《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟺
Advertisement
အခန်း (၃)၊ အပိုင်း(၂): အဆိပ်
လင်းကျားရွာ
*********************
ယမန်နေ့ညနေပိုင်းလေးမှာပင် လင်းကျားရွာ၏နယ်မြေခံအရာရှိက အရေးကြီးသတင်းတစ်ခုကို ကြေညာခဲ့တယ်။ ဒါကတော့ နန်းတွင်းထဲဝင်ရောက်ပြီး အလုပ်အကျွေးပြုဖို့ရန်အတွက် နန်းတွင်းအစေခံရာထူးနဲ့ နန်းတော်ကနေ လူသစ်တွေ စုဆောင်းနေတယ်ဆိုတဲ့ သတင်စကားကိုပါပဲ။ သူတို့နေထိုင်တဲ့ လင်းကျားရွာကလည်း လူဆယ်ယောက်စာနေရာအတွက် ဖြည့်တင်းပေးရမှာပင်။
ရွာထဲမှ ရွာသားတွေအားလုံးလည်း ဒီသတင်းကို ကြားသိလိုက်ရလို့ အံ့ဩသွားခဲ့ပြီး လူတိုင်း စိတ်ပါဝင်စားစွာ ဆွေးနွေးကြတော့သည်။
"တိတ်ကြစမ်း... တိတ်ကြစမ်း... အားလုံးပဲ နားထောင်ကြ... ဒီသတင်းကအမှန်ပဲ၊ ဒီနေ့ ငါ မြို့ကိုတက်သွားတော့ ခရိုင်တရားသူကြီးကိုယ်တိုင် ငါ့ကိုပြောလိုက်တာ... ဒီတစ်ခါ ငါတို့ လင်းကျားရွာအတွက် လူဆယ်ယောက်စာ နေရာရခဲ့တယ်။ လိုအပ်ချက်အနေနဲ့ကတော့ အသက် (၁၁)နှစ်နဲ့ (၁၂) နှစ်ကြား မိန်းကလေးတွေ ဒါမှမဟုတ် ကောတွေ ဖြစ်ရမယ်။ ငါနားလည်ပါတယ်။ ဘယ်သူမှ ကိုယ့်ကလေးကို နန်းတော်ကို ပို့ချင်မှာမဟုတ်တာကို... ဒါပေမယ့်လည်း အုပ်ချုပ်ရေးရုံးက အမိန့်ချမှတ်ပြီးသား ဖြစ်နေပြီ။ တကယ်လို့ အမိန့်ကို မလိုက်နာခဲ့ရင် တစ်ရွာလုံး ဒုက္ခရောက်ကုန်လိမ့်မယ်..."
ထို့နောက် နယ်မြေခံအရာရှိက ဆက်လက်ပြီး ပြောလိုက်လေသည်။
"တကယ်တော့ ပြောရမယ်ဆိုရင် နန်းတော်ထဲဝင်တာ မင်းတို့ တွေးနေသလောက်လဲ မဆိုးပါဘူး၊ နန်းတော်ထဲဝင်ပြီးလို့ရှိရင် လတိုင်း လုပ်အားခအနေနဲ့ အသပြာတွေရလိမ့်မယ်၊ ပြီးတော့ အပေါ်မှာပြောသလို အကျိုးအမြတ်တွေရမယ့်အပြင်ကို မင်းတို့ အသက် (၂၅) နှစ်ပြည့်လို့ရှိရင် နန်းတော်ကနေ ထွက်ခွင့်ပေးမယ့်အပြင်ကို အဲအတွက်လည်း ငွေသားအချို့ရဦးမှာ... ဒါ့အပြင်ကို ကွေ့ရန်တစ်ယောက်ယောက်ရဲ့ မျက်စိကျတာသာ ခံရမယ်ဆိုရင် အဆုံးအစမရှိတဲ့ ကောင်းမွန်တဲ့အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပြီး မိသားစုကိုလည်း အကျိုးပြုနိုင်လိမ့်မယ်..."
နယ်မြေခံအရာရှိရဲ့ စကားဆုံးတာနဲ့ ပိုက်ဆံမက်တဲ့မိသားစုတွေဟာ ချက်ချင်းကို လိုချင်တက်မက်တဲ့ အမူအရာတွေ ပေါ်ပေါက်လာတော့တယ်။ နယ်မြေခံအရာရှိဟာ အဲဒီလူတွေကို ကြည့်လိုက်ပြီး ကျေနပ်သွားခဲ့တယ်။ ဒီလိုဆို ဆယ်ယောက်ပြည့်ဖို့ဆိုတာ ခက်ခဲမှာ မဟုတ်တော့ဘူး။ ပြီးနောက် နယ်မြေခံအရာရှိဟာ နောက်ထပ် ထပ်ပြီး မီးစာထည့်ပေးလိုက်သေးတယ်။
"ထုံးတမ်းအစဥ်အလာအရ အကယ်၍များ အခြေအနေတွေ ကိုက်ညီရက်နဲ့ မသွားချင်တဲ့မိသားစုတွေ ရှိခဲ့မယ်ဆိုရင် တစ်ယောက်စာကို ငွေစငါးစ ပေးရလိမ့်မယ်။ နောက်ကျရင် အဲငွေစတွေကို နန်းတော်ကိုသွားမယ့် ဆယ်ယောက်ရဲ့ မိသားစုတွေအတွက် နှစ်သိမ့်ကြေးအနေနဲ့ အညီအမျှပြန်ခွဲပေးမယ်။ ကောင်းပြီနော်... နောက်ဆယ်ရက်ကြာရင် နာမည်စာရင်း သွားတင်ရမှာမို့ စိတ်ဆုံးဖြတ်ပြီးတဲ့ ဘယ်သူမဆို တတ်နိုင်သလောက် ငါ့ဆီ မြန်မြန်လာပြီး စာရင်းပေးကြ..."
