《အတ္တလွန်အချစ် (OC) Completed》Part (15) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(15)
မွန်းကို သူဖမ်းချုပ်ထားခဲ့သည်မှာ ဆောင်းအကုန်နွေအကူးသို့ပင်ကူးပြောင်းလာခဲ့သည်။
ဒီနေမွန်းတည့်ချိန်ရဲ့ ပူလောင်မှုဟာ ဒီလိုအရိပ်ကောင်းလှသည့်အိမ်ကြီးထဲမှာပင် ခပ်နွေးနွေးဖြစ်သည်။
မနက်ခင်းနဲ့ညနေဆောင်းတွင်သာအေးလေ့ရှိပြီး ရာသီဥတုရဲ့ ပျက်ပြားခြင်းမျိုးခေါ်မလား။
ဒီအခန်းကြီးထဲကနေ အပြင်မထွက်ဖြစ်တဲ့ မွန်းအတွက်တော့ ခြံ၀င်းထဲကိုမြင်ရသည့် မှန်ပြတင်းပေါက်ကလေးကသာ သူမရဲ့အဖော်
ခြံဝင်းလယ်က မယ်ဇယ်ပင်ကြီးအောက်တွင်ရှိသည့် ယိုင်နဲ့နဲ့သစ်သားခုံကလေးဟာ အထီးကျန်စရာ
အရိပ်ကောင်းတဲ့အပင်ကြီးတစ်ခုဖြစ်၍
မွန်းရင်ထဲမှာကြည့်ရုံဖြင့်အေးချမ်းသွား၏။
"အဲ့ဒီ သစ်သားထိုင်ခုံလေးသာ အဖြူရောင်ဆေးလေးသုတ်ထားရင် ဘယ်လောက်ကြည့်ကောင်းလိုက်မလဲ"
ဘာမှလုပ်စရာမရှိတဲ့သူမက ခြံ၀န်းထဲကိုပဲ ကြည့်ကာ တစ်ခုချင်းဝေဖန်နေမိသည် ။
အနည်းငယ်ဆွေးရိပ်သမ်းနေသော ထိုခုံလေးက မွန်းရဲ့စိတ်ထဲမှာ တကယ်ပဲ အထီးကျန်ဖို့ကောင်းသည် ။
"မွန်းလိုပဲ မွန်းလည်း ဒီအခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်တယ် "
သူမရှိတုန်း အဲ့ဒီခုံကလေးဆီသွားရန်စိတ်ကူးပေါ်လာတာနဲ့ သူမဟာ ဒူးဖုံးဂါ၀န်လေးဖြင့် လှေကားကိုမြူးထူးစွာ ပြေးဆင်းလာသည်။
"မမလေး ဘာတွေပြုံးနေတာလဲ"
သက်သက် က တံမြက်စည်းလှည်းရင်းမေးလိုက်သည်။
"ဟင် မွန်း ခြံထဲသွားမလို့"
"ရှင်!"
သက်သက်ကြည့်ရတာ မသက်မသာဖြစ်သွားပုံရပြီး တစ်ယောက်ယောက်ကိုအကူအညီတောင်းချင်သောအကြည့်မျိုးနဲ့ဒေါ်မေတင်ကိုလှမ်းကြည့်သည်။
"ဘာဖြစ်လို့လဲ သက်သက်ရဲ့"
"ဟင် "
မွန်းလည်း အိမ်ကြီးရဲ့ တံခါးရှိရာသို့ လျောက်သွားသည့်အခါ အပေါက်၀က လူ၂ယောက်
မွန်းရှေ့ကပိတ်ရပ်သည် ။
"ဟင် ဘာလုပ်တာလဲ "
"အပြင်ထွက်ခွင့်မရှိပါဘူး မမလေး"
သက်သက်လည်း နောက်မှ လာရပ်၍
"သခင်လေးက မမလေး ကိုလုံး၀အပြင်မထွက်ဖို့မှာသွားပါတယ် "
မွန်း ရှေ့သို့ဆက်တိုးပြီး
"မွန်းက ခြံထဲတင်ပါ ဟ်ို ဟို အပင်ကြီးအောက်ခဏ ဆီသွားချင်လို့"
ရှေ့က လူ၂ယောက်က ပိုလို့ရှေ့သို့တိုး၍ ပိတ်ရပ်ပြီး
"အထဲပြန်၀င်လိုက်ပါ "
"တကယ်ပါ မွန်း အဲ့ဒီအပင်အောက် ကိုပဲသွားပါပါ မယုံရင် ရှင်တို့လည်းလိုက်ခဲ့လို့ရပါတယ် "
"အထဲကိုပဲပြန်၀င်ပါ သခင်လေး သိရင် ဒီတိုင်းထားမှာမဟုတ်ဘူး"
"ဟုတ်ပါတယ်မမလေးရယ် လာပါနော်သက်သက်လည်းကြောက်တယ် ပြီးရင် မမလေးကိုပဲ နှိပ်စက်ခံရမှာ"
မွန်းမျက်လုံးလေးဝိုင်းကနဲဖြစ်သွားကာ
ကားသံကြားသည်နှင့် မွန်းလည်း နောက်ပြန်လှည့်ပြီး အထဲပြန်၀င်သွားသည်။
မဟုတ်ရင် သူနဲ့စကားများရဦးမည်မဟုတ်လား။
