《အတ္တလွန်အချစ် (OC) Completed》Part (33) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(33)
"အလင်း "
"ဗျာ သခင်လေး"
ကားမောင်းနေသောအလင်းက နောက်သို့လှည့်မကြည့်ပဲ မဆိုင်းမတွ ထူးလိုက်သည်။
"ဒီတစ်ခါဆိပ်ကမ်းကိစ္စကို ဂျော်နီတို့က ၀င်မရှုပ်တာ သံသယ၀င်စရာပဲ"
အလင်း ကခေါင်းတစ်ချက်ညိတ်ကာ
"ဟုတ်ကဲ့သခင်လေး သူတို့ဘာကိုကြံစည်နေသလဲမသိဘူး "
"နောက်. ပါရီမှာတုန်းက အဲ့ဒီအထိလိုက်လာပြီး မွန်းကို ပြန်ပေးစွဲဖို့စီစဉ်တယ် အဖေဖြစ်တဲ့ ဒေးဗစ်ကပါ မွန်းကိစ္စကိုဘာလို့၀င်ပါနေတာလဲ"
"အဲ့ဒီတုန်းက သခင်လေးနဲ့မမလေး ၂ယောက်တည်း သွားတယ်ဆိုတဲ့သတင်း သူတို့ရသွားပုံရတယ် အဲ့တာကြောင့် လူနည်းနည်းနဲ့ တိုက်ခိုက်ခိုင်းတာ"
"အင်း မွန်းနဲ့ဂျော်နီ ကငါစာချုပ်ပြန်ယူဖို့ကြိုးစားရင် ငါ့ကြောင့်ပဲ ဆုံခဲ့ကြတာ တစ်ကြိမ်လောက်တွေ့ဖူးရုံနဲ့ အဲ့ဒီကောင်က ဘာလို့ မွန်းကိုလိုချင်နေတာလဲ"
"အဖြေကရှင်း ပါတယ်သခင်လေး မမလေးက သခင်လေးရဲ့ကောင်မလေး ဖြစ်နေလို့"
အလင်း အဖြေကြောင့် အတ္တ မဲ့ကနဲပြုံးလိုက်ပြီး
"ဟက် .... တစ်ခါလေးတွေ့ဖူးပြီး ငါ့ကောင်မလေးဖြစ်ရုံနဲ့ အဲ့သလောက်ကြိုးစားနေရအောင် သူ့ဘက်က ဘာတွေပိုင်နေလို့လဲ"
ဂျော်နီ နဲ့ မွန်း အဆက်အသွယ်ရှိနေများလား
ဟုရုတ်တရက်ကြီး မဟုတ်တရုတ်အတွေးမျိုးဝင်လာပါသည်။ အတ္တ ဟက် ကနဲရယ်လိုက်ပြီး ခပ်ကြောင်ကြောင် အတွေးတွေကိုငါဘာလို့ခေါင်းထဲထည့်မိနေပါလိမ့် လုံး၀မဖြစ်နိုင်တာပဲ ဟုထိုအတွေးကိုခေါင်းထဲကနေထုတ်လိုက်သည်။ အတ္တ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး
"ဖြေးဖြေးပဲမောင်း အလင်း ငါစောင့်ရတာတွေမုန်းတယ် "
မဟုတ်ရင် ကိုယ်ကအရင်ရောက်ပြီး သင်္ဘောအထွက်ကိုစောင့်နေတာ စိတ်ပျက်ဖို့ကောင်းတယ်။
============================
"အင်း...."
နေရောင်ခြည်အနွေးဓာတ်ကြောင့် မျက်လုံးတွေပွင့်လာလျှင် စောင်ဖြူဖြူကြီးကိုလှန်ဖယ်လိုက်၍
"ဒီနေ့လည်း သူ့အခန်းထဲမှာပဲ အိပ်ပျော်သွားပြန်ပြီလား "
သူ့ရဲ့ဇိမ်ကျကျ မွေ့ယာအကျယ်ကြီးမှာ သူပြန်မလာသေးတဲ့၃ရက်လုံး အချိန်ကုန်ဆုံးခဲ့သည်။ ထထိုင်ပြီး စောင်ကိုအသာပြန်ဖြန့်ကာ
"ဟွန့် ပြောတော့ ၂ရက်တဲ့ ၃ရက်တောင်ရှိပြီ ခုထိပြန်မလာဘူး "
မွန်းက သူ့ဆေးလိပ်ခွက်ရှိတဲ့ မှန်ပြတင်းကနေ ခြံတံခါးဆီသို့ လှမ်းကြည့်ရာ အလွမ်းတို့ကအပြည့်။
"ဟင်း "
သက်ပြင်းရှည်ရှည်ဆွဲလိုက်ပြီး
"လူကို အလွမ်းသင်ခန်းစာတွေပို့ချနေပြန်ပြီ "
အိမ်ထဲကနေ ခြံထဲကိုတောင်မထွက်ရတဲ့ အတွက် ပျင်းလည်းပျင်းနေသည်။ မွန်းသည် မနက်စာစားဖို့ အောက်ထပ်သို့ဆင်းလာခဲ့ပြီး
"မေတင် ရေ မေတင် "
"ဟေ သမီး "
မီးဖိုခန်းထဲမှ လှမ်းထူးလိုက်သည်မို့ မွန်း ပြေး၀င်ခဲ့ပြီး
"ဗိုက်ဆာလာလို့"
သက်သက်က နွားနို့တစ်ခွက်လာချပေးကာ
"မြူးကြွလို့ပါလား မမလေးရဲ့ သခင်လေးမရှိလို့ လွတ်လပ်နေတယ်ပေါ့"
သက်သက် အမေးကြောင့် နှုတ်ခမ်းလေးဆူသွားပြီး
"ဟွန်... မမြူးပါဘူး သူမရှိတော့ လွတ်လပ်ပေမယ့် အရမ်းပျင်းဖို့ကောင်းတယ် "
"မမလေး လွမ်းနေတယ်မဟုတ်လား "
မေတင်က လည်းပြုံးပြပြီး ဆန်ပြုတ် ပန်းကန်လေး ချပေးရင်း မွန်းအရှေ့မှာ၀င်ထိုင်သည်။
