《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟸
Advertisement
အိပ်စက်နေရာမှ နိုးထလာသည့်အချိန်၌ ထူးဆန်းသော်လည်း ရင်းနှီးနေသည့် အိပ်ခန်းကို မြင်တွေ့လိုက်ရသည့်အခါ ရွှမ်းယွမ်ဟန်ချန် ရုတ်တရက် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ဒါ... သူ မအိပ်စက်ခင်တုန်းက ရှိနေခဲ့တဲ့ နန်းဆောင်မဟုတ်ချေ... ဒီနေရာက သူ အိမ်ရှေ့စံဘဝတုန်းက နေထိုင်ခဲ့တဲ့ ချန်လဲ့နန်းဆောင်ပဲ...
ဘယ်လိုဖြစ်တာလဲ... သူနိုးလာတဲ့အချိန် ဘာလို့ ဒီနေရာမှာရှိနေရတာလဲ...
သူလုပ်နေကျ အကျင့်အတိုင်းပင် အပြင်ဖက်ကို အော်ခေါ်လိုက်သည်။ "ယွမ်ဖူ..."
"အရှင့်သား...နိုးလာပြီပဲ..."
အစောကြီးကတည်းက ယွမ်ဖူဟာ အပြင်ဖက်၌ စောင့်နေပြီးသားပင်... အရှင့်သားခေါ်သံကို ကြားလိုက်သည်နှင့် ချက်ချင်း အခန်းအတွင်းသို့ ဝင်ရောက်လာသည်။ ယွမ်ဖူလည်း ရွှမ်းယွမ်ဟန်ချန်ကို ကူညီကာ သန့်စင်ရန်နှင့် အဝတ်အစား ဝတ်ဆင်ပေးနိုင်ရန် သူနဲ့ တစ်ပါတည်း အစေခံအမြောက်အများကို အခန်းတွင်း ခေါ်ဆောင်လာလိုက်သည်။
"ယွမ်ဖူ...မင်း... မင်းဘယ်လိုလုပ်??"
လက်ရှိတွင် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိနေသေးသည့် ယွမ်ဖူကို ကြည့်လိုက်ပြီး ရွှမ်းယွမ်ဟန်ချန် စိတ်ထဲကနေ အတော်လေး အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက် သူကိုယ်တိုင်လည်း ကြေးနီရောင်ကြေးမုံထက်က သူ့ရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်ကို ကြည့်လိုက်မိသည်။ မမေးရသေးတဲ့မေးခွန်းပေါင်းများစွာကို မျိုသိမ့်လိုက်ရင်း ရင်ထဲမှာ မုန်တိုင်းထန်နေပေမယ့် တည်ငြိမ်တဲ့အသွင်ဖမ်းကာ မေးလိုက်တယ်။
"ဒီနေ့က ဘာနေ့လဲ?"
"အရှင့်သားကို ပြန်လည်လျောက်တင်ပါတယ်... ဒီနေ့က ယွင်မင်းဆက်ရဲ့ စတုတ္ထမြောက်နှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ပါ..." သံသယကင်းစွာဖြင့် ယွမ်ဖူသည် ရွှမ်းယွမ်ဟန်ချန်ကို ကြည့်ကာ ဖြေလိုက်တယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုယ်လုပ်တော်ယုရဲ့ သားတော်မင်းသားလေးဟာ ဖျားနာမှုကြောင့် ဆုံးပါးသွားခဲ့သည်။ ဒါဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့သည့် အရှင့်သား၏ ဒုတိယမြောက်သားတော်ပင်... ဒီရက်ပိုင်းအတွင်း အရှင့်သားလည်း စိတ်အခြေအနေ ဆိုးရွားနေခဲ့ပြီး စိတ်အစဉ်တို့မှာ မှုန်မှိုင်းနေခဲ့လေ၏။
"အရှင့်သား... အရှင့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်... အရှင့်သားက အသက်အရွယ် ငယ်ရွယ်နုပျိုသေးလို့ နောင်အနာဂတ်မှာ ဆက်ခံသူမျိုးဆက် အမြောက်အမြားကို ကောင်းချီးပေးခြင်းခံရမှာ အသေအချာပါပဲ..." ယွမ်ဖူဟာ သတိကြီးစွာဖြင့် လေးလေးနက်နက် ပြောလိုက်လေ၏။
အခုက ယွင်မင်းဆက်ရဲ့ စတုတ္ထနှစ်ဆို... သူ တစ်ကယ်ကြီး အသက် ၁၈ နှစ်အရွယ်ကို ပြန်ရောက်လာတာပဲ... မယုံနိုင်စရာပဲ!!...
တဖြည်းဖြည်းနဲ့ သူ့ရဲ့စိတ်တွေဟာ တည်ငြိမ်လာပြီး ဘာအတွက်ကြောင့်ပဲ သူ့အတိတ်ကို ပြန်ရောက်သည်ဖြစ်စေ၊ ဒါဟာ ဘုရားရှင်က စီစဉ်ဖန်ဆင်းပေးတာဆိုရင် ဘုရားရှင်ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို မဖျက်ဆီးသင့်ဘူး... ဒီဘဝမှာတော့ သူ ကောင်းကောင်းမွန်မွန်နဲ့ နောင်တတရားတွေမရအောင် နေထိုင်ရလိမ့်မယ်...
"အရှင့်သား.. အိမ်ရှေ့စံမင်းသမီးက လူလွှတ်ပြီး အရှင့်သားကို မနက်စာတူတူ သုံးဆောင်ချင်မလားလို့ မေးခိုင်းလိုက်ပါတယ်..."
အစေခံငယ်ရဲ့ အကြောင်းကြားချက်ကို ကြားသိပြီးနောက် ယွမ်ဖူဟာ အရှင့်သားကို မေးမြန်းလိုက်လေ၏။
"ခဏနေလာခဲ့မယ်လို့ အကြောင်းကြားလိုက်..."
