《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟻
Advertisement
အခန်း (၄)၊ ရုတ်တရက်ပြောင်းလဲသွားခြင်း
ညချမ်းအချိန်အခါ၊ လင်းသာ့ကျွမ်းနှင့် ကျန်းဟွေ့နျန်တို့ နှစ်ယောက်သား အိမ်ရာထက်တွင် လှဲလျောင်းနေစဉ် လင်းသာ့ကျွမ်း၏ သက်ပြင်းချသံ သဲ့သဲ့လေးကို ကြားလိုက်ရတယ်။
"သာ့လီတို့မိသားစုက ချွမ်းအာကို နန်းတော်ထဲပို့ဖို့ ပြင်နေကြတယ်..."
နေ့လည်တုန်းက ဒီကိစ္စကို သူ့ရဲ့သားသမီးတွေကို မပြောပြခဲ့ပေ။ နေ့တစ်ဝက်လောက်နီးပါး ချုပ်တည်းလာခဲ့ပြီး ညမိုးချုပ်မှာကို စောင့်ဆိုင်းရင်းနှင့် အခန်းထဲ ပြန်ရောက်ချိန်မှသာ ကျန်းဟွေ့နျန်အား ပြောပြလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ!... ချွမ်းအာက (၁၄)နှစ်ကျော် နေပြီလေ... လိုအပ်ချက်မှမပြည့်မှီတော့တာ။ လက်ထပ်ရမယ့်အရွယ်တောင် ရောက်နေပြီ... သူတို့ ဘာတွေတွေးနေတာလဲ?" ကျန်းမုသည် လွန်စွာမှ အံ့ဩသွားခဲ့ရသည်။
"သာ့လီက အရာရှိကိုပြောထားပြီးသား၊ တရုတ်အသက်ကပဲ (၁၄)နှစ်ရောက်သေးတာ... တကယ်တမ်းတော့ အသက်မပြည့်သေးဘူး။" တကယ်တော့ ဘယ်မိသားစုရဲ့ သားသမီးဟာ ဘယ်လောက်အသက်အရွယ်ရောက်ရှိနေပြီလဲ ဆိုတာကို သိရှိသူများမှာ လူအနည်းငယ်လောက်သာ ရှိနေပြီး သူတို့၏စိတ်ထဲတွင်လည်း အရိပ်အမြွက်မျှသာ ခန့်မှန်းနိုင်သည်။
(*chinese age ဆိုတာ အင်္ဂလိပ်နှစ်ကို တစ်နှစ်ပေါင်းပြီး ရလာတဲ့ အသက်ကိုပြောတာပါ... Gregorian age + 1 yr extra )
"နယ်မြေခံအရာရှိကလည်း သဘောတူလိုက်တယ်လား..." ကျန်းမုက မေးလိုက်သည်။
"အင်း၊ နယ်မြေခံအရာရှိက လူအရေအတွက် မပြည့်မှာကို စိုးရိမ်နေတာ... အဲဒါကြောင့် သူမကို တစ်နေရာစာအတွက် ထည့်တွက်လိုက်တယ်..."
"အိုင်းယား!! သူတို့တွေ အပြစ်ကျူးလွန်နေတာပဲ... အကျင့်ယုတ်လိုက်တာ..."
သာ့လီတို့မိသားစု၏ဘဝသည် သူမတို့မိသားစုထက်စာလျှင် ပိုပြီး သက်တောင့်သက်သာ နေထိုင်နိုင်သည်ကို ကျန်းမုသိနေသည်။ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ...
လင်းသာ့လီသည် လင်းသာ့ကျွမ်းထက် ငါးနှစ်လောက် ငယ်သည့် သူ့ရဲ့ညီငယ်ပင်။ လင်းသာ့လီသည် အပြောချိုချိုနှင့် ဖြတ်လတ်တက်ကြွသော စရိုက်ရှိသည်။ သူသည် သူ၏ သကာလိုချိုမြသောပါးစပ်တစ်ပေါက်ကို အားကိုးကာ ရွာထဲရှိ လက်သမားဟောင်းကို ဆရာအဖြစ် မှတ်ယူကာ ကိုးကွယ်ဆည်းကပ်ပြီး ပရိဘောဂပစ္စည်းများ ပြုလုပ်သည့် လက်သမားအတတ်ပညာကို သင်ယူခဲ့သည်။
ကနဦးပိုင်းကတော့ ညီအကိုနှစ်ယောက်ဟာ အရမ်းကို တွဲဖက်ညီခဲ့ကြသည်။ လင်းသာ့လီသည်လည်း သူ့ရဲ့အကိုကြီးမှာ သူ့အား တစ်ကိုယ်တည်း ပြုစုပျိုးထောင်ရသည်မှာ အလွန်ခက်ခဲပင်ပန်းခဲ့သည်ကို သိရှိနားလည်ခဲ့သည်။
ပြဿနာမှာ လင်းသာ့ကျွမ်း အိမ်ထောင်ကျပြီးနောက် လင်းသာ့လီသည် အအေးမိကာ အချိန်တော်တော်ကြာကြာအထိ ဖျားနာခဲ့ရာမှ စတင်လာခဲ့သည်။ အဖျားပျောက်ဆေးနှစ်ခွက် သောက်ပြီးနောက် နေပြန်ကောင်းလာခဲ့သော်လည်း ကျန်းဟွေ့နျန်သည် ကံဆိုးစေနိုင်သူဟူသော ရွာထဲမှ လူများ၏ပြောစကားများကို ကြားသိလိုက်ရပြီး ကျန်းဟွေ့နျန်သည် သူ့အား ကံဆိုးမိုးမှောင်ကျစေသည်လို့ ထင်မှတ်လိုက်တော့သည်။
