံးဝမပေးချင်ပါ။
စိတ်တွေလည်းရှုပ်ထွေးစွာနဲ့ မွေ့ယာကြီးပေါ်ထိုင်ချပြီး ဆံပင်တွေကိုဖွပစ်လိုက်သည်။
============================
"သခင်လေး ၆နာရီထိုးပါပြီ ကျွန်တော်တို့စထွက်ဖို့အဆင်သင့်ဖြစ်ပါပြီ"
အလင်းက အဝတ်အစားလဲနေသော အတ္တကို အဆင်သင့်ဖြစ်ကြောင်းလာ၍သတင်းပေးသည်။
"သူဘယ်မှာလဲ "
တစ်နေကုန် သူမကအခန်းထဲကမထွက် အတ္တလည်းသွားမတွေ့ဖြစ်ဘဲသူမကို ဒီကိစ္စထဲ အစကတည်းကမထည့်ချင်တာ မဖြစ်လို့သာစီစဥ်လိုက်ရသဖြင့်စိတ်က မကြည်ပေ။
"သူ့အခန်းထဲမှာပဲ ပြင်ဆင်ပြီးလောက်ပြီ သက်သက်နဲ့အတူ မိတ်ကပ်ဆရာက နေ့လည်ကလည်း မမလေးအခန်းထဲ၀င်သွားတာကြာနေပြီ"
"အင်း ကားပေါ်ကစောင့်တော့"
ဟုဆိုကာ အတ္တလည်း ရှပ်အင်္ကျီအဖြူရောင်အပေါ်မှ ကုပ်အင်္ကျီအနက်ရောင်ကိုလျှိုဝတ်လိုက်ပြီး အိပ်ယာဘေးကစားပွဲပေါ်တွင် တင်ထားသည့် သေနတ် ကို ခါးတွင် ထိုးလိုက်ပြီးလျှင် အခန်းတံခါးကို အသံမြည်အောင် ပိတ်၍ ထွက်လာခဲ့သည်။
သူမရဲ့အခန်းတံခါးကို မခေါက်ပဲဆွဲဖွင့်လိုက်လျှင် ရွှေရောင်တလဲ့လဲ့နဲ့မင်းသမီးက လှပစွာကြိုဆိုပါသည် ။
သခင်လေး၀င်လာသည်နှင့် သက်သက်နဲ့အတူ သူမရဲ့ဆံပင်တွေကိုတရွရွပြင်ဆင်ပေးနေသည့် မိတ်ကပ်ပညာရှင်ဟာ အခန်းထဲကနေအလိုက်တသိထွက်သွားကြလေသည်။
ရွှေရောင် အသားကပ်ဂါ၀န်ရှည်အိအိက ကြိုးတစ်ချောင်းသာပါ၍ပေါင်အထိခွဲထားပြီး ပေါင်တံဖွေးဖွေးဖြူဖြူသွယ်သွယ်လေးတွေနှင့်
ရင်သားပြည့်ပြည့်တင်းတင်းတွေကိုသိသာစွာ
ခန္ဓာကိုယ်ကောက်ကြောင်းမှာ ပေါ်လွင် ထင်ရှားလွန်းလှသည် ။
ကျောလည်အထိရှိသည့် နီညိုရောင်ဆံပင်တွေကို သေသပ်စွာဖြန့်ချထားပြီး အသားအရေကောင်းပြီးသားသူမဟာ မိတ်ကပ်အများကြီးလိမ်းစရာမလိုခဲ့ဘဲ ဖူးဖူးရဲရဲနှုတ်ခမ်းလေးကို ဆေးနီထပ်ကူလိုက်သည့်အခါ ဆွဲဆော့င်မှုကအပြည့်နဲ့။
ဒီလောက်ထိလှပါလိမ့်မယ်လို့မထင်ခဲ့ဘူး။
ကိုယ်ထင်တာထက် အဆပေါင်းများပိုလှသည့်အခါ
အတ္တ ဒီတစ်ကြိမ်မှာ သူမကိုစက္ကန့်ပေါင်းများစွာကြည့်နေလျှက် အသက်ပြင်းပြင်းတစ်ချက်ရှူရှိိုက်လိုက်ရသည်အထိ ရင်ထဲကနေမငြိမ်မသက်ဖြစ်ကာ အမှန်တကယ်ကြီး ကြွေဆင်းနေရသည်။