ရွှမ်းယွမ်ဟန်ချန်သည် အတိတ်ဘဝက ရွှယ်ချိုက်ယွိရဲ့ အပြုအမူအမျိုးမျိုးကို တွေးမိပြီး သူမနဲ့ ထပ်မံ တွေ့ဆုံရဦးမယ်လို့ တွေးမိရုံနဲ့ သူ့စိတ်နှလုံး၌ မခံမရပ်နိုင်ဖြစ်လာ၏။
"ကောင်းပါပြီ... အရှင့်သား"
အဲဒီကို သူရောက်သွားတဲ့အချိန်မှာတော့ အိမ်ရှေ့စံကြင်ယာတော်ရော တခြားကိုယ်လုပ်တော်တွေကပါ သူ့အား အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့လေသည်။ အိမ်ရှေ့စံကြွလာတာကို မြင်လိုက်သည်နှင့် ကမန်းကတန်း မတ်တပ်ရပ်ကာ အရိုအသေပေးလာကြသည်။
"စားကြရအောင်..."
အိမ်ရှေ့စံ စားပွဲမှာ ဝင်ထိုင်လိုက်ပြီးသည်နှင့် ဘေးနားတွင်ရှိသည့် နန်းတွင်းအစေခံတွေဟာ ဟင်းပွဲများကို ပြင်ဆင်ပေးကြတယ်။ အိမ်ရှေ့စံက စကားမပြောပဲ အစားကိုသာ အာရုံစိုက်စားနေလိုက်ပြီး ဘေးဘီကိုလည်း မော့ကြည့်မလာခဲ့ပေ...
ထမင်းစားသောက်ပြီးနောက် ယွမ်ဖူ ဆက်သတဲ့ ရေနွေးကို သုံးဆောင်ရင်း ရွှမ်းယွမ်ဟန်ချန်သည် သူ့မောင်းမဆောင်မှာ ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေကို စတင် လေ့လာလိုက်သည်။ အခုမှ ယွင်မင်းဆက် လေးနှစ်မြောက်ပဲရှိသေးတာကြောင့် ရွှမ်းယွမ်ဟန်ချန်ဘေး၌ မောင်းမအများကြီး ရှိမနေသေးချေ...
အိမ်ရှေ့စံမင်းသမီး ရွှယ်ချိုက်ယွိအပြင် သူ့မှာ နောက်ထပ် ကိုယ်လုပ်တော် သုံးယောက်ဖြစ်တဲ့ ရှုရွှယ်ရင်၊ ယွီချင်း၊ စုန့်ရိယွမ် တို့သာရှိသေးသည်။ ယခင်တုန်းကတော့ ကိုယ်လုပ်တော်ကျန်းဆိုသည့် အမျိုးသမီးလဲရှိသေးပေမယ့် ရင်သွေးလေးမွေးဖွားနေစဉ်ပင် မွေးဖွားရခက်ခဲတာကြောင့် မီးတွင်းထဲ၌ပင် သေဆုံးသွားခဲ့တယ်။ ကံမကောင်းစွာပဲ ကလေးငယ်မှာလည်း အလွန်အားနည်းသောကြောင့် ရက်အနည်းငယ်ကြာပီးနောက် သေဆုံးသွားခဲ့ရှာတယ်။
ဒီသုံးယောက်ထဲ စုန့်ရိယွမ်သည် သူ့နောက်တော်ပါးမှနေ၍ လူမှုရေးရာ ပေါင်းသင်းဆက်ဆံရေးကို သင်ကြားပြသပေးသည့် ပထမဆင့်နန်းတွင်းသူပင်... ရုပ်ရည်အဆင်းမှာ သာမာန်မျှသာဖြစ်၍ နူးညံ့သိမ်မွေ့ပြီး လှပသည်ဟု သာမာန်မျှသာ ဖော်ကြူးပေးနိုင်ပြီး သူမ၏စိတ်နေစိတ်ထားမှာ ရိုးသားသော်လည်း မပွင့်လင်းသော စရိုက်မျိုး ရှိတယ်။ သူမဟာ သူ့အတွက် သမီးတော်နှစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့တယ်။ ပထမကလေးမှာ မွေးမွေးချင်းပင် အသက်ဆုံးရှုံးခဲ့ပြီး ဒုတိယသမီးတော်ကတော့ ပျော့ညံ့ပြီး ချူချာလွန်းတယ်။
မွေးနာမည် ခမ်းအာလို့ အမည်ပေးခဲ့ပြီး အခုဆိုရင် သုံးနှစ်အရွယ်သို့ ရောက်နေလေပြီ... အန္တရာယ်ကင်းကင်းနဲ့သာ ကြီးပြင်းလာနိုင်ခဲ့ရင်တော့ ဒီကလေးဟာ ကြီးလာရင် သူ့ရဲ့ အကြီးဆုံးမင်းသမီး ခမ်းဖင် ဖြစ်လာပေလိမ့်မည်။
"အခုတလော ခမ်းအာရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုနေလဲ..."
"အရှင့်သားကို ပြန်လည်လျောက်တင်ပါတယ်... ခမ်းအာက သိပ်မကြာသေးခင်ကပဲ အအေးအနည်းငယ်မိသွားလို့ အခုတော့ ချောင်းအနည်းငယ်ဆိုးနေပါတယ်... တော်ဝင်ကုသဆောင်က သမားတော်ချွေ့က လာရောက် စမ်းသပ်စစ်ဆေးပြီး ဆေးညွှန်းပေးသွားပါတယ်... ဆေးသောက်ပြီးသွားလို့ အခုတော့ အရင်ကထက်စာရင် အများကြီး ကောင်းသွားပါပြီ..."
Advertisement
စုန့်ရိယွမ်ဟာ သူ့သမီးတော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ရွှမ်းယွမ်ဟန်ချန်ရဲ့ စိုးရိမ်မှုကို ကြားလိုက်ရသည့်အခါ ခမ်းအာကို ဂရုမစိုက်လို့ သူ့မအား အပြစ်တင်ပြောဆိုမည်ကို စိုးရိမ်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားကာ ပြန်ဖြေကြားလိုက်သည်။
ရွှမ်းယွမ်ဟန်ချန်က ခေါင်းငြိမ့်လိုက်ပြီး
"မင်း ခမ်းအာကို ဒီထက်ပိုပြီး ဂရုတစိုက် စောင့်ရှောက်ရမယ်... တကယ်လို့ ပေါ့လျော့တဲ့အစေခံရှိရင် သေသေချာချာအပြစ်ပေးလိုက်..."