ကျန်းဟွေ့နျန်က သူ့အပေါ် ဘယ်လောက်ဂရုစိုက်ပြီး ဘယ်လောက်ကောင်းနေပါစေ သူ့အကိုကြီး၏ ဇနီးသည်နှင့် သင့်တော်သောအကွာအဝေးဖြင့်သာ သတိထားဆက်ဆံခဲ့သည်။
လင်းသာ့ကျွမ်းနှင့် လင်းသာ့လီတို့ ညီအကိုနှစ်ဦးကြား သဘောထားကွဲလွဲမှုများသည် လင်းသာ့လီလက်ထပ်ပြီးနောက်ပိုင်းတွင် ပိုမိုပြင်းထန်လာခဲ့လေ၏။
လင်းသာ့လီသည် တစ်ရွာတည်းရှိ ခယ်မိသားစုမှ အငယ်ဆုံးသမီးဖြစ်သူ ခယ့်မိန်လီနှင့် အိမ်ထောင်ရက်သားကျခဲ့သည်။ ခယ့်မိန်လီဆိုသည့် အမျိုးသမီးမှာ သူမ၏နာမည်ကဲ့သို့ပင် အလွန်ချောမောလှပစွာ မွေးဖွားလာခဲ့သူတစ်ဦး ဖြစ်ပြီး ရွာ၏ ပန်းတစ်ပွင့်လေးဟု တင်စားခံရသူတစ်ဦးပင်။ ခယ့်မိန်လီသည် လက်ထပ်ရမည့် အရွယ်သို့ရောက်သည့်အချိန်၌ သူမ၏အိမ်သို့ တောင်းရမ်းရန် လာရောက်သူများ အဆုံးမရှိများပြားခဲ့ပြီး ခယ့်အိမ်မှသတ်မှတ်ထားသော တင်တောင်းငွေမှာ အတော်အတန်မြင့်မားသောကြောင့် လာရောက်သူတစ်စုကို ကြောက်လန့်စေသည်။
လင်းသာ့လီသည် ခယ့်မိန်လီအား လွန်စွာ နှစ်သက်မြတ်နိုးပြီး သူအား လက်ထပ်ရန် သူမကို တောင်းပန်ခဲ့သည်။ လင်းသာ့ကျွမ်းသည် သူ့ညီဖြစ်သူက သူမအား ကြိုက်နှစ်သက်သည်ကို သိရှိပြီး လက်ထပ်ပွဲအတွက် ကူညီပေးရန် တင်တောင်းပစ္စည်းများကို ယူဆောင်လာခဲ့သည်။
ငယ်စဉ်ကတည်းက မခွဲမခွါ အတူတူနေလာကြသော ညီအကိုနှစ်ယောက်သည် အိမ်ထောင်ပြုပြီး နောက်ပိုင်းတွင်လည်း အတူတူသာ နေထိုင်ခဲ့ကြသည်။ ခယ့်မိန်လီသည် ငယ်ရွယ်စဉ်ကတည်းက အိမ်၌ အလိုလိုက်ခံ နေခဲ့ရသဖြင့် အလွန်ဇီဇာကြောင်ပြီး လူကိုယ်၌ကလည်း ပျင်းရိပြီး အလိုလောဘလည်းကြီးသူဖြစ်သည်။
ထို့ကြောင့် အတူနေစဉ်ကာလအတွင်း အိမ်အလုပ်အားလုံးသည် အလုံးစုံ ကျန်းဟွေ့နျန်၏ ခေါင်းပေါ်သို့သာ ကျရောက်လာခဲ့တော့သည်။ လင်းသာ့ကျွမ်းသည် သူရဲ့ဇနီးသည်သည် ကလေးများကိုလည်း စောင့်ရှောက်နေရသလို အိမ်အလုပ်အားလုံးကိုလည်း လုပ်ကိုင်နေရသည်ကို တွေ့မြင်ရသောအခါ စိတ်နှလုံးမှာ မသက်သာခဲ့ချေ။ လင်းသာ့လီသည် သူ့ရဲ့ဇနီးဖက်မှနေ၍ ကူညီပြောဆိုပေးပေမယ့် ခယ့်မိန်လီကို သူ သဘောမကျတော့ပေ။ ညီအကိုနှစ်ယောက်၏ အမြင်မှာလည်း ပိုမိုကာ ကွဲလွဲဆန့်ကျင်လာလေ၏။
နောက်ဆုံးတွင် ခယ့်မိန်လီသည် သမီးနှစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီးနောက်မှာတော့ အလုံးစုံ ကွဲကွာသွားခဲ့လေသည်။
လင်းသာ့လီတို့ လင်မယားနှစ်ယောက်လုံးသည် သူတို့ သားယောကျ်ားလေးမမွေးဖွားသည်ကို ကျန်းဟွေ့နျန်ရဲ့ကံမကောင်းမှုကြောင့်လို့ ထင်မှတ်ထားပြီး ခွဲနေဖို့ကိုသာ အားသန်လာကြသည်။
အစောကတည်းကပင် ခယ့်မိန်လီသည် ခွဲထွက်ချင်ခဲ့သည်။ လင်းသာ့ကျွမ်းတွင် သားသမီးများများစွာ ရှိနေပြီး လင်းသာ့ကျွမ်းသည်လည်း လယ်လုပ်ခြင်းကိုသာ တတ်ကျွမ်းကာ လင်းသာ့လီလောက် ဝင်ငွေမရရှိဟု သူမခံစားခဲ့ရသည်။ လင်းသာ့လီသည် လက်သမားအလုပ်ဖြင့် ရွာထဲမှ ပရိဘောဂပစ္စည်းများကို ဆောက်လုပ်ရန် ကူညီပေးသဖြင့် ဝင်ငွေမှာလည်း မဆိုးလှချေ။
ခယ့်မိန်လီသည် အတူတူနေ၊ အတူတူစားနေရသည်ကို သူမတို့ထံမှ အခွင့်ကောင်းယူနေသည်ဟုသာ မြင်မှတ်ပြီး အမြဲတမ်းညူစူနေကာ မိသားစုမှ ခွဲထွက်ချင်ကြောင်းကို ပြောကြားခဲ့သည်။ လင်းသာ့လီကလည်း ဘာကိုမျှ ပြန်လည်ပြောကြားခြင်းမရှိသော်လည်း မငြင်းဆန်ခဲ့ပေ။
