《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟹
Advertisement
အခန်း (၃)၊ အပိုင်း(၁): အဆိပ်
ညနေပိုင်းတွင် ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူအား ခေါ်ဆောင်ကာ နှစ်ဦးသား ဧကရီနေထိုင်ရာ ယုံရှို့နန်းဆောင်သို့ ညကြီးမင်းကြီးပင် သွားရောက်ခဲ့ကြ၏။ ယုံရှို့နန်းဆောင်သို့ ရွှမ်းယွမ်ဟန်ချန် ရောက်ရှိသွားသည့်အချိန် ဧက္ကရာဇ်နှင့်ဧကရီတို့သည် ညစာသုံး ဆောင်လို့အပြီး လက်ဖက်ရည်ကြမ်းကို သောက်သုံးရင်းနှင့် စကားစမြည် ပြောဆိုနေကြသည်။
ဘဝတစ်ခုစာ ဖြတ်သန်းခဲ့ရပြီးနောက် ခမည်းတော်နဲ့မယ်တော်ကို ပြန်လည်တွေ့မြင်လိုက်ရသည့်အခါတွင် ရွှမ်းယွမ်ဟန်ချန်၏ နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးသောကများသည် ပေါက်ကွဲထွက်သည်ကို တားဆီးမရနိုင်ခဲ့ချေ...
ရာဇပလ္လင်အတွက် တိုက်ပွဲဝင်သည့် အစောပိုင်းကာလတွေတည်းက ခမည်းတော်နဲ့မယ်တော်တို့သည် အချင်းချင်း သိကျွမ်းခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီပေးခဲ့ကြသည်။ သူ့ရဲ့မိဘနှစ်ဦးကြား တစ်ဦးပေါ်တစ်ဦးထားရှိခဲ့ကြတဲ့ ခံစားချက်တွေကို ရွှမ်းယွမ်ဟန်ချန်မှာ အရမ်းကို အားကျခဲ့ရတယ်...
ခမည်းတော်မှာ စုစုပေါင်း သားတော်ငါးပါး ရှိတယ်။ အဲဒီအထဲကမှ နှစ်ဦးက ဧကရီကနေ မွေးဖွားလာတဲ့ သားတော်တွေ ဖြစ်ကြပြီး နောက်ထပ်သုံးယောက်က ကိုယ်လုပ်တော်တွေမှ မွေးဖွားပေးသည့် သားတော်တွေပင်။ မင်းသားတွေကြားက ပဋိပက္ခတွေကို ကိုယ်တိုင်တွေ့ကြုံဖူးတာကြောင့် ခမည်းတော်ဟာ မင်းသားတွေကြား ခွဲခွဲခြားခြား မဆက်ဆံခဲ့ချေ။ အစောကြီးကတည်းကပင် ခမည်းတော်ဟာ သူ့အား ထီးနန်းဆက်ခံသူအဖြစ် ရွေးချယ်ထားခဲ့ကာ ဂရုတစိုက် သင်ကြားပြသပေးခဲ့သည်။
ညီလာခံအတွင်း မငြိမ်မသက်မှုများ မဖြစ်ပွါးစေရန် ထိန်းချုပ်ဖို့အတွက်ကြောင့်သာ ခမည်းတော်ဟာ နန်းတက်ပြီးနောက်ပိုင်းမှ ကိုယ်လုပ်တော်တွေ ထားရှိခဲ့သည့်အတွက် ဧကရီရဲ့ သားတော်တွေနဲ့ ကိုယ်လုပ်တော်တွေမွေးဖွားထားတဲ့ သားတော်တွေကြား အသက်အရွယ်ကွာခြားချက်မှာ အတော်အတန်ပင် ကြီးမားခဲ့ကြတယ်။
အသက်အရွယ်ငယ်စဥ်ကတည်းက သူ့ညီတော်တွေအကုန်လုံးကို ဧက္ကရာဇ်အပေါ် သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးရမည်ဟူသော အသိတရားအား သေချာသင်ကြားပေးခဲ့လို့ သူပြန်လည်မွေးဖွားလာခဲ့တဲ့ အချိန်အထိတိုင်အောင် အေးအေးဆေးဆေးသာ နေထိုင်ခဲ့ကြလို့ သူ့အတွက် များစွာချိန်းခြောက်မှုမရှိခဲ့ချေ။ ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် သူ့မယ်တော်ပေါ်မှာ ထားရှိတဲ့ ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခမည်းတော်ရဲ့ သူ့အပေါ် အလေးထားမှုတွေကို မြင်တွေ့နိုင်ပေလိမ့်မည်။
ညဘက်ကြီး ရုတ်တရက် အိမ်ရှေ့စံရဲ့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရပြီး အကျိုးအကြောင်း မမေးမြန်းမီမှာပဲ ရွှမ်းယွမ်ဟန်ချန်ရဲ့ အပြုအမူကြောင့် ဧကရီမှာ အလွန်အံ့အားသင့်သွားတယ်။
"ခမည်းတော်...၊ မယ်တော်..."