အာဏာရူးသူက မွန်းကိုနှိပ်စက်ပြီး နေပူထဲပစ်ထားရင်ထားပါလိမ့်ဦးမည်။
အတ္တသည် ကားထဲကနေ ထွက်လာလျှင်
စီးကရက်တိုကို ဘေးသို့ပစ်ချလိုက်ပြီး စောနကမြင်လိုက်ရသည့် သူမရဲ့အရိပ်အယောင်ကြောင့်
"ဘာဖြစ်နေတာလဲ"
တံခါးနားကသက်သက်ကိုမေးလျှင်
မအော်ရသေးဘူး တုန်နေသည့်သက်သက်ကိုစိတ်မရှည်တာနဲ့အိမ်ပေါ်တက်သွားသည့် သူမနောက်သို့သာ ခပ်သွက်သွက် လိုက်သွားသည်။
"ဟေ့ ဟိတ် "
အတ္တကနောက်ကနေလိုက်ခေါ်ရင်း
" မွန်း "
စိတ်ကောင်း၀င်နေရင် နာမည်ကိုတောင်ညင်သာစွာခေါ်တယ် မွန်း တဲ့။
"မွန်း ကိုယ်ခေါ်နေတယ်လေ"
လက်မောင်းကနေကိုင်ပြီး ဆွဲလှည့်လိုက်လျှင်
ဆံပင်တွေနဲ့အုပ်နေသည့် မျက်နှာတစ်ခု။
အတ္တက မျက်မှောင်ကုတ်ကာ ဆံပင်တွေကိုသပ်တင်ပေးရင်း မျက်နှာလေးကိုစိုက်ကြည့်တော့ မျက်ရည်တွေနဲ့။
"ဟင်.....ငိုနေတာလား"
"ဟွန့် ဟင့် အဟင့်"
သူ့ အသံကြားတာနဲ့ ပိုပြီးငိုချင်စိတ်ကထိန်းလို့မရတော့ပဲ တကယ်ငိုချလိုက်မိတော့သည်။
"ဘာဖြစ်တာလဲ ကိုယ့်ကိုပြော "
"ဟီး... အဟင့် အီး... ဟွန့် ဟွန့် "
"ဟာကွာ ကိုယ်စိတ်မရှည်တတ်ဘူးနော် "
အတ္တက မျက်နှာအနည်းငယ်တင်းသွား၍
မေးဖျားလေးမှဆွဲမော့လျှင်ခေါင်းရမ်းကာပြန်ရုန်းရင်း
"ရှင် ကျွန်မကို အကျဉ်းသား တစ်ယောက်လိုဘာလို့ပိတ်လှောင်ထားရတာလဲ"
လက်မောင်းတွေကိုကိုင်ထားသည့်သူ့လက်တွေကိုဆွဲဖြုတ်ကာ တငိုငိုတရီရီနဲ့ သူ့ရင်ဘက်ကိုလည်းတွန်းပစ်လိုက်သည်။
"အချိန်ကျရင် ပြောပြမှာပါ "
အရင်ကတော့မုန်းတဲ့စိတ်ခုတည်းကြောင့် အခုပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့်ပေါ့။
"ကျွန်မက ရှင့်အတွက်ဘာလဲ "
"ကိုယ်လည်းသေချာမသိဘူး သေချာတာကတော့ မင်းကကိုယ့်အတွက် တစ်နေနေရာမှာနေရာယူနေပြီ"
သူတကယ် မွန်းကိုချုပ်ကိုင်နိုင်တယ်။
စကားတွေနဲ့ အထိအတွေ့နူးညံ့မှု
ဒါတွေနဲ့မွန်းကိုရင်ခုန်အောင်ပြုစားနိုင်တယ်။
"ဘာလို့ငိုနေတာလဲ"
"ကျွန်မကိုဘာလို့ ချုပ်နှောင်ထားတာလဲလို့ ဒီခြံထဲကိုတောင်ထွက်ခွင့်မရှိဘူးလား "
အတ္တ က သူမကို ၀ရန်တာအထိ ဆွဲခေါ်ကာ
"ဘာဖြစ်လို့ ထွက်ချင်ရတာလဲ မင်းဘာလိုချင်လို့လဲ"
မွန်း မယ်ဇယ်ပင်ကြီးကိုလက်ညှိုးထိုးပြပြီး
"အဲ့ဒီ သစ်ပင်ကြီးဆီသွားမလို့ "
အတ္တ နှုတ်ခမ်းတွေယောင်ယောင်လေးကွေးသွားပြီး
"ဘာအတွက်လဲ "
"အဲ့ဒီအောက်ကခုံလေးကို ကြည့်ရတာ အထီးကျန်သလိုပဲ ရှင်ဘာလို့မပြုမပြင်ပဲထားတာလဲ"
"အဲ့တာတွေအတွက်ကိုယ့်မှာ အချိန်မရှိဘူး "
မွန်းရဲ့ ပါးပေါ်ကမျက်ရည်တွေကိုသုတ်ပေးပြီး
"နောက်တစ်ခါအပြင်ထွက်ဖို့မကြိုးစားပါနဲ့ "
"ရှင် ဘာဖြစ်လို့ ကျွန်မအပေါ်ကို ကြမ်းလိုက်နုလိုက်လုပ်ပြနေတာလဲ "
"မင်းက ကိုယ့်ကိုစိတ်တိုအောင်လုပ်တာကိုး ပြီးတော့ ......"
