《အတ္တလွန်အချစ် (OC) Completed》Part (37) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(37)
"မလာတာတောင်ကြာပြီ ဘယ်ပျောက်နေတာလဲ "
အိမ်ထဲသို့ စမတ်ကျကျ၀င်လာတဲ့ အတ္တအား မင်းကိုလတ် မှ ဧည့်ခန်းဆိုဖာတွင်ထိုင်နေရင်း လှမ်းပြောလိုက်သည် ။
"ဟက် ဒီလိုပါပဲ အချစ်အတွက် ပေးဆပ်စရာလေးတွေရှိနေလို့"
အတ္တက မင်းကိုလတ်ရှေ့မှာ ခြေချိတ်ထိုင်လိုက်ပြီး ဆိုလိုက်သည်။
"ဘာ? အချစ် ဆိုပဲ ဟဟဟ"
"မောင် ရေ မေ အပြင်သွားမလို့..."
အနောက်မှ ထွက်လာသည့် မေ ကအဖြူ၀မ်းဆက်နှင့် ပိုက်ဆံအိတ်ကိုလက်ဖျံမှာချိတ်ပြီးထွက်လာလျှင် အတ္တကိုမြင်၍ ရပ်သွား၏။
"နင်ရောက်နေတာလား "
ဆို၍ မင်းကိုလတ် ထိုင်နေသော ဆိုဖာ လက်ရန်းမှာ၀င်ထိုင်လိုက်သည် ။
"ဘာတဲ့ မောင်ဆိုလား "
အတ္တမှ မျက်မှောင်ကုပ်ပြီး သူတို့ကိုကြည့်လိုက်တဲ့အခါမင်းကိုလတ် က မေ့ခါးကို ဖက်လိုက်၍
"မင်းနဲ့မဆိုင်ဘူး ဟေ့ကောင် မင်းဟာမင်းမွန်းနဲ့ ငြိမ်ငြိမ်နေ"
အတ္တက အပြုံးတုတစ်ခုနှင့်
"အဆင်ပြေချင်တယ် "
ဟုခပ်တိုးတိုးပြောလာလျှင် မေက စိတ်မကောင်းသလို ကြည့်လာသည်။
"နင်ကဒီတစ်ခါတော်တော်လွန်တယ်"
အတ္တက ခေါင်းညိတ်ပြီး
" ငါသိပါတယ်"
"မင်းက ဘာလုပ်နေတာလဲ အခုရက်ပိုင်းအိမ်မှာမနေဘဲ"
မင်းကိုလတ် က၀င်ပြောရင်း စီးကရက်ဘူး နှင့်မီးခြစ်ကို အတ္တဆီ လှမ်းပစ်ပေးလိုက်သည်။ အတ္တလည်း တစ်လိပ်ထုတ်ကြည့်လိုက်ပြီး ရိုးရိုးစီးကရက် မို့ မီးညှိလိုက်သည် ။
"ငါ ပြောတယ်လေ အချစ်အတွက်ပေးဆပ်စရာတွေရှိတယ် "
"မေ ဒီကောင် ကအခုမှကဗျာတွေသိပ်ဆန်နေတာ "
"မောင်ရယ် ဘယ်လောက်ကြမ်းကြမ်း အချစ်နဲ့တွေ့ရင် နုသွားတာပဲ ကြည့်လေ မောင့်သူငယ်ချင်း အတ္တလွန်က ဥပမာပဲ မွန်းမှမွန်း ဖြစ်နေတာ ကောင်းကင်က လကြီးတောင် သူ့ကြောင့် ရှက်နေရောမယ် "
မေ့ စကားကြောင့် မင်းကိုလတ်နဲ့အတူ အတ္တလည်း ရယ်လိုက်မိသည် ။ မေက နာရီငုံ့ကြည့်ပြီး
"လေ ကောင်းနေလို့မဖြစ်ဘူး မေ ကသွားစရာရှိတယ် "
"မောင်လိုက်ခဲ့မယ်လေ!"
မင်းကိုလတ် က ပါ ထရပ်သည့်အခါ
"အတ္တကဘယ်လိုလုပ်မလဲ"
ဟု မေကပြန်မေးသည်။
"ရတယ် ငါလည်းသွားတော့မယ် မအားရင် သွားကြပါ ငါလည်းအလုပ်ရှိသေးတယ်"
အတ္တမှ စီးကရက်ကိုပြာခွက်ထဲပစ်ထည့်ပြီး သူတို့နဲ့အတူအိမ်ထဲကထွက်လာခဲ့တဲ့အခါ မင်းကိုလတ်သည် အတ္တကိုပုခုံးကနေဖက်လိုက်၍
"အလိုက်သိတဲ့ သူငယ်ချင်းကြီး "
============================
သူထွက်သွားတာ ၁ပတ်ရှိပြီ။ သူမရှိပဲ နေတတ်အောင် သင်ပေးတာနဲ့တူတူပဲမဟုတ်လား။
"မမလေး ဟင် ၀ရန်တာ မှာထွက်ရပ်နေတာ ကြာလှပြီ ပြီးရင် အအေးပတ်ဦးမယ် "
သက်သက်က လာသတိပေးသည့်အခါ မွန်း ရဲ့ ဖြူဖြူပြည့်ပြည့်မျက်နှာလေး ကလှည့်လာသည်။
"မမလေးလည်း သခင်လေး သတိမပေးတာနဲ့ ဒီမှာ ရပ်နေပြန်ပြီ"
"၀ရန်တာမှာ အကြာကြီးမရပ်နဲ့ အအေးမိလိမ့်မယ် ကိုယ်ခံအားလည်းကောင်းတာမဟုတ်ဘူး မင်းဖျားတတ်တာ ကိုယ့်ကိုယ်သိတယ်မဟုတ်လား မှာထားတယ်နော်"
အရင်က အတ္တ စကားတို့က နားထဲမှာ ပြန်ကြားယောင်လာပြီး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားရသည်။
မွန်းက သူမရှိတာနဲ့ပဲ ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်တော့ဘူးလား အဲ့ဒီလိုမဖြစ်ရဘူး မွန်းနေနိုင်ရမယ်။
"ထမင်းစားရအောင်လေ မေတင်က ခေါ်ခိုင်းလိုက်တာ "
"အင်း သွားစားမယ်လေ "
မွန်း ပြုံးပြကာ သက်သက်နဲ့ အတူ အောက်ထပ်သို့ဆင်းလာခဲ့သည်။ မွန်း ထမင်းစား နေစဉ် ဧည့်ခန်းထဲက လူရိပ်ကြောင့် ခါးလေးမတ်ကာလှမ်းကြည့်လိုက်ပါသည်။
ဪ....အလင်းပဲ
အလင်းက နားကနားကြပ်ကို နှိပ်လိုက်ရာ
"ဟယ်လို "
"ဟယ်လို ကျွန်တော် အိမ်ပြန်ရောက်ပါပြီသခင်လေး "
"အင်း သူဘာလုပ်နေတာလဲ "
"ထမင်းစားနေပါတယ် "
"များများစားရဲ့လား "
"ဗျာ?"