နယ်မြေခံအရာရှိ စကားဆုံးသည်နှင့် လူအုပ်စုလည်း အလျှိုလျှို ကွဲသွားလေသည်။
လင်းသာ့ကျွမ်းတို့ တစ်မိသားစုလုံး အိမ်သို့ ပြန်ရောက်လာပြီးနောက် သူတို့အားလုံး စိုးရိပ်ပူပန်ပြီး စိတ်ဆင်းရဲနေကြတော့သည်။ အိမ်ရဲ့ အငယ်ဆုံးလေးနှစ်ယောက်တောင် မူမမှန်တဲ့ အခြေအနေကို ခံစားမိလို့ စကားမပြောရဲကြပေ။
လင်းသာ့ကျွမ်းတို့မိသားစုမှာ လင်းကျားရွာမှာ အခြေချနေထိုင်ကြတဲ့ သာမာန်တောသူတောင်သားများသာ ဖြစ်ကြတယ်။ ဒီနှစ်ဆိုရင် လင်းသာ့ကျွမ်းသည် အသက်လေးဆယ် ရှိနှင့်နေလေပြီ။ သူသည် ခိုင်မာတောင့်တင်းပြီး တုတ်တုတ်ခိုင်ခိုင် အချိုးအစားဖြင့် မွေးဖွားလာသော တောင်သူလယ်သမားစစ်စစ်ပင်...
အသက်အရွယ်ငယ်စဉ်ကပင် လင်းသာ့ကျွမ်း၏မိဘများမှာ ဆုံးပါးသွားခဲ့ကြတယ်။ ငယ်စဉ်ကတည်းက သူ့ညီ၊ လင်းသာ့လီကို ခေါ်ဆောင်လာပြီး ဤရွာ၌ နေထိုင်ရန် လာခဲ့ကြတယ်။ လင်းသာ့ကျွမ်းသည် လယ်ယာအလုပ်တွင် အလွန်ထူးချွန်သူတစ်ဦးဖြစ်ပြီး လုံလဝီရိယကောင်းစွာဖြင့် အလုပ်ကို ကြိုးကြိုးစားစား လုပ်ချင်ကိုင်ချင်စိတ်ရှိသူလည်း ဖြစ်တယ်။ မိဘတွေ အမွေချန်ရစ်ထားခဲ့တဲ့ ကျက်တီးမြေတွေနဲ့ သူ့ကိုယ်ပိုင်လုံ့လဝီရိယကို အမှီပြုရင်း ဇနီးမယားနှင့် လက်ထပ်ပြီး သားသမီးများ မွေးဖွားနိုင်ခဲ့ရုံမက ညီငယ်ကိုပါ ငွေကြေးထောက်ပံ့နိုင်ခဲ့ပြီး ဇနီးမယားနှင့် အိမ်ထောင်ချပေးနိုင်ခဲ့ကာ မိသားစုအတွက် စည်းစိမ်ဥစ္စာများကို သူကိုယ်တိုင်ရှာဖွေနိုင်ခဲ့တယ်။
လင်းသာ့ကျွမ်းသည် ထိုရွာရှိ ကျန်းမိသားစုမှ သမီးနှင့် အိမ်ထောင်ကျခဲ့တယ်။ သူနှင့်လက်ထပ်ခဲ့သူမှာ သူမိဘများ၏ စီစဥ်မှုဖြင့် လူငယ်အချင်းချင်းကြား ကြိုတင်စေ့စပ်ထားပြီးသား လက်ထပ်ပွဲမှ ကျန်းဟွေ့နျန်ဖြစ်သည်။
ကျန်းဟွေ့နျန်ဆိုသည် အမျိုးသမီးမှာ အလွန်ခါးသီးစရာကောင်းလှတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခဲ့သူပင်၊ မိဘနှစ်ပါးလုံး ဖျားနာမှုကြောင့် သေဆုံးသွားခဲ့ပြီးနောက် သူမရဲ့မိသားစုတွင် များစွာသောအကြွေးများ တင်ကျန်နေခဲ့ပြီး မိသားစုတွင်လည်း မိသားစုဝင်မှာ သူမနဲ့ သူမရဲ့အကိုကြီးတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့ကြတယ်။ မောင်နှမနှစ်ယောက်သား တစ်ဦးကိုတစ်ဦး အပြန်အလှန် မှီခိုနေထိုင်ရင်း ရှင်သန်နေထိုင်ဖို့ ဘဝကိုရုန်းကန်ခဲ့ရတယ်။
မမျှော်လင့်ဘဲ ပြဿနာဆိုသည်မှာ တစ်ခုထဲ ရောက်လာခြင်း မဟုတ်ခဲ့ချေ။ သူတို့ရဲ့အကြွေးတွေကို အကျေဆပ်နိုင်ခဲ့ပြီး နေ့ရက်တွေက တဖြည်းဖြည်း အဆင်ပြေလာသယောင်ယောင်ရှိနေစဥ် သူမရဲ့အကိုကျန်းကျားသည် အပြင်မှာ အလုပ်လုပ်နေရင်း အလုပ်အလွန်အကျွံလုပ်မိတာကြောင့် ပင်ပန်းကာ မေ့လဲသွားခဲ့ပြီးနောက် ပြန်လည်မနိုးထလာခဲ့တော့ပေ။
ကျန်းဟွေ့နျန်ဟာ ခေါင်းအလွန်မာပြီး မိသားစုကိုတောင် သေအောင်လုပ်နိုင်တဲ့သူလို့ အများက သမုတ်ကြပြီး လင်းသာ့ကျွမ်းကိုလည်း သူမနဲ့ လက်မထပ်ရန် အားလုံးက ဝိုင်းဝန်းနားချကြတော့သည်။
လင်းသာ့ကျွမ်းက အများသူငါရဲ့စကားကို မယုံကြည်ပဲ စီစဉ်ထားသည့်အတိုင်းပင် ကျန်းဟွေ့နျန်နှင့် ထိန်းမြားလက်ထပ်ခဲ့တယ်။
လက်ထပ်ပြီးနောက်ပိုင်းတွင် လင်းသာ့ကျွမ်းနဲ့ ကျန်းဟွေ့နျန်တို့သည် သူတို့ရဲ့နေ့ရက်တွေကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြတယ်။ ငယ်ရွယ်ပြီး အိမ်ထောင်ကျကာစ ကြင်စဦးဇနီးမောင်နှံနှစ်ဦးဟာ သကာလိုချိုမြနေခဲ့ပြီး သူ့ရဲ့ကံဆိုးမယ့်အချိန်တွေကို စောင့်မျှော်နေကြတဲ့လူတွေကို မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားသွားရစေတယ်။
Advertisement
