《အတ္တလွန်အချစ် (OC) Completed》Part (29) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(29)
ဒီနေ့ မနက်နိုးထလာတဲ့အခါ အရင်လိုသာယာခြင်းများမပါ၀င်ခဲ့ဘဲ စိတ်တွေအရမ်းထွေပြားနေခဲ့သည်။
သူမကို အတိတ်ကနှစ်မြို့စရာမရှိသော
အကြောင်းအရာတွေ ပြန်ဖော်ပြရမယ်ဟူသောအသိက ဦးနှောက်နှင့်စိတ်တွေကို ရှုပ်ယှက်ခက်သွားစေသည်။
ပါရီမြို့မှာပဲတွေ့ခွင့်ရမယ့် ကိုယ့်အတွက် တန်ဖိုးအရှိဆုံးတစ်စုံတစ်ဦးကို သူမနှင့်လည်း မိတ်ဆက်ပေးချင်သေးသည်။ ကတိပေးပြီးသားမို့ အတ္တ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ကာ တစ်ကိုယ်လုံးအနက်တွေကိုဆင်မြန်းခဲ့၏။ သူမကိုအိပ်ရေး၀၀အိပ်စေချင်သောကြောင့် အမြဲ သူအားလုံးပြင်ဆင်ပြီးမှ နှိုးဖြစ်ခဲ့သည်။
"Baby Baby !"
နားနားလေးကို ခပ်တိုးတိုးလေးကပ်၍နှိုးလိုက်သည်။
"Baby ထတော့ ကိုယ်နဲ့မင်းအတွက် ဒီနေ့ကအရေးကြီးတယ်"
မွန်းသည် မျက်ခုံးတွေရှုံ့သွား၍ ထထိုင်ပြီး
မျက်လုံးတွေပွတ်လိုက် နားရွက်တွေကိုကုပ်လိုက်သူမလေးကို အတ္တ သဘောကျစွာပြုံးကြည့်လိုက်ပြီး
"အင်း"
ဆွဲပွေ့ခေါ်လိုက်သည့်အခါ သူ့ရင်ခွင်ထဲမှာ မျက်လုံးမှိတ်ကျသွားပြန်သည်။
မနေ့ညက တော်တော်နောက်ကျမှ အိပ်ဖြစ်ခဲ့ကြတာမဟုတ်လား။ ရေချိုးခန်းထဲမှ မှန်ရှေ့ကခုံပေါ်တွင်တင်ပေးလိုက်ကာ သွားတိုက်တံကို သူကိုယ်တိုင်ပဲသွားတိုက်ဆေးထည့်ပေးလိုက်သည်။
"ကိုယ်တိုက်ပေးရမှာလား "
"ဟင့်အင်း ကိုယ့်ဘာသာ တိုက်တတ်ပါတယ် သွားရှေ့ကစောင့်တော့"
မွန်းသည် အိပ်ချင်မူးတူးနဲ့ အခန်းတံခါးပေါက်ကိုလက်ညှိုးထိုးကာထွက်ခိုင်းလိုက်သည် ။
"မကြာစေနဲ့နော် အ၀တ်အစားထုတ်ပေးထားမယ်"
မွန်းက ခေါင်းသာညိတ်ပြ၍ သွားတိုက်ပြီး
မျက်နှာသစ်လိုက်သဖြင့် အိပ်ချင်ပြေကာ လူလည်းလန်းသွားသည်။ မျက်နှာကြည်လင်သွားမှ သူ့ကိုသေချာကြည့်မိလျှင် အနက်၀မ်းဆက်နဲ့ သူ့အသားဖြူဖြူတွေကထင်ရှားလွန်းနေသည်။
သိပ်ချောလွန်းတဲ့သူ့မျက်နှာကို ဘယ်ချိန်ကြည့်ကြည့်ရင်ခုန်မိတာ အမှန်ပါ။ စီးကရက်တစ်လိပ်လက်ကြားညှပ်ထားပြီး ပြတင်းပေါက်မှ မွန်းကိုလှည့်ကြည့်ကာ
"အင်္ကျီမြ န်မြန်လဲခဲ့ "
ဟုအမိန့်ပေးလိုက်သည်။
မွန်းလည်း သူစီစဉ်ပေးတဲ့ အ၀တ်အစားတွေကို ယူကာ ရေချိုးခန်းထဲပြန်၀င်သွားပြန်သည်။ အတ္တသည် မွေ့ယာပေါ်တွင်နာရီကြည့်ရင်း စောင့်နေသည်မှာ အတန်ကြာပြီသူမထွက်မလာသေးပေ။
မိနစ်၂၀လောက်နေမှ သူမဟာ သားရေအနက်ရောင် ရင်ပြတ်ဂါ၀န်ကို ရင်မှာဖိကာ ထွက်လာခဲ့သည်။
ဒူးဖုံးဂါ၀န်လေးဖြစ်သည်မို့ အနက်ရောင်ရှူးဖိနပ်အပေါ်က ခြေသလုံးလှလှလေးတွေကိုမြင်နေရ၏။
အတ္တ မတ်တပ်ထရပ်ပြီး
"ဘာဖြစ်လာတာလဲ"
မွန်း၏ မျက်နှာကမအီမသာနှင့် သူ့ကိုကြည့်လိုက်ငုံ့သွားလိုက်ဖြစ်နေသည်။
"ဟို ဟိုလေ ဟိုဟာ.."
