《အတ္တလွန်အချစ် (OC) Completed》Part (17) Uni/Zawgyi
Advertisement
အတ္တလွန်အချစ်
အပိုင်း (17)
"မင်းသ ငါမင်းကိုစုံစမ်းခိုင်းထားတာ ဘယ်လိုလဲ"
ဂျော်နီဟာ သူ့ဘေးကမိန်းမလှလေးနှစ်ယောက်ထွက်သွားသည်နှင့် သူ၏ Bodyguard မင်းသကိုမေးလိုက်ပါသည်။
"ဟုတ်ကဲ့ Boss ကျွန်တော် စုံစမ်းရသလောက်တော့ အဲ့ဒီမိန်းကလေးနာမည်က မေမီမွန်းတဲ့
မင်းကိုလတ်ကုမ္ပဏီမှာအလုပ်လာလျှောက်ဖူးပြီး အခုအတ္တလွန်နဲ့အတူနေတယ်"
"ဒါပဲလား အတ္တလွန်နဲ့ဘယ်လိုပတ်သတ်လဲ အတ္တကဘာလို့သူ့ကိုခေါ်ထားတာလဲ"
"ဘယ်လိုပတ်သတ်နေလဲဆိုတာတော့သေချာမသိရသေးပါဘူး မိန်းကလေးက အပြင်မထွက်ရဘူးတဲ့ ဘယ်သူမှမသိကြဘူးဗျ အတ္တလွန်က ဘယ်သူ့ကိုမှအသိမခံဘဲဖွက်ထားတဲ့ပုံစံမျိုး"
ဂျော်နီသည် ဝီစကီခွက်ထဲကလက်ကျန်ကိုမော့လိုက်ပြီး
"ငါမေမီမွန်းကိုလိုချင်တယ် ငါ့အတွက်တင်မဟုတ်ပဲ အတ္တရဲ့ ချက်ကောင်းကိုလည်းထိနိုင်တဲ့မိန်းကလေးပဲ"
"Boss အဲ့ဒီမိန်းကလေးက ပါကင်မဟုတ်လောက်ဘူး သိရသလောက်တော့ အတ္တလွန်နဲ့အိပ်ပြီးသားဖြစ်မယ် "
ဂျော်နီ တဟား ဟားရယ်ပြီး
"မေမီမွန်း ဘာဖြစ်နေနေ ကိစ္စမရှိဘူး အဓိက ကသူ့ကိုအတ္တဆီကနေရဖို့ပဲ မင်းလုပ်စရာရှိတာသွားလုပ်တော့ ပြီးတော့ဆက်ပြီးစုံစမ်းထား"
" ဟုတ်ကဲ့ Boss"
မင်းသက ဂျော်နီရှေ့ကနေထွက်သွားသည်။
"ငါ့ဆီကနေတောင်စာချုပ်ပြန်ယူဖို့ချည်းကပ်ကြိုးစားခဲ့တဲ့မိန်းကလေးဆိုတော့ တော်တော်မလွယ်တာပဲ အတ္တ မင်းက နတ်သမီးလေးတွေရှာတတ်သားပဲ "
ဂျော်နီ မဲ့ပြုံးလိုက်ပြီး နာရီကိုကြည့်လိုက်သည့်အခါ
၃နာရီဖြစ်၍ ဒီချိန်ဆို အတ္တ မင်းကိုလတ်တို့နဲ့ အရောင်းအ၀ယ်လုပ်နေလိမ့်မည်ဖြစ်သည်။
မနေ့ကပဲ ဂျော်နီကိုရောလာချိန်းခဲ့ပေမဲ့
အတ္တပါလို့ တမင် ငြင်းလိုက်တာဖြစ်သည်။
ဒီတော့အချိန်ကောင်းပဲ။
ဘေးနားမှဖုန်းကို ယူ၍
"အိမ်ထဲက အပြင်မထွက်ရဘူးဆိုတော့ ကိုယ်မင်းကို ဆက်သွယ်နိုင်တဲ့နည်းနဲချည်းကပ်ရမှာပေါ့ "
===========
••ကလင်....ကလင်.....ကလင်....••
အိမ်ဧည့်ခန်းထဲက ကြိုးဖုန်းတစ်လုံး၏မြည်သံဖြစ်သည်။
မနက်က သခင်လေးနဲ့မမလေး အခြေအတင်ရန်ဖြစ်ကြရင်း သခင်လေးသည် နေ့လည်ကတည်းကအပြင်ထွက်သွားသည် ။
မမလေးကလည်း ငိုယို၍ အိမ်ပေါ်တက်သွားတာ ပြန်ဆင်းမလာတော့သည်ဖြစ်၍ဒေါ်မေတင် ပန်းကန်ဆေးနေရာမှ
"မိသက် စွတ်ပြုတ်အိုးကြည့်ထားစမ်း ဖုန်းသွားကိုင်မလို့"
"ဟုတ် မေတင်"
ဒေါ်မေတင်က ခပ်ပြာပြာပြေးလာ၍ ဖုန်းနားထောင်လိုက်၏။
"ဟယ်လို "
အသံက အသက်ကြီးတဲ့မိန်းမသံဖြစ်သဖြင့်
ဂျော်နီ မွန်း မဟုတ်မှန်းတော့သိလိုက်သည် ။
"အဟင်း မေမီမွန်း ရှိလား "
"ရှင်!"
ဒေါ်မေတင်သည် မွန်းဆိုတာနဲ့ သခင်လေးကိုပြေးမြင်ကာ ဒီအသံဟာလည်းလူစိမ်းတစ်ယောက်အသံဖြစ်နေသည်။
"ခေါ်ပေးပါ "
"ဘယ်သူလဲမသိဘူး"
မွန်း ပုခုံးလေးတစ်ဖက်ကို ထိန်းကိုင်ရင်း လှေကားမှဆင်းလာခဲ့ကာ
"မေတင် ထွန်းရွှေဝါလေး မရှိဘူးလား"
မွန်းအသံကြောင့် ဒေါ်မေတင် လှည့်ကြည့်လိုက်ဖုန်းကိုကြည့်လိုက် ဖြစ်နေသဖြင့်
"မေတင် ဘယ်ကဖုန်းမို့လို့လဲ"
"ဟို ဟို မမလေး ကိုခေါ်ခိုင်းနေတယ် "
"ဟင် ဟုတ်လား"
မွန်းသည် ပုခုံးတစ်ဖက်နာနေတာကိုပင်မေ့လျော့စွာ ပြေးလာ၍
နဒီများလား နဒီ ဖုန်းဆက်တာလား
၀မ်းသာမှုများစွာနှင့်
"ပေးပေး မေတင် မွန်း ကိုပေး"
ဒေါ်မေတင်ကတွန့်ဆုတ်နေပေမဲ့
မွန်းကတော့ တယ်လီဖုန်းကို အားမရသလို ဆွဲယူလိုက်ပြီး
"ဟယ်လို "
မွန်းက အသံ ခပ်မြူးမြူးနှင့် ထူးလိုက်သည့်အခါ
"မွန်း"
ထင်သလို နဒီမဟုတ်ဘဲ မရင်းနှီးတဲ့ ယောကျာ်းသံကြောင့် မျက်မှောင်ကုတ်သွား၍
"ဘယ်သူလဲ မသိဘူး"
"ကိုယ် ဘယ်သူလဲ မမှတ်မိဘူးလား "
မွန်းက တစ်ဖက်ဆိုဖာတွင်ထိုင်လိုက်ပြီး
"ဟင့်အင်း "
"ကိုယ်ကတော့ မင်းကိုသိတယ် ခဏလေးမတွင်းမှာ ကြွေအောင်ပြုစားသွားတဲ့ နတ်သမီးလေး"
"ရှင်ဘယ်သူလဲ"
မွန်းအသံအနည်းငယ်မြှင့်မေးလိုက်သည်။
"နက္ခတ်"
"ဟင်!"