အတိတ်ကာလမှာ တူညီတဲ့အတွေ့အကြုံတွေကို သူတို့နှစ်ဦးစလုံး ဖြတ်သန်းခဲ့ရတာကြောင့် သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ပိုပြီး ချစ်ခင်ကြင်နာလာခဲ့ကြတယ်။ နှစ်ယောက်စလုံးဟာ ဆင်းရဲဒုက္ခအမြောက်အများကို ဖြတ်ကျော်ခဲ့ရပြီး ဘဝကိုခက်ခက်ကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရသူတွေပင်... ဇွဲကောင်းပြီး အလုပ်ကြိုးစားကြတာကြောင့်သာ နေ့ရက်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက်မှာတော့ သူတို့၏ပိုင်ဆိုင်မှုတွေသည် တိုးပွားလာခဲ့ကြတော့သည်။
သူတို့နှစ်ဦးဟာ စုစုပေါင်း သားသမီးခြောက်ယောက်ကို မွေးဖွားနိုင်ခဲ့ကြတယ်။ အကြီးဆုံးသမီးဖြစ်သူ လင်းကျင်းအာသည် အစောကြီးတည်းကပင် အိမ်ထောင်ပြုပြီးဖြစ်သည်။ အကြီးဆုံးသားဖြစ်သူ လင်းကျားဝမ်ကတော့ ဒီနှစ်မှ အိမ်ထောင်ကျတာပင်။ တတိယသမီး၊ လင်းလီအာမှာ ယခုနှစ်၌ (၁၃)နှစ် အရွယ်သို့ ရောက်ရှိပြီးဖြစ်ပြီး ဒုတိယသား၊ လင်းကျားပေါင်ကတော့ ကောတစ်ယောက်ဖြစ်ကာ ဒီနှစ်မှ (၁၂)နှစ်ကို ရောက်ရှိမှာပင်။ တိုက်ဆိုင်စွာပဲ ဒီကလေးနှစ်ယောက်လုံးဟာ ဒီနှစ်အတွက် နန်းတွင်းအစေခံရွေးချယ်ပွဲနဲ့ ကိုက်ညီနေလို့ သူတို့ အလွန်စိုးရိမ်ပူပန်နေကြရတယ်။
အကုန်လုံးတိတ်ဆိတ်နေချိန် လင်းလီအာက ရုတ်တရက် ပြောလိုက်လေသည်။
"အဖေ၊ အမေ... ဒီထက်ပိုပြီး ပူပင်မနေနဲ့တော့၊ သမီးကို နန်းတော်ထဲ သွားဖို့ ခွင့်ပြုလိုက်ပါ... ဟုတ်ပြီလား... သမီး ကိုယ့်ဘာသာကိုယ် စောင့်ရှောက်နိုင်ပါတယ်..."
"မရဘူး... မရဘူး ... သား ဒုတိယအမကို လိုချင်တယ်။ အမသွားရင် သား ဒုတိယအမကို ထပ်တွေ့ရမှာ မဟုတ်တော့ဘူး..."
လင်းရှိုးအာနဲ့ လင်းလီအာသည် အားလုံးထဲတွင် အရင်းနှီးဆုံးပင်။ နန်းတော်ကို သူ့အစ်မသွားမယ်လို့လည်း ကြားလိုက်ရော အစ်မကို တင်းကြပ်စွာ ဖက်ထားပြီး ပြန်မလွှတ်ပေးတော့ချေ။
တစ်ဖက်မှာရှိနေတဲ့ လင်းကျားချိုင်ကလည်း တီးတိုးရေရွတ်လိုက်သည်။
"ဒါဆို အကိုကြီးဟိုင်ကရော? ဘယ်လိုလုပ်မှာလဲ? အကိုကြီးဟိုင်က ဒုတိယအမကို လက်ထပ်မယ်လို့ ပြောထားတယ်လေ..."
လင်းကျားချိုင်နဲ့ လင်းရှိုးအာတို့သည် ကျန်းဟွေ့နျန် အသက် (၃၀)အရွယ်မှ မွေးဖွားခဲ့သည့် အမွှာလေးများ ဖြစ်ပြီး သူတို့လေးတွေဟာ အခုမှ (၈)နှစ်သာရှိသေးသည့် အိမ်ရဲ့အငယ်ဆုံးလေးများပင် ဖြစ်ကြသည်။
ဒီနဂါးနဲ့ဖီးနစ်စုံတွဲလေးကို မွေးဖွားပြီးထဲက သူမရဲ့ကံဆုံးမှုကို ရှုံ့ချခဲ့တဲ့ရွာသားတွေရဲ့ အမြင်ဟာ ပြောင်းလဲသွားခဲ့ကြပြီး သူမရဲ့ကောင်းမွန်တဲ့ဘဝအတွက် သူမကို ချီးကျူးခဲ့ကြသည်။ ဒီလိုနဂါးနဲ့ဖီးနစ်စုံတွဲလို အမွှာစုံတွဲမွေးဖွားခြင်းသည် အလွန်ရှားပါးပြီး ကောင်းချီးမင်္ဂလာ၏သင်္ကေတတစ်ခုပင်...
(T/N : Dragon & Phoenix စုံတွဲဆိုတာ သားယောကျာ်းလေး၊သမီးမိန်းကလေးအတွဲ တစ်ကြိမ်ထဲမွေးတဲ့ လိင်အမျိုးကွဲအမွှာမျိုးကို ခေါ်ဝေါ်တာပါ။)
"ဘာကို အကိုကြီးဟိုင်လဲ... အနာဂတ်မှာ မင်းကို သူ့အကြောင်း ထပ်ပြီး ပြောဖို့ ခွင့်မပြုတော့ဘူး..."
လင်းလီအာသည် ရဲတင်းပြီး သွက်လက်တဲ့ပင်ကိုယ်စရိုက်ကြောင့် သူမရဲ့ မောင်နှမတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။
ကျုံးဟိုင်ဆိုသည်မှာ ဘေးအိမ်မှ အကိုကြီးပင်... ကျုံးမိသားစုနဲ့ လင်းမိသားစုတို့တွင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိကြသည်။ လင်းလီအာနဲ့ ကျုံးဟိုင်တို့သည် ငယ်စဉ်ကလေးဘဝထဲက အတူတူကြီးပြင်းလာခဲ့ကြပြီး ဆော့ဖော်ဆော့ဖက်များ ဖြစ်ခဲ့ကြသည်။ နှစ်ဦးသား စေ့စပ်ထားခြင်းမရှိခဲ့ပေမယ့် နှစ်ဖက်မိသားစုတွေအချင်းချင်း အပြန်အလှန်နားလည်ကာ ကလေးများ ကြီးပြင်းလာသည့်အချိန်ကို စောင့်ဆိုင်းရင်း စေ့စပ်ပေးရန် ပြင်ဆင်ခဲ့ကြသည်။
"ကျွန်တော်သွားရင်ပိုပြီးကောင်းလိမ့်မယ်... သွားလည်းသွားနိုင်ပါတယ်... အခုဆို ကျွန်တော်လည်း လူကြီးဖြစ်နေပြီ... နန်းတော်ထဲသွားဖို့ မကြောက်ပါဘူး..."
