《အတ္တလွန်အချစ် (OC) Completed》Part (27) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(27)
"Baby!"
အတ္တသည် မွေ့ယာပေါ်တွင် Laptop တစ်လုံး နှင့်အလုပ်ရှုပ်နေသည်။ မွန်းက သူခေါ်လို့ ၀ရန်တာမှ လှည့်ကြည့်သည့်အခါ
"ဒီကိုခဏလာခဲ့"
မွန်းကိုမေ့ဆေးအုပ်ပြီးခေါ်လာတဲ့အတွက် သူ့ကို ကြည်သေးတာတော့မဟုတ်ပါ။ အတော်နဲ့မလာပဲ ၀ရန်တာမှာမေးထောက်ကာ ညရှုခင်းကိုအေးဆေးစွာငေးနေသဖြင့်
"Baby ကိုယ်ခေါ်နေတယ်လေ မအေးဘူးလား ဒီကိုလာ"
"မလာချင်ဘူး ဒီနေ့ ကျွန်မ ရှင်နဲ့မအိပ်ဘူး"
အတ္တက အသံထွက်အောင်ရယ်လိုက်သည့်အခါ အောက်နှုတ်ခမ်းလေးကို ကိုက်၍ သူ့ကိုမျက်စောင်းတစ်ချက်နဲ့ လှည့်ကြည့်လိုက်သည်။
"ဘာရယ်တာလဲ"
"ကိုယ်က အိပ်ဖို့ခေါ်တာမဟုတ်ဘူး ပြစရာရှိလို့"
အတ္တသည် ခေါ်လို့မရသည့် သူမအား သူကိုယ်တိုင်ပဲ သွားပွေ့လာခဲ့တော့သည်။
သူ့ရင်ခွင်ထဲမှာ ထိုင်စေပြီး Laptopထဲကနေဝင်ထားသည် website တစ်ခုကိုပြသည်။
"မနက်ဖြန်အတွက် အ၀တ်အစားရွေးခိုင်းမလို့"
"ဘယ်မှမသွားဘူး"
"ရောက်ကောင်းရောက်ပြီးမှ မသွားဘူးဆိုတော့ မင်းက ဒီအခန်းထဲမှာပဲ ကိုယ်နဲ့အတူအချိန်ဖြုံးချင်လို့လား"
သူ့နှာခေါင်းချွန်ချွန်တွေက မွန်းရဲ့ပါးကိုထိကပ်လာသဖြင့် သူ့ရင်ခွင်ထဲကနေ လှုပ်စိလှုပ်စိနဲ့ရုန်းပြီး
"ရှင်နော် အမြင်ကပ်အောင်မလုပ်နဲ့"
"အဲ့တာဆိုရွေးလေ Baby ကြိုက်တာရွေး"
မွန်းလည်း Laptopဘေးက Mouseလေးကိုင်ကာဟိုရွှေ့ဒီရွှေ့လုပ်၍ Screen ပေါ်မှာတက်လာသမျှ အဝတ်အထည်များကိုကြည့်ရင်း
အင်္ကျီတွေကလည်း အမိုက်စားတွေချည်းပဲ။
အင်းပေါ့လေ ငါရောက်နေတာ ပဲရစ် ကို
စျေးတွေကလည်း ခေါင်ခိုက် လို့ပါလား။
မွန်းဘာသာဆိုရင် အိမ်ပေါင်ပြီး၀ယ်ရမယ့်ပုံပဲ။
ဒီအတွေးနဲ့ နှုတ်ခမ်းကလေးကိုမဲ့လိုက်ပြီး
"ဒီမှာ အဲ့ဒီဟာ"
အတ္တက သူမပြတဲ့ဟာကို ချက်ချင်း click လုပ်လိုက်ကာ
"အိုခေ ကိုယ် မှာလိုက်မယ် မနက်ကျ လာပို့တာနဲ့ကွက်တိပဲ "
ပြောလည်းပြော သူဟာသူပဲ ဟိုတယ်လိပ်စာတွေ ငွေရှင်းဖို့တွေအားလုံးပြီးစီးအောင်လုပ်လိုက်သည်။ ထို့နောက် Laptop ကို ခွက်ကနဲမြည်အောင်ပိတ်ချလိုက်ပြီး သူမကိုခါးကနေ ဆွဲလှဲချရင်း Laptop ကိုခေါင်းရင်းကစားပေါ်သို့လှမ်းထားလိုက်သည်။
"ဘာလုပ်တာလဲ ရှင်နဲ့မအိပ်ဘူး ဖယ်ပေး"
မွန်းက သူ့ရင်ခွင်ထဲကနေကုန်းထဖို့လုပ်တော့
"ဒီမွေ့ယာပဲရှိတာ တစ်ခန်းတည်းယူထားတာ စျေး ဘယ်လောက်ပေးရတယ်မှတ်လဲ"
"ဘယ်သူကယူခိုင်းလို့လဲ ဘာနေနေ မအိပ်ဘူးလို့ ဖယ်လို့"
ခါးကကိုယ်ချင်းကပ်အောင်ဖက်ထားသည့် သူ့ရင်ခွင်ထဲမှာ ကျောပေးကာ တွန့်လူးနေသည်မို့
အတ္တသည် သူမကို သူ့ကိုယ်ပေါ်ရောက်အောင် ဆွဲတင်လိုက်သည်။
"အမလေး "
"ကောင်းကောင်းမအိပ်ချင်ဘူးထင်တယ် ကိုယ်စိတ်ထိန်းထားတာနော် "
သူမ မျက်နှာလွှဲပြီး သူပြောတဲ့စကားအဓိပ္ပာယ်ကိုနားလည်သည်မို့ ငြိမ်သွားသည်။
မင်းက တကယ့်ကိုကပ်သီးကပ်ဖဲ့လေး နိုင်နိုင်မနိုင်နိုင်ငြင်းလိုက်ရမှ စိတ်သက်သာတဲ့ကောင်မလေး။
အတ္တက သူမနှဖူးလေးအား နမ်းရှိုက်ရင်း
ရင်ခွင်ထဲမှာ မြုပ်နေအောင်ဖက်ထား၍ အိပ်စက်လိုက်သည်။
============================
"Baby ထတော့ "
အတ္တဟာ နာရီကြည့်၍ နံနက် ၈နာရီထိုးပြီဖြစ်ရာ
"Baby ထတော့ တစ်ချိန်လုံးအိပ်နေတာပဲ"
ခြုံထားသောစောင်ကိုဆွဲခွာပြီး ကွေးကွေးကလေးအိပ်နေသော သူမရဲ့ မျက်နှာဖောင်းဖောင်းလေးအား ဆွဲနမ်းပစ်လိုက်သည်။
"Mwah!"
