《အတ္တလွန်အချစ် (OC) Completed》Part (30) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(30)
သူမနှုတ်ခမ်းတွေကိုစုပ်ယူလိုက်ရင်း အလိုက်မသိတဲ့ဖုန်းကိုဒေါသထွက်စွာ ကြည့်လိုက်သည့်အခါ အလင်း ခေါ်တာဖြစ်နေသည်မို့ အတ္တသည် ဖုန်းကိုနားနားကပ်လိုက်၏။ တစ်ဖက်မှ အလင်းသည် သခင်လေးရဲ့အသက်ရှူသံပြင်းပြင်းကိုသာကြားနေရသည်မို့ သူဖုန်းဆက်လိုက်တာအချိန်ကောင်းမဟုတ်မှန်း သိလိုက်ရသည်။
"တောင်းပန်ပါတယ် သခင်လေး"
တောင်းပန်စကားကို အရင်ဆိုလိုက်သည်။
အတ္တဘာစကားမှဆက်မပြော နားပဲနားထောင်ကာ သူမဆီသို့ အနမ်းတွေကိုမရပ်တန့်နိုင်ပါ။ သို့သော် ရုတ်တရက်ပဲ သူမနှုတ်ခမ်းတွေလွှတ်ပေးလိုက်ရ၍ မွန်းလည်း သူ့လည်တိုင်ပေါ်ကလက်တွေ ဖြုတ်ပေးလိုက်လျှင် အတ္တ ချက်ချင်းထထိုင်လိုက်ပြီး
"ဖာ့ခ်!!"
နောက်တစ်ကြိမ်ထပ်ဆဲရေးဆိုလိုက်သည်နဲ့အတူ အတ္တသည် ဖုန်းကို အိတ်ထောင်ထဲပြန်ထည့်ကာ ဘောင်းဘီဇစ်ပြန်ပိတ်လိုက်ရင်း သူ့ကိုရှက်လို့ မျက်နှာလွှဲကာ ဖရိုဖရဲဖြစ်နေသည့်သူမအား
"Baby ထ ကိုယ်တို့ဒီမှာ မလုံခြုံတော့ဘူး"
ဆို၍ သူမကို ဆွဲထူပေးလိုက်သည်။
အတ္တသည် သူ့ရဲ့အင်္ကျီကြယ်သီးတွေကိုဂရုမစိုက်နိုင်ဘဲ အရင်ဆုံး သူမကိုကျောဘက်သို့လှည့်စေ၍ ဇစ်ကို ဆွဲတပ်ပေးပြီး လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်သည်။
"ဒီကနေအမြန်ထွက်မှဖြစ်မယ်"
ဟု ဆိုလိုက်ရင် မွန်းမှာ နောက်တစ်ဖန် တစ်ချိန်ကဂျော်နီ့ရဲ့ Party တုန်းကလိုအဖြစ်မျိုးကြုံရတော့လေမလားဟု တွေးပြီးစိတ်ပူနေရသည်။ အတ္တဟာ အခန်းတံခါးကိုဖွင့်ရန် အနားတိုးသွားပြီးမှ ခြေသံတွေကြောင့် လော့ပြန်ချလိုက်ရပြီး
"ကျစ်! ."
သူမနဲ့အတူ အေးအေးဆေးဆေးလွတ်လပ်စွာထွက်လာသည့်ခရီးဖြစ်၍ သေနတ်ပါမလာတာကအတော်လေး အခုချိန်မှာ အတော်ဒုက္ခရောက်နေသည်။
"ဘာဖြစ်လို့လဲ ကို!"
"ရှူး!"
အတ္တက သူမ နှုတ်ခမ်းပေါ်ကိုလက်တင်ပိတ်လိုက်ပြီး သူမရဲ့ ခေါင်းကလေးကိုအုပ်ကိုင်လိုက်ကာ
"ကိုယ်ပြောတာကိုနားထောင်"
မွန်းက သူ့ကို စိတ်လှုပ်ရှားနေတဲ့မျက်လုံးနဲ့ကြည့်နေပြီး ခေါင်းညိတ်လျှင် အတ္တက ကုတင်ရဲ့ဘယ်ဘက်က ပြတင်းပေါက်တစ်ချက်ကိုအသာဖွင့်ပေးလိုက်သည်။
"Baby ခုန်နိုင်လား"
မွန်းမှာ ပြတင်းပေါက်ကနေအောက်ငုံ့ကြည့်လိုက်တော့မြေပြင်နှင့် ၅ပေလောက်ကွာနေသည်ဖြစ်ရာ
"ဟင်!"