မင်းကိုမုန်းခဲ့တဲ့စိတ်ကြောင့်
"ဘာလဲ ကျွန်မကိုမုန်းလို့လား "
အတ္တ မတုန့်မဆိုင်းပဲ
"အင်း မင်းကိုမုန်းခဲ့တယ် "
"အခုရော"
အတ္တက မဖြေပဲ မွန်းပြခဲ့တဲ့သစ်ပင်ကြီးကိုငေးနေမိသည်။
ကိုယ့်မှာအဖြေမရှိဘူး။
မွန်းက သူ့ကို မော့ကြည့်ကာ
"ကျွန်မကတော့ ရှင့်ကိုအမြဲတမ်းမုန်းနေမှာ"
"မုန်းပါ မင်းကိုချစ်ဖို့မတောင်းဆိုဘူး "
ကိုယ်တိုင်လည်း မင်းအပေါ်ကခံစားချက်ကို မရေရာမသေချာသေးဘူး။
"ကျွန်မ ကတော့ ရှင်ကျွန်မကိုရင်ခုန်တယ်ဆိုတာအမှန်ဖြစ်ပါစေ ကျွန်မကို ချစ်လာပါစေလို့ဆုတောင်းတယ် အဲ့တာ ကျွန်မအပေါ်မှာ ရှင့်ရဲ့တစ်ခုတည်းသောကျရှုံးခြင်းမို့ ကျွန်မအတွက် ရှင့်အချစ်ကပန်းတိုင်ပဲလေ"
သူမကအောင်နိုင်သူတစ်ယောက်လိုမျက်နှာမျိုးနဲ့ပြောနေတော့ အတ္တက မျက်မှောင်ကုတ်ကျသွားပြီး
"လောလောဆယ် မင်းဘက်ကရှုံးနေမယ်ဆိုရင်ရော"
အတ္တသည် သူမ၏မျက်၀န်းစိမ်းတွေရဲ့ညှို့ငင်မှုကို ခပ်စူးစူးပြန်ကြည့်လျှင်
ရင်ကိုလှိုင်းထန်စေတာ သူ့အတွက်ရောလား ။
Advertisement
ရှင့်အပေါ်မှာရှုံးပြီးသားမို့ ထပ်အနိုင်မယူသင့်ပါ ။
ဒီကိုလှုပ်ခပ်လာအောင် လုပ်နိုင်တာရှင်ပါ ။
မွန်းလည်း မျက်ရည်လဲ့လာသဖြင့် အကြည့်တို့ရှောင်လွှဲလိုက်ရင်း
"ဖယ်ပါ ကျွန်မ သွားတော့မယ် "
သူ့ပုခုံးကိုတိုက်ဖယ်ထွက်သွားတဲ့အခါ
အတ္တက သူမရဲ့ ကျောပြင်ကိုလှည့်ကြည့်ပြီး ၀ရန်တာသို့ပြန်လှည့်ကာဘယ်ဘက်ရင်အုံကိုလက်ဖြင့်ဖိရင်း
သူမရှေ့မို့သာ တော်တော်တင်းထားရတာ ဒီရင်ထဲမှာ ဗုံးခွဲသလိုပဲဆိုတာ သူမမသိဘူး။
============================
သူမအပေါ်မှာ အတတ်နိုင်ဆုံးတော့နူးညံ့စွာနဲ့ နွေးထွေးအောင်ဆက်ဆံပေးမယ်။
တစ်ခုပဲ ကိုယ့်ရင်ခွင်ထဲကနေထွက်သွားမယ်ဆိုရင်တော့ မင်း သို့မဟုတ် ကိုယ် ကွယ်ပျောက်သွားရမယ်။
"မွန်း"
အတ္တ မိုးလင်းလျှင် လင်းချင်း သူမ အခန်းသို့ကူးလာခဲ့၏။
အိပ်နေဆဲသူမကစောင်မခြုံပဲကွေးကွေးလေး
ဆံပင်နီနီလေးတွေကို မျက်နှာပေါ်ကနေ သပ်ဖယ်ပေးရင်း သူမအနောက်မှ ၀င်လှဲလိုက်ပြီး ရင်ခွင်ထဲသို့ဆွဲထည့်လိုက်လျှင် မွန်းရင်ထဲမှာနွေးကနဲဖြစ်သွားလေသည်။
သို့သော် သူမှန်းသိလိုက်သည်နှင့်
နွေးထွေးအစားအေးစက်ခြင်းတို့ရောက်ရှိ ခဲ့ပြီ။
"ရှင် ဘာလုပ်တာလဲ"
မွန်း ခါးပေါ်ကသူ့လက်တွေကိုဖယ်ပစ်ရင်း ရင်ခွင်ထဲမှာလွှတ်ရုန်းလျှင်
"ကျစ် မင်းငြိမ်ငြိမ်နေကွာ ငါကညင်သာနေရင် မင်းက စိတ်ကိုလာလာစွတယ် "
"ဟင့်အင်း ဒါလား ရှင်..."