တစ်ကြိမ်တစ်ခါမျှပင်မကြားသောနာမည်ပင်ဖြစ်သည်။
ဂျော်နီဆိုသည့် Nickname ကသာတွင်ကျယ်နေပြီး တကယ့်နာမည်အရင်းဖြစ်သည့်နက္ခတ် ဟူသည် လူသိနည်း၏။
မွန်းဘယ်လိုပဲစဥ်းစားစဥ်းစားဒီနာမည်ကို အခုမှကြားဖူးတာသေချာသည်။
"ကျွန်မ မသိဘူး ရှင့်ကို "
"ကိုယ်ကတော့သိတယ် "
"ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ"
"ရှိတော့ရှိတယ် ဒါပေမဲ့ အခုမပြောသေးဘူး တစ်ချိန်ပေါ့ ကိုယ်ပြောပြမှာ"
မွန်းစိတ်မရှည်လှပါ။
"ကျစ် ဒီမှာ ဘယ်ကမှန်းလည်းမသိ ဘယ်သူမှန်းလည်းမသိ ကျွန်မနာမည်ခေါ်ပြီး ဖုန်းဆက်တယ် ကျွန်မဘက်ကတော့ ဘာမှပြောစရာမရှိဘူး အချိန်လည်းမရှိဘူး အလကားသတ်သတ်ဆိုရင်တော့ ဖုန်းချလိုက်မယ်"
မွန်းက ဖုန်းချရန် နားမှခွာလိုက်သည့်အခါ
"ခဏ ခဏ ကိုယ်က မင်းကိုကူညီမယ့်သူပါ "
မွန်းက မျက်မှောင်ကုတ်ကာ ဖုန်းကို အနားပြန်ကပ်လိုက်လျှင်
"မင်း ဘာလို့ အတ္တ ဆီမှာနေနေတာလဲ "
မွန်းပြန်ဖြေဖို့တုန့်ဆိုင်းနေခဲ့သည်။
အတ္တ သိရင်လည်းမလွယ်သလို
ဒီကဘယ်လိုလူမှန်းလည်းမသိ။
"ကျွန်မကိစ္စပါ ရှင်နဲ့မဆိုင်ဘူး"
"မင်းကိစ္စက ကိုယ့်ကိစ္စပဲမို့ မေးနေတာ"
"တော် ! ကျွန်မ ဖုန်းချတော့မယ် "
နာရီကိုမော့ကြည့်ပြန်တော့ ညနေပိုင်း သူပြန်လာတော့မှာမို့ မွန်းသည် တကယ်စိတ်ပိုင်းဖြတ်ကာ ဖုန်းချပစ်လိုက်၏။
==========
ဂျော်နီ ဖုန်းကို ကြည့်ရင်း
"ဟက် ကိုယ့်ရဲ့ပထမခြေလှမ်း
မင်းဘက်ကနေ ပြောပြလာမှာပါ"
မထိတထိပြုံးလိုက်ပြီးဘေးကဝီစကီ ပုလင်းကို ခွက်အသစ်ယူကာ ငှဲ့၍ သောက်သည်။
===============
"မေတင်"
မွန်းဘေးမှာ စိုးရိမ်တကြီးထိုင်နေသည့် မေတင့်ကို လက်ကလေးဆွဲကိုင်ပြီး
"အခု ဖုန်းဆက်တဲ့ကိစ္စကို အတ္တကိုမပြောပါနဲ့နော် "
"ရှင်"
ဒေါ်မေတင်က မပြောလို့မဖြစ်ဘူးဆိုတဲ့ပုံစံနဲ့မွန်းကိုပြန်ကြည့်နေတော့
"ဟုတ်တယ်လေ မေတင်ရယ် သူသိရင် မွန်း လည်းမချောင်ဘူး ပြီးတော့ ဘာမှမဟုတ်တဲ့ကိစ္စနဲ့ ရန်လည်းမဖြစ်ချင်ဘူး မေတင် ရယ်နော် "
Advertisement
"ဒါပေမဲ့ ဖုန်းထဲက လူကို မမလေးသိလို့လား"
မွန်း စဉ်းစားရင်း
သူတကယ်ငါ့ကိုကူညီနိုင်မယ့်သူလား ဒီကနေလွတ်စေနိုင်မယ့်အခွင့်အလမ်းပေးမယ့်လူလား ။
"အို... သိသိ မသိသိ ဖုန်းထဲကိစ္စပါမေတင်ရယ် မွန်းကိုလည်းဒုက္ခပေးနိုင်မယ့်သူမဟုတ်ဘူး မပြောပါနဲ့နော်"
မေတင် သက်ပြင်းချလိုက်ပြီး
"ဟင်း အင်းပါ ပြီးတော့ မမလေးကိုပဲ ထိခိုက်မှာပဲ လက်မောင်းကဒဏ်တောင်မပျောက်သေးဘူး မေတင် မပြောတော့ဘူးနော် "
" ကျေးဇူးပါမေတင် ရယ် "
"မေတင် မေတင်!"