ဂါ၀န်ကြီးနဲ့လည်းဖြစ် ဒေါ်ဖိနပ်ကလည်းစီးထားသဖြင့် မအီမသာဖြစ်နေသော သူမမျက်နှာလေးကို လက်နှစ်ဖက်နှင့် ဖိကိုင်လိုက်ပြီး
"ဆောရီး ကိုယ်လည်းဒီလိုဖြစ်မယ်ဆိုတာကြိုမသိလို့ မပြင်ဆင်ခဲ့ရဘူး"
"ဟင့်အင်း မွန်း ဘာလုပ်ရမှာလဲသာပြောတာ"
"ဒီကနေ ထွက်ပြီးရင် အခြေအနေကြည့်ပြီး ကိုယ့်ကိုကားပေါ်ကစောင့်"
"ဟင် ကိုကရော... ကိုရော... မလိုက်ဘူးလား"
စိတ်ပူသွားတဲ့သူမကမျက်ရည်လွယ်လွန်းပါရဲ့။
"ကိုယ် ဒီတိုင်းလိုက်လို့မရဘူး စိတ်မပူနဲ့ Baby မင်းသာအရင်လွတ်အောင်ပြေး"
အတ္တက ပြောလဲသူ သူမခန္ဓာကိုယ်လေးကို ပွေ့ကာ ပြတင်းပေါက်ဘောင်ပေါ်တင်ပေးလိုက်တဲ့အခါ မွန်းဟာ ဒေါက်ပါသောရှူးဖိနပ်နှစ်ခုကို ချွတ်ပြီး လက်ကနေကိုင်ထားလိုက်သည်။
"1. 2. 3 ခုန်"
အတ္တက အမိန့်ပေးတာနဲ့ မွန်းလည်း မျက်စိစုံမှိတ်ကာ ခုန်ချလိုက်ပြီး ပုံရပ်လေးလဲသွားရာမှ ပြန်ထ လိုက်သည့်အခါ အတ္တက အပေါ်မှနှုတ်ခမ်းမပွင့်ပဲပြုံပြရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
မွန်းလည်း အတ္တမှာတဲ့အတိုင်း အိမ်ထောင့်မှာကပ်ကာ ခြံ၀န်းထဲသို့ချောင်းကြည့်ရာ၌ သူမတို့စီးနှင်းလာသော အတ္တရဲ့ကားအပြင် အခြားသော အနက်ရောင်ကားနှစ်စီးလည်းရောက်နေသည်။
====
အတ္တက သူမ အိမ်ရှေ့ရောက်နိုင်မဲ့အချိန်ကိုမှန်းကာ အခန်းကလော့ကို အပြင်မှလူတွေကြားနိုင်လောက်တဲ့အထိ အသံမြည်အောင် ဖွင့်ပေးလိုက်သည်။
ချလပ်!