ရွှေရောင် ဒေါက်ဖိနပ်အမြင့်နှင့်မို့ အရင်လိုသူ့ရင်ခွင်ထဲမှာနစ်မြုပ်နေမည့်အရပ်မျိုးမဟုတ်တော့ပါ။
အတ္တဟာ သူ့ကိုလုံး၀မရယ်မပြုံးပြသည့် သူမအနားသို့ မပြုံးဖူးသည့်အပြုံးတစ်မျိုးဖြင့် တိုးကပ်လာခဲ့ပြီး
သူသည် သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
အခုမှသေချာသတိထားမိလိုက်တဲ့ စကပ်အကွဲကြောင့် လစ်ဟာနေသည့်သူမပေါင်တံတွေကိုမြင်ပြီး မျက်ခုံးရှုံ့သွား၏။
၀တ်နေကျမဟုတ်သည့် အ၀တ်အစားနှင့်မို့
သူမက မလုံမလဲနှင့် ဟိုဖိထိဖိလုပ်နေရသည်။
ဒီကြားထဲ သူဟာ မွန်းရဲ့စကပ်ကွဲကြောင်းကိုသာဆက်တိုက်ငုံ့ကြည့်နေသဖြင့်
"ရှင် ရှင် ဘယ်ကို အဲ့သလောက်စိုက်ကြည့်နေတာလဲ"
"အဲ့ဒီစကပ်အကွဲကြီးကိုသဘောမကျဘူး အရမ်းကွဲလွန်းနေတယ်"
"ရှင်တို့ပေးတဲ့၀တ်စုံပဲလေ"
မွန်းက ဂါ၀န်စလေးကိုတင်းတင်းကိုင်ကာ
အစကတည်းကမှ မလုံမလဲဖြစ်ရတဲ့ကြားထဲကို သူက တစ်မျိုး။
ပြီးတော့တစ်ခါ သူ့မျက်လုံးတွေကရင်ဘက်ကိုရောက်လာပြန်၏။
မွန်း လက်ကလေးနှစ်ဖက်ကို ရင်မှာယှက်တင်ကာ
"ရှင် ရှင် နော် လွန်လာပြီ အဲ့ အဲ့ သလောက်မကြည့်နဲ့လေ "
"ရင်ဘက်က အရမ်းဟိုက်လွန်းတယ် "
သူဆင်ပေးတဲ့အ၀တ်အစားသူကိုယ်တိုင်ဝေဖန်နေသော အတ္တပင်ဖြစ်သည်။
သူမက အနောက်ဆုတ်လိုက် လက်ကလေးနှစ်ဖက်ဖြင့် မလုံတဲ့ဂါ၀န်ကိုကွယ်လိုက်နှင့် မချိုမချဉ်မျက်နှာလေးက အသည်းယားအောင်လုပ်နေပြန်သည်။
Advertisement
အတ္တက အကြည့်ကို တစ်ဖက်သို့လွှဲကာ မျက်လုံးမှိတ်လိုက်ရင်း
"မင်း အဲ့ဒီလိုဆက်လုပ်နေရင် အဲ့ဒီဂါဝန်ကို ကိုယ်ဆွဲချွတ်မိတော့မယ် "
အတ္တ ဆက်မပြောပဲ လက်ညှိုးထိုးကာ သက်ပြင်းချလိုက်၏။
မွန်းမှာသူ့စကားကြောင့်လန့်သွားပြီး ထိုနေရာမှာပဲတောင့်တင်းစွာရပ်နေမိလေရာ
သူဟာလက်တစ်ကမ်းစာအကွာက မွန်းကိုလက်ကနေလှမ်းဆွဲပြီး ခါးကလေးကိုဖက်လိုက်သည့်အခါ အလိုက်သင့်ပါလာခဲ့၏ ။
မွန်းကို မျက်တောင်မခက်စိုက်ကြည့်နေတာကြောင့်မွန်းမျက်နှာ ဘယ်ထားရမှန်းတောင်မသိတော့တဲ့အချိန်မှာ အတ္တဟာသူမရဲ့လက်ဖဝါးလေး တစ်ဖက်ကို ညင်သာစွာ ဆွဲယူ၍ သူ့ရဲ့ ဘက်ဘယ်ရင်အုံမှာပေါ်မှာနားခိုစေပြီး
