《အတ္တလွန်အချစ် (OC) Completed》Part (32) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(32)
"သမီး မွန်းလေး မအိပ်သေးပဲကိုး မေတင်က အိပ်သွားပြီထင်နေတာ"
၀ရန်တာတွင် မတ်တပ်ရပ်နေသည့် မွန်းကိုမေတင်က စောင်တံဘက်လေးလာခြုံပေးသည်။
"အိပ်မပျော်ပါဘူး မေတင်ရယ်"
သူမရဲ့အသံတိုးတိုးလေးက ၀မ်းနည်းမှုတွေများစွာနဲ့ဆိုတာ မေတင်သတိထားမိပါသည်။
"သခင်လေး ပြန်မလာသေးလို့လား"
မွန်းက တစ်ခြမ်းသာနေသော လမင်းကြီးကို အတ္တအမှတ်နှင့်များငေးနေမိလေ သလား။
"သူက မွန်းကို ဂရုမစိုက်တော့ဘူး!"
ငိုသံပါလေးနဲ့ပြောလာသဖြင့် မေတင်က သူမ၏ရင်ခွင်မှာ ပိုက်ထွေးထားရင်း
"သခင်လေးက အလုပ်ရှုပ်နေလို့နေမှာပါသမီးရယ်"
"မွန်း နားလည်ပါတယ် ဒါပေမဲ့လေ မွန်းကိုအကြိုးအကြောင်းတော့ပြောပေါ့ အခုဆို မွန်းကိုအရုပ်တစ်ရုပ်လိုပဲ ပစ် ပစ်ထားတယ်"
မျက်ရည်တွေဝေ့၀ဲလာသည်ကို လက်ဖမိုးလေးဖြင့်ဖိပွတ်ရင်း မဲ့မဲ့လေးဖြစ်နေသည်အား မေတင်က စိတ်မကောင်းသလို ငုံ့ကြည့်၍ ပုခုံးလေးအား ဖွဖွလေးပုတ်ပေးကာ
"သခင်လေးက မွန်းလေးကိုချစ်ရှာပါတယ်ကွယ် "
"ချစ်တယ်? သူမွန်းကိုအဲ့လိုတစ်ခါမှမပြောဖူးဘူး မွန်းမညာပါဘူး သူ့ကိုရင်တွေခုန်တယ်သူ့ဂရုစိုက်မှုတွေ သူ့ယုယမှုတွေကိုသိပ်သဘောကျတာ ဟင့် အဟင့် ခုကျ မွန်းကိုပစ်ထားတာ ဘယ်လောက်တောင်ရှိပြီလဲ"
"အို မငိုပါနဲ့ သမီးရယ် လာလာ မေတင် အခန်းထဲလိုက်ပို့မယ် လာ"
မေတင်က တွဲခေါ်ပေးရင်း မွန်းရဲ့အခန်းထဲကိုလိုက်ပို့ပေးသည်။
"အိပ်ပျော်အောင်အိပ်နော်သမီး ငိုမနေနဲ့ သခင်လေးက သမီးကိုချစ်တယ်ဆိုတာ မေတင်တောင်ဘေးကနေကြည့်ပြီးသိတယ် "
မွန်းခေါင်းသာညိတ်ပြပြီး မွေ့ယာပေါ်မှာလှဲချလိုက်သည်။
=====================
"သခင်လေး "
"အင်း အလင်း ၀င်ခဲ့"
စီးကရက်နှင့် Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် အတ္တဖြစ်ပါသည်။
"မပြန်သေးဘူးလား မမလေး မျှော်နေရောပေါ့ သခင်လေး အိမ်မပြန်တာ ၂ရက်ရှိပြီ"
အတ္တသည် လက်ကနာရီတစ်ချက် ငုံ့ကြည့်လိုက်လိုက်တဲ့အခါ ည ၁၀ နာရီထိုးပြီးနေပြီဖြစ်သည်။
"ဒီချိန်ဆို သူအိပ်ပျော်နေလောက်ပြီ !"
အတ္တက စီးကရက်ကို တစ်ချက်ရှိုက်ထုတ်လိုက်ပြီး
"ဘာပြောမလို့လဲ မင်းက"
အလင်းကို တစ်ချက်ကြည့်၍ မေးလိုက်သည့်အခါ အလင်းက သူ့အနားကို ပိုတိုးကပ်သွားပြီး
"ပြင်သစ်မှာ လုပ်ကြံခံရတာကို သခင်လေးဘယ်လိုဆက်ရှင်းမလဲ"
အတ္တက မျက်လုံးတွေမှိတ်ချကာ ကုလားထိုင်ကိုမှီချလိုက်ပြီးမှ
"ဟက် ခဏလွှတ်ထားတာ နောက်တစ်ခါဆို တကယ်အပြတ်ရှင်းတော့မှာမို့ ငယ်ငယ်ကတည်းက ပြိုင်ဘက်ဆိုတော့ တစ်ခါတည်းရှင်းထားရင် တစ်ယောက်တည်းကစားရတာမကောင်းလို့"
"ဟုတ်ကဲ့ ကျွန်တော် လည်းမြန်နိုင်သလောက်မြန်မြန်ရှင်းစေချင်ပါတယ် ဂျော်နီက မမလေးကိုလိုချင်နေတယ် ဒီကိစ္စမှာ သူ့အဖေ ဒေးဗစ်ပါ ၀င်ပါနေတော့!"
