《အတ္တလွန်အချစ် (OC) Completed》Part (19) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(19)
ရှင် တန်ဖိုးမထားတတ်ဘူးမဟုတ်လား။
မိန်းကလေးတွေကိုတန်ဖိုးမထားတတ်ဘူး။
ရှင့်ရဲ့ဆွဲဆောင်နိုင်လွန်းတဲ့ခဲရောင်မျက်လုံးတွေ
အနမ်းကျွမ်းကျင်နဲ့ နှုတ်ခမ်းတွေ နဲ့ မွန်းကိုပြုစားသလို ဘယ်နှစ်ယောက်တောင်ပြုစားခဲ့ပြီးပြီလဲ။ ကြောက်တယ် ရှင့်ကိုချစ်ရမှာကို မွန်း သိပ်ကိုကြောက်တယ်။
အတ္တဟာ ငြိမ်သက်နေတဲ့ သူမ မျက်နှာပေါ်မှာ အတွေးတွေအများကြီးရှိနေမှန်း သတိထားမိပါသည်။
ဖြူဖက်ဖက်အတ္တရဲ့နှုတ်ခမ်းတွေက သူမရဲ့မျက်ရည်စက်ကလေးများနားခိုရာ ပါးပြင်ရဲရဲလေးပေါ်မှာတံဆိပ်အကြိမ်ကြိမ်ရိုက်ခက်ပြီးသူမရဲ့နားရွက် နဲ့ နားထင်တွေမှာ သူ့ရဲ့၀င်သက်ထွက်သက်တွေ ယှက်ပြေးနေ၏။
မွန်းသည် သူ့ကိုလုံး၀လှည့်မကြည့်ပဲ
အံကြိတ်ကာ ငြိမ်နေလိုက်သည် ။
အရွဲ့တိုက်ခြင်းဆိုတာသူသိပါစေ။
အတ္တ သူမရဲ့နားထဲကို 'ဟူး´ ကနဲလေမှုတ်လိုက်သည့်အခါ မွန်း တွန့်သွား၏။
"စိတ်မကောက်ပါနဲ့ "
သူ့အနားမှာနေရာတာဟာ မွန်းရင်ထဲမှာ တလှပ်လှပ်နဲ့ ရိုလာကိုစတာစီးရသလိုပဲ ။
"ကိုယ့်ကို မေ ကဆေးသောက်ခိုင်းသွားတယ် မဟုတ်လား ကိုယ့်ကိုဆေးတိုက်ပါဦး"
မွန်းက မျက်လုံးစွေကြည့်၍ အမြင်ကပ်လိုက်တာ ။
"ကိုယ့်ဟာကိုယ်သောက်ပေါ့ ရှင့်ရဲ့မေ စကားကိုနားထောင်လိုက်ပါ"
"ယူပေး ကိုယ်မကုန်းနိုင်ဘူး"
စားပွဲကလည်းမွန်းဘေးမှာမဟုတ်လား ။
သူ့ဒဏ်ရာကြီးနဲ့မို့ မွန်းကယူပေးလိုက်ပါသည်။
"ရော့"
"မေ ကဆေးနည်းနည်းလေးပဲပေးခဲ့တာလား"
"မေ မေ နဲ့ တအားကို ပဲ သွားခေါ်လိုက်ပါ့လား"
မွန်းသည် အမြင်ကပ်ကပ်နှင့်ပြောလိုက်သည့်အခါ
"မင်းကိုလည်း မွန်း လို့ခေါ်တာပဲလေ"
"ဟွန့် တစ်ခါတစ်လေများ"
"ထုတ်ပေးဦး"
သူခိုင်းချင်တာများခိုင်းနေရရင် သူ့မျက်နှာဟာပြေပျစ်နေတာပဲ။
မဟုတ်ရင်များသိပ်ကြောက်စရာကောင်းတာ။
မွန်း မြန်မြန်ပြီးအေးတာပဲဆို၍ သူ့လက်ထဲထည့်ပေးလိုက်၏။
"မင်းကို ဟိုတစ်ခါဆေးတိုက်သလို ကိုယ့်ကိုပြန်တိုက်ပါ့လား"
"ဘယ်လို?"
"မမှတ်မိဘူးလား ရေငုံပြီး နှုတ်ခမ်းချင်း..."
"ရှင်နော် ကျွန်မ အပြင်မှာအိပ်မယ် ဖယ်... "
မှောင်ရည်ပျိုးစရောက်ပြီမို့ မွန်းသူနဲ့မနေရဲပါ ။
နေသာမကောင်းတာ လူကိုစောနကတည်းကဇွတ်နမ်းထားတာ ။
သူကဆေးအမြန်သောက်ကာ လက်ကနေပြန်ဆွဲချပြီး မွန်း ပုခုံးနဲ့လည်ပင်းကြားမှာ ခေါင်းမှီလိုက်သည်။
"ကိုယ့်ကို ဖက်ထားပေး နေမကောင်းဘူး ခေါင်းကိုက်တယ်အိပ်မလို့"
"ဖယ်ပါ ရှင့်ဟာရှင် ခေါင်းအုံးနဲ့အိပ်"
"မင်းက ကိုယ့်ခေါင်းအုံးပဲ"
"ဖယ်လို့ ကျွန်မ ရှေ့ထွက်မယ် ဖယ်ပါဆိုနေ အတ္တ !"
