《အတ္တလွန်အချစ် (OC) Completed》Part (39) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(39)
မွန်းသည် မျက်လုံးတွေမှေးမှိတ်ထားကာ မှန်ပြတင်းနားတွင် မှီရပ်နေရင်း သူမရဲ့မပူသေးတဲ့ဗိုက်ချပ်ချပ်လေးကို လက်ဖြင့် အုပ်ကိုင်လိုက်လျှင် မျက်ရည်ပူပူတွေကစီးကျလာသည်။
"ဟင့် ဟင့် အဟင့်"
သူ့ကိုဖျက်ချပစ်မယ်လို့ပြောခဲ့ပေမဲ့ တကယ် ကိုယ်၀န်လွယ်လာရသည့်အခါ ဖျက်ချဖို့ဆိုတာကိုလုံးဝမလုပ်ဝံ့တော့ပါ။
လူ့လောကထဲသို့ မိမိအားမှီတွယ်ပြီးရောက်လာမယ့် လူမမည်ကလေးတစ်ယောက်ကို ဘယ်လိုသတ္တိမျိုးနဲ့သတ်ပစ်ရဲပါ့မလဲ။
ပြီးတော့ တခြားမဟုတ်ဘူး မွန်းရဲ့ဗိုက်ထဲမှာသန္ဓေတည်နေတဲ့ မွန်းရဲ့အသွေးအသား။ သူ့ကိုဘယ်လောက်ပဲစိတ်နာစိတ်နာ ဘာမှအပြ စ်မရှိတဲ့ ကလေးကို မွန်းမုန်းပါဘူး။
ကလေးကိုမလိုချင်ခဲ့ပေမဲ့ ရောက်လာပြီးမှတော့ ရင်ဆိုင်ဖို့ပြင်ဆင်ထားရမှာပေါ့။ ကလေးတစ်ယောက်ရဲ့မိခင်ဖြစ်ဖို့ အဆင်သင့်လည်းမဖြစ်သေးသလို ကြောက်လည်းကြောက်နေမိတယ်။ မွန်းကိုယ်တိုင်တောင်အမေ့မေတ္တာငတ်ခဲ့ရတာမဟုတ်လား။ မွန်းရဲ့ရင်သွေးလေးကိုတော့အဲ့ဒီလိုမဖြစ်စေချင်တာအမှန်ပါ ။
ကိုယ်တိုင်ဘာမှအသင့်မဖြစ်သေးပဲ ရုတ်တရက်ကြီးမိခင်တစ်ယောက်ဖြစ်လာရတော့မယ်။ ဒါတွေအားလုံး သူ့ကြောင့်...မွန်းရဲ့ဆန္ဒမပါဘဲကျူးလွန်ခဲ့တဲ့သူ့ကြောင့်....
ကျွီ......
ကားရပ်တဲ့အသံကြားတဲ့အခါ မျက်လုံးကိုဖွင့်ကြည့်လိုက်လျှင်
သူ သူပဲပေါ့ ဒီလိုကားဘရိတ်ကိုစောင့်အုပ်တတ်တာ ဒီလောက်ကားမောင်းကြမ်းတာ သူပဲရှိတာ။
မွန်းကို သူ့စိတ်ကြိုက်ကျူးလွန်ဆက်ဆံခဲ့ပြီး အဝေးကိုထွက်သွားတယ်။ ၂လကျော်လောက်အဆက်အသွယ်ဖြတ်ပြီး အခုတော့ပြန်ပေါ်လာပြီပေါ့။
မွန်းသည် ချက်ချင်းဘဲ အခန်းထဲကနေထွက်လာရင်း ခေါင်းထဲမှာမိုက်ကနဲနေအောင်မူးသွားရသည်။ အစကတည်းကချူချာတဲ့သူဖြစ်တဲ့အပြင် ၂ရက်လောက်အစားကောင်းကောင်းမဝင်ဘဲ ရှော့ဖြစ်စရာကိစ္စကလည်းလောလောလတ်လတ်သိထားရကာ လူကသိပ်မဟန်ချက်ပါ။
လူကယိုင်သွားလို့ လှေကားလက်ရန်းကိုကိုင်ထားရင်း တစ်ထစ်ချင်းဆင်းလာခဲ့တာ လှေကားထစ်တွေကိုငုံ့ကြည့်လိုက်တဲ့အခါ အောက်ထပ်ကြမ်းပြင်သို့ရောက်ဖို့ အနည်းဆုံး ၅ထစ်လောက်သာလိုတော့သည်ကို ဝါးတားတားမြင်လိုက်ရပြီး နောက်တစ်ထစ်သို့အလှမ်းမှာပဲ....