သမားတော်ချွေ့ဆိုတာ တော်ဝင်ကုသဆောင်ရဲ့ သမားတော်တွေထဲက နေမကောင်းတဲ့ကလေးသူငယ်များကို ကုသပေးသည့်ပညာကို အထူးလေ့လာထားသူဖြစ်လို့ သမားတော်ရဲ့ အရည်အချင်းနဲ့ ပတ်သက်လို့ သူစိတ်ချလိုက်သည်။
တဖန် ကိုယ်လုပ်တော်ယွီဖက်ကိုလှည့်ကာ
"မင်းရဲ့ ခန္ဓာကိုယ်ရော သက်သာပြီလား..." လို့မေးလိုက်၏။
ရွှမ်းယွမ်ဟန်ချန်ရဲ့ စိုးရိမ်စကားကိုကြားလိုက်ရတဲ့အခါ ယွီချင်းက စိတ်လှုပ်ရှားစွာဖြင့်
"ဒီကိုယ်လုပ်တော်ရဲ့ ခန္ဓာကိုယ်က အများကြီး သက်သာလာပါပြီ... အိမ်ရှေ့စံမင်းသမီးကလဲ ကျန်းမာရေးစစ်ဆေးဖို့ သမားတော်ခေါ်ပေးပြီးတော့ အဖိုးတန်ဆေးဝါးကောင်းတွေကိုလဲ အစေခံတွေကနေ တစ်ဆင့် ပို့ပေးခဲ့ပါတယ်... ဒီ... ဒီကိုယ်လုပ်တော် မခံစားနိုင်တော့ပါဘူး အရှင့်သား... ဒီကိုယ်လုပ်တော်က အသုံးမကျမှုကြောင့် မင်းသားလေးကို သေသေချာချာမစောင့်ရှောက်နိုင်ခဲ့ပါဘူး...' သူမရဲ့မျက်နှာပေါ်၌ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြန်လည်ပြည့်နှက်လာခဲ့ရလေ၏။
ယွီချင်းရော ရှုရွှယ်ရင်ရောသည် မယ်တော်ကိုယ်တိုင် သူ အိမ်ရှေ့စံအဖြစ် တင်မြှောက်ပွဲပြီးနောက် ချီးမြှင့်ခဲ့တဲ့ ကိုယ်လုပ်တော်တွေပင်... ရှုရွှယ်ရင်ဟာ သိမ်မွေ့ကြင်နာပြီး အလွန်လှပတဲ့ရုပ်ရည်ကြောင့် သူ့ရဲ့ အနှစ်သက်ဆုံးဖြစ်ခဲ့ရသည်ပင်။
ယွီချင်းကတော့ သွက်လက်တက်ကြွသောစရိုက် ရှိပြီး လိမ္မာပါးနပ်လှသည်။ အတိတ်ကရော... အနာဂတ်မှာပါ သူ့အတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့တယ်... သမီးတော်ကတော့ ချူချာလို့ ( ၂) နှစ်သားအရွယ်အထိကို ဂရုတစိုက် မွေးခဲ့ရတယ်... အရွယ်ရောက်လာတဲ့အခါ သူမဟာ သူ့ရဲ့ဒုတိယမြောက်သမီးတော် မင်းသမီးခမ်းလဲ့ ဖြစ်လာလိမ့်မည်။
ကိုယ်လုပ်တော်ယွီ သားတော်မွေးဖွားစဉ်က သူတော်တော်လေးကို ကျေနပ်အားရခဲ့ရသည်။ ဒီကလေးဟာ သူ့ရဲ့ အကြီးဆုံးသားတော်ပဲလေ... သို့ပေသိ သူ့မှာ ဂုဏ်ယူနေတာတောင် မကြာသေး... ကံဆိုးစွာနဲ့ပဲ ကလေးငယ်ဟာ သနားစရာကောင်းလောက်အောင် မန်ယွဲ့ (ရက်၃၀) မတိုင်ခင်ပဲ ဖျားနာကာ သေဆုံးသွားရရှာခဲ့သည်။
ဝါကြင့်ကြင့်အသားအရည်နှင့် မျက်တွင်းများချောင်ကျနေသောယွီချင်းနဲ့ သူမဘေးနားမှာ စိတ်ပူနေတဲ့အမူအရာကို တမင်ဟန်ဆောင်လုပ်ကာ ထိုင်နေသော ရှုရွှယ်ရင်တို့ကို ကြည့်လျက် အမှန်တရားများကို သိရှိနေပြီးသား ရွှမ်းယွမ်ဟန်ချန်ဟာ စိတ်ထဲကနေသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဘာလို့များ အတိတ်ဘဝတုန်းက ရှုရွှယ်ရင်ရဲ့ ချစ်ခြင်းမေတ္တာအတုအယောင်တွေကို သူ မမြင်ခဲ့ရတာလဲ...
ရှုရွှယ်ရင်သည် အိမ်ရှေ့စံမင်းသားရဲ့ စောင့်ကြည့်နေသလို အကြည့်တွေကို ခံစားလိုက်ရချိန် စိုးရိမ်နေသော အကြည့်တို့ကို အိမ်ရှေ့စံထံသို့ အလျင်စလို ဖော်ပြလိုက်သည်။
"ကောင်းပြီ... မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ပါဦး... မင်းမှာ စောင့်ရှောက်ရမယ့် သမီးတော် ကျန်သေးတယ်လေ... နောက်ထပ် လက်လွတ်စပယ် အမှားမျိုးကို ထပ်မလုပ်မိစေနဲ့တော့..."
"စိတ်ချပါအရှင့်သား... ဒီကိုယ်လုပ်တော် သေသေချာချာ ဂရုစိုက်စောင့်ရှောက်ပါ့မယ်။"
အမေတစ်ယောက်အနေနဲ့ သူမရဲ့သမီးတော်ဟာ သူမအတွက် နောက်ဆုံးမျှော်လင့်ချက်ပဲဆိုတာ ယွီချင်း နားလည်ပြီးသားပင်...