တဟိုဟိုသူမကို စိတ်မရှည်သလို ခါးထောက်ကာ အကြည့်စူးစူးတွေနှင့် မျက်မှောင်ကုတ်ပြလိုက်သဖြင့်
"ဟို...ဇစ် ဇစ် တပ်မရလို့"
အဲ့တာကြောင့် ရင်ဘက်မှာဖိပြီး မအီမသာဖြစ်နေတာပေါ့။ အတ္တက သွားတန်းလေးပေါ်အောင်ပြုံးလိုက်ပြီး
"အဲ့တာများ Baby ကလည်း လှမ်းခေါ်လိုက်ပါ့လား အခုတော့ ကြာနေပြီ"
သူမရဲ့နောက်သို့၀င်လိုက်သဖြင့် မွန်းမှာ ကြက်သီးများပင်ထလာသည်။
"လက်ကဖယ်လေ ဒီမှာ တပ်ပေးမလို့"
တပ်မရတဲ့ဇစ်ကို မွန်းက လက်ဖြင့်စွဲချုပ်ထားသည်အား ဖယ်ပေးလိုက်ရသည်။ အတ္တသည် ဇစ်ကို အသာစွဲစိပေးလိုက်ပြီး မွေ့ယာပေါ်က သိုးမွှေး တံဘက်အနက်ကြီးအား ရင်ပြတ်ဂါ၀န်အပေါ်မှ လှစ်ဟာနေတဲ့ နေရာမှန်သမျှ ဖုံးကွယ်ကာ လွှားခြုံပေးလိုက်သည်။ ဖွာလန်ကျဲ နီညိုညိုဆံပင်တွေအား အတ္တကိုယ်တိုင် အနောက်မှသိမ်းကာ စုချည်ပေးပြီး
"မျက်နှာလေး ရှင်းသွားပြီ "
"ကို!"
"ပြောလေ"
သူမလက်ကိုဆွဲကာ ဟိုတယ်မှထွက်လာသည့် သူ့ကိုတုန့်ကနဲရပ်အောင် ဆွဲလိုက်သည်။
"ဘယ်သွားရမှာမို့လို့ ဒီနေ့ ကို့မျက်နှာမကောင်းတာလဲ ပြီးတော့ အနက်တွေချည်းပဲ"
"ရောက်ရင်သိရမှာပေါ့ "
သူသညိ ဘယ်ကရောက်လာမှန်းမသိတဲ့ ကားအနက်ရောင်ကြီးထဲသို့ ဝင်စေရန် မွန်းကို တံခါးဖွင့်ပေးတဲ့အခါ
"ဒီကားက ဘယ်ကရတာလဲ"
"ဟက်! ကိုယ့်အတွက်ကားမရှားပါဘူး ကြာနေလိမ့်မယ် မြန်မြန်လာ"
သူမကို ကားထဲ ၀င်ခိုင်းကာ သူကမောင်းသူနေရာမှာနေရာယူလိုက်သည်။ နေရာကအနည်းငယ်ဝေးသည်မို့ အိပ်ရေးမ၀တဲ့သူမက ငိုက်နေပြီ။ အတ္တလည်း အမြန်ရောက်ဖို့သာ စိတ်ထဲရှိသည်မို့ ကားကိုပဲအာရုံစိုက်ကာမောင်းနှင်လာခဲ့သည်။ ကားကတုန့်ကနဲရပ်သွားခဲ့ပြီးလျှင်
"Baby Baby!"
"ဟင် ရောက်ပြီလား "
"အင်း လာလေ ဆင်းခဲ့"
ဆို၍ သူကပဲအရင်ဆင်းကာ မွန်းဘက်က တံခါးကိုလာဖွင့်ပြီး တွဲခေါ်သည် ။
"မွန်း အိပ်ပျော်သွားတာ လမ်းကိုတောင် မငေးလိုက်ရဘူး"
"ခရီးက ဝေးတယ် Babyရဲ့ အိပ်လိုက်ခဲ့တာကောင်းပါတယ်"
မွန်းရဲ့လက်ကို မြဲမြဲဆုတ်ကိုင်ကာ သူ၀င်လာခဲ့သည်နေရာက
"ကို! ဒါ သင်္ချိုင်းမဟုတ်လား"
ဘေးပတ်လည်က အုတ်ဂူတွေကိုကြည့်ပြီး မွန်း သိလိုက်သည်။
"အင်း ဟုတ်တယ်"
မွန်းသည် သူ့ရဲ့ တည်ငြိမ်အေးဆေးလွန်းတဲ့ခြေလှမ်းတွေနောက်ကို စိတ်ထဲမှာလေးလံစွာလိုက်လာခဲ့သည် ။ မွန်းသည် သူ့ခြေလှမ်းတို့ရပ်သွားသည့် အဖြူရောင်အုတ်ဂူရှေ့မှာ အင်္ဂလိပ်လို ရေးထားသည့် နာမည်ကိုလှမ်းဖတ်လိုက်ရာ
'Mrs.Yin Nandar´
'Age-47´
"နှုတ်ဆက်လိုက်ပါ Baby ဒါ ကိုယ့်အမေ"
မွန်းဟာ သူ့ရဲ့ ၀မ်းနည်းရိပ်တွေနဲ့မျက်နှာကို တစ်လှည့် အုတ်ဂူကိုတစ်လှည့်ကြည့်ရင်း စိတ်ထဲတွင်အမည်ဖော်မရတဲ့ခံစားချက်တွေ။
"ဟုတ်...မင်္ဂလာပါ ကျွန်မက မေမီမွန်းပါ"
ဘယ်သူထင်ထားခဲ့မှာလဲ
သူက မွန်းကို သူ့အမေနဲ့တွေ့ပေးလိမ့်မယ်လို့။
အတ္တ ၀မ်းနည်းမှုတွေ ကြေကွဲမှုတွေကြားက အပြုံးတုကိုတပ်ဆင်ကာ
"မာမီ....ဒါ ကျွန်တော့် နှလုံးသားကိုအပိုင်သိမ်းသွားတဲ့မိန်းကလေးပေါ့ မာမီ.....သဘောမတူလောက်ဘူးဆိုတာ ကျွန်တော်သိပါတယ် မာမီ မုန်းတဲ့မိန်းကလေးကို ကျွန်တော်ခေါ်လာမိတာ တောင်းပန်ပါတယ်"
