《အတ္တလွန်အချစ် (OC) Completed》Extra Part (1) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
Extra Part 1
ခန္ဓာကိုယ်ကလေး တစ်ဖက်သို့စောင်းလိုက်ပြီး နွေးထွေးစွာသောအငွေ့အသက်များနှင့် ကိုယ်သင်းနံ့တို့ကြောင့် ဆက်အိပ်နေချင်သေးပေမဲ့ နိုးနေပြီဖြစ်သဖြင့် မျက်လုံးကလေးဖွင့်ကြည့်လိုက်လျှင်
" ဟင်! "
ခေါင်းကိုလက်နှင့်ထောက်ပြီး တစောင်းလှဲနေလျှက် သူမရဲ့ဆံပင်တွေကိုအသာကလေးသပ်ပေး၍ ပြုံးကြည့်နေသော အတ္တသည် မနေ့ညကသူမအိပ်ယာဝင်ကတည်းကဒီပုံစံအတိုင်းဖြစ်ပါသည်။
"ကို...တစ်ညလုံးမအိပ်တာတော့မဟုတ်ပါဘူးနော်"
မွန်းက သူ့ရင်ခွင်ထဲကနေမော့မော့လေး မေးလိုက်တော့ သူကပြုံးနေလျှက်ပဲ။
" အင်း...ကိုယ်မအိပ်ရသေးဘူး"
မွန်းသည်မျက်လုံးကလေးဝိုင်းသွားပြီး ဘာလို့မအိပ်တာလဲဆိုတဲ့ပုံစံနဲ့ခေါင်းကလေးထောင်ကြည့်လိုက်သည်။
"မင်းပျောက်သွားမှာစိုးလို့ ကိုယ်အိပ်ပျော်နေတုန်း ကိုယ့်ကိုထပ်ပြီးထားသွားမှာစိုးလို့ "
ဆို၍ မွန်းရဲ့လက်ကလေးကိုလှမ်းဆွဲပြီး လက်ဖမိုးကလေးကို သူ့နှုတ်ခမ်းများနှင့်ဖိနမ်းလိုက်သည်။
"မွန်းက ကို့ဆီကိုအပြီးပြန်လာတာလေ ဘာလို့လဲ မယုံဘူးလား"
မွန်းက ပုံမှန်အတိုင်းမျက်စောင်းကလေးချီပြီးပြောလိုက်ပေမဲ့ သူကတော့အခုထိစိတ်ချတဲ့ပုံမပေါ်သေးပေ။
မွန်းကို တစ်ချိန်လုံးသူ့ရဲ့ဆန္ဒတွေပြည့်ဝသွားသလို ကောင်းကင်ကနေဆုကြီးကြီးချီးမြှောက်လိုက်လို့ဝမ်းသာမဆုံးသော မျက်ဝန်းများနှင့် ငေးနေကြည့်နေသည်။
"Baby ကိုယ်မင်းကိုချစ်တယ် "
ရုတ်တရက် သူဆိုလာတဲ့ဒီစကားကြောင့် မွန်းရဲ့နှုတ်ခမ်းကလေးကကွေးညွှတ်ကော့တက်သွားအောင်ပြုံးသွားပြီး သူ့ရဲ့လက်ကိုအရှိန်နဲ့ဆွဲကာ သူ့ခန္ဓာကိုယ်ကြီးပါလာတဲ့အထိဆွဲထူလိုက်သည်။ အိပ်ယာခြေရင်းမှာထိုင်နေသော မွန်းဆီသို့ အတ္တဟာအလိုက်သင့် ပါလာခဲ့သည်။
"မွန်း ကို့ကိုတောင်းဆိုစရာတွေ...အမ်....ပြောရမယ်ဆိုရင် ကို သေချာပေါက်လိုက်လျောပေးရမယ့်ကိစ္စတွေပေါ့ "
"အားလုံးလိုက်လျောပေးမယ်"
အတ္တဘက်မှ ဒီလိုအလွယ်တကူစကားဆိုလာတော့ မွန်းကသူ့ကိုပြူးကြည့်လိုက်သည်။
"နေပါဦး မွန်းကဘာတွေတောင်းဆိုမလဲဆိုတာ သိလို့လား"
ထိုအခါ သူကခေါင်းခါပြီး
"မလိုပါဘူး ကိုယ့်အနားကနေထွက်သွားမယ့်ကိစ္စကလွဲပြီး ဘာပဲဖြစ်ဖြစ်အကုန်လိုက်လျောပေးမှာ "
သူတကယ်ပဲ မွန်းကို အဲ့သလောက်တောင်ပြန်လိုချင်တာလား ။
မွန်းသည် အိပ်ယာပေါ်ကနေဆင်းပြီး အတ္တရဲ့လက်ကိုလှမ်းဆွဲလိုက်၍
"လာ...အောက်ဆင်းကြစို့ မွန်းဗိုက်ဆာနေပြီ မေတင်တို့ကိုလည်း နှုတ်မဆက်ရသေးဘူး မနက်စာစားရင်းနဲ့ ရှေ့ရေးအတွက်တိုင်ပင်ကြမယ် "
အတ္တလည်း သူမဆွဲတဲ့ဆီသို့ အလိုက်သင့်ပါလာရင်း အတူတူ အောက်ထပ်သို့ဆင်းလာကြသည်။
" မေတင်! "
မွန်းက ထမင်စားခန်းသို့ဝင်လျှင်ဝင်ချင်း ဟင်းချက်နေသောဒေါ်မေတင့်ကို ခေါ်လိုက်သည်။
ဒေါ်မေတင်ကလှည့်ကြည့်သလို သက်သက်ကလည်း နောက်မှာရှိသောအခန်းထဲမှထွက်လာလေ၏။
" မွန်းလေး "