တံခါးပွင့်မလာပဲလော့သံသာကြောင့် သေနတ်နှင့် လူတစ်ယောက်က တံခါးကိုလာဖွင့်ရာ တံခါးနောက်တွင်ပုံးနေသောအတ္တက သူငယ်ငယ်ကကစားခဲ့တဲ့ဘေ့(စ်)ဘော တုတ်ဖြင့် ခေါင်းကို ၃ချက်မျှရိုက်ချပစ်လိုက်သည်။
အငိုက်မိသွားသောထိုလူသည် နှဖူးကနေသွေးများယိုစိမ့်လာတဲ့အချိန် အတ္တသည် ထိုလူ၏ဂွခြားသို့ ခြေထောက်နဲ့ ၂ချက်ဆင့်ကန်လိုက်ပြီး ထိုလူ့လက်ထဲက ပစ္စတို သေနတ်ကိုလုယူလိုက်သည်။ အိပ်ခန်းထဲက ရုံးရင်းဆန်ခက်ဖြစ်နေသည်မို့ အိမ်ရှေ့ကိုအာရုံရောက်နေသည့် လူတွေအားလုံး အခန်းရှေ့ရောက်လာကြသည် ။
ဒါဟာ သူမပြေးလို့လွတ်အောင် တမင် အာရုံလွှဲပေးလိုက်တာပဲလား။
အတ္တသည် သူရိုက်လိုက်လို့ သတိလစ်ကာ သွေးသန်ရဲရဲလူအား ဆွဲထူကာ သူ့ရင်ဘက်မှာ အကာအကွယ်အဖြစ်ကပ်လိုက်ပြီး အခန်းထဲကထွက်လာလိုက်သည် ။ လူ၃ယောက်က သေနတ်တွေချိန်သလို အတ္တလည်း ပြန်ချိန်ထားလိုက်သည်။
"မင်း တို့က အလစ်ချောင်းတာလား ငါက အလစ်ချောင်းလို့ရမယ့်ကောင်မျိုးမဟုတ်ဘူး "
အတ္တကထိုကဲ့သို့ ပြောလိုက်တဲ့အချိန် ၃ယောက်ထဲမှ တစ်ယောက်က
ဒိုင်း
တစ်ချက်ပစ်လိုက်ပေမဲ့ အတ္တက စောနက လူကိုအရှေ့မှ ဆွဲထူကာရံထားသောကြောင့် သူ့ကိုတိုက်ရိုက်မထိခဲ့ပါ။
သေနတ်သံကြားတိုင်း
"ကို့ ကိုမထိပါစေနဲ့"
ဟု မွန်းဆုတောင်းရုံသာတတ်နိုင်ပြီး အိမ်ထောင့်ကနေ လူလစ်တုန်းမှာ ကားထဲသို့ပြေးဝင်သွားလိုက်သည်။
===
"ကောင်မလေးရော!"
"လိုချင်တာလား!"
အတ္တကခနဲ့သလိုမေးကာ သူ့အိပ်ခန်းဘက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်ပြီး ပြောလိုက်ရာ ၃ယောက်ထဲမှ စောနက အတ္တကို သေနတ်နဲ့ပစ်သည့်တစ်ယောက်သည် အလျှင် အမြန် အိပ်ခန်းထဲသို့၀င်လျှင်
"မလုပ်နဲ့ Baby ပြေး!"
အတ္တက အော်လိုက်သည်မို့ အခန်းထဲတွင် သူမရှိသည်ဟုယုံမှတ်ကာ ၃ယောက်စလုံး အခန်းထဲသို့၀င်ကြသည့်အခါ အတ္တသည် ကြည်ကာထားသည့်လူကိုအောက်ချပြီး ၀င်သွားတဲ့လူ၃ယောက်မှ နောက်ဆုံးတစ်ယောက်အား
ဒိုင်း ဒိုင်း
နှစ်ချက် ဆင့်ပစ်လိုက်ပြီး တံခါးကိုအလျှင် အမြန်ပိတ်ကာ အခန်းဘေးက ဆိုဖာကို တံခါးရှေ့တွင်ပိတ်ထားပြီး
"ဟက် မင်းတို့လို စောက်တုံးတွေက လှည့်စားရလွယ်လိုက်တာ "
အတ္တသည် သေနတ်ကို ခါးကြားမှာထိုးထည့်ကာ အိမ်ထဲကနေ ပြေးထွက်ခဲ့၏။
====
"ဒုန်း. ချီး...ကောင်မလေးက အထဲမှာမရှိဘူး"