သခင်လေးကလည်း ကဲလိုက်တာ လို့ အလင်းဟာအပြစ်တင်ချင်မိပါသည်။
"ဟုတ် ကျွန်တော်မြင်တာတော့ စားနေပါတယ် "
"ဟင်း ဘယ်လိုလေးလဲ ၀လာလား ပိန်သွားလား အမ်...ငိုထားသေးထားတာလား အရယ်အပြုံးရောရှိရဲ့လား "
အလင်း ပြုံးလိုက်ပြီး သြော်...အချစ်ကဒါလား ဟုမေးခွန်းထုတ်မိသည်။
"သခင်လေး တစ်ခုချင်းမေးလို့မရဘူးလား"
"အေးပါကွာ ဖြေစမ်းပါ "
"ကျွန်တော့်အမြင်တော့ မျက်နှာလေး ပြည့်လာတယ်ဗျ ငိုတော့မငိုထားဘူး သိပ်တော့မပြုံးဘူး"
ကိုယ်မင်းကို လာကြည့်ချင်လိုက်တာ Babyရာ
မျက်နှာပြည့်လာတယ်ဆိုတော့ မင်းက ကိုယ်မရှိတုန်းစိတ်ချမ်းသာနေတဲ့ပုံပဲ။
အတ္တက မျက်လုံးတွေမှိတ်လိုက်ပြီး
"အင်း သူစားပါစေ မင်း သွားကြည့်မနေနဲ့တော့ ဂိုထောင်ထဲက ကိစ္စသွားရှင်းထားဦး ပစ္စည်းတွေကအခုမှထုတ်ရမှာ"
"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ် "
"အေး ဖုန်းမချနဲ့ ငါမေးချင်ရာလှမ်းမေးမှာ"
အလင်းက နားကြပ်ထားတာမို့အဆင်ပြေပါသည် ။
အလင်းလည်း ဂိုထောင်ဘက်သို့ နောက်လိုက်လူအနည်းငယ်နဲ့ ထွက်သွားလေ၏။
=====
မွန်းသည် စားပြီးတာနဲ့ နေရာမှထလိုက်ကာ
"မေတင် မွန်း အိပ်လိုက်ဦးမယ်"
ဒီမှာလည်းမွန်းရဲ့အလုပ်ဟာ အိပ်တာနဲ့စားတာပဲရှိသည်။ မွန်းဘဝတိုးတက်ရာတိုးတက်ကြောင်းဘာမှမရှိ။ ဘဝကြီးကိုအရှုံးပေးနေရသလို တစ်ခါတစ်ရံတွေးမိပြီး အဲ့ဒီနေ့ကဟိုတယ်အခန်းမှားဝင်မိတာကိုပဲ အရမ်းနောင်တရနေမိသည်။
Advertisement
" ဟေ အေးကွယ် အေးအေး ဒီလိုပဲ နေ့တိုင်းစားပြီးအိပ်ဆိုရင် သမီးမွန်းလေး ခဏနဲ့၀လာတော့မှာ အဟင်းဟင်း သခင်လေးပြန်လာတဲ့အချိန်ဆို ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ လှနေတော့မှာ"
မေတင့်စကားကြောင့် မွန်းရဲ့ မျက်နှာလေးတည်သွားရသည် ။
ဘယ်ချိန်ပဲပြန်လာပြန်လာ သူက မွန်းရင်ထဲမှာ သေသွားပြီ။
"ဟုတ် ကဲ့"
တိုတိုပြတ်ပြတ်အဖြေကြောင့် သခင်လေးကိုစိတ်ဆိုးနေတုန်းပဲဆိုတာ မေတင်သိလိုက်ရသည်။
မွန်းသည် အခန်းထဲ ၀င်ရန် တံခါးအဖွင့်မှာ
မျက်လုံးက သူ့အခန်းရှေ့က Piano ကိုမျက်စိကျသွားသည်။ ပျင်းလည်းပျင်းနေသဖြင့် ခြေလှမ်းတွေက ထို Pianoဆီသို့ဦးတည်သွားသည်။ ဖုံတက်နေတဲ့ ခုံလေးပေါ်ကို သတိလက်လွတ်ထိုင်ချလိုက်မိလိုက်တာကြောင့် ဂါဝန်ဘေးကနေ ဖုံတွေကလွင့်စင်သွားရသည်။ ထို့နောက် Piano ပေါ်သို့ ဟူး ကနဲ မှုတ်လိုက်ပြီးမှ လက်ဖြူဖြူသွယ်သွယ်လေးတွေက Pianoပေါ်မှာ လှပစွာ ပြေးလွှားဆော့ကစားလေသည် ။
သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်လေးတွေက တရွေ့ရွေ့နဲ့ သူမရဲ့ အပိုင်အနိုင်ဆုံး သီချင်းဖြစ်တဲ့ A thousand years ကို ပိုင်နိုင်သေသပ်စွာ တီးခက်သည် ။
အလင်းသည် ဂိုထောင်ထဲက ပစ္စည်းအချို့ကို ကားပေါ်ထုတ်ရင်းမှ သီချင်းသံကြောင့်
"သခင်လေး ဟယ်လို သခင်လေး"
Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် အတ္တက
"လန့်တာကွာ ဘာလဲ "
"မမလေး သီချင်းဆိုနေတယ် Piaanoတီးပြီးတော့"
"ဟုတ်လား မွန်း ကPianoတီးရုံတင်မဟုတ်ပဲ သီချင်းရောဆိုနေတာလား "
"ဟုတ် တယ်"
"သူ့ရဲ့ဓာတ်ပုံရိုက်ပြီး ငါ့ကိုပို့လိုက်"
အလင်းလည်းအတ္တ အမိန့်အတိုင်း အပေါ်သို့တက်သွားပြီး လှေကား ရင်းနားမှာ ကွယ်ရင်း သူမရဲ့ပုံလေးကို ဖုန်းကင်မရာဖြင့်လှမ်းရိုက်လိုက်ပြီးနောက် ချက်ချင်းပဲ အတ္တဆီသို့ပို့လိုက်သည်။