"ဟွန်း အမြင်ကိုကပ်ပါတယ် အဲ့ဒီအတ္တကြီးကို သူများကို ၂ရက်တဲ့ပြောပြီး ခုထိမလာဘူး ပစ်ထားတယ် "
မွန်းစကားလည်းပြော ရှေ့ကပန်းကန်ထဲကနေ ဆန်ပြုတ်တစ်ဇွန်းကိုပါးစပ်ထဲထည့်လိုက်သည်။
"ဟုတ်သားနော် သခင်လေးပြန်မလာပြန်ဘူး အလုပ်တွေရှုပ်နေတယ်ထင်တယ်"
မေတင့်စကားကိုနားထောင်ရင်း နောက် ၂ဇွန်းလောက် ထပ်စားလိုက်ပြန်သည်။ ရုတ်တရက်မျက်ခုံးရှုံ့သွားကာ
"အဟွတ် အဟွတ် မေ မေ တင် ဆန်ပြုတ် အဟွတ် အဟွတ် ဆန် ပြုတ်ထဲက ဘာ ဘာပါလဲ "
ချောင်းတွေအရမ်း ဆိုးလာပြီး မျက်နှာလည်းနီရဲလာကာ မွန်းမှာ မျက်ရည်တွေဝေ့လာသည်။
"ဟယ် သမီး မွန်း သက်သက် ရေ ရေလေးယူခဲ့ပါဦး "
မွန်းအနားကိုကပ်လာကာ မေတင်ကပွေ့ထားရင်း
"မေတင် ခရုထည့်ချက်လိုက်တာ "
"မွန်း မွန်းနဲ့မတည့်ဘူး အဟွတ် အဟွတ် "
အသက်ရှူတွေကြပ်လာရကာ မွန်းကိုသက်သက်ကရေလာအတိုက်မှာပဲ သတိလစ်သွားသည်။
"ဟယ် သမီး မွန်း သက်သက် လုပ်ပါဦး မွန်းလေး မွန်းလေး"
"မမလေး မမလေး"
၂ယောက်လုံးပြာယာခက်သွားကာ
"မေ မေတင် သက်သက် သခင်လေးကိုဖုန်းဆက်လိုက်မယ်"
မေတင်က ခေါင်းရမ်းပြပြီး
"မဖြစ်ဘူး မေ့ဆီပဲဆက်လိုက်ပါ မေသုခဆီပဲ"
သခင်လေး သိရင် ပိုစိတ်ပူမှာ သက်သက်လည်း မေတင်ခိုင်းတဲ့အတိုင်း မမမေ ဆီကိုပဲဖုန်းဆက်လိုက်သည်။
"မေတင် ကြောင့်ဖြစ်တာပါ မေတင်မှားတာပါကွယ် အလာ့ဂျစ် ရှိတာကို မေတင်မသိခဲ့ဘူး"
"အို ဒေါ်ဒေါ် ရယ် မငိုပါနဲ့ နေကောင်းသွားမှာပါ ခဏနေရင် သတိရလာလိမ့်မယ် မေ ဆေးထိုးပေးထားပါတယ် "
မေကဒေါ်မေတင့်လက်ကို ကိုင်ဆွဲကာနှစ်သ်ိမ့်ရှာသည် ။ အနီစက်အချို့နဲ့အတူ အိပ်ယာပေါ်မှာလှဲလျောင်းနေသည့်သူမလေးကို ကြည့်ပြီး
"အတ္တသိလား "
"မပြောရသေးဘူး သမီးရဲ့ "
"သူသိရင် ချက်ချင်းပြန်လာမှာ မင်းကိုလတ် လည်း ပါသွားတယ်လေ မေ တောင် မင်းကိုလတ်ကိုဖုန်းမဆက်ခဲ့ဘူး အတ္တကိုပြောလိုက်ရင်တော်ကြာအလုပ်မဖြောင့်မှာဆိုးလို့ "
"ဒါပေမဲ့ သမီးရယ် မပြောရင် သခင်လေးက အရမ်းစိတ်ဆိုးမှာ"
"ရပါတယ် ဒေါ်ဒေါ်ရဲ့ အဲ့တာကိုမေတာ၀န်ယူတယ် မေ ပြောပြလိုက်ပါ့မယ် မွန်း သတိရရင် မေ ဖုန်းဆက်လိုက်မယ် "
"ကျေးဇူးတင်ပါတယ် သမီးရယ် "
"ရပါတယ် ဒေါ်ဒေါ် အလုပ်ရှိသေးရင် သွားလုပ်ပါ မေ စောင့်ပေးလိုက်မယ် "
Advertisement
မေတင်က အိပ်ယာနိုးရင် စားရအောင် တစ်ခုခုသွားလုပ်မယ်ဆို၍ ဆင်းသွားသည်။ မေလည်း မွန်း အနားမှာ ထိုင်နေရင်း
"အတ္တ ချစ်လည်းချစ်ချင်စရာပါပဲလား ဘာမှမလိမ်းပဲကို မထိရက်ချင်စရာလေး "
အလာ့ဂျစ်ကြောင့်အသဲယားစရာ နီမြန်းနေတဲ့ အသားအရေ တွေနဲ့တောင် အလှမပျက်တဲ့သူမကို မေ သဘောကျမိသည် ။
"ဟင်!"
"အာ...သတိရလာပြီလား မွန်း "
"မမမေ?"
"အွန်း ဘယ်လိုနေလဲ ခေါင်းမူးတာ အန်ချင်တာဖြစ်သေးလား"
"နည်းနည်းပဲ ဒါပေမဲ့ အရမ်းယားတယ် "
မွန်းလည်ပင်းတွေကိုပွတ်သပ်ရင်း ထထိုင်လိုက်သည့်အခါ မေကပဲထူပေးသည်။
"ဟုတ်လား မေကလိမ်းဆေးမပါခဲ့ဘူး မေ သွား၀ယ်ပေးမယ်နော်"
"အားနာစရာကြီး မမရယ် "
"အို မဟုတ်တာ "
မေ က ပိုက်ဆံအိတ်ကလေးဖွင့်နေစဉ်
"မမမေ"
မွန်းရဲ့ အခေါ်ကြောင့် ဘာလဲဆိုသလို ပြန်ကြည့်လိုက်သည့်အခါ
"ဟို မွန်းကို အပြင်ခေါ်သွားပေးလို့ရမလားဟင်!"
မေက မျက်လုံးပြူးသွားသည်။
"ဟင်!"