သူမ သူ့နာမည်ပါတပ်ခေါ်သည့်အခါ
"နားငြီးတယ်လို့ ပြီးမှ အဆိုးမဆိုနဲ့နော်"
သူက မွန်းရဲ့ပုခုံးပေါ်ကနေမော့ကြည့်ပြီး မျက်နှာတင်းတင်းနဲ့ပြောလိုက်သည်။
"ဖယ်ပါနေ ပုခုံးက ရှင့်ကြောင့်ဒဏ်ရာရထားတာနော် နာတယ် ဖယ်လို့ ကျွန်မ ... အ...အာ....အင်း.....အ..."
အတ္တသည် စကားများလွန်းတဲ့သူမကို ရင်ဘက်နားမှာမှီထားတာမို့ မှီတဲ့ သူမလည်တိုင်နဲ့ရင်ညွန့်နေရာကို အတင်းစုပ်သပ်ပစ်လိုက်၏။
အတန်ကြာသည်အထိ ထိုနေရာကို ကိုက်ခဲထား
ထားပြီးမှ ဖွဖွလေးနမ်းကာပြန်လွှတ်လိုက်တော့
"အ...."
အတ္တကိုက်လိုက်သည့် ခပ်ကြီးကြီးသွေးခြေဥအကွက်သည် သူမလည်တိုင်ဆက်နားမှာအနီညိုရောင်ဖြစ်၍ အဖြူရောင်အသားအရေပေါ်မှာထင်ရှားစွာ။
"ရှင် အရမ်းကြမ်းတမ်းတယ် ရှင့်အသားမဟုတ်တိုင်း အရမ်းနာတယ်ရှင့် ခံကြည့်ပါ့လား "
မွန်းမကျေမနပ် ကပ်ကပ်လန်ပြန်ပြောပစ်လိုက်ရာသူကခေါင်းထောင်လာပြီး သူ့လည်ပင်းနေရာကြယ်သီးတစ်လုံးဖြုတ်ပေးသည်။
"ပြန်ကိုက်လေ"
"ဘာ!"
သူကမျက်ခုံးတစ်ဖက်ပင့်သက်ပြရင်း
"ကိုယ်ခွင့်ပြုတယ် မင်းကိုက်ချင်ရင်ကိုက်"
သူ့ရဲ့ အကြောစိမ်းစိမ်းတွေထင်ရှားနေသည့် လည်ပင်းနေရာကို မော့ပြရင်း ပြောဆိုသည်။
"ကိုက်ရအောင်ကျွန်မကခွေးမှမဟုတ်တာ"
"အဲ့တာဆို နှုတ်ခမ်းရော"
အတ္တက မွန်းမျက်နှာကိုပြန်ဆွဲလှည့်လိုက်လျှင်
မွန်းသည် သူ့အောက်နှုတ်ခမ်းမှာ ခုနက မွန်းကိုက်ထားလို့ သွေးစသေးသေးလေးကိုမြင်၍
"တော်စမ်းပါ ကျွန်မ မနမ်းချင်ပါဘူးနောက်ထပ် ကိုက်ပစ်လိုက်မှာနော် "
"မင်းသဘော! "
" ရှင်တော်တော်အကိုက်ခံချင်နေတာလား!"
"မင်းကို နမ်းတတ်အောင်သင်ပေးထားတယ်လေ အလကားသင်ပေးတာမဟုတ်ဘူး ကိုယ့်ကိုပြန်နမ်းဖို့"
"ရှင်ဘယ်လိုဖြစ်နေတာလဲ ကျွန်မ မုန်းတယ် အဲ့လိုတွေမကြိုက်ဘူး "
အတ္တ သူမပုခုံးမှာပြန်မှီ၍
"အိုခေ ကိုယ် မပြောတော့ဘူး ဒါပေမဲ့ ငြိမ်ငြိမ်တော့နေနော် ထွက်မပြေးနဲ့ "
မွန်း သက်ပြင်းချရင်း ငြိမ်နေပေးလိုက်သည်။
အတ္တသည် နှုတ်ခမ်းလေးကွေးသွားအောင်ပြုံးလိုက်ပြီး သူမအနားမှာဒီလိုလေးမှီအိပ်ရတာက
ဆေးချရတာထက် အရသာရှိသလိုပဲ။
ဒီနေ့ည စီးကရက်မသောက်ရပေမဲ့မင်းလည်တိုင်လေးမှာ အမှတ်အသားလုပ်လိုက်ရတာ ကျေနပ်သလိုပဲ။
ကိုယ်မင်းကို တကယ်ချစ်သလား
မချစ်ဘူးလားဆိုတာမသေချာပေမဲ့
မင်းကိုအနားကနေထွက်မသွားစေချင်တာတော့ အမှန်ပါ။
သူကမွန်းရင်ခွင်ထဲကိုပိုလို့တိုး၀င်ကာ မှေးစက်အိပ်ပျော်သွားပါသည် ။
မွန်းရဲ့ လက်မောင်းကို ခေါင်းအုံးလုပ်အိပ်နေတဲ့သူ့ကြောင့် လက်မောင်းတောင်ကိုက်လာပြီ။
"ရှင် တော်တော် ရက်စက်တာပဲ ကျွတ် ကျွတ် ကျွတ် နာလိုက်တာ"
သူ့ခေါင်းကို ပခုံးပေါ်မှ ခေါင်းအုံးပေါ် သို့အသာဖယ်ချ၍ သူ့ရဲ့ဆံပင်တွေကို ဖွပွတ်ကြည့်ရင်း
"ရှင် ဘာလို့ အဲ့လောက် ရှုပ်ပွေ ဆိုးပေ နေရတာလဲ ကို ရယ် "
မွန်းက သူ့ဘက်သို့စောင်းအိပ်လိုက်ပြီး
"ရှင်သာ လူကောင်းတစ်ယောက်ဆိုရင် မွန်းရှင့်ကိုငြင်းဆန်မိမယ်မထင်ဘူး
ဒါပေမဲ့လည်း အခု ရှင် မွန်းအပေါ်ရက်စက်လျှက်တောင် မွန်း ရှင့်ကို....."