ရွှမ်းယွမ်ဟန်ချန်သည် စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့တိုးလာပြီး သူတို့ဖက် မျက်နှာမူကာ ကြမ်းပြင်ဆီသို့ ဦးသုံးကြိမ် ညွှတ်လိုက်လေသည်။
"ချန်အာ... သားတော်ဘာဖြစ်လာတာလဲ?..."
ဧကရီဟာ ဒီနေ့ သူမသားတော်ရဲ့ အခြေအနေ သိပ်မကောင်းမွန်သည်ကို ခံစားလိုက်ရလေ၏။
"အရမ်းနောက်ကျနေပြီလေ... ဘာဖြစ်လို့လဲ..."
ရွှမ်းယွမ်ဟန်ချန်မှာ ပြောစရာတစ်ခုခု ရှိနေကြောင်း ရိပ်မိလိုက်ပြီး ဧကရာဇ်က အစေခံတွေကို ဝေ့ရမ်းပြလိုက်ကာ အပြင်ဖက်သို့ ထွက်သွားခိုင်းလိုက်သည်။
အခန်းထဲ သူတို့သုံးဦးသာ ကျန်ခဲ့တော့မှ အိမ်ရှေ့စံဖက်ကို မျက်နှာမူလိုက်ပြီး
"ကိစ္စရှိနေလို့လားသားတော်?..."
အရင်ဘဝက ရှာတွေ့ခဲ့တဲ့ ကိစ္စတွေအပါအဝင် အိမ်ရှေ့စံမင်းသမီးနဲ့ လီဝမ်တို့ ပူပေါင်းပြီး သူ့အား မျိုးဆက်မရအောင် ကြံစည်တဲ့လုပ်ရပ်ဖြစ်တဲ့ ရှုရွှယ်ရင်ရဲ့ အစေခံခပ်တဲ့ အဆိပ်အကြောင်းတွေ အားလုံးကို တစ်ခုမကျန် အကုန်လုံး ခမည်းတော်တို့ကို ပြန်လည်လျှောက်တင်လိုက်လေသည်။
"ခမည်းတော်... မယ်တော်... ဒီသားတော်ဟာ တာဝန်မကျေပွန်ခဲ့ပါဘူး... ကိုယ့်ကိုယ်ကိုလည်း မကာကွယ်နိုင်ခဲ့သလို လူတွေကိုလည်း သေချာမခွဲခြားတတ်ခဲ့ပါဘူး... ဒီသားတော်မှာ အပြစ်ရှိပါတယ်..."ကြားပြီးပြီးချင်းမှာပင် ဧက္ကရာဇ်နဲ့ ဧကရီတို့သည် တုန်လှုပ်သွားခဲ့ရပြီး တုနှိုင်းမရသည့် ဧကရီမှာလည်း ထိတ်လန့်သွားခဲ့ရသည်။
"ဒါအမှန်ပဲလား!!... ဒါ... ဒါ..."
ရွှမ်းယွမ်ဟန်ချန်သည် သူ၏ကြေကွဲနေတဲ့မယ်တော်ကို ဖေးမနှစ်သိမ့်ဖို့ရန် ရှေ့သို့တက်လာကာ..."ခမည်းတော်နဲ့မယ်တော်... စိတ်အေးအေးထားပါ... ကံကောင်းထောက်မစွာနဲ့ ဒီကိစ္စကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့လို့ တစ်နှစ်၊ နှစ်နှစ်လောက်ကုသပီးရင် အပြည့်အဝ ပြန်ကောင်းလာနိုင်ပါတယ်..."