"အင်း... မျက်နှာမသစ်ရသေးဘူး မရွံဘူးလား"
သူမက ထိုအခါမှ သူ့ကိုတွန်းလွှတ်လျှင်
"Babyကမှနှိုးလို့မရတာ လာ ထ မြို့ထဲကိုလျောက်လည်ရအောင်"
သူမဟာ အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး မျက်လုံးတွေမျက်နှာတွေကို လက်ဖမိုးဖြင့် ဟိုပွတ်ဒီပွတ်လုပ်နေသဖြင့်
"ကိုယ် ပွေ့ခေါ်ရမှာလား"
"ခြေထောက်ပါပါတယ်"
သူမက ဆူဆူစောင့်စောင့် နဲ့ ရေချိုးခန်းထဲ၀င် သွားတော့သည် ။
အတ္တဟာ မနေ့ကမှာထားသည့် အဝတ်အစားများအား အဆင်သင့်မွေ့ယာပေါ်မှာဖြန့်တင်ပေးထားသည် ။ သူကိုယ်တိုင်လဲ အဝတ်အစားလဲထားနှင့်ပြီး ဝရန်တာတွင် စီးကရက်လိပ်တစ်လိပ်နှင့် ထွက်ရပ်နေလိုက်သည်။
မွန်းသည် မျက်နှာသစ်သွားတိုက်ပြီး ထွက်လာတော့ မွေ့ယာပေါ်မှာ အဆင်သင့်ချပေးထားသည့် အဝတ်အစားများကိုကြည့်ပြီးပြုံးလိုက်မိသည်။
"ရှင်က ဂရုစိုက်ပြန်တော့လည်း ပြောစရာမလိုအောင်ပါလား"
ထိုအဝတ်တွေကိုယူပြီး ရေချိုးခန်းထဲမှာသွားလဲ၍ ပြန်ထွက်လာသည့်သူမက
"အဟင်း"
သူကြားအောင် တမင်ချောင်းတစ်ချက်ဟမ့်လိုက်တော့ အတ္တက စီးကရက်မီးသက်ပြီး
လှည့်ကြည့်လိုက်လျှင် ဂျင်းဘောင်းဘီအပြာကလေးကသူမနဲ့ ကွက်တိကျဟာအရမ်းလိုက်ဖက်နေသည်။
ဆွယ်တာအင်္ကျီအနက်ရောင်အပေါ်ကနေ ဂျင်းအင်္ကျီခါးတိုလေးကိုထပ်ဝတ်ထားပြီး သူမရဲ့နီညိုရောင်ဆံပင်တွေအပေါ်မှာ ဖရုံသီးဦးထုပ်အဝါရောင်ကလေးလည်းဆောင်းထား၍ ရှူးဖိနပ်အနက်ရောင်ဟာလည်း ခြေသလုံးတစ်ဝက်အထိဖုံးသည့်ခပ်ကြီးကြီးဖြစ်ကာ
တကယ့်နိုင်ငံခြားသူလေးတစ်ယောက်လိုချစ်စရာကောင်းသည့်သူမအား တစိမ့်စိမ့်ကြည့်ကာပြုံးနေတော့ မွန်းဟာ သူ့ကို မျက်ခုံးရှုံ့ပြီးကြည့်ကာ
"ဟင် နေပါဦး ရှင်ကပါ ဘာလို့ကျွန်မလို ဂျင်းတွေဝတ်ထားရတာလဲ"
"မှာကတည်းက Coupleလို့ပြောမှာတာ"
မွန်း သူ့ကို ချီးကျူးမိပါတယ်အကွက်ကျကျကိုစီစဉ်နိုင်ပါတာပဲ။
ဘယ်တုန်းကမှဂျင်းအပြာမ၀တ်တတ်သူက အခုတော့သူမနဲ့ဆင်တူ တီရှပ်အနက်ပေါ်က ဂျင်းဂျာကင်တစ်ထပ်ထပ်ဝတ်ကာ သူစီးထားတဲ့ရှူးဖိနပ်ကြီးဟာလည်းပြောင်လဲ့နေတော့သည်။ ဂျင်းဝမ်းဆက်နှင့်အရမ်းကြည့်ကောင်းနေတဲ့သူကဆံပင်ကို လက်နှင့်ပဲ ထိုးသပ်ထားပြီး ၆ပေရှိတဲ့သူ့အရပ်က မွန်း ဒေါက်စီးရင်တောင် ခေါင်းတစ်လုံးပိုရှည်နေသေးသည်။ တစ်ခါတစ်လေကျရင် ဘာဝတ်ဝတ်သူနဲ့ကအမြဲကြည့်ကောင်းနေသောကြောင့် မနာလိုရသည်။
"ကြွေနေတာလား ကိုယ့်မှာ Baby ရှိပြီးသားမို့ တခြားကောင်မလေးတွေစိတ်မဝင်စားဘူး"
သူက မျက်ခုံးတစ်ချက်ပင့်ပြီး နောက်လိုက်တော့ မွန်းက နှုတ်ခမ်း မဲ့ပြရင်း
"ဘယ်သူကကြွေလို့လဲ အမြင်ကိုကပ်တယ်"
အတ္တက သူမရဲ့ပုခုံးကိုလှမ်းဖက်ပြီး
"သွားစို့"