လင်းသာ့ကျွမ်းလည်း အကူအညီမဲ့စွာဖြင့် ရွေးချယ်စရာမရှိပဲ ခွဲနေရန်အတွက် အိမ်ရှိလယ်ကွက်များကို ခွဲခြမ်းကာ အမွေခွဲပေးလိုက်ရသည်။ မိသားစု၌ ရှိနေသည့်ငွေများထဲမှ အများစုကို ခွဲပေးလိုက်ပြီး ရွာလူကြီးနှင့် နယ်မြေခံအရာရှိတို့ကို အတူတကွဖိတ်ကြားကာ ထိုကိစ္စရဲ့ အသိသက်သေအဖြစ် ထားရှိခဲ့လေ၏။
Advertisement
ဤကဲ့သို့ပင် လင်းသာ့လီသည် ရွာ၏အခြားတစ်ဖက်တွင် အိမ်တစ်လုံး ရရှိခဲ့ပြီး နှစ်နှစ်ကြာနေထိုင်ပြီးနောက်တွင် သူတို့သည် သားယောကျ်ားလေးကို အမှန်တကယ်မွေးဖွားနိုင်ခဲ့သည့်အတွက်ကြောင့် ကျန်းဟွေ့နျန်က သူတို့အား ကပ်ဆိုက်စေသည့်ကိစ္စနှင့်ပတ်သက်၍ ပိုမိုအတည်ယူလာကြတော့သည်။ နောက်ပိုင်းတွင် မိသားစုနှစ်စုအကြား ရင်းနှီးခင်မင်မှုသည်လည်း တဖြည်းဖြည်း လျော့ပါးလာခဲ့လေ၏။
ရွာ၏အခြားတစ်ဖက်အစွန်းရှိ လင်းသာ့လီတို့ လင်မယားစုံတွဲသည် သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ရင်ထဲ၌ ဂုဏ်ယူနေတော့သည်။
ခယ့်မိန်လီနှင့် လင်းသာ့လီတို့သည် သားယောကျ်ားလေးများကိုသာ တန်ဖိုးထားပြီး သမီးမိန်းကလေးများကို အထင်သေးသည့်အားလျော်စွာ သူတို့၏သမီးများကို ငွေကြေးဥစ္စာအဖြစ်သာ ရှုမြင်ကြသည်။ သူတို့၏ အကြီးဆုံးသမီး လင်းချွမ်းအာသည် လင်းသာ့လီနှင့် ပုံစံတူ မွေးဖွားလာသဖြင့် ခယ့်မိန်လီ၏ လှပသော အသွင်အပြင်များကို အမွေဆက်ခံခြင်း မရှိသည့်အတွက်ကြောင့် ပို၍ပင် နှစ်သက်ခြင်းမရှိခဲ့ပေ။
လင်းချွမ်းအာသည် မကြာမီ အိမ်ထောင်ပြုသည့် အရွယ်သို့ ရောက်ရှိတော့မည်ကို သိလိုက်သည့်အချိန် သူ့သမီးသည် လင်းကျင်းအာကဲ့သို့ အိမ်ထောင်မပြုနိုင်ကြောင်း ခယ့်မိန်လီက သိရှိလေ၏။ လင်းချွမ်းအာ၏ အသွင်အပြင်နှင့် ရုပ်ရည်ကြောင့် သူမအား လက်ထပ်ပေးရန် လက်ဖွဲ့ပစ္စည်းများစွာ ပေးရမည်ကို သူမ စိုးရွံ့နေခဲ့သည်။
ဤအချိန်၌ နန်းတော်အစေခံများ စုဆောင်းနေသည့် သတင်းကြားသည်နှင့် လင်းသာ့လီ၏ အတွေးများသည် တက်ကြွလာသည်။ နန်းတော်ထဲကို ဝင်ရောက်နိုင်ခဲ့လျှင် ခန်းဝင်ပစ္စည်းငွေအတွက် စုဆောင်းနိုင်ရုံသာမက လျော်ကြေးငွေများလည်း ရရှိနိုင်လိမ့်မည်။ နောင်တွင် လစဉ် လခရရှိသဖြင့် အခြေချနေထိုင်ရန် ဝင်ငွေများလည်း ရှိလာနိုင်မည် ဖြစ်သည်။ အဲဒါကို တွေးကြည့်မယ်ဆိုလျှင် တကယ့်ကို ကောင်းသည့်ကိစ္စတစ်ရပ်ပင်။
လင်းချွမ်းအာသည် သူ့မိဘတွေက သူမအား နန်းတော်ထဲကို ပို့လိုက်သည့်အတွက် ဝမ်းနည်းပေမယ့် ကွေ့ရန်ရဲ့ မျက်နှာသာပေးခံမှုသာ ရနိုင်ခဲ့မည်ဆိုလျှင် သူမနှင့် ရွယ်တူတွေကြားထဲမှာ ထင်ပေါ်လာနိုင်လိမ့်မယ်ဆိုသည့် နယ်မြေခံအရာရှိ၏ စကားများကို တွေးနေမိသည်။
လင်းချွမ်းအာသည် သူမ၏ဦးလေးမိသားစုမှ လင်းကျင်းအာ သည် မြို့မှ လူကုံထံမိသားစုထဲ ဝင်ရောက်ကာ လက်ထပ်နိုင်သည်ကို အလွန်အားကျ၊မနာလို ဖြစ်မိသော်လည်း သူမ၏အသွင်အပြင်နှင့် မဖြစ်နိုင်သည်ကိုလည်း သူမနားလည်သည်။ သို့သော်လည်း သူမ လက်မလျော့သေးချေ။ ဒီတစ်ခါ နန်းတော်ထဲဝင်ရမည့်ကိစ္စသည် သူမအတွက် အခွင့်ကောင်းပင်...