ဒီကြားထဲ သက်သက်အသံကြောင့်
"ဟေ အေးအေး လာပြီ "
မွန်းဘေးမှထ၍ ထမင်းစားခန်းထဲပြေးသွားလျှင် မွန်းလည်း လိုက်သွား၏။
"ဝါး မွှေးလိုက်တာ "
မွန်းအသံကြောင့် သက်သက်လှည့်ကြည့်၍
"စွတ်ပြုတ်လေမမလေး အခုပဲကျက်တာ သောက်မလား သက်သက်ထည့်ပေးမယ် "
"မိသက် ညည်း ရေထည့်ထားသေးလား"
မေတင်က စွတ်ပြုတ်မြည်းကြည့်ရင်းမေး၏။
"ငံ နေလို့လေ မေတင်ကလည်း"
မွန်းက စားပွဲမှာ၀င်ထိုင်ပြီး
"ပေါ့ပေါ့လေးပဲကောင်းပါတယ် မေတင်ရဲ့"
မွန်းထောက်ခံရသဖြင့် သက်သက်ပြုံးလိုက်ပြီး
ကြွေပန်းကန်ထဲသို့ မေတင်ထည့်ပေးသည့် စွတ်ပြုတ်ကို သူမရှေ့သို့ချပေး၏။
"မမလေး ငိုထားသေးတာလား"
သက်သက်သည် သူမ၏ ရှေ့တည့်တည့်မှထိုင်ရင်း မျက်နှာကိုအကဲခက်၏။
မွန်းက စွတ်ပြုတ်တစ်ဇွန်းသောက်ရင်း
"အင်း "
"မိသက် ညည်း တံမြတ်စည်းသွားလှဲချေ မမလေးကိုမရှုပ်ပါနဲ့"
သက်သက်သည် မေတင့် ရဲ့အသံကျယ်ကျယ်ကိုကြောက်၍ ဆူပုတ်ပုတ်ဖြင့် တံမြတ်စည်းကိုင်ထွက်သွား၏။
မွန်း ဖြေးဖြေးချင်းသောက်ရင်း
"မေတင် ထွန်းရွှေဝါဘူးလေးရှိလား"
"ဟေ အေး သမီး ရှိတယ်"
သမီးလို့ခေါ်လိုက်သည့်အခါ နားဝင်ချိုစွာနှုတ်ခမ်းကလေးကွေးညွတ်၍ပြုံးလိုက်သည်။
မေတင်က ပြီးမှ သတိရ၍
"အယ် မမလေး ! "
"ရပါတယ် နောက်ဆို မေတင် မွန်းကို သမီးလို့ပဲခေါ်ပါနော် ရိုရိုသေသေမဆက်ဆံပါနဲ့ မွန်းမနေတတ်လို့ပါနော် "
မေတင်ကပြုံးပြ၍
"အေးပါကွယ် မွန်း ခေါ်စေချင်ရင်ခေါ်ပေးမှာပေါ့ "
ဒေါ်မေတင်က မီးဖိုခန်းအနာက်က သူ့အခန်းထဲ၀င်သွား၍ ထွန်းရွှေဝါဘူးလေးယူကာ မွန်းအားပေး၏။
"မေတင် လိမ်းပေးရမလား "
"ရပါတယ် မွန်းဘာသာ လိမ်းလိုက်မယ် အပေါ်တက်တော့မယ်နော်"
အတ္တတစ်ယောက် ပြန်လာတော့မှာမို့
မွန်းသူမအခန်းသို့ပြန်ဖို့ သာလောနေသည် ။
"အေးအေး သမီး"
မွန်းက လှေကားတက်ရင်းမှ သတိထားမိလိုက်သည်မှာ
"ဟင် မိုးရွာနေတာလား "
ဦးနှောက်ထဲတန်းကနဲ၀င်လာတာက
သူ အပြင်သွားတယ် မိုးများမိနေပြီလား။
အလကား စိတ်ပူပေးနေမိတဲ့ မိမိကိုယ်ကိုယ် ခေါင်းတွေခါရမ်းကာ ကျစ်စုတ်သတ်ရင်း အခန်းထဲသို့သာ ပြေးသွားမိသည်။
ထွန်းရွှေဝါဘူးလေးဖွင့်သော်လည်း စိတ်က မိုးဆီသာရောက်နေသဖြင့် နောက်ဆုံးတော့ မှန်ပြတင်းပေါက်အနားသို့သွားရပ်မိလေသည်။
ဒါဟာ သူ့ကိုမျှော်နေမိတာလား။
ငါ့စိတ်ကလည်းပျော့လိုက်တာ
ငါ့အပေါ်သိပ်ရက်စက် သိပ်အနိုင်ယူ တဲ့သူ ကိုမှ ချစ်မိနေတာလား တကယ်လို့ ချစ်နေမိခဲ့သည်ရှိသော် မုန်းလိုက်တာ အဲ့အချစ်တွေကိုမုန်းလိုက်တာ။
မျက်ရည်လေးတွေကို မျက်တောင်ပုတ်ချလိုက်၍ခေါင်းလေးငုံ့သွားစဉ် ကားသံက ဝူးကနဲမို့ ခြံထဲလှမ်းကြည့်လိုက်၏ ။
ထင်တဲ့အတိုင်း မိုးရေတွေစိုလာပါလား ။
သူ့ကားအနက်လေးထဲကနေ ဆံပင်တွေကို ရေခါရင်း ရေစိုနေတဲ့ကုပ်အင်္ကျီကို လက်ကကိုင်၍ အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ၀င်လာနေသည်။
မွန်းလည်း စိတ်ပူစရာမရှိတော့ဘဲ သူအိမ်ပြန်ရောက်ပြီဆိုကာမှ မွေ့ယာမှာထိုင်ရင်း ခုနက ဖွင့်ထားတဲ့ ထွန်းရွှေဝါကို ပုခုံးမှာလိမ်းရန်ပြင်ဆင်၏။
ကြယ်သီးတပ်ဂါဝန်ရှည်ကလေးမှ အပေါ်ကကြယ်သီးကလေး၂လုံးကိုဖြုတ်လိုက်ကာပုခုံးပေါ်သို့ သူမလက်ဖွေးဥဥလေးဖြင့်ပွတ်လိမ်းသည် ။
ထို့နောက် လက်ပျဉ်ကို လိမ်းရန် မမှီသဖြင့် ဟိုဘက်လက် ဒီဘက်လက် တစ်ယောက်တည်းအလုပ်ရှုပ်နေရသည် ။
"အ..."