ဆက်မပြောနိုင်ပဲမွန်းနှုတ်ဆိတ်သွားပြန်သည်။
သူ့ကိုစောင်ခြုံပေးကာ အိပ်ယာပေါ်မှ ထ ထွက်လာခဲ့သည် ။
သတိရှိလျှက်နဲ့ သူနဲ့အတူ တစ်ကုတင်ထဲမှာ မကုန်ဆုံးနိုင်ဘူး။
မွန်းဘက်ကတက်နိုင်သလောက်ခုခံရမှာပဲ။
သူ့လုပ်ရပ်တွေကိုမလွန်ဆန်နိုင်ခဲ့ရင်တောင်.....
===================
အတ္တသည် မိုးလင်းခါနီးလာလေ ရင်ထဲမှာလည်း ဟာတာတာ နဲ့။
အိပ်ရတာလည်းနွေးထွေးအိစက်မှုမရှိတော့သည်မို့ မျက်လုံးများအားယူ၍ဖွင့်လိုက်သည်။
Advertisement
ထို့နောက်ပထမဆုံးသတိပြုမိတာက သူအိပ်နေတာသူမရင်ခွင်ထဲမဟုတ်တော့ပဲခေါင်းအုံးပေါ်မှာအတ္တ ဆက်ကနဲ ထထိုင်မိရာ
"အ....အား....."
ဒဏ်ရာကိုမေ့သွားသည်မို့ အရင်တိုင်းပေါ့ပေါ့ပါးပါးထိုင်လိုက်မိသဖြင့် ဗိုက်ကခေါက်သွားသည်မို့ ချုပ်ရိုးစနားက သွေးနည်းနည်းဆို့လာ၏ ။
သို့သော် သူမမှုနိုင်ဘဲ သူမ ထွက်သွားမှာကိုပိုကြောက်မိသည်။
မတ်တပ်ထရန် အားယူစဉ် တွေ့လိုက်ရသည့် မှန်တင်ခုံနားက ဆိုဖာသေးသေးလေးပေါ်မှာ
ခွေခွေလေးအိပ်နေသည့်သူမက တကယ့်ကိုသေးသေးလေး။
အတ္တသည် ရင်ထဲကဟာနေတဲ့ကွက်လပ်နေရာဖြည့်စွပ်ပြီးသားဖြစ်သွားသလို ဒေါသလည်းဖြစ်မိပါသည် ။
အနားကနေ ဘယ်မှာမသွားပါနဲ့ မှာထားရဲ့နဲ့။
မင်းကိုယ့်ကို အဲ့သလောက်ပဲကြောက်လား။
အတူတောင်မနေနိုင်ဘူးလားကွာ ။
ကုတင်အောက်ကိုခြေဆင်းပြီးသား ဖြစ်သည်မို့
သူမအနားကိုရောက်အောင်သွားချင်သည် ။
ဒဏ်ရာရတဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်စိတ်ပျက်မိသည် ။
တကယ်ဆိုလျှင် သူမကိုအသာပွေ့ပြီး ကိုယ့်ဘေးမှာပြန်ခေါ်ထားရမှာ မဟုတ်လား ။
"အား..... ကျစ် ...... တောက်"
သူ့ရဲ့တောက်ခေါက်သံ ကျယ်လောင်သွားသည်မို့ သူမ လန့်နိုးသွား၏ ။
လက်ဖဝါးလေးနှစ်ခုကိုခေါင်းအုံးအိပ်နေသည့်သူမက ထထိုင်ပြီး မျက်လုံးလေးတွေကိုပွတ်နေသည်။
တကယ်ကလေးလေးတစ်ယောက်လိုပါပဲလား။
အတ္တ သက်ပြင်းတစ်ချက်ချလိုက်စဥ်
မွန်းသည် ထိုင်နေသည့်သူ့ကိုမြင်သဖြင့်
ခပ်သွက်သွက် အနားသွား၍
"ရှင် နိုးနေပြီလား "
သူကဘာမှပြန်မဖြေတာကြောင့် မျက်ခုံးတို့ကတွန့်ကျသွားပြီး
"ဘာလို့ ထိုင်နေတာလဲဟင် ဒဏ်ရာက မနာဘူးလား"
သူက မဖြေသော်လည်း သူမ ထပ်မေးမိပြန်၏။
"ဟက်...မေးသေးတယ်နော် "
သူ့ရဲ့ခနဲ့သလိုစကားကြောင့် မွန်းက မျက်လုံးဝိုင်းလေးနဲ့ကြည့်နေရသည်။
"မင်းကြောင့် ဒီလိုပုံစံဖြစ်နေတာ "
"ကျွန်မ ဘာလုပ်မိလို့လဲ"
"မင်း ကိုယ့်အနားကို တကယ်ကိုမနေချင်ဘူးလား မွန်း မနေ့က အတန်တန်မှာထားရဲ့နဲ့ကွာ "
"ဟင်!"
မွန်းက သူ့အင်္ကျီအဖြူ မှာသွေးစအနည်းငယ်မြင်သဖြင့်
"ရှင် ရှင့် ဒဏ်ရာ ..."
သူမက သူ့အနားမှာ ဒူးထောက်ထိုင်လိုက်ပြီး အင်္ကျီကိုလှန်ကြည့်မည်အပြုမှာ....