ဆယ်ရက်ကြာပြီးနောက် နယ်မြေခံအရာရှိသည် မြို့သို့ သတင်းပို့ရန် အလုပ်ရှုပ်နေလေ၏။ နောက်ဆုံးတွင် လူအများစုသည် သူတို့ရဲ့ သားသမီးများနှင့် ခွဲခွါရန် မလိုလားကြသဖြင့် လူဆယ်ယောက်ပြည့်အောင် မစုစည်းနိုင်ခဲ့ပေ။
နောက်ပိုင်းမှာ နယ်မြေခံအရာရှိက စုဆောင်းထားတဲ့ ငွေတွေကို ထိုလူနည်းစုရဲ့ မိသားစုဝင်တွေဆီ ခွဲပေးခဲ့ရသည်။ ထို့နောက် ဆယ်ရက်ကြာလျှင် ထိုလူများကို မြို့၌စုစည်းကာ မြို့တော်သို့ စေလွှတ်လိုက်မည် ဟူသော သဘောတူညီချက်ကို ရယူခဲ့ပြီး မိသားစုများအား အိမ်သို့ပြန်ကာ ပြင်ဆင်ခွင့်ပေးလိုက်သည်။
ခယ့်မိန်လီသည် ခွဲဝေပေးသောငွေများကို ယူကာ မြို့ထဲသို့ သွားရောက်ခဲ့လေ၏။ နောက်ဆုံးတွင် သူ့သမီးကို နန်းတော်သို့ မပို့ခင်မှာပင် သမီးအတွက် အဝတ်အစား အသစ်တစ်ထည်ဝယ်ပေးရန် စိတ်ကူးလိုက်သည်။ သူ့ဘာသာသူ ချုပ်ဖို့ရန် အရမ်းနောက်ကျနေဖြစ်လို့ အဆင်သင့်ချုပ်လုပ်ထားပြီးသား အ၀တ်အထည်ဆိုင်သို့သာ သွားရောက်ပြီး ဝယ်ယူခဲ့သည်။
အထည်ဆိုင်မှ ထွက်လာပြီးနောက် ခယ့်မိန်လီသည် မုန့်ဆိုင်သို့ သွားကာ အိမ်အတွက် မုန့်များကို ဝယ်ယူသွားရန် ရည်ရွယ်ထားပြီး အထူးသဖြင့် ထိုဆိုင်မှ မုန့်ကို ကြိုက်နှစ်သက်သည့် သူမသားငယ်အတွက် သရေစာတချို့ ဝယ်ရန်အတွက် ဖြစ်သည်။
ထိုမိသားစု၏မုန့်ဆိုင်မှ သရေစာသည် အလွန်ကို အရသာကောင်းမွန်လှသည်။ သူတို့ရဲ့စျေးနှုန်းကလည်း သင့်တော်ပြီး လုပ်ငန်းမှာလည်း အမြဲတမ်း အဆင်ပြေချောမွေ့သည်။ ခယ့်မိန်လီ ဆိုင်သို့ ရောက်သည့်အချိန်၌ ဆိုင်အဝင်ဝတွင် ရှိနေသော ရှည်လျားသည့် လူတန်းကြောင့် သူမလည်း နောက်ဘက်၌သာ တန်းစီပြီး စောင့်ဆိုင်းလိုက်သည်။
ထို့စဉ် သူမ၏အရှေ့၌ တန်းစီနေသော အဘွားကြီးနှစ်ယောက်ထံမှ မြို့ထဲတွင် ပျံ့နှံ့နေသော ကောလဟာလကို ကျယ်လောင်စွာပြောနေသည့် အသံကို သူမကြားလိုက်ရသည်။
"ဟဲ့ ရှင်ကြားပြီးပြီလား... လက်ထောက်အတွင်းဝန် အကြီးအကဲဝမ် မိသားစုက ချုန်းရှီးအတွက် သူ့သားကို ဇနီးမယားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ အောင်သွယ်တော်ကျန်းကို တောင်းဆိုနေတယ်ဆိုတာလေ..."
(T/N: 沖喜 (Chong Xi) E tran ကတော့ Happy Occasion လို Trans ထားတယ် ဗမာမှာတော့ အလေ့အထမရှိဘူးလို့ ထင်တယ်။ တရုတ်တွေမှာ လူတစ်ယောက် အပြင်းဖျားလို့ ဆေးပညာ မကယ်တင်နိုင်ဘူးဆိုရင် ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ သို့မဟုတ် ကုစားနိုင်ဖို့၊ အဲလူအတွက် လက်ထပ်တာလို အထူးပျော်ရွှင်ဖွယ်အခမ်းအနား ဒါမှမဟုတ် ပွဲမျိုးကို ကျင်းပပေးရမယ်လို့ ရှေးခေတ်လူတွေရဲ့ ယုံကြည်ကြတာကို ဆိုလိုတာပါ)
"အင်း... ကျွန်မလည်းကြားတယ်... အောင်သွယ်တော်ကျန်းရဲ့ဘေးအိမ်မှာနေတဲ့ ကျွန်မညီမရဲ့ယောက္ခမကပြောတယ်... ငွေစတစ်ရာပေးမယ်ဆိုလားပဲ..."
"ငွေစတစ်ရာတောင်!!! ဒီတစ်ခါတော့ ဝမ်အိမ်က သူတို့ ချွေးနဲစာတွေကို ထုတ်ပေးတော့တာပဲ..."
"ရွေးချယ်စရာမရှိဘူးလေ... သူတို့မှာက သားတစ်ယောက်ပဲရှိတာ... အဲသားကလဲ အိပ်ယာထဲလဲပြီး နေမကောင်းဖြစ်နေတယ်.. သူ့ကို ကုပေးတဲ့ဆေးဆရာကလည်း ခေါင်းရှောင်သွားပြီလေ... သူ့ကို နောက်ဆုံး ချုန်းရှီးကပဲ ကယ်နိုင်တော့မှာ..."
"အိုင်းယား!... ငွေစတစ်ရာပေးမယ်ဆိုပေမယ့်လည်း တကယ်လို့သာ ချွတ်ချော်ပြီး မအောင်မြင်ခဲ့ရင် အဲမိန်းကလေးဘဝတော့ ပျက်ဆီးသွားမှာပဲ... ဘယ်မိသားစုက ကြည်ဖြူနိုင်ပါ့မလဲ..."