အတ္တဟာ သူ့ရဲ့ဖုန်းထဲသို့ Message ဝင်လာတာနဲ့ ဖွင့်ကြည့်လိုက်လျှင် အလင်းပို့လိုက်သော သူမရဲ့ပုံ
ကိုယ်မင်းကို ခုချက်ချင်းပဲ ပြေးလာကြည့်လိုက်ချင်တယ်။ ပြီးတော့ မင်းရဲ့ရှုပ်နေတဲ့ဆံပင်တွေကိုရှင်းပေးချင်တယ်။
ဆံပင်အနီရောင်တွေမှာ ရှင်းရခက်၍အနည်းငယ်ရှုပ်ပွနေပြီး အပြာနုရောင်ဂါဝန်ကလေးနှင့် မျက်လုံးတွေမှိတ်ထားကာ သံစဥ်တွေကိုစိတ်ရောကိုယ်ပါနှစ်၍ဖန်တီးနေပုံကလေးဟာ အတ္တရဲ့နှုတ်ခမ်းတွေကိုပြုံးလာစေသည်။
အလင်းသည် သူ၏ဖုန်းကို Speaker ဖွင့်လိုက်သဖြင့် သူမသီဆိုသောသီချင်းသံကလေးကိုခပ်တိုးတိုးကြားနေရပါသည်။ အတ္တသည် အလိုက်တသိ အသံမထွက်ပဲ ငြိမ်၍ နားထောင်လိုက်သည်။
သို့သော် သီချင်းသံကရပ်တန့်သွားပြီး
အလင်းလည်း Speaker ပြန်ပိတ်လိုက်တာကြောင့်
"ဘာဖြစ်တာလဲ အလင်းဘာလို့ရပ်သွားတာလဲ "
"ဟို မမလေးက ဆက်မတီးပဲ ရပ်လိုက်တာ ပြီးတော့ အဲ့နေရာမှာ ပဲ ငူငူကြီးထိုင်နေတယ် "
"မင်း ပြန်ဆင်းခဲ့တော့ မြင်သွားလိမ့်မယ်"
"ဟုတ်ကဲ့ "
အလင်းလည်း အောက်ကိုအသာပြန်ဆင်းလာခဲ့သည် ။
မွန်း သီချင်းဆိုနေရင်း မျက်လုံးထဲမှာ ပြန်မြင်မြင်လာသည့် သူမပထမဆုံးPianoတီးပြတုန်းက ရောက်လာတဲ့သူ့ရဲ့ပုံရိပ်တွေ။
မွန်းရဲ့ဘေးမှာလာထိုင်ပြီး ခါးကိုဖက် ပုခုံးပေါ်မှာမေးတင်ပြီး စီးကရက်သောက်တဲ့သူ့ကို ဘာလို့ မျက်လုံးထဲကမထွက်ပါလိမ့်။
သူပြောခဲ့တဲ့
" ကိုယ်စီးကရက်စွဲနေတယ်ဆိုတာမင်းသိမှာပါ စွဲလမ်းတယ်ဆိုကတည်းကလွယ်လွယ်နဲ့ဖြတ်လို့ရတာမှမဟုတ်တာ စွဲနေတဲ့အရာထက် ပိုပြီးစွဲလမ်းလာစေမယ့်အရာတစ်ခုပေါ်လာမှ ဥပမာ ကိုယ့်ကိုစီးကရက်ထက်စွဲလမ်းစေတဲ့မင်းနှုတ်ခမ်းတွေပေါ့ မင်းနှုတ်ခမ်းတွေကိုသာ နေ့တိုင်းနမ်းခွင့်ရမယ်ဆိုရင် ကိုယ်စီးကရက်ဖြတ်နိုင်လောက်တယ် "
သူမဟာ သူပြောခဲ့တဲ့စကားလုံးတိုင်းကိုအလွတ်ရစွာ မှတ်မိနေခဲ့သည်။
ဘာလို့ အကုန် မှတ်မိနေရတာလဲ။
"အဲ့ဒီအချိန်ကတည်းကသိခဲ့ရမှာ သူဆေးစွဲနေတယ်ဆိုတာ သိလိုက်ရမှာ"
မွန်းက မျက်ရည်ဝဲလာသဖြင့် မျက်နှာကိုမော့ကာ မကျအောင်ထိန်းလိုက်ပြီး သူ့အတွက် မျက်ရည်ထပ်မကျဘူးလို့ ဆုံးဖြတ်ထားပြီးသားမို့ ဟား ခနဲ ရယ်လိုက်မိသည်။
"ဟဟ ဟက် ဟက် ငါလည်း ဘာလို့ သူ့ကိုပဲ သတိတွေရနေရတာလဲ သူမရှိပဲ နေသားကျအောင်နေစမ်းပါ မေမီမွန်းရာ ဒဏ်ရာတွေပဲ ပေးနေတဲ့ သူ့ကို ဘာလို့ သတိရနေပြန်တာလဲ"
=========
အလင်း ဂိုထောင်ထဲမှ ထွက်လာလာချင်း
"သခင်လေး မှောင်တော့မှာဆိုတော့ ကျွန်တော် ပြန်ခဲ့ရတော့မလား "
"အေး မပြန်ခင် Piano ရှေ့က နံရံမှာ လျှို့ဝှက်ကင်မရာသေးသးလေး တပ်ထားခဲ့ အာ အသံရောဖမ်းနိုင်မယ့်ဟာမျိုး သူpianoတီးတ်ိုင်း ငါမြင်ရအောင်လို့ "
"ဟုတ်ကဲ့ စိတ်ချပါ "
============================
တစ်လ ဆိုတဲ့ အချိန်က ဘယ်လောက်တောင်ကြာသလဲသိပါတယ် ။ ဒါပေမဲ့ ကိုယ် ပြန်လို့မရတာလည်း ကိုယ့်ကိုကိုယ်သိတယ် မနည်းကြိတ်မှိတ်သည်းခံနေရတယ်ဆိုတာလည်းသိတယ်။
လွမ်းတဲ့စိတ်နဲ့ ပဲ အိပ်မပျော်တဲ့ညပေါင်းလည်းများပြီဆိုတာ လျှို့ဝှက်ကင်မရာကရတဲ့ သူမပုံကို ဓာတ်ပုံထုတ်ထားပြီး ခဏခဏကြည့်နေမိတာ သက်သေပဲ။
"လွမ်းလိုက်တာ Babyရာ"
လို့ ငြီးငြူနေခဲ့ရတဲ့အကြိမ်က စက္ကန့်နဲ့တထပ်တည်းဆိုရင်ရော ယုံမှာလား။
"မင်း လည်း ကိုယ်နဲ့ထပ်တူလွမ်းနေမယ်ဆိုရင် ပျော်မိမှာ!"