"ထားလိုက် ခဏနေ သွေးတိတ်သွားလိမ့်မယ်"
မွန်းလက်တွေကိုသူကဖယ်ချလိုက်ပါသည်။
"ဘာလို့ အခုလိုမျိုး တဇွတ်ထိုးတွေလုပ်ရတာလဲ ရှင့် ဒဏ်ရာ ချုပ်ရိုးပြေသွားရင် ဘယ်လိုလုပ်မလဲ"
"မင်းကြောင့်ပဲလေဒဏ်ရာချုပ်ရိုးပြေမှာထက် မင်း ထွက်သွားမှာကိုပိုစိုးရိမ်လို့ အခုလိုဖြစ်တာ "
မွန်းမှာ ကျေနပ်ရမလို ဝမ်းနည်းရမလိုဖြစ်သွားစဥ်မှာ
"ချုပ်ရိုးပြေလည်း ကိစ္စမရှိဘူး မင်းပေးတဲ့ဒဏ်ရာကို ပျောက်အောင်ကုပေးမယ့် မေ ရှိတယ် "
အတ္တ ရဲ့စကားတစ်ခွန်း အဆုံးမှာမွန်းရဲ့ မျက်ရည်တစ်စက်က သူ့ခြေထောက်ပေါ်သို့ ပေါက်ကနဲ ။
သူ့ရှေ့မှာထိုင်နေသည့်သူမက မတ်တပ်ပြန်ရပ်၍ မျက်တောင်တွေတဖျက်ဖျက်ပုတ်နေ၏ ။
အတ္တ ကမဲ့ပြုံးလိုက်ပြီး ခြေထောက်ကို ကုတင်ပေါ်ပြန်တင်ကာ နံရံကိုမှီ၍ခြေဆင်းထိုင်လိုက်သည်။
မွန်း သူ့မျက်နှာကိုတောင်မကြည့်ချင်တော့ဘူး။
ဒီကတော့ စိုးရိမ်လိုက်ရတာ မွန်းကိုယ်မွန်းတောင်အပစ်တင်မိတော့မလို့။
ဒါပေမဲ့ ရှင့် ပါးစပ်ကထွက်လာတဲ့စကားက မေ ရှိတယ်တဲ့လား ရှင်တကယ်လှည့်စားနိုင်လွန်းတယ်
မွန်းကိုသတ်သမှတ်ကစားနေတာမဟုတ်လား။
မွန်းပေးတဲ့ဒဏ်ရာတဲ့လား မွန်းရင်ထဲကို၀င်ကြည့်စမ်းပါ ရှင်ပေးတဲ့ဒဏ်ရာတွေ ဘယ်လောက်များလဲဆိုတာ......
==============================
အမှာပါရင်ခွင့်လွှတ်ပါ
အပိုင်း(20)ဆက်ရန်
ဒီအပိုင်းကတော်တော်တိုသွားတာသိပါတယ်
ဒါပေမဲ့ ဒါလေးပဲဖတ်ပေးပါနော် မနက်ဖြန်မှဆက်upပေးပါ့မယ်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(19)
ရွင္ တန္ဖိုးမထားတတ္ဘူးမဟုတ္လား။
မိန္းကေလးေတြကိုတန္ဖိုးမထားတတ္ဘူး။
ရွင့္ရဲ႕ဆြဲေဆာင္နိုင္လြန္းတဲ့ခဲေရာင္မ်က္လုံးေတြ
အနမ္းကြၽမ္းက်င္နဲ႕ ႏႈတ္ခမ္းေတြ နဲ႕ မြန္းကိုျပဳစားသလို ဘယ္ႏွစ္ေယာက္ေတာင္ျပဳစားခဲ့ၿပီးၿပီလဲ။ ေၾကာက္တယ္ ရွင့္ကိုခ်စ္ရမွာကို မြန္း သိပ္ကိုေၾကာက္တယ္။
အတၱဟာ ၿငိမ္သက္ေနတဲ့ သူမ မ်က္ႏွာေပၚမွာ အေတြးေတြအမ်ားႀကီးရွိေနမွန္း သတိထားမိပါသည္။
ျဖဴဖက္ဖက္အတၱရဲ႕ႏႈတ္ခမ္းေတြက သူမရဲ႕မ်က္ရည္စက္ကေလးမ်ားနားခိုရာ ပါးျပင္ရဲရဲေလးေပၚမွာတံဆိပ္အႀကိမ္ႀကိမ္ရိုက္ခက္ၿပီးသူမရဲ႕နား႐ြက္ နဲ႕ နားထင္ေတြမွာ သူ႕ရဲ႕၀င္သက္ထြက္သက္ေတြ ယွက္ေျပးေန၏။
မြန္းသည္ သူ႕ကိုလုံး၀လွည့္မၾကည့္ပဲ
အံႀကိတ္ကာ ၿငိမ္ေနလိုက္သည္ ။
အ႐ြဲ႕တိုက္ျခင္းဆိုတာသူသိပါေစ။
အတၱ သူမရဲ႕နားထဲကို 'ဟူး ကနဲေလမႈတ္လိုက္သည့္အခါ မြန္း တြန့္သြား၏။
"စိတ္မေကာက္ပါနဲ႕ "
သူ႕အနားမွာေနရာတာဟာ မြန္းရင္ထဲမွာ တလွပ္လွပ္နဲ႕ ရိုလာကိုစတာစီးရသလိုပဲ ။
"ကိုယ့္ကို ေမ ကေဆးေသာက္ခိုင္းသြားတယ္ မဟုတ္လား ကိုယ့္ကိုေဆးတိုက္ပါဦး"
မြန္းက မ်က္လုံးေစြၾကည့္၍ အျမင္ကပ္လိုက္တာ ။
"ကိုယ့္ဟာကိုယ္ေသာက္ေပါ့ ရွင့္ရဲ႕ေမ စကားကိုနားေထာင္လိုက္ပါ"
"ယူေပး ကိုယ္မကုန္းနိုင္ဘူး"
စားပြဲကလည္းမြန္းေဘးမွာမဟုတ္လား ။
သူ႕ဒဏ္ရာႀကီးနဲ႕မို႔ မြန္းကယူေပးလိုက္ပါသည္။
"ေရာ့"
"ေမ ကေဆးနည္းနည္းေလးပဲေပးခဲ့တာလား"
"ေမ ေမ နဲ႕ တအားကို ပဲ သြားေခၚလိုက္ပါ့လား"
မြန္းသည္ အျမင္ကပ္ကပ္ႏွင့္ေျပာလိုက္သည့္အခါ
"မင္းကိုလည္း မြန္း လို႔ေခၚတာပဲေလ"
"ဟြန့္ တစ္ခါတစ္ေလမ်ား"
"ထုတ္ေပးဦး"
သူခိုင္းခ်င္တာမ်ားခိုင္းေနရရင္ သူ႕မ်က္ႏွာဟာေျပပ်စ္ေနတာပဲ။
မဟုတ္ရင္မ်ားသိပ္ေၾကာက္စရာေကာင္းတာ။
မြန္း ျမန္ျမန္ၿပီးေအးတာပဲဆို၍ သူ႕လက္ထဲထည့္ေပးလိုက္၏။
"မင္းကို ဟိုတစ္ခါေဆးတိုက္သလို ကိုယ့္ကိုျပန္တိုက္ပါ့လား"
"ဘယ္လို?"
