《အတ္တလွန်အချစ် (OC) Completed》Part (45) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(45)
ဒေါ်မေတင်နှင့်သက်သက်ကိုတောင် မနှုတ်ဆက်နိုင်ခဲ့ဘဲ ထိုအိမ်ကြီးကနေအတင်းပြေးထွက်လာခဲ့ပြီး အိမ်ရှေ့မှာအသင့်စောင့်နေသည့်အလင်း တံခါးဖွင့်ပေးသောကားထဲကို ဝင်ထိုင်လိုက်သည်။
မျက်ရည်တွေကိုလက်ဖြင့်သုတ်ပစ်လိုက်ပြီး အလင်းမောင်းနဲ့ကားကိုစီးကာ သူ့ဆီကနေအပြီးအပိုင်လွတ်မြောက်စွာထွက်ခွာခဲ့ပါပြီ။
တဟင့် ဟင့်ရှိုက်သံအချို့ကို အလင်းကြားနေရပါသော်လည်း မကြားသလိုနေရင်း သူမလိုက်ပို့ခိုင်းတဲ့ သူငယ်ချင်းမလေးနဒီ့အိမ်သို့လိုက်ပို့ခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ် အလင်း"
မွန်းသည် ကားထဲကနေထွက်လာပြီးမှ တံခါးပြန်ပိတ်ပေးရင်း ကျေးဇူးတင်စကားပြောတဲ့အခါမှာ အလင်းကမလိုပါဘူးဆိုတဲ့မျက်နှာမျိုးနှင့်ခပ်ပြုံးပြုံးကလေးခေါင်းရမ်းပြသည်။
မွန်းသည် အလင်းရဲ့ကားသူမအနားကနေထွက်သွားပြီးတဲ့နောက် သူမတို့အတူနေခဲ့ကြတဲ့ နဒီ့ရဲ့အိမ်တံခါးကလေးကိုခေါက်လိုက်သည်။
ည ၉နာရီဝန်းကျင်မှာ နဒီသည် သူမရဲ့အခန်းထဲ၌ Facebook သုံးရင်းအနားယူနေချိန်ဖြစ်၍
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် ဖုန်းကလေးကိုခေါင်းရင်းမှာချထားပြီး သေချာရဲ့လားဟု နားစိုက်ထောင်နေသည်။
ဒေါက် ဒေါက်
နောက်တစ်ကြိမ်ထပ်ကြားလိုက်ရတဲ့အခါမှာတော့
မျက်ခုံးများတွန့်ချိုးပြီး အိပ်ယာပေါ်မှထ၍ ညဝတ်အင်္ကျီနဲ့ဘောင်းဘီဝမ်းဆက်ကလေးအပေါ်ကနေ အပေါ်ဝတ်အနွေးထည်လေးတစ်ထပ်ဝတ်လိုက်ကာ အခန်းထဲကနေထွက်လာခဲ့သည်။ မွန်းမရှိကတည်းက မိန်းကလေးတစ်ယောက်တည်းနေရတာဖြစ်ပြီး ဒီအချိန်ညဘက်မှာဘယ်သူနဲ့မှလည်းချိန်းမထားသလို ချစ်သူမောင်ကလည်း သူမနဲ့ messengerမှာစကားပြောနေကြတာဖြစ်တဲ့အတွက် ဘယ်သူကသူမဆီကိုဒီအချိန်လာသလဲဆိုတာ မသင်္ကာဖြစ်နေမိသည်။
"ဘယ် ဘယ်သူလဲ"
ဒီခေတ်ထဲမှာ ပြန်ပေးစွဲတာ အိမ်ထဲဝင်ပြီး အနုကြမ်းစီးတာတွေ လုတာယက်တာတွေကလည်းရှိနေသောကြောင့် ကြောက်ကြောက်လန့်လန့်နှင့် တံမြတ်စည်းရိုးကိုကောက်ကိုင်ကာ ဖြေးဖြေးချင်း တံခါးနားလာခဲ့သည်။
"ဘယ် သူလဲ လို့မေးနေတယ်လေ !"
ပြန်ဖြေသောအသံမကြားတာနဲ့နောက်တစ်ကြိမ်ပြန်မေးလိုက်သည်။
"ငါ ပါ အဟင့် အဟင့် ငါ ပါ နဒီ !"
မိန်းကလေးတစ်ယောက်ရဲ့အသံဖြစ်ကာ အသံတုန်တုန်ရီရီ နှင့် သူမနာမည်ကိုခေါ်သဖြင့် နဒီသည် တံမြတ်စည်းကို အောက်သို့ပစ်ချပြီး တံခါး ဂလန့်ကိုချက်ချင်းဖွင့်လိုက်သည်။ ဂါ၀န်လက်ပြတ်အဖြူလေးနှင့် တရှုံ့ရှုံ့ရှိုက်ငိုနေတဲ့ သူမရဲ့သူငယ်ချင်းမလေးဟာ တံခါးနောက်ကနေပေါ်ထွက်လာသည်။
"မ မွ မွန်း မွန်း !"
နဒီက စွံ့အသွားသည့်အလား မယုံနိုင်စွာငေးကြည့်နေချိန် မွန်းဟာ နဒီ့ကိုပြေးဖက်ရင်း
"ဟီး... အီး... အဟင့် အဟင့် နဒီ ငါ ငါတောင်းပန်ပါတယ်နဒီရယ် ငါတောင်းပန်ပါတယ်"
အတင်းဖက်ပြီးငိုနေတော့ နဒီပါမျက်ရည်များဝဲလာကာသူမကိုနှစ်သိမ့်စွာဖက်ထားပေး၍
"ငနာမလေး ငါ့ကိုပစ်ထားတယ် နင်မရှိပဲ ငါတစ်ယောက်တည်း နေရခက်တာ နင်သိရဲ့လား မွန်းရဲ့ "
နဒီဟာ မွန်းကိုအိမ်ထဲဆွဲသွင်းပြီး တံခါးပြန်ပိတ်ရင်း
"လွန်ခဲ့တဲ့၃လလောက်က နေလင်းကပြောတယ် နင်နဲ့ဆေးရုံမှာတွေ့ခဲ့တဲ့အကြောင်း ဒါပေမဲ့ငါကမယုံဘူးလုပ်နေတာ သူကလည်းတကယ်ပါဆိုပြီးအဟုတ်ကြီးပြောနေတော့ ငါနင့်ကိုအရမ်းစိတ်ဆိုးမိသွားတာ ဘန်ကောက်ကနေပြန်လာပြီး ငါ့ဆီကိုမလာဘဲဘယ်ကိုသွားနေတာလဲ ငါ့ကိုဘာလို့မဆက်သွယ်တာလဲဆိုပြီး!"