================
ရေချိုးပြီး၍ တံပတ်လေး ရင်လျားကာ မှန်တင်ခုံရှေ့မှာ ထိုင်ရင်း ရှုပ်ပွနေတဲ့ ကိုယ့်ဆံပင်ကိုယ် စုစည်းရာမှ ရပ်တန့်ကာ မှန်ထဲကပုံရိပ်ကိုပြန်ကြည့်ပြီး
"ကိုယ် ဘီးကိုင်ဖူးတာ ပထမဆုံးပဲ
မိန်းကလေးတစ်ယောက်ဆံပင်ကို ရှင်းပေးဖူးတာလဲ ပထမဆုံးပဲ"
ကြားယောင်လာပြန်တဲ့ သူ့စကားတွေ မှန်ထဲမှာ ပေါ်လာပြန်တဲ့သူ့ခေါင်းဖြီးပေးခဲ့တဲ့ ပုံရိပ်တွေ
ရင်ထဲမှာ ကွက်လပ်ကြီးတစ်ခုလို ဖြစ်သွားရပြန်သည်။ ခေါင်းစည်းကွင်းကို ပစ်ချလိုက်ပြီး ဆံပင်ကိုမရှင်းတော့ပဲ မှန်ကိုမကြည့်ချင်တေ့ာတာမို့ ဗီရိုထဲက အင်္ကျီသွားထုတ်သည်။
ဗီရိုထဲတွင် Parisမှာ သူနဲ့လျောက်လည်တုန်းက ၀တ်ခဲ့တဲ့ အင်္ကျီကိုမြင်မိပြန်တော့ မျက်ရည်ဝဲမိပြန်ကာတွေ့တဲ့အင်္ကျီကိုဆွဲယူပြီး ဗီရိုကို အမြန်ပ်ိတ်ပစ်လိုက်သည်။ ၁လအတွင်းမှာ ကိုယ်ဘာလုပ်လုပ် သူ့ကိုပဲသတိရနေမိတာကို ခဏခဏဖျောက် ဖျက်ပစ်ရသည်။
Advertisement
ဒါကဖြစ်သင့်တာပဲမဟုတ်လား။
ဘယ်ချိန်မှပြန်လာပြန်လာ သူဘာသွားလုပ်လုပ် မွန်း အလုပ်မှ မဟုတ်တာ မျှော်နေစရာမလိုဘူး မျှော်လည်းမမျှော်ဘူး အဓိက က သူထွက်သွားဖို့ ခွင့်ပြုတဲ့ အချိန်မှာ မွန်းသူ့ကိုစွန့်ခွာထွက်သွားနိုင်ရမယ်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(38)ဆက်ရန်
ဒီတစ်ပိုင်းကတိုသွားတယ်။
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(37)
"မလာတာေတာင္ၾကာၿပီ ဘယ္ေပ်ာက္ေနတာလဲ "
အိမ္ထဲသို႔ စမတ္က်က်၀င္လာတဲ့ အတၱအား မင္းကိုလတ္ မွ ဧည့္ခန္းဆိုဖာတြင္ထိုင္ေနရင္း လွမ္းေျပာလိုက္သည္ ။
"ဟက္ ဒီလိုပါပဲ အခ်စ္အတြက္ ေပးဆပ္စရာေလးေတြရွိေနလို႔"
အတၱက မင္းကိုလတ္ေရွ႕မွာ ေျခခ်ိတ္ထိုင္လိုက္ၿပီး ဆိုလိုက္သည္။
"ဘာ? အခ်စ္ ဆိုပဲ ဟဟဟ"
"ေမာင္ ေရ ေမ အျပင္သြားမလို႔..."
အေနာက္မွ ထြက္လာသည့္ ေမ ကအျဖဴ၀မ္းဆက္ႏွင့္ ပိုက္ဆံအိတ္ကိုလက္ဖ်ံမွာခ်ိတ္ၿပီးထြက္လာလွ်င္ အတၱကိုျမင္၍ ရပ္သြား၏။
"နင္ေရာက္ေနတာလား "
ဆို၍ မင္းကိုလတ္ ထိုင္ေနေသာ ဆိုဖာ လက္ရန္းမွာ၀င္ထိုင္လိုက္သည္ ။
"ဘာတဲ့ ေမာင္ဆိုလား "
အတၱမွ မ်က္ေမွာင္ကုပ္ၿပီး သူတို႔ကိုၾကည့္လိုက္တဲ့အခါမင္းကိုလတ္ က ေမ့ခါးကို ဖက္လိုက္၍
"မင္းနဲ႕မဆိုင္ဘူး ေဟ့ေကာင္ မင္းဟာမင္းမြန္းနဲ႕ ၿငိမ္ၿငိမ္ေန"
အတၱက အၿပဳံးတုတစ္ခုႏွင့္
"အဆင္ေျပခ်င္တယ္ "
ဟုခပ္တိုးတိုးေျပာလာလွ်င္ ေမက စိတ္မေကာင္းသလို ၾကည့္လာသည္။
"နင္ကဒီတစ္ခါေတာ္ေတာ္လြန္တယ္"
အတၱက ေခါင္းညိတ္ၿပီး
" ငါသိပါတယ္"
"မင္းက ဘာလုပ္ေနတာလဲ အခုရက္ပိုင္းအိမ္မွာမေနဘဲ"
မင္းကိုလတ္ က၀င္ေျပာရင္း စီးကရက္ဘူး ႏွင့္မီးျခစ္ကို အတၱဆီ လွမ္းပစ္ေပးလိုက္သည္။ အတၱလည္း တစ္လိပ္ထုတ္ၾကည့္လိုက္ၿပီး ရိုးရိုးစီးကရက္ မို႔ မီးညွိလိုက္သည္ ။
"ငါ ေျပာတယ္ေလ အခ်စ္အတြက္ေပးဆပ္စရာေတြရွိတယ္ "
"ေမ ဒီေကာင္ ကအခုမွကဗ်ာေတြသိပ္ဆန္ေနတာ "
"ေမာင္ရယ္ ဘယ္ေလာက္ၾကမ္းၾကမ္း အခ်စ္နဲ႕ေတြ႕ရင္ ႏုသြားတာပဲ ၾကည့္ေလ ေမာင့္သူငယ္ခ်င္း အတၱလြန္က ဥပမာပဲ မြန္းမွမြန္း ျဖစ္ေနတာ ေကာင္းကင္က လႀကီးေတာင္ သူ႕ေၾကာင့္ ရွက္ေနေရာမယ္ "
ေမ့ စကားေၾကာင့္ မင္းကိုလတ္နဲ႕အတူ အတၱလည္း ရယ္လိုက္မိသည္ ။ ေမက နာရီငုံ႕ၾကည့္ၿပီး
"ေလ ေကာင္းေနလို႔မျဖစ္ဘူး ေမ ကသြားစရာရွိတယ္ "
"ေမာင္လိုက္ခဲ့မယ္ေလ!"