"မမွတ္မိဘူးလား ေရငုံၿပီး ႏႈတ္ခမ္းခ်င္း..."
"ရွင္ေနာ္ ကြၽန္မ အျပင္မွာအိပ္မယ္ ဖယ္... "
ေမွာင္ရည္ပ်ိဳးစေရာက္ၿပီမို႔ မြန္းသူနဲ႕မေနရဲပါ ။
ေနသာမေကာင္းတာ လူကိုေစာနကတည္းကဇြတ္နမ္းထားတာ ။
သူကေဆးအျမန္ေသာက္ကာ လက္ကေနျပန္ဆြဲခ်ၿပီး မြန္း ပုခုံးနဲ႕လည္ပင္းၾကားမွာ ေခါင္းမွီလိုက္သည္။
"ကိုယ့္ကို ဖက္ထားေပး ေနမေကာင္းဘူး ေခါင္းကိုက္တယ္အိပ္မလို႔"
"ဖယ္ပါ ရွင့္ဟာရွင္ ေခါင္းအုံးနဲ႕အိပ္"
"မင္းက ကိုယ့္ေခါင္းအုံးပဲ"
"ဖယ္လို႔ ကြၽန္မ ေရွ႕ထြက္မယ္ ဖယ္ပါဆိုေန အတၱ !"
သူမ သူ႕နာမည္ပါတပ္ေခၚသည့္အခါ
"နားၿငီးတယ္လို႔ ၿပီးမွ အဆိုးမဆိုနဲ႕ေနာ္"
သူက မြန္းရဲ႕ပုခုံးေပၚကေနေမာ့ၾကည့္ၿပီး မ်က္ႏွာတင္းတင္းနဲ႕ေျပာလိုက္သည္။
"ဖယ္ပါေန ပုခုံးက ရွင့္ေၾကာင့္ဒဏ္ရာရထားတာေနာ္ နာတယ္ ဖယ္လို႔ ကြၽန္မ ... အ...အာ....အင္း.....အ..."
အတၱသည္ စကားမ်ားလြန္းတဲ့သူမကို ရင္ဘက္နားမွာမွီထားတာမို႔ မွီတဲ့ သူမလည္တိုင္နဲ႕ရင္ၫြန့္ေနရာကို အတင္းစုပ္သပ္ပစ္လိုက္၏။
အတန္ၾကာသည္အထိ ထိုေနရာကို ကိုက္ခဲထား
ထားၿပီးမွ ဖြဖြေလးနမ္းကာျပန္လႊတ္လိုက္ေတာ့
"အ...."
အတၱကိုက္လိုက္သည့္ ခပ္ႀကီးႀကီးေသြးေျခဥအကြက္သည္ သူမလည္တိုင္ဆက္နားမွာအနီညိုေရာင္ျဖစ္၍ အျဖဴေရာင္အသားအေရေပၚမွာထင္ရွားစြာ။
"ရွင္ အရမ္းၾကမ္းတမ္းတယ္ ရွင့္အသားမဟုတ္တိုင္း အရမ္းနာတယ္ရွင့္ ခံၾကည့္ပါ့လား "
မြန္းမေက်မနပ္ ကပ္ကပ္လန္ျပန္ေျပာပစ္လိုက္ရာသူကေခါင္းေထာင္လာၿပီး သူ႕လည္ပင္းေနရာၾကယ္သီးတစ္လုံးျဖဳတ္ေပးသည္။
"ျပန္ကိုက္ေလ"
"ဘာ!"