လက်ကိုအရမ်းမြှောက်လိုက်သည့်အခါ လည်း နာကျင်ရပြန်သည်။
ရုတ်တရက် မွေ့ယာက အိကနဲကျသွားပြီး စီးကရက်နံ့က နှာခေါင်းထဲ၀င်လာသည်။
နောက်လှည့်ကြည့်လျှင် သူ။
ဘယ်အချိန်အ၀တ်လဲပြီး ဘယ်လိုရောက်လာသလဲမသိ ။
ခေါင်းကရေတွေကတော့မခြောက်သေးပေ ။
"ဆေးဘူး ဒီပေး"
သူမရဲ့ ပုခုံးနဲ့ လက်ပျဉ် ဖွေးဖွေးလေးကိုစိုက်ကြည့်ပြီး သူပေးသောဒဏ်ရာ ခပ်ညိုညိုကြောင့် စိတ်မကောင်းရပြန်သည် ။
မွန်းက အင်္ကျီလေးကို ရှေ့ဆွဲချ၍ ကြယ်သီးပြန်တပ်ရင်း မျက်နှာတင်းကာ
"မလိုဘူး "
သူ့ကိုတော့လှည့်မကြည့်တော့ဘဲဆိုလိုက်သည်။
"ပေးဆိုပေးလိုက် "
အတ္တက သူမရှေ့က ဆေးဘူးကိုလှမ်းယူပြီး ကျောပြင်နောက်မှာကျကျနနထိုင်ကာ
"ကြယ်သီးဖြုတ် "
မွန်းမှာ ကြက်သီးများပင်ထသွားရသည်။
"မလိုဘူးလို့ပြောပြီးပြီလေ "
"ခိုင်းနေ တုန်းဖြုတ်ရင် ၂လုံးနဲ့ပြီးသွားမှာ
ကိုယ် ကိုယ်တိုင်ဖြုတ်ရမယ်ဆိုရင် အကုန်ဖြုတ်ပစ်မှာ"
မွန်းရဲ့လက်က အလိုလို ကြယ်သီးလေးနှစ်လုံးကိုဖြုန်ပြီးသားဖြစ်သွားသည်။
သူ့ကို အဲ့သလောက်ကြောက်သလား ဆိုတော့ သူကတကယ်လုပ်တဲ့သူမဟုတ်လား။
သူက အင်္ကျီလည်ပင်းပေါက်ကို အနောက်သို့ဆွဲချလိုက်ပြီးသူ့ရဲ့လက်အေးအေးကြီးဖြင့် မွန်းရဲ့ လက်ပျဉ်ပေါ်သို့ ဆေးလိမ်းပေးသည် ။
သူကိုယ်တိုင် အနာပေးလိုက်ဆေးပေးလိုက်နဲ့
မွန်းသည် လူကမတွန့်အောင်ထိန်းထားရသည်။
ဘယ်လိုများလိမ်းပေးနေပါလိမ့်။
လက်ဖဝါးနဲ့ ပယ်ပယ်နယ်နယ်ပင် ပွတ်သပ်နေသည်ဖြစ်ရာ
"ရ ရပြီလေ တော် တော်တော့"
မွန်းရှေ့သို့ တိုးလိုက်သည့်အခါ
သူက အင်္ကျီကနေ ပြန်ဆွဲရင်း သူ့ရင်ခွင်ထဲ၀င်အောင် နောက်ကနေဖက်လိုက်သည်။
"ဖယ် ဖယ်ပါ ရှင့်ကို စကားပြောချင်စိတ်လည်းမရှိဘူး မျက်နှာလည်းမကြည့်ချင်ဘူး"
ရောက်ကတည်းကကျောပေးထားသည့်သူမကို
Advertisement
မျက်နှာလေးမြင်ချင်မိတာတော့၀န်ခံပါသည်။
ဆေးမလိမ်းထားတဲ့ပုခုံးတစ်ဖက်ကိုပါ အင်္ကျီကိုဆွဲဖြဲလိုက်သည့်အခါ
"ရှင်! ဘာလုပ်တာလဲ"
ဒီလိုမှလုပ်မှ သူမက လှည့်ကြည့်မှာမဟုတ်လား
မွန်း အခုသူ့မျက်နှာကိုခုမှမြင်သည်မို့ သူ့နှုတ်ခမ်းတွေကဖွေးဖက်နေပြီးသူမကိုဖက်ထားတဲ့ လက်တွေကလည်း နွေးနေမှန်းသတိထားမိလိုက်သည်။
"ရှင်......"
ပြောမလို့ပဲ ကျန်ရသေးတယ် နှုတ်ခမ်းတွေကိုစိုစွတ်သွားအောင် စုပ်နမ်းပစ်လိုက်သည် ။
မွန်းက ရုန်းမည်ကြံပေမဲ့ သူ့နှုတ်ခမ်းတွေပူနွေးနေသည်ကိုသတိပြုမိလိုက်၏။
သူ့လက်တစ်ဖက်က မွန်းခါးပေါ် မှာပြေးလွှားနေသည်ကို မွန်းဖယ်လိုက်ပြီး သူ့ကို တွန်းဖို့စိတ်ကူးလိုက်စဉ်
မတွန်းရပဲ သူမအပေါ် ပိကျလာသည့်ခန္ဓာကိုယ်ကြောင့်
"ဟင့်! ဖယ်ဦး ဖယ်ဦး မဖိနဲ့ အ ...နာတယ်"
သူမရဲ့ကျောပေါ်မှာ ငြိမ်ကျနေတဲ့သူ့ခန္ဓာကိုယ်ဟာ အလေးကြီးဖြစ်တဲ့အပြင် သူ့ဆီကနေလည်း တုန့်ပြန်စကားသံမကြားရပေ။
"ရှင် ဘာဖြစ်နေတာလဲ"
ကိုယ်ပေါ်ကနေ ဘေးကိုတွန့်ဖယ်လိုက်တော့
မျက်လွှာတွေပိတ်နေသည့်သူ့အဖြူရောင်ရှပ်အင်္ကျီရဲ့ ၀မ်းဗိုက်နေရာက အနီရောင်အကွက်အချို့။
"ဟင်... သွေး... သွေးတွေ ကို! ကို ... သတိလစ်သွားတာလား"
"အတ္တ...ကို...."