သူ့ကိုလှည့်ကြည့်ရင်းရန်တွေ့နေသည့် သူမရဲ့ နှုတ်ခမ်းလေးမှာနွေးကနဲ ဖြစ်သွားရသည်။
"ဘာလုပ်တာလဲ"
မွန်းကမဆိုင်းမတွပြန်မေးလိုက်တော့
"မင်းမနမ်းတတ်ဘူးလား "
သူဟာ မွန်းကိုအထင်သေးသောအကြည့်မျိုးနဲ့မေးနေသည်။
"ဘာပြောတယ်ရှင့်! "
မွန်းက သမင်လည်ပြန်လှည့်ကြည့်ရာမှ
ကုန်းထလိုက်သည့်အခါ
သူက ပတ်လက်အနေအထားမှ လက်တစ်ဖက်ကိုခေါင်းခုရင်း
"မနမ်းတတ်ဘူးလားလို့"
မေးခွန်းကို၂ခါပြန်မေးရတာမကြိုက်တဲ့သူက သူမအတွက် နူးညံ့တဲ့မေးခွန်းတွေကို ကြည်နူးစွာမေးနေမိသည်။
"ဒါက ရှင်ကျွန်မကိုအထင်သေးတာပဲ နမ်းတတ်လို့ ရှင်လာလာနမ်းနေတာမဟုတ်ဘူးလား"
ရှက်လည်းရှက်သွားကာ မျက်နှာကို သူနဲ့အဝေးဆုံးသို့လွှဲထားသည်။
ဘာတွေလာမေးနေလည်းမသိဘူး။
နှာဘူးထတယ်လို့ပြောရင် မွန်းကလွန်တယ်ဖြစ်ဦးမယ်။
"ဟက် အဲ့တာနမ်းတယ်မခေါ်ဘူး "
ဆိုပြီး မွန်းကို သူ့ရင်ဘက်ပေါ်ဆွဲချလိုက်သည်။
ပြူးတူးပြဲတဲနဲ့ သူ့ရင်ပေါ်မှာလက်ထောက်ကျသွားသည့်အခါ နီးကပ်လွန်းသည့်အနေအထားမှ လည်ပင်းသို့သူ့လက်တစ်ဖက်ကရောက်လာပြီး မွန်းရဲ့ နှုတ်ခမ်းနားသို့ကပ်ကာ
"ကိုယ် သင်ပေးရမလား"
မွန်းရဲ့နှုတ်ခမ်းသို့အနမ်းမဟုတ်တဲ့ထိကပ်ခြင်းတစ်ခု ကစက္ကန့်ပိုင်းလောက်တည်မြဲနေစေရာ မွန်းဟာ သူ့ သူ့အပေါ်ကနေပြန်ထ၍
"ရှင်ဘာတွေဖြစ်နေတာလဲ ဖယ်စမ်းပါ မနက်စောစောစီးစီး "
မွန်းက ကုတင်ပေါ်ကနေဆင်းသွားပြီး အခန်းထဲကထွက်ရန်အပြုမှာ မှန်ပြတင်းသို့လှမ်းမြင်လိုက်ရသည့်ထူးခြားတဲ့မြင်ကွင်းတစ်ခုကြောင့်
ထိုပြတင်းပေါက်ပါ ဖွင့်ကြည့်လိုက်လျှင်
သူမပြောတဲ့ မယ်ဇယ်ပင်ကြီး၏အောက်မှ ခုံအကျိုးလေးသည် လူနှစ်ယောက်စာထိုင်လို့ရမည့် အဖြူရောင်ခုံအသစ်ကလေးဖြစ်နေသည်။
"ဟင်!'
မွန်းအိပ်ယာပေါ်ကနေအခုထိထမလာတဲ့သူ့ကို
ရင်ထဲကလာတဲ့အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်တဲ့အခါ
"မင်းပြုံးရင် သိပ်လှတယ် မွန်း"
မွန်းကနှုတ်ခမ်းကလေးတွေကော့ညွတ်သွားသည်အထိပြုံးပြမိရင်း
"လက်ဆောင်ပါ ကျွန်မဖြစ်ချင်တာကို ပထမဆုံး ဖြည့်ဆည်းပေးတဲ့အနေနဲ့ ကျွန်မရဲ့ အပြုံးကိုလက်ဆောင်ပေးတယ် "
"ဟက်"
ဒီကတော့ ရင်ထဲကစကားတွေပြောနေတာ သူကလှောင်သလိုရယ်တယ် အဲ့ဒီရယ်သံကိုသိပ်မုန်းတာ။
"အဲ့ဒီထက်ပိုပေးသင့်တာ ဥပမာ အနမ်း"
အတ္တက ကုတင်ပေါ်ကနေထမလာဘဲ ရိသဲ့သဲ့နဲ့လှမ်းပြောလိုက်တဲ့အခါ
"ပြန်ရုတ်သိမ်းတယ် ကျွန်မပေးတဲ့အပြုံးကိုပြန်ရုတ်သိမ်းတယ်"
ဆိုပြီး အခန်းထဲကထွက်သွားသည်။
==============
တစ်နေ့လည်လုံးသူ့ကိုထပ်မတွေ့ တော့ဘဲ
သက်သက်ကိုမေးကြည့်တော့အပြင်ထွက်သွားတယ်ပဲပြောသည်။
မရှိတော့လည်း နားအေးတာပေါ့ ဟုသူ့အကြောင်းတွေးနေရင်း ကိုယ့်ဆံပင်ကိုယ်ပြန်ကိုင်ကြည့်ပြီး
"ငါဒီနေ့ ခေါင်းလျော်ရမယ် "
တစ်ယောက်တည်းအားနေတာနဲ့ ဝတ်ထားသောဂါဝန်ကလေးကိုချွတ်ပြီး တံဘက်လေး ရေလျားကာ ရေချိုးခန်းထဲ၀င်သွားသည်။
ခေါင်းငုံ့ထားပြီး ဆံပင်ရှည်တွေကို ရေဗန်းအောက်မှာချလိုက်ကာ ရေဖွင့်ချလိုက်လျှင် ရေကခါတိုင်းလောက်အများကြီးမကျပဲတစ်ဝက်လောက်ပဲကျသည်။
တစ်ခေါင်းလုံးရေစိုသွားမှ Shampoo တွေညှစ်ချကာ တစ်ခေါင်းလုံးအမြှုပ်ထအောင်ပွတ်ကုတ်လိုက်ရင်း ရေဗန်းခလုပ်ကိုထပ်လှည့်လိုက်ရာ ခေါင်းပေါ်သို့ ရေသည်သုံးပုံတစ်ပုံလောက်သာရောက်လာပြီးထပ်ပြီးမကျလာတော့ပေ။
"ဟင် "
မွန်းလည်း တစ်ဖက်က ရေအေးခလုပ်ကိုဖွင့်ပြန်တော့လည်းရေမလာပြန်။
"ဘာဖြစ်တာလဲ ခေါင်းလျှောက်နေပါတယ်ဆို"
ဆပ်ပြာတန်းလန်းနဲ့မွန်းမှာ လူတစ်ဝက်လည်းရေစိုနေကာအခက်တွေ့နေသည်။
" စိတ်ညစ်ပါတယ် ရေတောင်အကန့်အသတ်နဲ့ပေးနေလားမသိဘူး"
ရုတ်တရက်သတိရသွားတာက သူအပြင်သွားတာပဲ။
"သူ့အခန်းထဲသွားရင်ရော?"