"ကိုယ့်ရင်တွေခုန်နေတာမင်းကြောင့်ဆိုတာ မင်းသိမှာပါ "
============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(13)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(12)
ေလေပၚမွာရပ္တန့္သြားတဲ့တစ္ခဏေနာက္မွာ
မ်က္ႏွာလႊဲကာ တစ္ရွိုက္ဖြာလိုက္ၿပီးႏွာေခါင္းမွ အေငြ႕မ်ားရွိုက္ထုတ္ရင္း
"မင္းက မႀကိဳက္လို႔လား "
အတၱရဲ႕ေမးခြန္းေနာက္မွာ သူမအေျဖက ခတၱဆိုင္းငံ့ေနေသး၏။
"အင္း... ကြၽန္မ ေဆးလိပ္နံ႕ေတြ မႀကိဳက္ဘူး"
ငါ စီးကရက္ေသာက္တာေတာင္ သူမႀကိဳက္ဘူးဆိုရင္ ေဆးခ်တာမ်ားသိရင္ ဘယ္လိုျဖစ္သြားမလဲ။
"ကိုယ္ မေသာက္ေတာ့ဘူးလို႔ေတာ့ ကတိမေပးနိုင္ဘူး မင္းေရွ႕မွာေတာ့ တက္နိုင္သေလာက္ မေသာက္ပဲေနေပးမယ္ "
အတၱကထိုကဲ့သိုဆိုလိုက္ေတာ့ မြန္းသည္ ခါးကသူ႕လက္ေတြကို ျဖဳတ္လိုက္ၿပီး ထြက္သြားမည္ျပဳလွ်င္
"အ...."
လက္ကေနျပန္ဆြဲခ်လိဳက္သည့္အခါ ခႏၶာကိုယ္ေလးၿပိဳက်လာတာသူ႕ရင္ခြင္ထဲသို႔...
သူသည္ လက္ထဲကစီးကရက္ကို စႏၵယားခုံေပၚမွာေထာက္ကာ ပြတ္ေခ်၍မီးသတ္လိုက္ၿပီး သူ႕ေပါင္ေပၚမွာ အ႐ုပ္တစ္႐ုပ္ၿငိမ္ေနေသာသူမကိုငုံ႕ၾကည့္လွ်က္
"ကိုယ္ စီးကရက္ျဖတ္ဖို႔ဆိုတာ သိပ္ခက္ခဲတယ္ "
မြန္းက သူ႕မ်က္ႏွာကိုေမာ့ၾကည့္လွ်င္ သူ႕ပါးေပၚမွာ ခပ္ေရးေရးထင္ေနတဲ့ အနီေရာင္ ႏႈတ္ခမ္းရာတစ္ခု။
ဟြန့္....သိပ္ရႈပ္ သိပ္ေပြ နဲ႕လူပဲ ဒါေတာင္မြန္းကိုရင္ခုန္တယ္တဲ့ ဘယ္မိန္းမကနမ္းလို႔နမ္းလိုက္မွန္းမသိဘူး။
အတၱေျပာစကားကို မြန္းသည္ နား၀င္ပုံမေပၚဘဲ သူမအေတြးနဲ႕သူမစိတ္ထဲကေနသူ႕ကိုရန္ေတြ႕ေနသည္ျဖစ္ရာ
"မင္း ဘာလို႔ စိုက္ၾကည့္ေနတာလဲ"
အတၱကရိပ္မိလို႔ေမးလိုက္ေတာ့ မြန္းသည္ သူ႕ရင္ခြင္ထဲကကုန္းထ၍
"ကြၽန္မကိုလႊတ္ပါ "
"ကိုယ္ စကားေျပာလို႔မၿပီးေသးဘူး"
မြန္းဘာမွ မေျပာဘဲ ႏႈတ္ခမ္းေလးကို မသိမသာကိုက္ကာ မ်က္ေစာင္းထိုးပစ္လိုက္သည္ ။
ဘယ္လိုထထ သူက ျပန္ဆြဲခ်ၿပီး အတင္းဖက္ဖက္ထားတာ လြတ္မွာမွမဟုတ္တာ ။