သူကမ်က္ခုံးတစ္ဖက္ပင့္သက္ျပရင္း
"ကိုယ္ခြင့္ျပဳတယ္ မင္းကိုက္ခ်င္ရင္ကိုက္"
သူ႕ရဲ႕ အေၾကာစိမ္းစိမ္းေတြထင္ရွားေနသည့္ လည္ပင္းေနရာကို ေမာ့ျပရင္း ေျပာဆိုသည္။
"ကိုက္ရေအာင္ကြၽန္မကေခြးမွမဟုတ္တာ"
"အဲ့တာဆို ႏႈတ္ခမ္းေရာ"
အတၱက မြန္းမ်က္ႏွာကိုျပန္ဆြဲလွည့္လိုက္လွ်င္
မြန္းသည္ သူ႕ေအာက္ႏႈတ္ခမ္းမွာ ခုနက မြန္းကိုက္ထားလို႔ ေသြးစေသးေသးေလးကိုျမင္၍
"ေတာ္စမ္းပါ ကြၽန္မ မနမ္းခ်င္ပါဘူးေနာက္ထပ္ ကိုက္ပစ္လိုက္မွာေနာ္ "
"မင္းသေဘာ! "
" ရွင္ေတာ္ေတာ္အကိုက္ခံခ်င္ေနတာလား!"
"မင္းကို နမ္းတတ္ေအာင္သင္ေပးထားတယ္ေလ အလကားသင္ေပးတာမဟုတ္ဘူး ကိုယ့္ကိုျပန္နမ္းဖို႔"
"ရွင္ဘယ္လိုျဖစ္ေနတာလဲ ကြၽန္မ မုန္းတယ္ အဲ့လိုေတြမႀကိဳက္ဘူး "
အတၱ သူမပုခုံးမွာျပန္မွီ၍
"အိုေခ ကိုယ္ မေျပာေတာ့ဘူး ဒါေပမဲ့ ၿငိမ္ၿငိမ္ေတာ့ေနေနာ္ ထြက္မေျပးနဲ႕ "
မြန္း သက္ျပင္းခ်ရင္း ၿငိမ္ေနေပးလိုက္သည္။
အတၱသည္ ႏႈတ္ခမ္းေလးေကြးသြားေအာင္ၿပဳံးလိုက္ၿပီး သူမအနားမွာဒီလိုေလးမွီအိပ္ရတာက
ေဆးခ်ရတာထက္ အရသာရွိသလိုပဲ။
ဒီေန႕ည စီးကရက္မေသာက္ရေပမဲ့မင္းလည္တိုင္ေလးမွာ အမွတ္အသားလုပ္လိုက္ရတာ ေက်နပ္သလိုပဲ။
ကိုယ္မင္းကို တကယ္ခ်စ္သလား
မခ်စ္ဘူးလားဆိုတာမေသခ်ာေပမဲ့
မင္းကိုအနားကေနထြက္မသြားေစခ်င္တာေတာ့ အမွန္ပါ။
သူကမြန္းရင္ခြင္ထဲကိုပိုလို႔တိုး၀င္ကာ ေမွးစက္အိပ္ေပ်ာ္သြားပါသည္ ။
မြန္းရဲ႕ လက္ေမာင္းကို ေခါင္းအုံးလုပ္အိပ္ေနတဲ့သူ႕ေၾကာင့္ လက္ေမာင္းေတာင္ကိုက္လာၿပီ။
"ရွင္ ေတာ္ေတာ္ ရက္စက္တာပဲ ကြၽတ္ ကြၽတ္ ကြၽတ္ နာလိုက္တာ"
သူ႕ေခါင္းကို ပခုံးေပၚမွ ေခါင္းအုံးေပၚ သို႔အသာဖယ္ခ်၍ သူ႕ရဲ႕ဆံပင္ေတြကို ဖြပြတ္ၾကည့္ရင္း
"ရွင္ ဘာလို႔ အဲ့ေလာက္ ရႈပ္ေပြ ဆိုးေပ ေနရတာလဲ ကို ရယ္ "
မြန္းက သူ႕ဘက္သို႔ေစာင္းအိပ္လိုက္ၿပီး
"ရွင္သာ လူေကာင္းတစ္ေယာက္ဆိုရင္ မြန္းရွင့္ကိုျငင္းဆန္မိမယ္မထင္ဘူး
ဒါေပမဲ့လည္း အခု ရွင္ မြန္းအေပၚရက္စက္လွ်က္ေတာင္ မြန္း ရွင့္ကို....."
ဆက္မေျပာနိုင္ပဲမြန္းႏႈတ္ဆိတ္သြားျပန္သည္။
သူ႕ကိုေစာင္ၿခဳံေပးကာ အိပ္ယာေပၚမွ ထ ထြက္လာခဲ့သည္ ။
သတိရွိလွ်က္နဲ႕ သူနဲ႕အတူ တစ္ကုတင္ထဲမွာ မကုန္ဆုံးနိုင္ဘူး။
မြန္းဘက္ကတက္နိုင္သေလာက္ခုခံရမွာပဲ။
သူ႕လုပ္ရပ္ေတြကိုမလြန္ဆန္နိုင္ခဲ့ရင္ေတာင္.....
===================
အတၱသည္ မိုးလင္းခါနီးလာေလ ရင္ထဲမွာလည္း ဟာတာတာ နဲ႕။
အိပ္ရတာလည္းႏြေးေထြးအိစက္မႈမရွိေတာ့သည္မို႔ မ်က္လုံးမ်ားအားယူ၍ဖြင့္လိုက္သည္။
ထို႔ေနာက္ပထမဆုံးသတိျပဳမိတာက သူအိပ္ေနတာသူမရင္ခြင္ထဲမဟုတ္ေတာ့ပဲေခါင္းအုံးေပၚမွာအတၱ ဆက္ကနဲ ထထိုင္မိရာ
"အ....အား....."