အတ္တက မျက်လုံးတွေဖွင့်ကာ ခန္ဓာကိုယ်ကိုမတ်မတ်ပြန်ထိုင်လိုက်ပြီး
"မွန်းကို ငါ့ရင်ခွင်ထဲကဆွဲထုတ်လို့မရပါဘူး ဂျော်နီဘယ်လောက်ကြိုးစားကြိုးစား ငါလည်း ငါ့နှလုံးသားအတွက်ကာကွယ်ပေးမှာပဲ အလင်း!"
"သခင်လေး မမလေးကို ဘယ်လောက်ချစ်လဲကျွန်တော်သိပါတယ် "
အတ္တမျက်နှာတည်သွားကာ
ငါသူ့ကိုချစ်တာလား?
အချစ်ကိုမယုံကြည်တဲ့ငါ့အတွက် သူမကိုလည်းချစ်တယ်ဆိုတာဖြစ်နိုင်သလား။
ငါ့နှလုံးသားနဲ့ ရင်ခုန်သံတွေအားလုံးကိုမင်းကိုပေးပြီးသားပဲ
အချစ်ဆိုတာတော့ ......
တွေသွားတဲ့အတ္တကိုအလင်း ဘာမှဆက်မပြောတော့ပဲ
"ကျွန်တော်သွားတော့မယ်"
အတ္တက ခေါင်းညိတ်လိုက်ပြီးမှ
"အာ...နေဦး မနက်ဖြန် အတွက်ကဘယ်လိုလဲ"
အလင်းပြန်လှည့်လာ၍
"ကျွန်တော် က သခင်လေး သတိရတယ်ထင်လို့မပြောတော့တာ မနက်ဖြန် တရုတ်က ၀င်မည့် iceတွေ အတွက် ဆိပ်ကမ်းကိုသွားရမယ် ၂ရက်လောက်တော့ ကြာမယ်ထင်တယ် အသွားအပြန်"
"ဟက်...မင်းကအဲ့တာကြောင့် ငါ့ကိုအိမ်ပြန်ခိုင်းတာလား မွန်းနဲ့တွေ့ရအောင်?"
အလင်းက ပြုံးပြပြီး
"သခင်လေး လွမ်းနေမယ်ထင်လို့"
အတ္တက ခပ်မဲ့မဲ့ပြန်ပြုံးပြလိုက်ကာ
မပြောပြတတ်လောက်အောင် လွမ်းတာပေါ့
"အိုခေ ငါအခုပြန်လိုက်မယ် "
ဆိုကာ အလင်းဆီမှ ကားသော့ကို လှမ်းယူ၍ အဆောက်အဦးထဲကနေထွက်လာခဲ့လေသည်။
"သခင်လေး!"
အစိုးအရိမ်တွေနဲ့လှမ်းအော်လိုက်ရာ
ဘာလဲဆိုသလိုလှည့်ကြည့်သဖြင့်
"သခင်လေး စီးကရက်ထဲမှာ ဟိုဟာပါတယ်မဟုတ်လား မောင်းနိုင်ပါ့မလား"
အတ္တက မဲ့ပြုံးတစ်ပွင့်ဖြင့်
"ငါ့မျက်လုံးကိုကြည့် အဲ့သလောက် ဟန်ပျက်နေပြီလား "
အရမ်းကြီးရဲမနေတဲ့မျက်လုံးတွေသက်သေပင်။
"ဆောရီး... သခင်လေး"
လက်ပြရင်း အတ္တက ကားရှိရာသို့ ခြေလှမ်းမှန်မှန်ဖြင့် ဆက် ပါသည်။
===================
ကျွီ...