မွန်းမှာ ရင်ထဲမှာဆူပွက်သွားကာ ခေါင်းထဲမှာလည်းထုံကျဥ်သွားသလိုခံစားလိုက်ရပြီး သူ့ရဲ့ပါးတွေကိုတဖျက်ဖျက်ရိုက်၍ လှုပ်နိုးနေခဲ့တာ သူဟာ လှုပ်ရှားခြင်းလည်းမရှိ ပြန်လည်းမထူးဘဲ သွေးမရှိတော့သလိုမျက်နှာကဖြူရော်နေကာ အရုပ်တစ်ရုပ်သလိုငြိမ်သက်နေသဖြင့် မွန်းမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ ပြာယာခက်စွာ မျက်ရည်တွေကအလိမ့်လိမ့်ပြိုဆင်းလာတော့သည်။
=====================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (18) ဆက်ရန်
Zawgyi Version
အတၱလြန္အခ်စ္
အပိုင္း (17)
"မင္းသ ငါမင္းကိုစုံစမ္းခိုင္းထားတာ ဘယ္လိုလဲ"
ေဂ်ာ္နီဟာ သူ႕ေဘးကမိန္းမလွေလးႏွစ္ေယာက္ထြက္သြားသည္ႏွင့္ သူ၏ Bodyguard မင္းသကိုေမးလိုက္ပါသည္။
"ဟုတ္ကဲ့ Boss ကြၽန္ေတာ္ စုံစမ္းရသေလာက္ေတာ့ အဲ့ဒီမိန္းကေလးနာမည္က ေမမီမြန္းတဲ့
မင္းကိုလတ္ကုမၸဏီမွာအလုပ္လာေလွ်ာက္ဖူးၿပီး အခုအတၱလြန္နဲ႕အတူေနတယ္"
"ဒါပဲလား အတၱလြန္နဲ႕ဘယ္လိုပတ္သတ္လဲ အတၱကဘာလို႔သူ႕ကိုေခၚထားတာလဲ"
"ဘယ္လိုပတ္သတ္ေနလဲဆိုတာေတာ့ေသခ်ာမသိရေသးပါဘူး မိန္းကေလးက အျပင္မထြက္ရဘူးတဲ့ ဘယ္သူမွမသိၾကဘူးဗ် အတၱလြန္က ဘယ္သူ႕ကိုမွအသိမခံဘဲဖြက္ထားတဲ့ပုံစံမ်ိဳး"
ေဂ်ာ္နီသည္ ဝီစကီခြက္ထဲကလက္က်န္ကိုေမာ့လိုက္ၿပီး
"ငါေမမီမြန္းကိုလိုခ်င္တယ္ ငါ့အတြက္တင္မဟုတ္ပဲ အတၱရဲ႕ ခ်က္ေကာင္းကိုလည္းထိနိုင္တဲ့မိန္းကေလးပဲ"
"Boss အဲ့ဒီမိန္းကေလးက ပါကင္မဟုတ္ေလာက္ဘူး သိရသေလာက္ေတာ့ အတၱလြန္နဲ႕အိပ္ၿပီးသားျဖစ္မယ္ "
ေဂ်ာ္နီ တဟား ဟားရယ္ၿပီး
"ေမမီမြန္း ဘာျဖစ္ေနေန ကိစၥမရွိဘူး အဓိက ကသူ႕ကိုအတၱဆီကေနရဖို႔ပဲ မင္းလုပ္စရာရွိတာသြားလုပ္ေတာ့ ၿပီးေတာ့ဆက္ၿပီးစုံစမ္းထား"
" ဟုတ္ကဲ့ Boss"
မင္းသက ေဂ်ာ္နီေရွ႕ကေနထြက္သြားသည္။
"ငါ့ဆီကေနေတာင္စာခ်ဳပ္ျပန္ယူဖို႔ခ်ည္းကပ္ႀကိဳးစားခဲ့တဲ့မိန္းကေလးဆိုေတာ့ ေတာ္ေတာ္မလြယ္တာပဲ အတၱ မင္းက နတ္သမီးေလးေတြရွာတတ္သားပဲ "
ေဂ်ာ္နီ မဲ့ၿပဳံးလိုက္ၿပီး နာရီကိုၾကည့္လိုက္သည့္အခါ
၃နာရီျဖစ္၍ ဒီခ်ိန္ဆို အတၱ မင္းကိုလတ္တို႔နဲ႕ အေရာင္းအ၀ယ္လုပ္ေနလိမ့္မည္ျဖစ္သည္။
မေန႕ကပဲ ေဂ်ာ္နီကိုေရာလာခ်ိန္းခဲ့ေပမဲ့
အတၱပါလို႔ တမင္ ျငင္းလိုက္တာျဖစ္သည္။
ဒီေတာ့အခ်ိန္ေကာင္းပဲ။
ေဘးနားမွဖုန္းကို ယူ၍
"အိမ္ထဲက အျပင္မထြက္ရဘူးဆိုေတာ့ ကိုယ္မင္းကို ဆက္သြယ္နိုင္တဲ့နည္းနဲခ်ည္းကပ္ရမွာေပါ့ "
===========
ကလင္....ကလင္.....ကလင္....
အိမ္ဧည့္ခန္းထဲက ႀကိဳးဖုန္းတစ္လုံး၏ျမည္သံျဖစ္သည္။
မနက္က သခင္ေလးနဲ႕မမေလး အေျခအတင္ရန္ျဖစ္ၾကရင္း သခင္ေလးသည္ ေန႕လည္ကတည္းကအျပင္ထြက္သြားသည္ ။
မမေလးကလည္း ငိုယို၍ အိမ္ေပၚတက္သြားတာ ျပန္ဆင္းမလာေတာ့သည္ျဖစ္၍ေဒၚေမတင္ ပန္းကန္ေဆးေနရာမွ
"မိသက္ စြတ္ျပဳတ္အိုးၾကည့္ထားစမ္း ဖုန္းသြားကိုင္မလို႔"
"ဟုတ္ ေမတင္"
ေဒၚေမတင္က ခပ္ျပာျပာေျပးလာ၍ ဖုန္းနားေထာင္လိုက္၏။
"ဟယ္လို "
အသံက အသက္ႀကီးတဲ့မိန္းမသံျဖစ္သျဖင့္
ေဂ်ာ္နီ မြန္း မဟုတ္မွန္းေတာ့သိလိုက္သည္ ။
"အဟင္း ေမမီမြန္း ရွိလား "
"ရွင္!"