ဒဏ္ရာကိုေမ့သြားသည္မို႔ အရင္တိုင္းေပါ့ေပါ့ပါးပါးထိုင္လိုက္မိသျဖင့္ ဗိုက္ကေခါက္သြားသည္မို႔ ခ်ဳပ္ရိုးစနားက ေသြးနည္းနည္းဆို႔လာ၏ ။
သို႔ေသာ္ သူမမႈနိုင္ဘဲ သူမ ထြက္သြားမွာကိုပိုေၾကာက္မိသည္။
မတ္တပ္ထရန္ အားယူစဥ္ ေတြ႕လိုက္ရသည့္ မွန္တင္ခုံနားက ဆိုဖာေသးေသးေလးေပၚမွာ
ေခြေခြေလးအိပ္ေနသည့္သူမက တကယ့္ကိုေသးေသးေလး။
အတၱသည္ ရင္ထဲကဟာေနတဲ့ကြက္လပ္ေနရာျဖည့္စြပ္ၿပီးသားျဖစ္သြားသလို ေဒါသလည္းျဖစ္မိပါသည္ ။
အနားကေန ဘယ္မွာမသြားပါနဲ႕ မွာထားရဲ႕နဲ႕။
မင္းကိုယ့္ကို အဲ့သေလာက္ပဲေၾကာက္လား။
အတူေတာင္မေနနိုင္ဘူးလားကြာ ။
ကုတင္ေအာက္ကိုေျခဆင္းၿပီးသား ျဖစ္သည္မို႔
သူမအနားကိုေရာက္ေအာင္သြားခ်င္သည္ ။
ဒဏ္ရာရတဲ့ ကိုယ့္ကိုယ္ကိုယ္ တကယ္စိတ္ပ်က္မိသည္ ။
တကယ္ဆိုလွ်င္ သူမကိုအသာေပြ႕ၿပီး ကိုယ့္ေဘးမွာျပန္ေခၚထားရမွာ မဟုတ္လား ။
"အား..... က်စ္ ...... ေတာက္"
သူ႕ရဲ႕ေတာက္ေခါက္သံ က်ယ္ေလာင္သြားသည္မို႔ သူမ လန့္နိုးသြား၏ ။
လက္ဖဝါးေလးႏွစ္ခုကိုေခါင္းအုံးအိပ္ေနသည့္သူမက ထထိုင္ၿပီး မ်က္လုံးေလးေတြကိုပြတ္ေနသည္။
တကယ္ကေလးေလးတစ္ေယာက္လိုပါပဲလား။
အတၱ သက္ျပင္းတစ္ခ်က္ခ်လိဳက္စဥ္
မြန္းသည္ ထိုင္ေနသည့္သူ႕ကိုျမင္သျဖင့္
ခပ္သြက္သြက္ အနားသြား၍
"ရွင္ နိုးေနၿပီလား "
သူကဘာမွျပန္မေျဖတာေၾကာင့္ မ်က္ခုံးတို႔ကတြန့္က်သြားၿပီး
"ဘာလို႔ ထိုင္ေနတာလဲဟင္ ဒဏ္ရာက မနာဘူးလား"
သူက မေျဖေသာ္လည္း သူမ ထပ္ေမးမိျပန္၏။
"ဟက္...ေမးေသးတယ္ေနာ္ "
သူ႕ရဲ႕ခနဲ႕သလိုစကားေၾကာင့္ မြန္းက မ်က္လုံးဝိုင္းေလးနဲ႕ၾကည့္ေနရသည္။
"မင္းေၾကာင့္ ဒီလိုပုံစံျဖစ္ေနတာ "
"ကြၽန္မ ဘာလုပ္မိလို႔လဲ"
"မင္း ကိုယ့္အနားကို တကယ္ကိုမေနခ်င္ဘူးလား မြန္း မေန႕က အတန္တန္မွာထားရဲ႕နဲ႕ကြာ "
"ဟင္!"
မြန္းက သူ႕အကၤ်ီအျဖဴ မွာေသြးစအနည္းငယ္ျမင္သျဖင့္
"ရွင္ ရွင့္ ဒဏ္ရာ ..."
သူမက သူ႕အနားမွာ ဒူးေထာက္ထိုင္လိုက္ၿပီး အကၤ်ီကိုလွန္ၾကည့္မည္အျပဳမွာ....
"ထားလိုက္ ခဏေန ေသြးတိတ္သြားလိမ့္မယ္"
မြန္းလက္ေတြကိုသူကဖယ္ခ်လိဳက္ပါသည္။
"ဘာလို႔ အခုလိုမ်ိဳး တဇြတ္ထိုးေတြလုပ္ရတာလဲ ရွင့္ ဒဏ္ရာ ခ်ဳပ္ရိုးေျပသြားရင္ ဘယ္လိုလုပ္မလဲ"
"မင္းေၾကာင့္ပဲေလဒဏ္ရာခ်ဳပ္ရိုးေျပမွာထက္ မင္း ထြက္သြားမွာကိုပိုစိုးရိမ္လို႔ အခုလိုျဖစ္တာ "
မြန္းမွာ ေက်နပ္ရမလို ဝမ္းနည္းရမလိုျဖစ္သြားစဥ္မွာ
"ခ်ဳပ္ရိုးေျပလည္း ကိစၥမရွိဘူး မင္းေပးတဲ့ဒဏ္ရာကို ေပ်ာက္ေအာင္ကုေပးမယ့္ ေမ ရွိတယ္ "
အတၱ ရဲ႕စကားတစ္ခြန္း အဆုံးမွာမြန္းရဲ႕ မ်က္ရည္တစ္စက္က သူ႕ေျခေထာက္ေပၚသို႔ ေပါက္ကနဲ ။
သူ႕ေရွ႕မွာထိုင္ေနသည့္သူမက မတ္တပ္ျပန္ရပ္၍ မ်က္ေတာင္ေတြတဖ်က္ဖ်က္ပုတ္ေန၏ ။
အတၱ ကမဲ့ၿပဳံးလိုက္ၿပီး ေျခေထာက္ကို ကုတင္ေပၚျပန္တင္ကာ နံရံကိုမွီ၍ေျခဆင္းထိုင္လိုက္သည္။
မြန္း သူ႕မ်က္ႏွာကိုေတာင္မၾကည့္ခ်င္ေတာ့ဘူး။
ဒီကေတာ့ စိုးရိမ္လိုက္ရတာ မြန္းကိုယ္မြန္းေတာင္အပစ္တင္မိေတာ့မလို႔။
ဒါေပမဲ့ ရွင့္ ပါးစပ္ကထြက္လာတဲ့စကားက ေမ ရွိတယ္တဲ့လား ရွင္တကယ္လွည့္စားနိုင္လြန္းတယ္
မြန္းကိုသတ္သမွတ္ကစားေနတာမဟုတ္လား။
မြန္းေပးတဲ့ဒဏ္ရာတဲ့လား မြန္းရင္ထဲကို၀င္ၾကည့္စမ္းပါ ရွင္ေပးတဲ့ဒဏ္ရာေတြ ဘယ္ေလာက္မ်ားလဲဆိုတာ......