"ဟို မွန်း ကခြံထဲတောင်မထွက်ရဘူး ကို ကအရမ်းချုပ်ထားတာ "
ကို လို့သုံးလိုက်တာက တမင်သုံးလိုက်ခြင်းဆိုရင် မမှားပါဘူး။
မေနဲ့အတ္တရဲ့အရင်က ပတ်သတ်မှုကို သ၀န်တိုတုန်းပဲမဟုတ်လား။
"မေ သိထားပါတယ်"
"ဟုတ် မွန်း လည်း အပြင်ထွက်ကြည့်ချင်တယ် အခု ကို လည်းမရှိတော့ မွန်းကပိုအထီးကျန်တယ် ခဏလေးပဲဖြစ်ဖြစ်လေ မမရယ် ဆေး၀ယ်ဖို့ဆိုတာ အဲ့တာ မွန်းရောလိုက်ခဲ့လို့မရဘူးလား"
အရင်ကတည်း မထိရက်ချင်စရာ သူမလေးက အခု နေမကောင်းနေတဲ့အပြင် အထီးကျန်နေတော့ ပိုပြီးသနားမိသည် ။
"ဒါပေမဲ့ မေ လည်း အတ္တကို သိပ်မပိုင်ဘူး ခိုးသွားရင် ၂ယောက်လုံး သေမှာ ခွင့်တောင်းမှတော့ဖြစ်မယ် "
"မွန်း နေမကောင်တာ သူမသိသေးဘူးလား"
"အွန်း မပြောရသေးဘူး မေ အခု ဖုန်းဆက်ကြည့်မယ် အရမ်းတော့မမျှော်လင့်နဲ့နော် အတ္တ ကဒေါသကြီးတာ မွန်းသိမှာပါ"
"ဟုတ် !"
မေသည် သူ့ရဲ့ ပန်းရောင်Coverစွတ်ထားသည့်ဖုန်းလေးကိုထုတ်ကာ contact listမှ 'Atta´ ဆိုသည့်နာမည်ကိုနှိပ်လိုက်သည်။
"ဟယ်လို "
"အင်း မေ ပြော"
မေကမွန်း မျက်နှာကို ကြည့်လိုက်ရာ၌
အရမ်းသိချင်နေသလိုရှိတာမို့ speakerဖွင့်လိုက်သည် ။
"မွန်းလေ"
"မွန်းက ဘာဖြစ်လို့လဲ!"
စိုးရိမ်တဲ့အသံကချက်ချင်းဟန်မဆောင်နိုင်အောင်ထွက်လာသည်။
မွန်းက နှုတ်ခမ်းလေးဆူသွားပြီး အဲ့လောက်စိုးရိမ်နေရင် ပြန်လာပါ့လား ဟု စိတ်ထဲကနေမကျေမနပ်ပြောလိုက်သည်။
"မွန်းက အလာ့ဂျစ် ဖြစ်လို့ အခု နေမကောင်းဘူး"
"ဘာ! မင်း ကအခု ငါ့အိမ်မှာလားဘယ်လောက်တောင် နေမကောင်းတာလဲ ကျစ် ငါ မနက်ဖြန် ပြန်လာတော့မှာကို"
မွန်းက မျက်လုံးလေးဝိုင်းသွားပြီး
သူပြန်လာတော့မှာပဲ။
"စိတ်အေးအေးထားပါ အတ္တရဲ့ အခုမွန်းက ငါ့ဘေးမှာ "
"သူ့ကို ဖုန်းပေး လိုက်"
မေ ကပြုံးလိုက်ပြီး မွန်းကို ဖုန်းလေးပေးလိုက်သည် ။
"ဟယ်လို"
"ဟယ်လို Baby?"
မွန်း နှုတ်ခမ်းလေးပြန်ချွန်သွားကာ ဘယ်လောက်လွမ်းနေတဲ့အသံလေးလဲ ခုမှကြားရတယ်။
"ဟွန့် ဘာလဲ!"
မကျေနပ်တဲ့ အသံဝဲ၀ဲလေးက ရင်ထဲကိုပိုပြီးထိုး၀င်ကာ စိုးရိမ်လာသည်။
"နေမကောင်းဘူးဆို ကိုယ့်ကိုဖုန်းဆက်ပါတော့လား အရမ်းဖြစ်နေတာလား ကိုယ်စိတ်ပူတယ်!"
"တော်ပြီ အစကတည်းက စိတ်ပူရင် ဘာလို့မွန်းကို တစ်ယောက်တည်းထားခဲ့လဲ အမြင်ကိုကပ်ဖို့ကောင်းတယ် "
"ငိုနေတာလား Baby ကိုယ်ကိုပိုစိုးရိမ်အောင်ကွာ တိတ်ပါ ဒီမှာ ချက်ချင်းပြန်ပြေးလာချင်နေပြီ အသံလေးကလည်းအားမရှိတဲ့အတိုင်းပဲ"
"မသိဘူး သူများကိုခဏခဏပစ်ထားတယ် ကို ကအကျင့်ကိုမကောင်းဘူး"
"Baby ငိုရင်ဒီမှာ ရင်တွေပူတယ် တိတ်တော့ ကိုယ်မနက်ဖြန်ဆိုပြန်ရောက်ပြီ "
"မွန်း ကို တစ်ခုလောက်လိုက်လျောပေး"
မေက မွန်းဘာပြောမလဲဆိုတာသိနေသဖြင့် မျက်လုံးလေးပြူးသွားသည်။ သူအပြင်ထွက်ဖို့ပြောမလို့လား
ဒေါသအိုး ပေါက်မှာမြင်ယောင်ပါသေးသည်။
"ပြောလေ မဖြစ်နိုင်တာဆိုရင် ကိုယ့်ဒေါသကိုသိတယ်နော် "
"မွန်း အတွက် မမမေက ဆေး၀ယ်မလို့မွန်းလိုက်သွားချင်တယ် "
"ဘယ်ကို!"
သူ့အသံကအနည်းငယ်ကျယ်လောင်လာသောကြောင့်
"အဟင့် ကို! မွန်းကို မအော်နဲ့ "
"Baby ကို ကိုယ်ဘာပြောထားလဲ"
မေက မွန်းဆီကဖုန်းယူလိုက်ပြီး
"ဟယ်လို အတ္တ စိတ်လျော့ ဒီလိုပါ မွန်းကိုဆေးခန်းပြပေးမလို့လည်းပါတယ် ငါကအရေးပြားဆရာ၀န်မဟုတ်ဘူးလေ အဲ့တော့..."
"မေ မင်းကပါ မွန်းဘက်ကလား"
"နင်ကလည်း ငါနဲ့တောင်စိတ်မချဘူးလား "
"ကို မွန်း အသားအရေက အရင်လိုပြန်မဖြစ်ရင်ဘယ်လိုလုပ်မလဲ"
ဘေးကလှမ်းအော်လိုက်တဲ့ မွန်းကြောင့် အတ္တ သက်ပြင်းချလိုက်သည် ။
သူမကိုတော့ အလှမပျက်စေချင်တာ အမှန်ပဲ
ဒါပေမဲ့ အပြင်ထွက်ခိုင်းဖို့ဆိုတာ.....