"ကိုယ္စီးကရက္စြဲေနတယ္ဆိုတာမင္းသိမွာပါ စြဲလမ္းတယ္ဆိုကတည္းကလြယ္လြယ္နဲ႕ျဖတ္လို႔ရတာမွမဟုတ္တာ စြဲေနတဲ့အရာထက္ ပိုၿပီးစြဲလမ္းလာေစမယ့္အရာတစ္ခုေပၚလာမွ
ဥပမာ ကိုယ့္ကိုစီးကရက္ထက္စြဲလမ္းေစတဲ့မင္းႏႈတ္ခမ္းေတြေပါ့ "
သူဟာေလးနက္ဟန္စကားအခ်ိဳ႕ကိုေျပာေနသည့္အခါ မြန္းသူ႕ကို မ်က္ခုံးရႈံ႕ကာေမာ့ၾကည့္လွ်င္
"မင္းႏႈတ္ခမ္းေတြကိုသာ ေန႕တိုင္းနမ္းခြင့္ရမယ္ဆိုရင္ ကိုယ္စီးကရက္ျဖတ္နိုင္ေလာက္တယ္ "
သူသည္ မြန္းကိုနမ္းေတာ့မည္ဆိုတာ သူ႕စကားထဲကေနေဖာ္ျပေနတာမဟုတ္လား။
မြန္းက သူ႕ရင္ဘက္ကို အတင္းတြန္းကာ
မတ္တပ္ထရပ္ၿပီး
"ရွင့္ကို နမ္းေပးမယ့္ မိန္းမေတြ ပုံေနတာပဲမဟုတ္လား ဘာျဖစ္လို႔ ကြၽန္မ လဲ "
သူ႕ေရွ႕ကေန ဖ်က္ကနဲလွည့္ထြက္သြားကာ
"ကြၽန္မ ဗိုက္ဆာေနၿပီ ရွင္ မစားနဲ႕ဆိုလို႔ "
မြန္းကိုက်ေတာ့ ထမင္းမစားနဲ႕ သူ႕ကိုေစာင့္ရမယ္ဆိုၿပီးသူက ဘယ္မိန္းမ နဲ႕ပလူးလာမွန္းမသိဘူး။
ဒါကို သ၀န္တိုျခင္းလို႔ အမည္တပ္ရေအာင္လည္း မြန္းမွ သူ႕ကိုမခ်စ္တာ ။
အတၱသည္ ထြက္သြားတဲ့သူမေက်ာကို ၾကည့္ရင္း ဒီအမူအယာဘာျဖစ္တာလဲ။
မ်က္ခုံးပင့္လွ်က္က်န္ေနရစ္ရာမွ အဝတ္လဲရန္ သူ႕အခန္းထဲ၀င္သြားသည္။
လူကိုလန္းသြားေအာင္ အရင္ဦးဆုံး မ်က္ႏွာသစ္ရင္းမွန္ၾကည့္လိုက္မွ ကိုယ့္ပါးေပၚကႏႈတ္ခမ္းနီရာေၾကာင့္သေဘာေပါက္သြားသည္။
အတၱသည္ ေပါ့ပါးတဲ့ ခ်ည္သားရွပ္ထည္ကို အေပၚၾကယ္သီး၂လုံးျဖဳတ္၀တ္၍ ဆင္းလာခဲ့ရာသူမက ထမင္းစားပြဲမွာ ဆူဆူပုတ္ပုတ္ထိုင္ေစာင့္ေန၏။
အတၱက စားပြဲရဲ႕ ထိပ္မွာ၀င္ထိုင္ရင္း
"မင္း ကို ကိုက္မစားဘူး ဒီဘက္တိုး"
ေပကပ္ကပ္ အက်င့္ရွိသည့္သူမ ကလည္း
ဘယ္ေတာ့မွတစ္ခြန္းေျပာ႐ုံျဖင့္မရ ။
"ေကာင္းၿပီ မင္းမတိုးလို႔ ငါမင္းဘက္တိုးခဲ့ရရင္ ဘာျဖစ္မလဲ သိခ်င္လား "
မြန္းက ႏႈတ္ခမ္းကိုကိုက္ကာ သက္ျပင္းရွိုက္ရင္း ထမင္းပန္းကန္ကို အသံမည္ေအာင္ ေ႐ႊ႕၍လူပါ သူ႕အနားသို႔တိုးလာခဲ့ရသည္။
ေမတင္နဲ႕သက္သက္က ဟင္းစုံေအာင္ခ်ေပးသည့္အခါ သူကထည့္မစားပဲ မြန္းစားတာကိုပဲ ၾကည့္ေနျပန္သည္။
ဗိုက္မဆာတဲ့ အတၱက သူမစားေစဖို႔ သတ္သမွတ္ လာထိုင္ေပးေနတာဆိုရင္ သိပ္ထူးစမ္းေနမလား။