မေတင်က မွန်းကိုဝမ်းသာအားရခေါ်လိုက်တဲ့အခါ မွန်းသည် မေတင့်ကိုပွေ့ဖက်လိုက်ပါသည်။မွန်းကိုသူချုပ်နှောင်ထားစဥ်အခါမှ ဒီအိမ်ကြီးမှာ မွန်းအခင်ရဆုံးဟာ မေတင်ဖြစ်ပါသည်။
"မနေ့ညက သမီးပြန်လာတာကိုသိပေမဲ့ ဟုတ်ရဲ့လားလို့စိတ်ပူနေတာ သမီးနဲ့သခင်လေးနဲ့ ဆင်းအလာကိုပဲစောင့်နေရတာ"
"မွန်း ပြန်လာတာပါမေတင်ရဲ့...ဒီကရှေ့ မေတင်တော့တာဝန်ပိုတော့မယ် မွန်းကိုရော ကို့ကိုပါဂရုစိုက်ရမှာမို့လို့"
"မပိုရပါဘူးကွယ်...မေတင့်တာဝန်တွေပါ သမီးပြန်လာတာကိုအရမ်းဝမ်းသာပါတယ်ကွယ် "
တစ်ဖန်သက်သက်ကလည်း မွန်းနဲ့မေတင့်အနားသို့ရောက်လာပြီး
"မမလေးသိလား သက်သက်ဆိုရင်မမလေးကိုအရမ်းသတိရတာပဲ မနေ့က မမလေးကိုမြင်လိုက်တော့ မေးမလို့ကို မေတင်ကနေဦးဆိုတာနဲ့ရင်ထဲတနုံ့နုံ့ဖြစ်နေတာ"
ထိုအခါ မွန်းကသက်သက့်ဘက်သို့လှည့်၍
"မွန်းလည်း သက်သက်ကိုသတိရပါတယ် အခုတော့နေ့တိုင်းတွေ့ရတော့မှာပဲ"
မွန်းဟာ ဒေါ်မေတင်နဲ့သက်သက်ကို သူမ၏မိသားစုတွေလို နှုတ်ဆက်နေသည်အား အတ္တသည်ထမင်းစားခန်းတံခါးကိုမှီ၍ လက်ပိုက်လျှက်ကြည့်နေသည်။ မွန်းလည်း သူ့ကိုတစ်ချက်ကြည့်ကာ ထမင်းစားစားပွဲကကုလားထိုင်မှာ ထိုင်ဖို့မေးငေါ့ပြလိုက်သည်။ အတ္တသည် မွန်းညွှန်ပြတဲ့ကုလားထိုင်ကိုဆွဲထုတ်ပြီး ဝင်ထိုင်လိုက်တဲ့အခါ မွန်းကသူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး
"မေတင်...မနက်စာလေးဘာရှိလဲဟင် မွန်းမနေ့ညကတည်းကဘာမှမစားထားတော့ဗိုက်ဆာနေတာ"
" နွားနို့ရှိတယ် သမီး မေတင်ပေါင်မုန့်မီးကင်ပြီးထောပတ်သုတ်ပေးရမလား"
" ကောင်းသားပဲ"
" သခင်လေးရော ဘာစားမလဲ "
" ရပါတယ် ကျွန်တော်လည်းအဲ့လိုပဲစားလိုက်မယ် "
မေတင်က သက်သက်အားနွားနို့နွှေးခိုင်းပြီး ရေခဲသေတ္တာထဲမှပေါင်မုန့်သွားထုတ်လေသည်။ မွန်းသည် ရှေ့တည့်တည့်မှာလက်ပိုက်ပြီးထိုင်နေတဲ့ အတ္တကိုမေးထောက်လျှက်ကြည့်နေရင်း
"မေတင်...အတ္တ အစားပုံမှန်စားရဲ့လား ပိန်သွားတယ်နော် "
ဟု ဒေါ်မေတင်ကိုလှည့်ပြီးမေးတဲ့အခါ ဒေါ်မေတင်က ပေါင်မုန့်ကိုဓားနှင့်လှီးလျှက်
"သိပ်မစားဘူး သမီးရဲ့ သခင်လေးကမနက်ဆိုလည်းနည်းနည်းပဲ နေ့လည်တော့ကုမ္ပဏီမှာဘာတွေစားလဲမသိဘူး ညစာဆိုလည်းတစ်ခါတစ်လေ လွတ်သွားတယ်"
ဒေါ်မေတင်ကအမှန်တိုင်းပြောပြနေသောကြောင့် အတ္တလည်းသူ့ကိုမျက်မှောင်ကုပ်ကြည့်နေသည့် မွန်းအားခပ်ပြေပြေလေးပြုံးပြလိုက်သည်။
"ဟုတ်လား...ဒီကရှေ့ ကို့ ကိုအစားစားချိန်ပုံမှန်ဖြစ်အောင်လုပ်ရမယ် မွန်းကိုယ်တိုင်ချက်ကျွေးမှာ ဒါမှ မျက်နှာပြန်ပြည့်လာပြီး အရင်လိုပြန်ချောလာအောင်လို့ "
အတ္တက သူမစကားကိုကြားတဲ့အခါမျက်ခုံးတစ်ချက်ပင့်တက်သွားသည်။
"Baby ကိုယ်တိုင်ချက်ကျွေးတာကဟုတ်ပါပြီ ကိုယ်ကအခုရောမချောဘူးလား "
သက်သက်က ပေါင်မုန့်ထောပတ်သုတ်နှင့် နွားနို့တစ်ခွက်စီကို စားပွဲပေါ်သို့လာချပေးပြီးပြန်ထွက်သွားသည်။ မွန်းက ပေါင်မုန့်တစ်ခုကိုယူပြီးတစ်ကိုက် ကိုက်လိုက်၍
"အခုလည်းချောပါတယ်"
အတ္တကတော့ နွားနို့ကိုအရင်သောက်ပြီးမှ တစ်ခုခုကို သတိရသွားကာ
"အလင်း.... အလင်း....."