တံခါးဖွင့်လို့မရတော့သောကြောင့် ထိုလူနှစ်ဦး တံခါးကိုခြေနဲ့ကန်ပြီး ပြောလိုက်ပြီး ဖွင့်ထားတဲ့ပြတင်းပေါက်ကိုတွေ့သဖြင့် တစ်ယောက်ကအရင်ထိုပြတင်းပေါက်ကနေခုန်ဆင်းလိုက်သည်။
ဒိုင်း
အိမ်ထောင့်မှ အတ္တက ပထမဆုံးခုန်ချသူအား
ပစ်ထည့်လိုက်ရာ ခြေထောက်ကိုမှန်သဖြင့်
ဒူးထောက်ကျသွားပြီး ထိုလူက ပြန်ပစ်ပေမဲ့
Advertisement
ဒိုင်း... ဒိုင်း
လမ်းမလျောက်နိုင်တာမို့ ကျရာနေရာမှ အတ္တ ရှိမယ့်နေရာကို ရမ်းစမ်းပစ်သဖြင့် ပုန်းနေသူအတ္တကိုမထိမှန်ခဲ့။ ပထမ ခုန်ချသူ ပစ်ခက်နေတုန်းမှာနောက်တစ်ယောက် ကခုန်ဆင်းလာပြီး သေနတ်နှင့်ချိန်ကာ ရှေ့သို့ဖြေးဖြေးချင်းတိုးလာခဲ့သည်။
အိမ့်ရှေ့၌ ၀ရန်တာသေးသေးလေးထဲမှ အတ္တက အပေါ်ကနေခုန်ဆင်းကာ လည်ပင်းညှစ်ပစ်လိုက်ရာ လက်ထဲကသေနတ်ကိုအောက်ကျအောင်လုပ်ပေမဲ့ ထူလူကာမချဘဲ ရမ်းစမ်းပြီးပစ်နေသည်မို့ ကြည်ဆန်တွေကမိုးပေါ်ထောင်လောက်မြေပြင်ပေါ်ကျလိုက်နဲ့တဒိုင်းဒိုင်းထွက်နေတုန်း ခြေထောက်ထိထားသော သူဘက်သို့လှည့်၍ ထိုလူနှင့်ကာကာ ဦးခေါင်းတည့်တည့်ကိုပစ်ချလိုက်ပြီး လည်ပင်းကိုလည်း အဲ့ဒီလူဇက်ကျိုးသွားလောက်တဲ့အထိ သေအောင်ညှစ်ပစ်လိုက်၍ မြေပြင်ပေါ်သို့ပစ်ချလိုက်ကာ
သေနတ်ကို ခါးမှာပြန်ထိုး၍
"စောက်သုံးမကျတဲ့ကောင်တွေနဲ့ ငါ့ကိုလုပ်ကြံခိုင်းတာ ဘယ်လိုစောက်ဖြစ်မရှိတဲ့ကောင်လဲ!"
ဝုန်းဒိုင်းကျဲသွားသောအိမ်ကိုပြန်လှည့်ကြည့်ရင်း ချွေးတွေပြန်သွားတဲ့အတွက် အလာတုန်းကကဲ့သို့ သပ်သပ်ရပ်ရပ်မရှိတော့သောဆံပင်များကို နောက်သို့ထိုးသပ်လိုက်ပြီးသူမရှိတဲ့ကားပေါ်သို့ ပြေးတက်လာခဲ့သည်။
"ကို.... ထိသွားသေးလားဟင် သွေးတွေ သွေးတွေ "
ရင်ဘက်နဲ့ဗိုက်မှာက သွေးတွေကိုကြည့်ပြီး
စိုးရိမ်တကြီး စိတ်ပူနေသည့် သူမကို ပြုံးပြကာ
"မထိပါဘူး သွေးကသူများသွေးတွေ
ဒီကမြန်မြန်ထွက်မှဖြစ်မယ် မကြာခင် နောက်လူတွေလာတော့မှာ"
အတ္တက အင်္ကျီကိုအခုမှ အောက်ပိုင်းက ၃လုံးလောက်သာတပ်လိုက်၍ ကားကို အရှိန်မြှင့်မောင်းနှင်ခဲ့သည်။ မွန်းသူ့ကို တွေတွေကြီးငေးနေသည်မို့ အတ္တက သူမကိုလှည့်ကြည့်လှည့်ကြည့်နှင့် လမ်းပေါ်မှ ကားတွေရှင်းသွားခါမှ လက်တစ်ဖက်က စီယာရင်ကိုကိုင်ထားလျှက် ကျန်တစ်ဖက်က သူမကိုလည်ပင်းမှဆွဲကာ ယခင်ကအနမ်းအရှိန်ကြောင့် နီနီဖူးဖူးနှုတ်ခမ်းလေးကို ဆွဲနမ်းလိုက်သည်။
သူမ ပြန်နမ်းမယ်စိတ်ကူးမှ ကားမောင်းနေမှန်းသိရသည်မို့ မွန်းသူ့ကိုအတင်းတွန်းဖယ်လိုက်ရာ
"Mwah!"