ဒါပေမဲ့လည်း လူကတွန့်ဆုတ်နေသေးသည်။
"ငါရေချိုးတာ ခဏတင်ပဲ"
နောက်ဆုံးတော့လည်း ဆပ်ပြာရည်တွေက ကျောပေါ်အထိစီးကျနေပြီမို့ အနီးဆုံးဖြစ်တဲ့သူ့အခန်းထဲသို့ပြေးလိုက်ရတော့သည်။
သူ့အခန်းထဲကကြမ်းပြင်နဲ့ကော်ဇောပေါ်မှာ ရေစက်လက်နှင့်မွန်းရဲ့ခြေရာတွေမထင်စေရန် ခြေဖျားကလေးထောက်၍အမြန်ဆုံး ရေချိုးခန်းတံခါးလို့ထင်တဲ့အခန်းကိုခန့်မှန်းပြီးဖွင့်၍ဝင်လာလိုက်သည်။
"ဝိုး!"
ဝင်လာလျှင်လာချင်း ကြွေဇလုံကြီးရော ရေဗန်းတွေရောစုံနေကာ ဟိုတယ်ကရေချိုးများလားတောင်ထင်မှတ်နေရသည်။
မွန်းမှာ Bath tub နဲ့ရေချိုးချင်ပေမဲ့ အေးဆေးမချိုးနိုင်သည့်အတွက် ရေဗန်းကိုသာအသုံးပြုပြီး ခေါင်းကဆပ်ပြာတွေမြန်မြန်ဆေးကာ မြန်မြန်ရေချိုးလိုက်ရသည်။
ဆံပင်ရေစိုတွေကိုလိမ်ပြီးခေါင်းပေါ်ခေါက်တင်လိုက်၍ စောနက ဖြေချပြီး Bath tub အပေါ်တင်ထားတဲ့ တံဘက်လေးရေလျား၍ပြန်ထွက်လာခဲ့သည်။
အခုမှစိတ်ထဲပေါ့သွားကာ ရေချိုးခန်းထဲကထွက်လာလျှင်လာချင်း ဟိုတစ်ခါခိုးဝင်ခဲ့တုန်းက ဖွင့်လိုက်သည့်တံခါးကြီးသို့မျက်စိကရောက်သွား၏။
အဲ့ဒီတုန်းက အထဲကဘာတွေလဲဆိုတာမကြည့်လိုက်ရဘဲ သူနဲ့မိသွားလို့အနမ်းခံလိုက်ရတာမဟုတ်လား
စပ်စုချင်တဲ့စိတ်က ဘာနဲ့မှအစားထိုး၍မရဘဲ
ခြေလှမ်းတွေကအလိုလို ထိုပန်းချီကားတစ်ချပ်တံခါးကြီးဘက်ရောက်သွားပြီး
ခလုပ်ဆွဲလိုက်သည့်အခါ အသံမြည်အောင်ပွင့်တဲ့တံခါးကိုအရင်လိုမလန့်တော့ဘဲ
မွန်းက အထဲ၀င်သွားလျှင်
"ဝိုး"
သူ့အ၀တ်အစားတွေထားတဲ့အခန်းတစ်ခုဖြစ်နေကာ တခမ်းတနားကြီးဖြစ်နေသည်။
အရောင်စုံလှသည့် ကုပ်အင်္ကျီတွေကသပ်သပ်
အခြားဂျာကင်အင်္ကျီတွေ ရှပ်အင်္ကျီတွေကသပ်သပ် ဖိနပ်တွေ ဘောင်းဘီတွေ နာရီတွေ။
"ဆိုင်တော့ဖွင့်မစားဘူး"
သူ့အဝတ်အစားတွေကိုလိုက်ငေးနေတုန်း
ရွှီး....