"ကို ကိုလို့ မွန်း ကိုအဲ့ဒီလောက်လေးတောင်မလိုက်လျောပေးနိုင်ဘူးလား "
"မဟုတ်ဘူး Baby မသိတဲ့ တခြားကိစ္စတွေရှိသေးတယ် ကိုယ် စိတ်မချဘူး "
Advertisement
"မနက်ဖြန်ဆို ကိုပြန်လာမှာပဲ မွန်း တကယ်အသားတွေကယားပြီး အရေပြားတွေကနီရဲနေတာ ကိုရဲ့ အရင်လို မလှတော့ရင် ဘယ်လိုလုပ်မလဲ ကိုနော် နော်လို့"
မချွဲစဖူး ကိုနော် ကိုနော် နဲ့ အတ္တ စိတ်ပူတာတခြား သူမကြောင့်အသည်းယားတာတခြား နဲ့။
"ဆရာ၀န်နဲ့တွေ့ပြီးချက်ချင်းပြန်လာ"
မေတကယ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူ့ဘက်ကအလျော့ပေးတယ်?
မွန်း တစ်ခုခုဖြစ်မှာတော့သူတကယ်ကြောက်နေသား
အတ္တသည် ဒီကောင်မလေးကို တော်တော်ချစ်တယ်ဆိုတာ မထင်မှတ်ထားတဲ့ခွင့်ပြုချက်တောင်ပေးလေတာကို ကြည့်ခြင်းဖြင့် မေသိလိုက်ရပါသည်။
"တကယ်? အင်းပါ မွန်းကတိပေးတယ် ထွက်မပြေးဘူး ကို့ဆီပဲပြန်လာမှာ မွန်းအတွက်အနွေးထွေးဆုံး ကို့ရင်ခွင်ကိုပြန်လာမှာ!"
အတ္တပြုံးသွားပြီး
"Baby မင်းကွာ... ညနေပြန်လာတော့မယ် ဒါမှ မနက်ရောက်မှာကိုယ် အရမ်းလွမ်းနေပြီ Baby ကို နမ်းချင်လှပြီ"
"ဟာ ကို! "
speaker ဖွင့်ထားတာမို့ မမမေ ကြားသွားသဖြင့် ရှက်လိုက်တာ။
"မမမေ ရှိတယ် "
"အဟင်း အတ္တ အဖြစ်သည်းချက် ငါ့ဖုန်းbillကုန်တယ် ဖုန်းချတေ့မယ် "
"အင်း မင်း မွန်းကို သေချာဂရုစိုက်ပေးပါ မေ "
"စိတ်ချပါ "
ဖုန်းကို ပိုက်ဆံအိတ်ထဲထည့်လိုက်ကာ
"မွန်း မထင်ရဘူးနော် အတ္တကိုပိုင်ချက် တစ်ခါလေးပဲ ချွဲလိုက်တာ ချက်ချင်းပဲ "
မွန်းက ရှက်ပြုံးလေးပြုံးပြီး
"အဟင်း မွန်းလည်းမထင်ထားပါဘူး ဒါပေမဲ့ သူကမွန်းကိုအရမ်းစိတ်ပူသွားတယ်ထင်တယ် လိမ်လိုက်မိတာ စိတ်ထဲမှာမကောင်းဘူး"
"တကယ်လည်း မေ ကအရေပြားနဲ့ပတ်သတ်လို့ လိမ်းဆေးလောက်ပဲသိတာပါ ဆရာ၀န်နဲ့ပြသင့်တာက တကယ်ပါသူကခွင့်မပြုရင်တော့ လိမ်းဆေးပဲ၀ယ်လာပေးမလု့ အခုခွင့်ပြုချက်ရပြီဆိုတော့ တကယ် ပြကြတာပေါ့ "
"ဟုတ်ကဲ့ မွန်း အင်္ကျီလဲပြီး အောင်ဆင်းလာခဲ့မယ်နော် မမ"
"အင်း မေ ဒေါ်ဒေါ်ကို့ပြောထားခဲ့မယ်လေ"
မေသည် မွန်းရဲ့အခန်းထဲကနေထွက်သွားပြီး ဒေါ်မေတင့်ကိုပြောစရာရှိတာသွားပြောသည်။
"ဒေါ်ဒေါ် မေ မွန်းကိုခဏလောက်ခေါ်သွားလိုက်မယ်နော် ဆရာ၀န်နဲ့တွေ့ပေးချင်လို့ အတ္တကိုလည်းပြောထားပြီးပါပြီ"
"ဪ အေးပါကွယ် သခင်လေး ခွင့်ပြုထားရင် မေတင်တို့က ဘာမှတားစရာမလိုပါဘူးကွယ် ဂရုတော့စိုက်နော် သမီးတို့"
ဂါ၀န် အပြာနုအကွက်လေးပေါ်က နွေးထည်လက်ရှည်နှင့် ဆံပင်တွေကိုသပ်သပ်ရက်ရက်ဖြီးပြီး ဆင်းလာတဲ့သူမ က မေ့အနားကပ်ကာ
"စိတ်ချပါမေတင် "
"အေးပါကွယ် အေးအေး"
===========================
"မင်းသ"
ဂျော်နီဟာ အပြင်ကနေပြန်ရောက်လျှင်ရောက်လာချင်း သူ၏ဘော်ဒီဂတ် မင်းသကိုခေါ်လိုက်သည်။
"ဟုတ်ကဲ့ Boss"
မင်းသမှ ဂျော်နီ ဧည့်ခန်းကသားရေဆိုဖာကြီးအိကျသွားအသည်ထိုင်လိုက်ချိန်တွင် ဘေးမှာလာရပ်ပြီး ထူးလိုက်သည်။
"အတ္တတို့ဆိပ်ကမ်းမှာ အလုပ်ရှုပ်နေတုန်းမဟုတ်လား "
"မနက်ဖြန်ပြန်လာမှာပါတဲ့ "
"ဒါဆို ငါ့ရည်ရွယ်ချက်စလို့ရပြီပေါ့ "
ဂျော်နီက မဲ့မဲ့ရယ်လိုက်ပြီး
"မွန်းလေး ကိုယ့်ကိုလွမ်းမနေဘူးလား "
ဟု ဆိုကာ ဘေးကတယ်လီဖုန်းဖြင့်နံပါတ်တစ်ခုနှိပ်ခေါ်လိုက်သည်။
"ဟယ်လို မွန်းလေး"