"အဲဒါ... ဒါကို ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ... မင်းက မယ်တော့်ရဲ့ သားတော်လေ..."
ဆက်ခံသူမျိုးဆက်တွေ ရှိဖို့ဆိုတာ အရမ်းကို အရေးကြီးတယ်... မအံ့ဩတော့ပါဘူး... ဒီနှစ်အတော်အတွင်း သူမသားဟာ လက်ထပ်ထားပေမယ့် သူ့မှာ ဖျားနာနေတဲ့သမီးနှစ်ယောက်ပဲ ပိုင်ဆိုင်ထားတယ်ဆိုတာကို... ဒီရွှယ်အိမ်တော်က အရမ်းကို ယုတ်မာလွန်းတယ်!!... သူမ တကယ်ကို သူ့တို့တွေကို မုန်းတီးမိတယ်!!!... တော်ဝင်မိဖုရားကြီးရွှယ် အသက်ရှင်နေတုန်းကလည်း သူမကို နှိပ်ကွက်ဖို့ အမြဲ ကြိုးစားခဲ့ကြတယ်... အခုသူမ ဧကရီဖြစ်တော့လည်း သူမရဲ့သားချန်အာကို ဒုက္ခပေးဖို့ ကြိုးစားနေကြတယ်...
ဧက္ကရာဇ်လည်း အရမ်းကို ဒေါသထွက်သွားပြီး စားပွဲကို လက်နဲ့ ရိုက်လိုက်လေ၏။ ရိုက်လိုက်သည့်အရှိန်ကြောင့် စားပွဲပေါ်မှာတင်ထားသည့် အကြမ်းရည်ခွက်ဟာ တုန်ခါသွားးတော့သည်။
"ရွှယ်မိသားစု... လီဝမ်!!!..." ဧက္ကရာဇ်လည်း ဒေါသတကြီး အော်လိုက်တော့တယ်။
ဒီလောက်နှစ်တွေအကြာကြီး သူထီးနန်းစံမြန်းပြီးတာတောင် အဲလူတွေက နောက်ဆုတ်ဖို့ ဆန္ဒမရှိကြသေးဘူး။ မထင်မှတ်စွာနဲ့ သူ့သားတော်ရဲ့အနောက်ဆောင်အထိကိုပါ သူ့တို့အာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်လာကြသည်။
"ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရပြီးပြီလား?"
"ရှုကိုယ်လုပ်တော်ရဲ့အစေခံကိုလည်း ဖမ်းဆီးထားပြီးပါပြီ... နောက်ပြီး အိမ်ရှေ့စံကြင်ယာတော်ရဲ့အဆောင်ကိုလည်း လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါတယ်... သူတို့တွေထဲကမှ သတင်းပေးပို့တဲ့တာဝန်ခံကိုလည်း ဖမ်းဆီးထားပြီးပါပြီ... လီဝမ်ကတော့ အရမ်းကို သတိကြီးလို့ အရေးကြီးတဲ့အချက်အလက်မှန်သမျှ ဘာမှမကျန်ခဲ့ဘူး... ဒါကြောင့်မို့ ရွှယ်အိမ်တော်အကြောင်းကို အပေါ်ယံပဲ စုံစမ်းလို့ ရခဲ့တယ်..."
Advertisement
ပီကျူ့ရဲ့မိသားစုဟာ ရွှယ်အိမ်တော်ရဲ့ လက်ထဲမှာဆိုတာကလွဲလို့ လီဝမ်နဲ့ ပတ်သတ်ပြီး မည်သည့်သဲလွန်စမှ မရခဲ့ချေ။
"ခမည်းတော်၊ သားတော် ဒီလူတွေနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ အချိန်တစ်ခုကြာတဲ့အထိ မကိုင်တွယ်ချင်သေးဘူး... သူတို့ကို အနီးကပ်စောင့်ကြည့်ဖို့ လူတစ်ချို့ကို စေလွှတ်ချင်ပါသေးတယ်... အခုတော့ သူတို့ကို အမှုမဲ့အမှတ်မဲ့ အရင်သတိမပေးလိုက်ပဲ တစ်ခါတည်း ရိုက်ချလို့ရအောင် အခွင့်အရေးကို ထပ်ပြီး စောင့်ဆိုင်းနေသင့်တယ်... ရှုကိုယ်လုပ်တော်ကိုလည်း သားတော် ပိတ်ပင်ထားပြီးပါပြီ... အပြင်ကိုတော့ ပီကျူ့က ကိုယ်လုပ်တော်ရှုအတွက် မျက်နှာကောင်းလာယူရင်း သားတော်ကို ဆန့်ကျင်မိပြီး အပြစ်ပေးခံရတယ်လို့ သတင်းလွှင့်ထားပါတယ်... အိမ်ရှေ့စံကြင်ယာတော်အတွက်ကတော့ သားတော် သူ့ကို တဖြည်းဖြည်းဖျားနာပြီး အိမ်ရာထဲလဲအောင် လုပ်လိုက်ပါ့မယ်..."