နဒီ့ရဲ့အခန်းထဲသို့သူငယ်ချင်းနှစ်ယောက်ဝင်လာကြပြီး နဒီဟာ မွန်းကို အိပ်ယာပေါ်၌ထိုင်ခိုင်း၍
"အခုနင်ကပြန်လာတော့လည်း ကြည့်ပါဦး ငါနင့်ကိုဘယ်လိုစိတ်ဆိုးရမလဲ တိတ် တိတ်တော့ ဘာလို့အရမ်းငိုနေရတာလဲ အခု နင်နားလိုက်ဦး မနက်မှ ငါ့ကို အကျိုးအကြောင်းရှင်းပြ လေ နော် "
နဒီက သူမအတွက်အဝတ်လဲစရာ ပေါ့ပါးမည့်ညဝတ်အင်္ကျီကလေးများထုတ်ပေးဖို့ အိပ်ယာပေါ်မှထလိုက်တဲ့အခါ မွန်းက နဒီ့လက်ကိုဆွဲလိုက်ကာ
"ဟင့်အင်း ငါမအိပ်ချင်ဘူးနဒီ နင် ငါပြောသမျှကိုနားထောင်ပေးပါ ဒီအချိန်က ငါအိပ်ပျော်မယ့်အခြေအနေမဟုတ်ဘူး ပြီးတော့ ငါဒီအကြောင်းအရာတွေကို တစ်ကြိမ်ပဲ ပြောပြမှာ!"
မွန်းသည် နဒီ့အားသူ့ဘေးသို့ဆွဲချလိုက်ပြီး နားထောင်ပေးရန်တောင်းဆိုနေသောကြောင့် နဒီလည်း အိပ်ယာပေါ်မှာ သူမနဲ့အတူ ခေါင်းရင်းမှာမှီထိုင်လိုက်ကာ ခေါင်းညိတ်သည်။
"ငါနားထောင်ပါ့မယ် မွန်း အားလုံးကို ငါ့ကိုရှင်းပြပါ ငါနားထောင်ပေးမယ် "
မွန်းသည် မကုန်နိုင်သောမျက်ရည်များကို ထပ်ပြီးမကျတော့အောင် မျက်တောင်များဖြင့်ပုတ်ထုတ်လိုက်၍
"တကယ်တော့ ငါ နင့်ကိုညာမိတယ် ငါ ဘန်ကောက်ကိုလိုက်သွားတာလည်းမဟုတ်ဘူး စားဖိုမှူးသင်တန်းလည်းမတက်ဘူး အမှန်တိုင်းက......."
မွန်းသည် သူမနဲ့ အတ္တ အကြောင်းကို အတိုချုပ်ကအမှန်တိုင်းရှင်းပြလိုက်သည်။ နဒီစိတ်၀င်တစားနားထောင်ရင်း ဒေါသထွက်လိုက်ရ သနားလိုက်ရနှင့် မွန်းရဲ့ခေါင်းကလေးကိုသူမရဲ့ပုခုံးပေါ်သို့မှီထားစေလိုက်သည်။
"အခု ငါ့ကို သူ့လွှတ်ပေးလိုက်ပြီ ငါ ငါလွတ်လပ်သွားပြီ "
မွန်းဟာ နဒီ့ပုခုံးပေါ်ကနေဆက်ကနဲကောက်ထပြီး နှုတ်ခမ်းက အပြုံးတုတွေပန်ဆင်လျှက် ထိုကဲ့သို့ပြောတဲ့အခါ
"နင် ဟန်မဆောင်ပါနဲ့ နင်သူ့ဆီကလွတ်လာတာကိုမပျော်ဘူးမလား ဟုတ်တယ်မလား နင်သူ့ကို ချစ်နေတာမဟုတ်လား "
နဒီမေးသမျှကမှန်နေသည့်အတိုင်း သူမနှုတ်ဆိတ်နေခဲ့ပြီးမှ
"ဒါပေမဲ့ ငါ သူ့ကိုဆက်မချစ်ရဲဘူး အရမ်းကြောက်တယ် ချစ်ခဲ့မိတာမှန်ပေမဲ့ သူကအရမ်းအတ္တကြီးတယ် ပြီးတော့ သူကငါ့ကို သူ့ဆီမှာရှိနေခဲ့တဲ့အချိန်တွေရဲ့တစ်ဝက်လောက် နှိပ်စက်လာတာ သူ့ကိုကြောက်တယ် ငါသူလွှတ်ပေးတုန်းမှာထွက်မလာဘူးဆိုရင် ငါတစ်သက်လုံးသူ့ဆီမှာ အကျဥ်းသားတစ်ယောက်လိုနေရမှာ ချစ်နေလို့ဆိုပြီး ငါ့ရဲ့ဘဝကြီးကိုအရှုံးမပေးနိုင်ဘူး နဒီရယ် ငါလုပ်ခဲ့တာမှန်တယ်မဟုတ်လားဟင်....."