"အိမ်ရှေ့စံမင်းသမီး... မင်းလဲ... ဒီကိစ္စတွေကို ပိုပြီးဂရုစိုက်သင့်တယ်လို့ ထင်တယ်"
ရွှယ်ချိုက်ယွိသည် သီလသိက္ခာနှင့် ထုံမွှန်းထားသည့် မောင်းမဆောင်ရဲ့ အုပ်ထိန်းသူတစ်ယာက်ရဲ့ အမူအရာနဲ့ ပြန်လည်ဖြေကြားလိုက်သည်။
"အရှင့်သား... စိတ်ချပါ... ကျွန်တော်မျိုးမက ကလေးတွေရဲ့ အဒေါ်တစ်ယောက်အနေနဲ့ သေချာပေါက်ကို ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးမှာပါ..."
(T/N: Imperial Aunt လို့ ရေးထားတာပဲ... အမှန်ဆို ခေါင်းကိုင်တို့... မိထွေးတို့ဖြစ်သင့်တာမလား... အိုင်လည်းမသိ...)
မနက်စာစားသောက်ပြီးနောက် ရွှမ်းယွမ်ဟန်ချန်သည် စာကြည့်ခန်းထဲသို့ ပြန်လာခဲ့လေသည်။ မကြာသေးမီကမှ သူ့ရဲ့ကလေးကို ဆုံးရှုံးထားရလို့ ဧက္ကရာဇ်ဟာ သူ့ရဲ့ ဝမ်းနည်းနေတဲ့ပုံရိပ်ကို မြင်တွေ့ပြီး ညီလာခံကို မတက်ခိုင်းပဲ ရက်အနည်းငယ်ကြာ အနားယူဖို့ အမိန့်ပေးခဲ့သည်။
တစ်မနက်ခင်းလုံး ရွှမ်းယွမ်ဟန်ချန်သည် စာကြည့်ခန်းထဲ၌သာ ထိုင်နေခဲ့သည်။ နေ့လည်စာကို ရိုးရိုးရှင်းရှင်းသာ သုံးဆောင်ခဲ့ပြီးနောက် ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူထံ အမိန့်ပေးကာ ကျန်းရုန်ကို သူ့အား လာတွေ့ရန် ပြောခိုင်းလိုက်သည်။
စာကြည့်ဆောင်အတွင်း ကျန်းရုန် ဝင်လာခဲ့ပြီးမှ သူတို့နှစ်ဦးသား စာကြည့်ဆောင်အတွင်း၌ တစ်နာရီခန့်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက် ကျန်းရုန်လည်း ပြန်ထွက်သွားခဲ့တယ်။
ထို့နောက် ရွှမ်းယွမ်ဟန်ချန်သည် သူ၏အတိတ်ဘဝ၊ ယွင်မင်းဆက် လေးနှစ်မြောက်နှစ်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာမှန်သမျှကို ပြန်စဉ်းစားရင်း စာရွက်ပေါ်၌ ချရေးလိုက်လေ၏။
ကံကောင်းထောက်မစွာပဲ ဘုရားရှင်က သူ့ကို ပြန်လာခွင့်ပေးတဲ့အချိန် ကိစ္စတော်တော်များများက မဖြစ်သေးလို့သာလျှင် သူဟာ အစီအစဉ်တွေကို ကောင်းကောင်းရေးဆွဲလို့ ရနိုင်တယ်။
ယခုနှစ်ဟာ ယွင်မင်းဆက်၊ စတုတ္ထနှစ်ရဲ့ ဒုတိယလ ဖြစ်တယ်... ပြီးခဲ့တဲ့လကပဲ လီဝမ်ဟာ တော်ဝင်ဧကရီမယ်တော်ကြီးထံ ဝတ်ပြုဂါရဝပြုခြင်းကို ရပ်တန့်လိုက်ပြီး သူ့ရဲ့လက်အောက်ခံပြည်နယ်၊ လီမြို့သို့ ထွက်ခွါသွားခဲ့လေ၏။
လီဝမ်ဟာ လီမြို့သို့ ရောက်ရောက်ချင်းမှာပင် လက်အောက်ခံနယ်အတွင်းမှ တပ်သားများစုဆောင်းကာ တိတ်တဆိတ် လေ့ကျင့်ပေးခဲ့သည်။ အကယ်၍ သူသာ လီဝမ်ရဲ့ အာဏာကို အစကတည်းက ချေမှုန်းဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ လီဝမ်နဲ့ စစ်မြေပြင်မှာ အကြာကြီး တွေ့စရာ မလိုအပ်တော့ပေ...
လီဝမ်နဲ့ပတ်သက်တဲ့ ကိစ္စကလွဲ၍ ယွင်မင်းဆက်ကာလမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေထဲ သူ့ကို ကြီးမားတဲ့အကျိုးသက်ရောက်စေတဲ့ နောက်ထပ်ကိစ္စတစ်ခုလဲ ရှိနေသေးသည်။ ယွင်မင်းဆက်၊ စတုတ္ထနှစ်၏ ဆယ်လမြောက်တွင် မြောက်ပိုင်းဒေသမှ လူရိုင်းများသည် တောင်ပိုင်းသို့ ကျူးကျော်လာခဲ့ပြီး နယ်ခြားစောင့်တပ် အနီးအနားပတ်လည်မှ မြို့ငယ်အတော်များများကို မီးရှို့ဖျက်ဆီးလုယက်ကြသဖြင့် ထိုလူရိုင်းတို့၏ မကောင်းတဲ့လုပ်ရပ်များကြောင့် နယ်စပ်တွင်နေထိုင်သော မြို့သူမြို့သားများအတွက် အသက်ရှင်နေထိုင်ရန်လမ်းစ မရှိခဲ့ချေ...