ရွှမ်းယွမ်ဟန်ချန်သည် ခမည်းတော်အား သူ့အစီအစဉ်တွေအားလုံးကို ပြောပြလိုက်သည်။ (T/N: နှစ်ယောက်စလုံးကို တစ်ခါတည်းနဲ့ကို ရှင်းပစ်တာနော်... ရက်စက်ချက်ပဲ အိုင်တို့ ဇာတ်လိုက်က...)
ဧက္ကရာဇ်လည်း ရွှမ်းယွမ်ဟန်ချန်ရဲ့ အစီအစဉ်များကို ကြားသိပြီးနောက် လုပ်ဆောင်ရန် ခွင့်ပြုပေးလိုက်သည်။ ဒီအချိန်မှာတော့ ဒါက တစ်ခုတည်းသောနည်းလမ်းပင်... စေ့စပ်သေချာတိကျတဲ့သက်သေတွေ မချပြနိုင်ခဲ့ရင် ရွှယ်အိမ်တော်ကို ယိုင်နဲ့အောင်လုပ်နိုင်မှာ မဟုတ်သလို ပိုပြီးတောင် အဆင်မပြေတာတွေ ဖြစ်လာနိုင်တယ်...
ဒီသားတော်ဟာ သူ့အတွက် အမြဲတမ်း ဂုဏ်ယူစရာဖြစ်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်တည်းက စစ်တပ်ထဲ အထင်ကြီးစရာကောင်းလောက်အောင် ချီးမွှန်းထိုက်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းပြည်ရေးရာကိစ္စတွေ ကိုယ်တွယ်တဲ့ နေရာမှာလည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အမွေဆက်ခံသူတွေနဲ့ မောင်းမဆောင်ကို ကိုင်တွယ်တဲ့ နေရာမှာတော့ ဒီလို သတိလက်လွတ်အမှားမျိုးကို လုပ်မိလိမ့်မယ်လို့ မမျှော်မှန်းခဲ့မိချေ။
"မင်းခန္ဓာကိုယ်က တကယ်ရော အဆင်ပြေရဲ့လား?... နှစ်နှစ်၊ သုံးနှစ်ကြာအောင်တောင် ကုသဖို့ လိုအပ်တာလား?..."
"ခမည်းတော်ကို ပြန်လည်လျောက်တင်ပါတယ်... ဒါဟာအမှန်ပါပဲ... တော်ဝင်ကုသဆောင်က သမားတော်ချန်ကိုယ်တိုင် သားတော်ကို လာရောက် စစ်ဆေးပြီးပါပြီ... ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားသန့်စင်ပြီး ပြန်လည်ကျန်းမာလာအောင် နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူ ကုသရပါလိမ့်မယ်... ပြီးတော့ ဒီနှစ်နှစ်အတွင်း အမျိုးသမီးတွေနားမကပ်ရဘူးလို့ မှာကြားထားပါတယ်..." (ဂျင်းးးး)
ရွှမ်းယွမ်ဟန်ချန်ဟာ ခမည်းတော်နဲ့မယ်တော်တို့ကို အဓိကအချက်ကို ပြောပြလိုက်လေသည်။
"ဒီလိုဆိုရင် ဒီနှစ်နှစ်၊ သုံးနှစ်အတွင်း မျိုးဆက်မရနိုင်ဘူးပေါ့..."