ထိုအခါ မွန်းသည် အတ္တကိုမော့ကြည့်လိုက်ပြီး မွန်းကို သူတင်မဟုတ်ဘဲ သူ့အမေကလည်းမုန်းတယ်ဆိုတာ သိလိုက်ရပြီးနောက် အတိုင်းအဆမရှိဝမ်းနည်းသွားရသည်။ မွန်းဟာ တကယ်ပဲ အဲ့သလောက်တောင် နှစ်မြို့စရာမရှိဘဲ မုန်းစရာကောင်းလှသည့်မိန်းကလေးလား ဒီလိုအတွေးမျိုးနဲ့ ခေါင်းလေးငုံ့ကျသွားသည်။
"ကျွန်တော့်ကိုယ်ကျွန်တော်တောင်အံ့သြမိသွားတဲ့ ဖြစ်ရပ်တစ်ခုပါ မွန်း ကို မုန်းနေရက်နဲ့ ဘာ့ကြောင့် အခုလို လိုချင်တက်မက်သွားရလဲ သူ့အပေါ်မှာ ရင်တွေခုန်လာရသလဲ ဘယ်လိုမှ အဖြေရှာလို့မရဘူး"
Advertisement
ဆုံးပါးသွားသည့် အမေ့ အုတ်ဂူရှေ့မှာ ခံစားချက်တွေအားလုံးဖွင်ဟ၀န်ခံနေသည့်အတ္တကို မွန်းအခု သနားနေတာလား။
"မာမီ့ သဘောတူညီမှုမပါပဲ ကျွန်တော်လုပ်မယ့် နောက်ဆုံး အလုပ်က ကျွန်တော် မွန်းနဲ့လုံး၀မခွဲဘူး"
အတ္တသည် သူမလက်ကို ပိုမိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး
"မွန်း ကိုဘယ်လိုမှအဆုံးရှုံးမခံနိုင်ဘူး
တောင်းပန်ပါတယ် မာမီ "
အတ္တ ဦးညွှတ်လိုက်သည့်အခါ မွန်းသူ့ကို ငေးကြည့်နေရသည်။
"မွန်း!"
ကြွေကွဲခြင်းများစွာနှင့် သူ့ခေါ်သံကြောင့် မွန်း သနားသောမျက်လုံးများနှင့်သူ့ကို ကြည့်လိုက်သည့်အခါ သူက ချက်ချင်း အကြည့်လွှဲလိုက်ပြီး
"ကိုယ် မင်းကို ဘာလို့ ဖမ်းထားတာလဲလို့မေးခဲ့တယ်နော်"
မွန်း ခေါင်းညိတ်လိုက်သည့်အခါ သူက ရှေ့တည့်တည့်က သစ်ပင်အိုကြီးကို ငေးကြည့်ပြီး
"ကိုယ်အခုဖြေမယ်"
အတ္တသည် သူမရဲ့လက်ကလေးကိုလွှတ်လိုက်ကာ
"မင်း အမေကို ကိုယ်မြင်ဖူးခဲ့တယ်ဆိုရင် မင်းယုံမလား"
မွန်းဟာ သူ့ကိုအရင်တိုင်းဆက်လက်ငေးကြည့်နေရင်း
မွန်းကိုမွေးတဲ့အမေကို မွန်းတောင်မမြင်ဖူးဘဲ သူကမြင်ဖူးတယ်ဆိုတာ မဖြစ်နိုင်တာ။
"မင်းမှာ အရမ်းလှတဲ့ အစ်မ တစ်ယောက်လည်းရှိတယ် "
မွန်းသည် မျက်ခုံးလေးကျုံ့ကျသွားရချိန်
"မင်းအမေက ညည့်ငှက် "
သူ့စကားနောက်မှာ မွန်းဟာ မျက်လုံးကလေးပြူးဝိုင်းသွားရကာ သူ့ကို အံ့သြလောက်အောင်ငေးကြည့်နေမိသည်။
"ဟက်! ကိုယ့်အဖေက အပျော်မက်တာနဲ့တွေ့ကြတာပေါ့"
"..........."
"မင်းက မင်းအမေနဲ့တော်တော်တူတယ် ဆံပင်နီတွေကအစ နှုတ်ခမ်းတွေအထိ မင်းလိုပဲအရမ်းလှတာပေါ့"
ဒါဆိုရင် မွန်းရဲ့ပင်ဂိုနီတဲ့ဆံပင်တွေဟာ မေမေနဲ့တူတယ်လို့ ဖေဖေကပြောခဲ့ဖူးတာအမှန်ပေါ့နော်။
"ဒေါ်မြသက်ဆွေဆိုတဲ့ မင်းအမေနဲ့ကိုယ့်အဖေက အတူနေချစ်သူတွေ ဖြစ်ခဲ့ကြတယ် ကိုယ့်အဖေက မာမီ့ကိုမေ့သွားလောက်တဲ့အထိ ဒေါ်မြသက်ဆွေက ကိုယ့်အဖေကိုဆွဲဆောင်နိုင်တယ် ကိုယ်သိပ်မုန်းခဲ့တာ မင်းအမေကို ကိုယ်သိပ်မုန်းတာ မင်းအမေကြောင့် ဒက်ဒီက ကိုယ့်မာမီ့ကို ပြင်သစ်မှာပဲ ပစ်ထားခဲ့တာ သွေးကင်ဆာရောဂါဖြစ်တာတောင်လာမတွေ့တော့ဘူး မာမီကစိတ်သောကပေါင်းများစွာနဲ့ ဝေဒနာကိုခံစားပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ် "
မွန်းမှာ မျက်ရည်တွေဝေ့၀ဲတက်လာကာ ခေါင်းတွေပင်ရမ်းခါမိတော့သည်။
"ဟက် !! နောက်တော့ ကိုယ့်အဖေက ဒေါ်မြသက်ဆွေကိုလက်ထပ်ဖို့စီစဥ်တော့တယ် ဒါပေမဲ့ အဲ့ဒီအချိန်မှာ မင်းအမေကအရင်ယောက်ျားရှိမှန်းသိသွားတယ်"
"............"