ကားသံကြောင့် သက်သက်က နာရီကြည့်လျှင် ၁၁ နာရီပင် ဖြစ်သည်။ မေတင်က အိပ်ပျော်နေသည်မို့ သူမပဲ ထွက်ကြည့်ရသည်။
"ဪ သခင်လေး"
အလင်းမပါဘဲ တစ်ယောက်ပြန်လာခဲ့သည်ဖြစ်ရာ
"အင်း မွန်း အိပ်သွားပြီလား"
"ဟုတ်ကဲ့ နာရီ၀က်လောက် ရှိပြီ မေတင်ကတော့ အိပ်နေပြီပြောတာပဲ"
"အင်း မင်းလည်း သွားနားလေ "
အတ္တသည် သက်သက်ကို ကျောခိုင်းကာ အိမ်ပေါ်သို့တက်လာခဲ့သည် ။ အရင်ဆုံး သူမအခန်းတံခါးကို လွမ်းသောစိတ်တွေနဲ့ ခပ်ဖွဖွလေး ဖွင့်ကြည့်သည်။
အိပ်ရေးပျက်သွားမည်လည်းစိုးရိမ်သည်မို့ အသံမပေးခဲ့ပေမဲ့ မွေ့ယာပေါ်က နေရာကွက်လပ်ကြောင့်
ခြေလှမ်းကျဲကျဲတွေနဲ့ အခန်းထဲသို့ ၀င်လာပြီး
အခန်းထဲမှာ ခြေလှမ်းထပ်အောင် ရှာမိပါသည်။
သူမရဲ့အခန်းထဲမှာရှာလို့မတွေ့တာနဲ့ အခန်းအပြင်ထွက်လာကာ ၀ရန်တာသို့ထွက်ကြည့်ပြန်သည် ။
"ဒီအချိန်ကြီးဘယ်သွားနေတာလဲ "
အတ္တသည် သူမရှိနေတတ်သည့်နေရာများမှာ ရှာမတွေ့ခဲ့သဖြင့် သူ့အခန်းထဲသို့ ရင်ပူပူနဲ့ ၀င်လာခဲ့လျှင်
မှန်ပြတင်းနားက ကုလားထိုင်မှာ ပုဝါပါးပါးလေးခြုံပြီးကျောပေးထိုင်သည့် ပုံရိပ်လေးကြောင့် ရင်ပူရသည့်အဖြစ်မှ သက်ပြင်းချလိုက်ပြီး
"Baby မင်းကွာ ကိုယ့်မှာတော့စိတ်ပူလိုက်ရတာ မင်းပျောက်သွားလို့ ဒီမှာ ရူးမယ့်အတိုင်း..."
Advertisement
အတ္တက ရှပ်အင်္ကျီလည်ပင်းကကြယ်သီး၂လုံးကိုဖြုတ်လိုက်ရင်းခါးထောက်လျှက်ပြောလာသည့်အခါ
"ဟွန် ရှင် ရောက် နေ တာ လား"
အတ္တ၏အသံကိုကြားတော့ သူမက အသံခပ်လေးလေးနှင့်ပြန်မေးရင်း ခုံမှထလာကာ ခြေလှမ်းယိုင်နဲ့နဲ့တွေက သူ့ဆီကိုဦးတည်နေသဖြင့် အတ္တမှ ထိန်းပေးဖို့ပြင်ဆင်ပြီး
"Baby မင်း သောက်ထားတာလား !"
အတ္တသည် ရင်ခွင်ထဲသို့ ယိုင်ကျသွားသည့် သူမလေးအား ပွေ့ဖက်ထားလိုက်သည် ။ မှန်ပြတင်းရှေ့ကစားပွဲပေါ်က ဝိုင်နီ ပုလင်း ကြောင့် အတ္တမှ သက်ပြင်းထပ်ခါချလိုက်သည်။
"ဘာလို့သောက်ရပြန်တာလဲ "
"ဟွန့် အွန်း"
၀ိုင်အရှိန်နဲ့ ရဲရဲနီပါးလေးနှစ်ဖက်ကအသည်းယားစရာကောင်းသလို ၀ိုင်စက်စိုစိုနဲ့နှုတ်ခမ်းရဲရဲလေးကလည်း စတော်ဘယ်ရီသီးလေးအလား စူစူလုံးလုံးလေးဖြစ်နေသည်။
"ရှင် က မွန်း ကို ပစ် ထား တယ် သိပ် မုန်း တာပဲ"
တစ်လုံးချင်းအားယူပြောပြီး သူ့ကိုဖက်ထားတဲ့ အတ္တကို တွန်းလိုက်တော့
"ဟော်ဗျာ လဲ လိမ့်မယ် ဘာလို့တွန်းနေတာလဲ"
"ဘယ်သူလဲမှာလဲ"
အတ္တကိုမူးမူးမှေးမှေးမျက်လုံးတွေနဲ့ ပလုံးပထွေးပြန်မေးလေသည်။
"မူးနေတာ ဘယ်သူလဲ Baby သတိလည်းထားဦး"
လက်မောင်းလေးအား လာကိုင်လျှင် ပြန်ရုန်းလိုက်သည်မို့ ခြုံထားတဲ့တပတ်ပါးပါးလေးက လွင့်ကျသွားပြီး ယိုင်တိုင်တိုင်နဲ့ အနောက်လန်သွားသဖြင့်
"အွန့်!"