အခုမှ ဟိုတယ်အပြင်ကိုခြေချရမယ့် သူမသည်း ဒူးတုန်မိပါသည်။ သူများနိုင်ငံကိုတစ်ခါမှလည်းသွားဖူးသည်မဟုတ် ပြင်သစ်စကားလည်းမပြောတတ်တော့ သူ့ကိုပဲအားကိုးရတော့မည်ဖြစ်သည်။ အတ္တဟာ ဘာကားမှာမငှားပဲ သူမရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ သူမနဲ့ ဒီလိုလမ်း လျောက်လည်ချင်လို့ တမင် ဒီကိုလာခဲ့တာမဟုတ်လား။
ကိုယ့်နိုင်ငံနဲ့ လုံးမတူတဲ့မြင်ကွင်းတွေ အုတ်ကွက်လေးတွေခင်းထားထက်လမ်းမထက်မှာ ဟိုဘက်ရောဒီဘက်ရော တိုက်ကြီးတွေက ကာရံထားသည် ။မြင်ရသမျှလူတိုင်းကလည်း ဘိုမလေးတွေ စကပ်တို လေးတွေနဲ့ လှလှလေးတွေ ရာသီဥတုချင်းမတူတာမို့ မွန်းတို့ကချမ်းနေပေမဲ့ သူတို့က တော့ သိပ်ချမ်းပုံမရ။
Advertisement
ဘာထူးလဲ သူတို့ ပြင်သစ်သားတွေလည်း ချောကြတာချည်းပဲ။
ဟိုငေးဒီငေး ပါးစပ် ဟောင်းလောင်းလေးနဲ့သူမကို ပုခုံးဖက်ထားရာမှ လက်ကိုမြဲအောင်ဆုတ်ကိုင်ပြီး
"အဲ့လိုငေးချင်ရင် ဒီလက်ကို မလွှတ်နဲ့ မဟုတ်ရင် ခလုပ်တိုက် လဲတော့မယ်"
သူပြောမှပဲ မွန်းလည်း တောသူမလုံးလုံးဖြစ်သွားရတော့သည်။ ရန်တွေ့လိုက်ချင်ပေမဲ့ လူကြားထဲမို့ မွန်းက မျက်စောင်းတစ်ချက် ဒိုင်းကနဲထိုးပစ်လိုက်၏။
ဘယ်နားကနေပဲကြည့်ကြည့်မြင်နေရသည့် အီဖယ်လ်မျှော်စင်ကြီးကလည်းလှတာပဲ။
"ဗိုက်ဆာလား"
သူကမေးလာတဲ့အခါ မနက်စာဗိုက်မဖြည့်ရသေးတာမို့ မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်မို့ အတ္တက ရှေ့ကဆိုင်ထဲ၀င်လိုက်သည်။
အပြင်ကိုမြင်ရသည့် မှန်နံရံနဲ့ကပ်သော စားပွဲကိုရွေးထိုင်လိုက်ကြသည်။
အတ္တနှင့်သူမ မျက်နှာချင်းဆိုင် စားပွဲရဲ့တစ်ဖက်တစ်ဖက်စီမှာနေရာယူလိုက်ပြီးသည်နှင့် ပြင်သစ်ဝိတ်တာချောချောကလေးက
"Bonjour .Sir"
"မင်္ဂလာနံနက်ခင်းပါ sir"
ဆို၍ menu စာအုပ်ကလေးလာပေးပါသည်။
"Bonjour!"
"မင်္ဂလာနံနက်ခင်းပါ"
ဟု အတ္တမှ ပြင်သစ်လိုပြန်နှုတ်ဆက်ပြီး Menu စာအုပ်ကလေးကို မွန်းကိုအရင်ပြသည်။
"ဘာစားမှာလဲ"
မွန်းသည် Menuကို ဟိုလှန် ဒီလှန်နဲ့ ကြည့်လိုက်တဲ့အခါ အစားအသောက်တွေကတော့ Breakfast အတွက်သီးသန့်အစားအသောက်မျိုးသာဖြစ်ပြီး အင်္ဂလိပ်လိုတစ်ဝက် ပြင်သစ်လိုတစ်ဝက်ရေးထားကာ ပြင်သစ်စာလည်းမဖတ်တတ်သဖြင့် မွန်းက Menuကို အတ္တသို့ပြန်ပေးလိုက်သည်။
"မသိဘူး ရှင်ပဲမှာလိုက် "
ထိုအခါ အတ္တသည် Menu ကိုပင်ဖွင့်မကြည့်ဘဲ ဝိတ်တာကောင်လေးအားပြန်ပေးလိုက်၍
"Umm....Croissant et café pour deux. "
"Croissant နဲ့ ကော်ဖီ ၂ယောက်စာပေးပါ"
အတ္တဟာ ထူးထူးဆန်းဆန်းတွေမှာမနေတော့ဘဲ ပြင်သစ်နိုင်ငံ၏ရိုးရာမနက်စာဖြစ်တဲ့ ခရုပတ်ပေါင်မုန့်ဟုခေါ်ကြသောပေါင်မုန့်နှင့်ကော်ဖီကိုသာမှာလိုက်ပါသည်။
"Oui,monsieur "
" ဟုတ်ကဲ့ပါခင်ဗျာ"