Advertisement
ထိုမြောက်ပိုင်းဒေသရှိ လူရိုင်းမျိုးနွယ်စု၏ တည်ရှိမှုသည် ရွှမ်းယွမ်ဧကရာဇ်မင်းဆက်အတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာခဲ့ရသည်။ ဒီလူတွေဟာ မြေရိုင်းပေါ်မှာ ကြီးပြင်းလာကြတဲ့ ခြေသလုံးအိမ်တိုင်တွေပင်... ထိုလူရိုင်းတို့၏နေရာတွင် ထွန်ယက်စိုက်ပျိုးလို့ရသည့်မြေလည်း အလွန်ရှားပါးသည့်အပြင် ရက်စက်ကြမ်းကြုတ်သောစိတ်ဓာတ်နှင့် အကြမ်းဖက်မှုများကိုသာ နှစ်သက်ကြပြီး အရှက်အကြောက်လဲ ကင်းမဲ့ကြလေသည်။
နှစ်အနည်းငယ်ကြာတိုင်း နယ်စပ်မြို့များသို့ လာရောက်ကာ မီးရှို့ဖျက်ဆီးကာ လုယက်မှုများ ပြုလုပ်ခဲ့ကြသည်။ သူတို့ မည်သည့်နေရာဒေသသို့ ရောက်ရှိနေပါစေ ရွာသားများ၏ စားနပ်ရိပ်က္ခာနဲ့ တိရစ္ဆာန်တွေကို လုယက်ကာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယွင်မင်းဆက်၊ ဒုတိယမြောက်နှစ်တွင် ရွှမ်းယွမ်ဟန်ချန်သည် စစ်တပ်ကို ဦးဆောင်ကာ ထိုသူများနှင့် တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ခဲ့ဖူးသည်။ ရွှမ်းယွမ်ဟန်ချန်သည် စစ်တပ်ကို ရဲရဲဝင့်ဝင့် ဦးဆောင်ကာ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သဖြင့် လူရိုင်းများကို စစ်ပွဲတွင်အနိုင်ပိုင်းနိုင်ခဲ့သည်။ လူရိုင်းများအား နောက်ထပ်ရာဇဝတ်မှုများ မကျူးလွန်စေရန်မှ ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးစာချုပ်ကို အတင်းအကြပ်ချုပ်ဆိုစေပြီး နောင်တွင် ထိုကဲ့သို့သော ရာဇဝတ်မှုများကို မကျူးလွန်တော့ပါဟူသော ကတိကဝတ်ကို တောင်းခံခဲ့လေ၏။
နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာများ ဆက်သရန် မြို့တော်သို့ လာရောက်ရန် စေခိုင်းခဲ့ပြန်သည်။ သို့သော်ငြားလည်း လူရိုင်းတို့ရဲ့ သဘာဝအလျောက် အရှက်မရှိကာ စာချုပ်နှင့် ကတိစကားများကို အမှန်တကယ် အလေးထား ဂရုမစိုက်ခဲ့ကြပေ... ဆောင်းဦးရိတ်သိမ်းကာလအပြီးတွင် လူရိုင်းမျိုးနွယ်စုက ထပ်မံအုံကြွလာမည်ကို ရွှမ်းယွမ်ဟန်ချန် သိထားပြီး ဖြစ်သည်။
သူ့အတိတ်ဘဝတုန်းက ခမည်းတော်ဧကရာဇ်ဟာ ဒီအကြောင်းတွေကို ကြားသိပြီးပြီးချင်း ဒေါသပုန်ထကာ လူရိုင်းတွေကို သူကိုယ်တိုင် တိုက်ခိုက်နှိမ်နင်းမယ်လို့ အမိန့်ပေးခဲ့တယ်... ခမည်းတော်ဧကရာဇ်သည် သူနဲ့အတူ ဒုတိယမင်းသား၊ သူ့ညီတော် ရွှမ်းယွမ်ဟန်ချိကို ခေါ်ဆောင်သွားခဲ့ပြီး စစ်ပွဲကို အတူတကွ တိုက်ခိုက်ကာ ကြီးမားသော အောင်ပွဲတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
ဒါပေမယ့် လူရိုင်းတွေရဲ့ စခန်းချုပ်ကို တိုက်ရိုက်တိုက်ခိုက်ရန် သွားရောက်ချိန်၌ လမ်းခုလတ်မှာတင် ချုံခိုတိုက်ခိုက်ခံရလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ ညီတော်သည် ဖခင်ကို ကာကွယ်ရင်း နေရာမှာပင် ပွဲချင်းပြီး သေပွဲဝင်ခဲ့ရလေသည်။ ခမည်းတော်ကိုယ်တိုင်လဲ ခန္ဓာကိုယ်ပေါ်တွင် မြှားဒဏ်ရာရကာ အတွင်းကလီစာများ ထိခိုက်သွားခဲ့သည်။ မြို့တော်သို့ပြန်ရောက်သည့်အချိန် ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို တောင့်ခံကာ သူ့ထံ ထီးနန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်မှာတော့ ဖျားနားမှုကြောင့် မကြာမီပဲ ကွယ်လွန်သွားခဲ့လေ၏။
မယ်တော်မှာလည်း သူမချစ်ရတဲ့ ခင်ပွန်းနဲ့ သားတော်တို့ကို တစ်ကြိမ်တိုင်းမှာပဲ ဆုံးရှုံးခဲ့ရတာကြောင့် မကြာခင်မှာပဲ ထိုသူတို့နောက်ပါးသို့ လိုက်သွားခဲ့လေ၏။
ရွှမ်းယွမ်ဟန်ချန်သည် ထိုကဲ့သို့သော ကတိုက်ကရိုက်အခြေအနေကြားထဲ နန်းတက်ခဲ့ရလေသဖြင့် မင်းဆက်တစ်လျှောက် မတည်ငြိမ်မှုများဖြင့် ရင်ဆိုင်ခဲ့ရလေသည်။
အခွင့်အရေးကို ကျားချောင်းချောင်းနေသော လူရိုင်းတွေရဲ့ အပြင်ရန်ကို စိုးရိမ်ရသလို အတွင်းမှာလဲ ဉာဏ်နီဉာဏ်နက်များသည့် လီဝမ့်ရန်လည်း ရှိသေးသည့်အပြင် ညီလာခံ၌လဲ ရွှယ်အိမ်တော်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ထိန်းချုပ်ရခက်ခဲခဲ့လေသည်။
ရွှမ်းယွမ်ဟန်ချန် ထီးနန်းစံမြန်းတဲ့နှစ်ဟာ အလွန်အမင်းကို ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကာလလို့ ပြောလို့ရတယ်... လူရိုင်းတွေကို ရှင်းလင်းသုတ်သင်ဖို့နဲ့ ခမည်းတော်နဲ့ညီတော်အတွက် လက်စားချေပေးဖို့ကို တစ်နှစ်လောက် အချိန်ယူခဲ့ရတယ်။
ပြီးတာနဲ့ ညီလာခံမှာလည်း ရွှယ်အိမ်တော်ရဲ့အာဏာကို ဖြုတ်ချဖို့နဲ့ ဘက်တော်သား၊ လူယုံတွေကိုလည်း စုဆောင်းဖို့ကိစ္စရပ်ကို စတင်ကြိုးပမ်းခဲ့ရလေသည်။ အရည်အချင်းရှိတဲ့ ပညာရှင်တွေ ရွေးချယ်ဖို့ရန်အတွက် အရာရှိစာမေးပွဲများကိုလည်း အားကြိုးမာန်တက် စီစဥ်ဆောင်ရွက်ရင်း ရွှမ်းယွမ်ဟန်ချန်ဟာ သူသည် ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ခဲ့လေ၏။
ကံဆိုးစွာပဲ သူဟာ သူ့ရဲ့မောင်းမဆောင်ကို လျစ်လျူရှုခဲ့မိပြီး မောင်းမတွေကြားက အကြောင်းကိစ္စတွေကို မရှင်းလင်းမိခဲ့ချေ။ အမွေဆက်ခံသူနည်းပါးအောင် ကြံစည်သည့် ရှုချိုက်ယွိနဲ့ ရှုရွှယ်ရင်တို့ လုပ်ရပ်ကိုလည်း ခွင့်ပြုမိခဲ့ကာ ရှုချိုက်ယွိကိုလည်း လီဝမ်နဲ့ ပူးပေါင်း၍ သူ့အား လုပ်ကြံရန် အခွင့်ပေးခဲ့မိတာကြောင့် သူ့ကလေးငယ်ကို သေစေခဲ့မိသည်ပင်...