ဒုန်း....ဒုတ်...ဗုန်း....
အတ္တသည် အိမ်ထဲသို့၀င်လျှင်ဝင်လာချင်း အပြုံးများပျောက်ကွယ်သွားကာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်သွားတဲ့လူတစ်ယောက်လိုဖြစ်သွား၍ ရပ်နေတဲ့ခြေလှမ်းတွေပင်မခိုင်တော့ပဲ ယိုင်ခွေသွားရသည်ကို မနည်းပြန်ထိမ်းကာ ယိုင်တိုင်တိုင်ခြေလှမ်းတို့နဲ့ လှေကားခြေရင်းမှာ ခွေခွေလေးလဲနေသည့်သူမအနားကို ထိုင်ချလိုက်ပြီး
"မွန်း! မွန်း Baby! Baby သတိထားဦး မွန်း!!"
အတ္တလှမ်းအော်ရင်း အသက်ရှူကြပ်နေတဲ့ပုံစံနဲ့ရှိုက်နေတဲ့သူမကို ရင်မှာပိုက်ထားလိုက်သည်။
အသံကြားလို့ ဒေါ်မေတင်နဲ့သက်သက်ရောက်လာကြတော့
"ဟယ်တော်.... သမီး မွန်း ဘယ်လိုဖြစ်တာလဲ"
ဒေါ်မေတင်ခဗျာလည်းမျက်လုံးတွေပြာသွား၍ မွန်းရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ သက်သက်က ခေါ်ထားတာရောက်မလာသေးတဲ့မေသုခကိုဖုန်းထပ်ဆက်နေသည်။
"မွန်း သတိထားပါဦး ကိုယ်ခေါ်နေတယ်လေ မွန်း ကိုယ်ခွင့်မပြုဘူးနော်!"
"ဗ ဗိုက် ဟင့် အင့် ဗိုက် အရမ်း နာတယ် အ အား အဟင့် !!"
စကားကိုတစ်လုံးချင်းအားယူပြောလာသည့်သူမက ဗိုက်ကိုနှိပ်ကာ ငိုယိုရင်း ....
အတ္တသည် သူမကို ပွေ့ယူကာ အပေါ်တက်သွားသည်။ ဒေါ်တင်လည်း အနောက်မှ ရေတစ်ခွက်ယူပြီး ပြာယာပြာယာလိုက်လာရသည်။
"ဟင့် အင့် အ....နာတယ် အား!!"
သတိလစ်သွားသလားမသိ။ အသံတိတ်သွားသဖြင့်အတ္တသူမလက်တို့ကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်ပြီး
"မင်းဘာမှ မဖြစ်ရဘူး Baby ကိုယ်ခွင့်မပြုနိုင်ဘူး!"
====
"မွန်း ဘယ်လိုဖြစ်သွားတာလဲ"
မေသုခက အပြေးရောက်လာကာ မွန်းရဲ့အခန်းသို့ဝင်လာရင်း အတ္တနဲ့မွန်းပုံစံကိုကြည့်၍ မွန်းရဲ့ ဘေးမှာ သူ့ရဲ့ဆေးပစ္စည်းအိတ်တွေကိုချလိုက်ပြီး ဝင်ထိုင်လိုက်သည် ။
"မေ ... မွန်းကိုကြည့်ပေး သူ့ကိုဘာမှအဖြစ်မခံဘူးမေ !!"
မေလည်း မွန်းရဲ့မျက်လုံးတွေဖွင့်ကြည့်လိုက် နားကြပ်နှင့်စမ်းလိုက်နှင့် ပါလာတဲ့ဆေးကိရိယာတို့ဖြင့်ပေါ့။ နှဖူးကသွေးစို့ပြီးပေါက်နေသည့်ဒဏ်ရာကို အရင်ဆေးထည့်ပေးကာ ပလာစတာ ကပ်ပေးလိုက်ပြီး မေ့မျက်နှာကသိသိသာသာ ညှိုးကျသွား၍မွေ့ယာပေါ်ကနေထလိုက်ကာ မွန်းကိုသနားသလိုငဲ့ကြည့်နေမိသဖြင့်
"မေ ပြောလေ မွန်းဘာမှမဖြစ်ဘူးမလား ဟင်? မေ ! မေ ပြောလေ မွန်းဘာဖြစ်တာလဲ မေ ငါမေးနေတယ်လေ ပြောလေ မေ!"