မြန္းပါးစပ္ထဲက အစားေတြကိုေက်ညက္ေအာင္ ပင္မဝါးနိုင္ပါ။
သူၾကည့္ေနရင္ ဘာကိုမွဆက္မလုပ္တတ္ေတာ့တာ အဲ့ဒီခဲေရာင္မ်က္၀န္းေတြေၾကာင့္
"ညက္ေအာင္ ဝါးစား ဗိုက္နာလိမ့္မယ္ ကိုယ္မၾကည့္ေတာ့ဘူး "
အတၱက အျခားတစ္ဖက္သို႔လွည့္ရင္း စီးကရက္ႏွင့္မီးျခစ္ကိုထုတ္လိုက္သည္ ။
ႏႈတ္ခမ္းမွာ စီးကရက္ကိုကိုက္ထားၿပီး မီးျခစ္ျခစ္ဖို႔ႀကိဳးစားၿပီးမွသူမေျပာစကားကိုျပန္သတိရကာ ျပန္သိမ္းလိုက္၏။
မြန္း ဒီကိုေရာက္ကတည္းက သူ႕အတြက္ျဖစ္ေပၚလာတဲ့ ပထမဆုံးအၿပဳံးတစ္ခုေပါ့။
ဒီအၿပဳံးကိုသူမျမင္ေစလို ။
သူ တကယ္ဆင္ျခင္တာပဲ
မြန္းကိုလည္းမၾကည့္ စီးကရက္ကိုျပန္သိမ္ထားၿပီး အျခားတစ္ဘက္ကိုသာ အေၾကာင္းမဲ့ေငးေနတဲ့သူ႕ကို
ရွင္ မြန္း ကိုမၾကည့္တဲ့ အခ်ိန္ေတြဆို ရွင့္ကိုေဘးတိုက္အေနအထားကေန ျမင္ရတာတကယ္ၾကည့္လို႔ေကာင္းတယ္။
မြန္းသည္ ပါးစပ္ထဲကအစားေတြေၾကညက္သြားေပမဲ့ ေနာက္တစ္လုပ္ထည့္ဖို႔ေမ့ေနခဲ့ၿပီ ။
"မင္းကို ၾကည့္ေတာ့ မႀကိဳက္ဘူး ကိုယ့္ကိုက်ေတာ့ ထိုင္ေငးေနတယ္ "
တစ္ခါတစ္ေလ သူ႕ရဲ႕ေနာက္ေက်ာမွာမ်က္လုံးမ်ားပါသလား ေအာက္ေမ့ရတယ္ ။
ဘယ္လိုလူလည္းမသိဘူး ရွင္ မသိတာေရာရွိရဲ႕လား
မြန္းက ထမင္းကိုျပန္ငုံ႕စားေနတုန္းမွာ
"သခင္ေလး "
အတၱကိုလာေခၚေသာ အလင္းနဲ႕အတူ သူက အေရွ႕သို႔လိုက္သြားသည္။
"ဘာကိစၥလဲ"
"မနက္ျဖန္ အတြက္ ကြၽန္ေတာ္ ဦးေန ဆီသြားၾကည့္ၿပီးၿပီ သင့္ေတာ္မယ့္သူမေတြ႕ခဲ့ဘူး"
ဦးေနဆိုတာ ေမာ္ဒယ္အသစ္တင္တဲ့ ပြဲစားတစ္ေယာက္ျဖစ္သည္။
"တျခား ကိုေရာ"
"ဦးေန ဆီမွာေတာင္မရွိရင္ ဘယ္မွာရွိဦးမွာလဲ သခင္ေလးရဲ႕"
အတၱဟာ မြန္းကိုဒီအိမ္ေခၚလာတဲ့ေန႕ကတည္းကေနစၿပီး မိန္းမကိစၥနဲ႕အဆက္အသြယ္ျပတ္ေနေသာေၾကာင့္ ဘယ္သူေဌးတင္တဲ့ေမာ္ဒယ္ေတြဟာအလွဆုံးလဲဆိုတာေတာင္ေမ့ေနခဲ့သည္။
အတၱ ေသခ်ာေတြးၾကည့္ျပန္ေတာ့လည္း
ေဂ်ာ္နီ႕ဆီက စာခ်ဳပ္ျပန္ရဖို႔ဆိုတာက လြယ္တဲ့ကိစၥမဟုတ္ဘူး။
စဥ္းစားထားတဲ့နည္းက အဆင္ေျပမည္ထင္ေပမဲ့ လိုခ်င္တဲ့ပုံစံရွိတဲ့မိန္းကေလးမ်ိဳးမေတြ႕။
"သခင္ေလး ဒီလိုဆိုရင္ေရာ?"