"ဟင် "
မွန်းက နောက်လှည့်ကြည့်တော့ အခန်းတံခါးကပိတ်သွားပြီဖြစ်သည်။
"ဟင် ဘာလို့ပိတ်တာလဲ"
မွန်းသည် အမြန်ပြေးလာ၍ တံခါးကြီးကို ပြန်တွန်းလျှင်မပွင့် ဆွဲလည်းမပွင့် လျောတံခါးကြီးကို ဘယ်ညာဆွဲဖွင့်ပေမဲ့ သူမလက်သာနီရဲလာသည် ပွင့်မလာခဲ့ပါ။
"အဟင့် ဘယ်လိုလုပ်ရမှာလဲ သူပြန်လာရင်တော့ ဒုက္ခပါပဲ"
မွန်းလည်းနောက်ပြန်ဆုတ်၍ အကြံမျိုးစုံထုတ်နေရသည်။
နာရီဝက်လောက်ကြာလာတော့ Air con ဖွင့်ထားတဲ့ထိုအခန်းသည်လေဝင်ပေါက်လည်းမရှိသဖြင့် လူကရေချိုးပြီးချက်ချင်းအဝတ်လည်းမဝတ်ရသေးကာ ချမ်းလာပြီး ထိုတံခါးကြီးရှေ့မှာ ဒူးလေးတုပ်ကာထိုင်နေလိုက်ရသည်။
"အေးလိုက်တာ ဒီထဲက ဘာလို့အဲ့လောက်အေးနေတာလဲ"
Advertisement
မွန်းက လက်ပိုက်ထိုင်နေရင်းမှ အရမ်းချမ်းလာသည့်အခါ
"အဟင့် အဟင့် ဟင့် သူလာရင် မှ တံခါးပွင့်မှာလား "
သူဟာ ဘယ်သွားတာမှန်းလည်းမသိသလို ဘယ်မချိန်မှပြန်လာမယ်ဆိုတာလည်းမသိပါ။
ဒီထဲမှာ မွန်းဘယ်လောက်ကြာအောင်ပိတ်မိနေဦးမှာလဲ။
နာရီပိုင်းလောက်ကြာလာတော့ မွန်းမှာမေးခိုက်နေရပြီ။
အစကတော့သူ့အင်္ကျီတွေကိုထိဖို့စိတ်ကူးမရှိပေမဲ့ မတက်နိုင်တော့ဘူး အခုတော့ ချိတ်ထားတဲ့ သူ့ရဲ့ရှပ်အင်္ကျီများထဲကမှီတဲ့တစ်ထည် လှမ်းဆွဲဖြုတ်လိုက်ပြီး လျှိုဝတ်ထားလိုက်ရသည်။
ကျွီ...
သူ သူပြန်လာပြီလား။
မတက်နိုင်ဘူး သူ့အခန်းထဲ၀င်လို့ပြောချင်လည်းပြောစေတော့ ဒီထဲမှာ သေတော့မယ့်အဖြစ်ကိုတော့မလိုချင်ပါ။
အအေးဒဏ်ကိုလည်းမခံနိုင်တော့ဘဲ
မွန်းဟာ တံခါးကိုလက်သီးဖြင့်ထုလိုက်သည်။
ဘုတ် ဘုတ်...
လက်တွေကလည်းထုံနေတာမို့ ထုတာကအားမဘဲ အသံကအပြင်ကကြားရလောက်တဲ့အထိမကျယ်ပေ။
အတ္တသည် သူမနက်ကဝတ်သွားတဲ့သားရေဂျာကင်ကိုချွတ်ကာ အိပ်ယာပေါ်သို့ပစ်တင်လိုက်ပြီး အနက်ရောင်ရှင်အင်္ကျီကို ရင်ဘက်ကကြယ်သီး၃လုံးလောက်ဖြုတ်လိုက်ရင်း နှာခေါင်းထဲမှာ သူသုံးတဲ့ Shampooနံ့မဟုတ်ဘဲ သူမရဲ့ Shampoo နံ့ကိုရလိုက်ပြီးရေချိုးတံခါးဖွင့်ထားသည်မို့ စိတ်ထဲမှာမသင်္ကာဖြစ်နေရသည်။
ထို့နောက် သူ၏အိပ်ယာခေါင်းရင်း ပန်းချီကားတံခါးနားမှာတွေ့လိုက်ရတဲ့ shampooဘူးကြောင့်
"အဲ့ဒီအခန်းထဲ၀င်ပြန်ပြီလား အဲ့သလောက်ဘာတွေစိတ်၀င်စားနေတာလဲ"
အတ္တက အပြင်ကနေခလုပ်ဆွဲလျှင် ပွင့်သွားသည့်တံခါးကြောင့် သူမက၀မ်းသာအားရ မျက်ရည်ပင်ဝဲလျှက် အတ္တကိုမော့ကြည့်နေသည်။
"ကျစ်!"