သူအဆုံးသပ်နေကျအတိုင်းက နှုတ်ခမ်းထိပ်လေးကို ဖိကပ်ကာအသံမြည်အောင်နမ်းပစ်ပြီးမှလွှတ်ပေးသည်။
"ကို ကားမောင်းနေတာကို"
"ခုနက တန်းလန်းကြီးမို့ အဆုံးသတ်ပေးတာ"
ဘာစကားကြီးလဲ!
မွန်း မျက်နှာလေးရဲတက်သွားပြီး မျက်နှာပူတာမို့သူ့ကိုမကြည့်ပဲ အခြားကိုငေးနေပါတော့သည်။
"ရှက်သွားတာလား!"
မွန်းကသူ့ကိုတစ်ချက်လှည့်ကြည့်လာတော့
"နောက်မှ အဲ့ဒီကိစ္စဆက်တာပေါ့ "
"ဟာ... ကိုနော် တော်တော့ ဘယ်သူက ဆက်မယ်ပြောလဲ"
"ခုနက ကိုယ်ခွင့်တောင်းခဲ့တယ်လေ baby လက်ခံခဲ့တာပဲ"
"အဲ့တာက အဲ့ဒီတုန်းကလေ အခုမှ မဟုတ်ပဲ မသိဘူး ဆက်မပြောနဲ့ စိတ်ဆိုးလိုက်မှာ"
"မရဘူး အကြွေးမှတ်ထားမှာ"
"ကိုလို့! တော်ပြီ နော်"
ဆူပုတ်ပုတ်နဲ့ ရှက်ကန်ကန်နေသည့်သူမအား
အသံထွက်အောင် ရယ်ပြလိုက်သည်။
"ကိုယ်တို့ ဟိုတယ်ပြန်လို့မရတောဘူး"
"ဟင် ဘာလို့လဲ"
"ဟိုတယ်မှာလဲ အဲ့ဒီခွေးကောင် တွေစောင့်နေမှာ"
"ဒါဆို ဘယ်ကိုသွားမှာလဲ "
"ကိုယ့်အိမ်ကိုအမြန်ရောက်အောင်ပြန်ရမှာပေါ့ "
"ဒီအတိုင်းပြန်လို့မှမရတာ"
"အလင်းကို ခုလေယာဉ်နဲ့ လိုက်လာခိုင်းထားတယ် ကိုယ့်ဖုန်းက GPSကို သူခြေရာခံလိမ့်မယ်"
"ဒါဆို ဒီည မွန်းတို့ ဘယ်မှာနေရမှာလဲ"
"သူတို့ကိုလွတ်အောင်ပြေးရမှာ ခြေဦးတည့်ရာပဲ ဖြစ်နိုင်ရင် ကားထားခဲ့ရလိမ့်မယ် "
အတ္တက backမှန်ထဲမှ မီးရောင်၀င်း၀င်းကြောင့်
"ကိုယ်မပြောခဲ့ဘူးလား ပါလာပြီ"
အတ္တ ပိုမိုအရှိန်တင်လိုက်တာမို့
"Baby သေချာကိုင်ထား"
အတ္တလည်း မောင်းလာခဲ့သည်မှာ မြို့ပြင်ရောက်နေပြီကာအိမ်ယာတွေပင်မရှိတော့ပေ။ လယ်ကွင်းထဲထိ ကားကိုထိုးဆင်းကာခြေရာဖျောက်မှ ဖြစ်မည်မို့
ရွှီး....