နဒီက သူမလက်နှစ်ဖက်ကိုယူကာ
"မငိုနဲ့တော့ မွန်း ဖြစ်ခဲ့ပြီးသမျှကဘာမှ ပြင်လို့မရတော့ဘူး နင်သူ့ဆီကထွက်လာခဲ့ပြီပဲ ငါနဲ့အရင်ပဲပျော်ပျော်ကြီးပြန်နေကြရအောင် သူ့ကိုမေ့လိုက်ပါ နင့်အတွက်အဲ့တာကအကောင်းဆုံးလို့ပဲငါထင်တယ်"
မွန်း ခေါင်းတညိတ်ညိတ်နှင့်
"ဟုတ်ပါတယ် ငါမေ့ဖို့ကြိုးစားပါ့မယ် မနက်ဖြန်မနက်ကစပြီး နင်နဲ့ငါအရင်လိုသာမန်ဘ၀ကိုပြန်ပြီးဖြတ်သန်းကြမယ် "
============================
First Day
သူမကိုလွှတ်လိုက်ပြီးတဲ့ပထမဆုံးနေ့။
အတ္တသည် သူမနဲ့နောက်ဆုံးနမ်းခဲ့တဲ့ပြတင်းပေါက်နားမှာသာ ရပ်နေခဲ့သည်။ သူမထွက်သွားကတည်းက တစ်ညလုံး ထိုအတိုင်းရပ်နေခဲ့တာလား။ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။
ဒေါက် ဒေါက်
"သခင်လေး "
ဒေါ်မေတင် တံခါးခေါက်ပြီး ၀င်လာခဲ့တဲ့အခါ
အတ္တက ငေးငိုင်နေရာမှ အပြုံးအရယ်မရှိပဲ ထိုင်းထိုင်းမှိုင်းမှိုင်း လှည့်လာခဲ့သည်။
"ဘာကိစ္စလည်း ဒေါ်တင် "
ဒေါ်မေတင်က အတ္တ အနားထိလျောက်လာခဲ့ရာ
"ဟို မမလေး အခန်းကိုရှင်းလိုက်ရမလား လာမေးတာပါ"
အတ္တက ရုတ်တရက် စိတ်ထဲမှာအရမ်းကြီးတင်းကြပ်သွားကာ
"မရှင်းပါနဲ့ဒေါ်တင် သူထွက်သွားပေမဲ့ သူနေခဲ့တဲ့အတိုင်းပဲရှိနေပါစေ တစ်ခါတစ်ရံ သူရှိနေသလိုမျိုး ခံစားရတာပေါ့"
Advertisement
စိတ်ကူးနဲ့ပြုံးလိုက်တဲ့ သခင်လေးအပြုံးက နာကျင်မှုတွေဘယ်လောက်များ ကပ်ငြိနေလိုက်သလဲ။
ဒေါ်မေတင်လည်း စိတ်မကောင်းစွာနှင့် အတ္တအခန်းထဲမှပြန်ထွက်လာခဲ့ပါသည်။
တစ်နေ့လုံးဒီအခန်းထဲကနေပဲအပြင်မထွက်ချင်
သူမရဲ့အငွေ့အသက်တွေပျောက်သွားမှာကိုပဲစိုးရိမ်နေမိသလိုလို ရင်ထဲကဟာတာတာ ကွက်လပ်ကြီးကို ဘယ်လိုပြန်ဖြည့်ရမှန်းမသိတဲ့အခြေအနေမျိုးဖြစ်နေသည်။
============================
Second Day
သူမ ပုံတွေနဲ့ ပြည့်နှက်နေတဲ့ဒီအခန်းထဲမှာ ထိုဆိုဖာပေါ်မှာ ထိုင်နေရင်း ဘေးမှာရှိနေသည့် ပြန်မသိမ်းရသေးတဲ့ ဂီတာလေး ကိုကောက်ကိုင်လိုက်ပြီး စိတ်ပြေလက်ပျောက် သီချင်းတစ်ပုဒ်ကို ဆိုညည်းမိတဲ့အခါမှာ
🎼
🎼
သီချင်းဟာ သူမကိုဆိုပြခဲ့တဲ့လေထဲကအိမ်သီချင်းဖြစ်နေတဲ့အခါ နှစ်ကြောင်းမြောက်မှာပဲ
ဗုန်း.....
ဂီတာကိုပစ်ချလိုက်ပြီး မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်ပွတ်သတ်ပစ်လိုက်သည်။
"တောက်!"
ရင်ထဲမှာ နှလုံးသားတစ်ခုလုံး လုံး၀ မရှိသလိုခံစားချက်ကြီး။
"နှစ်ရက်ပဲရှိသေးတယ် Baby
နှစ်ရက်ပဲရှိသေးတယ် ကိုယ် ရူးတော့မယ်
ကိုယ် မင်းကို ရူးလောက်အောင်ပြန်လိုချင်တယ်
ကျန်တဲ့ရက်တွေကို ဘယ်လိုနေရမလဲ Babyရယ် မင်းမရှိတဲ့ နောက်ရက်တွေ ကိုယ်ဘယ်လို ဖြတ်သန်းရမလဲ !"
သူမနဲ့မှ ထိန်းချုပ်လို့မရစွာ ခဏခဏကျတတ်သည့်ထိုမျက်ရည်။
တောက်!
အတ္တသည် မတ်တပ်ရပ်ကာ ခုနကထိုင်နေတဲ့ဆိုဖာကို ခြေထောက်နဲ့ပစ်ကန်လိုက်သည်။
ဒေါက် ဒေါက်
"သခင်လေး!"
ဒေါ်မေတင် တံခါးဖွင့်လာခဲ့ရာ မမြင်ခဲ့ဘူးတဲ့ သခင်လေးရဲ့မျက်ရည်ကျနေပုံ။ အတ္တက ဒေါ်မေတင်အား ကြည့်လိုက်ရာ
"သခင်လေး အစားမစာတာ၂ရက်ရှိနေပြီကွယ် ကျန်းမာရေးထိခိုက်မယ် ဒေါ်တင် သခင်လေးကြိုက်တဲ့ဟင်းချက်ထား.."
"ဒေါ်တင် ကျေးဇူးပြုပြီး အခန်းထဲကထွက်သွားလိုက်ပါ နောက်ထပ်လည်းထပ်မ၀င်လာပါနဲ့တော့ အရေးမကြီးရင်မ၀င်လာပါနဲ့"
လေသံကအေးစက်နေပေမဲ့ နောက်ထပ်စကားတစ်ခွန်းသာထပ်ပြီး အတွန့်တက်ခဲ့မယ်ဆိုရင် ဒေါ်မေတင်ကို သူ့အနားမှာရှိတဲ့ ဂီတာဖြင့်ကောက်ပေါက်နိုင်လောက်သောအခြေအနေမျိုးပင်ဖြစ်ပါသည်။
ဒေါ်မေတင်တစ်ယောက် စိတ်ညစ်ညစ်နဲ့
လှေကားမှ ဆင်းလာရင်း အလင်းကိုတွေ့သည့်အခါ
"အလင်းရေ ဒေါ်တင် ပြောစရာရှိလို့ကွယ်"
"ဗျာ ဟုတ်ကဲ့ !"