အလင်းကို လှမ်းခေါ်လိုက်သည်။ အလင်းဟာ မိနစ်ပိုင်းလောက်မှ လှေကားအောက်မှာရှိသော အခန်းကလေးနေထွက်လာသည်။ ထိုအခန်းဟာ အတ္တ၏အလုပ်ခန်းဖြစ်လိမ့်မည်။ အခုတော့ အရင်ကလောက်လည်း လူအများကြီးသိပ်မရှိတော့ဘဲ အလင်းကိုလည်း ဒီအိမ်ထဲမှာခေါ်ထားပုံရသည်။
"ဗျာ သခင်လေး"
"ဒီနေ့ ငါ ကုမ္ပဏီကိုနည်းနည်းနောက်ကျမှလာမယ် မင်းသွားနှင့်လိုက်တော့ "
" သြော်...ဟုတ်ကဲ့သခင်လေး "
အလင်းက သူ၏သခင်လေးကိုခေါင်းငုံ့နှုတ်ဆက်ပြီးမှ
" မမလေး..ပြန်လာတာဝမ်းသာပါတယ်"
ဟုမွန်းကိုလည်း နှုတ်ဆက်သည်။ မွန်းလည်း ပြန်ပြုံးလိုက်တဲ့အခါ အလင်းဟာ အတ္တခိုင်းတဲ့အတိုင်း ကုမ္ပဏီသို့ထွက်သွားလေသည်။
မွန်းလည်း သူမကြာခင်ကုမ္ပဏီသို့သွားရတော့မည်ဆိုတာသိသဖြင့် သူမဆန္ဒတွေကိုပြောဖို့အတွက် ပေါင်မုန့်တစ်ခုကုန်အောင်စားပြီး တစ်ရှူးဖြင့်လက်သုတ်လိုက်သည်။
"မွန်းပြောစရာရှိတယ်"
"အင်း ကိုယ်နားထောင်နေတယ်"
"ရှင် အရင်လိုမွန်းကိုလုံးဝမချုပ်ချယ်ရဘူး မွန်းကရှင့်ဆီကိုပြန်လာတယ် ဒီမှာနေမယ်ဆိုပေမဲ့ မွန်းအပြင်သွားစရာရှိရင်လည်းသွားမယ် နဒီ့ကိုလည်းဘာမှမပြောရသေးတာမို့ နဒီ့ဆီကိုလည်းသွားလည်တဲ့အခါ ခွင့်ပြုရမယ် ပြီးတော့ မွန်းကိုဖုန်းပေးကိုင်ရမယ် "
" ကိုယ့်ဖုန်းကိုလား "
အတ္တဟာ သူ့ဘောင်းဘီအိတ်ထောင်ထဲက သူ၏ I phone 11 ကြီးကိုထုတ်ပေးနေသည်။
Advertisement
ထိုအခါမွန်းက ခပ်ဟဟပြုံး၍
"မွန်းက ရှင့်ဖုန်းကိုဘာလို့တောင်းရမှာလဲ မွန်းရဲ့ကိုယ်ပိုင်ဖုန်းကိုပြောတာ အရင်ကရှင်မွန်းကို ဖုန်းပေးမကိုင်ဘူးလေ "
အတ္တက ခေါင်း၂ချက်ညိတ်ပြီး
"ကိုယ်ဝယ်ပေးရမှာလား "
" မလိုပါဘူး မွန်းမှာရှိပါတယ် နဒီ့အိမ်မှာကျန်ရစ်တာ ရှင်ကုမ္ပဏီသွားတဲ့အခါ မွန်းကိုရောခေါ်သွားပေးပါ မွန်းနဒီ့အိမ်ပြန်ရဦးမယ်"
" အင်း...ကိုယ်အပြန်ကျရင်ဝင်ကြိုပေးမယ် ပြီးတော့ Baby ဖုန်းနံပါတ်လည်းပေးထားဦး "
မွန်းကခေါင်းညိတ်လိုက်၍ နွားနို့တစ်ငုံသောက်လိုက်ပြီးမှ
"ကျန်သေးတယ်နော်...မွန်းက အခုမူကြိုမှာဆရာမလုပ်နေတာ အဲ့တာအခုလည်းလကုန်ပိုင်းရောက်နေပြီဆိုတော့ ထွက်လိုက်တော့မှာပါ "
"အင်း ကိုယ်လည်းထွက်ခိုင်းမလို့ပဲ Baby အိမ်မှာပဲအိမ်ရှင်မလုပ်လို့ပြောမလို့"
သူ့စကားကိုမွန်းကထပ်ပြီးရယ်ပြန်သည်။
"လောလောဆယ်တော့အဲ့တာပဲ နောက်မှသတိရရင်ရသလို ထပ်ပြီးတောင်းမယ် "
"ကိုယ်အားလုံးခွင့်ပြုပါတယ် Baby စိတ်ကြိုက်ပါ "
သူဟာ အရင်ကနဲ့လုံးဝမတူအောင် မွန်းအပေါ်မှာတကယ်ပဲအားလုံးအလျော့ပေးတော့မှာလား တကယ်ပဲမွန်းအတွက် အဲ့သလောက်အထိတွေးပေးနေတာလား။
"Baby ဗိုက်ဝအောင်စားထားနှင့် ကိုယ်အဝတ်စားသွားလဲလိုက်ဦးမယ်"
မွန်းလည်း ခေါင်းလေးညိတ်ပြလိုက်ပြီး ရှေ့မှာရှိသောဖန်ခွက်ထဲကနွားနို့တွေကိုမော့သောက်လိုက်သည်။ သူသည် Suit အပြည့်ဝတ်ထားပြီး နာရီပတ်ရင်းနဲ့လှေကားကနေဆင်းလာတာကို မွန်းငေးကြည့်ရင်း လှေကားအောက်သို့သွားရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ "
အတ္တက နာရီပတ်ပြီးနောက် မွန်းရဲ့ဆံပင်အချို့ကိုနားနောက်သို့သပ်ပေးရင်းမေးလေသည်။
"ဟင့်အင်း...မမြင်တာကြာတော့ပိန်သွားပေမဲ့ ကြည့်ကောင်းနေတယ်"
အတ္တက သူမစကားကြောင့်ပြုံးလျှက် သူမရဲ့လက်ကိုကိုင်ဆွဲကာ ပေါ်တီအောက်မှာရပ်သော ကားဆီသို့လျှောက်လာသည်။ သူမအတွက်ကားတံခါးကိုဖွင့်ပေးပြီးမှ သူကမောင်းသူနေရာမှာဝင်ထိုင်ပါသည်။