ပြင်သစ်စကားကို ကောင်းကောင်းပြောတတ်နေတဲ့သူ့ကို ကြည့်နေရင်း တစ်ခုသိလိုက်တာက သူ့အသံဟာ ပြင်သစ်ဘာသာစကားစကားပြောတဲ့အချိန်မှာပိုနားထောင်ကောင်းနေခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံပါရီမြို့ဟာ Romantic အဖြစ်ဆုံးဟုတင်စားကြသကဲ့သို့ သူတို့ရဲ့ဘာသာစကားဟာလည်း ဆွဲဆောင်မှုရှိစွာနားထောင်ကောင်းနေသည်။
ဒီလိုတွေးနေတုန်းမကြာခင်မှာပဲ လာချပေးသည့် ပန်းကန်ဖြူဖြူပေါ်က အဝါရောင်ပေါင်မုန့်ကွေးကွေးကြီးနှင့် အမဲရောင်ကော်ဖီတစ်ခွက်ကိုကြည့်နေရင်း ထောပတ်နံ့တွေမွှေးအီနေသည့် ထိုပေါင်မုန့်ကို မွန်းလည်းတစ်ကိုက်စားကြည့်လိုက်တဲ့အခါ ကိုယ့်နိုင်ငံမှာစားဖူးသောအရသာနှင့်မတူဘဲ ပြင်သစ်အရသာစစ်စစ်မျိုးကိုခံစားလိုက်ရကာ အီစိမ့်သွားအောင်စားလို့ကောင်းနေသည်။
"Baby ကြိုက်တယ်မဟုတ်လား တခြားဟာတွေထူးထူးဆန်းဆန်းမှာနေရင် မကြိုက်မှာစိုးလို့ ဒါကပြင်သစ်ရဲ့ရိုးရာအစားအစာလိုပဲလေ ပြင်သစ်ကိုရောက်ရင် Croissant ကတော့စားကိုစားသင့်တဲ့အစားအစာပဲ"
" အင်း ကြိုက်ပါတယ် တကယ်နူးညံ့ပြီးစားလို့ကောင်းတယ်"
ဟုဆို၍ ကော်ဖီခါးခါးကိုတစ်ငုံသောက်လိုက်သည်။
သူမတို့စားပြီးကြတော့ အတ္တက billရှင်းပြီး သူမနဲ့အတူဆိုင်ထဲကထွက်လျှင်ထွက်ချင်း
"ရှင်က ပြင်သစ်မှာနေဖူးတာလား"
လမ်းလျောက်ရင်း ဘေးကနေ မွန်းကမော့မော့လေးမေးလိုက်သည်။
သူ့ရဲ့ပုံစံဟာနိုင်ငံခြားကိုလည်ပတ်နေတာမျိုးနဲ့မတူဘဲ ဒီနိုင်ငံနဲ့ရင်းနှီးကျွမ်းဝင်နေသလိုမျိုးခံစားနေရသည်။
"အင်း...ကိုယ်၃နှစ်လောက်နေဖူးတယ်"
သူမကိုငုံ့ကြည့်ပြီးဖြေလိုက်တဲ့အခါ
"အဲ့တာကြောင့် ပြင်သစ်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေတာပေါ့"
"အင်း...ပြင်သစ်မှာနေမယ်ဆိုရင် ပြင်သစ်စကားတတ်မှဖြစ်မှာ သူတို့ကသူတို့ဘာသာစကားပဲသုံးတယ် အခြားဘာသာစကားမျိုးမသုံးဘူးလေ Baby ကပြောတတ်ချင်လို့လား"
"အင်း ပြောတော့ပြောတတ်ချင်တာပေါ့ ဒါပေမဲ့ Bonjour တစ်လုံးပဲသိတယ်"
"ဟား ဟား...ကိုယ်သင်ပေးမှာပေါ့ ဟိုတယ်ပြန်ရောက်ရင် ပြင်သစ်ဘာသာစကားတင်မကဘူး ပြင်သစ်အနမ်းပါသင်ပေးမယ် "
ထိုအခါ မွန်းကသူ့ပုခုံးကိုဖက်ကနဲရိုက်ချလိုက်၏။ အတ္တသည် လမ်းလျှောက်ရင်း ရှေ့၁၀လှမ်းလောက်အလိုက လှည်းပေါ်မှာပူပေါင်းတွေချိတ်ထားကာ ရေခဲမုန့်ရောင်းနေတဲ့ မုတ်ဆိတ်ဖြူဖြူနဲ့အဘိုးကြီးကိုမြင်လိုက်ပြီး
"Baby Ice-creamစားမလား"
"Ice-cream?"
မွန်းက ရှေ့သို့မျှော်ကြည့်လိုက်၍ ကလေးတွေကိုင်သွားတဲ့ စားချင်စရာကတော့ပေါ်က ရေခဲ့မုန့်အလိမ်လိမ်လေးတွေမြင်တော့ ခေါင်းညိတ်လိုက်ပြန်သည်မို့ အတ္တက သူမထက်အရင် ထိုအဘိုးကြီးဆီသို့ပြေးသွားလိုက်သည်။
"Bonjour.Grand-papa "
"မင်္ဂလာပါ အဘိုး"
" Bonjour garçon! Combien en voulez-vous?"
"မင်္ဂလာပါကောင်လေး ဘယ်နှခုယူမလဲ"
"Fraise deux!"