အတ္တသည် ဆောက်တည်ရာမရအောင် အဖြေမချင်းအတင်းမေးကာ မေ့ရဲ့ပုခုံးတွေကိုကြမ်းတမ်းစွာလှုပ်ကိုင်ရင်း အော်ပစ်လိုက်သည်။
မေသည် အရုပ်တစ်ရုပ်လို ငြိမ်နေရင်း ပုခုံးပေါ်က သူ့လက်တို့ကို ပြန်ဆုပ်ကိုင်လိုက်ကာ
"ငါပြောတော့မယ် နင်ဘာမှမလုပ်ပါဘူးလို့ ကတိပေး ဘာမှမလုပ်ရဘူး"
မေသည် စကားကိုအစချီနေသဖြင့် အတ္တက မျက်ခုံးတွေကျုံ့ကျနေကာ
"ငါ စိတ်မရှည်တတ်တာမင်းသိပါတယ်!"
"မွန်း ကိုယ်၀န် ပျက်ကျသွားပြီ!"
တစ်ခွန်းတည်းပါပဲ။ ဒီ တစ်ခွန်းတည်းနဲ့ အတ္တ မေ့ပုခုံးပေါ်က လက်တွေ ဖြုတ်ချလိုက်ကာ တစ်ဖက်သို့လှည့်သွားပြီး မျက်နှာတစ်ခုလုံးကိုလက်နှစ်ဖက်နှင့်အုပ်ပြီးပွတ်သပ်ပစ်လိုက်ရင်း ခေါင်းတွင်တွင်ရမ်းနေသည်။
သက်ပြင်းအထပ်ထပ်ချပြီး စိတ်ကိုလျော့နေပေမဲ့ အတ္တပေါက်ကွဲတော့မယ်ဆိုတာ မေကြိုသိနေပါသည်။
ဒုန်း ဗုန်း
သူ့ရှေ့က အဝတ်ဗီရိုက်ကြီးကို လက်ဖဝါးနှင့်၂ချက်လောက်ပစ်ရိုက်လိုက်ပြီး မျက်ရည်တွေဝေ့ဝဲလာရသည်။ ဒုတိယအကြိမ်မျက်ရည်ခရသည့် ဒီအချိန်
မေမေ ဆုံးတုန်းကတစ်ခါ ပထမဆုံးနဲ့နောက်ဆုံးလို့ ပြောခဲ့ပေမဲ့ အခု ရင်သွေးလေးဆုံးရှုံးရချိန်မှာလည်း ဒီလိုခံစားချက်ကြီးဟာ ဘယ်လောက်ထိခံစားရခက်လိုက်သလဲ။
"ဟား...."
"စိတ်ထိန်းပါအတ္တရယ် နင်အရမ်းခံစားရမှာသိပါတယ် "
"မင်းနားမလည်ပါဘူးမေရာ မွန်းကသိပ်အဆိပ်ပြင်းမှန်းအခုမှသိလိုက်တာ !"
"ဟင်! နင်တို့ထပ်ယူလို့ရသေးတာပဲလေ နင်မွန်းကိုချစ်တယ်ဆို"
အတ္တက ခေါင်းခါရမ်းပြီး
"မွန်းကသိပ်ခေါင်းမာတာ ငါအတန်တန်မှာထားရက်နဲ့ လုပ်ဖြစ်အောင်လုပ်တယ်!"
အတ္တကအံကြိတ်၍ မေ့ကိုကျောခိုင်းသလိုက်သည်။
"နင်ဘာတွေပြောနေတာလဲ နင်ဆိုလိုချင်တာက မွန်းကိုယ်တိုင်ဖျက်ချတယ်ဆိုပြီးလား?"
မေက အတ္တရဲ့ရှေ့သို့လာရပ်ပြီးမေးလိုက်တော့
အတ္တသည် မတုံမလှုပ်နဲ့ မေးကျောတွေထောင်နေအောင်အံကြိတ်ထားတာမို့
"အာ... အတ္တ နင်ကလည်းဟာ ဘယ်လိုတောင်ထင်ရက်တာလဲ ဖြစ်နိုင်ပါ့မလား ဒီလိုလုပ်နိုင်ဖို့ဆိုတာမိန်းကလေးတစ်ယောက်အတွက်လွယ်တယ်ထင်နေတာလား "
"မင်းမသိပါဘူး မင်းမသိဘူး မေ မွန်းက ငါ့ကိုအရမ်းစိတ်နာနေတာ ငါ့ကို သူပြောပြီးသား "
"နင်ကလည်းဟာ ...မဖြစ်နိုင်တာ"
အတ္တက သက်ပြင်းချကာ
"တော်တော့ မေ မင်းပြန်ချင်ပြန်လိုက်တော့ ငါတစ်ယောက်တည်း နေချင်တယ် "
"အတ္တ ဒါပေမဲ့ နင် မွန်းကို ဘာမှ...."