မင္းကိုလတ္ က ပါ ထရပ္သည့္အခါ
"အတၱကဘယ္လိုလုပ္မလဲ"
ဟု ေမကျပန္ေမးသည္။
"ရတယ္ ငါလည္းသြားေတာ့မယ္ မအားရင္ သြားၾကပါ ငါလည္းအလုပ္ရွိေသးတယ္"
အတၱမွ စီးကရက္ကိုျပာခြက္ထဲပစ္ထည့္ၿပီး သူတို႔နဲ႕အတူအိမ္ထဲကထြက္လာခဲ့တဲ့အခါ မင္းကိုလတ္သည္ အတၱကိုပုခုံးကေနဖက္လိုက္၍
"အလိုက္သိတဲ့ သူငယ္ခ်င္းႀကီး "
============================
သူထြက္သြားတာ ၁ပတ္ရွိၿပီ။ သူမရွိပဲ ေနတတ္ေအာင္ သင္ေပးတာနဲ႕တူတူပဲမဟုတ္လား။
"မမေလး ဟင္ ၀ရန်တာ မွာထြက္ရပ္ေနတာ ၾကာလွၿပီ ၿပီးရင္ အေအးပတ္ဦးမယ္ "
သက္သက္က လာသတိေပးသည့္အခါ မြန္း ရဲ႕ ျဖဴျဖဴျပည့္ျပည့္မ်က္ႏွာေလး ကလွည့္လာသည္။
"မမေလးလည္း သခင္ေလး သတိမေပးတာနဲ႕ ဒီမွာ ရပ္ေနျပန္ၿပီ"
"၀ရန်တာမှာ အၾကာႀကီးမရပ္နဲ႕ အေအးမိလိမ့္မယ္ ကိုယ္ခံအားလည္းေကာင္းတာမဟုတ္ဘူး မင္းဖ်ားတတ္တာ ကိုယ့္ကိုယ္သိတယ္မဟုတ္လား မွာထားတယ္ေနာ္"
အရင္က အတၱ စကားတို႔က နားထဲမွာ ျပန္ၾကားေယာင္လာၿပီး ရင္ထဲမွာ ဟာတာတာႀကီး ျဖစ္သြားရသည္။
မြန္းက သူမရွိတာနဲ႕ပဲ ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္နိုင္ေတာ့ဘူးလား အဲ့ဒီလိုမျဖစ္ရဘူး မြန္းေနနိုင္ရမယ္။
"ထမင္းစားရေအာင္ေလ ေမတင္က ေခၚခိုင္းလိုက္တာ "
"အင္း သြားစားမယ္ေလ "
မြန္း ၿပဳံးျပကာ သက္သက္နဲ႕ အတူ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ မြန္း ထမင္းစား ေနစဥ္ ဧည့္ခန္းထဲက လူရိပ္ေၾကာင့္ ခါးေလးမတ္ကာလွမ္းၾကည့္လိုက္ပါသည္။
ဪ....အလင္းပဲ
အလင္းက နားကနားၾကပ္ကို ႏွိပ္လိုက္ရာ
"ဟယ္လို "
"ဟယ္လို ကြၽန္ေတာ္ အိမ္ျပန္ေရာက္ပါၿပီသခင္ေလး "
"အင္း သူဘာလုပ္ေနတာလဲ "
"ထမင္းစားေနပါတယ္ "
"မ်ားမ်ားစားရဲ႕လား "
"ဗ်ာ?"