"စတော်ဘယ်ရီ အရသာ ၂ခု"
ဆိုပြီး လက်ကလေး၂ ချောင်းထောင်ပြလိုက်သည်။ ထို့နောက်ကျသင့်ငွေကိုရှင်းပေးပြီး အဘိုးကြီးပေးသည့် ကတော့ပန်းရောင်လေးနဲ့ စားချင်စဖွယ် ရေခဲမုန့် ခွေခွေလေးတစ်ခု သူမကိုပေးလိုက်ကာ
"စတော်ဘယ်ရီကြိုက်တယ်မဟုတ်လား"
"ဘာပဲဖြစ်ဖြစ်စားပါတယ်"
"Baby မင်းအစားပုတ်တာပဲ မထင်ရဘူးနော်"
ထိုအခါ သူမကရေခဲမုန့်ကိုလျှာနှင့်လျက်လိုက်ပြီး မျက်မှောင်ကုပ်ကြည့်လိုက်သည်။
"လူကလေးသေးသလောက် ကျွေးသမျှမငြင်းဘူး အကုန်စားတာပဲ"
"ရှင်နော်...စေတနာမပါရင်လည်းမကျွေးနဲ့ပေါ့"
"ပေကျန်ကုန်ပြီ နှုတ်ခမ်းကြီးဆူမနေနဲ့"
သူမနှုတ်ခမ်းက ရေခဲမုန့်တွေက အတ္တ လက်မဖြင့်ဖိသုတ်ပေးလိုက်တော့ သူမက နောက်ထပ်စကားလည်းထပ်ထွက်မလာတော့ပဲ ရေခဲမုန့်ကိုသာ မကုန်မချင်းအသည်းအသန်စားနေသည်။
"ဘယ်သူမှလုမစားဘူး ဖြေးဖြေးစား"
အတ္တကိုစကားမပြောတော့ဘဲ ရေခဲမုန့်ကုန်သွားမှ ဘေးပတ်ဝန်းကျင်ကိုအားရအောင်ပြန်ငေးနေသည်။
"Baby!"
သူမဘက်ကပြန်မထူးတာနဲ့
"ကောက်တုန်းလား"
အတ္တ သူမမျက်နှာလေးကိုငုံ့ကြည့်လျှင်
ပြန်တွန်းလွှတ်သည်။
အတ္တ လည်း လမ်းဘေး မီးတိုင်အောက်မှာ
Guitar တီးနေသည့် လူလတ်ပိုင်းလူတစ်ယောက်ကိုမြင်လိုက်ပြီး သူမကို တစ်ဖက်လမ်းသို့ ဆွဲခေါ်ပြေးကူးလိုက်သည်။
ထို့နောက်
"Baby ခဏနော်"
သူမကို ထိုမီးတိုင်ဘေးမှာထားခဲ့ပြီး
"Salut Mec! "
အတ္တ ထိုဆံပင်ရှည်ရှည် အင်္ကျီအကွက်ဝတ်ထားသောလူအားသွားနှုတ်ဆက်လိုက်တဲ့အခါ
"Oui. Salut Mec!"
ဟုထိုလူကလည်းပြန်နှုတ်ဆက်လိုက်သည်။
ထိုအခါ အတ္တလည်း
"Pouvez-vous m'emprunter cette guitare ?"
"ဒီဂီတာလေး ကျွန်တော့်ကိုငှားလို့ရမလား"
ဟုသူ့လက်ထဲက ဂီတာအညိုရောင်ကလေးကိုလက်ညှိုးထိုးပြီးမေးလိုက်ပါသည်။ထိုလူက အကြောင်းမပြန်သေးသည့်ခဏမှာ အတ္တဟာ
"Ummm.Vous voyez ces fille ?"
"မင်း ဟိုကောင်မလေးကိုမြင်တယ်မဟုတ်လား"
Advertisement
ဟု ဂျင်း၀မ်းဆက်နှင့် ဦးထုပ်အဝါလေးဆောင်းထားတဲ့မွန်းကိုလက်ညှိုးထိုးထားသည်။
"Oui elle est belle."
"အေး မြင်တယ် သူကလှသားပဲ"
"elle est ma petite amie."
"သူက ငါ့ကောင်မလေး"
ထိုလူကခေါင်းညိတ်ပြသည့်အခါ
"Elle est en colère contre moi. Je veux la consoler. Pouvez-vous m'emprunter cette guitare ?"
"သူက ငါ့ကို စိတ်ကောက်နေတာအဲ့တာ ငါသူ့ကို ပြန်ချော့ ချင်လို့ ဂီတာ ငှားနိုင်မလား"
ထိုအခါ ထိုလူက
"Oui Oui "
" ရတယ် ရတယ် "
ဆိုပြီး သူ့လက်ထဲကဂီတာကို အတ္တဆီသို့ပေးလိုက်သည်။
"Merci beaucoup!"
"ကျေးဇူးပဲ ဗျာ"
အတ္တသည် ထိုလူ ဖယ်ပေးတဲ့သစ်သားထိုင်ခုံလေးမှာ ၀င်ထိုင်လိုက်သည့်အခါ ထိုလူက မွန်းကိုလာခေါ်ပါသည်။
"Viens avec moi chez ton copain."