ဘရိတ်ကို စောင့်အုတ်ပြီး မွန်းရဲ့ ခေါင်းနဲ့ ကားနဲ့မတိုက်ရန် အတ္တက သူမရှေ့ကနေ လက်ဖြင့်တားခံပေးလိုက်၏ ။
ကားထဲကနေအမြန်ဆုံးထွက်လာ၍
"Baby ထွက်ခဲ့"
ဟု သူမဘက်ကတံခါးကိုဖွင့်လိုက်သည်။
"ဟင် "
"လာ ဒီနားမှာ ခြေရာဖျောက်မှရမယ် "
အတ္တသည် သူမကိုကားထဲနေဆွဲထုတ်လာ၍ ကားကိုပစ်ထားခဲ့ပြီး အချိန်နှောင်းလာတာနဲ့အမျှ မှောင်မဲနေသည့် အနီးအနားကတောထဲ၀င်ပြေးလိုက်တော့သည်။
"ကို ကြောက်စရာကြီး"
"ကိုယ်ရှိတယ်လေ ဘာကိုကြောက်တာလဲ"
ကောင်းကင်မှာသာနေတဲ့လမင်းကြီးကအလင်းရောင်သာရှိပြီး ဘေးပတ်လည်မှာ သစ်ပင်ခြုံပင်တွေနဲ့ မှောင်မိုက်နေလေသည်။
"ကားထဲမှာနေရင် ပိုဆိုးမှာ မနက်ထိ မလုံခြုံဘူး "
ကားကိုလည်း လယ်ကွင်းထဲထိထိုးချထားတာမို့ တော်ရုံနဲ့ရှာနိုင်လောက်မှာမဟုတ်တော့ပေ။
အတ္တက သူ့ရင်ခွင်ထဲတိုး၀င်ကာ အမှောင်ကြောက်တတ်သည့်သူမကို ဖက်ထားပေးရင်း
"အိပ်ချင်နေပြီလား"
"တော်ပြီ မအိပ်ရဲဘူး အကောင်တွေစားသွားလိမ့်မယ်"
"ဟဟ Baby ကလည်း ကလေးကလားကွာ ဒါကParis ရဲ့ပိုင်နက်ထဲပဲရှိသေးတယ် ဘယ်အကောင်ကရှိမှာလဲ"
"ဒါပေမဲ့ မှောင်မဲနေတာပဲ ကြည့်ပါဦး သစ်ပင်တွေပဲရှိတာကို"
မွန်းက အနီးအနားကသစ်ပင်တွေကိုလှည့်ကြည့်လိုက်ပြီးပြောလိုက်သည်။ အတ္တက သူမကိုလက်ဆွဲကာ ရှေ့ဆက်လျှောက်ရင်း နားဖို့အတွက် နေရာရှာနေသည်။ အနီးအနားက ရွာတွေ တစ်ခါတစ်ရံလာသည်ထင်ပါရဲ့ ရွဲပြဲနေသည့် တဲလေးတစ်ခုကိုတွေ့ရသည်။
"ကို ရှေ့က ဘာကြီးလဲ မဲမဲကြီး"
"Baby ကလည်း အဲ့တာ တဲပါ အဲ့ထဲမှာဝင်နားရအောင်"
ပြောလည်းပြော သူမလက်ကိုဖြုတ်ကာ ဘေးကမြက်ခြောက်တွေကောက်နေတာမို့ မွန်းသည် အတ္တနဲ့၅လှမ်းလောက်အကွာမှာကျန်နေရစ်ပြီး
"ကိုး! အဟင့် ပစ်မထားခဲ့ပါနဲ့ဆို"
သူမက ငိုမဲ့မဲ့အသံနဲ့ပြောလာတော့ အတ္တသည် မြက်ခြောက်တွေကိုကောက်ရင်းလှည့်ကြည့်၍
"ဟော်ဗျာ ထိုင်ဖို့ မြက်ခင်းမလို့လေ "
"အီး... မသိဘူးဒီနားပြန်လာခဲ့"
"ဟက် ဟက်"
"အင်း ဟင့် ဘာလို့ရယ်နေတာလဲ ပြန်လာခေါ်ပါဆို"
"Baby တစ်တောလုံး မင်းအသံချည်းပဲ လာ ဒီကို"
သူမလက်ကလေးအား ပြန်လာဆွဲခေါ်ရာ၌
တကယ်ရင်ထဲနွေးထွေးသွားရသည်။
ဘယ်တုန်းကများ သူ့အပေါ် အဲ့လောက် တွယ်တာသွားပါလိမ့်။ အတ္တ ပစ်သွားမှာကို အရမ်းကြောက်လာမိတာက ဒီတောထဲမှာမို့လို့ပဲလား။
အတ္တက ရွဲ့စောင်းပြီးပြိုလုဆဲဆဲတဲအောက်သို့
သူမအားခေါ်လာပြီး အတူထိုင်စေသည် ။
အ ဝူး......