ဧက္ကရာဇ်လည်း သက်ပြင်းချလိုက်မိသည်။ သူ့သားတော်ရဲ့ မျိုးဆက်ရရှိဖို့ ခက်ခဲနေတဲ့ကိစ္စဟာ အရမ်းကို ကြီးမားတဲ့ပြဿနာတစ်ရပ်ပင်... လီဝမ်မပြောနှင့်.. ညီလာခံက မူးမတ်တို့ပါ ဒီကိစ္စကို ရိပ်မိလာနိုင်သည်။"ခမည်းတော်၊ ခမည်းတော် ဘာတွေတွေးနေမလဲဆိုတာ ဒီသားတော် သိပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့နည်းလမ်း စဉ်းစားထားပြီးသားပါ... ဒီသားတော်ကို မြောက်ပိုင်းလူရိုင်းတွေနဲ့ တိုက်ခိုက်ဖို့အတွက် စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပါဝင်ဖို့ ခွင့်ပြုပေးပါ..." လို့ ရွှမ်းယွမ်ဟန်ချန်ဟာ ပြတ်ပြတ်သားသားတောင်းဆိုလိုက်လေ၏။
"...ဘာ!!... လူရိုင်းတွေကို စစ်ဆင်ဖို့?..." ဧကရာဇ်မှာ အနည်းငယ် တွေဝေသွားလေ၏။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ လူရိုင်းတွေနဲ့ သဘောတူစာချုပ်ချုပ်ဆိုထားပြီးသား ဖြစ်နေသည်ကို ဘာကြောင့်များ စစ်တပ်စေလွှတ်ပြီး စောင့်ကြည့်နေရမှာလဲ?
"မဖြစ်နိုင်တာ!... မင်းခန္ဓာကိုယ်က ဒီလိုဖြစ်နေတာကို...ဘယ်လိုလုပ်ပြီး စစ်ပွဲထဲ သွားချင်နေရတာလဲ?..." သဘောမတူခြင်းများစွာဖြင့် ဧက္ကရာဇ်မှာ ပြောလိုက်လေသည်။
"ဘယ်လိုပဲ ကတိကဝတ်စာချုပ်ချုပ်ထားပါစေ... လူရိုင်းမျိုးနွယ်စုဆိုတာ ယုံကြည်စိတ်ချထားလို့ရတဲ့ လူမျိုးစုတွေ မဟုတ်ပါဘူး... နှစ်နှစ်လောက် နားပြီးရင် သိပ်မကြာခင်မှာပဲ ဆူပူအုံကြွ လာနိုင်ပါတယ်... သားတော် ခန့်မှန်းကြည့်ရသလောက် ဒီနှစ် ဆောင်းဦးရိပ်သိမ်းကာလအပြီး ဒီအခွင့်အရေးကို အသုံးချပြီးသာ တောင်ပိုင်းကို ပြန်လည်ကျူးကျော်လာခဲ့ရင် သူတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး!!..."
ရွှမ်းယွမ်ဟန်ချန်ဟာ ဆက်ပြီးတော့ ပြောလိုက်လေသည်။
"သားတော်တောင်းဆိုချင်တာက သားတော်တို့ အထူးစစ်သည်တော်တွေရဲ့ လေ့ကျင့်ရေးကို ချက်ချင်းကို အရှိန်မြှင့် ဆောင်ရွက်ထားသင့်ပါတယ်... တကယ်လို့များ လူရိုင်းတွေက ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့မယ်ဆိုရင် နယ်စပ်မြို့တွေကို စစ်အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ကို ချက်ချင်းစေလွှတ်နိုင်ပြီး လူရိုင်းတွေကို တစ်ချက်ထဲနဲ့အပြီး ရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်... ဒီသားတော်ကို ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုပေးပါ!... ဒီနည်းလမ်းဟာ သားတော်ကို ခမည်းတော်အတွက် ပြင်ပမငြိမ်မသက်မှူတွေ ဖြေရှင်းပေးဖို့ ကူညီရာရောက်ပါလိမ့်မယ်... ဒါ့အပြင်ကို ဒီတစ်နှစ်ခွဲလောက်ကြာမယ့်ကာလမှာ သားတော်ရဲ့ ကျန်းမာရေးအတွက် သမားတော်ချန်ကို သားတော်နဲ့အတူ စစ်တပ်ထဲ ခေါ်သွားလိုက်ရင် ငှက်နှစ်ကောင်ကို ခဲတစ်လုံးနဲ့ သတ်နိုင်သလို ဖြစ်လာပါလိမ့်မယ်..."