ဒီဘဝမှာတော့ သူ့ကလေးလေးကို ဘယ်လိုအန္တရာယ်၊ ဘယ်လိုနာကျင်မှုမျိုးမှ မကြုံရအောင် ကာကွယ်ဖို့ သေသေချာချာ ဗျူဟာရေးဆွဲထားရလိမ့်မယ်...
နှစ်သုံးဆယ်ကျော်လောက် ကျားပေါင်ရဲ့အကြောင်းတွေကို နှစ်သုံးဆယ်ကျော်လောက် လွမ်းဆွတ်တမ်းတနေပြီးတဲ့နောက်မှာတော့ သူဟာ ကလေးငယ်လေးကို နက်နက်နဲနဲကို ချစ်မိနေခဲ့လေပြီ... ဒီဘဝမှာတော့ သူဟာ လင်းကျားပေါင်ကလွဲလို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မလိုချင်တော့ချေ...
(T/N: ပြောရရင် ဇာတ်လိုက်က ကလေးကို အရင်ကလဲ ဂရုမစိုက်မိဘူး... ကောင်လေးသေတုန်းကလဲ မချစ်သေးဘူး... အဲတာကြောင့် ရှုဖေးလုပ်တယ်ပြောတုန်းက မယုံဖူးတွေ ဘာတွေပြောခဲ့တာ... နှစ်တွေအကြာကြီး ဒီလူတစ်ယောက်ထဲကို တွေးမိနေပီး အဲလူရဲ့ ချစ်ခြင်းတွေကိုမြင်လာမိတော့မှ တဖြည်းဖြည်းနဲ့ စွဲလမ်းပီး ချစ်လာခဲ့တာ... နောက်ဆုံး ပြန်မွေးဖွားလာတော့ သူ့ baby လေးကိုပဲ အသည်းစွဲနေတော့တာ...)
ယွင်မင်းဆက် စတုတ္ထနှစ်မှာ ဖြစ်တဲ့ကိစ္စတွေထဲ အရေးကြီးဆုံးကတော့ သူ့ကလေးလေး နန်းတော်ထဲ ဝင်ရောက်လာမည့်ကိစ္စပင်... အခုဆို အချိန်တစ်လလောက်သာ လိုတော့တယ်။
လင်းကျားပေါင်ကို တွေ့ဖို့ကို သူမစောင့်နိုင်တော့... ဒီအကြောင်းတွေးလိုက်မိရုံနဲ့ စိတ်တွေ အရမ်းလှုပ်ရှားလာပြီး သူ့စိတ်အခြေအနေလဲ အလွန်ကောင်းမွန်လာလေသည်။ မွေးဖွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ပြုံးလိုက်မိလေ၏။
ထိုစဉ် တော်ဝင်စာကြည့်ဆောင် အပြင်ဖက်မှ ယွမ်ဖူ၏ အကြောင်းကြားသံမှာ ထွက်ပေါ်လာခဲ့သည်။
"အရှင့်သား... ရှုရှီရဲ့ အစေခံ၊ ပီကျူ့က တွေ့ခွင့်တောင်းနေပါတယ်..."
"ဝင်ခိုင်းလိုက်" စာရေးထားသည့် စာရွက်ကို မီးရှို့လိုက်ကာ အမွှေးတိုင်ခွက်ထဲသို့ လောင်ကျွမ်းပြာကျသွားသည်ကို ကြည့်နေလေ၏။
ပီကျူ့သည် လက်ရာသေသပ်လှသော ပန်းကန်လုံးတစ်လုံး ထည့်ထားသည့် ဗန်းကို ကိုင်ဆောင်ကာ ဝင်လာလေသည်။ ဝင်လာပြီးသည်နှင့် ရွှမ်းယွမ်ဟန်ချန်အား အလေးပြုကာ
"အရှင့်သား... ဒါ ကိုယ်လုပ်တော်ရှုကိုယ်တိုင် အရှင့်သားအတွက် ချက်ပြုတ်ပေးထားတဲ့ ကြက်စွပ်ပြုတ်ပါ... အရှင့်သားရဲ့ အသားအရောင် သိပ်မကောင်းတာကို တွေ့လို့ အရှင့်သားအတွက် အထူးချက်ပြုတ်ထားပေးတာပါ... ပြီးတော့ ကိုယ်လုပ်တော်ရှုကပြောပါသေးတယ်..."