ဧည့်ခန်းကဖုန်းလာနေသဖြင့် မေတင် မအား၍ သက်သက်လာကိုင်သည် ။
"ဟင် မမလေး မဟုတ်ဘူးရှင့်"
ဂျော်နီက မျက်မှောင်ကုက်သွားကာ
"မွန်း ကိုဖုန်းပေးလိုက် "
"ဟို မမလေးက မမမေနဲ့ ဆေးခန်းသွားပါတယ် "
"ဘာ မွန်း အပြင်သွားတယ်ဟုတ်လား"
"ဟုတ် ဟုတ်ကဲ့"
ဂျော်နီက ချက်ချင်း ဖုန်းချပစ်လိုက်သည်။
"ဟဲ့ မိသက် ဘယ်သူလဲ"
ဒေါ်မေတင်ကလာမေးတော့
"မသိဘူး မေတင် မမလေးကိုပဲ အတင်းမေးနေလို့ ပြောပြလိုက်တာ"
"အို... ဘယ်သူလဲ မမေးလိုက်ဘူးလား ညည်းကလည်း မအူမလည်နဲ့ စိတ်ညစ်ပါတယ် သခင်လေးသိရင်တော့အဆူခံရဦးမယ် မမလေး ကိုမေးတိုင်းပြောပြစရာလား"
"သက်သက်လည်းမသိဘူးလေ သူ့ဘက်က အရမ်းဟောက် တော့ "
"စိတ်ဆင်းရဲပါတယ် သွား သွား ပန်းကန်ဆေးချေ"
မေတင်မှာ သက်ပြင်းချရင်း ရန်သူတွေမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိသည်။
===
"ဟက် ဟက် မင်းသ မွန်းနဲ့မေသုခ အပြင်ထွက်တယ်တဲ့ မင်းငါ့စက်ကွင်းထဲရောက်လာပြီ မွန်း"
"ဟုတ်ကဲ့ ကျွန်တော် ရှာလိုက်ပါ့မယ် မေသုခ ဆိုရင်တော့ ဆေးရုံသွားမယ်ဆိုရင် Golden ဆိုတာသေချာတယ် သူသွားနေကျ"
ဂျော်နီက မတ်တပ်ရပ်ကာ မထိတရိရယ်လိုက်ပြီး
"ကားအသင့်ပြင် မင်းသ အခုချက်ချင်း လိုက်မယ်"
မင်းသထွက်သွားပြီးနောက်မှာ
"ဟက် အတ္တလွန် မင်းကိုအလဲထိုနိုင်ဖို့သော့ချက်က မေမီမွန်းပဲ မွန်းကို ငါမရရင် မင်းလည်းမပိုင်စေရဘူး အတ္တ"
==============================
အမှာပါရင်ခွင့်လွှတ်ပါ
အပိုင်း(34)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(33)
"အလင္း "
"ဗ်ာ သခင္ေလး"
ကားေမာင္းေနေသာအလင္းက ေနာက္သို႔လွည့္မၾကည့္ပဲ မဆိုင္းမတြ ထူးလိုက္သည္။
"ဒီတစ္ခါဆိပ္ကမ္းကိစၥကို ေဂ်ာ္နီတို႔က ၀င်မရှုပ်တာ သံသယ၀င္စရာပဲ"
အလင္း ကေခါင္းတစ္ခ်က္ညိတ္ကာ
"ဟုတ္ကဲ့သခင္ေလး သူတို႔ဘာကိုႀကံစည္ေနသလဲမသိဘူး "
"ေနာက္. ပါရီမွာတုန္းက အဲ့ဒီအထိလိုက္လာၿပီး မြန္းကို ျပန္ေပးစြဲဖို႔စီစဥ္တယ္ အေဖျဖစ္တဲ့ ေဒးဗစ္ကပါ မြန္းကိစၥကိုဘာလို႔၀င္ပါေနတာလဲ"
"အဲ့ဒီတုန္းက သခင္ေလးနဲ႕မမေလး ၂ေယာက္တည္း သြားတယ္ဆိုတဲ့သတင္း သူတို႔ရသြားပုံရတယ္ အဲ့တာေၾကာင့္ လူနည္းနည္းနဲ႕ တိုက္ခိုက္ခိုင္းတာ"
"အင္း မြန္းနဲ႕ေဂ်ာ္နီ ကငါစာခ်ဳပ္ျပန္ယူဖို႔ႀကိဳးစားရင္ ငါ့ေၾကာင့္ပဲ ဆုံခဲ့ၾကတာ တစ္ႀကိမ္ေလာက္ေတြ႕ဖူး႐ုံနဲ႕ အဲ့ဒီေကာင္က ဘာလို႔ မြန္းကိုလိုခ်င္ေနတာလဲ"
"အေျဖကရွင္း ပါတယ္သခင္ေလး မမေလးက သခင္ေလးရဲ႕ေကာင္မေလး ျဖစ္ေနလို႔"
အလင္း အေျဖေၾကာင့္ အတၱ မဲ့ကနဲၿပဳံးလိုက္ၿပီး
"ဟက္ .... တစ္ခါေလးေတြ႕ဖူးၿပီး ငါ့ေကာင္မေလးျဖစ္႐ုံနဲ႕ အဲ့သေလာက္ႀကိဳးစားေနရေအာင္ သူ႕ဘက္က ဘာေတြပိုင္ေနလို႔လဲ"
ေဂ်ာ္နီ နဲ႕ မြန္း အဆက္အသြယ္ရွိေနမ်ားလား
ဟု႐ုတ္တရက္ႀကီး မဟုတ္တ႐ုတ္အေတြးမ်ိဳးဝင္လာပါသည္။ အတၱ ဟက္ ကနဲရယ္လိုက္ၿပီး ခပ္ေၾကာင္ေၾကာင္ အေတြးေတြကိုငါဘာလို႔ေခါင္းထဲထည့္မိေနပါလိမ့္ လုံး၀မျဖစ္နိုင္တာပဲ ဟုထိုအေတြးကိုေခါင္းထဲကေနထုတ္လိုက္သည္။ အတၱ နာရီကိုတစ္ခ်က္ၾကည့္လိုက္ၿပီး
"ေျဖးေျဖးပဲေမာင္း အလင္း ငါေစာင့္ရတာေတြမုန္းတယ္ "
မဟုတ္ရင္ ကိုယ္ကအရင္ေရာက္ၿပီး သေဘၤာအထြက္ကိုေစာင့္ေနတာ စိတ္ပ်က္ဖို႔ေကာင္းတယ္။
============================
"အင္း...."
