《အတ္တလွန်အချစ် (OC) Completed》Part (26) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(26)
သူမရဲ့ ပုခုံးနှစ်ဖက်မှာ ဆွဲညှစ်ခံလိုက်ရ၍
"ရှင် မကြားလို့လား အ...နာတယ် "
သူမကိုထပ်ပြီးတော့လည်း နာကျင်အောင် မလုပ်ချင်သလို ဒီလိုအခြေအနေကြီးကိုလည်းမကြိုက်ပါ။ သူမကျေနပ်အောင်ချော့ပေးမယ် လို့ဆုံးဖြတ်ပြီးသားမို့ အတ္တ မျက်လွှာချပြီး သူမကိုလွှတ်ပေးကာ
"နောက်တစ်ခါ ကိုယ့်နားကနေထွက်သွားပါမယ်ဆိုတဲ့ စကားမျိုး ထပ်မပြောနဲ့ သတိပေးပြီးသွားပြီ မင်းထပ်ပြောတဲ့အခါ ကိုယ်ဘာလုပ်မယ်ဆိုတာမင်းသိမှာပါ ဒီတစ်ကြိမ်ခွင့်လွှတ်ပေးမယ် မင်းအခန်းကိုပြန်တော့"
အတ္တဟာ သူမကိုကျောပေးပြီးခါးထောက်ကာဆိုလိုက်သည်။ မွန်းသည် သူ့ကျောပြင်ကိုငေးမိနေရင်း သူဒီလိုစကားမျိုးဆိုတော့လည်း ရင်ထဲမှာ အမည်မသိတဲ့ခံစားချက်မျိုး၀င်လာရသည်။ အမြဲတမ်းကိုယ့်အပေါ်ကိုကြမ်းတမ်းပြီး အနိုင်ယူနေကျသူက အလျော့ပေးနေတော့ နေသားမကျသလိုခံစားရသည်။
ဘာပဲဖြစ်ဖြစ် သူအလျော့ပေးတုန်း ထွက်သွားရမှာပဲ။ မွန်းဟာ လှည့်ကာ ထွက်သွားသည့်အခါတွင် အတ္တ လည်း စီးကရက်မီးညှိပြီး ဖုန်းကောက်ဆက်လိုက်၏။
"အလင်း ခဏလာခဲ့"
မကြာပါဘူး သခင်လိုအပ်ရင် အသင့်ဆိုတဲ့အလင်းက အခန်းတံခါးပိတ်မထားတာကြောင့် ၀င်လာခဲ့၏။
"ဘာခိုင်းစရာရှိလို့လဲ သခင်လေး"
"မနက်ဖြန်ပြင်သစ်ကိုထွက်မယ့် လေယာဉ်လက်မှတ် ၂စောင်ရချင်တယ် "
"သခင်လေးနဲ့မမလေး ၂ယောက်တည်းလား"
"အင်း မင်းကဒီကအလုပ်တွေ ဆက်ရဦးမယ်"
"ဒါပေမဲ့..."
"ငါ ငါ့ကောင်မလေး အတွက်တော့ ကာကွယ်နိုင်ပါတယ် မင်းနေခဲ့လို့ဖြစ်တယ်"
ဘယ်ချိန်မဆို အတိုက်အခိုက်ကင်းသည့်သူမဟုတ်တာကြောင့်အမြဲ Bodyguardဖြင့်သွားလာရသူဖြစ်ပြီး များများစားစားမပါရင်တောင် အလင်းကအနားမှာရှိနေရတယ်မဟုတ်လား။ ဒါဟာ အလင်းမပါပဲ ပထမဆုံးအကြိမ်ခရီးထွက်ခြင်းမျိုးဖြစ်ခဲ့ပါလျှင်
"ဟုတ်ကဲ့ သခင်လေး ဖုန်းဆက်တာနဲ့ ကျွန်တော် ချက်ချင်းလိုက်ခဲ့ပါ့မယ်"
ဦးညွတ်၍ အလင်းပြန်ထွက်သွားပါသည်။
===========================
ကျွီ....