အလင္းက အတၱဆီသို႔တိုးကပ္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။
အတၱ ခ်က္ခ်င္း မ်က္ေမွာင္ကုတ္သြားကာ
"မျဖစ္ဘူး အလင္း ဒီအႏၱရာယ္စက္ကြင္းထဲကို သူ႕ကိုလုံး၀မထည့္နိုင္ဘူး"
ဟု အတၱဟာ အလင္းရဲ႕အႀကံေပးခ်က္ကိုလက္မခံဘဲ ရတိျပတ္ျငင္းေလလွ်င္
"ဒါေပမဲ့ ဒီတစ္နည္းပဲရွိေတာ့တယ္ သခင္ေလး Pianoလည္းတီးတတ္ေတာ့ ပိုဆြဲေဆာင္နိုင္တာေပါ့ "
အတၱဟာ ထမင္းစားခန္းထဲကသူမကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး စိတ္ေတြေလးလာရသည္။
"မနက္မွ ဆက္ၿပီးေျပာမယ္ အားလုံးကိုေတာ့စီစဥ္ထား အ၀တ္အစားကစၿပီးေပါ့"
"ဟုတ္ကဲ့"
အတၱသည္ သူမဆီသို႔ျပန္မလာေတာ့ဘဲ အိမ္အေပၚထပ္သို႔ျပန္တက္သြားေလသည္။
မြန္းရိပ္မိလိုက္တာကေတာ့ သူ႕အတြက္ မေကာင္းတဲ့ကိစၥတစ္ခုခုရွိေနတာျဖစ္လိမ့္မည္။
ဒီညက မြန္းအတြက္ သိပ္ကံေကာင္းသလား ။
သူလည္းလာမႏွောက္ယွက္ဘူး။
ခါတိုင္းညေတြလို မြတ္သိပ္တဲ့အနမ္းေတြကို နဲ႕ အိပ္မက္ဆိုးေတြ မရွိတဲ့အတြက္ ေကာင္းေကာင္းအိပ္ေပ်ာ္သြားခဲ့သည္။
===========================
မွန္ျပတင္းဆီကေန ေနေရာင္ျခည္ဖ်ဖ်ကေလးကအခန္းထဲဝင္လာေတာ့ မြန္းလည္းကိုယ္ေလးလူးလြန့္ၿပီးမ်က္လုံးေလးေတြပြင့္လာခဲ့ပါလွ်င္
ႏြေးေထြးတဲ့အေငြ႕အသက္ေတြေၾကာင့္ လက္ကေလးက ဘယ္ဘက္သို႔စမ္းၾကည့္လိုက္ေတာ့
"ဟင္ "
ရင္ခြင္က်ယ္ႀကီးတစ္ခု ေနာက္ၿပီးေတာ့ စီးကရက္နံ႕ မ်က္လုံးကေလးလွန္ၾကည့္လိုက္တဲ့အခါ
မြန္းရဲ႕ေဘးမွာ ကိုယ္တစ္၀က္နံရံကိုမွီကာ ေမြ႕ယာေပၚေျခဆင္းထားသည့္သူက ညာဘက္လည္ျဖင့္ မြန္း ကိုဖက္ထားေသးသည္ ။
ဘယ္ဘက္လက္ကေတာ့ ထုံးဆန္အတိုင္း စီးကရက္တစ္လိပ္ညွပ္ထားသည္။
မြန္းက ဆက္ကနဲ ထထိုင္သည့္အခါ
သူက စီးကရက္ကို ခ်က္ခ်င္းမီးသတ္လိုက္ၿပီး မြန္းကို မ်က္ခုံးတစ္ခ်က္ပင့္တင္ၾကည့္လိုက္သည္ ။
"ရွင္ ရွင္ ဘယ္တုန္းက ဒီအခန္းထဲေရာက္ေနတာလဲ"
မြန္းအခန္းထဲကို တံခါးမရွိ ဓားမရွိ ၀င်နေတာ
မြန္းသိပ္မုန္းတာပဲ ဘယ္ေနရာမွာမွ မလုံၿခဳံသလိုခံစားလာရသည္။
"အဲ့တာက ေျဖစရာမလိုပါဘူးထင္တယ္ ငါစိတ္ႀကိဳက္ဝင္ခ်င္တဲ့ခ်ိန္ဝင္မွာပဲ"
မြန္းသည္ မ်က္ေစာင္းထိုးကာ စကားဆက္ေျပာခ်င္စိတ္မရွိတာမို႔ ေမြ႕ယာေပၚကေအာက္ဆင္းသည့္အခါ
သူကအရင္ မြန္းအေရွ႕တည့္တည့္က ပိတ္ရပ္ၿပီး
"မင္းကို ဘယ္သူက သြားဖို႔ ခြင့္ျပဳလိုက္လို႔လဲ
ငါ့စကားမဆုံးခင္ ထြက္မသြားနဲ႕"
"ရွင့္မွာေျပာစရာက်န္ေသးလို႔လား"
အတၱက လက္ေျဖာက္တစ္ခ်က္တီးလိုက္သည့္အခါ အလင္း ႏွင့္ သက္သက္က ၀င်လာကြသည် ။
အလင္းလက္ထဲမွာလည္း ေ႐ႊေရာင္ဂါ၀န္ အရွည္ႀကီးကိုင္ထားၿပီး
သက္သက္ကလည္း ေ႐ႊဖိနပ္ႏွင့္ ပိုက္ဆံအိတ္ေသးေသးေလးကို ကိုင္ထားသည္။
"ဘာေတြလဲ"