Advertisement
"မေ!"
"အိုခေ အိုခေ ငါသွားတော့မယ် ငါပြန်တော့မယ် "
မေက သူ့ရဲ့အိတ်တို့ကိုကောက်ဆွဲကာ စိတ်မချသလိုတစ်ချက်လှည့်ကြည့်ရင်း ထွက်သွားလေ၏။ မေအောက်သို့ရောက်သည့်အခါမှာလည်း မေတင်နဲ့သက်သက်က မျက်နှာမကောင်းစွာ မျက်ရည်စမ်းတန်းတန်းနှင့်။
"သမီးမေ မွန်းလေးက တကယ်ပဲလားကွယ် !"
ဆီးကြိုကာ မေ့လက်ကိုဆွဲရင်းမေးလာတဲ့ မေတင်။
"စိတ်မကောင်းပါဘူး ဒေါ်ဒေါ်ရယ် "
"သခင်လေး တော့ပေါက်ကွဲနေလောက်ပါပြီ "
သက်သက်က မျက်နှာငယ်လေးနှင့်ပြောလျှင်
"ဒေါ်ဒေါ်ရော သက်သက်ရော မွန်းကိုလည်းဂရုစိုက်လိုက်ပါ အတ္တအရမ်းပေါက်ကွဲနေတာ "
"မမလေး နိုးလာရင် ပွဲကြမ်းဦးမလားမသိဘူးနော် မေတင်"
သက်သက်က မေတင့်လက်ကိုလှုပ်ကိုင်ရင်းပြောလာ၏။
"ခုချိန်မှာ တံခါးနားတောင်မသွားနဲ့ ဒေါ်ဒေါ် ရောသက်သက်ပါ အလုပ်ပြုတ်လိမ့်မယ် "
"ဟုတ်ကဲ့ပါ"
"အေးပါကွယ် ဒေါ်တင် မွန်းကိုလည်းဂရုစိုက်လိုက်ပါ့မယ် "
"မေ ပြန်တော့မယ်နော် "
"အေး အေးကွယ် "
============================
သူမရဲ့ အနားမှာ ထိုင်မနေပဲ မှန်ပြတင်းအနားမှာ မတ်တပ်ရပ်ကာ စီးကရက် သောက်နေသောသူ။
နာကျင်မှုများစွာကိုဘယ်လိုလျစ်လျှူရှုနိုင်မလဲ။
"အ.!"
ငြီးသံကြား၍လှည့်ကြည့်လိုက်လျှင် ကုန်းထနေသည့်သူမက ခေါင်းမူးနေ၍လား မထနိုင်ပဲ ပြန်လဲသွားသည်။
စီးကရက်ကိုမီးသတ်ကာ အတ္တက သူမအနားသို့သွေးအေးစွာလာရပ်လိုက်ပြီး နာကျင်ရိပ်တို့ပြေးယှက်နေသည့်မျက်၀န်းရိပ်တွေနဲ့ မွန်းကိုငေးစိုက်ကြည့်နေသည်။
မွန်းသည် သူ့မျက်လုံးတွေကိုကြည့်ရင်း တစ်ခုသတိရသွားကာ ကိုယ့်ဗိုက်ကိုယ်ပြန်ကိုင်ရင်း
"က က ကလေး!"
မျက်လုံးဝိုင်းကလေးနဲ့သူ့ကိုမော့ကြည့်နေသည့် မွန်းကို အတ္တက
"ကိုယ် တစ်ခုပဲမေးမယ် မွန်း!
အမှန်တိုင်းသေချာဖြေပါ "
မွန်းသည် နှုတ်ခမ်းလေးကိုကိုက်ရင်း သူ့ကိုအကြည့်တွေလွှဲလိုက်ပြီး
"ကျွန်မမှာ ဖြေစရာလည်းမရှိဘူး ရှင်နဲ့ လည်းစကားပြောစရာမရှိဘူး"
အတ္တသည် သူမအနားမွေ့ယာပေါ်မှာ သွားထိုင်လိုက်ပြီး
"မင်းကိုယ်၀န်ကိုဖျက်ချတာလား?"