လင်းကျားပေါင်ရဲ့ သေးငယ်တဲ့မျက်နှာထက်တွင် ကြံ့ခိုင်သန်မာသော အမူအရာအပြည့်နှင့် ပြောလိုက်တယ်။ ဒုတိယအစ်မနဲ့ အကိုကြီးဟိုင်ကြားက ချစ်ခြင်းမေတ္တာတွေကို သူရိပ်မိတယ်။ အကိုကြီးဟိုင်ကလည်း သူ့တို့အပေါ်ကိုဆို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်။ သူ့မိသားစုကို မခွဲချင်ပေမယ့် နန်းတော်ထဲ သူသွားရမယ်ဆိုရင်တောင် သူသွားပေးဖို့ ဆန္ဒရှိတ်။ (*မှားမယ်နော်ကလေး*)
"တော်ပြီ... အကုန်လုံးထပ်မပြောကြနဲ့တော့... မင်းတို့အဖေရော ငါရော မင်းတို့တွေထဲက ဘယ်သူကိုမှ နန်းတော်ထဲ မလွှတ်လိုက်နိုင်ဘူး။ အမေတို့မှာ ရှိတဲ့ ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ပိုက်ဆံကိုရအောင် ရှာပေးမယ်။ ဘာမှစိတ်မပူကြနဲ့တော့... မင်းတို့အားလုံးက အဖေတို့အမေတို့ရဲ့ ရတနာလေးတွေပဲ... ငါတို့ နည်းလမ်းရှာတွေ့မှာပါ..."
ကျန်းဟွေ့နျန်ဟာ သူမသားလေး လင်းကျားပေါင်ရဲ့မျက်နှာကို ပွတ်သတ်ပေးရင် အားလုံးကို နှစ်သိမ့်ပေးလိုက်သည်။
လင်းကျားပေါင်ဟာ ကောတစ်ယောက်ဖြစ်ပေမယ့် သူတို့အားလုံးက သူ့ကို မကောင်းတာတစ်ခုလို ဘယ်တုန်းကမှ မတွေးခဲ့ကြဘူး၊ လင်းကျားပေါင်က အလွန်ချစ်စရာကောင်းပြီး အရမ်းကို သိတတ်လိမ္မာတဲ့ ကလေးတစ်ယောက်ပင်။ လင်းသာ့ကျွမ်းတို့ လင်မယားနှစ်ယောက်လုံး သူ့ကို နှစ်ဆ ပိုချစ်ပေးခဲ့ကြပြီး ကျားပေါင်(အိမ်ရဲ့ရတနာလေး) လို့လည်း အမည်ပေးခဲ့တယ်။ ကျန်းဟွေ့နျန်က သူမဒီလို နဂါး၊ဖီးနစ်စုံတွဲလို အမွှာမျိုးလေးကို မွေးဖွားနိုင်ခဲ့တာသည် လင်းကျားပေါင် ယူဆောင်လာပေးတဲ့ ကံကောင်းမှုကြောင့်လို့ ယုံကြည်တယ်။
"အဖေ၊ အမေ ... ကျွန်တော်လည်း ဒီထက်ပိုပြီး လစာကောင်းကောင်းရမလားလို့ မနက်ဖြန် မြို့ကိုတက်ပြီး စာအုပ်ဆိုင်တစ်ခုခုမှာ အလုပ်ရှာလိုက်ပါ့မယ်..." လင်းကျားဝမ်က ထိုခဏ၌ တွေးလိုက်လေသည်။
လင်းကျားဝမ်သည် သူ့ဖခင်နှင့် အသွင်အပြင်တူစွာ ကြီးပြင်းခဲ့သဖြင့် အရပ်ရှည်ကာ သန်မာပြီး အလွန်ကြံ့ခိုင်သန်စွမ်းသည်။ သို့သော် လင်းကျားဝမ်သည် ကြမ်းတမ်းခက်ထန်သည့် အမူအရာရှိသော်လည်း သူ့အမည်ကဲ့သို့ပင် စာပေကိုသာ စိတ်ပါဝင်စားခဲ့သည်။
လင်းသာ့ကျွမ်းသည် သားဖြစ်သူ စာပေလေ့လာသည်ကို ကြိုက်နှစ်သက်ကြောင်း သိရှိသည်နှင့် ရွာထဲရှိ ပညာရှင်အိုကြီး၏အိမ်၌ သွားရောက်ကာ စာပေလေ့လာရန် ထောက်ပံ့ပေးခဲ့သည်။ လင်းကျားဝမ်သည်လည်း ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်လေရာ စာပေကို တစ်စိုက်မတ်မတ် ကြိုးစားလေ့လာခဲ့သည်။ မနှစ်က ထုံးရှန်းအဆင့် ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီး မိသားစုအတွက် လယ်ခွန်ကင်းလွတ်ခွင့်ကို ရယူပေးနိုင်ခဲ့သည်။
Advertisement
ပညာရှင်ဟောင်းကြီးကလည်း သူ့တပည့်ကို အလွန်နှစ်ခြိုက်ပြီး သမီးဖြစ်သူနဲ့ လက်ဆက်ပေးခဲ့တယ်။ ဒီနှစ် အစပိုင်းလောက်ကပင် နှစ်ဦးသား ထိန်းမြားလက်ထပ်ခဲ့ကြလေသည်။ ထိုအချိန်များသည် သူတို့မိသားစုအတွက် အမှန်တကယ်ကို အောင်မြင်မှုတွေနဲ့ ပြည်နှက်နေတဲ့ကာလပင်။ သူ့ကို အထင်မကြီးခဲ့သည့် ရွာသားများသည်ပင် ယခုအခါ သူ့တို့ထင်သည့် အသုံးမကျသည့်သူက ပညာရှင်တစ်ယောက်ပဲဆိုတာ သိနားလည်လာခဲ့ကြသည်။
(T/N: Tong Sheng : ထုံးရှန်းဆိုတာ ခရိုင်စာမေးပွဲကို ဖြေဆိုခွင့်ရတဲ့ ကနဦးဝင်ခွင့်ရကျောင်းသားတွေကို ပြောတာပါ... )