"ကို ဘယ်ချိန်လောက် ပြန်လာမှာလဲ ကုမ္ပဏီကနေ! "
မွန်းက ကားမောင်းနေသော အတ္တဘက်သို့မျက်နှာကလေးလှည့်၍မေးလိုက်သည်။
"Baby က ဘယ်အချိန်လောက်လာခေါ်စေချင်လဲ "
ဟု သူကတစ်ဖန်မွန်းဘက်သို့တစ်ချက်ကြည့်၍ပြန်မေးပါသည်။
"ကို ပြီးတဲ့အချိန်လာခေါ်ပါ မွန်းကရတယ် မူကြိုကိုနောက်လမလာနိုင်တော့တဲ့အကြောင်းပြောပြီးရင် အိမ်မှာထိုင်စောင့်နေရုံပဲကို "
" အဲ့တာဆိုရင်လည်း ကိုယ်ထွက်လာတဲ့အချိန်ကျရင်ဖုန်းဆက်လိုက်မယ် "
ပြောတာနဲ့ မွန်းလည်း အတ္တထုတ်ပေးသောသူ၏ဖုန်းကိုယူပြီး ဖွင့်လိုက်တဲ့အခါ Wallpaper သည် မွန်းPianoတီးနေသောပုံဖြစ်ပါသည်။ မွန်းလည်း သူမရဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီး Missed Call ပေးရင်း
"မွန်းတောင်းဆိုစရာရှိသေးတယ် "
" အင်း ပြောလေ"
အတ္တသည် မွန်းနဲ့နဒီအိမ်ရှိသောလမ်းဘက်သို့ကားကို ကွေ့ရင်းနားထောင်နေသည်။
"ကို့ အခန်းထဲက မွန်းရဲ့ပုံတွေဖြုတ်ပေးပါလား"
" ဘာဖြစ်လို့လဲ လှပါတယ်"
" မလှပါဘူး ရှက်စရာကြီး နေ့တိုင်းကိုယ့်ပုံတွေကိုပြန်ကြည့်နေရမှာ အဆင်မပြေဘူးဖြုတ်လိုက်နော်"
"အင်းပါ အဲ့တာဆိုလည်း ကိုယ်ကုမ္ပဏီရောက်ရင် ပုံတွေဖြုတ်ဖို့အလင်းကို လူလွှတ်ခိုင်းလိုက်မယ် "
တကယ်ပဲ အတ္တသည်မွန်းပါးစပ်ကပြောသမျှကို အခုတထိတစ်ခုမှငြင်းဆန်ခြင်းမရှိသေးတာဖြစ်သည်။
"ကိုယ်တို့ ကလေးတွေမွေးမှ ကလေးပုံလေးတွေပြန်ကပ်ရမယ် "
ရုပ်တည်ကြီးနဲ့ ပြောနေတဲ့အတ္တကြောင့် မွန်းသည်သူ့ကိုပြူးကြည့်ပြီး ရယ်ချင်သွားသည်။ ကားကို နဒီ့ရဲ့အိမ်ရှေ့မှာ ရပ်လိုက်တာနဲ့ မွန်းသည်အတ္တရဲ့ဖုန်းကို Selfieအဖြစ်ချိန်ထားလိုက်ပြီး
"ကို! "
"ဟင် "
အတ္တပြန်ထူး၍ မျက်နှာလှည့်လာတာနဲ့ ဖျက်ကနဲပုံရိုက်ပြီးသားဖြစ်သွားသည်။
"ဒီကိုကြည့်! "
မွန်းက Selfie ကိုသေသေချာချာချိန်ထားလိုက်ကာ အတ္တကိုကင်မရာသို့ကြည့်ဖို့ပြောပြီးနောက် သူမက အတ္တရဲ့ပါးတစ်ဖက်ကို လျှပ်တပြတ်နမ်းလိုက်သည်။ အတ္တကသူမလုပ်ရပ်ကြောင့်နှုတ်ခမ်းလေးကော့သွားအောင်ပြုံးနေ၏။ မွန်းက အတ္တဆီသို့ ဖုန်းပြန်ပေးပြီး
"ခုနက ကြည့်တာ ကို့ပုံတွေလည်းတစ်ပုံမှမရှိဘူး ပုံအဟောင်းတွေချည်းပဲမို့ ... ကောင်းကောင်းသွားနော် ညနေမှတွေ့မယ်"
အတ္တသည် ခါးပတ်ကြိုးကိုဖြုတ်လိုက်၍ ကားထဲမှထွက်ဖို့ ပြင်ဆင်နေသည့်သူမအား လက်ကနေလှမ်းဆွဲပြီးနောက်
"Baby! "
မွန်းလည်း တစ်ချက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ
"ကိုယ့်ကို တစ်ခါလောက်နမ်းပါဦး Baby ပြန်လာကတည်းက အခုထိ မနမ်းကသေးဘူး"
အတ္တက သူမကိုနမ်းဖို့အတွက်တောင်းဆိုနေသည်ဖြစ်လေရာ မွန်းသည် အတ္တရဲ့ ပါးနှစ်ဖက်ကိုအသေအချာကိုင်တွယ်ပြီး နှုတ်ခမ်းတွေကို ဖိစုပ်နမ်းလိုက်တဲ့အခါ အရင်ကလောက်ပြင်းရှသောစီးကရက်အနံ့မျိုးမရတော့ပါ။
အင်း...မွန်းမနေ့ညကတည်းကနေအခုထိ သူစီးကရက်တစ်လိပ်ကိုင်တာတောင်မတွေ့ရသေးတာကိုသတိထားမိသည်။ သူဟာ စီးကရက်ကိုအရင်ထက်လျော့သောက်နေတာဖြစ်လိမ့်မည်။
အတ္တသည် သူမရဲ့လည်တိုင်ကလေးကိုခပ်ဖွဖွထိန်းကိုင်ရင်း သူမဆီကနေငတ်မွတ်နေတာကြာပြီဖြစ်တဲ့ နှုတ်ခမ်းနုနုတွေရဲ့အကြင်နာအနမ်းများကို ခံစားရယူနေသည်။ မိနစ်ပိုင်းမျှတောင်မကြာတဲ့ဒီအနမ်းတိုတိုကလေးဟာ ရင်ထဲအထိပူနွေးသွားရအောင် အကြင်နာများကိုပေးစွမ်းနိုင်ပါသည်။
"ကဲ...မွန်း သွားပြီနော်"