အတ္တသည် ကိုယ်တိုင်ပင် ကြေကွဲ၀မ်းနည်းအငွေ့အသက်တို့နှင့် မျက်ရည်ဝဲလာရသည်။
"မင်းအမေက လက်မထပ်ခဲ့ဘူးလေ မလိမ်တမ်းပြောမယ်ဆို ကိုယ့်အဖေက အချစ်မှာကျရှုံးခဲ့သူပဲထားပါတော့ "
မွန်းမေမေက အဲ့သလောက်တောင်မကောင်းခဲ့တာလား သူများမိသားစုကိုဖျက်စီးလောက်တဲ့အထိ။
"ကိုယ့်မှာ အစ်ကိုရှိတာလည်းမင်းသိထားမှာပါ"
ခေါင်းတောင်မညိတ်နိုင်တော့တဲ့မွန်းကို အတ္တ ငုံ့မကြည့်ခဲ့ပါ။ သူမအမူအရာတွေက သိပ် သနားဖို့ကောင်းနေမှာအသေအချာပဲမဟုတ်လား။
"အစ်ကိုကလည်း အဖေ့ခြေရာနင်းတဲ့ အချစ်ရဲ့ကျေးကျွန်ကြီးပါပဲ ဟက် ကွန်ယက်တစ်ခုလိုများဖြစ်နေမလား ကိုယ့်အစ်ကို သီဟလွန် သိပ်ချစ်ပါတယ်ဆိုတဲ့ မိန်းမက မေမီယွန်းတဲ့"
"ဟင်! "
"ဟုတ်တယ် မင်းရဲ့အစ်မပေါ့ နောက်မှသိလိုက်ရတာက ကိုသီဟက ကိုယ်တို့ဂိုဏ်းရဲ့သခင်ဖြစ်မှာမို့ မင်းအမေက သေချာ ချည်းကပ်ခိုင်းတာတဲ့ ဒါပေမဲ့ အစ်ကိုက အဲ့ဒီမိန်းမအတွက် အသက်တောင်စွန့်သွားတယ် ဟက် နှစ်ဖက်ချွန်လုပ်တဲ့ မေမီယွန်းအတွက် အခြားရန်သူဂိုဏ်းကို လျှို့ဝှက်ချက်တွေပို့ပေးနေတဲ့ အဲ့ဒီမိန်းမအတွက် သေနတ်ကို အစားခံပြီးသေသွားတာ အဆုံးထိ အဲ့ဒီမိန်းမကိုကာကွယ်ပေးသွားတာ"
မွန်းရဲ့ အမေနဲ့အစ်မသိပ်ရက်စက်တာပါပဲလား။
"ဒါပေမဲ့ မင်းရဲ့အမေနဲ့အစ်မလည်းကြာကြာမနေလိုက်ရပါဘူး ကိုယ်တို့ဆီကိုနှစ်ဖက်ချွန်လုပ်ခိုင်းခဲ့တဲ့ ဂိုဏ်းကပဲ လျှို့ဝှက်ချက်တွေပေါက်ကြားကုန်လို့ သူတို့ကိုသတ်လိုက်တယ်"
မွန်းသည် ကိုယ့်ပါးစပ်ကိုလက်ဖဝါးဖြင့်အုပ်ပြီးအသံမထွက်အောင်ရှိုက်ငိုနေရသည်။
"ကိုယ်ဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၅နှစ်အတွင်းမှာ ကိုယ်တို့မိသားစု ကို ဖျက်ဆီး ခဲ့တဲ့ မင်းတို့မိသားစုအကြောင်းကို အသည်းအသန်စုံစမ်းခဲ့တယ် မင်းအမေနဲ့အဖေက မင်းတို့ညီအစ်မကို တစ်ယောက်စီ တာ၀န်ယူထားကြတယ်ဆိုတာသိလိုက်ရတယ်မင်းရဲ့အဖေကဆုံးသွားပေမဲ့ မင်းကကိုယ့်မိသားစုကိုဖျက်ဆီးခဲ့တဲ့ သူတွေရဲ့တစ်ဦးတည်းသော မိသားစု၀င်မို့ မင်းကို ကိုယ်၃နှစ်လုံးလုံးမြေလှန်ရှာလာခဲ့တာ"
မွန်း ခေါင်းတခါခါနဲ့ မျက်ရည်တွေ မြောင်းဖောက်ထားသလိုစီးကျနေရသည်။
"ကိုယ့်အတွက်တော့ ကံကောင်းစွာ မင်းကိုလတ်ကျေးဇူးနဲ့ မင်းကိုတွေ့ရှာတွေ့ခဲ့တယ် ဒါပေမဲ့ ရိုးရိုး တိုက်ဆိုင်မှု မဟုတ်ပဲ မင်းကိုယ်တိုင် ကိုယ့်ဆီရောက်လာခဲ့တာ အဲ့ဒီနေ့က မင်းမှတ်မိမှာပါ"
အတ္တ အားလုံးကို ရှင်းပြလိုက်ပြီး သူမဘက်သို့လှည့်လာခဲ့သည်။
"ကိုယ် ၀န်ခံပါတယ် မင်းကို ကိုယ့်မိသားစုအတွက် လက်စားချေဖို့ နှိပ်စက်ခဲ့တယ်မင်းကိုအရမ်းမုန်းခဲ့တယ် အဖေရော အစ်ကိုရော အချစ်မှာကျရှုံးလို့အသက်ဆုံးရှုံးခဲ့ရတာမို့ ကိုယ်အချစ်ကိုမယုံသလို ချစ်လည်းမချစ်ချင်ဘူး အမုန်းနဲ့အေးစက်ရက်စက်ခြင်းပဲရှိခဲ့တဲ့ကိုယ့်ဆီကို မင်းရောက်လာမှ ကိုယ့်ဘ၀ကပြောင်းပြန်ဖြစ်သွားခဲ့တယ် မင်းအပေါ်မှာရက်စက်ရမှာသိပ်ကြောက်လာတယ် မင်းကိုအဆုံးအရှုံးမခံနိုင်တော့တဲ့အထိပဲ မင်းမှမင်းပဲဖြစ်ခဲ့တဲ့အထိ"
"အဟင့်ဟင့် အဟင့်ဟီး...အီး....."