"ရပြီ... ထားခဲ့လိုက်တော့..." ပီကျူးကို ဖြတ်ပြောလိုက်ပြီး ယွမ်ဖူအား အချက်ပြလိုက်သည်။
ယွမ်ဖူသည် အရှေ့တိုးကာ ဗန်းကို ယူလိုက်ပြီး ပီကျူ့ကို ပြန်ထွက်သွားဖို့ ညွှန်ကြားလိုက်သည်။ ပီကျူ့မှာ ပြောစရာတွေ ကျန်ရှိနေသေးပေမယ့် အရှင့်သားရဲ့ အကြည့်ကို မြင်လိုက်ရတဲ့အခါ တုန်လှုပ်သွားခဲ့လေ၏။
အရှင့်သားရဲ့အကြည့်စူးစူးကြောင့် ဆက်လက်ပြီး စကားကို မဆိုရဲတော့ပဲ အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့သည်။
ပီကျူ့ပြန်ထွက်သွားသည်နှင့် ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူအား
"မင်း... ချက်ချင်း လူခေါ် ပြီး ပီကျူ့ကို ဖမ်းခိုင်းလိုက်... မြန်မြန်လုပ်... သူ့ခန္ဓာကိုယ်ပေါ်မှာ ရှာဖွေခိုင်းလိုက် .... လူမသိစေနဲ့..."
ပီကျူ့ဟာ ဆေးထုတ်ကို သူမကိုယ်ပေါ်၌သာ သယ်ဆောင်ခဲ့ပြီး လာရာလမ်းတစ်ဝက်မှာတင် ဆေးကို စွတ်ပြုတ်ထဲခပ်လိမ့်မယ်လို့ မှန်းဆမိတယ်... သူဟာ ဝင်လာသမျှ ပစ္စည်းတိုင်းကို အမြဲသတိထားပြီး မီးဖိုချောင်ရဲ့ စည်းကမ်းတွေကလည်း တင်းကြပ်တာကြောင့် အဲ့ဒီမှာ မလုပ်ဝံ့မှာ မဟုတ်ပေ...
"ဟုတ်ကဲ့..."
ပီကျူ့ဟာ ကိုယ်လုပ်တော်ရှုရဲ့ ယုံကြည်ရတဲ့အစေခံပင်... ဒါကို ဘာလို့ အရှင့်သားက သူမကို ဖမ်းချင်ရတာလဲ?... သို့သော်ငြားလည်း ယွမ်ဖူဟာ အလျင်အမြန် ပြေးထွက်သွားပြီး အစောင့်နှစ်ယောက်ကို သူနှင့်အတူ ခေါ်ဆောင်သွားလေသည်။ ခြံဝင်းနဲ့အဝေးကြီးကို မရောက်သေးတဲ့ ပီကျူ့အား လှမ်းခေါ်လိုက်ပြီး အစောင့်တစ်ယောက်ကို အမိန့်ပေးကာ မေ့အောင်ရိုက်စေလိုက်ပြီး သူမအား ဖမ်းခိုင်းလိုက်သည်...
မကြာခင်မှာပင် ယွမ်ဖူသည် ချွေးတစ်လုံးလုံးနဲ့ ပြန်ရောက်လာခဲ့ပြီး ရွှမ်းယွမ်ဟန်ချန်အား
"အရှင့်သား... ပီကျူ့ရဲ့အိတ်ထဲကနေ ဒီပစ္စည်းကို တွေ့ခဲ့ပါတယ်..."
ယွမ်ဖူဟာ အပေါ်၌ အဖြူရောင်အမှုန့်များ အနည်းငယ် စွန်းထင်းနေဆဲဖြစ်တဲ့ စက္ကူထုတ်ကို ပြသလိုက်သည်။
"တော်ဝင်ကုသဆောင်ကို သွားပြီး သမားတော်ချန်ချွင်းရုန်ကို သွားခေါ်လာခဲ့..." နက်နဲသော အမူအရာဖြင့် သူ့အရှေ့မှာ ရှိနေတဲ့ ကြက်စွပ်ပြုတ်ပန်းကန်ကို ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ...မင်းသား" ယွမ်ဖူဟာ ချက်ချင်းပင် အစေခံတွေကို ထိုလူအား သွားခေါ်ရန် စေခိုင်းလိုက်လေ၏။
သူ့အတိတ်ဘဝတုန်းက ရှုရွှယ်ရင်ကသူ့ကို စွပ်ပြုတ်တိုက်တိုင်း နူးညံ့သိမ်မွေ့ပြီး အမျှော်အမြင်ရှိသူလို့ အမြဲချီးမွမ်းနေခဲ့တယ်။ သူဟာ သူမဆီကို မသွားဖြစ်လို့ရှိရင် ကိုယ်လုပ်တော်ယု ဒါမှမဟုတ် ကိုယ်လုပ်တော်စုန့်ဆီကိုပဲ သွားသွား ဟင်းချိုသောက်ပြီးမှသာ ပြန်လာလေ့ရှိတယ်။ သူ အဲဒါကိုသောက်ပြီးတိုင်း သူ့စိတ်တွေ တက်ကြွလာတယ်လို့ ခံစားရတယ်...ဟန့်... ဒီဟင်းရည်ထဲ ဒီလိုဖြစ်မယ်လို့ သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး...
ချန်ချွန်းရုန်သည် တော်ဝင်ကုသဆောင်ရှိ သမားတော်ချုပ်၏သားပင်... သူသည် သမားတော်မိသားစုမျိုးရိုးမှ သက်ဆင်းလာသူဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွင်လည်း အလွန်ထူးချွန်သူတစ်ဦး ဖြစ်ပေသည်။
သူသည် ငယ်စဉ်ကတည်းကပင် တော်ဝင်ကုသဆောင်၌ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်သည်။ ယခင်ဘဝတုန်းက သူဟာ စစ်မြေပြင်သို့ စစ်ဖက်ဆိုင်ရာ ဆရာဝန်အဖြစ် မကြာခဏ လိုက်ပါသွားခဲ့ဖူးသည်။ သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုသည် အရမ်းကိုကောင်းမွန်ပြီး သူ့အပေါ်မှာလဲ အလွန်သစ္စာစောင့်သိလေ၏။
ခဏအကြာတွင် ယွမ်ဖူသည် ချန်ချွန်းရုန်ကို စာကြည့်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် အစေခံများကို ထွက်ခိုင်းလိုက်ကာ အပြင်ခြံဝင်းထဲကို စောင့်ကြပ်ရန် အစောင့်များအား ညွှန်ကြားလိုက်၏။
"မင်း... ဒါဘာလဲဆိုတာ လာကြည့်ကြည့်လိုက်... စွပ်ပြုတ်ထဲမှာကော ဒီအမှုန့်တွေ ပါနေလား စစ်ဆေးကြည့်လိုက်..."