အတ္တက လက်ကနေကမန်းကတန်းလှမ်းဆွဲလိုက်သောကြောင့် အရှိန်ပါပါနှင့် အတ္တမှာ မွေ့ယာခြေရင်း၌ ထိုင်ရပ် ကျသွားပြီး သူမမှာ အတ္တ၏ရင်ခွင်ထဲတွင်မှီတင်လျှက်ရှိပါသည်။
"အဟင့် ဟင့် ဟွန့် ရှင်ဟာ မွန်းကိုဘာလို့ ဒီလောက်ထိပစ်ထားနိုင်ရသလဲ"
"မပစ်ထားပါဘူးBabyရဲ့ ကိုယ့်မှာ မင်းနဲ့အေးအေးဆေးဆေးနေနိုင်ဖို့ ဖြေရှင်းစရာကိစ္စတွေရှိနေသေးလို့ပါ"
အတ္တက ထိုင်လျှက် မွေ့ယာပေါ်မှာ လက်ပြန်ထောက်ထားရာ သူမက အတ္တပေါင်ပေါ်သို့ ဂါ၀န်တိုလေးဖြင့် တက်ခွလိုက်တဲ့အခါ ဂါဝန်ကလေးကလိပ်တက်သွားလေသည်။ ကြိုးတစ်ချောင်း လက်ပြတ်အင်္ကျီကြောင့် အေးစက်စက်ဖြစ်နေသည့် လက်နုနုလေးတွေနဲ့ အတ္တရဲ့လည်တိုင်ကိုတင်းကြပ်စွာလာဖက်တွယ်လိုက်သည်။
"သူ သွား ချင်ရာတွေသွား သူလုပ်ချင်ရာ လုပ်ပြီး မွန်းကိုတော့ အိမ်ထဲမှာ ပိတ်လှောင်ထားတယ် ရှင် မလိုတော့လို့လား ဘာလဲ မွန်းက ရှင်လိုမှထုတ်သုံးမယ့် အရုပ်တစ်ရုပ်လား မုန်းစရာကောင်းလိုက်တာ အတ္တလွန် ဆိုတဲ့လူ "
နှဖူးချင်းဆိုင်ပြီး သူမမကျေနပ်သမျှ မူးမူးနဲ့ပြောချလာသည့် သူမရဲ့ စတော်ဘယ်ရီ နှုတ်ခမ်းစူစူလေးကို အတ္တ လိုချင်တက်မက် လာသည်။ အတ္တသည် တဖြည်းဖြည်း မော့မော့သွားရင်း သူမရဲ့ နှုတ်ခမ်းတွေကို တို့တို့ထိထိနှင့်မို့ မွန်း သူ့လည်ပင်းအား ပိုကြပ်အောင်ဖက်လိုက်ကာ သူမသိပ်လွမ်းမောနေသော လေးကိုင်းပုံသဏ္ဍာန် အနမ်းကျွမ်းကျင်သောသူ့နှုတ်ခမ်းများကို စုပ်ယူပစ်လိုက်ရာအတ္တမှာပင် မှင်သက်သွားရသည်။
သူမကြောင့် အတ္တနှုတ်ခမ်းတို့ စိုစွတ်သွားရာ၌
မွန်းသည် အသက်ရှူသံပြင်းပြင်းတွေနဲ့ နှဖူးချင်းဆိုင် ရပ်တန့်လိုက်သည်။ အတ္တသည် မွေ့ယာပေါ်သို့ထောက်ထားသည့် လက်တစ်ဖက်မှ သူမမျက်နှာအားလာအုပ်နေသော ဆံပင်တွေကို နားနောက်သို့သပ်တင်ပေးလိုက်ပြီး ပြုံးပြကာ
"Baby မင်း ဘယ်တုန်းက ဒီလိုအနမ်းချိုချိုလေးတွေပေးတတ်သွားတာလဲ"
"ရှင် သင်ပေးထားခဲ့တာပဲမဟုတ်လား"
ပြောပြောဆိုဆို သူ့နှုတ်ခမ်းပေါ်သို့ထပ်မံဖိတင်လာသော ဝိုင်အရသာ နှုတ်ခမ်းအိအိလေးကို ဒီတစ်ခါမှာတော့ သူအလွတ်မပေးတော့ပဲ ပိုမိုရင်ခုန်စရာကောင်းသောအနမ်းများ ဖန်တီးပေးလိုက်သည် ။
သူ့လည်တိုင်ကို မလွှတ်တမ်းဖက်တွယ်ထားသည့် သူမရဲ့ခါးလေးကို လက်ဖြင့်သိမ်းကာ မွေ့ယာပေါ်သို့ နှစ်ယောက်အတူလှဲချလိုက်ပြီး သူ့ကိုယ်ပေါ်က ပါးလျလျဂါ၀န်လေးနဲ့သူမကို သူ့အောက်သို့ ရောက်အောင်လှိမ့်လိုက်သည်။