လင်းကျားဝမ်ရဲ့ ဇနီးသစ်လေး ဝူချောင်လန်ဟာ သူ့ခင်ပွန်းကို စိုးရိမ်စွာ ကြည့်လိုက်ပေမယ့် ဘာကိုမှ ဝင်ရောက်မပြောရဲပေ။ ဝူချောင်လန်သည် အိမ်ပြန်ပြီး ပိုက်ဆံအနည်းငယ် ချေးငှါးမလားလို့ စိတ်ကူးလိုက်ပေမယ့် သူ့မရဲ့မိသားစုဟာ မချမ်းသာပဲ သူမအဖေရဲ့ မဖြစ်စလောက် စာသင်လို့ရသည့် ဝင်ငွေကိုသာမှီခိုနေရသည်ကို အမှတ်ရမိလိုက်တယ်။ အိုင်းယား... သူမခင်ပွန်းဟာ အရည်အချင်းရှိလို့ လာမယ့်နှစ် နန်းတွင်းစာမေးပွဲကို အောင်နိုင်ဖို့ အခက်အခဲမရှိဘူးလို့ သူမရဲ့ဖခင်က အရင်တုန်းက သူမကို ပြောဖူးတယ်... အခုတော့ သူမခင်ပွန်းက စာသင်တာကို စွန့်လွှတ်ပြီး အလုပ်လုပ်မယ်လို့ ပြောနေလေပြီ။
လင်းကျားဝမ်ဟာ သူ့အိမ်ရဲ့အခြေအနေကို သူအသိဆုံးပဲ... လယ်မြေအခွန်ကင်းလွတ်ခွင့်ရထားပေမယ့် သူကလည်း မကြာသေးခင်ကမှ မင်္ဂလာဆောင်ထားပြီး မိသားစုကလည်း ငွေအမြောက်အများကို အသုံးစွဲထားရသေးတယ်။ အခုအချိန် ငွေစအနည်းငယ်လောက်သာ သူတို့လက်ထဲမှာ ကျန်ရှိတော့တယ်။
ပုံမှန်ဆို လာမယ့်နေ့ရက်တွေဟာ မကြာမီ အဆင်ပြေ ကောင်းမွန်လာနိုင်ပေလိမ့်မယ်။ အခွန်ကင်းလွတ်ပြီးနောက်ပိုင်း လယ်ယာကရလာတဲ့ ဝင်ငွေတွေကို သိမ်းဆည်းထားပြီး အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ငွေတစ်ချို့ကို စုဆောင်းမိလာနိုင်လိမ့်မယ်။ အဲအခါကျရင် လယ်တစ်ချို့ကို ထပ်ဝယ်ပြီး သူတို့မိသားစုရဲ့ဝင်ငွေတွေလည်း တိုးပွါးလာနိုင်လိမ့်မယ်။
ဒါ့အပြင် မိသားစုထဲက အငယ်လေးတွေကလည်း အရွယ်ရောက်လာလေပြီ။ အခုအချိန်ထိ သူတို့က အခန်းတစ်ခန်းထဲတွင် ပြွတ်သိပ်နေအောင် နေခဲ့ကြရတယ်။ ဒါကြောင့် အိမ်ကြီးကြီးတစ်လုံးဆောက်နိုင်ဖို့ ပြင်ဆင်နေခဲ့ကြတယ်။ ဒါကတော့ မိသားစုထဲမှာ ရှိတဲ့ လူတိုင်းရဲ့ မျှော်လင့်ချက်ပဲ... အခုတော့ ရိပ်သိမ်းကာလမရောက်သေးလို့ ငွေဆယ်စပေးဖို့ မဆိုထားနှင့် ငါးစတောင် ထုတ်ပေးဖို့မရှိချေ။
"အဲလိုလုပ်ဖို့ မလိုအပ်ပါဘူး... မင်းက ထုံးရှန်းအဆင့်ကို အောင်မြင်ပြီးသား... စာဆက်လေ့လာတာပဲ ပိုကောင်းလိမ့်မယ်၊ မိသားစုက မင်း ပညာရှင် ဖြစ်လာမှာကိုပဲ မျှော်လင့်တယ်... ဒါမှ စစ်မှုထမ်းဖို့၊ အိမ်ရဲ့ အခွန်အခတွေ ပေးဆောင်ဖို့ ကင်းလွတ်နိုင်လိမ့်မယ်၊ ငါတို့မိသားစု တိုးတက်ကောင်းမွန်လာဖို့ မင်းဒီထက်ပိုပြီး အားစိုက်ထုတ်ရလိမ့်မယ်။ မနက်ဖြန် ငါနဲ့မင်းအမေတို့ မင်းအစ်မကြီးရဲ့မိသားစုဆီ အလည်သွားပြီးတော့ အရေးပေါ်အခြေအနေအတွက် ငွေနည်းနည်း သွားချေးလာခဲ့မယ်။ ကဲ... ကောင်းပြီ... အခုတော့ သွားနားလိုက်ကြဦး... ဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား... မင်းအဖေငါရော၊ မင်းအမေရော ရှိသေးတယ်..."
လင်းသာ့ကျွမ်းဟာ သူ့သားသမီးတွေကို နှစ်သိမ့်ပေးလိုက်တယ်။ သူ့သားသမီးတွေကို နန်းတော်ထဲပို့ပြီး ဒုက္ခခံစားခိုင်းရမှာထက်စာရင် သူ့ရဲ့ ဒီအသက်အရွယ်နဲ့ ပင်ပန်းဆင်းရဲတဲ့ဒဏ်ကို ခံလိုက်တာက ပိုကောင်းလိမ့်မယ်လို့ သူယူဆတယ်။
အိမ်ထောင်ဦးစီးကတောင် ပြောပြီးပြီးမို့ အားလုံး စိတ်ထဲ စိုးရိမ်မှုတွေဖြင့်သာ အနားယူလိုက်ရတော့သည်။
ဒုတိယနေ့ နံနက်စောစောတွင် လင်းသာ့ကျွမ်းနဲ့ သူ့ဇနီးသည်တို့သည် အိပ်ရာမှစောစောထကာ မြို့သို့တက်ရန် ပြင်ဆင်ကြလေသည်။ ကျန်းမုသည် သူ့ချွေးမ လီအာနဲ့ ကျားပေါင်တို့ကို မှာကြားစရာများကို မှာနေလေသည်။
(T/N: ကျန်းမု ဆိုတာ မေမေကျန်းလို့ခေါ်တာပါ။ မုချင်းကမု ကိုဆိုလိုပါတယ်)
"နေ့လည်စာအတွက် အိုးထဲမှာ ပြင်ထားပြီးသား... ပြန်နွှေးရင်လည်း သတိထားဦး၊ အပူမလောင်စေနဲ့နော်... ငါနဲ့မင်းတို့အဖေ မြန်မြန် ပြန်လာခဲ့မယ်... လင်းအာနဲ့ကျားပေါင်က မင်းကို ကူညီပေးလိမ့်မယ်။ SaoZi, အငယ်တွေကို သေချာ ဂရုစိုက်လိုက်ပါဦး..."