အတ္တက ပြန်မထနိုင်သည့်သူမကို ဆွဲထူပြီး အပြင်ခေါ်ထုတ်လာခဲ့သည်။
"ဘာလို့အဲ့ဒီထဲ၀င်ရပြန်တာလဲ"
စကားပြန်ပြောဖို့အားယူနေရင်း
စိတ်ဆိုးမယ်ထင်ထားခဲ့တာ စိတ်မဆိုးတဲ့အပြင်
မွန်းကိုတောင်ယုယပြနေသေးသည်။
မွန်းရဲ့တံဘက်ရင်လျားထားသည့်အပေါ်ကလျှိုထားသည့် ဖရိုဖရဲဖြစ်နေသော သူ့ရဲ့ရှပ်အင်္ကျီခပ်ကြီးကြီးကို သူဟာကျကျနနပြန်၀တ်ပေးပြီး
"အရမ်းချမ်းနေတာလား"
မွန်းကခေါင်းလေးတဆက်ဆက်ညိတ်ပြလိုက်သည့်အခါ
"မင်းပါးစပ်ဟလိုက်"
မဆိုင်တဲ့စကားတစ်ခွန်းကိုအမိန့်ဆန်ဆန့်ပြောလာတဲ့သူက မွန်းရဲ့မေးလေးအားဖိဆွဲ၍
ဟသွားသည့် အအေးဒဏ်ကြောင့် ဖြူဖက်ဖက်နှုတ်ခမ်း၂လွှာမှ အောက်နှုတ်ခမ်းကလေးကိုအရင်စုပ်ယူလိုက်သည်။
သူမရဲ့ဂုတ်နှင့်လည်ပင်းကိုသေချာထိန်းကိုင်ပြီးနောက် အပေါ်နှုတ်ခမ်းကိုတစ်ဖန်စုပ်ယူနေပြန်သည်။
အရှိန်ရလာတာနဲ့ တစ်ချက်တစ်ချက်သူ့ရဲ့လျှာက မွန်းရဲ့အောက်နှုတ်ခမ်းကလေးကိုထိတွေ့လာသည်။
သူသင်ပေးမယ်ဆိုတဲ့ နမ်းတယ်ဆိုတာဒါမျိုးလား။
မွန်းအတွက် သူ့ကိုတင်းကြပ်စွာဖက်ထားရုံမှအပတတ်နိုင်ခဲ့ဘဲရင်ခုန်စိတ်လှုပ်ရှားခြင်းများနဲ့ သူ့နှုတ်ခမ်းတွေကို အသာလေးစုပ်လိုက်ကာ ပြန်လည်တုန့်ပြန်နမ်းရှိုက်မိလိုက်သည်။
မွန်းဆီကတုန့်ပြန် စုပ်ယူစပြုလာသည့်အနမ်းတို့ကြောင့် အတ္တကျေနပ်သွားပြီး အတော်နဲ့အတောမသပ်နိုင်တဲ့အနမ်းများဖြစ်သွား၍ အပေးအယူတည့်စွာနမ်းရှိုက်ဖြစ်ခဲ့ကြပြီးနောက် သူမနှုတ်ခမ်းတစ်ခုလုံးလည်း ပူထူကျဥ်စပ်သွားခဲ့သည်။
အစကအရောင်မရှိသောနှုတ်ခမ်းတွေကနေ အခုစိုဖက်ရဲတက်သွားရ၏။
အတ္တက သူမရဲ့ပုခုံးတွေကိုကိုင်ယူပြီး
"အချမ်းပြေသွားပြီမဟုတ်လား"
ဟုမေးလိုက်တော့ မွန်းဘက်ကဘာပြန်ဖြေရမှန်းမသိဖြစ်နေသည်။
"ဟင်"
"မင်းအရမ်းချမ်းနေလို့သွေးပူသွားအောင် နမ်းပေးလိုက်တာ "
မွန်းမှာ ဘာမှမပြောနိုင်ဘဲ သူ့ကိုမောဟိုက်စွာငေးနေမိရာ
"ဘယ်လိုလဲ ခံစားလို့ကောင်းတယ်မဟုတ်လား မင်းကိုယ့်ကိုပြန်နမ်းတယ်ဆိုတော့"
"သွားစမ်းပါ ရှင်အခွင့်အရေးယူတာ"
"မင်းပြန်နမ်းတယ်လေ"
"ရှင်နှာဘူးကျတာလေ နှာဘူးကောင်!"
"ဘယ်လိုကြီးခေါ်လိုက်တာလဲ ကိုယ်တောင် မင်းကို မွန်း လို့ခေါ်တာကို"
သူက မွန်းကိုမျက်မှောင်ကုတ်ကြီးနဲ့မေးလာတော့
"ဘာလဲ ကျွန်မက ရှင့်ကို တရိုတသေနဲ့
ကိုအတ္တလွန် လို့ခေါ်ရမှာလား ဝေးသေးတယ်"
မျက်နှာထားနဲ့ ရွဲ့ပြီးပြောလိုက်တဲ့အခါ
"မဟုတ်ဘူး ရှေ့ဆုံးကတစ်လုံးပဲခေါ်"
မွန်းသူ့ကိုမျက်လုံးဝိုင်းကလေးနဲ့ ကြည့်ပြီး
"ကို?"
==============================
အမှးပါရင်ခွင့်လွှတ်ပါ
အပိုင်း(16)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(15)
မွန်းကို သူဖမ်းချုပ်ထားခဲ့သည်မှာ ဆောင်းအကုန်နွအေကူးသို့ပင်ကူးပြောင်းလာခဲ့သည်။
"ရှင်!"
"ဟင် "
"ဟင် ဘာလုပ်တာလဲ "
"မွန်းက ခြံထဲတင်ပါ ဟျို ဟို အပင်ကြီးအောက်ခဏ ဆီသွားချင်လို့"
"အထဲပြန်ဝင်လိုက်ပါ "
"ဘာဖြစ်နေတာလဲ"
"ဟေ့ ဟိတ် "
" မွန်း "
"ဟင်.....ငိုနေတာလား"
"ဟွန့် ဟင့် အဟင့်"
"ဘာလို့ငိုနေတာလဲ"
အတ္တ က သူမကို ၀ရနျတာအထိ ဆွဲခေါ်ကာ
"ဘာအတွက်လဲ "
အတ္တ မတုန့်မဆိုင်းပဲ
"အခုရော"
Advertisement
- In Serial405 Chapters
Ending Maker
Two heroes of the game Legend of Heroes 2 that were rotten water*. Kang Jin-ho in the first place and Hong Yoo Hee in the second place. One day, I opened my eyes and reincarnated as a character in the game… “Hey…you too?” “Hey…me too!” The ending of Legend of Heroes 2 is the destruction of the human world. But if there’s two of us and we’re not alone. If it is also the #1 and #2 in the server rankings. The path of rotten water begins for a perfect happy ending! (*Rotten water is Korean slang for someone who has played a certain game for a long time and mastered everything. Think of them as oldbies, veterans, or game pros.)