သခင္ေလးကလည္း ကဲလိုက္တာ လို႔ အလင္းဟာအျပစ္တင္ခ်င္မိပါသည္။
"ဟုတ္ ကြၽန္ေတာ္ျမင္တာေတာ့ စားေနပါတယ္ "
"ဟင္း ဘယ္လိုေလးလဲ ၀လာလား ပိန္သြားလား အမ္...ငိုထားေသးထားတာလား အရယ္အၿပဳံးေရာရွိရဲ႕လား "
အလင္း ၿပဳံးလိုက္ၿပီး ေၾသာ္...အခ်စ္ကဒါလား ဟုေမးခြန္းထုတ္မိသည္။
"သခင္ေလး တစ္ခုခ်င္းေမးလို႔မရဘူးလား"
"ေအးပါကြာ ေျဖစမ္းပါ "
"ကြၽန္ေတာ့္အျမင္ေတာ့ မ်က္ႏွာေလး ျပည့္လာတယ္ဗ် ငိုေတာ့မငိုထားဘူး သိပ္ေတာ့မၿပဳံးဘူး"
ကိုယ္မင္းကို လာၾကည့္ခ်င္လိုက္တာ Babyရာ
မ်က္ႏွာျပည့္လာတယ္ဆိုေတာ့ မင္းက ကိုယ္မရွိတုန္းစိတ္ခ်မ္းသာေနတဲ့ပုံပဲ။
အတၱက မ်က္လုံးေတြမွိတ္လိုက္ၿပီး
"အင္း သူစားပါေစ မင္း သြားၾကည့္မေနနဲ႕ေတာ့ ဂိုေထာင္ထဲက ကိစၥသြားရွင္းထားဦး ပစၥည္းေတြကအခုမွထုတ္ရမွာ"
"ဟုတ္ကဲ့ ကြၽန္ေတာ္ အခုပဲ သြားလိုက္ပါ့မယ္ "
"ေအး ဖုန္းမခ်နဲ႕ ငါေမးခ်င္ရာလွမ္းေမးမွာ"
အလင္းက နားၾကပ္ထားတာမို႔အဆင္ေျပပါသည္ ။
အလင္းလည္း ဂိုေထာင္ဘက္သို႔ ေနာက္လိုက္လူအနည္းငယ္နဲ႕ ထြက္သြားေလ၏။
=====
မြန္းသည္ စားၿပီးတာနဲ႕ ေနရာမွထလိုက္ကာ
"ေမတင္ မြန္း အိပ္လိုက္ဦးမယ္"
ဒီမွာလည္းမြန္းရဲ႕အလုပ္ဟာ အိပ္တာနဲ႕စားတာပဲရွိသည္။ မြန္းဘဝတိုးတက္ရာတိုးတက္ေၾကာင္းဘာမွမရွိ။ ဘဝႀကီးကိုအရႈံးေပးေနရသလို တစ္ခါတစ္ရံေတြးမိၿပီး အဲ့ဒီေန႕ကဟိုတယ္အခန္းမွားဝင္မိတာကိုပဲ အရမ္းေနာင္တရေနမိသည္။
" ေဟ ေအးကြယ္ ေအးေအး ဒီလိုပဲ ေန႕တိုင္းစားၿပီးအိပ္ဆိုရင္ သမီးမြန္းေလး ခဏနဲ႕၀လာေတာ့မွာ အဟင္းဟင္း သခင္ေလးျပန္လာတဲ့အခ်ိန္ဆို ခႏၶာကိုယ္ျပည့္ျပည့္ေလးနဲ႕ လွေနေတာ့မွာ"
ေမတင့္စကားေၾကာင့္ မြန္းရဲ႕ မ်က္ႏွာေလးတည္သြားရသည္ ။
ဘယ္ခ်ိန္ပဲျပန္လာျပန္လာ သူက မြန္းရင္ထဲမွာ ေသသြားၿပီ။
"ဟုတ္ ကဲ့"
တိုတိုျပတ္ျပတ္အေျဖေၾကာင့္ သခင္ေလးကိုစိတ္ဆိုးေနတုန္းပဲဆိုတာ ေမတင္သိလိုက္ရသည္။
မြန္းသည္ အခန္းထဲ ၀င်ရန် တံခါးအဖြင့္မွာ
မ်က္လုံးက သူ႕အခန္းေရွ႕က Piano ကိုမ်က္စိက်သြားသည္။ ပ်င္းလည္းပ်င္းေနသျဖင့္ ေျခလွမ္းေတြက ထို Pianoဆီသို႔ဦးတည္သြားသည္။ ဖုံတက္ေနတဲ့ ခုံေလးေပၚကို သတိလက္လြတ္ထိုင္ခ်လိဳက္မိလိုက္တာေၾကာင့္ ဂါဝန္ေဘးကေန ဖုံေတြကလြင့္စင္သြားရသည္။ ထို႔ေနာက္ Piano ေပၚသို႔ ဟူး ကနဲ မႈတ္လိုက္ၿပီးမွ လက္ျဖဴျဖဴသြယ္သြယ္ေလးေတြက Pianoေပၚမွာ လွပစြာ ေျပးလႊားေဆာ့ကစားေလသည္ ။
သာယာၿငိမ့္ေညာင္းတဲ့ ဂီတသံစဥ္ေလးေတြက တေ႐ြ႕ေ႐ြ႕နဲ႕ သူမရဲ႕ အပိုင္အနိုင္ဆုံး သီခ်င္းျဖစ္တဲ့ A thousand years ကို ပိုင္နိုင္ေသသပ္စြာ တီးခက္သည္ ။
အလင္းသည္ ဂိုေထာင္ထဲက ပစၥည္းအခ်ိဳ႕ကို ကားေပၚထုတ္ရင္းမွ သီခ်င္းသံေၾကာင့္
"သခင္ေလး ဟယ္လို သခင္ေလး"
Laptop တစ္လုံးနဲ႕အလုပ္ရႈပ္ေနသည့္ အတၱက
"လန့္တာကြာ ဘာလဲ "
"မမေလး သီခ်င္းဆိုေနတယ္ Piaanoတီးၿပီးေတာ့"
"ဟုတ္လား မြန္း ကPianoတီး႐ုံတင္မဟုတ္ပဲ သီခ်င္းေရာဆိုေနတာလား "
"ဟုတ္ တယ္"
"သူ႕ရဲ႕ဓာတ္ပုံရိုက္ၿပီး ငါ့ကိုပို႔လိုက္"
အလင္းလည္းအတၱ အမိန့္အတိုင္း အေပၚသို႔တက္သြားၿပီး ေလွကား ရင္းနားမွာ ကြယ္ရင္း သူမရဲ႕ပုံေလးကို ဖုန္းကင္မရာျဖင့္လွမ္းရိုက္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပဲ အတၱဆီသို႔ပို႔လိုက္သည္။