မွန်းကားထဲကနေထွက်ပြီး သူမရဲ့အိမ်ထဲဝင်သွားတဲ့အထိ အတ္တရဲ့ကားမှာ နေရာမရွေ့သေးပါ။ အတ္တသည်ဖုန်းထဲမှ စောနက သူမရိုက်ပေးသွားတဲ့ပုံတွေကိုပြန်ကြည့်ရင်း
သူမဟာသူ့ရဲ့ပါးကိုနှုတ်ခမ်းလေးဆူပြီးနမ်းနေ၍ သူမှကျေနပ်စွာပြုံးနေသော ဓာတ်ပုံအား Wallpaper အဖြစ်ပြောင်းလိုက်သည်။
ထို့နောက် Call Recents ရဲ့ ထိပ်ဆုံးမှာရှိသော ဖုန်းနံပါတ်အစိမ်းတစ်ခုကိုလည်း Contacts List မှာ ''Wiffy'' ဟု မှတ်ထားလိုက်၏။
*************************************
မွန်းသည် နဒီ့ကို ဖုန်းဆက်ပြီး အတ္တဆီကိုသွားမိတဲ့အကြောင်းအနည်းငယ်တော့ပြောလိုက်ပေမဲ့ ဟန်းနီးမွန်းသွားတဲ့သူမို့လို့ စိတ်ဒုက္ခမပေးချင်တာနဲ့ စိတ်မပူဖို့နဲ့ပြန်လာမှသေချာရှင်းပြမည့်အကြောင်းကို ပြောထားလိုက်သည်။ အိမ်မှာရှိတဲ့သူမရဲ့ပစ္စည်းတွေကို လက်ဂေ့ချ်နှင့်အတူသိမ်းထားပြီး အတ္တလာခေါ်မယ်လို့ ဖုန်းအဆက်ကို အေးအေးဆေးဆေးစောင့်နေရုံပင်ဖြစ်သည်။
မွန်းကိုလာခေါ်တဲ့အချိန်သည် ညနေ၆နာရီဖြစ်သည်။ မွန်းထင်ထားတာထက်တော့နောက်ကျတာအမှန်ပင်။ ဘာတွေများလုပ်နေလို့နောက်ကျနေတာလဲဟုတော့ မမေးဖြစ်ခဲ့ပါ။
သူဟာလုပ်ငန်းရှင်တစ်ယောက်မို့ အနည်းငယ်တော့နောက်ကျတတ်မှာပဲဆိုတာနားလည်ပါသည်။ မွန်းကိုလာခေါ်ရမှာမို့လို့ အလုပ်တွေပစ်ပြီးစောစောပြန်လာတာမျိုးကိုလည်း မဖြစ်စေချင်ပါ။ မွန်းကမမေးပေမဲ့ သူကတော့နောက်ကျသွားလို့ဆိုပြီး တောင်းပန်နေသေးသည်။
အိမ်ခြံဝန်းထဲသို့ရောက်တဲ့အခါမှ ခြံဝန်းကြီးတစ်ခုလုံးဟာ မီးရောင်တွေနဲ့လင်းထိန်နေပြီး ခြံဝန်းအလယ်ကရေပန်းကြီးဟာလည်း မီးရောင်တဝင်းဝင်းနဲ့အရင်ထက်ပိုလှနေအောင် ပြင်ဆင်ထားပုံရပါသည်။
ထို့နောက် မွန်းနှစ်သက်ရသောမယ်ဇယ်ပြီးအောက်က ခုံကလေးမှာလည်း မှောင်မဲနေခြင်းမရှိဘဲ သစ်ပင်အောက်တွင်ဖြစ်ပေမဲ့ လင်းနေအောင်သစ်ပင်ကြီးရဲ့သစ်ကိုင်းတွေကနေ မီးသီးများချိတ်ဆွဲ၍အလှဆင်ထားသည်။
ပေါ်တီအောက်မှာကားရပ်လိုက်တာနဲ့ မွန်းကားထဲကနေထွက်လာရင်း အိမ်ကြီးရဲ့မြောက်ဘက်ကဂိုထောင်ကြီးကိုလည်း ဖျက်ထားတာကိုတွေ့ရတဲ့အပြင် အဲ့ဒီရှေ့မှာလည်း ပြာတောက်နေသောရေများနှင့်ပြည့်လျှံနေသည့် ဘဲဥပုံစံရေကူးကန်ကြီးကိုတွေ့လိုက်ရသည်။
"ကို...ဘယ်တုန်းကရေကူးကန်ကြီးလုပ်ထားတာလဲ အရင်ကမရှိပါဘူး"
မွန်းကမေးတဲ့အခါ သူကမွန်းညွှန်ပြတဲ့ရေကူးကန်ကိုလှမ်းကြည့်ပြီး
"အင်း ၄လလောက်ပဲရှိသေးတယ် ဆေးဖြတ်ပြီးနောက်ပိုင်း လူကပျင်းနေတာရယ် အားကစားတစ်ခုခုလုပ်မယ်စိတ်ကူးရလို့ ချွေးထွက်တဲ့အားကစားတွေမလုပ်ချင်တာနဲ့ ရေကူးကန်ဆောက်လိုက်တာ"
Advertisement
" ကို ကရေကူးရတာကြိုက်တယ်ပေါ့"
"အင်း အကြိုက်ဆုံး အားကစားပဲ ဘာဖြစ်လို့လဲ Baby ရောရေကူးချင်လို့လား "
ထိုအခါမွန်းသည် ရေကူးကန်အသစ်ကလေးကိုကြည့်ပြီး မီးရောင်ထိန်ထိန်အောက်မှာတလဲ့လဲ့ဖြစ်နေသော ရေပြာပြာတွေနဲ့ ဟာထိတွေ့ချင်စရာကောင်းနေသည့်နှယ်
"အင်း..မွန်းလည်းရေမကူးရတာကြာပြီ "
ကားနောက်ဖုံးထဲမှ မွန်းရဲ့ပစ္စည်းများကို သက်သက်နှင့်အခြားသောအခိုင်းစေ မိန်းကလေးက အတ္တအခန်းထဲသို့သယ်သွားကြသည်။
အတ္တလည်း သူမနှင့်အတူ အိပ်ခန်းရှိရာသို့လာခဲ့ကြသည်။ အခန်းထဲတွင် မွန်းမနက်ကတောင်းဆိုထားတဲ့အတိုင်း သူမရဲ့ဓာတ်ပုံတွေမရှိတော့ဘဲ ရှင်းလင်းနေ၏။
"Baby ကိုယ်နဲ့ပဲအတူနေနော် ဟိုဘက်အခန်းကိုမသုံးတော့နဲ့"
အတ္တက အခန်းတံခါးကိုပိတ်ရင်းပြောလာလေသည်။
"မွန်းပစ္စည်းတွေတောင်ဒီမှာရောက်နေပြီကို !"