ေဒၚေမတင္သည္ မြန္းဆိုတာနဲ႕ သခင္ေလးကိုေျပးျမင္ကာ ဒီအသံဟာလည္းလူစိမ္းတစ္ေယာက္အသံျဖစ္ေနသည္။
"ေခၚေပးပါ "
"ဘယ္သူလဲမသိဘူး"
မြန္း ပုခုံးေလးတစ္ဖက္ကို ထိန္းကိုင္ရင္း ေလွကားမွဆင္းလာခဲ့ကာ
"ေမတင္ ထြန္းေ႐ႊဝါေလး မရွိဘူးလား"
မြန္းအသံေၾကာင့္ ေဒၚေမတင္ လွည့္ၾကည့္လိုက္ဖုန္းကိုၾကည့္လိုက္ ျဖစ္ေနသျဖင့္
"ေမတင္ ဘယ္ကဖုန္းမို႔လို႔လဲ"
"ဟို ဟို မမေလး ကိုေခၚခိုင္းေနတယ္ "
"ဟင္ ဟုတ္လား"
မြန္းသည္ ပုခုံးတစ္ဖက္နာေနတာကိုပင္ေမ့ေလ်ာ့စြာ ေျပးလာ၍
နဒီမ်ားလား နဒီ ဖုန္းဆက္တာလား
၀မ်းသာမှုများစွာနှင့်
"ေပးေပး ေမတင္ မြန္း ကိုေပး"
ေဒၚေမတင္ကတြန့္ဆုတ္ေနေပမဲ့
မြန္းကေတာ့ တယ္လီဖုန္းကို အားမရသလို ဆြဲယူလိုက္ၿပီး
"ဟယ္လို "
မြန္းက အသံ ခပ္ျမဴးျမဴးႏွင့္ ထူးလိုက္သည့္အခါ
"မြန္း"
ထင္သလို နဒီမဟုတ္ဘဲ မရင္းႏွီးတဲ့ ေယာက်ာ္းသံေၾကာင့္ မ်က္ေမွာင္ကုတ္သြား၍
"ဘယ္သူလဲ မသိဘူး"
"ကိုယ္ ဘယ္သူလဲ မမွတ္မိဘူးလား "
မြန္းက တစ္ဖက္ဆိုဖာတြင္ထိုင္လိုက္ၿပီး
"ဟင့္အင္း "
"ကိုယ္ကေတာ့ မင္းကိုသိတယ္ ခဏေလးမတြင္းမွာ ေႂကြေအာင္ျပဳစားသြားတဲ့ နတ္သမီးေလး"
"ရွင္ဘယ္သူလဲ"
မြန္းအသံအနည္းငယ္ျမႇင့္ေမးလိုက္သည္။
"နကၡတ္"
"ဟင္!"
တစ္ႀကိမ္တစ္ခါမွ်ပင္မၾကားေသာနာမည္ပင္ျဖစ္သည္။
ေဂ်ာ္နီဆိုသည့္ Nickname ကသာတြင္က်ယ္ေနၿပီး တကယ့္နာမည္အရင္းျဖစ္သည့္နကၡတ္ ဟူသည္ လူသိနည္း၏။
မြန္းဘယ္လိုပဲစဥ္းစားစဥ္းစားဒီနာမည္ကို အခုမွၾကားဖူးတာေသခ်ာသည္။
"ကြၽန္မ မသိဘူး ရွင့္ကို "
"ကိုယ္ကေတာ့သိတယ္ "
"ဘာကိစၥရွိလို႔ ဖုန္းဆက္တာလဲ"
"ရွိေတာ့ရွိတယ္ ဒါေပမဲ့ အခုမေျပာေသးဘူး တစ္ခ်ိန္ေပါ့ ကိုယ္ေျပာျပမွာ"
မြန္းစိတ္မရွည္လွပါ။
"က်စ္ ဒီမွာ ဘယ္ကမွန္းလည္းမသိ ဘယ္သူမွန္းလည္းမသိ ကြၽန္မနာမည္ေခၚၿပီး ဖုန္းဆက္တယ္ ကြၽန္မဘက္ကေတာ့ ဘာမွေျပာစရာမရွိဘူး အခ်ိန္လည္းမရွိဘူး အလကားသတ္သတ္ဆိုရင္ေတာ့ ဖုန္းခ်လိဳက္မယ္"
မြန္းက ဖုန္းခ်ရန္ နားမွခြာလိုက္သည့္အခါ
"ခဏ ခဏ ကိုယ္က မင္းကိုကူညီမယ့္သူပါ "
မြန္းက မ်က္ေမွာင္ကုတ္ကာ ဖုန္းကို အနားျပန္ကပ္လိုက္လွ်င္
"မင္း ဘာလို႔ အတၱ ဆီမွာေနေနတာလဲ "
မြန္းျပန္ေျဖဖို႔တုန့္ဆိုင္းေနခဲ့သည္။
အတၱ သိရင္လည္းမလြယ္သလို
ဒီကဘယ္လိုလူမွန္းလည္းမသိ။
"ကြၽန္မကိစၥပါ ရွင္နဲ႕မဆိုင္ဘူး"
"မင္းကိစၥက ကိုယ့္ကိစၥပဲမို႔ ေမးေနတာ"
"ေတာ္ ! ကြၽန္မ ဖုန္းခ်ေတာ့မယ္ "
နာရီကိုေမာ့ၾကည့္ျပန္ေတာ့ ညေနပိုင္း သူျပန္လာေတာ့မွာမို႔ မြန္းသည္ တကယ္စိတ္ပိုင္းျဖတ္ကာ ဖုန္းခ်ပစ္လိုက္၏။
==========
ေဂ်ာ္နီ ဖုန္းကို ၾကည့္ရင္း
"ဟက္ ကိုယ့္ရဲ႕ပထမေျခလွမ္း
မင္းဘက္ကေန ေျပာျပလာမွာပါ"
မထိတထိၿပဳံးလိုက္ၿပီးေဘးကဝီစကီ ပုလင္းကို ခြက္အသစ္ယူကာ ငွဲ႕၍ ေသာက္သည္။
===============
"ေမတင္"
မြန္းေဘးမွာ စိုးရိမ္တႀကီးထိုင္ေနသည့္ ေမတင့္ကို လက္ကေလးဆြဲကိုင္ၿပီး
"အခု ဖုန္းဆက္တဲ့ကိစၥကို အတၱကိုမေျပာပါနဲ႕ေနာ္ "
"ရွင္"
ေဒၚေမတင္က မေျပာလို႔မျဖစ္ဘူးဆိုတဲ့ပုံစံနဲ႕မြန္းကိုျပန္ၾကည့္ေနေတာ့
"ဟုတ္တယ္ေလ ေမတင္ရယ္ သူသိရင္ မြန္း လည္းမေခ်ာင္ဘူး ၿပီးေတာ့ ဘာမွမဟုတ္တဲ့ကိစၥနဲ႕ ရန္လည္းမျဖစ္ခ်င္ဘူး ေမတင္ ရယ္ေနာ္ "
"ဒါေပမဲ့ ဖုန္းထဲက လူကို မမေလးသိလို႔လား"
မြန္း စဥ္းစားရင္း
သူတကယ္ငါ့ကိုကူညီနိုင္မယ့္သူလား ဒီကေနလြတ္ေစနိုင္မယ့္အခြင့္အလမ္းေပးမယ့္လူလား ။
"အို... သိသိ မသိသိ ဖုန္းထဲကိစၥပါေမတင္ရယ္ မြန္းကိုလည္းဒုကၡေပးနိုင္မယ့္သူမဟုတ္ဘူး မေျပာပါနဲ႕ေနာ္"
ေမတင္ သက္ျပင္းခ်လိဳက္ၿပီး
"ဟင္း အင္းပါ ၿပီးေတာ့ မမေလးကိုပဲ ထိခိုက္မွာပဲ လက္ေမာင္းကဒဏ္ေတာင္မေပ်ာက္ေသးဘူး ေမတင္ မေျပာေတာ့ဘူးေနာ္ "
" ေက်းဇူးပါေမတင္ ရယ္ "
"ေမတင္ ေမတင္!"