8 90 - In Serial200 Chapters
The Boy with the Beautiful Name
Only Sara called him, 'the boy with the beautiful name.' He was her secret obsession. In fact, he was every high school girl's secret obsession, along with several of the teachers! He had shown up out of the blue in the middle of junior year. He was tall. His arms and shoulders were tan from an exotic getaway. His eyes and hair were that milky, chocolate brown that melts your heart. And he was beyond gorgeous. Alas, he was also beyond reach to almost every lovestruck girl around him. It was whispered he rubbed elbows with royalty. His father was some big shot billionaire who was almost as mysterious as his son. What was a family like that doing in a tiny, practically nameless town in Connecticut? Try as she might, Sara could not help herself from staring at this boy wonder. It hurt when he ignored her. She was, to him, just another face in the crowd. But being near him seemed to strengthen her in a way she could not explain. Then, one morning in October, the boy with the beautiful name climbed out of his sports car and looked right at her. And he didn't look away.
8 645 - In Serial63 Chapters
All I ever wanted
"I know we broke up, but.., " he whispers in my ear, trailing his finger lightly along my arm. He places a soft kiss on my collarbone, making a shiver course through me. He tilts his head so he's staring straight into my eyes. His pupils dilate as he gazes at my face, stroking my cheeks slightly with his thumb. "I just can't seem to give you up." And with that, he crashes his lips onto mine. ~~~Dove Kelch loses all hope in relationships when her first love cheated on her with her best friend and disappeared. Two years later, Dove plans to go through the senior year unscathed, but everything changes when her ex returns to town in the grandest way ever. The arrival of a new exchange student who falls for Dove only makes things worse. Now Dove is stuck between her cold-hearted first love and the new guy who treats her like a queen. As feelings unravel and secrets unveil, Dove gets to learn that the devil you know is better than the angel you don't know. How quick can love change to obsession? Throw in the funniest classmates, late-night drives, crazy parties, and get ready for this roller coaster of drama.Warning: contains mature scenes.
8 292 - In Serial49 Chapters
Anfal's Ibtihaj ✔
" I do!!"She said in shaky tone.It was still unbelievable for her that her dad made her deal with a Mafia king just for some pennys. She could see the smirk of her ownership in his eyes and a golden cage in which she will have to spend her rest of life._______________"Let's see how will you wear all these shameless clothes in my house!!"He said throwing glowing match stick on a pile of clothes in front of him.She was looking at him with wide eyes."Hey..Stop!!!"She tried to stop him but he yanked her away making her fall on ground."Remember that I am not your fucking Hassan who will bear all your these shitty tantrums!! This is my house and here follows the rules I, Ibtihaj Ibrahim Usmani makes!!!"He said clenching her jaw.______________She was an innocent soul.He kills mercilessly.She was an independent bird. He used to cage birds.He hates her dressing.She hates everything about him.Both were loathing each other's existence not knowing that Allah has bounded them the day they were born till the day of judgement.A story of a girl who never gave a damn about religion. Fashion was her life but there came a point in her life when she wanted to change but the thought disturbed her was that will Allah forgive her?? A story of a man who never thought about a single girl. His work, his gang, his people were all he cared about.They say love can change anyone and anything!!let's see how love changes shameless dressing of Anfal and beasty nature of Ibtihaj.Let's see how they become from "Anfal" and "Ibtihaj" to "Anfal's Ibtihaj".Will Anfal's quest of making Ibtihaj "Anfal's Ibtihaj" be completed??An enthralling and heart quenching tail of a Mafia man and a normal girl.If you are depressed and thinks that you are worthless and you are big sinner that Allah will never love you ever and forgive you... then!! My beautiful and precious gem!! this story is for you!!❤Alteast give it a try!! 😊~Thank you
8 121 - In Serial173 Chapters
BL | Not Human Every Time [Quick Wear]
⚠MACHINE TRANSLATIONTitleNot Human Every Time [Quick Wear]/每次都不是人[快穿]AuthorShiseer/澀澀兒Status173 Chapters (Completed)https://m.shubaow.net/138/138273/.INTRODUCTIONWhen Ye Shan was on the verge of death, he was rescued by "people" and was given a fast crossing system.System: The soul of the host's life-saving "human" is scattered in various worlds. If you want to recall it, you must travel through various worlds. May I ask the host, do you still want to save it? whether.Ye Shan: Yes.System: The task of searching for the soul of the "human" is officially opened. Task prompt 1, because of the "human" attribute of the host's life-saving grace, every time the host crosses, it is not human. Task prompt 2, because of the special emotion of the host's life-saving "human" to the host, the host must rekindle its special emotion every time in order to bring back its soul.Ye Shan: What special emotion?System: It is special (chao) special (ji) feeling (chi) affection (han).Ye Shan: ...I regret it now, is it too late?One sentence introduction:Every time you cross, you are not a person, but you have to get the special (chao) special (ji) feeling (chi) affection (han) of the benefactor to complete the task... Come out of the system, let's talk about life!#On the difficulty of repaying kindness, it is difficult to go to the blue sky##On how to use your own charm (not) to complete the impossible task#Content tags: Modern overhead is strong and strong through time and spaceProtagonist: Ye Shan┃Others: Main Subject
8 165 - In Serial57 Chapters
The Millionaires Pursuit
Self-made millionaire Erik Silverstein seems to believe that he has everything he could ever want. As an entrepreneur, philanthropist and model, his days are tirelessly spent working like a well-oiled machine. Despite his gruelling work ethic, Erik never denies himself a good ol' time between the long list of women he has practically drooling at his feet. But just how exactly will Erik react when primary school teacher Rosaline Covault enters his fast-paced world and attempts to disarm his charming personality and killer looks with her unique private life and an age gap that is potentially greater than they both can ignore.
8 306