အလင်းက ဒေါ်မေတင်ဆွဲခေါ်ရာ မီးဖိုခန်းထဲပါလာခဲ့သည်။
"သခင်လေးကကွယ် ၂ရက်တောင်ရှိပြီ အခန်းထဲကလည်းမထွက်အစားလည်းမစားဘူး အခုသွားခေါ်တာလည်း မရဘူး"
အလင်းက သက်ပြင်းချရင်း
"၂ရက်ပဲရှိသေးတာပါ မေတင်ရဲ့ နောက်ထပ်ကြာဦးမှာ သခင်လေးက အသည်းကွဲနေတာ မေတင်လည်းသိတာပဲ ကျွန်တော်တောင်အပေါ်မတက်သေးဘူး ခဏလွှတ်ပေးထားလိုက်ပါ မဟုတ်ရင် မလွယ်ဘူး"
အလင်းပြောတာလည်း မှန်နေသည်မဟုတ်လား။
ဒေါ်မေတင်လည်း အလင်းပြောသလို ထပ်ပြီးမနှောက်ယှက်ဖို့ခေါင်းညိတ်လိုက်သည်။
============================
One Week
သူမကိုလွှတ်ပေးခဲ့တာ တစ်ပတ်ပင်ရှိလာခဲ့ပြီ
စီးကရက်တွေနဲ့သာအဖော်ပြုရင်း မစားမသောက်နေနေမိတာဖြစ်လေရာ သူမကိုလွမ်းတဲ့စိတ် သူမ မရှိတော့ဘူးဆိုတဲ့စိတ် ထိုစိတ်တွေနဲ့ပဲ လူကအရူးတစ်ပိုင်းဖြစ်လာခဲ့သည်။
"Baby ရယ် လွမ်းလိုက်တာ "
လို့ နှုတ်မှ တစ်မိနစ်တစ်ခါ ပင်ထွက်လာတာမျိုး။
ဘယ်နေရာကိုပဲကြည့်ကြည့် သူမ နဲ့အားလုံးထိတွေ့ပတ်သတ်ခဲ့ဖူးတဲ့အမှတ်တရတွေချည်းပါလား။
=====
"အလင်းရေ သခင်လေး ကိုဒီနေ့တော့အပြင်ရအောင်ထွက်ခိုင်းမှဖြစ်မယ် အရမ်းကြာနေပြီ တစ်ခုခုများဖြစ်နေပြီလား ဘုရား ဘုရား "
ဒေါ်မေတင်က အပေါ်တက်သွားတဲ့ အလင်းနောက်မှ ဘုရားတလျှက်လိုက်လာခဲ့သည်။
"ဟုတ်ကဲ့ ကျွန်တော်လည်း အဲ့တာကြောင့် လာခေါ်တာ "
၂ယောက်အတူ သခင်လေးအခန်းရှေ့ရောက်သည့်အခါ
ဒေါက် ဒေါက်
"သခင်လေး"
"သခင်လေး "
ဒေါက် ဒေါက်
"လော့ချထားတယ် မေတင်"
တံခါးလာမဖွင့်သောကြောင့် အလင်းမှ တံခါးလော့ကိုလှည့်ကြည့်ရင်း ဒေါ်မေတင်ကိုပြော လိုက်သည်။
ဒေါက် ဒေါက်
"သခင်လေး တံခါးဖွင့်ပါဦး"
ဒေါက် ဒေါက်
"သခင်လေး နေကောင်းရဲ့လား တစ်ခုခုဖြစ်နေပြီလား "
အတ္တသည် အပြင်က အလင်းအသံကြောင့် ထိုနေရာမှ အားယူကာ မတ်တပ်ရပ်လိုက်လျှင် တစ်ပတ်လောက် စီးကရက်နဲ့ရေမှလွဲ၍ ဘာမှစားထားတဲ့လူမဟုတ်သောကြောင့် ခေါင်းထဲကနေမိုက်ကနဲဖြစ်သွားကာ လူကယိုင်သွားသော်လည်း စိတ်တင်းလို့ပြန်ထိန်းပြီးတံခါးရှိရာအထိ လမ်းလျောက်လာခဲ့သည်။
ချလောက်!