ထိုအနောက် သူမရဲ့အပေါ်မှာ ဒူးထောက်လျှက်ခွထားပြီး လက်က နာရီကိုချွတ်ကာ စားပွဲပေါ်လှမ်းပစ်လိုက်ပြီးမှ သူမမျက်နှာအနားမှာ လက်ထောက်လိုက်ကာ နှုတ်ခမ်းကလေးကို သူ၏လက်မဖြင့်ဖိပွတ်လျှက်
"Baby ဒါ မင်းဘက်ကစတာနော်"
အတ္တသည် ရှပ်အင်္ကျီကြယ်သီးတွေအား တစ်လုံးချင်းဖြုတ်နေချိန်မှာ သူမဟာအတော်ကလေးအမူးလွန်နေပုံရသည်။ မျက်လုံးများလည်းမှေးစင်းကာ ဘာစကားမှလည်းပြန်ပြောနိုင်ခြင်းမရှိဘဲ သူ၏လည်တိုင်ကိုလှမ်းဆွဲလိုက်ပြီး ခပ်စိမ်းစိမ်းအကြောများယှက်ဖြာလျှက်ရှိသော သူ၏လည်ပင်းကို သူမရဲ့နှုတ်ခမ်းသားနုနုများဖြင့် စုပ်နမ်းပစ်လိုက်ရာ အတ္တရဲ့မျက်လုံးများတစ်ချက်မှေးစင်းသွားရသည်။
အတ္တသည် သူမရဲ့ပုခုံးပေါ်ကကြိုးကလေးကိုအသာဆွဲချကာ ပုခုံးသားဖွေးဖွေးနှင့်ရင်ဘက်တွေမှာ အနမ်းတို့နှင့်အတူ အမှတ်အသားများပေးလျှက်ရှိပြီး စိတ်မရှည်စွာဂါ၀န်လေး ရင်ဘက်ကနေစောင့်ဆွဲပစ်လိုက်သဖြင့်
"အင်း....."
ဂါဝန်ပါးပါးကလေးလည်းပြဲသွားသလို သူမလည်းအနည်းငယ်နာကျင်သွားပုံရသည်။
သူ့လည်တိုင်ပေါ်ကလက်တွေလည်းသူမကဖြုတ်ဖယ်လိုက်ကာ မျက်ခုံးကျောတွေလည်း ရှုံ့သွားချိန်အတွင်းခံသာရှိတော့သောသူမကိုကြည့်ရင်း ဒီ့ထက်ပိုပြီး အချိန်မဆွဲနိုင်တာနဲ့ ရုတ်တရက် မွန်းရဲ့ခန္ဓာကိုယ်လေးကို အတ္တသည် ခါးကနေ ဆွဲမှောက်ပစ်လိုက်သည်။
ခါးပတ်ဖြုတ်ရင်းနဲ့မှ လှုပ်ရှားမှုမရှိတဲ့ သူမကြောင့် မျက်နှာကလေးကိုအနည်းငယ်ဆွဲလှည့်ကြည့်လိုက်ရာ
"Baby...ဟိတ်!"
သူမဆီကအဖြေလည်းမရသလို မျက်လုံးလည်းမပွင့်တော့ဘဲ ငြိမ်သက်နေတာမို့ ဒီငမူးမလေးကအိပ်ပျော်သွားပြီဆိုတာသိလိုက်ရပြီး
"Shit!"
သူ၏ဆံပင်တွေကိုလက်ဖြင့်ထိုးသပ်လိုက်ကာ သူမဘေးသို့ဗုန်းကနဲပစ်လှဲချလိုက်သည်။
အမှန်တကယ်ပြန်စဥ်းစားမိတော့လည်း မနက်ဖြန်ခရီးသွားရမှာဖြစ်၍ ၂ရက်လောက်ခွဲရပေဦးမည်မို့ မနက်ရောက်လျှင်လည်း သူမအတွက် ဒီကိစ္စကိုလုပ်ပြီးပါက ဂရုမစိုက်နိုင်လျှင် စိတ်တွေလေးနေလိမ့်ဖြစ်ရာ အေးအေးဆေးဆေးမှ ဖြတ်ကျော်ချင်သည်။အတွင်းခံသာရှိတော့သော သူမရဲ့ ကျောပြင်ဖွေးဖွေးကို အတ္တမှာ မြတ်နိုးစွာ ဖိကပ်နမ်းရှိုက်ရင်း စောင်ကိုဆွဲခြုံပေးကာ ကိုယ်ချင်းကပ်အောင် ပွေ့ဖက်ထားလိုက်သည်။
"Good night ! baby ကိုယ် ရှေ့သာခရီးဆက်ပြီးရင် နောက်၂ရက်လောက် မင်းကိုတစ်ယောက်တည်းထားခဲ့ရမှာစိတ်မချဘူး ရပ်လိုက်တာမှန်ပါတယ်!"