သူမရှိုက်ကြီးတငင်ငိုကြွေးကာ သူ့ရင်ခွင်ကိုဖက်တွယ်ထားမိသည်။
"မွန်း မွန်း ဘ၀က အဲ့လောက်တောင်လား ဟင့် မွန်းတောင်းပန်ပါတယ် မွန်း တောင်းပန်ပါတယ်"
အတ္တသည် သူမမျက်ရည်တွေကိုသုတ်ဖယ်ပေးကာ
" မင်းတောင်းပန်စရာမလိုပါဘူး ကိုယ်ကသာ ဘာမှမသိတဲ့ကလေးတစ်ယောက်သာသာ မင်းကို ရက်ရက်စက်စက်နှိပ်စက်ခဲ့မိတာ အမှန်ဆို မင်းအမေနဲ့အစ်မလုပ်ခဲ့တဲ့ကိစ္စတွေ မင်းဘာမှမသိခဲ့ဘဲ အစားခံလိုက်ရသလိုဖြစ်သွားတာ"
အတ္တသည် သူမရဲ့ခေါင်းကလေးကိုအသာလေးဖိပွတ်ပေး၍
"မင်းသာ သစ္စာမဖောက်ပါဘူးလို့ကတိပေး အဖေရောကိုသီဟရောသစ္စာဖောက်ခြင်းခံခဲ့ရတာမို့ ကိုယ် အကြောက်ဆုံးကသစ္စာဖောက်ခံရမှာကိုပဲ အမုန်းဆုံးကလည်းသစ္စာဖောက်ပဲ"
"မွန်း မွန်း ကတိပေးပါတယ် နော်"
မဆိုင်းမတွ ခေါင်းတညိတ်ညိတ်ပြောရှာတဲ့သူမရဲ့ခေါင်းလေးကို ဖိနမ်းလိုက်သည်။
"မင်းသွားချင်တဲ့ ကိုယ့်အိမ်ကိုလိုက်ပို့ပေးမယ်"
===========
တစ်လမ်းလုံးမှာ မျက်နှာမကောင်းပဲ ငြိမ်သက်နေခဲ့တဲ့ သူမက ကားရပ်လိုက်သည့်အခါမှ အပြင်ကိုလှမ်းကြည့်လိုက်လျှင် ကဗျာဆန်ဆန် တစ်ထပ်တိုက်ကလေးဖြစ်သည်။ အဖြူရောင်ဖြစ်ကာ မနေတာကြာသော်လည်းသစ်လွင်နေလျှက်ရှိသည်။
"ဆင်းခဲ့လေ Baby"
အတ္တက သူမလက်ကိုဆွဲခေါ်ပြီး တံခါးကိုသော့ဖွင့်လိုက်ရာဘာမှ လက်ဟန်ခြေဟန် မပြတ်ပဲ ဖုံမတင်ပဲရှိနေသည့်ပစ္စည်းများကြောင့်
Advertisement
"ဒီမှာလူမနေတကြာပြီမဟုတ်လား"
"အင်း ဒါပေမဲ့ မာမီနဲ့ကိုယ်နဲ့နေခဲ့တဲ့နေရာလေးမို့ ဟောင်းနွမ်းမသွားအောင် ၁ပတ်တစ်ခါ သန့်ရှင်းလုပ်ပေးဖို့၀န်ထမ်းခန့်ထားတယ်"
မွန်း ခေါင်းညိတ်ရင်း အိမ်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုရာ တစ်အိမ်လုံးမှာ သူနဲ့မွန်းနှစ်ယောက်ပဲရှိတယ်ဆိုတဲ့ခံစားချက်က ရင်ခုန်ရစေသည်။ အတ္တကိုင်ထားတဲ့လက်ကိုလွှတ်ပြီး အိမ်ထဲမှာရှိနေတဲ့ အလှထားသောကြွေထည်ပစ္စည်းတွေကို ကိုင်ကြည့်မိသည်။
"ဒါတွေက မာမီကိုယ်တိုင်လုပ်ထားတာလေ မာမီက အိုးလုပ်တဲ့လက်မှုပညာရှင်တစ်ယောက်"
ဟု ကြွေအိုးလေးတွေ မြေအိုးလှလှလေးတွေတင်ထားသော စင်ကြီးအနားကို လာပြီးမွန်းကိုရှင်းပြသည်။
"အဲ့တာဆို ရှင့်အမေကအရမ်းတော်မှာပဲနော် ဒီပေါ်က ပစ္စည်းတွေကအရမ်းလက်ရာမြောက်တာပဲ"
" အင်း မာဖီးယားရဲ့ဇနီးလို့ပြောရက်စရာမရှိအောင်ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ပေါ့ တစ်ခါတစ်လေ မာမီ့ကိုနှမျောမိတယ် ဘာကြောင့်များ ဒက်ဒီလိုလူမျိုးနဲ့တွေ့ခဲ့ရသလဲလို့ "
မွန်းက အတ္တပြောစကားကို ငြိမ်ငြိမ်ကလေးနားထောင်နေသည်။
"ဒါပေမဲ့ ကိုယ်က အဖေတူသားဖြစ်နေတယ် သွေးအေးအေးနဲ့ ရက်စက်နိုင်တယ်တဲ့ ကိုယ်နဲ့ပတ်သက်ဖူးတဲ့လူတိုင်းဆီကနေ အဲ့ဒီစကားကိုကြားရတယ် "