"ရေချိုးနေပြန်ပြီလားကျစ်.... ဒီကောင်မလေး ကလည်း ခဏခဏဖျားတတ်တာကို တစ်ရက်ရေဘယ်နှခါချိုးနေမှန်းမသိဘူး"
အတ္တဟာ အိပ်ယာပေါ်မှာ သူမကိုမတွေ့တာကြောင့် ရေချိုးခန်းတံခါးရှေ့တွင် ခြေစုံရပ်ကာ
တံခါးခေါက်ရန်ပြင်ဆင်လိုက်သည်။
"အမလေး"
တံဘက်အဖြူလေးသာပတ်၍ရေချိုးခန်းထဲမှ ထွက်လာသည့်သူမက ရေချိုးခန်းတံခါးရှေ့မှာ ခါးထောက်ပြီးရပ်နေသော အတ္တကိုမြင်မြင်ချင်း တံဘက်ကလေးကိုရင်မှာဖိလျှက် လန့်သွားရလေသည်။
"ဘယ်လိုလုပ်ဒီရောက်နေတာလဲ"
မျက်နှာ လည်ပင်း ဂုတ် ရင်ဘက် စသည်တံဘက်ဖြင့်လွတ်နေသောသူမခန္ဓာကိုယ်တစ်လျှောက် ရေသီးရေပေါက်ကလေးများတွဲလဲခိုလျှက်ရှိနေပြီး အတ္တသည်သူမရဲ့ လက်မှ ဆွဲခေါ်လိုက်လျှင်
"ဘာလုပ်တာလဲ "
"မင်း မနက်စောစောစီးစီး ဘာလို့ ရေချိုးပြန်ရတာလဲ အအေးပတ်မှာကို မတွေးမိဘူးလား ကိုယ်ခံအားကကောင်းရှာတော့ မနေ့ညနေကမှချိုးထားတာကိုရ၂၄နာရီမပြည့်သေးဘူး ရေထပ်ချိုးနေတယ် "
ဘယ်တုန်းကမှစကားကိုအရှည်ကြီးမပြောတတ်သော သူဟာ အခုသူမကို ဆက်တိုက်ဆူပြောနေသည်ဖြစ်ရာ
"ဘာတွေလာပြောနေတာလဲ သွားစမ်းပါ ရှင်နဲ့မတွေ့ချင်ဘူး"
အတ္တဟာ သူမပြောစကားကိုဂရုမစိုက်သလိုနဲ့ မှန်တင်ခုံရှေ့ကကုလားထိုင်ပေါ်သို့ ပုခုံးမှဖိချလိုက်ပြီး ခေါင်းပေါ်မှာအုပ်တင်ထားတဲ့ တံဘက်ကိုယူကာသူမလည်ပင်း မျက်နှာနှင့်ပုခုံးပေါ်က ရေတွေကို သုတ်ပေးနေ၏။
"ကျွန်မမှာ လက်ပါတယ် ဘယ်လိုဖြစ်နေလဲ"
ရေပြောင်အောင်သုတ်ပေးပြီးတဲ့အခါ ရေမဆိုအောင် အပေါ်မြှောက်ထုံးထားသည့်ဆံပင်တွေကို ဖြေချနေပြန်သည်။ သူမခေါင်းတွေရမ်းခါပြီး
"ဟာ ရှင်ဘာတွေလာလုပ်နေတာလဲ သူများ ဆံပင်ကမှ ရှုပ်တတ်ပါတယ်ဆိုနေ မကိုင်နဲ့ဖယ်"
"Baby မင်းငြိမ်ငြိမ်နေကွာ"
ဘီးယူကာ ရှင်းပေးရန်ပြင်ဆင်ပြီးမှ သူမပုံစံကိုပြန်ငုံကြည့်တော့ သူ့ကိုဆူပုတ်နေသောမျက်နှာနဲ့မော့ကြည့်ကာ တံဘက်လေးသာရင်လျားထားသည်မို့
"ကျစ်...."