မြန္း သိခ်င္စိတ္ကိုမေအာင့္နိုင္ပဲေမးလိုက္လွ်င္
"ညက်ရင္ မင္း ပြဲတစ္ခုတက္ေပးရမယ္
ငါေျပာတဲ့အတိုင္းတစ္ေသြမတိမ္းလုပ္ေပးရမယ္ "
မြန္း စိတ္ေတြေလးလာၿပီး
သူဘာေတြခိုင္းဦးမွာလဲ ကိစၥက ေသးေသးေတာ့မျဖစ္နိုင္ဘူး။
"မင္း ငါေခၚသြားတဲ့ေနရာမွာ လူတစ္ေယာက္ဆီက စာ႐ြက္တစ္ခု ကိုရေအာင္ယူေပးရမယ္ "
"ဘယ္လို ရွင္ေျပာတာေတြကို ကြၽန္မ နားလည္းမလည္ဘူး လုပ္လည္းမေပးနိုင္ဘူး"
အတၱက စကားအျဖစ္သာ အတိုခ်ဳပ္၍ေျပာျပသည္။
တကယ့္ပြဲမွာက်မွ အေသးစိတ္ တစ္ဆင့္ခ်င္းေသခ်ာရွင္းျပမည္ဟုစိတ္ကူးထားသည္။
"ငါ မင္းကို အမိန့္ေပးေနတာ အကူညီေတာင္းေနတာမဟုတ္လို႔ ျငင္းပိုင္ခြင့္မရွိဘူး"
မြန္း ကိုသူဟာဖမ္းခ်ဳပ္ႏွိပ္စက္႐ုံတင္မကဘဲ အခုပစၥည္းတစ္ခုလိုပါအသုံးခ်ေနတာလား။
ႏႈတ္ခမ္းကိုျပတ္လုမတက္ကိုက္ထားၿပီး
မ်က္ရည္ေတြကိုေဝ့လာသည္။
သူေျပာတဲ့ ကိစၥေတြက ဘယ္ေလာက္ႀကီးမားမွန္းမွမသိတာ မြန္းေၾကာက္တယ္ မြန္းသာ တစ္ခုခုမွားသြားမယ္ဆိုရင္ အသက္အႏၱရာယ္ပါျဖစ္နိုင္တဲ့ကိစၥမ်ိဳးေတြမဟုတ္လား။
သူကေတာ့ သူေျပာစရာရွိတာေျပာၿပီး ေအးေအးေဆးေဆး အခန္းထဲကထြက္သြားသည္။
အခန္းထဲမွာ က်န္ခဲ့တဲ့ အလင္းက
"စိတ္မပူပါနဲ႕ မမေလး သခင္ေလးက မမေလးကို အသုံးေတာင္ခ်ခ်င္တာမဟုတ္ဘူး သူေတာ္ေတာ္စဥ္းစားထားရတာ ၿပီးေတာ့ အခုကိစၥကို မမေလးလည္းလုပ္နိုင္မယ္ထင္ပါတယ္"
ဒါေပမဲ့ မြန္းတကယ္ လုံးဝမေပးခ်င္ပါ။
စိတ္ေတြလည္းရႈပ္ေထြးစြာနဲ႕ ေမြ႕ယာႀကီးေပၚထိုင္ခ်ၿပီး ဆံပင္ေတြကိုဖြပစ္လိုက္သည္။
============================
Advertisement
- In Serial62 Chapters
Mirrored Cuts
Updates every Tuesday and Friday. Sarcastic, self-reliant, and scared, Andi is away from her abusive family for the first time in her life. When she joins her college campus's Emergency Medical Service, the only thing her father doesn't seem to have control over, she attempts to lose herself in her new life and forget about her past. A love triangle fraught with tension, a roommate that curses like a sailor in her sleep, and the brother she left behind are just a few things Andi is forced to confront. Mirrored Cuts is a new adult novel set in modern-day Pittsburgh. A story of what happens when you build with life's unstable blocks, it will appeal to fans of moral dilemmas, those who like themes of family and identity, and all fans of medical or police procedurals.