Advertisement
"ဟုတ်တယ်၊ အောင်သွယ်တော်ကပြောတယ်၊ ဝမ်မိသားစုက မိန်းကလေးရဲ့ရုပ်သွင်ကို မကြည့်ပဲ မွေးဇာတာကိုက်ညီဖို့ပဲ လိုအပ်တယ်လို့ပြောတယ်၊ ရွာကဖြစ်ရင်တောင်မှ သူတို့ လက်ခံနိုင်တယ်လို့ ငါကြားတယ်။ ချုန်းရှီးပြီးလို့ မတော်တဆမှု တစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင် နောက်ပိုင်း ဇနီးဖြစ်သူကို နောက်အိမ်ထောင်ပြုလည်း သဘောတူပေးမယ်လို့ သူတို့က ပြောသေးတယ်၊ ဝမ်အိမ်က တကယ်ကို စိုးရိမ်နေပုံပဲ။"
ခယ့်မိန်လီသည် မုန့်များကို ဝယ်ပြီး အိမ်သို့ အမြန်ပြန်သွားခဲ့သည်။ အပြန်လမ်းတွင် အဘွားကြီးနှစ်ယောက်၏ စကားများကို တွေးနေမိသည်။ ငွေစတစ်ရာ... သူမ ဒီလောက်ပိုက်ဆံအများကြီးကို အရင်တုန်းက မမြင်တွေ့ခဲ့ဖူးပေ၊ အဲဒါကို ပိုတွေးလေ၊ သူ့နှလုံးသားတွေ ယားယံလာပြီး သည်းမခံနိုင်တော့ချေ။
အိမ်ပြန်ရောက်ပြီးနောက် ခယ့်မိန်လီသည် လင်းသာ့လီအား ထိုကိစ္စနဲ့ ပတ်သက်ပြီး ပြောပြခဲ့သည်။
"အိုင်းယား!! စောစောစီးစီး ဒီအကြောင်းကို မင်းမသိခဲ့ဘူးလား၊ အခုတော့ ငါတို့သမီးက နန်းတော်ထဲဝင်ဖို့တောင် ပြင်ဆင်ပြီးနေပြီလေ"
"မနက်ဖြန် မြို့ကိုတက်ပြီး ငါသွားမေးကြည့်ဦးမယ်"
လင်းသာ့လီသည် ထိုအကြောင်းကို တွေးကာ စိတ်ပြောင်းသွားသည်။
နောက်တစ်နေ့တွင် လင်းသာ့လီသည် လင်းချွမ်းအာ၏ မွေးနေ့ဇာတာကို ယူဆောင်ကာ အောင်သွယ်တော်ကျန်း၏အိမ်သို့ သွားရောက် ရှာဖွေခဲ့သည်။
အောင်သွယ်တော်ကျန်းသည်လည်း အတော်လေးကို စိုးရိမ်နေခဲ့လေ၏။ ဒီသတင်းဟာ ရက်အတော်ကြာအောင် ပျံ့နှံ့ပြီးးဖြစ်ပေမယ့် သတင်းအစအနပင် ပြန်မကြားခဲ့ရချေ။ ဝမ်မိသားစုသည်လည်း သူမအား နေ့တိုင်းလာရောက်၍ အလျင်စလိုဆောင်ရွက်ပေးရန် အပူတပြင်းတောင်းဆိုနေခဲ့သည်။
လင်းသာ့လီ၏ လာရောက်ရသည့် ရည်ရွယ်ချက်ကို နားထောင်ပြီးနောက် သူမ အလွန် ဝမ်းသာသွားသည်။ မွေးဇာတာကို ချက်ခြင်းပင် တွက်ချက်ကြည့်ခဲ့ပြီး ရလာဒ်မှာလည်း တကယ့်ကို လိုက်ဖက်နေခဲ့သည်။ သတင်းကောင်းပြောကြားရန် သူမသည် ဝမ်အိမ်သို့ ချက်ချင်းပြေးသွားခဲ့သည်။ နောက်ဆုံးတော့ သူမရဲ့အလုပ်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့လေပြီ။
ဝမ်မိသားစုသည်လည်း အလွန်စိုးရိမ်နေခဲ့သည်။ ချုန်းရှီးဟူသော စကားနှစ်ခွန်းကိုပင် မပြောဘဲ လင်းသာ့လီအား လက်ဖွဲ့ငွေအဖြစ် ငွေစတစ်ရာအား ပေးခဲ့လေ၏။ မိသားစုနှစ်စုသည် နောက်တစ်နေ့တွင် သတို့သမီးကို ခေါ်ဆောင်ရန် သဘောတူခဲ့ကြပြီး လင်းသာ့လီသည် သမီးဖြစ်သူအား ဝမ်အိမ်ကို ခေါ်ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် သူ့သမီးကို မြို့တွင်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးစွာစကားဆိုခဲ့လေ၏။ ဝမ်အိမ်ကလည်း သဘာဝကျစွာပင် သဘောတူခဲ့လေသည်။ မူလအစက ဝေးလံသော ခရီးအကွာအဝေးကြောင့် အချိန်ကောင်းကို နှောင့်နှေးမည်အား စိုးရိမ်ခဲ့ကြသည်။
လင်းသာ့လီသည် ငွေစတစ်ရာကို ယူဆောင်ကာ အိမ်သို့ပြန်လာခဲ့သည်။ တစ်မိသားစုလုံး ပိုက်ဆံကို မြင်တွေ့လိုက်ရသဖြင့် ကြက်သေသေသွားကြသည်။ နောက်တော့ တစ်မိသားစုလုံး စုဝေးကာ ချွမ်းအာကို မနက်ဖြန်မနက်တွင် မြို့သို့ခေါ်သွားရန် ပြင်ဆင်ကြလေသည်။
လင်းချွမ်းအာသည် သူမ နန်းတော်ထဲသို့ မဝင်ရောက်နိုင်တော့သည်ကို သိရှိပြီးဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် ချုန်းရှီးပွဲ ကိုသွားရသည်မှာ သူမအတွက် ပို၍ သာလွန်ကောင်းမွန်နိုင်မည်ဟု ခံစားမိလေ၏။
အဲဒါကို ကြိုးစားကြည့်သည်မှာလည်း အရှုံးတော့မရှိပေ။ သဘာဝကျစွာပင် မြို့မှ အစိုးရအရာရှိ၏မိသားစုနှင့် လက်ထပ်တာက ပိုပြီး ကောင်းနိုင်သည်ဟု ခံစားမိသည်။ ဒါ့အပြင် ခင်ပွန်းသည်မှာလည်း အဆင့်ကိုးလက်ထောက်အတွင်းဝန်အကြီးအကဲရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး ပုံမှန်အချိန်ဆိုရင် ဒီလိုကိစ္စမျိုးကို သူမ တွေးတောင်တွေးဝံ့မှာ မဟုတ်ချေ။
ချုန်းရှီးသာ ကောင်းမွန်စွာ ပြီးဆုံးသွားပါက၊ သူမသည် အစိုးရအရာရှိမိသားစုမှ ဂုဏ်သရေရှိ အမျိုးသမီးငယ်တစ်ဦး ဖြစ်လာလိမ့်မည်။ လင်းကျင်းအာ လက်ထပ်ထားသည့် အိမ်ထောင်ဖက်မိသားစုနှင့် နှိုင်းယှဉ်လျှင် သူမက ပို၍ပင် ဂုဏ်သိက္ခာရှိလေ၏။
အကယ်၍ ချုန်းရှီးသာ မအောင်မြင်ခဲ့လျှင်လည်း နောက်ထပ်နှစ်နှစ်အကြာ နောက်အိမ်ထောင်ပြုနိုင်တယ်လို့ သူတို့က ပြောထားပြီးသားပဲ။ နန်းတွင်းထဲသို့ဝင်ပါက နန်းတော်မှထွက်နိုင်မည့် အချိန်ထိသာ သူမ စောင့်ဆိုင်းနေရလျှင် သူမ၏ အသက်မှာ (၂၅) နှစ်မျှပင် ရှိနေလေပြီ။ ထိုအခါ သူမအတွက် အိမ်ထောင်ပြုဖို့ ခက်လိမ့်မည်။
နှစ်ရက်ခန့် အလုပ်ရှုပ်ပြီးနောက် အားလုံးပြီးမြောက်သွားခဲ့ပြီး ပြင်ဆင်စရာများလည်း မကျန်ရှိတော့ပေ။ လင်းသာ့လီတို့ ဇနီးမောင်နံဟာ ထိုအချိန်မှ နန်းတော်ထဲဝင်ရန် ခွဲတမ်းကိစ္စကို စိုးရွံ့လာသည်။ ငွေစတစ်ရာအား ရွာ၌ ပိုင်ဆိုင်နိုင်သူမှာ သူတို့မိသားစုကသာ ပထမဆုံးဟု ဆိုနိုင်ပေလိမ့်မည်။ သို့ပေမယ့် နယ်မြေခံအရာရှိတွေကို စော်ကားမိလျှင် ရွာထဲ၌ အေးချမ်းစွာနေထိုင်ရမည့် သူတို့ရဲ့နေ့ရက်တွေဟာ ကုန်ဆုံးသွားလိမ့်မည်။
"အဲဒီက နယ်မြေခံအရာရှိဆီသွားလိုက်၊ ပြီးတော့ ပိုက်ဆံကိုလည်းပြန်ပေးပြီး ငွေငါးစလည်း ထပ်ပေးလိုက်၊ ချွမ်းအာက အိမ်ထောင်ကျပြီးလို့ အခုဆို သူမက ဝမ်မိသားစုရဲ့မိသားစုဝင် ဖြစ်နေပြီ။ နယ်မြေခံအရာရှိက ဝမ်အိမ်တော်ကို စော်ကားဝံ့သလား?... လက်ထောက်အတွင်းဝန်အကြီးအကဲဝမ်က ခရိုင်တရားသူကြီးရဲ့ ဘေးက အရည်အချင်းရှိတဲ့ အရာရှိတစ်ဦးပဲ..."