သူမအိပ်ယာခေါင်းရင်းကစောင်အပါးလေးအား လွှားခြုံပေးလေသည်။
"မဟုတ်ရင် ဖျားဦးမယ်"
ရုတ်တရက်ကြီး အရမ်းတွေဂရုစိုက်ပြနေတော့ မွန်းမှာနေရတောင်ခက်လာရပါသည်။
မွန်းရဲ့ရှုပ်ရှက်ခက်နေသည့် ဆံပင်ဖွာလန်ကျဲ နီနီညိုညိုတွေကို စိတ်ရှည်လက်ရှည်ရှင်းပေးပြီး
လူကိုလာငုံ့ကြည့်နေသေးသည်။
"လှသွားပြီ"
ဘယ်တုန်းကမလှလို့လဲ ဟု နှာခေါင်းရှုံ့ကာစိတ်ထဲကပြန်ပြောလိုက်၏။
စောင်ကိုဆွဲဖယ်ပြီး သူမကို ကုလားထိုင်ပေါ်ကနေ ဗီရိုရှေ့သို့ထပ်ဆွဲသွားပြန်သည်။
"အမလေး ရှင် ဘာတွေလောနေတာလဲ "
မွန်းမှာ ရင်ဘက် ကျွတ်ကျတော့မည့် တံဘက်လေးကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်ထားရလေရာ အတ္တက နောက်လှည့်ကြည့်ပြီးမှ
"ဆောရီး Baby ကိုယ်ပြန်၀တ်ပေးမယ်"
မွန်းလက်ထဲက တံဘက်အစအား ဆွဲလိုက်သည်မို့ မွန်းပြန်ဆွဲပြီး မျက်နှာလေးနီရဲသွားသည်။
"၀တ်ပေးစရာလား ရှင်က ဟိုဘက်လှည့်"
မွန်းသည် လက်နှစ်ဖက်ကိုရင်မှာယှက်ကာ
သူ့ကိုမျက်စောင်းတွေပစ်ထိုးပစ်လိုက်သည်။
အတ္တ လည်းအလျင်လိုနေသူမို့ ကျေနပ်အောင် ကျောပေးထားလိုက်သည်။
သူမ တံဘက်လေးကိုမြဲအောင်ပြန်၀တ်ပြီးရာ
"ပြီးပြီလား"
"အင်း"
အတ္တက သူမရဲ့ဗီရိုကို ဆွဲဖွင့်၍ ရှိသမျှ အဝတ်တွေကို မွှေနှောက်နေပြန်သည်။
"ရှင်ဘာတွေလုပ်နေတာလဲ "
ခုမှသတိထားမိတယ်။ ကြည့်ပါဦး သူကလည်းသန့်သန့်ပြန့်ပြန့်၀တ်စားထားတာပဲ။
ရှပ်အင်္ကျီအနက်ရောင်က ဝင်းပြောင်းနေကာ ဘောင်းဘီရှည်ကလည်း ခပ်ကြပ်ကြပ်ကိုဝတ်ထားပြီး အရမ်းစမက်ကျနေသည်။
ရှိသမျှ ဂါ၀န်တွေထုတ်ကာ မွန်းခန္ဓာကိုယ်နဲ့ တစ်ထည်ပြီးတစ်ထည် ကပ်ကြည့်ပြီး ခေါင်းရမ်းခေါင်းခါလုပ်နေသည့်သူက
"မနေ့က ဂါ၀န်ကအလှဆုံး ဘာလို့ ၀တ်ပစ်လိုက်တာလဲ"
"ဘာဖြစ်လဲ၀တ်တော့ ရှင်၀တ်မလို့လား"
ဘုကလန့်ပြန်တိုက်နေသည့်သူမကို အဖြူရောင် ဒူးအထက်ဇာဂါ၀န်လေးအား ထိုးပေးလိုက်သည်။
"ရော့ အဲ့တာ၀တ်"
"ရှင်ခိုင်းတိုင်း၀တ်ရမှာလဲ "
"၀တ်စမ်းပါ Baby ရာ အချိန်မရှိဘူး"
"ဘာလုပ်မှာမို့လို့လဲ ရှင်ဘယ်သွားသွားမလိုက်ဘူး"
"ကိုယ့်ဟာကိုယ် ၀တ်မလား ကိုယ်၀တ်ပေးရမလား"
ပေကပ်ကပ်သူမကမခြောက်လို့မရဘူး အချိန်ထပ်ဆွဲနေဦးမှာ။
အတ္တက သူမ တံဘက်ကို ဆွဲချွတ်ဖို့လာကိုင်သည့်အခါ
"ဘာလုပ်တာလဲ ဖယ် ပေး အဲ့ဂါ၀န်"
စောင့်စောင့်အောင့်အောင့်နဲ့ ဆွဲလု သွားပြီး ရေချိုးခန်းထဲ၀င်သွားသည်။