လော့ပွင့်သွားသည့်အခါအလင်းကအရင် တံခါးကိုတွန်းဖွင့်လိုက်ရာ
ဒုတ် ဗုန်း
လဲကျသွားသည့် အတ္တ ကြောင့်
"သခင်လေး သခင်လေး ! သတိထားဦး"
"အလင်းရေ လုပ်ပါဦး "
အလင်းက အတ္တအား မေတင်နဲ့အတူထန်းခေါ်ကာ မွေ့ယာပေါ်မှာ ချပေးလိုက်ပြီး
"ကျွန်တော် မမေသုခ ကိုသွားခေါ်လိုက်မယ် Bossမင်းကိုလတ် ကိုရောအသိပေးရမှာမို့ ဖုန်းဆက်ဖို့အဆင်မပြေဘူး"
"အေ အေး ဒေါ်တင် စောင့်ကြည့်ထားပါ့မယ် မြန်မြန်သွားခေါ်ချေလေ "
=====
အလင်းက ကားကိုတရှိန်ထိုးမောင်းလာပြီး မင်းကိုလတိ အိမ်ကိုဆိုက်မြိုက်စွာရောက်လာခဲ့သည်။ညအိမ်ထဲသို၀င်၀င်ချင်းမှာ အိမ်အပေါ်မှ ဆင်းလာသည့် မေက
"အလင်း ဘာကိစ္စရှိလို့လဲ"
"မမေ တစ်ခါတည်းလိုက်ခဲ့ပါ သခင်လေး လဲ သွားလို့ သူ့အခန်းထဲကနေ တစ်ပတ်လောက် အပြင်မထွက်ပဲနေတာလေ "
ဟု ပြောလာတဲ့အခါမှာ မင်းကိုလတ်က နက်(ခ်)တိုင်ချည်ရင်း မေ့အနောက်မှလိုက်လာ၍
"အဲ့ဒီကောင် အချစ်နာကျနေတာ "
ဟုခပ်ဟဟရယ်ရင်းပြောသည်။
"Bossရော လိုက်ခဲ့ရင်ကောင်းမယ် "
အလင်းက မင်းကိုလတ်ကိုပါအတူလိုက်ခဲ့ဖို့ခေါ်တဲ့အခါ
"ကျစ် အတ္တနဲ့တော့ သူကတစ်ခုခုဆိုရင်ဇွတ် မောင် မောင်ရော လိုက်ခဲ့ပါ့လား အတ္တ ကိုလိုက်ပြီးအားပေးပါ မွန်းသူငယ်ချင်းက မောင့် ကုမ္ပဏီမှာအလုပ်လုပ်တာမဟုတ်လား တစ်ခုခုပြောပြလိုက်ပါ "
မေကလည်း တစ်ပါတည်းခေါ်နေသဖြင့်
"အင်း ကိုယ်လည်းလိုက်ခဲ့ပါ့မယ် "
==============
"ဪ အတ္တ ရာ မင်းကွာ မိုက်မဲကျလိုက်တာ"
မင်းကိုလတ်သည် မျက်ကွင်းတွေကျကာ အနည်းငယ်ပိန်သွားဟန်ရှိပြီး နှုတ်ခမ်းများကလည်းသွေးရောင်မရှိဘဲ ဖြူဖျော့နေသည့် အိပ်ယာပေါ်မှာလဲနေသော အတ္တကိုကြည့်ပြီးရေရွတ်လိုက်သည်။ မေက Drip ချိတ်ပေးပြီး လင်မယားနှစ်ယောက် အတ္တနိုးအလာကို အတူစောင့်နေရာမှ လူးလွန့်လာသည့်ခန္ဓာကိုယ်ကြောင့်
Advertisement
"အတ္တ သတိရပြီလား "
မေက အရင်ကြိုမေးလိုက်သည်။
အတ္တသည် မင်းကိုလတ်နဲ့မေ့ကိုမော့ကြည့်ရင်း ခေါင်းတွေလည်းကိုက်နေသောကြောင့် မျက်မှောင်ကုပ်ထားလျှက် စကားတစ်ခုကို လိုရင်းပဲပြောလိုက်သည်။
"ငါ ဆေးဖြတ်ချင်တယ် မေ !"
မေနှင့်မင်းကိုလတ် တစ်ယောက်ကိုစ်ယောက်ကြည့်ရင်း မင်းကိုလတ်က
"မင်း တကယ် ဖြတ်နိုင်လို့လား "
ဟု စိတ်မချစွာမေးလိုက်သည်။
"ဒုတိယအကြိမ်ပဲ ကြိုးစားကြည့်ရမှာပေါ့ "
ဟု အတ္တမှဆန္ဒရှိစွာပြောလာတဲ့အခါ
"ကောင်းပြီလေ ငါနင့်ဆီ တစ်ပတ်တစ်ခါ လာစစ်မယ် ငါကူညီပါ့မယ် "
ဟု မေက အတ္တရဲ့ဆန္ဒကိုကူညီပေးဖို့ဆုံးဖြတ်သည်။
=============================
Three weeks
ဒီနေ့ဟာ သူမကိုလွှတ်ပေးလိုက်တာ ၃ပတ်မြောက်တဲ့နေ့ဖြစ်သည်။ အိပ်ယာထဲသို့လဲသွားတာလည်း၂ရက်လောက်ကြာလိုက်ပြီး အခုတော့ပုံမှန်အတိုင်းထူထူထောင်ထောင်ပဲဖြစ်ပါသည်။
၁ပတ်တစ်ခါ မေက ဆေးလာစစ်နေကျဖြစ်ပြီး ဆေးမချမိအောင်လည်း အတော်ကလေးထိန်းသိမ်းနေရသည်။ အဓိက ကတော့စိတ်ပဲဖြစ်သည်။ ကိုယ့်ရဲ့စိတ်ကို နိုင်အောင်ထိန်းပြီး အသိတရားရှိနေရမည်ဖြစ်သည်။
အိမ်မှာလည်း ဆေးနဲ့ပတ်သတ်ပြီးမူးလို့ပင်ရှူစရာမရှိအောင် အလင်းအားကိစ္စဖြတ်ထားတာမို့ အရင်လိုလွယ်လင့်တကူ ကောက်ရှူစရာလည်းမရှိပါ။
ကိုယ့်ရဲ့ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်နိုင်ရန် ညစ်ညမ်းခဲ့သောဘဝရဲ့အရင်အချိန်များကို ဆေးကြောရန်အတွက် ဒီလိုကိုယ့်စိတ်ကို အားပေးထိန်းသိမ်းပြီး နေလာခဲ့ရာ ၂ပတ်မြောက်အထိ ဆေးမချဘဲအောင်မြင်စွာနေနိုင်ခဲ့တာကို မေမှအားပေးချီးကျူးသွားပါသေးသည်။
============================
One month
၁လပြည့်သောနေ့မှာ အတ္တသည် သူမအခန်းထဲသို့ပထမဆုံးအနေနဲ့ခြေချခဲ့ပါသည်။ သူမနေသွားတုန်းကတိုင်း ဘာမှ မပြောင်းလဲခဲ့ပဲရှိနေပါသော်လည်း သူမတစ်ယောက်ဟာတော့ရှိမနေတော့ပါ။
သူမဆီကအငွေ့အသက်အချို့ကျန်ရှိနေမယ့် အိပ်ယာပေါ်သို့ ခေတ္တမှေးဆက်ရန် ထိုင်လိုက်သည်။
သူမရဲ့ဆံပင်မွှေးတစ်ချို့ကပ်နေသော ခေါင်းအုံးကလေးကိုဖွဖွကလေးဖိပုတ်လိုက်တဲ့အခါ ခေါင်းအုံးအောက်မှ မြင်လိုက်ရသည့် စာအုပ်လေးတစ်အုပ်ရဲ့အစွန်းတစ်ဖက်အား အတ္တ ဆွဲထုတ်ကြည့်လိုက်ရာ
အနက်ရောင် ခပ်သေးသေးဒိုင်ယာရီစာအုပ်ကလေးတစ်အုပ်ဖြစ်သည်။
စာအုပ်ရဲ့ပထမစာမျက်နှာကိုလှန်ကြည့်လိုက်တော့
'´ ဆိုတဲ့ သူမရဲ့ ခပ်သော့်သော့်လက်ရေးကလေးကိုတွေ့ရသည်။
အတ္တလည်း ဆက်ပြီးနောက်တစ်ရွက်ကိုလှန်ဖတ်လိုက်လျှင်
အတ္တက စာအုပ်ကိုပိတ်ကာ ကျလာသည့်မျက်ရည်တွေကိုမသုတ်မိဘဲ
"ဟား... Babyရယ် ကိုယ်အခုသိပါပြီ Babyရယ် အခုမင်းသိပ်ချစ်ခဲ့မှန်းကိုယ်သိပါပြီ ကိုယ်ရူးတော့မယ် Babyရဲ့ မင်းပြန်မလာခဲ့ရင် ကိုယ်တကယ်ရူးတေ့မယ် ကိုယ့်ရင်ဘက်ကြီးနဲ့ နှလုံးသားကလည်း ရစရာမရှိအောင်စုတ်ပြတ်နေပါပြီ မင်းမရှိရင် ကိုယ်အသက်ရှင်လို့မရတော့ဘူး ....."