ထိုအခါ မွန်းက ကြွေအိုးကလေးတွေတင်ထားတဲ့ စင်ကိုလက်ပိုက်ပြီးမှီထားသော အတ္တရဲ့ပါးတစ်ဖက်ကို လက်ဖဝါးကလေးတစ်ဖက်နှင့်လှမ်းကိုင်လိုက်ပြီး
"ရှင်က ရှင့်အမေနဲ့လည်းတူပါတယ် ရှင့်စိတ်ရဲ့အချို့သောအပိုင်းတွေကနူးညံ့တယ်လို့ ခံစားမိတယ် ရှင့်ရဲ့လက်တွေက လူသတ်ဖို့သေနတ်လည်းကိုင်နိုင်သလို လှပတဲ့သံစဥ်တွေကိုဖန်တီးဖို့ ဂီတာကြိုးတွေကိုလည်းအနူးညံ့ဆုံးတီးခက်နိုင်တယ် "
သူမစကားကိုနားထောင်ကာ အတ္တက တစ်ချက်ပြုံးလိုက်တဲ့အခါ
"မွန်းစာထဲမှာဖတ်ဖူးတယ် သီချင်းတွေကိုဖန်တီးနိုင်တဲ့လူတွေက နှလုံးသားနုတယ်တဲ့ "
ဆို၍ မွန်းသည် ရှေ့သို့ဆက်လျှောက်သွားရင်း
"Atta?"
ဆိုတဲ့ တံခါးတစ်ခုပေါ်က စာလုံးလေးတွေကိုအသံထွက်ဖတ်လိုက်သည်မို့ အတ္တကသူမအနားတိုးလာကာ အခန်းတံခါးကိုဖွင့်ပြရင်း
"ဒါကိုယ့်အခန်းလေ"
အတ္တက ပြောလည်းပြော သူမကို ဆွဲခေါ်ပြီး တံခါးပိတ်လိုက်သည်မို့ ရင်ထဲတွင်ဒိန်းခနဲဖြစ်သွားရသည်။
"Baby!"
သူ့ရဲ့အေးစက်ညက်ညောတဲ့ခေါ်သံက မွန်းကို စိတ်လှုပ်ရှားစေသည်။
သူမကို မေးဖျားလေးကဆွဲမော့ကာ ဆေးမကူတဲ့ နှုတ်ခမ်းဖူးဖူးလေးအား ရုတ်တရက် ငုံ့နမ်းလာတော့ မွန်းမှာ ဂါ၀န်စကိုတင်းတင်းကိုင်ထားပြီး သူ့ကိုတုန့်ပြန်နမ်းရှိုက်ခြင်းမပြုရသေးပါ။
အတ္တသည် သူမနှုတ်ခမ်းတို့ကိုငုံထွေးထားရင်း သူမအပေါ်က သိုးမွှေးခြုံလွှာကြီးကို ဖြုတ်ကာလွှင့်ပစ်လိုက်သည်။ အတ္တဟာ လှစ်ဟာသွားသော သူမရဲ့ရင်ဘက်နှင့်ပုခုံးတို့ကို သူ့လက်တို့ဖြင့်ပွတ်သတ်ဖိဆွဲရင်း အနမ်းတို့ကလည်တိုင်သို့ဖြေးဖြေးချင်းဆင်းလာသဖြင့်
"ဟင့်အင်း ကို! မွန်း မွန်း မလုပ်ချင်ဘူး"
သူမမျက်လုံးစုံမှိတ်ကာငြင်းလာခဲ့တော့ အတ္တက ရပ်လိုက်ကာ ရီဝေသောမျက်လုံးတို့ဖြင့် စိုစွတ်သွားတဲ့နှုတ်ခမ်းတို့ကိစူးစိုက်ကြည့်ပြီး
"မရတော့ဘူး Baby မင်းကို ကိုယ်အားလုံးလည်း ၀န်ခံပြီးပြီ ကိုယ့်ခံစားချက်ကိုလည်းမင်းသိပြီးပြီ Babyကိုယ့်ကိုမယုံသေးဘူးလား"
မွန်းပြန်ပြောဖို့စကားရှာနေချိန်မှာ
"ဒီနေ့ ကိုယ့်မှာထိန်းချုပ်နိုင်စွမ်းမရှိလို့
ထိန်းဖို့လည်းစိတ်မကူးဘူး မင်းနဲ့ခရီးဆုံးထိသွားမယ် ကိုယ့်ကိုအချစ်နယ်ကျွံခွင့်ပြုပါ Baby"
အတ္တသည် စကားအဆုံးမှာ မွန်းကိုတဖန်ပြန်လည်နမ်းရှိုက်ပြီးသူ့ရင်ဘက်ကရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်၍ ရင်ဘက်ကိုဟလိုက်သည်။
မွန်းက ခေါင်းမညိတ်ရသေးပေမဲ့ သူဟာ ဒီအချိန်မှာ မွန်းဘက်ကသဘောမတူဘူးလို့ပြောခဲ့လျှင်လည်း ရှေ့ဆက်မည်ဖြစ်ကြောင်း မကြာခင်ကပင်ကောင်းကောင်းပြောပြပြီးဖြစ်ပါသည်။ မွန်းသည် သူ့နှုတ်ခမ်းတွေကို တတ်နိုင်သလောက် တစ်ချက်ချင်းပြန်စုပ်နမ်းလိုက်လျှင် အတ္တသည် သူမရဲ့ လက်နှစ်ဖက်ကိုယူပြီး အင်္ကျီဖွင့်ထားသည့် သူ၏ဗလာကျင်းရင်ဘက်ပေါ်သို့တင်ပေးလိုက်သည်။