နိုင်တာလည်းမဟုတ်ဘူး ကပ်တက်တက်ကလုပ်ချင်သေးတာ။ အတ္တက ထိုအတွေးနဲ့ပြုံးနေပြီး သူမအိပ်ယာဘေးကနေလက်ပိုက်ပြီးမတ်တပ်ရပ်စောင့်နေသည်။ ပြန်ထွက်လာသည့်သူမက အဖြူရောင်နဲ့လည်းလိုက်ဖက်နေပြန်သည်။
အတ္တသည် အသင့်ထုတ်ပေးထားတဲ့ ရှူးဖိနပ် အဖြူလေးကိုသူမရှေ့ချပေးလိုက်ပြီး
"သွားမယ်"
လက်ကိုဆွဲလျှင် အတင်းပြန်ရုံးပြီး
"မလိုက်ဘူး"
"ဘယ်သွားမလဲလို့ ဘာလို့မမေးတာလဲ"
Advertisement
"မသိချင်ဘူး မလိုက်ဘူး ပြောပြီးပြီပဲ ဘာထပ်မေးနေရဦးမှာလဲ"
"Baby မကပ်နဲ့ အချိန်မရှိဘူး"
"ဟင့်အင်း မလိုက်ဘူး"
အတ္တဟာ လက်ပတ် နာရီကြည့်လိုက်ကာ လေယာဉ်ထွက်ချိန်က အရမ်းနီးနေပြီမို့
"အလင်း"
သူမက မလိုက်ဘူးလုပ်ရင် ဆိုတဲ့အတွေးနဲ့ပြင်ဆင်ထားတဲ့ အစီအစဥ်က တကယ်လည်းလိုအပ်လာတာပဲ။
အလင်းဟာ အတ္တခေါ်လိုက်တော့လက်ကိုင်ပုဝါအဖြူရောင်တစ်ခုနှင့် ရောက်လာသည်။ အတ္တက ဆွဲယူလိုက်သည့်အခါ
"ရှင် ရှင်ဘာလုပ်မလို...."
သူမရဲ့ နှခေါင်းကို အုပ်လိုက်ပြီးနောက် လက်ထဲမှာပျော့ကျသွားမှပွေ့ယူပြီး လှေကားကနေဆင်းလာခဲ့သည်။
"ဒေါ်မေတင် ကျွန်တော်မှာခဲ့တာတွေမမေ့နဲ့"
"စိတ်ချပါသခင်လေး"
အတ္တက သူမကိုပွေ့ထားလျက် ကားထဲ၀င်သွားပြီး အလင်းကပဲလေဆိပ်အထိလိုက်ပို့ပေးခဲ့၏။
============================
မွန်းရဲ့ခေါင်းထဲမှာ ရိပ် ရိပ် ရိပ် ရိပ် နဲ့ဖြစ်လာပြီး မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်လျှင်
မွန်းဟာ သူ့ရင်ခွင်ထဲမှာမှီအိပ်နေတာဖြစ်သည်။
သူ့ကို မော့ကြည့်တော့ သူက စာအုပ်ဖတ်နေပြီး
"ဟင်!"
မွန်းသတိရလာပြီဆိုတာသိတာနဲ့ အတ္တဟာလက်ထဲကစာအုပ်ကို ချလိုက်၍ သူမဘက်သို့ခန္ဓာကိုယ်ကိုအနည်းငယ်စောင်းလိုက်သည်။
"သတိရပြီလား Baby"
မွန်းဟာ လွန်ခဲ့သော ၃ နာရီလောက်က မေ့မျောသွားကာ ပြန်သတိရလာတော့ စိမ်းသက်သောပတ်ဝန်းကျင်တစ်မျိုးကိုခံစားရသောကြောင့်
"ဟင်!! ဘယ် ဘယ်ရောက်နေတာလဲ"
"လေယာဉ်ပေါ်မှာ"
"ဟမ်?"
ရုတ်တရက် မွန်းသည် အသံအကျယ်ကြီးထွက်သွားပြီး မတ်တပ်ထရပ်တာမို့ အတ္တမှာ ဘေးလူတွေကိုအားနာသလိုကြည့်ပြီး
"ပြန်ထိုင်လေ Baby ဒါ VIP ထဲမှာ အားနာစရာကြီး"
မွန်းကိုပြန်ထိုင်စေရန် ပုခုံးကလေးကိုပုတ်ကာပြောလိုက်ပေမဲ့
"ဟင့်အင်း ပြန်ဆင်းမယ် "
"ကောင်းကင်ရောက်နေပြီ မင်းမှာ အတောင်ပံပါလို့လား"
အတ္တက ထိုကဲ့သို့ပြောလိုက်ပေမဲ့ သူမကတော့ပြန်ပြီးရန်မတွေ့နိုင်ရှာဘဲ
"အဟွတ် အဟွတ် ဝေါ့"
"ဟာ Baby "
"အော့....."