===============
နေရောင်ခြည် ရဲ့အနွေးဓာတ်နှင့်အတူ မျက်နှာပေါ်သို့ကျရောက်လာသော နေပျောက်လေးတွေကြောင့်မျက်ခုံးရှုံ့ကာ တွန့်လူးရင်း ထလာခဲ့သည်။
"အွန်း...."
ထထိုင်ကာ ခြေပစ်လက်ပစ်အညောင်းဆန့်လိုက်ပြီးမှ
"နိုးပြီလား အမူးသမားလေး"
သူ့အသံ?
အနောက်တိုင်း၀တ်စုံကိုစမတ်ကျကျ၀တ်ဆင်ထားပြီး နာရီပတ်နေသည့် သူ့ကို့မြင်လိုက်ရသည်။
"ကို!"
မွန်းဟာ သူ့အခန်းထဲရောက်နေတာဖြစ်ပြီး ခေါင်းထဲကထိုးကိုက်နေတာကြောင့် ကိစ္စအချို့ကိုသေချာစဥ်းစားလို့မရနိုင်။
"ကိုယ့်ကို ထပ်မဆွဲဆောင်နဲ့ သွားခါနီး စိတ်မဖြောင့်အောင်ဘာမှမလုပ်ချင်ဘူး"
Advertisement
သူ့အကြည့်ကာ မွန်းခန္ဓာကိုယ်မှာပဲမို့
မွန်းပြန်ငုံ့ကြည့်ရာ
"ဟာ............ရှင်!!"
စောင်ကို ရင်ဘက်ထိဆွဲကာ ပြူးတူးတူးလေးလုပ်နေပြန်သည်။
"မမှတ်မိတာလား Baby မနေ့က မင်းအရင်စတာနော်"
မွန်းသည် သေချာပြန်စဉ်းစားရင်း မှန်ပြတင်းနားက ဝိုင်ပုလင်း၊ ကြမ်းပြင်ပေါ်က တံဘက်၊ ခြေရင်းက သူ့ရှပ်အင်္ကျီနဲ့ ပြဲနေတဲဂါ၀န်၊ မွန်းရဲ့ခေါင်းထဲမှာတစ်ခုချင်းပြန်ပေါ်လာကာမျက်နှာလေးညှိုးကျသွား၏။
အတ္တက သူမဘေးသို့တိုးလာကာ
"သတိရပြီလား!"
ရုတ်တရက် သူမကမော့လာပြီးအတ္တအား မျက်လုံးဝိုင်းလေးနှင့်ကြည့်ကာ
"ဖြစ် ဖြစ် သွားပြီလား
ဟင်!! ဟို ဟို ......ဖြစ် ပြီးသွားပြီလား"
မေးရတာကိုမလုံမလဲဖြစ်ကာ ထစ်တီးထစ်ငေါ့ မေးလာသည့်သူမမေးခွန်းက ဆိုလိုရင်းကိုမရောက်သော်လည်း သူနားလည်ပါသည်။
"ကိုယ့် ကိုယ် ကိုယ်တောင် မသိဘူးလား "
မွန်းငိုမဲ့မဲ့လေး ဖြစ်သွားကာ ခေါင်းခါသည်။
"ဟင့် အဟင့် မွန်း မှာအတွေ့အကြုံမှမရှိတာ "
အတ္တက သူမခေါင်းလေးအား ဖွလိုက်ပြီး
"အဆုံးထိမရောက်လိုက်ဘူး ကိုယ် ရပ်ပစ်လိုက်တာ"
ပျော်သွားတာများသိသာချက် မျက်ရည်တွေသုတ်ပြီး ချက်ချင်းသူ့ကိုမော့ကြည့်သည် ။
"အကြွေးကအကြွေးပဲနော် ကိုယ်မအားသေးလို့ အေးဆေးမှ ဆပ်ရမယ် "
"ချစ်တီးကျနေတာပဲ"
သူမက စနောက်လိုက်ပေမဲ့ သူပြောတာက
"ကိုယ်သွားပြီ ၂ရက်လောက် ပြန်မလာဘူး ကောင်းကောင်းနေရစ် ရေခဏခဏမချိုးနဲ့ ၀ရန်တာကိုထွက်မရပ်နဲ့ ထမင်းအချိန်မှန်စား မနေ့ကလိုဂါ၀န်ပါးပါးလေးတွေမ၀တ်နဲ့ ကိုယ်နဲ့ရှိနေတဲ့အချိန်တော့ဘာမှမဝတ်လည်းအဆင်ပြေပါတယ်"
မွန်းနှုတ်ခမ်းလေးဆူပြသည့်အခါ သူက မထိတထိရယ်လိုက်ပြီး
"မနေ့ကလိုအများကြီးမသောက်နဲ့ တစ်ခုခုဆိုဖုန်းဆက် ကြားလား?"