"မင်းကောင်လေးဆီကို ငါနဲ့လိုက်ခဲ့ပါ"
မွန်းလည်း သူပြောတဲ့ပြင်သစ်ဘာသာစကားကိုနားမလည်ဘဲ ပြူးတူးပြဲနဲ့ အတ္တ ရှေ့သို့ရောက်လာခဲ့သည်။
အတ္တကပြုံးပြပြီး ဂီတာကြိုးလေးတွေကို လက်ဖြင့်စခတ်လိုက်သည့်အခါ
Ed.Sheeran ရဲ့ Perfect သီချင်း သံစဉ်လေးထွက်ပေါ်လာသည်။
❤️❤️ 🎼🎼 🎸🎸
ထို့နောက် သူ့ရဲ့အသံ
❤️❤️ 🎸🎸 🎼🎼
တဖြည်းဖြည်း လူတွေက မွန်းအနားမှာဝိုင်းလာပြီး သူသီချင်းဆိုပြတာကို လာနားထောင်နေ ကြသည်။ မွန်းမှာ တကယ်ကို အံ့သြတသဖြစ်နေရပါသည်။
သူ့လို သေနတ်ကိုင်တဲ့လူမျိုးက မွန်းအတွက် သူများနိုင်ငံရဲ့ လူတွေအများကြီးရှေ့မှာ ဂီတာ တီးပြီးသချင်းဆိုပြလိမ့်မယ်လို့ ဘယ်တုန်းကမထင်ခဲ့သလို ဘယ်တုန်းကမှလည်း မမျှော်လင့်ခဲ့မိပါဘူး ။
ပွင့်ဟနေတဲ့ ပါးစပ်လေးကို လက်ဖဝါးလေးနဲ့အုပ်ရင်း တစ်မျိုးနားထောင်ကောင်းတဲ့အဓိပ္ပာယ်နဲ့ခံစားချက်တွေနစ်မျောနေသော သူဆိုပြတဲ့သီချင်းကို နားနဲ့တင်မကပဲ နှလုံးသားနှင့် နားစဉ်နေမိသည်။ မျက်ရည်တွေဝေ့လာသည့်အခါ သူကမွန်းကိုပြုံးပြပြီး လက်လှမ်းပြသည် ။
" N'es-tu plus en colère contre moi bébé? "
မင်းစိတ်မကောက်တော့ဘူးမဟုတ်လား ဘေဘီ "
ဟုသူက မွန်းကိုလှမ်းမေးသည်။
ဂီတာကို ဘေးမှာချပြီး မွန်းဆီကိုရောက်လာ၍
မွန်းရဲ့ပါးစပ်ကိုအုပ်ထားတဲ့လက်ကလေးနှစ်ဖက်ကို ဆွဲယူလိုက်သည် ။ ဘေးမှာ ကြည့်နေကြသည့် လူတွေက လက်ခုတ်တွေတီးပြီး မွန်းတို့ကို အားပေးနေကြသည်။ ဂီတာငှားတဲ့လူကြီးကလည်း မွန်းတို့ကိုပြုံးကြည့်နေသဖြင့် သူက မွန်းကို ရင်ခွင်ဖဲထည့်ပြီး နှဖူးလေးမှာ အနမ်းခြွေကာ
"Baby ကိုယ် ချော့တာကို ကျေနပ်ရဲ့လား" တဲ့။
မွန်းရင်ခုန်သံတွေတကယ်ဗြောင်းဆန်ကုန်ပါပြီ
ဒီလောက်ထိ သူromanticဆန်တတ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါ။
"ဒါမျိုးကို ကိုယ် အခုမှ ပထမဆုံးအကြိမ် လုပ်ဖူးတာ"
ထိုကဲ့သို့ပြောလာတော့ ရင်ခွင်ထဲကနေ သူမက တိုးထွက်ပြီး မော့ကြည့်လာသည်။
"ရှင် တော်တော်တတ်နိုင်တာပဲ"
အတ္တက သူမလက်ကလေးကို ပြန်ဆွဲကိုင်ကာ
"Supriseလေ ကိုယ်ပြောခဲ့ပါတယ် Babyကျေပ်တဲ့အထိချော့ပေးပါ့မယ်လို့"
တကယ်Supriseပါပဲ ရှင်က တစ်ခါတစ်လေ သိပ်အံ့သြဖို့ကောင်းတာပဲ။
"အခုရော ကျေနပ်လား"
"မကျေနပ်ရင် ရှင်ကဘာလုပ်မှာလဲ"
"နောက်တစ်မျိုး ထပ် စဉ်းစားမှာပေါ့ "
ထိုသို့ပြန်ဖြေလိုက်သည်အား မွန်းဟာသဘောကျစွာပြုံးလိုက်ပြီး ကျေနပ်ပါတယ် ဒီအထိခေါ်လာကတည်းကပေါ့ အခုဆို လမ်းမှာပါ သီချင်းဆိုပြတော့ ဒီနေ့က မွန်းအတွက် တကယ့်အမှတ်တရပဲ သူဆိုပြတဲ့သချင်းလိုပဲ perfect ပေါ့။
==========================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (28) ဆက်ရန်
မနက်ဖြန်မှ နဂါးကြည့်ကြစို့နော် 😗😗
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(27)
"Baby!"
အတၱသည္ ေမြ႕ယာေပၚတြင္ Laptop တစ္လုံး ႏွင့္အလုပ္ရႈပ္ေနသည္။ မြန္းက သူေခၚလို႔ ၀ရန်တာမှ လွည့္ၾကည့္သည့္အခါ
"ဒီကိုခဏလာခဲ့"