ရုတ်တရက်ကြီး အန်ချ လိုက်သည့်အခါ
အတ္တမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
မျော့သွားသည့် သူမကို ထိန်းပေးရင်း
"ရ ရဲ့လား Baby"
လေယာဉ်မယ်အချို့က သူမရဲ့အရှုပ်အထုပ်များကိုလာရှင်းပေးပြီး
"မင်း လေယာဉ်မူးတတ်တာကိုယ်မသိခဲ့ဘူး"
ကိုယ်ခံအားကလည်းမကောင်း ခဏခဏနေမကောင်းဖြစ်နေတော့ သူမဟာအားလည်းမရှိဘဲ တစ်ခုခုဆိုလျှင် အရင်ဆုံးမူးလဲပါတော့သည်။
အခုလည်း တစ်ခါ သတိရတစ်ချက်မရတစ်ချက်နဲ့ သူမကိုအိပ်ခိုင်းလိုက်ပြီး ရင်ခွင်မှာ ပြန်မေးစက်စေလိုက်သည်။
==========================
ဟိုတယ်ကိုလည်း Booking ယူထားသောကြောင့် အတ္တတို့ရောက်လာတာနဲ့ အဖြူရောင် ဘလောက်စ်အပေါ်က အနီရောင်ဝတ်စကုပ်လေးဝတ်ထားပြီး ဒူးဖုံးစကပ်အမဲကလေးတဲ့ ဝန်ထမ်းမလေးက တစ်ခါတည်းအခန်းသို့လိုက်ပို့ပါသည်။
အတ္တသည် သူမကို မွေ့ယာအထူကြီးပေါ်မှာချပေးပြီး ညစ်ပတ်နေသောသူမရဲ့အင်္ကျီကိုကြည့်ကာ
"Excuse me"
"တစ်စိတ်လောက်"
ဟု ပြန်ထွက်သွားတော့မည့် ဝန်ထမ်းမလေးကိုလှမ်းခေါ်လိုက်သည်။
"Oui Monsieur, que voulez-vous?"
"ဟုတ်ကဲ့ Sir. ဘာလိုချင်ပါသလဲ"
"Apportez une chemise pour elle."
"သူမအတွက် ရှပ်တစ်ထည်လောက် ယူလာပေးပါ"
"Et les sous-vêtements ?"
"အတွင်းခံရောလား"
"Tout!"
"အကုန်လုံးပဲ"
"De quelle taille avez-vous besoin?"
"ဆိုဒ်ဘယ်လောက်လိုချင်ပါသလဲ"
အတ္တ စဉ်းစားနေရင်း ဟိုနေ့က ရေချိုးခန်းထဲကကိစ္စကိုသတိရသွားကာ သူ့လက်သူတစ်ချက်ပြန်ကြည့်လိုက်သည်။
"35!"
အတ္တ ပြုံးရင်းပြောလိုက်သည့်အခါ
"Ok monsieur attendez une minute."
"ဟုတ်ကဲ့ပါ Sir ခဏလေးစောင့်ပါ"
အတ္တသည် လွန်ခဲ့သော မိနစ်အနည်းငယ်က ဝန်ထမ်းမလေးလာပေးသွားသော အဝတ်ခေါက်ကလေးအား အိပ်ယာပေါ်မှာချပြီး
ခရီးပန်းတာရော လူကမူးနေတာရောနဲ့ နှစ်ခြိုက်စွာအိပ်ပျော်နေသည့် သူမအား မွေ့ယာဘေးကနေခါးထောက်လျှက်ကြည့်နေကာ
ညစ်ပတ်နေသည့်ဂါဝန်အဖြူလေးအားကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဒီတစ်ခါတော့ ကိုယ်တိုင်လဲပေးရတော့မှာပဲ
ဂါဝန်၏ ကျောကဇစ်ကို ဖွင့်လိုက်ပြီး သူမဝတ်လာတဲ့အတွင်းခံကလေးကိုချွတ်လိုက်ကာ
Braအသစ်၀တ်ပေး၍ချိတ် ချိတ်ပေးရင်း
"ဟက် ကွက်တိပဲ ငါမှန်းတာ မမှားပါဘူး"
သူမှန်းပြီးမှာလိုက်တဲ့Sizeကကွက်တိဖြစ်နေကာကျေနပ်သွား၍ တီရှပ်လေးစွပ်ပေးပြီး
ဘောင်းဘီတိုအဖြူလေး၀တ်ပါတစ်ခါတည်း ၀တ်ပေးလိုက်သည်။
အတ္တလည်း ပေါ့ပါးလွတ်လပ်မည့် အဖြူရောင် တီရှပ်နှင့်ဘောင်းဘီခပ်ပွပွတစ်ထည်ကိုလဲဝတ်ကာ သူမ အနိုးကို ၀ရန်တာမှမြင်ရသည့် ပြင်သစ်နိုင်ငံ ပါရီမြို့၏နေ့ရှုခင်းအား လေ့လာကြည့်ရှုရင်းစောင့်နေခဲ့သည်။
"အင်း..."