ဒါဟာ သူမအခန်းမပြောင်းတော့ဘူးလို့ပြောလိုက်တာပဲမဟုတ်လား။
အတ္တက လက်ပတ်နာရီ နက်ခ်တိုင်များကိုဖြုတ်အင်္ကျီကိုလည်းချွတ်၍ ရေချိုးခန်းထဲက Bathrobe ကိုဝတ်လိုက်ကာ
"ကိုယ် ရေကန်ထဲကစောင့်မယ် Baby ပြီးရင်ဆင်းလာခဲ့နော်"
ဟုဆိိုပြီး လက်ဂေ့ချ်ထဲက အဝတ်အစားအချို့ထုတ်နေသော မွန်းရဲ့ခေါင်းကလေးကိုဖွဖွပုတ်၍ အခန်းထဲကနေထွက်သွားလေသည်။
အခန်းထဲကနေခပ်မြန်မြန်ကြီးထွက်သွားသော အတ္တကြောင့်မွန်းသည် သူထွက်သွားတဲ့တံခါးကိုလှည့်ကြည့်၍
"ဘာတွေများဒီလောက်လောနေတာလဲ"
ဟုရေရွတ်လိုက်သည်။
အတ္တသည် ဘောင်းဘီတိုတစ်ထည်သာဝတ်ထားပြီး သူမမလာခင် ရေကူးကန်ရဲ့ဟိုဘက်ထိပ်နှင့်ဒီဘက်ထိပ်ကိုတစ်ခေါက်လောက်အရင်ကူးလိုက်သည်။ ထို့နောက် ရေကူးကန်ရဲ့ ထောင့်မှာ ခပ်လျှောလျှောမှီ၍သူမကိုထိုင်စောင့်နေ၏။
၇မိနစ်လောက်နေတော့ အိမ်ထဲကနေ သူ၏Bathrobe ခပ်ကြီးကြီးကိုဝတ်ထား၍ ဆံပင်ရှည်များကိုခေါင်းပေါ်မှာပြောင်နေအောင်ထုံးတင်ထား၍ ရေကူးရတော့မည်မို့ပျော်နေသည့်နှယ် ပြေးထွက်လာသော မွန်းကိုမြင်ရသည်။
မွန်းသည် ရေကူးကန်ဘောင်နဲ့လွတ်တဲ့ ကွန်ကရစ်ပေါ်မှာ သူမစီးလာတဲ့အဖြူရောင်ကွင်းထိုးဖိနပ်လေးကိုချွတ်လိုက်၍
" ကို ရေကအေးလား "
ဟု Bathrobe ကကြိုးကလေးကိုဖြုတ်ရင်းမေးနေသည်။ အတ္တက ရေတွေကိုလက်ဖြင့်ယက်လိုက်ရင်း
"သိပ်မအေးပါဘူး "
ဟုပြန်အဖြေမှာ မွန်းသည် Bathrobe ကို ဖွင့်ချွတ်ပစ်လိုက်ရာ အတ္တမှာမျက်ခုံးများပင့်တက်သွားရသည်။ ရေကူးဝတ်စုံ ဘီကီနီအပြာရောင်ကလေးဟာ လည်ပင်းကနေစွတ်ဝတ်ထားတာဖြစ်ပြီး အနောက်ဖက်မှာကြိုးချည်ထုံးထားသောကြောင့် သူမရဲ့အလှအပများဟာထင်းနေအောင်ပေါ်လွင်သည့်အပြင် ဘောင်းဘီကလေးဟာလည်း ကပ်ရပ်နေ၍ လုံးဝလှနေသည်။
အတ္တမှာ သူမကိုဘီကီနီဖြင့်ဆင်းလာလိမ့်မည်ဟု လုံးဝထင်မထားပါ။ အလွန်ဆုံး ဘောင်းဘီတိုနှင့်စွတ်ကျယ်လောက်ပဲဝတ်လာမည်ဟုထင်ထားသည်။
ရေထဲသို့ ဆင်းလာဖို့ ရေကူးကန်ဘောင်ကနေခြေဆင်းထိုင်လိုက်တာနဲ့ အတ္တမှာကိုယ့်တံတွေးကိုပြန်မြိုချနေရသည်။ ရေထဲသို့ တစ်ခါတည်းဆင်းလာလိုက်တော့ ရေတွေဟာ သူမရဲ့ရင်ဘက်ကျော်လွန်သည်အထိနစ်သည်။
"အင်း ဟုတ်သားပဲ ရေကအနေတော်ပါပဲ "
မွန်းသည် ရေတွေကိုလက်ဖြင့်တစ်ဖျက်ဖျက်ခပ်ရင်းမှ လည်ပင်းနှင့် မျက်နှာတွေအထိရေစိုသွားအောင် ရေထဲသို့တစ်ချက်ငုံ့လိုက်ပြီးမှ
အရှေ့ဘက်ထိပ်သို့ ရေကူးသွားသည်အထိ
အတ္တသည် ရေကန်၏ထောင့်မှာမလှုပ်မယှက်ရှိနေသည်။
သူမသည် အရှေ့ဘက်ထိပ်ကနေ အတ္တရှိတဲ့နေရာသို့ တစ်ဖန်ပြန်ကူးခက်လာ၍ အတ္တရဲ့ရှေ့တည့်တည့်မှာလာရပ်လိုက်ပြီး အတ္တအား ရေဖြင့်ပတ်လိုက်သည်။ အတ္တက ခေါင်းလေးစောင်းပြီးမျက်လုံးတွေမှိတ်ရှောင်လိုက်သည့်အခါ
"ရေကူးမယ်ဆို ဘာလို့အရုပ်ကြီးလိုငြိမ်နေရတာလဲ"
မွန်းက အတ္တရဲ့ ဘေးရေကူးကန်၏နရံမှာမှီ၍ ပြောလိုက်သည်။
"ဟင်..ဘာမှမဖြစ်ပါဘူး Babyဆင်းမလာခင်က တစ်ခါကူးလိုက်သေးတယ် "
သူမကိုလှည့်ဖြေလိုက်ရင်း ထုံးထားသော ဆံပင်တွေကရေစိုသွားပြီး နှဖူးအစနှင့်နားပန်းမွှေးကလေးတွေက မျက်နှာမှာလာကပ်နေကာ သူ့ကိုရယ်ပြနေသည့် ချစ်သူကလေးမှာ ညမီးရောင်တွေရဲ့အောက်မှာအရမ်းလှနေကြောင်း အပြည့်အဝလက်ခံပါသည်။
"ငြိမ်မနေနဲ့ ဒီတစ်ခါအတူတူကူးမယ် "
မွန်းသည် အတ္တရဲ့ပုခုံးကိုသူမရဲ့ပုခုံးနှင့်တိုက်လိုက်ပြီး ရေအတူလိုက်ကူးဖို့ပြောသည်။ အတ္တက ခေါင်းညိတ်ခေါင်းရမ်းခြင်းမလုပ်ဘဲ ပြုံးပြုံးကြီးသာကြည့်နေလျှက်
"လုပ်လေ Baby ကူး"
မွန်းလည်း ခါတိုင်းနဲ့မတူဘဲ ငြိမ်သက်နေသော အတ္တကိုထပ်ပြီးအဖော်မစပ်တော့ဘဲ အရှေ့ဘက်ထိပ်သို့တစ်ခါထပ်ကူးသွားလိုက်သည်။
အတ္တသည် သူမ သူ့အနားကနေခွာသွားတာနဲ့ ရေကူးကန်ဘောင်ပေါ်မှာ သူချွတ်ထားသော Bathrobe အလုံးလိုက်ရဲ့အောက်သို့လက်နှိုက်လိုက်၍ ကတ္တီပါဘူးအနက်ရောင်လေးကို လက်ထဲမှာခပ်တင်းတင်းဆုပ်ကိုင်လိုက်ပါသည်။
သူမဟာ ဟိုးအရှေ့ထဲကနေသူ့ဆီသို့ပြန်ကူးခက်လာနေပြီဖြစ်၍ အတ္တမှာလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး ရင်တွေအတိုင်းအဆမရှိခုန်နေကြောင့် ဘယ်ဘက်ရင်အုံကိုနှစ်စက္ကန့်လောက်ဖိထားလိုက်ပြီးနောက်မှာ ရေထဲသို့ ငုပ်ပြီး သူမရှိတဲ့ဘက်သို့ဆက်တိုက်ကူးသွားရင်း
ရေထဲမှာ ထိပ်တိုက်ဆုံသွားတဲ့အချိန် အတ္တသည် လက်ထဲကဘူးကလေးကိုဖွင့်ပြလိုက်သည်။
မွန်းသည် ရေထဲကနေကောင်းကောင်းမမြင်ရပေမဲ့ သူမွန်းကို လက်ထပ်ခွင့်တောင်းနေတယ်ဆိုတာကိုတော့သိသည်။ ထို့ကြောင့်လည်း ရောက်နေရာနေရာမှာပဲ ဝါးကနဲ မတ်တပ်ရပ်ချလိုက်သည်။