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(46)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(45)
ေဒၚေမတင္ႏွင့္သက္သက္ကိုေတာင္ မႏႈတ္ဆက္နိုင္ခဲ့ဘဲ ထိုအိမ္ႀကီးကေနအတင္းေျပးထြက္လာခဲ့ၿပီး အိမ္ေရွ႕မွာအသင့္ေစာင့္ေနသည့္အလင္း တံခါးဖြင့္ေပးေသာကားထဲကို ဝင္ထိုင္လိုက္သည္။
မ်က္ရည္ေတြကိုလက္ျဖင့္သုတ္ပစ္လိုက္ၿပီး အလင္းေမာင္းနဲ႕ကားကိုစီးကာ သူ႕ဆီကေနအၿပီးအပိုင္လြတ္ေျမာက္စြာထြက္ခြာခဲ့ပါၿပီ။
တဟင့္ ဟင့္ရွိုက္သံအခ်ိဳ႕ကို အလင္းၾကားေနရပါေသာ္လည္း မၾကားသလိုေနရင္း သူမလိုက္ပို႔ခိုင္းတဲ့ သူငယ္ခ်င္းမေလးနဒီ့အိမ္သို႔လိုက္ပို႔ခဲ့ပါသည္။
"ေက်းဇူးတင္ပါတယ္ အလင္း"
မြန္းသည္ ကားထဲကေနထြက္လာၿပီးမွ တံခါးျပန္ပိတ္ေပးရင္း ေက်းဇူးတင္စကားေျပာတဲ့အခါမွာ အလင္းကမလိုပါဘူးဆိုတဲ့မ်က္ႏွာမ်ိဳးႏွင့္ခပ္ၿပဳံးၿပဳံးကေလးေခါင္းရမ္းျပသည္။
မြန္းသည္ အလင္းရဲ႕ကားသူမအနားကေနထြက္သြားၿပီးတဲ့ေနာက္ သူမတို႔အတူေနခဲ့ၾကတဲ့ နဒီ့ရဲ႕အိမ္တံခါးကေလးကိုေခါက္လိုက္သည္။
ည ၉နာရီဝန္းက်င္မွာ နဒီသည္ သူမရဲ႕အခန္းထဲ၌ Facebook သုံးရင္းအနားယူေနခ်ိန္ျဖစ္၍
ေဒါက္ ေဒါက္
တံခါးေခါက္သံေၾကာင့္ ဖုန္းကေလးကိုေခါင္းရင္းမွာခ်ထားၿပီး ေသခ်ာရဲ႕လားဟု နားစိုက္ေထာင္ေနသည္။
ေဒါက္ ေဒါက္
ေနာက္တစ္ႀကိမ္ထပ္ၾကားလိုက္ရတဲ့အခါမွာေတာ့
မ်က္ခုံးမ်ားတြန့္ခ်ိဳးၿပီး အိပ္ယာေပၚမွထ၍ ညဝတ္အကၤ်ီနဲ႕ေဘာင္းဘီဝမ္းဆက္ကေလးအေပၚကေန အေပၚဝတ္အႏြေးထည္ေလးတစ္ထပ္ဝတ္လိုက္ကာ အခန္းထဲကေနထြက္လာခဲ့သည္။ မြန္းမရွိကတည္းက မိန္းကေလးတစ္ေယာက္တည္းေနရတာျဖစ္ၿပီး ဒီအခ်ိန္ညဘက္မွာဘယ္သူနဲ႕မွလည္းခ်ိန္းမထားသလို ခ်စ္သူေမာင္ကလည္း သူမနဲ႕ messengerမွာစကားေျပာေနၾကတာျဖစ္တဲ့အတြက္ ဘယ္သူကသူမဆီကိုဒီအခ်ိန္လာသလဲဆိုတာ မသကၤာျဖစ္ေနမိသည္။
"ဘယ္ ဘယ္သူလဲ"
ဒီေခတ္ထဲမွာ ျပန္ေပးစြဲတာ အိမ္ထဲဝင္ၿပီး အႏုၾကမ္းစီးတာေတြ လုတာယက္တာေတြကလည္းရွိေနေသာေၾကာင့္ ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ တံျမတ္စည္းရိုးကိုေကာက္ကိုင္ကာ ေျဖးေျဖးခ်င္း တံခါးနားလာခဲ့သည္။
"ဘယ္ သူလဲ လို႔ေမးေနတယ္ေလ !"
ျပန္ေျဖေသာအသံမၾကားတာနဲ႕ေနာက္တစ္ႀကိမ္ျပန္ေမးလိုက္သည္။
"ငါ ပါ အဟင့္ အဟင့္ ငါ ပါ နဒီ !"