အတၱဟာ သူ႕ရဲ႕ဖုန္းထဲသို႔ Message ဝင္လာတာနဲ႕ ဖြင့္ၾကည့္လိုက္လွ်င္ အလင္းပို႔လိုက္ေသာ သူမရဲ႕ပုံ
ကိုယ္မင္းကို ခုခ်က္ခ်င္းပဲ ေျပးလာၾကည့္လိုက္ခ်င္တယ္။ ၿပီးေတာ့ မင္းရဲ႕ရႈပ္ေနတဲ့ဆံပင္ေတြကိုရွင္းေပးခ်င္တယ္။
ဆံပင္အနီေရာင္ေတြမွာ ရွင္းရခက္၍အနည္းငယ္ရႈပ္ပြေနၿပီး အျပာႏုေရာင္ဂါဝန္ကေလးႏွင့္ မ်က္လုံးေတြမွိတ္ထားကာ သံစဥ္ေတြကိုစိတ္ေရာကိုယ္ပါႏွစ္၍ဖန္တီးေနပုံကေလးဟာ အတၱရဲ႕ႏႈတ္ခမ္းေတြကိုၿပဳံးလာေစသည္။
အလင္းသည္ သူ၏ဖုန္းကို Speaker ဖြင့္လိုက္သျဖင့္ သူမသီဆိုေသာသီခ်င္းသံကေလးကိုခပ္တိုးတိုးၾကားေနရပါသည္။ အတၱသည္ အလိုက္တသိ အသံမထြက္ပဲ ၿငိမ္၍ နားေထာင္လိုက္သည္။
သို႔ေသာ္ သီခ်င္းသံကရပ္တန့္သြားၿပီး
အလင္းလည္း Speaker ျပန္ပိတ္လိုက္တာေၾကာင့္
"ဘာျဖစ္တာလဲ အလင္းဘာလို႔ရပ္သြားတာလဲ "
"ဟို မမေလးက ဆက္မတီးပဲ ရပ္လိုက္တာ ၿပီးေတာ့ အဲ့ေနရာမွာ ပဲ ငူငူႀကီးထိုင္ေနတယ္ "
"မင္း ျပန္ဆင္းခဲ့ေတာ့ ျမင္သြားလိမ့္မယ္"
"ဟုတ္ကဲ့ "
အလင္းလည္း ေအာက္ကိုအသာျပန္ဆင္းလာခဲ့သည္ ။
မြန္း သီခ်င္းဆိုေနရင္း မ်က္လုံးထဲမွာ ျပန္ျမင္ျမင္လာသည့္ သူမပထမဆုံးPianoတီးျပတုန္းက ေရာက္လာတဲ့သူ႕ရဲ႕ပုံရိပ္ေတြ။
မြန္းရဲ႕ေဘးမွာလာထိုင္ၿပီး ခါးကိုဖက္ ပုခုံးေပၚမွာေမးတင္ၿပီး စီးကရက္ေသာက္တဲ့သူ႕ကို ဘာလို႔ မ်က္လုံးထဲကမထြက္ပါလိမ့္။
သူေျပာခဲ့တဲ့
" ကိုယ္စီးကရက္စြဲေနတယ္ဆိုတာမင္းသိမွာပါ စြဲလမ္းတယ္ဆိုကတည္းကလြယ္လြယ္နဲ႕ျဖတ္လို႔ရတာမွမဟုတ္တာ စြဲေနတဲ့အရာထက္ ပိုၿပီးစြဲလမ္းလာေစမယ့္အရာတစ္ခုေပၚလာမွ ဥပမာ ကိုယ့္ကိုစီးကရက္ထက္စြဲလမ္းေစတဲ့မင္းႏႈတ္ခမ္းေတြေပါ့ မင္းႏႈတ္ခမ္းေတြကိုသာ ေန႕တိုင္းနမ္းခြင့္ရမယ္ဆိုရင္ ကိုယ္စီးကရက္ျဖတ္နိုင္ေလာက္တယ္ "
သူမဟာ သူေျပာခဲ့တဲ့စကားလုံးတိုင္းကိုအလြတ္ရစြာ မွတ္မိေနခဲ့သည္။
ဘာလို႔ အကုန္ မွတ္မိေနရတာလဲ။
"အဲ့ဒီအခ်ိန္ကတည္းကသိခဲ့ရမွာ သူေဆးစြဲေနတယ္ဆိုတာ သိလိုက္ရမွာ"
မြန္းက မ်က္ရည္ဝဲလာသျဖင့္ မ်က္ႏွာကိုေမာ့ကာ မက်ေအာင္ထိန္းလိုက္ၿပီး သူ႕အတြက္ မ်က္ရည္ထပ္မက်ဘဴးလို႔ ဆုံးျဖတ္ထားၿပီးသားမို႔ ဟား ခနဲ ရယ္လိုက္မိသည္။
"ဟဟ ဟက္ ဟက္ ငါလည္း ဘာလို႔ သူ႕ကိုပဲ သတိေတြရေနရတာလဲ သူမရွိပဲ ေနသားက်ေအာင္ေနစမ္းပါ ေမမီမြန္းရာ ဒဏ္ရာေတြပဲ ေပးေနတဲ့ သူ႕ကို ဘာလို႔ သတိရေနျပန္တာလဲ"
=========
အလင္း ဂိုေထာင္ထဲမွ ထြက္လာလာခ်င္း
"သခင္ေလး ေမွာင္ေတာ့မွာဆိုေတာ့ ကြၽန္ေတာ္ ျပန္ခဲ့ရေတာ့မလား "
"ေအး မျပန္ခင္ Piano ေရွ႕က နံရံမွာ လွ်ို႔ဝွက္ကင္မရာေသးသးေလး တပ္ထားခဲ့ အာ အသံေရာဖမ္းနိုင္မယ့္ဟာမ်ိဳး သူpianoတီးတ်ိုင်း ငါျမင္ရေအာင္လို႔ "
"ဟုတ္ကဲ့ စိတ္ခ်ပါ "
============================
တစ္လ ဆိုတဲ့ အခ်ိန္က ဘယ္ေလာက္ေတာင္ၾကာသလဲသိပါတယ္။ ဒါေပမဲ့ ကိုယ္ ျပန္လို႔မရတာလည္း ကိုယ့္ကိုကိုယ္သိတယ္ မနည္းႀကိတ္မွိတ္သည္းခံေနရတယ္ဆိုတာလည္းသိတယ္။
လြမ္းတဲ့စိတ္နဲ႕ ပဲ အိပ္မေပ်ာ္တဲ့ညေပါင္းလည္းမ်ားၿပီဆိုတာ လွ်ို႔ဝွက္ကင္မရာကရတဲ့ သူမပုံကို ဓာတ္ပုံထုတ္ထားၿပီး ခဏခဏၾကည့္ေနမိတာ သက္ေသပဲ။
"လြမ္းလိုက္တာ Babyရာ"
လို႔ ၿငီးျငဴေနခဲ့ရတဲ့အႀကိမ္က စကၠန့္နဲ႕တထပ္တည္းဆိုရင္ေရာ ယုံမွာလား။
"မင္း လည္း ကိုယ္နဲ႕ထပ္တူလြမ္းေနမယ္ဆိုရင္ ေပ်ာ္မိမွာ!"