အတ္တသည် သူမနဲ့၂ပေလောက်အကွာမှာရှိနေပြီး သူမဆီသို့ စိန်လက်စွပ်သေးသေးကလေးတစ်ကွင်းရှိနေသော ရေစိုနေသည့်ကတ္တီပါဘူးကလေးကို ဖွင့်ပြထားခြင်းဖြစ်ပါသည်။
မွန်းသည် ရေကူးထားသောအရှိန်နှင့် အတ္တရဲ့လုပ်ရပ်ကြောင့် ရင်ထဲမှာဗလောင်ဆူအောင်နှလုံးသားဟာခုန်ပေါက်နေပြီး သူမကိုစိုက်ကြည့်နေသောအတ္တကိုတစ်လှည့် ဘူးထဲကလက်စွပ်ကလေးကိုတစ်လှည့်ကြည့်နေသည်။
သူဘာကြောင့်ညနေက လာခေါ်တာနောက်ကျနေသလဲ၊ အခန်းထဲကနေမွန်းကိုမစောင့်ဘဲအလျင်စလို ပြေးထွက်သွားရသလဲ ၊ စောနက ဘာကြောင့်ငြိမ်နေရသလဲ စသောမေးခွန်းတွေရဲ့အဖြေကို အခုသိလိုက်ရပြီဖြစ်သည်။
"ကိုယ် အခုမေးခွန်းတစ်ခု မေးမယ် Baby
အဲ့ဒီမေးခွန်းကိုမေးဖို့ အရမ်းစောနေသလား နောက်ကျနေပြီလား အခုမေးသင့်ရဲ့လား ကိုယ်မစဥ်းစားတတ်တော့ဘူး ဒါပေမဲ့ ကိုယ်အရမ်းတွေစိတ်လောနေတယ် Baby ရယ် "
သူဘာမေးမလို့လဲဆိုတာ မွန်းသိနေပြီဖြစ်ပေမဲ့ ဘာမှမသိသေးတဲ့လူလိုမျိုးအရမ်းရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေတာဖြစ်ပါသည်။
"ကိုယ် မေးရမှာလည်း အရမ်းကြောက်တယ် Baby ဘက်က ကိုယ်မခံစားနိုင်တဲ့ အဖြေမျိုးကြီးပြန်ပေးလိုက်ရင် ကိုယ်တကယ်ရင်ကွဲရမှာ "
အတ္တသည် သူ့ကိုမျက်လုံးဝိုင်းကလေးဆက်တိုက်ကြည့်နေခဲ့တာဖြစ်သော ဘယ်လိုစည်းစိမ်မျိုးနဲ့မှမလဲနိုင်သည့် ဘဝရဲ့အရေးအပါဆုံး မိန်းကလေးကို မျက်တောင်မခက်တမ်းငေးနေခဲ့တာ ၅စက္ကန့်မျှရှိပြီဖြစ်သည်။
"Baby ကိုယ့်ကို လက်ထပ်နိုင်မလား "
ဟု ရင်ထဲက တဒိတ်ဒိတ်နှလုံးခုန်သံနှင့်အပြိုင်မေးလိုက်ပါသည်။ သူမေးပြီးသည့် စက္ကန့်၂၀မျှတိုင်အောင် သူမဟာရုပ်တည်ကလေးနှင့် အရုပ်ကလေးတစ်ရုပ်လိုငြိမ်သက်နေသည်ဖြစ်လေရာ အတ္တမှာ သူမပြန်ဖြေမယ့်အဖြေကို ကြားရဖို့ နားရောနှလုံးသားကိုအဆင်သင့်ပြင်ထားလျှက် လိုချင်သောအဖြေမဟုတ်သည့် တခြားအဖြေမျိုးကိုကြားလိုက်ရမှာ အစိုးရိမ်လွန်နေသည်။
ထိုအချိန် သူမဟာ သူမရဲ့ဘယ်ဘက်လက်ကလေးကို အတ္တဆီသို့ဆန့်တန်းထုတ်ပေးလိုက်သည်။အတ္တသည် သူမရဲ့လက်သွယ်သွယ်ကလေးကိုတစ်လှည့် ပြုံးခြင်းရယ်ခြင်းမရှိသေးသော မျက်နှာတည်ကလေးကိုတစ်လှည့် ကြည့်ရင်း ဆိုလိုရင်းကိုသဘောပေါက်အောင် စက္ကန့်ပိုင်းလောက်အတည်ပြုပြီးမှ သူမကသူမရဲ့လက်ကိုလက်ချောင်းကလေးတွေလှုပ်ပြ၍ မေးကလေးငေါ့ပြလိုက်သဖြင့် အတ္တသည် လေပူတစ်ချက်မှုတ်ထုတ်ကာ သက်ပြင်းချလိုက်နိုင်သည်။
"ဟား...ကျေးဇူးတင်ပါတယ် Baby ကိုယ်တကယ်ကြောက်နေတာ Baby မျက်နှာကအရမ်းတည်နေတော့ ကိုယ်Propose လုပ်တာစောသွားပြီလားလို့"
အတ္တက ပြောရင်းနဲ့ လက်စွပ်ကလေးကို သူမရဲ့ဘယ်ဘက်လက်က လက်သကြွယ်လေးမှာ ဝတ်ပေးလိုက်ရာ အရောင်တလဲ့လဲ့နှင့်လက်စွပ်ကလေးကသူမလက်နှင့်ကွက်တိပင်ဖြစ်နေသည်။ လက်စွပ်ဝတ်ပေးလိုက်တာနှင့် မွန်းသည် အတ္တရဲ့ရင်ခွင်ထဲသို့တိုးဝင်ကာပွေ့ဖက်လိုက်ပါသည်။
"ဘာပြောလို့ပြန်ပြောရမှန်းမှမသိတာ ရင်ထဲမှာ ဝမ်းသာသွားတာလား ပျော်သွားတာလား မသိဘူး ရင်တွေခုန်နေတာ "
အတ္တသည် သူမရဲ့ကျောပြင်ကလေးအားရေထဲကနေပြန်ဖက်ထားလျှက်
"ကိုယ် မင်းကိုချစ်တယ် "
"မွန်းလည်း ကို့ ကိုချစ်တယ် ကို့ ကိုလက်ထပ်ပါ့မယ် "
ဟု မော့ပြီးပြန်ဖြေလိုက်တဲ့အခါမှာ အတ္တသည် သူမရဲ့နှုတ်ခမ်းလေးကိုငုံထွေးစုပ်နမ်းလိုက်ပါသည်။ သူမဆီကအဆင်သင့်တုန့်ပြန်လာသောအနမ်းများနှင့်အတူ ရေအေးတွေထဲမှာ နွေးထွေးနေရသည်။ တစ်စ တစ်စ သူမနှုတ်ခမ်းတွေကြမ်းရှစွာစုပ်နမ်းလာသော အတ္တကို သူမအပြစ်မနိုင်ပါ။ မွန်းသည် သူ့ရဲ့ဒီလိုအနမ်းကြမ်းတွေကို လွမ်းနေခဲ့တာကြာပြီဖြစ်သည်။
အတ္တက ရေထဲကနေ သူမရဲ့တင်ပါးကလေးကိုဆွဲမြှောက်လိုက်တော့ မွန်းဟာသူ့ရဲ့ခါးကို သူမရဲ့ခြေထောက်တွေနဲ့ချိတ်ပြီးခွလိုက်၍ လည်ပင်းကိုလည်းလွတ်ထွက်အသွားအောင်လက်နှစ်ဖက်နှင့်တွယ်ချိတ်ထားလျှက်
"ကို စီးကရက်တွေအရင်ကလောက်မသောက်တော့ဘူးလား"
"အင်း တစ်ရက်ကို နှစ်လိပ်သုံးလိပ်လောက်ပဲသောက်ဖြစ်တော့တယ် ဘာဖြစ်လို့လဲ"
"ကို့နှုတ်ခမ်းတွေက အရင်ကလောက်စီးကရက်နံ့တွေစွဲကပ်မနေတော့လို့လေ"
အတ္တသည် သူမကိုမချီထားပြီး ရေကူးကန်၏နရံကို ကပ်လိုက်ကာ တစ်ဖန်သူမနှုတ်ခမ်းတွေကိုပြန်စုပ်နမ်းလိုက်သည်။ မိနစ်ပိုင်းမျှအထိကြာမြင့်လေခဲ့သောကြောင့် နှစ်ယောက်စလုံးမောဟိုက်နေကြတာမို့ အသက်ပြင်းပြင်းရှူရင်း နှဖူးချင်းတိုက်ထားလျှက်ရှိသည်။
"Baby ဘယ်မှာမင်္ဂလာဆောင်ချင်လဲ ပြော "
"Wedding ကိုတော့ ဒီမှာပဲလုပ်ရအောင်ပါ "
"ဟန်းနီးမွန်းကိုရော ဘယ်သွားချင်လဲ "
မွန်းရဲ့ လည်ပင်းကလေးကိုတစ်ချက်နမ်းပြီး မေးလိုက်တော့