မြန္းကိုေမ့ေဆးအုပ္ၿပီးေခၚလာတဲ့အတြက္ သူ႕ကို ၾကည္ေသးတာေတာ့မဟုတ္ပါ။ အေတာ္နဲ႕မလာပဲ ၀ရန်တာမှာမေးထောက်ကာ ညရႈခင္းကိုေအးေဆးစြာေငးေနသျဖင့္
"Baby ကိုယ္ေခၚေနတယ္ေလ မေအးဘူးလား ဒီကိုလာ"
"မလာခ်င္ဘူး ဒီေန႕ ကြၽန္မ ရွင္နဲ႕မအိပ္ဘူး"
အတၱက အသံထြက္ေအာင္ရယ္လိုက္သည့္အခါ ေအာက္ႏႈတ္ခမ္းေလးကို ကိုက္၍ သူ႕ကိုမ်က္ေစာင္းတစ္ခ်က္နဲ႕ လွည့္ၾကည့္လိုက္သည္။
"ဘာရယ္တာလဲ"
"ကိုယ္က အိပ္ဖို႔ေခၚတာမဟုတ္ဘူး ျပစရာရွိလို႔"
အတၱသည္ ေခၚလို႔မရသည့္ သူမအား သူကိုယ္တိုင္ပဲ သြားေပြ႕လာခဲ့ေတာ့သည္။
သူ႕ရင္ခြင္ထဲမွာ ထိုင္ေစၿပီး Laptopထဲကေနဝင္ထားသည္ website တစ္ခုကိုျပသည္။
"မနက္ျဖန္အတြက္ အ၀တ္အစားေ႐ြးခိုင္းမလို႔"
"ဘယ္မွမသြားဘူး"
"ေရာက္ေကာင္းေရာက္ၿပီးမွ မသြားဘူးဆိုေတာ့ မင္းက ဒီအခန္းထဲမွာပဲ ကိုယ္နဲ႕အတူအခ်ိန္ၿဖဳံးခ်င္လို႔လား"
သူ႕ႏွာေခါင္းခြၽန္ခြၽန္ေတြက မြန္းရဲ႕ပါးကိုထိကပ္လာသျဖင့္ သူ႕ရင္ခြင္ထဲကေန လႈပ္စိလႈပ္စိနဲ႕႐ုန္းၿပီး
"ရွင္ေနာ္ အျမင္ကပ္ေအာင္မလုပ္နဲ႕"
"အဲ့တာဆိုေ႐ြးေလ Baby ႀကိဳက္တာေ႐ြး"
မြန္းလည္း Laptopေဘးက Mouseေလးကိုင္ကာဟိုေ႐ႊ႕ဒီေ႐ႊ႕လုပ္၍ Screen ေပၚမွာတက္လာသမွ် အဝတ္အထည္မ်ားကိုၾကည့္ရင္း
အကၤ်ီေတြကလည္း အမိုက္စားေတြခ်ည္းပဲ။
အင္းေပါ့ေလ ငါေရာက္ေနတာ ပဲရစ္ ကို
ေစ်းေတြကလည္း ေခါင္ခိုက္ လို႔ပါလား။
မြန္းဘာသာဆိုရင္ အိမ္ေပါင္ၿပီး၀ယ္ရမယ့္ပုံပဲ။
ဒီအေတြးနဲ႕ ႏႈတ္ခမ္းကေလးကိုမဲ့လိုက္ၿပီး
"ဒီမွာ အဲ့ဒီဟာ"
အတၱက သူမျပတဲ့ဟာကို ခ်က္ခ်င္း click လုပ္လိုက္ကာ
"အိုေခ ကိုယ္ မွာလိုက္မယ္ မနက္က် လာပို႔တာနဲ႕ကြက္တိပဲ "
ေျပာလည္းေျပာ သူဟာသူပဲ ဟိုတယ္လိပ္စာေတြ ေငြရွင္းဖို႔ေတြအားလုံးၿပီးစီးေအာင္လုပ္လိုက္သည္။ ထို႔ေနာက္ Laptop ကို ခြက္ကနဲျမည္ေအာင္ပိတ္ခ်လိဳက္ၿပီး သူမကိုခါးကေန ဆြဲလွဲခ်ရင္း Laptop ကိုေခါင္းရင္းကစားေပၚသို႔လွမ္းထားလိုက္သည္။
"ဘာလုပ္တာလဲ ရွင္နဲ႕မအိပ္ဘူး ဖယ္ေပး"
မြန္းက သူ႕ရင္ခြင္ထဲကေနကုန္းထဖို႔လုပ္ေတာ့
"ဒီေမြ႕ယာပဲရွိတာ တစ္ခန္းတည္းယူထားတာ ေစ်း ဘယ္ေလာက္ေပးရတယ္မွတ္လဲ"
"ဘယ္သူကယူခိုင္းလို႔လဲ ဘာေနေန မအိပ္ဘူးလို႔ ဖယ္လို႔"
ခါးကကိုယ္ခ်င္းကပ္ေအာင္ဖက္ထားသည့္ သူ႕ရင္ခြင္ထဲမွာ ေက်ာေပးကာ တြန့္လူးေနသည္မို႔
အတၱသည္ သူမကို သူ႕ကိုယ္ေပၚေရာက္ေအာင္ ဆြဲတင္လိုက္သည္။
"အမေလး "
"ေကာင္းေကာင္းမအိပ္ခ်င္ဘူးထင္တယ္ ကိုယ္စိတ္ထိန္းထားတာေနာ္ "
သူမ မ်က္ႏွာလႊဲၿပီး သူေျပာတဲ့စကားအဓိပၸာယ္ကိုနားလည္သည္မို႔ ၿငိမ္သြားသည္။
မင္းက တကယ့္ကိုကပ္သီးကပ္ဖဲ့ေလး နိုင္နိုင္မနိုင္နိုင္ျငင္းလိုက္ရမွ စိတ္သက္သာတဲ့ေကာင္မေလး။
အတၱက သူမႏွဖူးေလးအား နမ္းရွိုက္ရင္း
ရင္ခြင္ထဲမွာ ျမဳပ္ေနေအာင္ဖက္ထား၍ အိပ္စက္လိုက္သည္။
============================
"Baby ထေတာ့ "
အတၱဟာ နာရီၾကည့္၍ နံနက္ ၈နာရီထိုးၿပီျဖစ္ရာ
"Baby ထေတာ့ တစ္ခ်ိန္လုံးအိပ္ေနတာပဲ"
ၿခဳံထားေသာေစာင္ကိုဆြဲခြာၿပီး ေကြးေကြးကေလးအိပ္ေနေသာ သူမရဲ႕ မ်က္ႏွာေဖာင္းေဖာင္းေလးအား ဆြဲနမ္းပစ္လိုက္သည္။
"Mwah!"