"ဒါလည်း နည်းလမ်းတစ်ခုပဲ... ဒါပေမယ့် လူရိုင်းတွေက ရုတ်တရက်တိုက်ခိုက်လာနိုင်တာ သားတော် သေချာရဲ့လား..." ဧက္ကရာဇ်ဟာ အနည်းငယ်တုန့်ဆိုင်းနေလေသည်။
"ဒါကို သားတော် အတိအတကျ အာမမခံနိုင်ပါဘူး... ဒါပေမယ့် လူရိုင်းတွေရဲ့ ပင်ကိုယ်စရိုက်က စကားကို အမြဲမတည်တတ်လို့ ဒီကိစ္စဟာ ဖြစ်လာနိုင်ချေ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်လို့ ထင်ပါတယ်..."ဧကရာဇ်မှာ ခေါင်းငြိမ့်လိုက်တယ်။ သူ့ရဲ့ဒီသားတော်ဟာ သူ့ထက်တောင် ပိုပြီး စဉ်းစားတွေးခေါ်တတ်လာကာ ပိုမိုထူးချွန်လာတယ်...သူသည် သူ့သားတော်က သူ့ထက် ထူးချွန်နေတာကြောင့် ဝန်တိုနေမယ့် ဧကရာဇ်မျိုးမဟုတ်ပေ။ ဆန့်ကျင်ဖက်အနေနဲ့ သူ့သားတော်က ပိုထူးချွန်လေလေ သူပိုဂုဏ်ယူရလေလေပါပဲ... ဒီအတော်အတွင်း သူ့သားတော်ဟာ သူ့ကို စိတ်ပျက်အောင်မလုပ်ခဲ့လို့ သူ့သားတော်ကို ယုံကြည်ပြီးထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်သည်။
Advertisement
"ဒါဆိုလဲ ကောင်းပြီလေ... မနက်ဖြန်ကနေစပြီး မြောက်ဖက်စခန်းကို သွားလိုက်ပါ..."
"ခမည်းတော်ကို ကျေးဇူးတင်ပါတယ်... သားတော် ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လိုက်ပါ့မယ်..."
သူ့ရဲ့ခမည်းတော်က သူ့ဆို အစဥ်အမြဲယုံကြည်ပေးခဲ့ပြီး အခုတစ်ခါလည်း အရင်အတိုင်းပင် ဆက်လက်ယုံကြည်ပေးနေဆဲမို့ သူ့နှလုံးသားထဲမှာ လှုပ်ခတ်သွားရသည်။
ယုံရှို့နန်းဆောင်မှထွက်လာပြီးနောက် ရွှမ်းယွမ်ဟန်ချန်သည် သူ့အား စောင့်ဆိုင်းလျက်ရှိနေသည့် ယွမ်ဖူအား ပြောလိုက်သည်။
"နန်းဆောင်ကို ပြန်ကြရအောင်..."
ကြယ်တွေလင်းလက်နေသော ကောင်းကင်ကြီးအား မော့ကြည့်လိုက်ရင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမျှင်းမျှင်းလေးကို ရှိုက်ထုတ်လိုက်လေ၏။ ခမည်းတော်နှင့်မယ်တော့်ကို ဖျောင်းဖြပြီးနောက် အရာရာဟာ သူ့စိတ်ကူးစိတ်သန်းအတိုင်း ပြောင်းလဲနိုင်ခဲ့လေပြီ...