(T/N: Saozi ဆိုတာ အကိုရဲ့ဇနီး ဒါမှမဟုတ် သားရဲ့ဇနီးကို နာမ်စားခေါ်တာ)
ကျန်းမုသည် ကလေးများကို မှာကြားနေစဉ်မှာပဲ ရုတ်တရက် ခြံဝင်းအပြင်ဖက်မှ မြင်းခွါသံကို ကြားလိုက်ရသည်။ ကြည့်လိုက်ရုံနှင့် ရထားလုံးတစ်စီးမောင်းနှင်လာတာဖြစ်ပြီး ခဏအကြာတွင် ရထားမောင်းသမားသည် အိမ်ရှေ့တွင် ရထားကို ရပ်တန့်လိုက်သည်။ အသက်အရွယ်ကြီးရင့်တဲ့ မိန်းမကြီးတစ်ယောက်က အရင်ထွက်လာပြီး အမျိုးသမီးတစ်ဦးကို ဆင်းဖို့ ဂရုတစိုက်ကူညီပေးလေသည်။
"အစ်မကြီး... အစ်မကြီး ပြန်လာပြီ..."
နဂါးနဲ့ဖီးနစ်အမွှာတို့ဟာ အသံဆူဆူညံညံကြောင့် ထွက်လာပြီး အချိန်အတော်ကြာ မမြင်တွေ့ရတဲ့ သူတို့အစ်မကြီးကို တွေ့မြင်လိုက်ရတဲ့အခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"အိုင်းယား!... ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ!... ဒီလိုခန္ဓာကိုယ်အခြေအနေမျိုးနဲ့ကို ဘာလို့ ဒီလိုမျိုး လျောက်သွားနေရတာလဲ!..."
"လေးလထဲတောင် ရောက်နေပြီ... အခုအခြေအနေလည်း တည်ငြိမ်နေပါတယ်... ဘာပြဿနာမှမရှိတော့ပါဘူး၊ ဒါ့အပြင်ကို အိမ်ကို အလည်လာရုံပဲကို လျောက်သွားနေတယ်လို့ ခေါ်လို့ရမလား..."
လင်းကျင်းအာက အပြုံးလေးနှင့် ဖြေကြားလိုက်သည်။
ကျန်းမုသည် သူမရဲ့သမီးကြီးက သူမရဲ့ခန္ဓာကိုယ်ကို လက်နဲ့ဖေးမပြီး ဝင်လာတာကို မြင်လိုက်သည့်အခါ အိမ်ထဲကိုဝင်ဖို့ ဂရုတစိုက်နဲ့ ကူညီလိုက်တယ်။
"ကလေးအမေတောင်ဖြစ်တော့မယ်ဟာကို ခုထိကလေးဆန်နေတုန်းပဲ... ဒီလိုမျိုးထွက်လာရင် နင့်ရဲ့ ယောက္ခမတွေတော့ စိတ်ပူနေတော့မှာပဲ..."
ဘေးနားမှာရှိနေတဲ့ အမျိုးသမီးကြီးက ညင်သာစွာရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။
"အမကြီး စိတ်ချပါ... ကျွန်မတို့သခင်မကြီးက ကျွန်မကို ညွှန်ကြားပြီး အိမ်ကို ပို့ဆောင်ပေးဖို့ ခိုင်းလိုက်တာပါ... ကျောက်ရှောင်းဇီကလည်း လှည်းကို သေချာမောင်းလို့ ဘာအန္တရာယ်မှဖြစ်မှာမဟုတ်တာ ကျိန်းသေပါတယ်။"
"ဒီလောက်အစောကြီး လာခဲ့ရတာ အကုန်လုံးကို ဒုက္ခရောက်စေမိပါပြီ... အိမ်ထဲဝင်ပြီး လက်ဖက်ရည်သုံးဆောင်လိုက်ပါဦး..."
ကျန်းမုလည်း သူမသမီးကို အိမ်ပြန်ခွင့်ပြုပြီး သူတို့နဲ့အတူ အချိန်ကုန်ဆုံးခွင့်ပေးတဲ့ ခမည်းခမက်တွေရဲ့ အပြုအမူကြောင့် ကျေနပ်အားရသွားလေ၏။
လင်းကျင်းအာရဲ့ လက်ထပ်ပွဲသည် ရွာ၌ လူအပြောအများဆုံးကိစ္စ ဖြစ်သွားခဲ့သေးသည်။ မြို့တော်က မိသားစုနဲ့ လက်ထပ်နိုင်ခဲ့လို့ ရွာကလူတော်တော်များများ၏ မနာလိုဝန်တိုခြင်းကို ခံခဲ့ရလေသည်။
ကျန်းမုလည်း သမီးကြီးကို အိမ်ထဲသို့ ခေါ်ဆောင်လာကာ ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
"နင့်ရဲ့ယောက္ခမတွေက နင့်အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ နင်မြင်လား... သူတို့အပေါ် နင် သစ္စာစောင့်သိရမယ်နော်..."
"သေချာတာပေါ့... အခုဆို ယောက္ခမတွေက ချုန်ကောအာလေးကို စောင့်ရှောက်ဖို့ ကူညီပေးတယ်လေ... ဒါကြောင့် အခုဆို သိပ်တောင် မပင်ပန်းတော့ဘူး..."
(၃)နှစ်သားအရွယ်သားအရွယ် သူမရဲ့သားဟာ အခုဆို အရမ်းကို အဆော့သန်ပြီး အချိန်ပြည့်ကို ပြဿနာရှာနေတော့သည်။
လင်းကျင်းအာရဲ့ ယခုလက်ရှိ နေထိုင်ရသည့်ဘဝသည် အလွန်ကို စိတ်ချမ်းသာစရာကောင်းပြီး ဒါတွေဟာ သူမရဲ့ ယောက္ခမတွေကို ကျေးဇူးတင်သင့်သလို သူ့မိဘတွေကိုလည်း ပိုပြီးတောင် ကျေးဇူးတင်သင့်သည်။ သူမရဲ့ လက်ထပ်ပွဲဟာ သူမအဖေရဲ့ ကြင်နာတတ်တဲ့အပြုအမူကြောင့်သာ ဖြစ်မြောက်ခဲ့ခြင်းပင်...