ေနေရာင္ျခည္အႏြေးဓာတ္ေၾကာင့္ မ်က္လုံးေတြပြင့္လာလွ်င္ ေစာင္ျဖဴျဖဴႀကီးကိုလွန္ဖယ္လိုက္၍
"ဒီေန႕လည္း သူ႕အခန္းထဲမွာပဲ အိပ္ေပ်ာ္သြားျပန္ၿပီလား "
သူ႕ရဲ႕ဇိမ္က်က် ေမြ႕ယာအက်ယ္ႀကီးမွာ သူျပန္မလာေသးတဲ့၃ရက္လုံး အခ်ိန္ကုန္ဆုံးခဲ့သည္။ ထထိုင္ၿပီး ေစာင္ကိုအသာျပန္ျဖန့္ကာ
"ဟြန့္ ေျပာေတာ့ ၂ရက္တဲ့ ၃ရက္ေတာင္ရွိၿပီ ခုထိျပန္မလာဘူး "
မြန္းက သူ႕ေဆးလိပ္ခြက္ရွိတဲ့ မွန္ျပတင္းကေန ၿခံတံခါးဆီသို႔ လွမ္းၾကည့္ရာ အလြမ္းတို႔ကအျပည့္။
"ဟင္း "
သက္ျပင္းရွည္ရွည္ဆြဲလိုက္ၿပီး
"လူကို အလြမ္းသင္ခန္းစာေတြပို႔ခ်ေနျပန္ၿပီ "
အိမ္ထဲကေန ၿခံထဲကိုေတာင္မထြက္ရတဲ့ အတြက္ ပ်င္းလည္းပ်င္းေနသည္။ မြန္းသည္ မနက္စာစားဖို႔ ေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး
"ေမတင္ ေရ ေမတင္ "
"ေဟ သမီး "
မီးဖိုခန္းထဲမွ လွမ္းထူးလိုက္သည္မို႔ မြန္း ေျပး၀င္ခဲ့ၿပီး
"ဗိုက္ဆာလာလို႔"
သက္သက္က ႏြားနို႔တစ္ခြက္လာခ်ေပးကာ
"ျမဴးႂကြလို႔ပါလား မမေလးရဲ႕ သခင္ေလးမရွိလို႔ လြတ္လပ္ေနတယ္ေပါ့"
သက္သက္ အေမးေၾကာင့္ ႏႈတ္ခမ္းေလးဆူသြားၿပီး
"ဟြန္... မျမဴးပါဘူး သူမရွိေတာ့ လြတ္လပ္ေပမယ့္ အရမ္းပ်င္းဖို႔ေကာင္းတယ္ "
"မမေလး လြမ္းေနတယ္မဟုတ္လား "
ေမတင္က လည္းၿပဳံးျပၿပီး ဆန္ျပဳတ္ ပန္းကန္ေလး ခ်ေပးရင္း မြန္းအေရွ႕မွာ၀င္ထိုင္သည္။
"ဟြန္း အျမင္ကိုကပ္ပါတယ္ အဲ့ဒီအတၱႀကီးကို သူမ်ားကို ၂ရက္တဲ့ေျပာၿပီး ခုထိမလာဘူး ပစ္ထားတယ္ "
မြန္းစကားလည္းေျပာ ေရွ႕ကပန္းကန္ထဲကေန ဆန္ျပဳတ္တစ္ဇြန္းကိုပါးစပ္ထဲထည့္လိုက္သည္။
"ဟုတ္သားေနာ္ သခင္ေလးျပန္မလာျပန္ဘူး အလုပ္ေတြရႈပ္ေနတယ္ထင္တယ္"
ေမတင့္စကားကိုနားေထာင္ရင္း ေနာက္ ၂ဇြန္းေလာက္ ထပ္စားလိုက္ျပန္သည္။ ႐ုတ္တရက္မ်က္ခုံးရႈံ႕သြားကာ
"အဟြတ္ အဟြတ္ ေမ ေမ တင္ ဆန္ျပဳတ္ အဟြတ္ အဟြတ္ ဆန္ ျပဳတ္ထဲက ဘာ ဘာပါလဲ "
ေခ်ာင္းေတြအရမ္း ဆိုးလာၿပီး မ်က္ႏွာလည္းနီရဲလာကာ မြန္းမွာ မ်က္ရည္ေတြေဝ့လာသည္။
"ဟယ္ သမီး မြန္း သက္သက္ ေရ ေရေလးယူခဲ့ပါဦး "
မြန္းအနားကိုကပ္လာကာ ေမတင္ကေပြ႕ထားရင္း
"ေမတင္ ခ႐ုထည့္ခ်က္လိုက္တာ "
"မြန္း မြန္းနဲ႕မတည့္ဘူး အဟြတ္ အဟြတ္ "
အသက္ရႉေတြၾကပ္လာရကာ မြန္းကိုသက္သက္ကေရလာအတိုက္မွာပဲ သတိလစ္သြားသည္။
"ဟယ္ သမီး မြန္း သက္သက္ လုပ္ပါဦး မြန္းေလး မြန္းေလး"
"မမေလး မမေလး"
၂ေယာက္လုံးျပာယာခက္သြားကာ
"ေမ ေမတင္ သက္သက္ သခင္ေလးကိုဖုန္းဆက္လိုက္မယ္"
ေမတင္က ေခါင္းရမ္းျပၿပီး
"မျဖစ္ဘူး ေမ့ဆီပဲဆက္လိုက္ပါ ေမသုခဆီပဲ"
သခင္ေလး သိရင္ ပိုစိတ္ပူမွာ သက္သက္လည္း ေမတင္ခိုင္းတဲ့အတိုင္း မမေမ ဆီကိုပဲဖုန္းဆက္လိုက္သည္။
"ေမတင္ ေၾကာင့္ျဖစ္တာပါ ေမတင္မွားတာပါကြယ္ အလာ့ဂ်စ္ ရွိတာကို ေမတင္မသိခဲ့ဘူး"
"အို ေဒၚေဒၚ ရယ္ မငိုပါနဲ႕ ေနေကာင္းသြားမွာပါ ခဏေနရင္ သတိရလာလိမ့္မယ္ ေမ ေဆးထိုးေပးထားပါတယ္ "
ေမကေဒၚေမတင့္လက္ကို ကိုင်ဆွဲကာနှစ်သ်ိမ့်ရှာသည် ။ အနီစက္အခ်ိဳ႕နဲ႕အတူ အိပ္ယာေပၚမွာလွဲေလ်ာင္းေနသည့္သူမေလးကို ၾကည့္ၿပီး
"အတၱသိလား "
"မေျပာရေသးဘူး သမီးရဲ႕ "
"သူသိရင္ ခ်က္ခ်င္းျပန္လာမွာ မင္းကိုလတ္ လည္း ပါသြားတယ္ေလ ေမ ေတာင္ မင္းကိုလတ္ကိုဖုန္းမဆက္ခဲ့ဘူး အတၱကိုေျပာလိုက္ရင္ေတာ္ၾကာအလုပ္မေျဖာင့္မွာဆိုးလို႔ "
"ဒါေပမဲ့ သမီးရယ္ မေျပာရင္ သခင္ေလးက အရမ္းစိတ္ဆိုးမွာ"
"ရပါတယ္ ေဒၚေဒၚရဲ႕ အဲ့တာကိုေမတာ၀န္ယူတယ္ ေမ ေျပာျပလိုက္ပါ့မယ္ မြန္း သတိရရင္ ေမ ဖုန္းဆက္လိုက္မယ္ "
"ေက်းဇူးတင္ပါတယ္ သမီးရယ္ "
"ရပါတယ္ ေဒၚေဒၚ အလုပ္ရွိေသးရင္ သြားလုပ္ပါ ေမ ေစာင့္ေပးလိုက္မယ္ "
ေမတင္က အိပ္ယာနိုးရင္ စားရေအာင္ တစ္ခုခုသြားလုပ္မယ္ဆို၍ ဆင္းသြားသည္။ ေမလည္း မြန္း အနားမွာ ထိုင္ေနရင္း
"အတၱ ခ်စ္လည္းခ်စ္ခ်င္စရာပါပဲလား ဘာမွမလိမ္းပဲကို မထိရက္ခ်င္စရာေလး "
အလာ့ဂ်စ္ေၾကာင့္အသဲယားစရာ နီျမန္းေနတဲ့ အသားအေရ ေတြနဲ႕ေတာင္ အလွမပ်က္တဲ့သူမကို ေမ သေဘာက်မိသည္ ။
"ဟင္!"