ထိုသို့မေးလာတဲ့အခါ မွန်းသည် သူ့ကို အရောင်တလဲ့လဲ့မျက်လုံးတွေနဲ့တအံ့တသြကြည့်လိုက်သည်။
ဟင်!! ဒါဆို မွန်းကိုယ်၀န်ပျက်ကျတာလား မွန်းမှာ ငါ့မှာ ကလေးလေး မရှိတော့ဘူးလား။
ကိုယ်၀န်ပျက်ကျသွားတာပေါ့
သူဘယ်လိုမေးလိုက်တာလဲ
ဖျက်ချလိုက်တာလား? တဲ့ လား။
"ဖြေပါမွန်း မင်းမဖြေရင် ကိုယ်ထင်နေတဲ့အဖြေကြောင့်ကိုယ်ရူးသွားလိမ့်မယ် "
မွန်းက မျက်ခုံးတို့ကွေးညွှတ်သွားရင်း
ရှင်တကယ်ထင်ရက်နိုင်တယ်အတ္တလွန်
မွန်း ဘယ်လောက်တောင် ကြေကွဲနေရသလဲသိရဲ့လား။ မွန်းအသက်တစ်ချောင်းကိုသတ်လိုက်မိပြီ။
မွန်းရဲ့ကလေးလေး ဗိုက်ထဲကနေခုမှသန္ဓေတည်ခါစကလေးလေးကို သတ်မိလိုက်တယ် ဘယ်လောက်နာကျင်ရလဲသိလား ။
သို့သော် သူမရဲ့အတွင်းစိတ်မှပြောသည်နှင့် ထွက်လာသည့်အဖြေကတခြားစီ။
" ဖျက်ချတယ်လို့ ရှင်ထင်နေတယ်မဟုတ်လား ရှင်ထင်ချင်သလိုထင်လိုက် ကျွန်မဘက်က ဘာမှရှင်းမပြနိုင်ဘူး "
ခေါင်းမာလွန်းတဲ့သူမရဲ့ဆုံးဖြတ်ချက်ကြောင့်
"မင်း မင်း လုပ်ရက်တယ် မွန်းရာ!"
မွန်းသည် အတ္တရဲ့မျက်ရည်စအချို့ကို လျစ်လျှူရှုရင်း တစ်ဖက်သို့လှည့်နေလိုက်သည်။
"တောက်! မင်းကွာ!!"
အတ္တသည် တောက်ပြင်းပြင်းတစ်ချက်ခေါက်၍
"မင်းမို့လို့ လုပ်ရပ်နိုင်တယ် မွန်း မင်းသိပ်ရက်စက်တယ် ကိုယ်အမှားတွေကျူးလွန်ခဲ့တယ် အပြစ်တွေလုပ်ခဲ့တာ မှန်ပေမဲ့ ကိုယ့်ရဲ့ကလေးလေးမှာ ဘာအပြစ်မှမရှိဘူးလေ မင်းဘယ်လိုလုပ်ပြီးအဲ့သလောက်တောင်အသည်းမာနိုင်ရတာလဲ "
အတ္တသည် လက်သီးကိုကျစ်နေအောင်ဆုတ်ကာ သူမဘေးက စားပွဲခုံအားရွယ်ပြီးမှ ကိုယ့်အကြောင်းကိုသိတာမို့ အမြန်ထွက်လိုက်သည်။
မွန်းကသူ့ထက်ပိုပြီး အသည်းထဲမှာနာကျင်တယ် မွန်းကြောင့် ကလေးလေး ပျက်ဆီးရတာ မထင်မှတ်ပဲဖြစ်သွားခဲ့တာ။
၂လ ကျော်လောက်ပေါ်မလာဘဲပျောက်နေတဲ့သူ့ကိုမသိစိတ်ကတမ်းတနေပြီး သူ့ဆီကိုအလာမှာဘဲ မတော်တဆ လှေကားပေါ်ကပြုတ်ကျခဲ့ရတာဘယ်တတ်နိုင်မလဲ။
သူသာ အနားမှာရှိနေရင် ကိုယ်ဝန်ပျက်ကျဖို့ကိစ္စဆိုတာရှိမလာနိုင်လောက်ဘူး။ ဒါပေမဲ့ သူဟာ မွန်းကိုယ်တိုင်ဖျက်ချတယ်လို့ထင်နေရင်လည်း သူ့ကိုထုတ်မပြောဘူး သူလည်းနာကျင်ပါစေ။