သူမခင်ပွန်း၏ ချင်မိသားစုသည် မြို့ပေါ်၌ အထည်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ချင်မိသားစုသည် မျိုးရိုးစဉ်ဆက် အထည်လုပ်ငန်းကို လုပ်ကိုင်ကြသူများပင်... ကာရှည်ကြာစွာ တည်ထောင်နိုင်ခဲ့သည့် အထည်လုပ်ငန်းလို့လည်း သတ်မှတ်လို့ရပေသည်။ ပုံမှန်ဖောက်သည်များရှိပြီး အလွန်စည်ကားကာ စီးပွါးဖြစ်ထွန်းသည့်လုပ်ငန်းတစ်ခု ဖြစ်သည်။ သူမရဲ့ယောက္ခမများသည် နှစ်စဉ်နှစ်တိုင်း ရရှိသည့် ငွေတွေအားလုံးကို ကျွမ်းဇီရှိ လယ်ကွက်များ ဝယ်ယူရန် အသုံးပြုခဲ့ပြီး အခုလက်ရှိမှာတော့ လယ်ဧက တစ်ရာနီးပါးလောက်ကို ပိုင်ဆိုင်နေလေပြီ။
တစ်ခါက ချင်သခင်ကြီးသည် လယ်မြေငှါးရမ်းခများ ကောက်ခံရရန် ကျွမ်းဇီသို့ လာရောက်ခဲ့သည်။ လင်းကျားရွာကို ဖြတ်သန်းသွားစဉ် မြင်းကို မတော်တဆခြောက်လန့်မိကာ ချောင်းငယ်ထဲသို့ ပြုတ်ကျသွားခဲ့၏။ ထိုအချိန်အခါက ဆောင်းတွင်းကာလဖြစ်သဖြင့် ချောင်းရေမှာ ရေခဲတစ်မျှအေးခဲနေပြီး အရိုးထဲထိစိမ့်အောင် အေးစက်နေလေသည်။ မြို့၌ ကြီးပြင်းသူဖြစ်သည့်အလျောက် သူသည် ရေမကူးတတ်ပေ။ အသက်ဆုံးရှုံးခါနီးအချိန်သို့ ရောက်ခါနီးတွင် လယ်မြေများကို စစ်ဆေးရန်လာရောက်သော လင်းသာ့ကျွမ်းမှာ ဤအခြေအနေကို တွေ့မြင်ပြီး ချောင်းထဲသို့ ချက်ချင်းပင် ခုန်ချလာကာ သူ့ရဲ့အသက်ကို ကယ်တင်ခဲ့လေသည်။
ချင်မိသားစုသည် လင်းသာ့ကျွမ်းကို အလွန်အမင်းပင် ကျေးဇူးတင်တော့သည်။ လင်းသာ့ကျွမ်း၏ နူးညံ့သိမ်မွေ့ပြီး လိမ္မာရေးခြားရှိသော သမီးကြီးကို တွေ့မြင်လိုက်သောအခါ စေ့စပ်ကြောင်းလမ်းဖို့ အကြောင်းကို ပြောဆိုလိုက်သည်။
ချင်မိသားစုတွင် မိဘများ၏အမွေကို ဆက်ခံရန် ချင်ခိုင်းရှင်းဟူသော သားတစ်ယောက်သာ ရှိပြီး ဖခင်နှင့်အတူ မိသားစု၏စီးပွါးရေးကို ကူညီလုပ်ကိုင်ပေးသော ထူးချွန်သည့်ကလေးတစ်ယောက်ပင်။ အစပိုင်း၌ သခင်မကြီးချင်မှာ သူမ၏သားကို ရွာမှမိန်းကလေးနှင့် မပေးစားချင်သော်လည်း သူမခင်ပွန်း၏ ဆုံးဖြတ်ချက်ကို ငြင်းဆန်ဖို့ မဝံ့ရဲချေ။ သို့သော် ရွာသို့ စုံးစမ်းမေးမြန်းရန် လူလွှတ်ပြီးနောက်မှာတော့ လင်းကျင်းအာ၏ အသွင်အပြင်နှင့် အပြုအမူတို့ကို သူမနှစ်ခြိုက်သွားခဲ့သည်။ ဒီထက်ပို၍ အရေးကြီးသည်မှာ သူမသား၏မွေးဇာတာနှင့် ထိုမိန်းကလေးတို့၏မွေးဇာတာမှာ ကိုက်ညီနေသည့်အပြင် လင်းကျင်းအာသည် သူမကလေးနှင့် ခင်ပွန်းအတွက် ကြွယ်ဝချမ်းသာသောဘဝကို ပေးစွမ်းနိုင်သည်ဟု ဟောကိန်းကြောင့်ပင်... ဒါကြောင့် သခင်မကြီးချင်လည်း ထပ်မံ၍ ဇီဇာမကြောင်နိုင်တော့ပေ...
လင်းကျင်းအာရဲ့လက်ထပ်ပွဲအကြောင်းကို ပျော်စရာကောင်းလှသော ဖြစ်ရပ်သဖွယ် ရွာထဲ၌ စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ကြတယ်။ လူတိုင်းမှာ မြို့မှ လူကုံထံမိသားစုနှင့် လက်ထပ်ခွင့်ရသော လင်းကျင်းအာရဲ့ ကံကောင်းမှုကိုလည်း အားကျခဲ့ကြတယ်။
ချင်မိသားစုနှင့် လက်ထပ်ပြီးနောက်ပိုင်းတွင် လင်းကျင်းအာသည် ယောက္ခမများအပေါ် အစဉ်အမြဲ လေးစားပြီး သစ္စာရှိကာ ခင်ပွန်းသည် ချင်ခိုင်းရှင်းကိုလည်း အလွန်ချစ်ခင်ခဲ့သည်။ လက်ထပ်ပြီး ဒုတိယမြောက်နှစ်တွင် ဝဝဖြိုးဖြိုးနှင့် ချင်ဇီချုန်ဟူသော သားတစ်ယောက်ကို မွေးဖွားခဲ့ပြီး ငယ်နာမည် ချုန်ကောအာလို့ အမည်ပေးခဲ့သည်။ အခုဆို လင်းကျင်းအာက ထပ်မံ၍ ကိုယ်ဝန်ဆောင်နိုင်ခဲ့လို့ သခင်မကြီးချင်မှာ ဒီလို ပြီးပြည့်စုံပြီး အသုံးကျတဲ့ လင်းကျင်းအာကို အလွန်စိတ်ကျေနပ်လေသည်။
"ဒီတစ်ခါတော့ ယောက္ခမတွေကိုယ်တိုင်က လာခွင့်ပြုခဲ့တာ... နန်းတော်က ရွာကနေ နန်းတွင်းအစေခံအတွက် လူစုဆောင်းနေတာကို သမီးကြားခဲ့တယ်... ဒုတိယညီမလေးနဲ့ ကျားပေါင်တို့က အသက်ပြည့်နေတာကို သတိရလိုက်လို့ စိတ်ပူနေတာ... နန်းတော်ဆိုတာ ကောင်းတဲ့နေရာ မဟုတ်ဘူး... ဘယ်လိုပဲ အကောင်းပြောပြော အဲကိုသွားရင် သူများအမိန့်ပေးတာ လုပ်ပေးရမယ့် ကျွန်တွေ၊အစေခံတွေပဲ ဖြစ်မှာ..."