မွန်းမှာ သူ့ရင်ဘက်တွေနှင့်ဗိုက်ကြွက်သားများအား ပွတ်သပ်နေရင်း သူမခံတွင်းထဲသို့ချယ်လှယ်လာသည့်သူ၏လျှာကိုလည်း အဆင်ပြေသလိုတုန့်ပြန်ပေးနေသည်။ အတ္တသည် သူမရဲ့ ကျောပြင်နှင့် ပုခုံးများကိုပွတ်သက်ရင်း သားရေဂါဝန်အပေါ်ကနေ တင်ပါးများဆီရောက်သွားတဲ့အခါ လက်နှစ်ဖက်လုံးနှင့် တစ်ချက်ညှစ်ကိုင်လိုက်တော့ မွန်းခန္ဓာကိုယ်လေးတစ်ချက်တုန်သွားကာ သူ့ကိုပြန်လည်စုပ်နမ်းနေရာကနေရပ်တန့်သွားသည်။
အတ္တသည် သူမကို တင်ပါးကနေမချီလိုက်တော့ သူမကအတ္တရဲ့ခါးမှခြေနှစ်ဖက်ဖြင့်ချိတ်တွယ်လျှက်ပါသွားရသည်။ မွေ့ယာဘက်သို့ဦးတည်လိုက်ပြီး မွန်းရဲ့ကျောကဂါ၀န်ဇစ်လေးကို သူဆွဲဖြုတ်လိုက်ပြီးလှစ်ဟာသွားတဲ့ကျောပြင်အတွင်းသို့ သူ့လက်တို့ထိုး၀င်ပွတ်သပ်ကာ ကျန်လက်တစ်ဖက်က သူမရဲ့ခြေသလုံးမှပေါင်တံလေးတွေအထိ ထိတွေ့လိုက်ရင်း မွေ့ယာပေါ်သို့ပစ်လဲချလိုက်ရာ၌ တစ်ဦးနှင့်တစ်ဦးကြားမှာ အသက်ရှူသံပြင်းပြင်းတွေနှင့်အတူ မွန်းရဲ့လက်တို့ကသူ့လည်တိုင်မှာ ဖက်တွယ်လာသည်။
အတ္တရဲ့နှုတ်ခမ်းတွေဟာ သူမရဲ့လည်ပင်းကနေရင်ဘက်အထိ ဆက်တိုက်စုပ်နမ်းနေတဲ့အခါ
"အ...အင်း.."
မွန်းက မျက်နှာလေး မော့ထားကာ နှုတ်ခမ်းကိုက်ရင်း ခပ်တိုးတိုးညည်းလိုက်မိသည်။
အတ္တသည် သူမရဲ့မျက်နှာမော့မော့လေးကို ကြည့်ရန်အတွက် သူ့မျက်နှာကအပေါ်ပြန်တက်လာတဲ့အခါ မွန်းရဲ့ ရင်ခုန်ခြင်းအတိနှင့်စိတ်လှုပ်ရှားနေတဲ့မျက်နှာကလေးက သူ့ကိုရမ္မက်မီးတွေပို၍လောင်မြိုက်စေသည်။ သူနမ်းထားလို့စိုလူနီရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို လက်မဖြင့်တစ်ချက်ဖိပွတ်လိုက်သည်။
သူဒီနှုတ်ခမ်းတွေကို ရူးလောက်အောင်စွဲလမ်းရပါသည်။
တစ်ချက်ငုံ့ပြီးစုပ်ယူလိုက်ကာ လှစ်ဟာနေတဲ့သူမရဲ့ နူးနူးညံ့ညံ့ ကျောပြင်ကလေးအားဆက်တိုက်ပွတ်သတ်ရင်း ဇစ်ပွင့်ပြီးသားဂါဝန်ကိုဆွဲချလိုက်ရာ သူမရဲ့အလှတရားတို့က ပွင့်ထွက်လာပြီး အတ္တကိုယ်တိုင်ပင်ရင်ထဲဇိုးဇိုးဇက်ဇက်ဖြစ်သွားရစေသည်။
ထိုအလှတရားအစုံကို တစ်ချက်ဖိကိုင်လိုက်တဲ့အခါ
"အင်း...အ..."
သူမဆီကညည်းသံသဲ့သဲ့ကလေးထပ်ကြားလိုက်ရပြန်သည်။
"အင်း...ကို...."
အတ္တသည် သူမဆီကထိုကဲ့သို့ ခေါ်သံကြားလိုက်ရတဲ့အခါ သူမရဲ့အလှတရားတွေကို ညှစ်ကိုင်ပစ်လိုက်မိတော့သည်။
"အား...အ အရမ်း...မညစ်နဲ့ နာတယ် "
အတ္တဟာ သူ၏ဘောင်းဘီဇစ်ဖြုတ်လိုက်တဲ့အချိန် ဘောင်းဘီအိတ်ထောင်ထဲမှ Vibration တုန်ခါလာသော ဖုန်းကြောင့်
"ဖာ့ခ်...ဒီချိန်ဘယ်ခွေးမသားက ဖုန်းဆက်နေတာလဲ!"