မွန်းနာကျင်ခဲ့ရသလို မွန်းခံစားခဲ့ရသလို သူလည်းနာကျင်ပါစေ။
============================
အလင်းသည် အစည်းအဝေးအခန်းထဲကနေဘာမှမပြောဘဲ ထွက်သွားတဲ့သခင်လေးကြောင့် လက်ကျန်ကိစ္စတွေကိုရှင်းပြီးမှ အိမ်သို့ပြန်လာခဲ့ရသည်။
အကျိုးအကြောင်းတွေကိုရှင်းပြပြီး သခင်လေးကို Congratulation လုပ်ဖို့အတွက် အိမ်ထဲဝင်လာခဲ့တာ ဧည့်ခန်းကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သူ့ရဲ့သခင်လေး ရဲ့ပုံစံကိုကြည့်၍ လုံး၀ပါးစပ်ဟောင်းလောင်းဖြစ်ကာ အံ့သြနေရသည်။
ဧည့်ခန်းစားပွဲပေါ်က အပြင်းစားဝီစကီပုလင်းကြီးကလည်းတစ်ဝက်ပဲကျန်တော့တဲ့အပြင် အဖြူရောင်အမှုန့်တွေကလည်း မှန်စားပွဲကြီးပေါ်မှာ ပွစာကြဲနေသည်။
ရှင်အင်္ကျီအဖြူရောင်ကို ကြယ်သီးအချို့ဖြုတ်ထားကာ ဘောင်းဘီကလည်းခါးပတ်ဖြုတ်ထား၍ စီးကရက်တစ်လိပ်ကိုရှိုက်ဖွာရင်း မှိန်းနေတဲ့ သခင်လေးအား
"သ သ သခင်လေး "
အမြန်ဆုံး အနားသွားရပ်ပြီး
"ဆေး ဆေးတွေပြန်သုံးနေတာလား သခင်လေး ဟာ ဘယ်လိုလုပ်တာလဲဗျာ! "
တအံ့တသြနဲ့ လှေကားကိုမော့ကြည့်လိုက်လျှင်
ဂါ၀န်ဖားဖားကြီးနဲ့ နှဖူးကလည်းဒဏ်ရာရလို့ပလာစတာကပ်ထားကာ မွန်းဟာလည်းငိုထားတဲ့ပုံ။
"ဟွန့် ဆေးစွဲနေတဲ့လူ တစ်သက်လုံးစွဲသွားမှာပါပဲ ပျက်သွားမယ်လို့ထင်ခဲ့တဲ့ ကျွန်မရဲ့ အမှား သိပ်စိတ်ပျက်တယ် အတ္တလွန် !!"
သူမ မဲ့ခနဲ နှုတ်ခမ်းကို ကိုက်ပစ်လိုက်ကာ အပေါ်သို့ပြန်တက်လှည့်သွားသည် ။
အလင်းသည် ဘာမှနားမလည်နိုင်စွာ ခေါင်းကိုအားကုန်ကုပ်ပစ်လိုက်ရင်း
"ဘာတွေ ဖြစ်တာလဲ ဘယ်လိုဖြစ်သွားတာလဲဗျာ!"
ဆို၍ သူ အတ္တရဲ့ ဘေးမှာထိုင်ချလိုက်သည့်အခါ အတ္တကိုပဲအားမလိုအားမရနဲ့မေးပြန်သည်။
"သခင်လေး ဘာလို့ ပြန်သုံးရတာလဲ သခင်လေးရာ !"
အတ္တလုံး၀မူးနေပြီဖြစ်ကာ မျက်လုံးကလည်းမပွင့်တပွင့်မနည်းဖွင့်ကြည့်နေရသည်။
"ဟက် ဟက် ဟက် မင်းမသိပါဘူး အလင်းရာ !အစက အရက်ပဲသောက်နေတာ ဒါပေမဲ့ ဒီနည်းလမ်းအပြင်မရှိတော့ဘူး ဒီနည်းမှမသုံးရင် ငါ ဆေးမချရင် အသည်းပေါက်မတတ် နှလုံးသားတစ်ခုလုံးကိုဓားနဲ့ခုတ်ထားသလိုမျိုးဖြစ်နေတာ ဘယ်လိုခံစားနိုင်မှာလဲ လုံး၀မခံစားနိုင်တော့လို့ လက်ကျန်ဆေးတွေချပစ်လိုက်တာ!"