ငြီးသံကြား၍ အထဲ၀င်လာတော့ သူမက ထ ထိုင်နေပြီဖြစ်သည်။
သူမအားငုံ့ကြည့်နေသည့် အတ္တကိုမော့ကြည့်လိုက်တဲ့အခါ မ၀တ်စဖူးအဖြူရောင်တီရှပ်လက်တိုနဲ့ တစ်မျိုးမိုက်နေပြန်သည်။
"ရှင် ကျွန်မကို ဘယ်ခေါ်လာတာလဲ"
"ဟိုတယ်!"
"ဘာ ရှင့်!"
သူမ ကိုယ့် ကိုယ်ကိုယ်ပြန်ကြည့်တော့လည်း
သူနဲ့ Couple Shirt ဖြစ်နေသည်။
"ကျွန်မကိုအဝတ် ဘယ်သူလဲပေးတာလဲ"
"ကိုယ်လဲပေးတာပေါ့"
"ဟင်!"
"ဒါနဲ့ မင်း၀တ်နေကျ Bra size ဘယ်လောက်လဲ"
ထိုသို့မေးလာတော့ မွန်းမှာ မျက်လုံးတွေဘယ်ထားရမှန်းမသိစွာ ရောက်ယက်ခက်သွားရသည်။
"ဘာတွေလာမေးနေတာလဲ"
"ဘယ်လောက်လဲလို့"
"34!"
သူ့ကိုမကြည့်ပဲ မျက်နှာလွှဲထားလျှက်ဖြေလိုက်တဲ့အခါ
"မကြပ်ဖူးလား အခုကိုယ်၀တ်ပေးထားတာ 35 ဒါနဲ့မှကွက်တိထင်တာပဲ"
သူမရဲ့ မျက်နှာလေး ရဲတက်သွားပြီး
"ဘာ ဘာတွေလာပြောနေတာလဲ တကယ်ပဲ"
ရုတ်တရက်ကြီး Bra Size ကစလိုက်ပြီး သူပြောဝတ်ဆိုတော့ ရှက်လည်းရှက်သွားကာ ကိုယ့်တစ်ကိုယ်လုံးကိုသူမြင်ဖူးသွားပြီဆိုတဲ့စိတ်နဲ့ သူ့မျက်နှာကိုမကြည့်ရဲတော့ပါ။
Advertisement
"မထတော့ဘူးလား အဲ့ဒီစောင်ပုံထဲကနေ"
အိပ်ယာပေါ်မှာအခုထိစောင်တွေနဲ့လုံးပြီးငုပ်တုပ်ထိုင်နေသေးသောကြောင့် အတ္တမှဆွဲထူရန်အနားတိုးလာသဖြင့် မွန်းလည်း စောင်ကိုခွာပြီး သူလာမဆွဲခင် မွေ့ယာအောက်သို့ခြေချလိုက်သည်။
"အခုဘယ်မှာလဲ"
မတ်တပ်ထရပ်ပြီးမေးလိုက်တော့
"Paris!"
"ပဲ ပဲရစ် ဆိုတော့ ပြင်သစ်ပေါ့"
မွန်းမှာ ပါးစပ်ဟောင်းလောင်းနဲ့ တအံ့တသြဖြစ်နေပုံကို အတ္တကသွားတန်းလေးတွေပေါ်အောင် ရယ်လိုက်ပြီး
"မယုံဘူးလား ဒီကိုလာကြည့်"
အတ္တက ဖွင့်ထားတဲ့ အခန်းစီးတလွင့်လွင့်နဲ့ တံခါးပေါက်အနားကိုလက်ယက်ခေါ်လိုက်သည်။ မွန်းမှာ ကြောင်အမ်းအမ်းနဲ့ သူ့အနားလာတော့ အနောက်ကနေတွန်းပြီး၀ရန်တာထိထွက်လာသည်။
"ကဲမြင်ပြီလား"
မွန်းအံ့သြလို့ပင် မဆုံးနိုင်ဖြစ်သွားရပါသည်။
စိမ်းသက်သော ပြင်သစ်နိုင်ငံရဲ့အငွေ့အသက်ကိုလည်းခံစားလိုက်ရကာ တိုက်အမြင့်ကြီးတွေ ပြီးတော့ မွန်းတို့ ရပ်နေသောဝရန်တာကနေလည်း အီဖယ်လ်မျှော်စင်ကြီးကိုကောင်းကောင်းမြင်နေရ၍ အောက်ငုံ့ကြည့်လျှင်လည်း လမ်းသွားလမ်းလာများသည် ဆံပင်ဝါဝါ ဦးခေါင်းတွေ ပြီးတော့ မွန်းတို့နဲ့ အသားအရေမတူတဲ့ လူတွေကိုသာမြင်နေရ၏။
ဒါဟာ အိပ်မက်များလား။
မွန်းကို အနောက်ကသိုင်းဖက်ထားတဲ့ အတ္တကိုလှည့်ကြည့်ပြီး
ဖျက်....