ဖုန်းကိုစက်ပိတ်ရန် ဆွဲထုတ်လိုက်သည်။
=============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(30)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(29)
"Baby Baby !"
"အင်း"
ဟုအမိန့်ပေးလိုက်သည်။
အတ္တ မတ်တပ်ထရပ်ပြီး
"ဘာဖြစ်လာတာလဲ"
"ဟို ဟိုလေ ဟိုဟာ.."
"ဟို...ဇစ် ဇစ် တပ်မရလို့"
"ကို!"
"ပြောလေ"
"ရောက်ရင်သိရမှာပေါ့ "
"ဒီကားက ဘယ်ကရတာလဲ"
"Baby Baby!"
"ဟင် ရောက်ပြီလား "
"အင်း လာလေ ဆင်းခဲ့"
"အင်း ဟုတ်တယ်"
'Mrs.Yin Nandar
'Age-47
Advertisement
- In Serial43 Chapters
Isn’t Being A Wicked Woman Much Better?
She possessed a villainess who is known and hated for her evil acts in an unpopular novel. But because of her personality, it was extremely difficult for her to play the villainess role.
8 748 - In Serial153 Chapters
[HIATUS] Rainbow of the Horizon—Illuminating Our Darkened Path | Our World
"The world is unfair and unjust… that's the second time I've said that, haven't I?" Gin Sakato and Ringo Akanami's somewhat eventful life continued together with his ever so increasing number of companions in the unpredictable world they live in and discover its urban obscurity, as they blur the line of the 'unbelievables', 'believables', and the obliterated fourth wall. New people and new happenings came to their life as they move forward in the hardships and mishaps that are bound to test their individual strengths to survive in this (normal) world. But the sun's hope comes shining down after the rain of despair and sometimes, rainbows of bliss spreads in the horizon. Remembering the past, living in the present, and molding the future is what they have learned and instilled to their minds as their individual roles. And therefore, the journey of life continues awaiting the uncertain tomorrow. This is a sequel to Normal in Parenthesis. *Alternative name/abbreviation: NijiHo*
8 208 - In Serial47 Chapters
The Nightmare You Saved Me From
Life without being notice was top priority for Emma Davis. The dark secrets that linger in the place she called 'hell' was never something she ever intended to share with anyone. They would be disgusted with her. No one would ever get close enough to find out. There was always a chance that someone may come along and mess everything up...Tyler Price had never been one to be attracted to fragile females. They seemed like a waste of time and to much to handle. Never did he think he would find himself falling for a girl who was determined to shut him out. When his eyes landed on the girl who took his breath away he didn't know that she was as fragile as they came. The shy and quiet girl he wanted a life with might be more work than he anticipated. He never thought this sexy little thing was living a nightmare everyday.*I wrote this story at the age of 16. I would love to go through it and edit it but I am just going to leave it as is (for now). I'm ready to start new projects. This story is over eight years old. So I do apologize for the errors you may see in this story.*
8 428 - In Serial82 Chapters
Just Revenge (#1)
I looked at his eyes and put up a strong face. His eyes bore into mine as much as mine into his. It was like he could read my mind and reach out to my soul just by looking into my eyes. I tried to read his thoughts too but it felt like he had blocked me out this time. Nothing seemed clear to me anymore. Tears were burning behind my eyes and threatening to pour out. I forced my self to hold them back and asked him, "Just revenge?"Without a ting of emotion on his face, he said, "Just Revenge."********************************************************************************************Amelia Lawson had a perfect life. In the eyes of the world, Amelia, or Amy as most would call her, had everything you ever wanted. A successful career, rich background, a loving brother and a handsome boyfriend turned husband. But, it all crashes down when on the wedding night the love of her life, Aaron Kingston, laughs on her face revealing to her that the whole thing right from dating to marriage was just a big sham and for a fact he actually hates her to no bounds. Now, blackmailed by her husband, Amelia has no choice but to pretend in front of his family and the world that they are a happy couple until he gets what he wants, even if it is her life that is at stake. With Amy's heart already in her husband's hands, her husband hell bent on making her life a living hell and her not knowing what has she possibly done in the twenty five years of her existence to make him hate her so much, what is much left for her to do but comply? But no, "Take no shit from anyone." is a rule made for Amy.Aaron Kingston may have been the love of her life, but he is no exception to this rule.********************************************Warning: Mentions of sensitive stuff. Please refrain if you feel you can't handle.Note: This is a standalone book but a part of a series. Can be read in any order.#1 in heartbreak on 05/28/2022#1 in planned on 06/03/2022#2 in betrayal on 06/04/2022
8 263 - In Serial23 Chapters
Without Jaxton (Loving Jaxton Book #2)
BOOK TWO TO LOVING JAXTON! WILL SPOIL LOVING JAXTON!Five Years after losing the only man Rylee Jane has fully loved she is still completely heartbroken. She'd lost him after losing herself. The only thing that makes it worse is that their three children keep them tied together. Five Years apart, without an official divorce and she's ready to move on. She's ready to find a stepfather for her children, and a new man that loves her the way Jax didn't after leaving her alone with postpartum depression. And then he comes back and fucks her all up.
8 210 - In Serial55 Chapters
Marriage Merger
Ximena Dos Ramos is the heiress to the Dos Ramos Cooperation and it is the sole preoccupation of her entire existence. With her father constantly breathing down her neck, how could she possibly hope to be in a normal relationship?One mysterious man that she keeps on bumping to manages to effortlessly pique her interest and little does she know they're about to have both their fates inextricably intertwined...And not in a good way! It could either be the beginning of something beautiful, or a means to a very terrible end as past mistakes resurface and awful secrets threaten to haunt them all. Greed and ambition breed catastrophe, but can love manage to change the circumstances of a planned marriage?Cover attribution designed by Freepic.diller - Freepik.com
8 152