ထိုကဲ့သို့ရင်ဖွင့်လာတဲ့အခါမှာ
Advertisement
"ဟင် မမလေး ကတစ်ခုခုဖြစ်လို့လား"
"မွန်းက သိပ်ရက်စက်တယ်ကွာ ငါ့အသည်းကိုခွဲရရုံတင်အားမရလို့ ငါ့ကလေးကိုပါဖျက်ချတယ် ငါရူးတော့မယ်အလင်းရ ငါရူးသွားလိမ့်မယ် ဒီလိုမှမှိန်းမနေရင် ငါ့ကိုယ်ငါမဟုတ်ရင် သူ့ကိုပါ သတ်မိလိမ့်မယ် "
အလင်းလည်း သခင်လေးကိုဆက်မေးလို့မရတော့မှန်းသိလို့ နောက်ဖေးမှ ဒေါ်မေတင်ကို အကြောင်းစုံသွားမေးလိုက်ရာ လက်လှမ်းမီသလောက်ရှင်းပြပေမဲ့ မွန်းက ကိုယ်တိုင်ဖျက်ချသလား ပျက်ကျတာလားဆိုတာ မသဲကွဲခဲ့ပါ။
ဒေါက် ဒေါက်
"မမလေး ကျွန်တော်၀င်ခဲ့လို့ရမလား"
အလင်းက တံခါးခေါက်ပေမဲ့ အထဲကနေ အသံမပေးတာမို့ တံခါးကိုအသာလေးဖွင့်ကြည့်ပြီးဝင်လာခဲ့လိုက်သည်။ အခန်းထောင့်မှာ မတ်တပ်ရပ်နေတဲ့သူမက မှန်ပြတင်းကြီးကနေကောင်းကင်ကိုငေးမောနေသည််။
"မမလေး!"
ခေါ်လိုက်သည့်အခါ သူမဟာလက်ပိုက်ထားလျှက် အလင်းကိုလှည့်မကြည့်ဘဲ
"ကျွန်မဘက်ကပြောစရာမရှိဘူး အလင်း"
ဟုဆိုလိုက်သည့်အခါ အလင်းက အနားသို့ပိုတိုးကပ်သွားပြီး
"ကျွန်တော်ကိုစကားနည်းနည်းပြောခွင့်ပြုပါ ဒီကိစ္စမှာ ကျွန်တော် နည်းနည်းလောက်၀င်ပြောချင်တယ် "
ထိုအခါ မွန်းက မျက်နှာကြောတင်းတင်းနဲ့လှည့်လာတော့
"သခင်လေးက မပြောပြဖို့မှာထားပေမဲ့ ကျွန်တော်ပြောပြမှဖြစ်မယ်ထင်လို့!"
မွန်းကလည်းဆိုပါဦးဆိုတဲ့မျက်နှာထားနှင့်မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။
"တကယ်တော့ သခင်လေးက ဆေးပြတ်တော့မှာ နောက်၂ပတ်နေရင် ဆေးပြတ်ပြီလို့ ဆရာ၀န်ကပြောထားတယ်"
ထိုအခါမွန်းသည် စောနက အောက်မှာမြင်ခဲ့သောမူးရူးကွဲပြဲနေတဲ့ပုံကိုပြန်မြင်ကာမဖြစ်နိုင်တာ ဆိုတဲ့ပုံစံနဲ့အလင်းကိုပြန်ကြည့်လိုက်သည်။
"ဟုတ်တယ် သခင်လေးက မမလေးကိုဘာမှ မပြောပဲထွက်သွားတာက သူဒီအလုပ်တွေကို စွန့်လွှတ်တော့မှာမို့လို့ သူ့ကိုယ်သူဆေးကြောရင်း အားလုံးပြတ်သွားရင် မမလေးဆီသူပြန်လာမလို့ မမလေးက ကိုယ်၀န်ရှိတယ်ဆိုတာကြားပြီး ခဏပြန်လာတာ
ဒါပေမဲ့ အဲ့ဒီချိန်မှာ မမလေးက သခင်လေးအိပ်မက်တွေအားလုံးကိုဖျက်ဆီးလိုက်တယ်
နောက်၂ပတ်ဆို ဆေးအပြီးပြတ်သွားမယ့်သူက အခု နာကျင်မှုတွေဖြေဖျောက်ဖို့ ဆေးပြန်ချနေတယ် သခင်လေးစီစဉ်ထားသမျှ သခင်လေး ရဲ့အိပ်မက်တွေအားလုံးက သဲထဲရေသွန်ဖြစ်သွားပြီ အားလုံးပျက်စီးသွားပြီ"
အလင်းသည် အခုလို မမလေးကို အပြစ်တင်ပြောဆိုနေတာသာ သခင်လေးသိသွားရင် သခင်လေးဟာ သူ့ကို အပြစ်ပေးလေမလား ဆူပူအော်ငေါက်လေမလား ဟုတွေးမိသည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(40)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(39)
"ဟင့် ဟင့် အဟင့်"
ကျွီ......