==============================
အမွာပါရင္ခြင့္လႊတ္ပါ
အပိုင္း(20)ဆက္ရန္
ဒီအပိုင္းကေတာ္ေတာ္တိုသြားတာသိပါတယ္
ဒါေပမဲ့ ဒါေလးပဲဖတ္ေပးပါေနာ္ မနက္ျဖန္မွဆက္upေပးပါ့မယ္
Advertisement
- In Serial27 Chapters
Saved Memories
Eli Di Sinnett lives a very different life from how he remembered living in his first life. From a commoner to royalty; a novelist to a prince; even the universe is worlds apart from his modern time living in the United States. Mythical Beasts, conspiracies - Eli strives to sate his curiosity on this new world of his. Boys Love.
8 249 - In Serial14 Chapters
How Not to Use Magic
Perhaps, deep down, Pat always knew it had been a bad idea. Truly, what had he been thinking that night. Did Patrick Alixa really think that a party hosted by those... monsters would go well? Of course he didn't, he wasn't a fool. Despite what the Ferins may believe, Humans knew all too well the dangers of this world. But while he wasn't a fool, he was lonely. Patrick had just wanted a friend, going to a new school was scary, especially to one who'd never been to one before. But, in the end... Patrick had made three mistakes that damned night. Well, more then three, but three major ones. The first was showing up in the first place, Patrick hadn't belonged there, not in the slightest. He knew it, everyone knew it. The other two were much more deadly, and proved truly foolish. But then again, how could he have known, he was just a stupid, weak human... right? (1 Chapter Every whenever I get them done)
8 98 - In Serial9 Chapters
Magpie People
a not-quite-book about not-quite-kids seeing not-quite-real things, sometimes. i hope it makes you think about birds.
8 105 - In Serial24 Chapters
Forgotten | Yoonmin
"I love you, I know you don't feel the same"Jimin from BTS lost memory one year before the accident and things aren't as he remembered... Including the way one of his 6 roommates are acting.
8 154 - In Serial46 Chapters
I Need To Exchange My Demon, Please
Marcus narrowed his eyes at her and brought a hand up, tangling his hand in her hair and tugging on it so she was looking up at him. "You're asking for it, Mila. I could have you moaning my name and begging for more in seconds," he said, squeezing her ass and rubbing himself against her. Mila inhaled sharply and let out an involuntary whimper, craving to be closer to him, with nothing in the way."You're all talk," she said breathlessly. "All talk, no action. You talk too much," she said, looking up at him with darkened eyes. "I'll believe it when I see it."Marcus growled, planting another hard kiss on her lips, pinning her to the wall with his body as his hands slid down lower on her ass, fingers curling around her inner thighs and getting dangerously close to where she was already wet for him. "You're going to eat those words, Mila," he said against her lips, pushing off the wall and carrying her towards the bedroom. "You're going to eat them while I fuck you so good you scream my name."Mila is desperate for money. So desperate she is willing to do anything to get it and has tried most things. She reaches the end of hope that she will get the the necessary amount in time to take care of the person who needs it, until she remembers her life insurance. The life insurance she gets through her work could cover everything, the only issue being it requires her death and a suicide-clause means she can't do it herself. Desperate enough to sacrifice her life, she finds hiring someone to do it too expensive and one night while drunk, she turns to her superstitious roots and tries to summon a demon to do the deed for her. Several failed attempts later, she's surprised to discover it actually worked, and a surprisingly attractive demon named Marcus is standing in her living room, refusing to accept her request and sparking a lot of feelings she wasn't expecting to have for a demon from hell.this book comes down Nov 1st, then only on patreon
8 243 - In Serial54 Chapters
Vampire King
In the land of gods and monsters I was an angel; living in the garden of hell. Tyler King- the most powerful vampire on earth, the King of all vampires. Shae Valentine, a simple quiet oblivious human girl and Tyler's after her to stake his claim.In everything he did, he always was surrounded by a darkness. He didn't think anyone could change that. But she did. Shae Valentine made him feel things he never knew was possible. She made him explore new things and love. She was his saving grace. Just as he was hers.Even the Vampire King has a weakness.Highest rank: #1 in vampire 7/11/16Amazing cover by: @ellysmithy*book 1 of the 'crimson' series**completed as of 1/3/17*needs to be majorly editedNO TRANSLATIONS YOU WILL BE IGNORED
8 131