"အာ...သတိရလာၿပီလား မြန္း "
"မမေမ?"
"အြန္း ဘယ္လိုေနလဲ ေခါင္းမူးတာ အန္ခ်င္တာျဖစ္ေသးလား"
"နည္းနည္းပဲ ဒါေပမဲ့ အရမ္းယားတယ္ "
မြန္းလည္ပင္းေတြကိုပြတ္သပ္ရင္း ထထိုင္လိုက္သည့္အခါ ေမကပဲထူေပးသည္။
"ဟုတ္လား ေမကလိမ္းေဆးမပါခဲ့ဘူး ေမ သြား၀ယ္ေပးမယ္ေနာ္"
"အားနာစရာႀကီး မမရယ္ "
"အို မဟုတ္တာ "
ေမ က ပိုက္ဆံအိတ္ကေလးဖြင့္ေနစဥ္
"မမေမ"
မြန္းရဲ႕ အေခၚေၾကာင့္ ဘာလဲဆိုသလို ျပန္ၾကည့္လိုက္သည့္အခါ
"ဟို မြန္းကို အျပင္ေခၚသြားေပးလို႔ရမလားဟင္!"
ေမက မ်က္လုံးျပဴးသြားသည္။
"ဟင္!"
"ဟို မြန္း ကၿခံထဲေတာင္မထြက္ရဘူး ကို ကအရမ္းခ်ဳပ္ထားတာ "
ကို လို႔သုံးလိုက္တာက တမင္သုံးလိုက္ျခင္းဆိုရင္ မမွားပါဘူး။
ေမနဲ႕အတၱရဲ႕အရင္က ပတ္သတ္မႈကို သ၀န္တိုတုန္းပဲမဟုတ္လား။
"ေမ သိထားပါတယ္"
"ဟုတ္ မြန္း လည္း အျပင္ထြက္ၾကည့္ခ်င္တယ္ အခု ကို လည္းမရွိေတာ့ မြန္းကပိုအထီးက်န္တယ္ ခဏေလးပဲျဖစ္ျဖစ္ေလ မမရယ္ ေဆး၀ယ္ဖို႔ဆိုတာ အဲ့တာ မြန္းေရာလိုက္ခဲ့လို႔မရဘူးလား"
အရင္ကတည္း မထိရက္ခ်င္စရာ သူမေလးက အခု ေနမေကာင္းေနတဲ့အျပင္ အထီးက်န္ေနေတာ့ ပိုၿပီးသနားမိသည္ ။
"ဒါေပမဲ့ ေမ လည္း အတၱကို သိပ္မပိုင္ဘူး ခိုးသြားရင္ ၂ေယာက္လုံး ေသမွာ ခြင့္ေတာင္းမွေတာ့ျဖစ္မယ္ "
"မြန္း ေနမေကာင္တာ သူမသိေသးဘူးလား"
"အြန္း မေျပာရေသးဘူး ေမ အခု ဖုန္းဆက္ၾကည့္မယ္ အရမ္းေတာ့မေမွ်ာ္လင့္နဲ႕ေနာ္ အတၱ ကေဒါသႀကီးတာ မြန္းသိမွာပါ"
"ဟုတ္ !"
ေမသည္ သူ႕ရဲ႕ ပန္းေရာင္Coverစြတ္ထားသည့္ဖုန္းေလးကိုထုတ္ကာ contact listမွ 'Atta ဆိုသည့္နာမည္ကိုႏွိပ္လိုက္သည္။
"ဟယ္လို "
"အင္း ေမ ေျပာ"
ေမကမြန္း မ်က္ႏွာကို ၾကည့္လိုက္ရာ၌
အရမ္းသိခ်င္ေနသလိုရွိတာမို႔ speakerဖြင့္လိုက္သည္ ။
"မြန္းေလ"
"မြန္းက ဘာျဖစ္လို႔လဲ!"
စိုးရိမ္တဲ့အသံကခ်က္ခ်င္းဟန္မေဆာင္နိုင္ေအာင္ထြက္လာသည္။
မြန္းက ႏႈတ္ခမ္းေလးဆူသြားၿပီး အဲ့ေလာက္စိုးရိမ္ေနရင္ ျပန္လာပါ့လား ဟု စိတ္ထဲကေနမေက်မနပ္ေျပာလိုက္သည္။
"မြန္းက အလာ့ဂ်စ္ ျဖစ္လို႔ အခု ေနမေကာင္းဘူး"
"ဘာ! မင္း ကအခု ငါ့အိမ္မွာလားဘယ္ေလာက္ေတာင္ ေနမေကာင္းတာလဲ က်စ္ ငါ မနက္ျဖန္ ျပန္လာေတာ့မွာကို"
မြန္းက မ်က္လုံးေလးဝိုင္းသြားၿပီး
သူျပန္လာေတာ့မွာပဲ။
"စိတ္ေအးေအးထားပါ အတၱရဲ႕ အခုမြန္းက ငါ့ေဘးမွာ "
"သူ႕ကို ဖုန္းေပး လိုက္"
ေမ ကၿပဳံးလိုက္ၿပီး မြန္းကို ဖုန္းေလးေပးလိုက္သည္ ။
"ဟယ္လို"
"ဟယ္လို Baby?"