ယခုအခါ ခယ့်မိန်လီသည် ငွေအမြောက်အများ ရရှိခဲ့ပြီးနောက် သူမ၏ သတ္တိများလည်း ပိုမိုကာတိုးလာခဲ့သည်။
"ဒီတခေါက် နယ်မြေခံအရာရှိအတွက် လူ (၁၀) ယောက်လောက်ကို စုဆောင်းဖို့ ခက်ခဲတယ်ဆိုတာ မင်းလည်းသိပါတယ်၊ အခု တစ်ယောက်ကထပ်လျော့ပြန်ပြီဆိုတော့..."
"ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့မိသားစုရဲ့ ချွမ်းအာက လိုအပ်တဲ့ အသက်အရွယ်ကို အရင်ထဲက ကျော်လွန်ပြီးသွားပြီလေ။ သူမကိုသာ စာရင်းမသွင်းထားရင် အရင်ထဲက တစ်ယောက်စာ လျော့နေပြီးသားပဲ၊ နယ်မြေခံအရာရှိကို တခြားမိသားစုတွေဆီ သွားရှာကြည့်ခိုင်းပါဦး... ဘယ်လိုပဲပြောပြော ကျွန်မတို့ မိသားစုမှာ အခု သင့်လျော်တဲ့သူ မရှိသေးဘူး၊ ကျွန်မတို့ရဲ့ ဒုတိယသမီးက အခုမှ အသက် (၁၀) နှစ်ပဲ ရှိသေးတယ်။ အာ!... ဟုတ်သားပဲ၊ အစ်ကိုကြီးရဲ့ မိသားစုမှာ သင့်တော်တဲ့ ကလေးက နှစ်ယောက်တောင်ရှိနေတာ မဟုတ်ဘူးလား။ သူတို့ထဲက တယောက်ကို သွားခိုင်းလိုက်လေ၊ ပြီးတော့ သူ့မိသားစုမှာ ကောတစ်ယောက်လည်း ရှိနေသေးတယ်၊ မိသားစုကို ပြုစုပျိုးထောင်ဖို့ အစားအစာ ဖြုန်းတီးနေရာ မရောက်ဘူးလား..." ခယ့်မိန်လီက ဆိုးသွမ်းစွာ တွေးလိုက်သည်။
"ဒါလည်း မှန်တာပဲ၊ အခုပဲ နယ်မြေခံအရာရှိရဲ့အိမ်ကို သွားပြီး ပြောလိုက်မယ်၊ ဘယ်လိုပဲပြောပြော ငါတို့တွေ ဒီအခြေအနေကိုတောင် ရောက်နေပြီးပြီပဲ၊ နောင်ခါလာ နောင်စျေးပဲ၊ အနာဂတ်မှာ ငါတို့ မြို့ထဲကို ပြောင်းပြီး နေကြမှာပဲလေ၊ ဘာပဲပြောပြော ငါတို့ အခု ချမ်းသာနေပြီပဲ၊ ဘာကိုကြောက်နေရမှာလဲ..." လင်းသာ့လီကလည်း သတိကြီးစိတ်ကို လေထဲသို့ လွှင့်ပစ်လိုက်လေသည်။
T/N:
Dog 🐕 and Bitch (╯°□°)╯┻━┻
( -_・) 【デ═一 ▸ F**k U
ထိုနေ့ညနေခင်းတွင် နယ်မြေခံအရာရှိက လင်းသာ့လီတို့ ဇနီးမောင်နှံအား လင်းသာ့ကျွမ်း၏အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ လင်းသာ့ကျွမ်းတို့ လင်မယားနှစ်ယောက်သည် ဒီအချိန်ကြီး ထိုသူများ အိမ်သို့ ရောက်ရှိလာသည်ကို မြင်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့စိတ်နှလုံးထဲ၌ မကောင်းသော ခံစားချက်မျိုးကို ခံစားနေရသည်။ အသေအချာပင်၊ နယ်မြေခံအရာရှိသည် အခြေအနေအားလုံးကို ပြောပြပြီး လင်းသာ့ကျွမ်း ပေးခဲ့သည့် ပိုက်ဆံတွေကို ပြန်ပေးခဲ့သည်။
"သာ့ကျွမ်း၊ မင်းတို့ ညီအကိုနှစ်ယောက် ကွဲကွာခဲ့ကြပေမယ့် လင်းဆိုတဲ့ စကားလုံးကို စုတ်တစ်ချက်နဲ့ ပုံဖော်လို့မရဘူး။ ဒီတစ်ခါ သာ့လီလုပ်ခဲ့တာ တမင်တကာ မဟုတ်ပါဘူး၊ နောက်ကျရင် ဘိုးဘွားခန်းထဲ သင်ကြားခံသင့်ပေမယ့် ဒီတစ်ခါတော့ နန်းတော်ထဲဝင်ဖို့ကို မင်းမိသားစုထဲက တစ်ယောက်ကို သေချာပေါက် ပို့ပေးရလိမ့်မယ်"
"ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ? ပြောပြီးသားစကားကို ဒီလိုပဲ ပြန်ပြောင်းလို့ရမလား! အရင်ထဲက နေရာအတွက် ပိုက်ဆံပေးပြီးသားလေ..."