Advertisement
ဘျစ်.....ဘျစ်....ဘျစ်
"အင်း ဟင့် ကို ဘာသံတွေလဲ "
ခွေးအူသံ ပုရစ်အော်သံတွေကြောင့် မွန်းဟာ အတ္တအနားသို့ ကပ်သည်ထက်ပိုကပ်လာသည်။
ဝူး.....
"ကို... လို့ ဘာလို့ ပြန်မထူးတာလဲ ကြောက်တယ်လို"
"တောထဲပါဆို ပုရစ်အော်သံခွေးအူသံတွေတော့ကြားရမှာပေါ့"
"ခွေးအူတာလား အဲ့တာဆို သ သ..."
သရဲ ကိုပီပီသသ မပြောရဲတဲ့ သူမအဖြစ်ကိုအတ္တ အသည်းယားလာတော့သည်။
"အဲ့ဒီလောက် ကြောက်လား"
ဘယ်တုန်းက သူ့ပေါင်ပေါ် ရောက်နေမှန်းမသိတဲ့ သူမက သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။ ပြန်မဖြေဘဲ သူ့လည်ပင်းနားမှာ မျက်နှာဝှက်ထားသည့်သူမအား မျက်နှာလေးကိုမော့ယူလိုက်ပြီး
"ကြောက်ရင် ပြန်နမ်း!"
"ဟင်!"
"အကြောက်ပြေအောင်လုပ်ပေးမလို့..."
အဝူး....
အတ္တစကားပင်မဆုံးသေး ခွေးအူသံကြောင့်
မျက်လုံးစုံထားသောမွန်းသည် နှုတ်ခမ်းလေးကို အတ္တနှုတ်ခမ်းပေါ်သို့ဖိကပ်လာတော့သည်။
အတ္တက ရယ်လိုက်ရင်း ကို့ရို့ကားယား အနမ်းတွေဖန်တီးနေသည့် သူမ လည်တိုင်လေးကို ထိန်းကိုင်ကာ ရင်ခုန်စရာကောင်းတဲ့ အနမ်းတွေဖြစ်အောင် သူကိုယ်တိုင်ပဲ ပြင်ဆင်ကာ တုန့်ပြန်နမ်းရှိုက်ပေးရင်း မြက်ခြောက်တွေပေါ်လှဲချလိုက်၏။ တစ်ချက်ချင်း ညင်ညင်သာသာ စုပ်ယူနမ်းရှိုက်ပေးသည်မို့ သူ့ပုခုံးကိုခေါင်းအုံးလုပ်ကာ မှေးစင်းအိပ်ပျော်သွားသည့်သူမ အိပ်ပျော်မှလွှတ်ပေးလိုက်ကာ အနမ်းများနဲ့ချော့သိပ်ပြီး တဲကြိုတဲကြားကနေမြင်နေရသော ကြယ်စုံနေသည့်ကောင်းကင်သို့မို့ကြည့်ကာ
"ဒီလောက်ကြောက်တတ်တဲ့ကောင်မလေးကို ငါနာကျင်အောင်အများကြီးနှိပ်စက်မိခဲ့တာပဲ"
တစ်ဖန်သူ့ပုခုံးပေါ်မှာ အိပ်ပျော်နေသည့် သူမရဲ့မျက်နှာတစ်ခြမ်းကိုငုံ့ကြည့်ပြီး ပါးကလေးကိုဖွဖွပွတ်သပ်ရင်း မြက်ခြောက်တွေပေါ်မှာ ပြေလုရော့ရဲနေသော သူစည်းပေးတဲ့သူမရဲ့ ဆံပင်နီတွေဆီက ခေါင်းစည်းကွင်းလေးကိုဖြေချပေးလိုက်သည်။
"ဒီကရှေ့ မင်းအပေါ်မှာကိုယ်ကောင်းအောင်နေဖို့ပဲကြိုးစားပါ့မယ် ကိုယ့်ရဲ့အေရီယယ်လေး"
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(31)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(30)
"ဖာ့ခ်!!"
"ကျစ်! ."
"ဘာဖြစ်လို့လဲ ကို!"
"ရှူး!"
"Baby ခုန်နိုင်လား"
"ဟင်!"