ဒုန်း....ဒုတ်...ဗုန်း....
"ဟင့် အင့် အ....နာတယ် အား!!"
====
ဒုန်း ဗုန်း
"ဟား...."
အတ္တက သက်ပြင်းချကာ
"မေ!"
"ဟုတ်ကဲ့ပါ"
"မေ ပြန်တော့မယ်နော် "
"အေး အေးကွယ် "
============================
"အ.!"
"က က ကလေး!"
Advertisement
- In Serial28 Chapters
Abused Mate
My hands trailed down under her shirt, caressing her smooth skin. She shivered under my delicate touch and I grinned into her mouth. Suddenly I felt her slip away from underneath me, I frowned and turned around in time to see her jumping on my lap and straddling me. "Sophie." I groaned. "Yes?" She smiled innocently and gave me an opened mouth kiss at the corner of my mouth. "If we don't stop, I will take your right here, right now!" I moaned. She trailed butterfly kisses up my neck and whispered, "then don't stop."~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Jack has been waiting for too long for the moment to meet his mate since the day he turned 16.But,this possessive Alpha is in for a surprise when meeting his precious broken mate.{Not edited}Abused Mate: Copyright © 2017. All Rights Reserved.
8 632 - In Serial18 Chapters
How Everything Started
A story about a peculiar pair of university students who knew each other from the past, but after reuniting with each other, their situation from the past turned into the other way around compared when they're still at their middle school days? A story full of harsh and bittersweet yet romantic encounters. "????????? - Dono yo ni Hajimatta - How Everything Started"
8 93 - In Serial25 Chapters
ILLUSION |Shubman Gill Fanfiction|
◇ Checking the time on my watch, I barged out of my hotel room only to collide with someone.A tub of chocolate ice cream splashed all over my white night dress.Fuming with anger, I looked up to see the culprit who caused this damage, but froze as soon as I saw his face.Shubman Gill stood right infront of me, smiling while scratching his neck, as the next sentence unknowingly escaped my mouth."Oh boy, is this.. an.." I blinked before saying the next word."Illusion?" ◇
8 159 - In Serial72 Chapters
HER REPLACED GROOM
What happen when you are getting married but your groom ran away from the wedding and you are waiting for him in your bridal attire, in place of groom a letter came and you have to marry your long time crush, just to protect your family reputation.What will you do?What will she do?Ishika Sharma, well known fashion designer, and top of that billionaire. 26,cute, intelligent, independent.Ranveer Kapoor, our not so sweet businessman. Never dated anyone because he loves only one girl since childhood. For which he did something, no one can expect. 27 sweet and innocent only for loved ones and ruthless for everyone. What he did?Will it affect their relationship?After knowing the secret will she accept him or will leave him in middle?There was love, romance, and everyone favorite twists and a sweet secret.To know about the secret do read it.
8 162 - In Serial52 Chapters
Baby boy
Spin off of I am human: can be read as a stand alone----After Dean disappeared out of Trevor's life, he lost himself.A few years later, he ran into Jaylynn. The small framed boy wearing a skirt, pastel colors and fake nails.Little did he know that this small boy would change him for the better.Updated 12/21/20#86 kinky# 157 mxbout#188 emotionalrollarcoaster# 238 characterdevelopmentout# 305 wholesomeout# 460 bdsmrelationshipout# 668 lgbtloveout
8 187 - In Serial25 Chapters
Eternity ☑️
{TharnType fanfiction}{MPREG}"I hate you, tharn. I'm never going to marry you!" - Type."Do you think I like you? I hate you, too, you dummy!" - Tharn.Tharn and type are neighbours, family friends and have been together since birth as their parents are close to each other. Behind their smiles and friendly acts in front of their parents, they both hate each other to the core."I do." - Tharn."I do." - Type.What will happen when two beings who hate each other more than anything in life are tied together for eternity?*The characters belong to Mame Orawan, the author of the novel TharnType the series. Only story is mine.*I WRITE ALL MY STORIES ON MOBILE, NOT ON LAPTOP OR TAB. EVEN WHEN I'M VERY CONSCIOUS AND READ THE CHAPTER BEFORE PUBLISHING IT, THERE ARE STILL SOME UNAVOIDABLE TYPOS. PLZ, DON'T MIND THEM. THANK YOU:)Most impressive ranking#1🥇MewGulf
8 146