"အင္း... မ်က္ႏွာမသစ္ရေသးဘူး မ႐ြံဘူးလား"
သူမက ထိုအခါမွ သူ႕ကိုတြန္းလႊတ္လွ်င္
"Babyကမွႏွိုးလို႔မရတာ လာ ထ ၿမိဳ႕ထဲကိုေလ်ာက္လည္ရေအာင္"
သူမဟာ အိပ္ခ်င္မူးတူးနဲ႕ထထိုင္ၿပီး မ်က္လုံးေတြမ်က္ႏွာေတြကို လက္ဖမိုးျဖင့္ ဟိုပြတ္ဒီပြတ္လုပ္ေနသျဖင့္
"ကိုယ္ ေပြ႕ေခၚရမွာလား"
"ေျခေထာက္ပါပါတယ္"
သူမက ဆူဆူေစာင့္ေစာင့္ နဲ႕ ေရခ်ိဳးခန္းထဲ၀င္ သြားေတာ့သည္ ။
အတၱဟာ မေန႕ကမွာထားသည့္ အဝတ္အစားမ်ားအား အဆင္သင့္ေမြ႕ယာေပၚမွာျဖန့္တင္ေပးထားသည္ ။ သူကိုယ္တိုင္လဲ အဝတ္အစားလဲထားႏွင့္ၿပီး ဝရန္တာတြင္ စီးကရက္လိပ္တစ္လိပ္ႏွင့္ ထြက္ရပ္ေနလိုက္သည္။
မြန္းသည္ မ်က္ႏွာသစ္သြားတိုက္ၿပီး ထြက္လာေတာ့ ေမြ႕ယာေပၚမွာ အဆင္သင့္ခ်ေပးထားသည့္ အဝတ္အစားမ်ားကိုၾကည့္ၿပီးၿပဳံးလိုက္မိသည္။
"ရွင္က ဂ႐ုစိုက္ျပန္ေတာ့လည္း ေျပာစရာမလိုေအာင္ပါလား"
ထိုအဝတ္ေတြကိုယူၿပီး ေရခ်ိဳးခန္းထဲမွာသြားလဲ၍ ျပန္ထြက္လာသည့္သူမက
"အဟင္း"
သူၾကားေအာင္ တမင္ေခ်ာင္းတစ္ခ်က္ဟမ့္လိုက္ေတာ့ အတၱက စီးကရက္မီးသက္ၿပီး
လွည့္ၾကည့္လိုက္လွ်င္ ဂ်င္းေဘာင္းဘီအျပာကေလးကသူမနဲ႕ ကြက္တိက်ဟာအရမ္းလိုက္ဖက္ေနသည္။
ဆြယ္တာအကၤ်ီအနက္ေရာင္အေပၚကေန ဂ်င္းအကၤ်ီခါးတိုေလးကိုထပ္ဝတ္ထားၿပီး သူမရဲ႕နီညိုေရာင္ဆံပင္ေတြအေပၚမွာ ဖ႐ုံသီးဦးထုပ္အဝါေရာင္ကေလးလည္းေဆာင္းထား၍ ရႉးဖိနပ္အနက္ေရာင္ဟာလည္း ေျခသလုံးတစ္ဝက္အထိဖုံးသည့္ခပ္ႀကီးႀကီးျဖစ္ကာ
တကယ့္နိုင္ငံျခားသူေလးတစ္ေယာက္လိုခ်စ္စရာေကာင္းသည့္သူမအား တစိမ့္စိမ့္ၾကည့္ကာၿပဳံးေနေတာ့ မြန္းဟာ သူ႕ကို မ်က္ခုံးရႈံ႕ၿပီးၾကည့္ကာ
"ဟင္ ေနပါဦး ရွင္ကပါ ဘာလို႔ကြၽန္မလို ဂ်င္းေတြဝတ္ထားရတာလဲ"
"မွာကတည္းက Coupleလို႔ေျပာမွာတာ"
Advertisement
- In Serial171 Chapters
My Personal Lycan King
Victoria Gibberson, an 18 years old telepathic girl who can read the mind of others whenever she wants. It was a curse more than a gift
8 4761 - In Serial34 Chapters
Bad Things
Alicia hates Jake more than she has ever hated anything and anyone in her life. The hatred started at a party one night, when Jake gave her a fake number after sleeping with her. From there, everything goes downhill as she starts to learn who he is and what he does. Of course, with Alicia's luck, he turns out to be part of one of the most infamous gangs in the country.Now the two of them have to work together to take down Candace Peters, the Queen Bitch of their highschool. Will they be able to survive together, or will they end up shooting each other in the foot for twenty million dollars? *~*~*Copyright © by Laylaa Khan
8 120 - In Serial27 Chapters
Sex On The Beach [completed]
A girl name Latina met this guy name Tony would they fall in love read and find out bitches...
8 263 - In Serial40 Chapters
All About Evangeline
Evangeline Benedict is shocked that her mother is marrying for the fourth time-or is it the fifth?-while Evie has yet to wed even once. Worse, her mother's latest is a duke whose brother unwittingly ruined Evie at a masquerade, leaving her with memories that still make her ache with desire. How can Evie face him at every family gathering without thinking of That Night? To confess the scandalous truth could destroy her hopes and dreams. Lord Gareth Armstrong is outraged that his brother is marrying not only a notorious widow, but the masked woman with whom he believes he enjoyed a steamy encounter while seeking a traitor to the Crown. How can he face her again without remembering what he did-and wondering if she remembers, too? To reveal everything to the duke could devastate their family. And it really doesn't help that the widow's bewitching daughter is the one who stirs his passion and tempts his soul.
8 187 - In Serial71 Chapters
My Big Brother's Best Friend Volume 1: Based On True Stories (BOYxBOY)
MBBBF volume one is based off true events of my life. It is set in the Bahamas and evolves around my big brother's best friend Chris. Chris was my ultimate crush and it takes you through events that took place that time in my life with him . Love, sex, crime and murder are just a few of this thing that takes place in this roller coaster of a true story.
8 115 - In Serial36 Chapters
I Know What You Did Last Night (Zarry / Mpreg)
"He knows .. dirty secrets that I keepDoes he know it's killing me?He knows , he knows..! " Harry."I know what you did last night .. When he looks me in the eyes , they don't seem as mean no more. " Zayn.
8 200