================
ေရခ်ိဳးၿပီး၍ တံပတ္ေလး ရင္လ်ားကာ မွန္တင္ခုံေရွ႕မွာ ထိုင္ရင္း ရႈပ္ပြေနတဲ့ ကိုယ့္ဆံပင္ကိုယ္ စုစည္းရာမွ ရပ္တန့္ကာ မွန္ထဲကပုံရိပ္ကိုျပန္ၾကည့္ၿပီး
"ကိုယ္ ဘီးကိုင္ဖူးတာ ပထမဆုံးပဲ
မိန္းကေလးတစ္ေယာက္ဆံပင္ကို ရွင္းေပးဖူးတာလဲ ပထမဆုံးပဲ"
ၾကားေယာင္လာျပန္တဲ့ သူ႕စကားေတြ မွန္ထဲမွာ ေပၚလာျပန္တဲ့သူ႕ေခါင္းၿဖီးေပးခဲ့တဲ့ ပုံရိပ္ေတြ
ရင္ထဲမွာ ကြက္လပ္ႀကီးတစ္ခုလို ျဖစ္သြားရျပန္သည္။ ေခါင္းစည္းကြင္းကို ပစ္ခ်လိဳက္ၿပီး ဆံပင္ကိုမရွင္းေတာ့ပဲ မွန္ကိုမၾကည့္ခ်င္ေတ့ာတာမို႔ ဗီရိုထဲက အကၤ်ီသြားထုတ္သည္။
ဗီရိုထဲတြင္ Parisမွာ သူနဲ႕ေလ်ာက္လည္တုန္းက ၀တ်ခဲ့တဲ့ အကၤ်ီကိုျမင္မိျပန္ေတာ့ မ်က္ရည္ဝဲမိျပန္ကာေတြ႕တဲ့အကၤ်ီကိုဆြဲယူၿပီး ဗီရိုကို အမြန်ပ်ိတ်ပစ်လိုက်သည်။ ၁လအတြင္းမွာ ကိုယ္ဘာလုပ္လုပ္ သူ႕ကိုပဲသတိရေနမိတာကို ခဏခဏေဖ်ာက္ ဖ်က္ပစ္ရသည္။
ဒါကျဖစ္သင့္တာပဲမဟုတ္လား။
ဘယ္ခ်ိန္မွျပန္လာျပန္လာ သူဘာသြားလုပ္လုပ္ မြန္း အလုပ္မွ မဟုတ္တာ ေမွ်ာ္ေနစရာမလိုဘူး ေမွ်ာ္လည္းမေမွ်ာ္ဘူး အဓိက က သူထြက္သြားဖို႔ ခြင့္ျပဳတဲ့ အခ်ိန္မွာ မြန္းသူ႕ကိုစြန့္ခြာထြက္သြားနိုင္ရမယ္။
==============================
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(38)ဆက္ရန္
ဒီတစ္ပိုင္းကတိုသြားတယ္။
Advertisement
- In Serial326 Chapters
Married to his secret crush
She was a princess; rich, spoiled, and beautiful, she had a life that one could only dream of.
8 4350 - In Serial51 Chapters
Bodyguard's Love
Luana Aubretia is the princess of Auvrovaria, the most powerful empire in the world. Daughter of Emperor Arthur and the deceased Empress Isadora who died giving birth to her.As the princess's 18th birthday approached, the Order of the Imperial Knights who had been sent on a mission three years ago came back victorious, led by their new captain, Lucas Koraxos, who was also known as their hero.During the ceremony of their return, the young captain was appointed by the emperor to the position of the princess's personal bodyguard. A decision that surprised everyone including the princess herself."I will protect you until my last breath, Your Highness."Why did the emperor suddenly decide to appoint the captain of the knights to that position ? And why does Sir Koraxos look at her with such passion in his eyes ?Ranks:🏅2 - Royalty (31/01/2022)🏅2 - Femalelead (31/03/2022)🏅2 - Historical (09/08/2022)🏅3 - Knight (30/03/2022)🏅4 - Bodyguard (07/07/2021)🏅4 - Imperial (19/03/2022)🏅4 - Princess (03/05/2022)🏅4 - Magicalcreatures (20/07/2022)🏅5 - Nobles (18/05/2022)🏅7- Emperor (01/04/2022)🏅8- Magic (05/05/2022)🏅15 - Fantasy-romance (30/07/2021)🏅26 - Empress (01/04/2022)🏅29 - Sweet-romance (30/03/2022)🏅31 - Romance (31/01/2022)Prizes:🥈- 2nd place in the Cappuccino Book Awards 2021 in Romance
8 191 - In Serial200 Chapters
[1] Young Master Mo , Are You Done Kissing ?
Having been reborn, she takes one glance at her ridiculously handsome husband and wonders if she had suffered from brain damage back then-she had actually demanded for a divorce with him. Repeatedly!In her previous life, she had been deceived by her relatives who eventually led her to her tragic death. With this second chance at life, she vows to cozy up to her husband both literally and figuratively to destroy all her enemies and to take down the women who hid behind their scheming, innocent facades. She would be in control of her own happiness!This is a sweet, doting love story featuring an intelligent female lead and a perfect male lead who's good at turning her knobs.Author : Qingqing Who LaughsThis book isn't mine nor the translations.All credit goes to the rightful owner.
8 425 - In Serial26 Chapters
Young Alpha, Little Mate
No one even knew that it was possible, but seeing is believing.Usually werewolves meet their mates after they meet their wolves for the first time when they are 16 years old. What will happen when the young alpha meets his mate at the age of 6?Alana is a small abused 5 year old, Elijah is a overprotective 6 year old alpha. They have a connection like no one has seen before.What will happen if soulmates meet as such a young age?♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡This is my first book ever! There might be some spelling/grammar mistakes, it might be cliche. Who knows? Let's see what happens... I hope you enjoy!Comment and Vote!Pictures are from the internet and does not belong to me.
8 506 - In Serial30 Chapters
Beautifully Invisible #Wattys2019
Life was never easy for Lily. Being a maid her whole life, growing up without parents, and having an abusive queen as her boss has made her life miserable. She hides behind a shawl that she is confined to, refusing to let anyone in. What will happen when a stranger that she's grown up with shows her just how amazing she really is and helps her when no else will?
8 255 - In Serial8 Chapters
Meet Cute
Arthur and Arabella really ought to stop meeting like this.[#8 short story / #80 teen fiction]
8 140