"မိုင်ယာမီကမ်းခြေကိုသွားချင်တယ် "
Advertisement
- In Serial74 Chapters
Guilty x Creatures
Dark Elves.Enchanting, mysterious, dominating mavericks blessed with haunting beauty, great magics and built by the Gods themselves to reign over the lives of others.Hated by their Elven brethren and feared by the world at large. These slave-mongering beings stand tall and confident in the knowledge that they as a whole are of the elite.Too skilled to be conquered, too powerful to destroy, too dangerous to engage.They fear nothing.Born to rule, it is said they bow to no one, can not be controlled and are impossible to tame.But are they? *!*!*!*!*!* First time author here! So any and all feedback would be greatly appreciated! Thanks! *!*!*!*!*!*Original artwork by AkiBesuto @AkiBesuto
8 240 - In Serial7 Chapters
Baby Daddy Facade
"But Angelo, I love you and we could be together and we won't have to abort our baby." I sobbed my eyes becoming red."Raina, listen it's not Ours that's your responsibility and secondly I'm sorry, I can't return those feelings...we fucked that's all there was to it." He spurt coldly and my heart broke it a million pieces making me cry even more when he left banging my office door.-Raina Williams a preachers kid, who believes in love, a successful lawyer. She just finished college and is currently working at a well-known law firm. She meets Angelo Le roux, her bosses son from Netherlands, the arrogant billionaire bachelor who doesn't do commitment. He doesn't have to sweep her off her feet to get her into bed. She gets pregnant and he tells her off to get an abortion.. but does she really ? she is after all a preachers kid.
8 213 - In Serial39 Chapters
Phone Swap
Lily bumped into someone in airport, they both dropped their phone. Man being in hurry pick up one of the phone and leaves.Lily pick other phone and put it in her pocket. Only to realize after an hour that her phone got swapped.The only thing she is worried about is her phone does not have any lock and it has many secrets and embarrassing pictures of her. Lily is not any girl, she is a sole hire of Maxwell Hotel chains. Will the other person use it against her? Who could be the man? Will she ever get her phone back? Find out what happens when two individual bump into each other and have their phones switched.
8 159 - In Serial12 Chapters
How To Write A Book
Do you want to write a book but you don't know how? Well, I will help you. I will give you tips on how to write a book.
8 203 - In Serial12 Chapters
Have a Little Faith
Faith Cox did not expect to get a divorce for Christmas, but there it is. So instead of taking her second honeymoon with her husband, she finds herself on the beach. Crystal clear water isn't all she finds in the Caribbean. A reverse harem Christmas romp, with three alpha males who want nothing more than to make their mate happy, and steamy bits that are intended for adult audiences only, that ends in a Christmas sized HEA.
8 92 - In Serial28 Chapters
Mated to a Bad Boy
Roxie is a headstrong, independent young woman with a bit of a temper, but when her parents bring her to meet the sons of the Blood Moon pack in hopes she would be mates with Bentley, they never expected her to find her mate in the bad boy son and known womanizer, Hunter Sinclair. Will their mate bond prove true or will he continue his playboy ways and make Roxie's life miserable?
8 174