ကျန်းမုက ငိုရှိုက်ကာ ပြောလိုက်လေသည်။ သူမကလေးကို နန်းတော်ထဲကို ပို့ရဦးမယ်ဆိုတာ မမျှော်လင့်ထားဘူး။
လင်းသာ့ကျွမ်းသည် တစ်ဖက်မှ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး လင်းသာ့လီအား ထိုးကြိတ်ချင်လုနီးပါးပင်...
လင်းသာ့လီသည် ထိုအချင်းအရာကိုမြင်ပြီး အလျင်အမြန်တုံ့ပြန်ကာ အစ်ကိုဖြစ်သူ၏ခြေထောက်ကို အမြန်ဖမ်းဆုပ်လိုက်သည်။
"အစ်ကိုကြီး၊ ညီလေး မှားတယ်ဆိုတာ သိနေပါပြီ၊ ပိုက်ဆံကြောင့် မျက်စိကန်းသွားတာပါ၊ အစ်ကိုကြီးကို လျော်ကြေးအတွက် နောက်ထပ် ငွေဆယ်စကို ထပ်ပေးပါ့မယ်..."
လင်းသာ့ကျွမ်းက နားမထောင်ဘဲ ရပ်မြဲအတိုင်းသာ ရပ်နေလေသည်။ ထိုစကားကို ကြားလိုက်သည်နှင့် ညီဖြစ်သူ လင်းသာ့လီအား အဆက်မပြတ် အော်ဟစ်လာသည်အထိ ဒေါသတကြီး ရိုက်နှက်တော့သည်။
သာ့လီအရိုက်ခံရသည်ကို ခယ့်မိန်လီမြင်လိုက်ရသည့်အခါ သူ့အား ကာကွယ်ပေးလိုက်ကာ ငိုယိုပြီး ကျယ်လောင်စွာအော်ရင်း
"အား!!!! အစ်ကိုကြီး၊ သူ့ကို မရိုက်ပါနဲ့... အစ်ကိုကြီး ရိုက်လို့ သူသေသွားလိမ့်မယ်.."
"ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေကို ဘယ်သူက လိုချင်နေလို့လဲ!! ငါတို့မိသားစုက ခင်ဗျားတို့အားလုံးကို မကြိုဆိုဘူး။"
လင်းကျားဝမ်သည် အပြင်မှ အကြောင်းအရာများကို ကြားသိလိုက်ရပြီးနောက် အပြင်ဖက်သို့ ထွက်လာခဲ့လေ၏။
"ဟန်!! မင်းက လူကြီးတွေကို ဘယ်လိုမျိုး ပြောလိုက်တာလဲ? ဒီလိုမျိုး အစ်ကိုကြီးနဲ့ မရီးက သင်ပေးထားတာလား? ပြီးတော့ မင်းက ပညာတတ်ဖြစ်သေးလို့လား။ ဖွီ! ဒီနေ့ ရှင်တို့အားလုံး သာ့လီကို သေအောင်ရိုက်နှက်ရင်တောင် ရှင့်မိသားစုက နန်းတော်ထဲစေလွှတ်ဖို့ လူတယောက်ကို ပေးနေရဦးမှာပဲ..." ခယ်မိန်လီက ကျေနပ်စွာပြောလိုက်သည်။
"အစ်ကိုကြီး၊ တကယ်ဆို ကျွန်တော်က အစ်ကိုကြီးတို့အားလုံးရဲ့ ကောင်းကျိုးအတွက် လုပ်ပေးတာပါ၊ မင်းမိသားစုရဲ့ ကောကလေးကို မင်းတွေ့လား၊ သူ့အသက်က တဖြည်းဖြည်းနဲ့ ကြီးလာပြီး ကောဖြစ်လို့ အားနည်တယ်လေ၊ နောင်မှာ သူက လေးလံတဲ့အလုပ်တို့၊ လယ်အလုပ်တို့ကိုလည်း လုပ်နိုင်မှာမဟုတ်ဘူး။ အိမ်ထောင်ချဖို့ကိုလည်း ဘယ်သူက ကောကို ဇနီးမယားအဖြစ် ယူချင်မှာလဲ?၊ မင်းတို့အားလုံးက သူ့ကို သူဌေးရဲ့ ကိုယ်လုပ်တော်လည်း အဖြစ်ခံကြမှာ မဟုတ်ဘူးလေ၊ အိမ်မှာ တစ်သက်လုံး ကျွေးမွေးထောက်ပံ့မယ်လို့တော့ မပြောနဲ့နော်။ နန်းတော်သွားရတာ ဘယ်လောက်ကောင်းလဲ၊ ကုန်ကျစရိတ်လည်း သက်သာ၊ မိသားစုဝန်ထုပ်ဝန်ပိုးလည်း သက်သာနိုင်တယ်၊ သူကိုယ်တိုင်လည်း ဝင်ငွေရှာနိုင်တာပဲ၊ ဘယ်လောက်ကောင်းလိုက်လဲ!"
လင်းသာ့လီသည် 'အစ်ကိုကြီးအတွက် စဉ်းစားနေတာ' ဆိုတဲ့ အမူအရာနဲ့ ပြောလိုက်လေ၏။
"သာ့လီပြောတာမှန်တယ်။ အားလုံးပဲ မှန်မှန်ကန်ကန်နဲ့ စဉ်းစားသင့်တယ်။ ရက်အနည်းငယ်ကျန်ပါသေးတယ်၊ သွားပြီးတော့ ခင်ဗျားရဲ့ကလေးကို ပြင်ဆင်ဖို့ ကူညီပေးလိုက်ပါဦး..."