လင်းကျင်းအာသည် သူမရဲ့မောင်ငယ်၊ ညီမငယ်တွေကို လူတွေကို အရိုးပါမချန် ဝါးမြိုပစ်နိုင်တဲ့ နန်းတော်လိုနေရာမျိုးကို မပို့ချင်ပေ။(*တို့အမကြီး အမှန်ဆုံးပဲ*)
(T/N: they eat people without spitting bones = လောဘကြီးပြီး ရက်စက်တဲ့သူတွေကို တင်စားပြောဆိုတဲ့ ဥပမာ)
"သမီးအဖေနဲ့အမေလဲ အဲလိုပဲတွေးတယ်... မြို့ကိုလာပြီးတော့ ပြောတော့မလို့ပဲ... သမီးကအရင်ရောက်လာတာ..."
လင်းကျင်းအာက ကျန်းမုကို သူမနဲ့အတူ ယူဆောင်လာတဲ့ ငွေဆယ်စပါသည့် ပိုက်ဆံအိတ်ကို ပေးလိုက်တယ်။
"မောင်လေးက သိပ်မကြာသေးခင်ကမှ အိမ်ထောင်ကျတာဆိုတော့ မိသားစုက ဒီလောက်မြန်မြန် ငွေပြန်ရှာနိုင်မှာ မဟုတ်ဘူးဆိုတာကို သတိရမိတယ်။"
"သမီးရဲ့ယောက္ခမတွေကို အရမ်းကျေးဇူးတင်မိတယ်၊ ငါတို့ အမြန်ဆုံးပြန်ဆပ်မှာပါ..."
လင်းသာ့ကျွမ်းသည် သူ့သမီးယူလာပေးသောငွေကို မြင်လိုက်ရပြီး အမှန်တကယ်ကျေးဇူးတင်မိသည်။
မွန်းတည့်ချိန်၌ ကျန်းမုနှင့် သူမရဲ့ချွေးမတို့က စားကောင်းသောက်ဖွယ်တစ်ချို့ကို ဂရုတစိုက်ပြင်ဆင်နေကြတယ်။ ကျားပေါင်နှင့် လင်းအာတို့ကလည်း ဟင်းသီးဟင်းရွက်တွေ စုဆောင်းဖို့ ကူညီပေးခဲ့ကြတယ်။ အကုန်လုံး နေ့လည်စာကို ကောင်းမွန်စွာ သုံးဆောင်ခဲ့ကြပြီး သူတို့၏စိတ်အခြေအနေများမှာလည်း အလွန်တက်ကြွနေလေသည်။
Advertisement
- In Serial90 Chapters
Babel - The Path to Ascension: The Golden Children
For as long as there has been time, there has been the tower, Babel. Standing tall, across a million universes, lay a holy land for those afraid of death. Within the tower there are those who hold the secret to attaining immortality. Nine clans, each governing an aspect of reality.When one of those clans is utterly wiped out by an unknown assailant it sends tremors that will change the very life and destinies of trillions of people within the tower. Now, seven years later, a boy called Laurence is drawn into the path into the tower and begins a journey that will reshape him from the innocent, inquisitive child he began as. The story is published every Monday and Friday on http://babelthepath.blogspot.com so if you enjoy the series, come and have a look at it there. Royal Road is always going to be ten chapters behind, until I complete the series at least.If you wish to support Babel, you can go over to my Patreon page at http://bit.ly/stormeater
8 242 - In Serial48 Chapters
World Jumper
Jetsford lives in New York. He had no idea that his life was going to change in the way it did. The doctors thought he was going to die from the electrical charge going through his unique brain. However at the peak of the charge in his brain jumps him to another world. Where he learns magic. It is hard for him to learn since he has to much magic to control. Rick however is determined to help the boy he finds in the woods.
8 149 - In Serial28 Chapters
Lilly's Adventures In the Old World
Lilly has recently entered marriage and motherhood with the best attitude she could muster. She has a sports-hero husband who loves her, and beautiful twin girls. But she is dismayed as she still has episodes of lucid dreaming and other neurological disturbances that have haunted her throughout life. She is about to enter another world, far away and long past, through her dreams. Experiences in this dream world will not only change her life, but, potentially, the lives of everyone in her waking world. She brings knowledge of gizmos and science demonstrations, along with a dire warning... [participant in the Royal Road Writathon challenge]
8 117 - In Serial35 Chapters
Ascension VR
2021, Apex Corporation is about to release the first Virtual Reality game - Ascension. The whole world is anticipating the release. The objective of the game: rise to the top, no matter what path you chose and break through mortal limits to... Ascend. Surpassing limits has always been humanity's strength, but are there lines we should not cross? In a game which blurs the lines between virtual and reality, find out what lies beyond...
8 586 - In Serial31 Chapters
This Troublesome Adventure
In a fantasy world, recieving knowledge from 'our world: Earth' is normally an overpowered feeling. But what if the knowledge is used differently? Does it always have to be things that tip the balance of the world? A being stumbles upon this knowledge through chance and now how will they use the knowledge? Probably for fun, I mean I would. ~*~ A story about odd characters/friends joining together on an adventure while solving problems in unique manners, instead of bruteforcing everything with magic... or do they? Focusing on adventure, comedy, witty-ness and having some fun in general.
8 130 - In Serial152 Chapters
Poems from the soul
As the title says, its a poem book :)All poems are based on my life, inspirations from the songs i listen or things i watch and my views on different topics."Dreams come true to those who truly want them"-Said by Stray kidsI hope you enjoy my writings, have a nice day!Best Rankings#1 in poem on 28/9/22#11 in poetry on 15/9/22#37 in poems on 16/9/22 #5 in poembook on 29/9/22 #5 in poetrycollection on 21/9/22
8 196