"အ..."
ရုတ်တရက် အတ္တရဲ့ပါးကိုမနာတနာလှမ်းရိုက်လိုက်သည်။
"ဘာလုပ်တာလဲ"
အတ္တမှာ မျက်ခုံးပင့်လျှက် အပြစ်မရှိဘဲအရိုက်ခံရသည်ဟုထင်မှတ်ကာ မေးလိုက်တော့
"နာလား"
"ဟာ.. ရိုက်တုန်းကရိုက်ပြီး "
"ဟင် ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့"
"ဘာလဲ မယုံသေးတာလား "
အတ္တက သူမကို အရှေ့သို့ပြန်လှည့်ပေးပြီး
ခါးကနေသိုင်းဖက်ကာ သူမပုခုံးပေါ်သို့မေးတင်လိုက်သည်။
"ကိုယ် ဒီခရီးကို ဗြုန်းစားကြီးစီစဥ်လိုက်ရတာ သေချာစီစဥ်ချိန်မရလိုက်ပေမဲ့ ကိုယ်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးပါ့မယ် အခုဒီအခန်းက မင်းအတွက်သေချာရွေးပေးထားတဲ့ ဟိုတယ်ရဲ့ View အကောင်းဆုံးအခန်း"
မွန်းသည် သူပြောသမျှကို တုန့်ပြန်ပြောဆိုခြင်းမရှိဘဲ Viewအကောင်းဆုံးဆိုတဲ့အတိုင်း မြင်မြင်ရသမျှ ရှူခင်းလှလှတွေကိုသာစိတ်တိုင်းကျငေးနေမိတော့သည်။
"မင်းကို အိမ်ထဲမှာပဲပိတ်လှောင်ထားရတာမို့ အပြင်ထွက်ရတယ်ရှိအောင်မင်းလည်းစိတ်ပျော်ရွှင်အောင် တမင်ခေါ်လာတာ "
မွန်းအတွက် တကယ်ပြင်သစ်ရောက်ဖူးဖို့ဆိုတာ အိပ်မက်ပဲရှိတယ် တကယ်ရောက်လာဖူးခဲ့လိမ့်မယ်ဟု လုံး၀မမျှော်လင့်ခဲ့ဖူးပါ။
"Babyကကိုယ့်ကို စိတ်ကောက်နေတာလည်းပါတာပေါ့ ဒီမှာ Babyကိုလာချော့တာ"
==========================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (27) ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(26)
"အလင်း ခဏလာခဲ့"
မကြာပါဘူး သခင်လိုအပ်ရင် အသင့်ဆိုတဲ့အလင်းက အခန်းတံခါးပိတ်မထားတာကြောင့် ၀ငျလာခဲ့၏။
"ဒါပေမဲ့..."
===========================
ကျွီ....
"အမလေး"
"ဘာလုပ်တာလဲ "
"ကျစ်...."
"မဟုတ်ရင် ဖျားဦးမယ်"
"လှသွားပြီ"
"၀တျပေးစရာလား ရှင်က ဟိုဘက်လှည့်"
"ပြီးပြီလား"
"အင်း"
"ရှင်ဘာတွေလုပ်နေတာလဲ "
"မနေ့က ဂါဝန်ကအလှဆုံး ဘာလို့ ၀တျပဈလိုကျတာလဲ"
"ရော့ အဲ့တာဝတ်"
"၀တ်စမ်းပါ Baby ရာ အခ်ိန္မရွိဘူး"
"ကိုယ့်ဟာကိုယ် ၀တျမလား ကိုယ်ဝတ်ပေးရမလား"
"သွားမယ်"
"မလိုက်ဘူး"
"ဟင့်အင်း မလိုက်ဘူး"
"အလင်း"
"ရှင် ရှင်ဘာလုပ်မလို...."