"1. 2. 3 ခုန်"
====
ချလပ်!
ဒိုင်း
သေနတ်သံကြားတိုင်း
"ကို့ ကိုမထိပါစေနဲ့"
===
"ကောင်မလေးရော!"
"လိုချင်တာလား!"
"မလုပ်နဲ့ Baby ပြေး!"
ဒိုင်း ဒိုင်း
====
ဒိုင်း
ဒိုင်း... ဒိုင်း
"Mwah!"
"ကို ကားမောင်းနေတာကို"
ဘာစကားကြီးလဲ!
"ရှက်သွားတာလား!"
"ကိုလို့! တော်ပြီ နော်"
"ဟင် ဘာလို့လဲ"
"Baby သေချာကိုင်ထား"
ရွှီး....
Advertisement
- In Serial6 Chapters
Steps to raise a Wife - SRW
When two different generations of individuals come together in an arranged marriage because of their families interest. One is a workaholic CEO of a city's biggest financial company while the other is a happy-go-lucky college student. This is a story of a man who is subconsciously raising his wife while the wife is trying to act like a mature and responsible wife. Let's witness their remarkable journey to have a happy ever-after story.
8 203 - In Serial41 Chapters
A Sudden Cute Baby: My Awesome President Dad
Five years ago, she got set up by her most trusted person, and her best friend died for her. Five years later, she came back with her son and met a man who extremely resembled her son… It was said that Mr. Huo, the richest man in the world, was gay… A marriage bonded her with him. "Mr. Huo, people say your wife is a loose woman." "Well, tear the mouth of the one who said that. My wife is not loose at all. Even if she is loose down there, I did it."
8 290 - In Serial47 Chapters
The Vampire King
**Highest rank - #1 in Vampire**The most feared Vampire King.A human girl.Brought together by an unknown prophecy, will she really be the cause of his destruction? Or will he destroy her first? Leaving her to pick up her own broken pieces before she can be an ounce of a threat to him. You're welcomed to explore this world where only bloodthirsty creatures , lies, betrayal, and darkness exist. But don't be surprised if you discover LOVE along the way... -----------------------------Cover by- @forcadeCopyright © 2015. WARNING** Contains inappropriate content, must be 14+ to read. [Word count: 75,000 to 90,000] Enjoy.
8 228 - In Serial40 Chapters
Rarity and spike or AJ and spike
8 257 - In Serial35 Chapters
Victoriously Yours,
"Why did you take me here? I don't think I'm allowed." The white rocks bordered the cave with gleaming stones etched on the walls with paintings and drawings. Yisrael stepped behind her and she felt the raw heat of the tall man. Suddenly the whole cave became small and claustrophobic. "I wanted to show you this." His accent deep and foreign still now to her ears. It always startled her, making her shiver. River moved her finger up to trace the drawings on the cave wall. They were of two people in different positions but bound together as if they were...no, it couldn't be. "These drawings...they are two people making love." She inhaled sharply. His hands came from behind caging her to the wall and she felt him lean down to whisper in her ears. "They aren't making love." She bit her lip to control her moan. "Then?""They are fucking. Hard." ...Amazon guide River Stone has found the rare Ibori race, covetous world of magic, valuables and deadly power hidden deep within the Amazon. Barreling together with her archeologist friend Christopher Rai, she reaches the sanctuary. Yisrael Ibori, the first born of the clan is entrusted by his leader and father, Yuri to keep a careful watch over their 'guests'. Dutifully, he does except his eyes keep straining to the movements of River's hips, the deep rise and fall of her ample chest and those luscious lips tempting him. Victorious is what River felt when she finally witnessed the great lost moment in history but the piercing onyx eyes of Yisrael leaves her thinking there are somethings more precious and deep than lost valuable tribe. Something that cannot be won by teasing and overthinking. The battle between the mind and heart enclosed with the war between themselves. Will they win?[The Seventh Book of V-series]A standalone novel
8 456 - In Serial23 Chapters
Faded [Completed]
Shehryar Hussain's had it all. Coming from a well off background, an empire to take care of and a reputation as a sharp businessman. Nothing seems out of place. Nothing out of ordinary. Until one day when his long lost wife stands right in front of him asking for nothing but a divorce.
8 129