ဒီညကတော့ လူတော်တော်များများကို အအိပ်ပျက်စေသည့် ညတစ်ညဖြစ်လာခဲ့ရသည်။ သူမရဲ့အစေခံခေါင်းဆောင် ဖမ်းဆီးခံရသည့်အကြောင်းကို ကြားသိလိုက်ရပြီး ထိုသတင်းမှာ အမှန်တကယ်ဖြစ်နေသည်ကို သိရှိလိုက်ရသောအခါ ရှုရွှယ်ရင်သည် မေ့မျောသွားခဲ့ရလေသည်။
ဘယ်နေရာကများ ချွတ်ချော်သွားခဲ့သည်ကို သူမ နားမလည်နိုင်ပေ... မျက်နှာသာရဖို့ ကြံစဉ်တိုင်း အိမ်ရှေ့စံက သူမကို အမြဲမျက်နှာသာပေးခဲ့ပြီး သူမကလည်း အမြဲလိုလို စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်ကာ အိမ်ရှေ့စံထံ ဆက်သခဲ့တယ်။ အိမ်ရှေ့စံက အမြဲတမ်း သူမကို ဇနီးကောင်းလေးတစ်ယောက်၊ စာနာထောက်ထားတတ်သူတစ်ယောက်လို့ ချီးမွန်းလေ့ရှိပြီး များသောအားဖြင့် စွပ်ပြုတ်သောက်ပြီးချိန်တိုင်း သူ့မထံသို့ သွားရောက်လေ့ရှိတယ်။
မထင်မှတ်ပဲ အခုလို သူမကို ဖမ်းချုပ်တာမျိုး အရင်က မဖြစ်ခဲ့ဖူးပေ... စိတ်မကောင်းစွာနဲ့ပဲ မည်သည့်သတင်းအချက်အလက်ကိုမျှ စုံစမ်းမေးမြန်းလို့မရခဲ့လို့ အခုဆို သူမသေလောက်အောင် စိုးရိမ်နေလေပြီ...
"ရှောင်လီဇီ၊ နင်သွားပြီး စုံစမ်းပေးဦး..."
ရှုရွှယ်ရင်ဟာ သူ့မအနီးအနားရှိ မိန်းမစိုးအစေခံအတွက် အနည်းငယ် စိတ်ပူနေခဲ့ပြီး ကိုယ်လုပ်တော်ယုအပေါ် ကျူးလွန်ခဲ့တဲ့ သူမလုပ်ရပ်တွေကို သိသွားမလားလို့ စိုးထိတ်နေရသည်။
အဲဒီအကြောင်းကို ပြန်စဉ်းစားကြည့်ပြီး သူမကို သူမ နှစ်သိမ့်ပေးလိုက်သည်။ မဖြစ်နိုင်ပါဘူး... သူတို့ကို သေသေချာချာ ဖျောက်ဖျက်ထားဖို့ သူမ အမိန့်ပေးထားပြီးသားပဲ... သက်သေမကျန်ခဲ့သည်ဖြစ်စေ၊ တကယ်လို့သာ အိမ်ရှေ့စံက သူမသာ သူ့ရဲ့မျိုးဆက်ကို လုပ်ကြံခဲ့တာသာ သိလို့ရှိရင် ဖမ်းဆီးချုပ်နှောင်ရုံလောက်နဲ့ ပြီးပြတ်သွားမှာ မဟုတ်ဘူး။
အိမ်ရှေ့စံကြင်ယာတော်၏နန်းဆောင်၌ အိမ်ရှေ့စံကြင်ယာတော် ရွှယ်ချိုက်ယုသည်လည်း စိုးရိမ်ပူပန်စွာဖြင့် သူမ၏ လူယုံတော် ဝမ်မော့မော့ကို မေးမြန်းနေလေ၏။
"ပီကျူ... သူမ တစ်ခုခုများ..."
"မဖြစ်နိုင်ပါဘူး မယ်မယ်... စုံစမ်းရသလောက်တော့ ကိုယ်လုပ်တော်ရှုအတွက် မျက်နှာသာပေးခံရအောင်လုပ်ရင်း မတော်တဆ အိမ်ရှေ့စံကို ဆန့်ကျင်မိတာကြောင့် အိမ်ရှေ့စံရဲ့ အပြစ်ပေးတာကို ခံလိုက်ရတာပါ..."
"ကောင်းပြီလေ... ဒါဆိုလည်း ပီကျူရဲ့မိသားစုကို သေသေချာချာ စီရင်လိုက်ပါ..."
"မယ်မယ်... စိတ်ချလိုက်ပါ... သေချာပေါက်ကို ကျွန်တော်မျိုးမက သင့်လျော်အောင် ကိုင်တွယ်လိုက်ပါ့မယ်..." ဝမ်မော့မော့သည် သူမရင်ဖက်ကို ပုတ်ပြလိုက်ရင်း ဖြေကြားလိုက်သည်။ သူတို့မသိလိုက်တာက အိမ်ရှေ့စံကြင်ယာတော်ရဲ့ နန်းဆောင် တစ်ခုလုံးဟာ ထိန်းချုပ်ခံထားလိုက်ရပြီ ဆိုတာကိုပင်...