ဒီၾကားထဲ သက္သက္အသံေၾကာင့္
"ေဟ ေအးေအး လာၿပီ "
မြန္းေဘးမွထ၍ ထမင္းစားခန္းထဲေျပးသြားလွ်င္ မြန္းလည္း လိုက္သြား၏။
"ဝါး ေမႊးလိုက္တာ "
မြန္းအသံေၾကာင့္ သက္သက္လွည့္ၾကည့္၍
"စြတ္ျပဳတ္ေလမမေလး အခုပဲက်က္တာ ေသာက္မလား သက္သက္ထည့္ေပးမယ္ "
"မိသက္ ညည္း ေရထည့္ထားေသးလား"
ေမတင္က စြတ္ျပဳတ္ျမည္းၾကည့္ရင္းေမး၏။
"ငံ ေနလို႔ေလ ေမတင္ကလည္း"
မြန္းက စားပြဲမွာ၀င္ထိုင္ၿပီး
"ေပါ့ေပါ့ေလးပဲေကာင္းပါတယ္ ေမတင္ရဲ႕"
မြန္းေထာက္ခံရသျဖင့္ သက္သက္ၿပဳံးလိုက္ၿပီး
ေႂကြပန္းကန္ထဲသို႔ ေမတင္ထည့္ေပးသည့္ စြတ္ျပဳတ္ကို သူမေရွ႕သို႔ခ်ေပး၏။
"မမေလး ငိုထားေသးတာလား"
သက္သက္သည္ သူမ၏ ေရွ႕တည့္တည့္မွထိုင္ရင္း မ်က္ႏွာကိုအကဲခက္၏။
မြန္းက စြတ္ျပဳတ္တစ္ဇြန္းေသာက္ရင္း
"အင္း "
"မိသက္ ညည္း တံျမတ္စည္းသြားလွဲေခ် မမေလးကိုမရႈပ္ပါနဲ႕"
သက္သက္သည္ ေမတင့္ ရဲ႕အသံက်ယ္က်ယ္ကိုေၾကာက္၍ ဆူပုတ္ပုတ္ျဖင့္ တံျမတ္စည္းကိုင္ထြက္သြား၏။
မြန္း ေျဖးေျဖးခ်င္းေသာက္ရင္း
"ေမတင္ ထြန္းေ႐ႊဝါဘူးေလးရွိလား"
"ေဟ ေအး သမီး ရွိတယ္"
သမီးလို႔ေခၚလိုက္သည့္အခါ နားဝင္ခ်ိဳစြာႏႈတ္ခမ္းကေလးေကြးၫြတ္၍ၿပဳံးလိုက္သည္။
ေမတင္က ၿပီးမွ သတိရ၍
"အယ္ မမေလး ! "
"ရပါတယ္ ေနာက္ဆို ေမတင္ မြန္းကို သမီးလို႔ပဲေခၚပါေနာ္ ရိုရိုေသေသမဆက္ဆံပါနဲ႕ မြန္းမေနတတ္လို႔ပါေနာ္ "
ေမတင္ကၿပဳံးျပ၍
"ေအးပါကြယ္ မြန္း ေခၚေစခ်င္ရင္ေခၚေပးမွာေပါ့ "
ေဒၚေမတင္က မီးဖိုခန္းအနာက္က သူ႕အခန္းထဲ၀င္သြား၍ ထြန္းေ႐ႊဝါဘူးေလးယူကာ မြန္းအားေပး၏။
"ေမတင္ လိမ္းေပးရမလား "
"ရပါတယ္ မြန္းဘာသာ လိမ္းလိုက္မယ္ အေပၚတက္ေတာ့မယ္ေနာ္"
အတၱတစ္ေယာက္ ျပန္လာေတာ့မွာမို႔
မြန္းသူမအခန္းသို႔ျပန္ဖို႔ သာေလာေနသည္ ။
"ေအးေအး သမီး"
မြန္းက ေလွကားတက္ရင္းမွ သတိထားမိလိုက္သည္မွာ
"ဟင္ မိုး႐ြာေနတာလား "
ဦးႏွောက္ထဲတန္းကနဲ၀င္လာတာက
သူ အျပင္သြားတယ္ မိုးမ်ားမိေနၿပီလား။
အလကား စိတ္ပူေပးေနမိတဲ့ မိမိကိုယ္ကိုယ္ ေခါင္းေတြခါရမ္းကာ က်စ္စုတ္သတ္ရင္း အခန္းထဲသို႔သာ ေျပးသြားမိသည္။
ထြန္းေ႐ႊဝါဘူးေလးဖြင့္ေသာ္လည္း စိတ္က မိုးဆီသာေရာက္ေနသျဖင့္ ေနာက္ဆုံးေတာ့ မွန္ျပတင္းေပါက္အနားသို႔သြားရပ္မိေလသည္။
ဒါဟာ သူ႕ကိုေမွ်ာ္ေနမိတာလား။
ငါ့စိတ္ကလည္းေပ်ာ့လိုက္တာ
ငါ့အေပၚသိပ္ရက္စက္ သိပ္အနိုင္ယူ တဲ့သူ ကိုမွ ခ်စ္မိေနတာလား တကယ္လို႔ ခ်စ္ေနမိခဲ့သည္ရွိေသာ္ မုန္းလိုက္တာ အဲ့အခ်စ္ေတြကိုမုန္းလိုက္တာ။
မ်က္ရည္ေလးေတြကို မ်က္ေတာင္ပုတ္ခ်လိဳက္၍ေခါင္းေလးငုံ႕သြားစဥ္ ကားသံက ဝူးကနဲမို႔ ၿခံထဲလွမ္းၾကည့္လိုက္၏ ။
ထင္တဲ့အတိုင္း မိုးေရေတြစိုလာပါလား ။
သူ႕ကားအနက္ေလးထဲကေန ဆံပင္ေတြကို ေရခါရင္း ေရစိုေနတဲ့ကုပ္အကၤ်ီကို လက္ကကိုင္၍ အထဲသို႔ ေျခလွမ္းက်ဲက်ဲျဖင့္ ၀င်လာနေသည်။
မြန္းလည္း စိတ္ပူစရာမရွိေတာ့ဘဲ သူအိမ္ျပန္ေရာက္ၿပီဆိုကာမွ ေမြ႕ယာမွာထိုင္ရင္း ခုနက ဖြင့္ထားတဲ့ ထြန္းေ႐ႊဝါကို ပုခုံးမွာလိမ္းရန္ျပင္ဆင္၏။
ၾကယ္သီးတပ္ဂါဝန္ရွည္ကေလးမွ အေပၚကၾကယ္သီးကေလး၂လုံးကိုျဖဳတ္လိုက္ကာပုခုံးေပၚသို႔ သူမလက္ေဖြးဥဥေလးျဖင့္ပြတ္လိမ္းသည္ ။
ထို႔ေနာက္ လက္ပ်ဥ္ကို လိမ္းရန္ မမွီသျဖင့္ ဟိုဘက္လက္ ဒီဘက္လက္ တစ္ေယာက္တည္းအလုပ္ရႈပ္ေနရသည္ ။
"အ..."