အတ္တက တစ်ခုမကြံအကုန်မှာကြားပြီးသည့်အခါ မွန်းကခေါင်းညိတ်ပြလိုက်ပေမဲ့ သူထွက်သွားသည့်ခြေလှမ်းတိုင်းက ၀မ်းနည်းလာရစေပြန်သည်။
တံခါးဖွင့်ရန် လက်လှမ်းသည့်အခါ မြိုသိပ်မရတော့တဲ့ခံစားချက်နဲ့အတူ
"ကို!!"
လှမ်းခေါ်ပြီး ကုတင်ပေါ်မှပြေးဆင်းသွားရင်း
ကျောမှသိုင်းဖက်လိုက်ရာ
"ကိုယ့်ကို စိတ်မဖြောင့်အောင်မလုပ်ပါနဲ့ကွာ Baby... မငိုပါနဲ့"
"ကို..."
ထပ်ခေါ်ပြန်သည်မို့ အတ္တ ခါးပေါ်က သူမလက်တွေကိုဖုံးဖိကိုင်လိုက်ပြီး
"ဘာမေးချင်လို့လဲ"
"ကို မွန်းကို....."
ဆက်မထွက်လာတဲ့စကားတွေ။
လည်ချောင်းမှာပဲပျောက်ကုန်တာလား။
နှလုံးသားကစေခိုင်းသော်လည်း ဦးနှောက်ကပိတ်ပင်တားဆီးနေသဖြင်...
"ဘာ ဘာမှ မဟုတ်တော့ပါဘူး"
သူ့ခါးကိုလွှတ်ပေးလိုက်သဖြင့် သူမခေါင်းလေးကို ဖွကာ
"ကိုယ် ဒေါ်တင်ကိုလွှတ်လိုက်မယ် အခန်းရှင်းပြီး တစ်ခုခုစားရအောင် ကိုယ့်ကိုလွမ်းနေနော် Baby!"
သူမရဲ့နှဖူးလေးကို တစ်ချက်နမ်းပြီးနောက်
အတ္တ ထွက်သွားလေရာ
ကို မွန်းကို ချစ်လား!
ဘာကြောင့် ထွက်မလာခဲ့တာလဲ
ဘာကြောင့် မမေးရဲခဲ့တာလဲ
မွန်းပဲ သိပ်ညံ့တာလား
သူ့ဘက်က မချစ်ဘူး ဆိုတဲ့အဖြေကိုကြောက်တယ်
သူသာ အဲ့ဒီလိုဖြေခဲ့မယ်ဆိုရင် မွန်း မွန်း ခံစားနိုင်မယ်မထင်ဘူး ဟင့်အင်း
သေချာတယ် မခံစားနိုင်ဘူး
နှလုံးသားနေရာမှ နာကျင်လာမည့် လက္ခဏာတွေကို ကြိုမြင်နေရသလိုပဲ။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(33)ဆက်ရန်
Zawgyi version
အတ္တလွန် အချစ်
အပိုင်း(32)
ဝရနျတာတှငျ မတ်တပ်ရပ်နေသည့် မွန်းကိုမေတင်က စောင်တံဘက်လေးလာခြုံပေးသည်။
=====================
"သခင်လေး "
"အင်း အလင်း ၀ငျခဲ့"
"ဘာပြောမလို့လဲ မင်းက"
"ဟုတ်ကဲ့ ကျွန်တော် လည်းမြန်နိုင်သလောက်မြန်မြန်ရှင်းစေချင်ပါတယ် ဂျော်နီက မမလေးကိုလိုချင်နေတယ် ဒီကိစ္စမှာ သူ့အဖေ ဒေးဗစ်ပါ ၀ငျပါနတေော့!"
ငါသူ့ကိုချစ်တာလား?
အချစ်ဆိုတာတော့ ......
အလင်းပြန်လှည့်လာ၍
"ကျွန်တော် က သခင်လေး သတိရတယ်ထင်လို့မပြောတော့တာ မနက်ဖြန် တရုတ်က ၀ငျမညျ့ iceတွေ အတွက် ဆိပ်ကမ်းကိုသွားရမယ် ၂ရက်လောက်တော့ ကြာမယ်ထင်တယ် အသွားအပြန်"
အလင်းက ပြုံးပြပြီး
"သခင်လေး!"
"ဆောရီး... သခင်လေး"
===================
ကျွီ...
"ဪ သခင်လေး"
ခြေလှမ်းကျဲကျဲတွေနဲ့ အခန်းထဲသို့ ၀ငျလာပွီး
"ဟွန့် အွန်း"
"ဘယ်သူလဲမှာလဲ"
"အွန့်!"