"စိတ်ချပါသခင်လေး"
============================
"ဟင်!"
"သတိရပြီလား Baby"
"လေယာဉ်ပေါ်မှာ"
"ဟမ်?"
"ဟင့်အင်း ပြန်ဆင်းမယ် "
"အဟွတ် အဟွတ် ဝေါ့"
"ဟာ Baby "
"အော့....."
"ရ ရဲ့လား Baby"
Advertisement
- In Serial43 Chapters
My Brother's Best Friend
Falling in love never scared Maddie Davis until she fell for the one boy she swore to stay away from forever. ********* Maddie Davis has been in love with her brother's best friend, Cameron Holden since she was in the sixth grade. They used to be best friends too until he got into high school and became a version of himself she didn't even recognize. Everyone said he was a shoo-in for the NFL, and he let it get to his head. Right before high school started, he worked out until he was built like a sculpture, he got rid of his braces, and suddenly the girls fell at his feet. But that was fine because her middle school crush faded. And besides, even if she did think he was hot, Cameron wasn't someone she could go for even if she wanted to. Unless of course, she found herself wound up with him in a closet during a game of blind seven minutes -- a closet so tiny and secretive that she would finally be able to act on the feelings she's tried so desperately to hide. But what were the odds of that happening?This is book ONE of three:My Brother's Best FriendIn Five YearsThe Perfect Timing Content warning: This story contains mature sexual content and themes of bullying, sexual assault, violence, and explicit language.
8 3832 - In Serial38 Chapters
Meant to Bea
Born a bastard, Race Belington has lived all his life paying the price of his father's infidelity. Scorned and set aside by society, he is in doubt that even his newly acquired wealth will be enough to secure him a wife. Still, he manages to fall in love with a woman of the ton, and risks it all by asking her to marry him.What Race is however not expecting, is to wake up on the morning of his honeymoon, to find a stranger in his bed.*#BEASERIES* Trigger warning; This book contains scenes of abuse.
8 223 - In Serial80 Chapters
Rebel Tomboy vs Bad boy
Warning: Bad language, Sexual things, abusive content, possible misspelling, please do not hate...
8 245 - In Serial11 Chapters
I Kissed A Boy (Sasunaru Narusasu)
"Are you sure about this?" He whispered in my ear. "No. Sasuke, are you?""Of course. This is a dream come true." He smirked. "Do it Sasuke. Prove to me that everything we have gone through meant absolutely nothing to you. Say goodbye to our friendship. The second I bleed to my death and my skin goes pale, this relationship is over. I need you to prove it because nothing else will make me stop because my love for you is endless." ***Cover art by As-10 on Pivix Cover edited by vougejacob I dont own Naruto or any of the characters as well as the cover picture (:WARNING: OOC GAARA
8 207 - In Serial21 Chapters
Forbidden Fruit ✔️
Book one of the FORBIDDEN series! **Nick Knight is the CEO of Knight Tech.He gets everything he wants, no questions asked.Hazel Richmond is his personal assistant. He doesn't know she exists and takes her for granted. That is until he wants her.Will they let the fire burn or will it die?**"It's not like I meant for this to happen. I didn't mean to fall in love with you"****WARNING**Contains mentions of rape.#7 in love 8/5/19#1 in regret 8/5/19# 1 in newyork 8/10/19#1 in bossboy 3/1/20#1 in girlxboy 3/1/20#1 in lovingmyceo 3/1/20#4 in novel 3/1/20#2 in officeromance 3/1/20#2 in richboy 3/1/20#1 in tech 3/1/20#1 in summertime 3/1/20#5 in short chapters 3/1/20
8 286 - In Serial97 Chapters
Dressed as the soft cannon fodder of the chronology
https://www.banxia.co/261_261138/The rest of his life is like the social animals that are struggling hard in the contemporary era, relying on the spirit of making red meat for themselves every day in 996, and successfully died in a small house that struggled for many years while shopping for a certain grocery store, hollowing out the savings and only paying a down payment.At the same time, the rest of the parallel time and space like being pushed into the river in an instant, and the rest of the life like a person who has no motor cells to wake up in this body.The feeling of suffocation struck again, and the rest of his life did not want to die, and he vaguely saw a tall figure dressed in green rushing towards him.Content tags: Taneda Wen Food Sweet Text Era Text Search for Key Words: Protagonist: The Rest of Your Life Like Hao Jianjun | Supporting Role: | Other: Hints: Chapter Shows Errors, Such as Works Related to the First Section, etc. Does Not Affect Reading!
8 144