မြန္း ႏႈတ္ခမ္းေလးျပန္ခြၽန္သြားကာ ဘယ္ေလာက္လြမ္းေနတဲ့အသံေလးလဲ ခုမွၾကားရတယ္။
"ဟြန့္ ဘာလဲ!"
မေက်နပ္တဲ့ အသံဝဲ၀ဲလေးက ရင္ထဲကိုပိုၿပီးထိုး၀င္ကာ စိုးရိမ္လာသည္။
"ေနမေကာင္းဘူးဆို ကိုယ့္ကိုဖုန္းဆက္ပါေတာ့လား အရမ္းျဖစ္ေနတာလား ကိုယ္စိတ္ပူတယ္!"
"ေတာ္ၿပီ အစကတည္းက စိတ္ပူရင္ ဘာလို႔မြန္းကို တစ္ေယာက္တည္းထားခဲ့လဲ အျမင္ကိုကပ္ဖို႔ေကာင္းတယ္ "
"ငိုေနတာလား Baby ကိုယ္ကိုပိုစိုးရိမ္ေအာင္ကြာ တိတ္ပါ ဒီမွာ ခ်က္ခ်င္းျပန္ေျပးလာခ်င္ေနၿပီ အသံေလးကလည္းအားမရွိတဲ့အတိုင္းပဲ"
"မသိဘူး သူမ်ားကိုခဏခဏပစ္ထားတယ္ ကို ကအက်င့္ကိုမေကာင္းဘူး"
"Baby ငိုရင္ဒီမွာ ရင္ေတြပူတယ္ တိတ္ေတာ့ ကိုယ္မနက္ျဖန္ဆိုျပန္ေရာက္ၿပီ "
"မြန္း ကို တစ္ခုေလာက္လိုက္ေလ်ာေပး"
ေမက မြန္းဘာေျပာမလဲဆိုတာသိေနသျဖင့္ မ်က္လုံးေလးျပဴးသြားသည္။ သူအျပင္ထြက္ဖို႔ေျပာမလို႔လား
ေဒါသအိုး ေပါက္မွာျမင္ေယာင္ပါေသးသည္။
"ေျပာေလ မျဖစ္နိုင္တာဆိုရင္ ကိုယ့္ေဒါသကိုသိတယ္ေနာ္ "
"မြန္း အတြက္ မမေမက ေဆး၀ယ္မလို႔မြန္းလိုက္သြားခ်င္တယ္ "
"ဘယ္ကို!"
သူ႕အသံကအနည္းငယ္က်ယ္ေလာင္လာေသာေၾကာင့္
"အဟင့္ ကို! မြန္းကို မေအာ္နဲ႕ "
"Baby ကို ကိုယ္ဘာေျပာထားလဲ"
ေမက မြန္းဆီကဖုန္းယူလိုက္ၿပီး
"ဟယ္လို အတၱ စိတ္ေလ်ာ့ ဒီလိုပါ မြန္းကိုေဆးခန္းျပေပးမလို႔လည္းပါတယ္ ငါကအေရးျပားဆရာ၀န္မဟုတ္ဘူးေလ အဲ့ေတာ့..."
"ေမ မင္းကပါ မြန္းဘက္ကလား"
"နင္ကလည္း ငါနဲ႕ေတာင္စိတ္မခ်ဘဴးလား "
"ကို မြန္း အသားအေရက အရင္လိုျပန္မျဖစ္ရင္ဘယ္လိုလုပ္မလဲ"
ေဘးကလွမ္းေအာ္လိုက္တဲ့ မြန္းေၾကာင့္ အတၱ သက္ျပင္းခ်လိဳက္သည္ ။
Advertisement
- In Serial11 Chapters
Better Luck Next Time - Fezco
In which party girl Mia finds herself falling for the town drug dealer.Trigger Warning: This book talks about drugs, self harm and other topics that may be triggering.
8 186 - In Serial27 Chapters
Tender in the Night | A Lizkook AU
When idol/maknae of girl group Blackpink Lalisa Manoban helped ease the pain from a lover's quarrel, she didn't put much thought into the complication that could have come with it. A story of destiny and first love, in the harsh world of idols.
8 134 - In Serial200 Chapters
Would You Rather?
Suddenly I got transferred to the Tokyo Revengers Universe, where I became a middle school student, named Michi Hirabayashi. With a system at hand that gives me 'would you rather' mission whenever it pleases, making me get involved in the most nonsensical situations at times. Maybe if I'm lucky I can stop some dumb-asses from getting killed.Updates 5 times a week :)
8 276 - In Serial8 Chapters
MUFFINS & THE JAILBIRD [BWWM](COMPLETED)#thewattys2018
"So... you just got out of jail?" I didnt want to point out the fact he was going right back. Clearly, he wasnt the brightest bulb in the box. I put the money in the bag while he pointed the gun at me with a flirtacious smile playing on his sexy full lips. It was pretty weird to bond with a bakery robber in the middle of a robbery with a gun pointed in your face...
8 134 - In Serial59 Chapters
Her Calling
[[a werewolf romance]]Deceived and abandoned by her moon chosen mate Lerato leaves and tries to start a new life or at least have a break from the aching in her chest. Hiding behind his flashy title and family her moon chosen mate chooses to be with someone else. Until Lerato bumps into his childhood friend turned enemy who turns out to be her second chance mate. Whose past is wrapped up with her moon chosen mate's. A past that evidently lead to his betrayal and her heartache. What will become of her heart now that she knows her second chance only exists because of his past transgressions that lead her moon chosen to leave her for someone else. What will her final decision be? To take what is rightfully hers, to stand by her moon chosen mate. Or to stand by her second chance? It is all up to her, it is all her call. Copyright © Mbalii 2018((promise it's not as typical as it sounds.))*WARNING: this story is meant to take you on a heartbreak rollercoaster. so, buckle up!***#6 in Romance#6 in Werewolf
8 300 - In Serial51 Chapters
My Best Friends Baby
Autumn Grace Smithton is in love with her best friend Ace Tyrell Hunter, she has been since she was 9. She hasn't told him for many many reasons. She's what you would call a nerd. She prefers reading books and doing homework then going to parties every weekend to which she thinks is a waste of space. Ace Tyrell Hunter is dating the star queen B aka most popular girl in school, but there's a twist he doesn't actually like Katie, he's only dating her so she stops tormenting Autumn. He's also in love with his best friend but won't tell her because he's scared he'll loose her and things will become awkward. He's also what you call the popular kid in school, goes to parties, captain of the soccer team. So what happens when their parents have to go on a business trip for 2 months? One night things lead one to another. Will this ruin their friendship? Bring them closer? Find out in My Best Friends Baby ❤️ Check out the sequel called 'Losing & Expecting'! Chapter 1 is now out :)
8 162