သူ့ကလေးငယ် နန်းတွင်ထဲဝင်လာဖို့ရက်မှာ တစ်လမျှပင်မလိုတော့သည်ကို သတိရမိတိုင်း သူ့ရဲ့ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ခဲ့ချေ။ ဒီဘဝမှာလည်း သူဘေးနားကို သူ့ရဲ့ကလေးလေး နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာနိုင်အောင် အစီအစဉ်များ ကောင်းမွန်စွာ ရေးဆွဲထားရပေလိမ့်မည်။ ဒီလိုနဲ့ပဲ ရွှမ်းယွမ်ဟန်ချန်သည် လာမယ့်နေ့ရက်တွေကို လက်ချိုးရေတွက်ရင်း စောင့်ဆိုင်းနေချိန် လင်းကျားရွာ၌လည်း နန်းတော်မှ အစေခံများခန့်အပ်မည်ဟူသော သတင်းကြီးတစ်ခုကို လက်ခံရရှိခဲ့ကြသည်။ ထိုအချိန်မှာတော့ လင်းကျားပေါင်သည် ထိုသတင်းမှာ သူ့ဘဝကံကြမ္မာကို ပြောင်းလဲစေနိုင်မည်ကို မသိရှိခဲ့ချေ။******** T/N:အပိုင်း(၃) ကို နှစ်ပိုင်းခွဲတင်ပါ့မယ်... နောက်အပိုင်းက ကလေးတို့ဖက်ကို သွားကြရအောင်... 😘
Advertisement
- In Serial27 Chapters
The Sea of Destiny
[Let me be straight with you. This is trash, like old dime store novel trash. Don't expect grandiose writing, anything profound, or much beyond being free of spelling errors. Like my profile says, it’s hopefully like a salty snack, decent and satisfying for people looking for this kind of thing (at least that's my hope). It is simple, weird, and most likely growing in ridiculousness as it rapidly escalates.] Michael just wants to get away after a rough breakup. He figures some time alone cruising on a sick jet ski will help clear his head. After a small series of mishaps he winds up as humanities last hope adrift at sea after nuclear devastation destroys the mainland. Will he be able to solve the mystery of the bowl of the ancients before nuclear winter freezes over his dwindling food supply? Who are these mysterious women he keeps meeting, and will he even care about the talents they bring to the table, or will he be too focused on how they keep ruining his carefully laid plans for survival at sea? Read this cheesy short story to see for yourself, and discover the true mystery behind the hand of fate.
8 120 - In Serial25 Chapters
HATEFUL SIN
Sin was his name and hate was all he knew. Born under cruel circumstances and treated as if he was the lowest scum to have ever existed, it was impossible for him to know what love was. The only thing that kept him going was the thought, that one day he would be able to return all that he was given, ten fold. ^_^ >. As you can see i suck at writing synopsis, but if you wish feel free to read the first chapter and then you can decide wether you wish to continue reading my first attempt at this genre or you can turn tail and run, whichever you please.
8 84 - In Serial10 Chapters
Kindled Spirits
Travelers near and far had come to this very city. Each hoping to get a chance to get an elusive copy of Kindled: A Life Forgotten, an 8d RPG indie game produced somewhere in Eurasia. The game went on well, producing high ratings within 24 hours of sale. It was praised as one of the best game of the millennium, earning several world records in a short amount of time. It was so popular in fact that even NASA decided to launch it into space, hoping to for it to be seen by alien races as a sign of life in the universe. We follow Andromeda Fushigiwa, a retired gaming veteran, and a have a profound knowledge at programming.The date is May 17, 2071 when it was found by an alien race. They enjoyed videos of it actually. To thanks Earth, they made our world just like the game with alien technology. Can everyone adapt to this new life or will the whole world plunge into anarchy?Note* The mc will become more and more op by the story progress.
8 88 - In Serial9 Chapters
Mistakes Made. A Hamgelica fic
So this is a modernized Hamgelica fic. Basically Angelica loves someone Alexander loves someone someone loves them. It's just a lot of who loves who.
8 202 - In Serial25 Chapters
Depressed Quotes
I don't care if maybe reads this.
8 209 - In Serial101 Chapters
Female Face-Claims
Female Face-Claims for your stories!
8 189