မိန္းကေလးတစ္ေယာက္ရဲ႕အသံျဖစ္ကာ အသံတုန္တုန္ရီရီ ႏွင့္ သူမနာမည္ကိုေခၚသျဖင့္ နဒီသည္ တံျမတ္စည္းကို ေအာက္သို႔ပစ္ခ်ၿပီး တံခါး ဂလန့္ကိုခ်က္ခ်င္းဖြင့္လိုက္သည္။ ဂါ၀န္လက္ျပတ္အျဖဴေလးႏွင့္ တရႈံ႕ရႈံ႕ရွိုက္ငိုေနတဲ့ သူမရဲ႕သူငယ္ခ်င္းမေလးဟာ တံခါးေနာက္ကေနေပၚထြက္လာသည္။
"မ မြ မြန္း မြန္း !"
နဒီက စြံ႕အသြားသည့္အလား မယုံနိုင္စြာေငးၾကည့္ေနခ်ိန္ မြန္းဟာ နဒီ့ကိုေျပးဖက္ရင္း
"ဟီး... အီး... အဟင့္ အဟင့္ နဒီ ငါ ငါေတာင္းပန္ပါတယ္နဒီရယ္ ငါေတာင္းပန္ပါတယ္"
အတင္းဖက္ၿပီးငိုေနေတာ့ နဒီပါမ်က္ရည္မ်ားဝဲလာကာသူမကိုႏွစ္သိမ့္စြာဖက္ထားေပး၍
"ငနာမေလး ငါ့ကိုပစ္ထားတယ္ နင္မရွိပဲ ငါတစ္ေယာက္တည္း ေနရခက္တာ နင္သိရဲ႕လား မြန္းရဲ႕ "
နဒီဟာ မြန္းကိုအိမ္ထဲဆြဲသြင္းၿပီး တံခါးျပန္ပိတ္ရင္း
"လြန္ခဲ့တဲ့၃လေလာက္က ေနလင္းကေျပာတယ္ နင္နဲ႕ေဆး႐ုံမွာေတြ႕ခဲ့တဲ့အေၾကာင္း ဒါေပမဲ့ငါကမယုံဘူးလုပ္ေနတာ သူကလည္းတကယ္ပါဆိုၿပီးအဟုတ္ႀကီးေျပာေနေတာ့ ငါနင့္ကိုအရမ္းစိတ္ဆိုးမိသြားတာ ဘန္ေကာက္ကေနျပန္လာၿပီး ငါ့ဆီကိုမလာဘဲဘယ္ကိုသြားေနတာလဲ ငါ့ကိုဘာလို႔မဆက္သြယ္တာလဲဆိုၿပီး!"
နဒီ့ရဲ႕အခန္းထဲသို႔သူငယ္ခ်င္းႏွစ္ေယာက္ဝင္လာၾကၿပီး နဒီဟာ မြန္းကို အိပ္ယာေပၚ၌ထိုင္ခိုင္း၍
"အခုနင္ကျပန္လာေတာ့လည္း ၾကည့္ပါဦး ငါနင့္ကိုဘယ္လိုစိတ္ဆိုးရမလဲ တိတ္ တိတ္ေတာ့ ဘာလို႔အရမ္းငိုေနရတာလဲ အခု နင္နားလိုက္ဦး မနက္မွ ငါ့ကို အက်ိဳးအေၾကာင္းရွင္းျပ ေလ ေနာ္ "
နဒီက သူမအတြက္အဝတ္လဲစရာ ေပါ့ပါးမည့္ညဝတ္အကၤ်ီကေလးမ်ားထုတ္ေပးဖို႔ အိပ္ယာေပၚမွထလိုက္တဲ့အခါ မြန္းက နဒီ့လက္ကိုဆြဲလိုက္ကာ
"ဟင့္အင္း ငါမအိပ္ခ်င္ဘူးနဒီ နင္ ငါေျပာသမွ်ကိုနားေထာင္ေပးပါ ဒီအခ်ိန္က ငါအိပ္ေပ်ာ္မယ့္အေျခအေနမဟုတ္ဘူး ၿပီးေတာ့ ငါဒီအေၾကာင္းအရာေတြကို တစ္ႀကိမ္ပဲ ေျပာျပမွာ!"
မြန္းသည္ နဒီ့အားသူ႕ေဘးသို႔ဆြဲခ်လိဳက္ၿပီး နားေထာင္ေပးရန္ေတာင္းဆိုေနေသာေၾကာင့္ နဒီလည္း အိပ္ယာေပၚမွာ သူမနဲ႕အတူ ေခါင္းရင္းမွာမွီထိုင္လိုက္ကာ ေခါင္းညိတ္သည္။
"ငါနားေထာင္ပါ့မယ္ မြန္း အားလုံးကို ငါ့ကိုရွင္းျပပါ ငါနားေထာင္ေပးမယ္ "
မြန္းသည္ မကုန္နိုင္ေသာမ်က္ရည္မ်ားကို ထပ္ၿပီးမက်ေတာ့ေအာင္ မ်က္ေတာင္မ်ားျဖင့္ပုတ္ထုတ္လိုက္၍
"တကယ္ေတာ့ ငါ နင့္ကိုညာမိတယ္ ငါ ဘန္ေကာက္ကိုလိုက္သြားတာလည္းမဟုတ္ဘူး စားဖိုမႉးသင္တန္းလည္းမတက္ဘူး အမွန္တိုင္းက......."