8 122 - In Serial30 Chapters
Limited to Pampering in Marriage: Report to Captain, I’m Pregnant.
Having a sweet yet naughty wife at home, she was best at being both bossy and alluring. She could even dominate, submit, and flirt, not to mention acting cute, domineering, or funny. Having said about being smart and playful, a jerk or a slut was no match for her. As the spring breeze blew across 10 miles, the time was just right for us. When she picked up her intellectual, she discovered that everything had changed. Once her feeling of being soft-hearted was abandoned, she found that she was never hurt again. Just as she rolled up her sleeves, getting ready to have a go at something, she realized that an indifferent minister took a liking to her. He expressed affectionately, “You only have to stay put, and I’ll be the scumbag!” She was confused. “What do you mean by staying put?” He cast a sidelong glance at her, replying, “It’s exactly what it means.” _What does it mean by that? I can’t wait to know its real definition!_
8 195 - In Serial28 Chapters
Splash of Color
[Oikawa Tōru X Reader] Routines can get a little boring. As structured as they may be, the world can begin to look black and white. But once a splash of color hits your nose, the routine you once held dear changes._______Cover by @oreolover2411
8 126 - In Serial46 Chapters
Red Whispers || Wanda Maximoff X Reader
"You didn't see that coming."Now it's my turn to tilt my head. What's she getting at? "My brother used to say that a lot. You...You said 'guess I didn't see that coming'. It just. I don't know. Just kind of-I don't even know why I'm telling you this." Y/N Stark has worked for Hydra for as long as she can remember. She doesn't remember her past, her family, or even her last name... Until one day when sent out to kill the Avengers, Y/N gets captured, no thanks to the green eyed witch."I'm not going anywhere with you." "I don't think you have much of a choice."I look over her body and smirk in appreciation. She's definitely attractive. And that accent is...well yeah it's a nice accent. But before I can let her do more witchy crap on me I grab hold of her with my own powers. I can feel my eyes changing to blue as I grip her harder. She grunts and cranes her neck to look for her friends but I force her to look at me as I lower us to the ground.____Written with she/her pronouns, if you use other pronouns I apologize, try and imagine them as such :) Hope you guys enjoy!________#2: #wandamaximoff 4/26/21#1: #wandamaximoff 5/3/21#1: #wandamaximoffxreader 6/7/21#2: #wandaxreader 6/7/21#5: #elizabetholsen 6/7/21#1: #fxf 6/22/21 & 6/30/21#1: #readerpov 7/18/21#1: #writewithpeide 10/4/21
8 206 - In Serial50 Chapters
Grace
He slowly turned to me with the meanest look I've ever seen on his beautiful face. His long legs allowed him to take three short steps towards me until we were face to face. He leaned down to reach my height and then pushed me against the wall. "I don't do relationships," he said very coldly. My heart dropped but my pride fell before my heart could reach my stomach. He resumed packing my bag. "Why not?" I asked with an attitude to appear unbothered but I really am. "Because, they're-" his sentence was cut off by gunshots. "Fuck!" He yelled then grabbed me and threw me on the floor behind the bed. _________________________Life was never easy for Grace whether it was growing up in her country or moving to New York for a better life. But life never turns out the way you think it will. She'll soon find out whether or not, if one of the most dangerous man in the city, will be able to give her what the last man couldn't. Alessandro Columbo. That's all you have to say and men will twitch out of fear. The last name alone will get you to places you could never imagine. But that last name alone, can get you killed in a heartbeat. One of the most dangerous men in New York City, can't fall in love. Right?
8 80 - In Serial5 Chapters
Karan Monami FS- Party Time
Moran in a bar
8 119