နယ်မြေခံအရာရှိက လင်းသာ့ကျွမ်းအား ငြင်းဆိုခွင့်မပေးဘဲ မှာကြားခဲ့ကာ လင်းသာ့လီတို့စုံတွဲနှင့်အတူ ထွက်ခွါသွားခဲ့သည်။
"ဖေဖေ၊ မေမေ၊ ဒုတိယဦးလေးပြောတာ မှန်ပါတယ်၊ အိမ်မှာနေရင်တောင် သားက အသုံးမဝင်ပါဘူး၊ သားကို နန်းတော်ထဲ ဝင်ခွင့်ပြုလိုက်တာ ပိုကောင်းပါတယ်။ သား ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်..."
လင်းကျားပေါင်သည် သန်မာဟန်ဆောင်ကာ ပြောလိုက်သော်လည်း သူ့မျက်ရည်များမှာ ကျဆင်းလာလေသည်။
လင်းကျားပေါင်သည် ငယ်စဉ်ကတည်းက သူသည် အခြားကလေးများနှင့် မတူသည်ကို သိရှိခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူနှင့်အတူ မကစားချင်ကြပေ။
သူ့အသက် လေးငါးနှစ်လောက်၌ သူစိမ်းတစ်ယောက်က သူတို့အိမ်တံခါးရှေ့ကို လာရောက်ကာ သူ့အား ဝယ်ယူချင်သည်ဟု ပြောတာကို သူမှတ်မိသည်။ လူကုံထံအသိုင်းအဝိုင်းမှ မိသားစုတစ်စုသည် သူ့လိုလူမျိူးကို ကြိုက်နှစ်သက်သဖြင့် လာရောက်ဝယ်ယူချိန် ထိုလူများမှာ အမေရဲ့ နှင်ထုတ်ခြင်းကိုသာ ခံခဲ့ရသည်။
အမေက သူ့အား အပြင်သို့ ခေါ်သွားသည့် အချိန်တိုင်း တခြားသူများရဲ့ ကဲ့ရဲရှုံ့ချခြင်း၊ ဝေဖန်ပြောဆိုခြင်းများကို အမြဲခံခဲ့ရသည်။ အမေက သူ့ကို အမြဲပွေဖက်ကာ ငိုနေပေမယ့် သူ့မိဘတွေက သူ့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည်။ မိသားစုထဲတွင် အရသာရှိတဲ့ အစားအစာ ဒါမှမဟုတ် ပျော်စရာကစားစရာတစ်ခုခုရှိရင် အမြဲတမ်း သူ့ကိုသာ အရင်ပေးခဲ့ကြသည်။ ညီအကိုမောင်နှမတွေတောင် သူ့ကိုဆို သိပ်ချစ်ပေးကြသည်။ နဂါးနှင့်ဖီးနစ်တို့ မွေးဖွားပြီးသည့်တိုင် လူတိုင်းက သူ့ကို အရင်အတိုင်း ကောင်းမွန်စွာဆက်ဆံကြပြီး သူကလည်း မိသားစုကို အလွန်အမင်းချစ်ခင်မြတ်နိုးရသည်။
ကျန်းမုသည် လင်းကျားပေါင်ကို ဖက်ကာ ငိုလေသည်။
Advertisement
- In Serial56 Chapters
The Werewolf Cheerleader
Being a cheerleader is easier than being a werewolf. Jessica Tumbleleague is a typical teenage girl who loves being a cheerleader at Moondale High. But after an encounter with a werewolf in the woods, Jessica discovers a frightening world she never thought is real. Dangerous magic, deadly fierce spirits, and other malevolent creatures. Now Jessica must fight the forces of darkness to protect her hometown while balancing her supernatural life with her high school life. But can she control the beast within herself? Note: This is a rewrite of the original with the same name. I decided to change the third-person style to first-person because I liked Jessica's voice better. She is funny and very strong. With the story only focusing on her, I can keep the mystery suspenseful and the reader can experience what Jessica is experiencing. It is a typical YA style, but it is fun to write as your main character. There are changes, but the first and second books will be similar to the third-person chapters. Let me know what you think and I hope you will enjoy this new version of the Werewolf Cheerleader. I will post the chapters every Friday in the afternoon. P.S, there is a Werewolf Cheerleader short story published in the Tales of Dungeons, All Hallows book. Titled The Werewolf Cheerleader: Castle and Ghouls. The short is also in first-person, which made me decide to change the book series into first-person. The link is below if you want to check it out. https://www.royalroad.com/amazon/B08MCS82R5
8 279 - In Serial17 Chapters
Cowboy, Reborn.
Tom Gibsion was on the run in the cowboy era (1870s) he ended up becoming a criminal to survive. After being caught he was sentenced to be hanged. Waking up upon a hard concrete floor he becomes slightly confused not knowing that hes now in the future 2020.
8 154 - In Serial10 Chapters
Central Intelligence Ashitra (Isekai)
In this line of work was always a dangerous one, there's no doubt about it and Kalden accepted it. When he was shot dead in his own office in the Osaka Consulate, Kalden wasn't terribly shocked, but when offered a second chance at life in a brand new world, Kalden was sceptical at best, but nonetheless he found himself in the world of Ashitra. Stripped of purpose and motivation, can Kalden adjust to this new world? or will the pressures of the new world be too much?
8 78 - In Serial13 Chapters
The Four Year Plan (Completed)
"Will you get off of me. This isn't apart of the deal Landon. You don't get to fuck me." "I know I know. But let's just imagine." I stood up with a dress in my hand trying to leave his embrace. But he kept my hips on his pelvis. "It's dark, we're on my bed. Your small frame under me-""Landon." He ignored me. "As I pound viscously into you." I couldn't help but to imagine to. A wave of heat flashed over me and he chuckled. "You're thinking of it too now, aren't you?" He asked breathing into my neck. With that I pushed myself off of him. "Asshole." I muttered slipping on the sundress.Highest rank: #9 in interracial-romance #6 in interracial
8 198 - In Serial70 Chapters
Project Resolution URI
Uri must say goodbye to his world as he knew it. His active social life and his happy-go-lucky spirit meet an end when Juzo, a young man identical to him who claims to be his twin brother, shows up to tell him about a scientific project they both were part of without knowing it. From that moment on, Uri must go through a storm of dangers and revelations together with Malin, Juzo’s partner, while trying to preserve his identity, his sanity, and even his own life. I'll be posting new chapters every other day.
8 190 - In Serial25 Chapters
Fandom X Baby/Child Reader Onshots! (CLOSED)
⚠️REQUESTS ARE CLOSED!⚠️Here you can request a oneshot of a baby or child reader with any fandom!Ranked #249 in Fandoms 5/11/18
8 146