လက္ကိုအရမ္းျမႇောက္လိုက္သည့္အခါ လည္း နာက်င္ရျပန္သည္။
႐ုတ္တရက္ ေမြ႕ယာက အိကနဲက်သြားၿပီး စီးကရက္နံ႕က ႏွာေခါင္းထဲ၀င္လာသည္။
ေနာက္လွည့္ၾကည့္လွ်င္ သူ။
ဘယ္အခ်ိန္အ၀တ္လဲၿပီး ဘယ္လိုေရာက္လာသလဲမသိ ။
ေခါင္းကေရေတြကေတာ့မေျခာက္ေသးေပ ။
"ေဆးဘူး ဒီေပး"
သူမရဲ႕ ပုခုံးနဲ႕ လက္ပ်ဥ္ ေဖြးေဖြးေလးကိုစိုက္ၾကည့္ၿပီး သူေပးေသာဒဏ္ရာ ခပ္ညိုညိုေၾကာင့္ စိတ္မေကာင္းရျပန္သည္ ။
မြန္းက အကၤ်ီေလးကို ေရွ႕ဆြဲခ်၍ ၾကယ္သီးျပန္တပ္ရင္း မ်က္ႏွာတင္းကာ
"မလိုဘူး "
သူ႕ကိုေတာ့လွည့္မၾကည့္ေတာ့ဘဲဆိုလိုက္သည္။
"ေပးဆိုေပးလိုက္ "
အတၱက သူမေရွ႕က ေဆးဘူးကိုလွမ္းယူၿပီး ေက်ာျပင္ေနာက္မွာက်က်နနထိုင္ကာ
"ၾကယ္သီးျဖဳတ္ "
မြန္းမွာ ၾကက္သီးမ်ားပင္ထသြားရသည္။
"မလိုဘူးလို႔ေျပာၿပီးၿပီေလ "
"ခိုင္းေန တုန္းျဖဳတ္ရင္ ၂လုံးနဲ႕ၿပီးသြားမွာ
ကိုယ္ ကိုယ္တိုင္ျဖဳတ္ရမယ္ဆိုရင္ အကုန္ျဖဳတ္ပစ္မွာ"
မြန္းရဲ႕လက္က အလိုလို ၾကယ္သီးေလးႏွစ္လုံးကိုျဖဳန္ၿပီးသားျဖစ္သြားသည္။
သူ႕ကို အဲ့သေလာက္ေၾကာက္သလား ဆိုေတာ့ သူကတကယ္လုပ္တဲ့သူမဟုတ္လား။
Advertisement
- In Serial100 Chapters
Rebirth of Gu Jiao
When all was done, she was left alone and was killed by mysterious people. On her dying moment, her elder brother came. Truth was, it was Li Jun who had arranged for her to be able to live comfortably in even after all the scandal. If she didn't follow her mother? and was able to be a clever, obedient, lovable little sister, would everything be different? Just after Gu Jiao close her eyes accepting death she returned from the day her mother return to get her. Gu Jiao thought huh! This young Missu is not and idiot to make the same mistake twice.. hehehe this young miss will make sure that this evil woman of a mother would regret her schemes! (?_?) hehe.. This Young Miss would enjoy teaching you a lesson hahaha... (laugh evilly ?(???)?.... Why is this man becoming more and more strange? What is this sleeping together for warmth? What is this good morning and good night kiss? Do you really take me for an idiot? ?( ° ? °|||)? *** Pls be regarded that this is story is a fanfiction of the story "Rebirth of the Wolfish Silkpants Bottom". Some parts are added, some where cut and other were manipulated in another twist and some were retained the SAME. if you feel it was plagiarize then please talk to me first and i'll see what can be done. Disclaimer: names, situation, images and other information was similar to other are not intentional. This work purely come from the research, reference story, and authors
8 286 - In Serial26 Chapters
Trouble | Harry Styles (REVISING)
Being in a new school is a drag, Emma knows this. But her mind is changed when she's pulled into a clique she didn't expect to be in. And then she meets him; Harry Styles. Her life is completely flipped upside down and in that moment, she can't help but think this boy is nothing but trouble.SOME CHAPTERS INCLUDE ADULT LANGUAGE, ALCOHOL AND DRUG USE AND SEXUAL CONTENT. READ WITH CAUTION.© 2014-2020 DeadlyxStyles. ALL RIGHTS RESERVED.
8 210 - In Serial74 Chapters
Kissing Is the Easy Part
{a Wattpad featured story} Flora is afraid being beautiful is her only talent. Some of the words she hates include economy class, second-hand clothes, and budget. She likes fashion, dating, not being on time and getting what she wants - until she meets Sean, who is like the clock striking midnight; he makes all her magic power wear off. He is as mature and sophisticated as the dark roasted coffee he drinks, while she is like a lollipop: colorful, dazzling on the outside but empty calories and artificial sweeteners on the inside. The attraction is instant, but getting a kiss is only the first step.
8 121 - In Serial58 Chapters
Maverick and Her Ways (GirlxGirl)
A Catholic school, a best friend with two boyfriends, and a new girl who wore inappropriate clothing. Maverick Bridge only wanted to concentrate on her studies, but was forced to resolve conflicts that she did not start. In the process of resolving, Maverick questions her role in life, her beliefs, and questions herself as an individual.
8 105 - In Serial8 Chapters
Alice x Bendy oneshots
Hey peeps, I just got bored and started to write this, also because I thought wrighting oneshots would be cool❤️❤️ Enjoy!!
8 66 - In Serial66 Chapters
What If? - Drarry
A Drarry fanfiction based upon a simple question - what if Draco had met Harry in a different way to how it happened in the books? I try to follow JK's basic storyline so it seems similar to the books and movies, but with some differences (obviously) to make the Drarry happen :D
8 159