မြန္းသည္ သူမနဲ႕ အတၱ အေၾကာင္းကို အတိုခ်ဳပ္ကအမွန္တိုင္းရွင္းျပလိုက္သည္။ နဒီစိတ္၀င္တစားနားေထာင္ရင္း ေဒါသထြက္လိုက္ရ သနားလိုက္ရႏွင့္ မြန္းရဲ႕ေခါင္းကေလးကိုသူမရဲ႕ပုခုံးေပၚသို႔မွီထားေစလိုက္သည္။
"အခု ငါ့ကို သူ႕လႊတ္ေပးလိုက္ၿပီ ငါ ငါလြတ္လပ္သြားၿပီ "
မြန္းဟာ နဒီ့ပုခုံးေပၚကေနဆက္ကနဲေကာက္ထၿပီး ႏႈတ္ခမ္းက အၿပဳံးတုေတြပန္ဆင္လွ်က္ ထိုကဲ့သို႔ေျပာတဲ့အခါ
"နင္ ဟန္မေဆာင္ပါနဲ႕ နင္သူ႕ဆီကလြတ္လာတာကိုမေပ်ာ္ဘူးမလား ဟုတ္တယ္မလား နင္သူ႕ကို ခ်စ္ေနတာမဟုတ္လား "
နဒီေမးသမွ်ကမွန္ေနသည့္အတိုင္း သူမႏႈတ္ဆိတ္ေနခဲ့ၿပီးမွ
"ဒါေပမဲ့ ငါ သူ႕ကိုဆက္မခ်စ္ရဲဘူး အရမ္းေၾကာက္တယ္ ခ်စ္ခဲ့မိတာမွန္ေပမဲ့ သူကအရမ္းအတၱႀကီးတယ္ ၿပီးေတာ့ သူကငါ့ကို သူ႕ဆီမွာရွိေနခဲ့တဲ့အခ်ိန္ေတြရဲ႕တစ္ဝက္ေလာက္ ႏွိပ္စက္လာတာ သူ႕ကိုေၾကာက္တယ္ ငါသူလႊတ္ေပးတုန္းမွာထြက္မလာဘူးဆိုရင္ ငါတစ္သက္လုံးသူ႕ဆီမွာ အက်ဥ္းသားတစ္ေယာက္လိုေနရမွာ ခ်စ္ေနလို႔ဆိုၿပီး ငါ့ရဲ႕ဘဝႀကီးကိုအရႈံးမေပးနိုင္ဘူး နဒီရယ္ ငါလုပ္ခဲ့တာမွန္တယ္မဟုတ္လားဟင္....."
နဒီက သူမလက္ႏွစ္ဖက္ကိုယူကာ
"မငိုနဲ႕ေတာ့ မြန္း ျဖစ္ခဲ့ၿပီးသမွ်ကဘာမွ ျပင္လို႔မရေတာ့ဘူး နင္သူ႕ဆီကထြက္လာခဲ့ၿပီပဲ ငါနဲ႕အရင္ပဲေပ်ာ္ေပ်ာ္ႀကီးျပန္ေနၾကရေအာင္ သူ႕ကိုေမ့လိုက္ပါ နင့္အတြက္အဲ့တာကအေကာင္းဆုံးလို႔ပဲငါထင္တယ္"
မြန္း ေခါင္းတညိတ္ညိတ္ႏွင့္
Advertisement
- In Serial7 Chapters
The Partridge in the Pear Tree
Meg Chukar is a senior in high school was forced to marry her boyfriend by her religiously strict parents after learning that she was pregnant. Shocked and disturbed by the turn of event she must decide how she and her new husband will traverse the trials coming from within and without their relationship. With the baby on the way, Meg must face adulthood earlier than expected.
8 197 - In Serial64 Chapters
Softest Lips | on hold
𝐒𝐩𝐢𝐧-𝐨𝐟𝐟 𝐭𝐨 𝐈𝐧 𝐇𝐞𝐫 𝐌𝐢𝐧𝐝-"I just kissed the softest lips that god has ever madeAnd I am so in love with the girl to whom these lips he gave." Orianne was a lover girl, whom some considered a hopeless romantic, but she wouldn't dare let the opinions of others knock her off her pivot. She was a young woman who knew what she wanted, and to her, there was nothing wrong with that. She desired the husband, children, dates, random gifts, trips, family outings, and so on.Some would say the reason she can't keep a man is because her standards are high. Which is a ridiculous take. Yes, her standards may be "high," but that's because her father set the tone. She knows what she wants and how she's supposed to be treated, and if you're not giving her that, then you have to go. Out of the few men she has dealt with, she lets them know beforehand what she wants, and it's not her fault that they choose to lead her on under the impression that they wanted the same thing. Another reason men tend to leave her alone is because she's a woman of status, a woman of her word, and a woman about her business. She handles her own and has her own which tends to bruise a man's ego. When asked what she brings to the table, she has a solid answer. She doesn't just bring herself or her body-that's the bonus-she brings communication, trust, comprehension, stability, submission, commitment, and so on. The main question of the matter is, how will Miss. Orianne react when a 19 year old wants to sweep her off her feet and give her everything she wants and more?𝐜𝐨𝐯𝐞𝐫 𝐛𝐲: me
8 116 - In Serial31 Chapters
Something Precious {H.S.}
Sequel to: Something Special {H.S} YOU MUST READ THE FIRST BOOK TO UNDERSTAND THIS STORY OR YOU WILL BE LOST SIS. .*Not Edited*there WILL be grammar mistakes* Please vote! ♡.......................................................After finding out a unexpected secret on the day of her husband's funeral, Ellie Styles is beyond lost. With the help of her remaining friends and family, she believes that she'll eventually overcome and accept these hard times.But just as Ellie thinks that she's doing a little bit better, someone randomly pops into her life and flips things upside down. Everything is not as it seems.There is something precious at the end of the tunnel but will Ellie be able to survive long enough to find it?
8 106 - In Serial74 Chapters
Who Are You
In which, a girl with the same name as Min Yoongi's ex, texts him by mistake and he confuses her to be his ex."I would choose your thunder, I would choose your rain. Over anyone's sunshine."A Min Yoongi TextfictionBest Rankings:#4 in Romance #2 in Fanfiction#4 in bts #1 in btssuga#1 in btsfanfic#1 in suga
8 257 - In Serial25 Chapters
Eremika High
This is the beginning of my big project... To write The whole of Eren and Mikasa's life from early highschool to...* Sorry spoilers*! This is eremika high and how Eren just moved into a house next to mikasa's. They like eachover, but both really believe the other doesn't so end up getting boyfriends or girlfriends..... Also some other stuff...
8 226 - In Serial26 Chapters
12:22
-When two strangers, a fashion designer crosses paths with a model, they always find their way back to one another.
8 245