ချန်ချွင်းရုန်လဲ ရှေ့ကိုတိုးကာ လေးနက်သောအမူအရာနဲ့ စက္ကူထုပ်ကို သေချာကြည့်လိုက်တယ်... သေသေချာချာ အနံ့ခံရင်း လက်ချောင်းထိပ်နဲ့ အမှုန့်အနည်းငယ်ကိုလဲ တို့ကြည့်ကာ အရသာခံကြည့်လိုက်တယ်။ မျက်ခုံးများ တွန့်ချိုးသွားပြီး ကြက်စွပ်ပြုတ်ကိုလည်း မြည်းကြည့်လိုက်တယ်။ စွပ်ပြုတ်ထဲ ဆေးဖတ်ဝင်ဆေးဝါးတွေရဲ့ အရသာအပြင်ကို သတိမိဖို့ မလွယ်ကူလောက်တဲ့ အနံ့ဆန်းတစ်မျိုးကိုပါ ရလိုက်တယ်။ စက္ကူထုပ်ပေါ်က အနံ့ကို စမ်းသပ်ပြီးမှသာ ဒီအနံ့နှစ်ခုက တူနေတာကို သိနိုင်ပြီး... အရသာကလဲ...
"အရှင့်သားထံ အစီအရင်ခံပါတယ်... ဒီအမှုန့်က ဟွမ်ဟွားချောင်နဲ့ပြုလုပ်ထားပြီးတော့... စွပ်ပြုတ်ထဲမှာလဲ သေချာပေါက်ကို ဒီအမှုန့် ပါဝင်နေပါတယ်..."
"ဟွမ်ဟွားချောင်?..." ဘေး၌ ရပ်လျက်ရှိနေသော ယွမ်ဖူသည် ထိုစကားကို ကြားသိရပြီးနောက် ချွေးစေးများထွက်သည်အထိ ထိတ်လန့်သွားရသည်။
ပီကျူ့က ဒီအမှုန့်တွေကို သူမနဲ့အတူတူ အမြဲသယ်သွားလိမ့်မယ်လို သူ မထင်ခဲ့ဘူး။ နာမည်ကြားရုံနဲ့ မကောင်းတဲ့ခံစားချက်ကို ခံစားလိုက်ရတယ်... စားပွဲပေါ်က အငွေ့ထောင်းထောင်းထနေတဲ့ စွပ်ပြုတ်ကို ကြည့်ပြီး သူဘာလို့များ ငွေအပ်နဲ့ မစမ်းခဲ့မိပါလိမ့်လို့ နောင်တကြီးစွာ ရနေလေသည်။ တော်သေးတာပေါ့... အရှင့်သားက အမျှော်အမြင်ကြီးပေလို့... မဟုတ်ရင် စွပ်ပြုတ်ကို သောက်လိုက်မိပြီး ဘယ်လိုတွေများ ဖြစ်လာနိုင်မလဲ...
Advertisement
- In Serial8 Chapters
Psycho in Naruto
Psycho reborn in the Naruto world attempts to make himself the most notorious ninja of them all. Game elements to help the character along the way.
8 73 - In Serial11 Chapters
SLIMES ASCENDANT
The established powers of the world are in for a reckoning as the simple 'slime' creatures rapidly become more sophisticated and dangerous in an Ascension Event. Updates Wednesdays and Saturdays.
8 104 - In Serial66 Chapters
Divinity
“Let an old warrior caution you, there are parts of every tale that are not told. The part where none of those mighty champions died peacefully in their beds. The part where the hero meets their end surrounded by the enemy and in horrible agony. They were alone in their final moments and unsure if their sacrifice would bear fruit. I do not want that for you.” The Heavens created the Realm of Man and saved it from the eternal silence of the Void - once. Centuries later, humanity’s unity has fractured beneath the weight of time and the whims of man. Raegn Edelgard fights on in his home of Bastion, one of two everlasting fortifications to protect the Realm from the remnants of the darkness that still persist. Raegn hoped to be written into legend alongside the stories that inspired him since childhood, yet the scouting skirmishes and small battles that have been fought since the time of his forefathers offer little chance at glory. When the Void wakes once more the Realm questions if the first war was ever really won…and if they might be saved again. Raegn is left searching for purpose and must navigate through a world teetering on the brink of extinction. Dire times create the greatest heroes, but tales that stand the test of time are written twice - in blood before ink.Divinity is a fantasy series about Raegn Edelgard, a young man who must make his way through a world that is struggling to realize it is, for the second time in its history, teetering on the brink of extinction. Book Cover Credits: Photo by Prince Akachi on Unsplash | Design by eric.margusity.com
8 232 - In Serial31 Chapters
Murder in Heliopolis: A Solarpunk Mystery
A solarpunk murder mystery. A murder, a disappearance, and a seemingly infallible AI… In the sprawling and sun-drenched eco-city of Heliopolis, under the watchful eye of PATET, successful businesswoman Cassia Grove is murdered in her home. Detective Laith is put on the case, but right from the start there are layers upon layers, mystery behind mystery, and nobody is who they seem… [participant in the Royal Road Writathon challenge]
8 530 - In Serial19 Chapters
The Forsaken America
The year is 3007. Earth has been divided into two super continents; Beauland, and The Forsaken America. Beauland was formed by the users of Xenopram; a drug that makes one immortal, but impotent. These people call themselves 'Eternals', and have deemed all mortal as 'The Rotten Evil', condeming them all to death and exile. The Forsaken America is a nuclear wasteland home to foul raiders, murderous cannibals, and an evergrowing presence of Beauland's government, The Eternal Protectors. This is a tale of two perspectives. The first is of KC Homstov, a Rotten Evil women who must escape the tyrannical Beauland due to an unwanted pregnancy. The second is of an immortal man with no name wandering the barren wastes of The Forsaken America in a strenuos fight for survival.
8 231 - In Serial8 Chapters
BangTanBoys Diary(Published)
All of About to BTS ~Read this if u Fans of BTS~
8 159