Advertisement
- In Serial12 Chapters
Touched By a Dwarf(Completed)
You will be taken though a journey where you make friends and enemies. You will experience pain and love with Thor and his company of 12 dwarves. ( By the way Y/N means your name.)
8 133 - In Serial31 Chapters
The Colour of Your Heart
Hell’s seven Colours to rule Hell’s seven kingdoms. Red, Green, Grey, Blue, Yellow, White and Black. Satan, the ultimate lord and commander of all seven Kingdoms had made it so. No one remembered where the Colours came from or when they last lived without them. It just became a way of life. The Royal descendants, spawns of Satan, were born with the power to manipulate most Colours. Born with the power to submit most to their will. However, in order to ascend and become true Masters of Hell, they were to conquer all Colours and pass the final Test. No matter the cost. Over the years, Satan himself lost many of his own children to the Test, but it was the iron law. It could not be changed. There were some whispers and predictions, however. One of Satan’s children, together with a rare human soul, would be the end of his reign. Twenty-four-year-old Mara Takeda is a shy young woman who has faced many challenges in her short life. From suddenly becoming deaf at the age of five to facing bullies through most of her school years, she became a near recluse whose sole obsession was painting. Always unsociable and under a pseudonym, her art paved the way for her to become a respected and talented artist. Now in Tokyo, she is preparing to come out from the shadows and make an appearance at her first, public exhibition. At least that was the plan until she is abruptly visited by a man with horns and wings…
8 175 - In Serial53 Chapters
Expectations
✨2019 Fiction Awards Winner in Best General Fiction✨Completed 9/22/2019Sequel: Reality- - - - - - - - - - - - -Joslyn Trett is no stranger to the touring lifestyle, she's been on the road assisting her brothers band for years, until now. Joslyn gets the opportunity of a life time when she lands the job of pop star and heartthrob Alex Walker's assistant, seemingly a promising step in the right direction towards her future. Going from small venues to huge arenas across the world is a whole new ball game for Joslyn. She has no clue what to expect and what is expected of her. All she knows is one day she wants to become a manager in the business, but you have to start from the bottom to get to the top.During this new chapter of her life she will face unexpected relationships, emotions, and dilemmas. Despite what she feels in her heart is right, she will be damned if she doesn't do what is expected of her. Even if it hurts like hell.- - - - - - - - - - - -Ranked:#1 in Fame 9/2/19#1 in Celebrity 9/2/19#1 in Famous 9/2/19#1 in ForbiddenLove 1/10/20#1 in Expectations 6/5/20#1 in Popstar 2/1/21
8 215 - In Serial49 Chapters
The Journey Home
Others carved her past, she was now deciding her future.But was she living?The memories that haunted her determine each decision she made until he came along.Everything changed.★★★★★A wealthy businessman with handsome looks but without a care in the world.Until he met her.He needed her, almost obsessively so.He realized that nothing before her mattered, even if she didn't realize it.❤Cover Credit to the amazing @AutumnWintersCERTAIN CHAPTERS ARE MARKED PRIVATE DUE TO WATTPAD'S GUIDELINES. PLEASE FOLLOW BEFORE ADDING BOOK TO YOUR READING LIST IN ORDER TO READ THEM.
8 445 - In Serial35 Chapters
Coffee Shop
They meet through simple circumstances, a small joke sparking the love that grows between them.And it all starts in a coffee shop.---Cover by: @annashappy
8 240 - In Serial51 Chapters
Meet Noah Hunt. He's the definition of a "good boy": perfect grades, all the right extra-curricular, doesn't drink, party or get into any trouble whatsoever. Why? Because he is on a mission: to get a scholarship and get as far as he can from his dead-beat father. He doesn't want any distractions- if you can't help him get there, you're irrelevant. It's always been that easy to stay focused until he meets a broken Damian Silva or "Silver" as Noah likes to call him. Can Silver show Noah all that he is missing? Can Noah save Damian from himself? Or will these boys be each other's destruction? Don't forget to add in a bunch of friends, jealous love interests, bullies and some strange happenings and you get their typical day of high school.....THE SEQUEL 'STILL BREATHING' IS OUT NOW!_____________________________________________________________________________"Oml I love this book so much thank you for making it...it's incredible ☺️" - yazmen98"I read this in just a day and was captivated by the storyline. This must be in the hidden gems collection " -3ndlesslove"This was, by far, the best one I've read. It just resonated with me when it came to Noah's POV. It wasn't something that just magically came together. It took time and effort for them to get to where they are, and I respect that. It taught me more about how to look at things so thanks a lot for making this book. I meant a lot to me. I will definitely read the sequel and your other books" - Generik_Jay
8 144