《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟽
Advertisement
ဒုတိယပိုင်း
ဒီရက်ပိုင်း အရှင့်သားရဲ့အပြုအမူတွေက သိပ်မူမမှန်တာကို ယွမ်ဖူ သတိထားမိသည်။ အထူးသဖြင့် ဒီနေ့ဆိုလျှင် ပိုပြီးတောင် သိသာလွန်းလှတယ်။
မနက်ခင်းညီလာခံပြီးသည်နှင့် အရှင့်သားက တိုင်းပြည်အရေးကိစ္စများကို ဖြေရှင်းနေရမည့်အစား စာကြည့်ခန်းထဲထိုင်ပြီး အချိန်တော်တော်ကြာကြာအထိ အတွေးထဲနစ်မြောနေလေသည်။ သူ့ရဲ့အမူအရာကို ကြည့်ရတာ... အင်း... အရမ်းကို ပျော်နေပုံပေါက်ပြီး... စိတ်လှုပ်ရှားနေသလိုပဲ...
နေ့လည်ခင်းကို ရောက်သည့်အခါတွင်တော့ အရှင့်သားက ပိုလို့တောင် ထူးဆန်းလာတယ်။ မြောက်ပိုင်းလေ့ကျင့်ရေးစခန်းကို မသွားပဲ ယွမ်ဖူကိုခေါ်ကာ နန်းတော်တစ်ခုလုံးကို နေရာနှံ့အောင်ပင် ပတ်လျောက်နေလေသည်။ နန်းတော်ထဲကို လှည့်ပတ်တာ ကြာလေလေ၊ ဝေးလံခေါင်ခိုက်တဲ့ အစွန်အဖျားနေရာတွေကို ရောက်လာလေလေပဲ။
ကောင်းကင်ကြီးမှာ တဖြည်းဖြည်း မှောင်ရိပ်ပျိုးလာနေပြီ။
"အရှင့်သား၊ ဘယ်နေရာကိုများ သွားချင်လို့ပါလဲ?..."
သူတို့တွေ ဒီအတိုင်းသာ ဆက်လျောက်နေမယ်ဆိုရင် ဝေ့ဝူကုန်းကိုတောင် ရောက်တော့မယ်။
အဲအချိန်မှာပဲ အပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားတဲ့ လူတစ်စုဟာ သူတို့ရှိရာဖက်သို့ ဦးတည်လာနေသည်။ ဝတ်စုံရဲ့အရောင်ကို မြင်လိုက်သည်နှင့် ရွှမ်းယွမ်ဟန်ချန်၏နှလုံးသားထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်လာလေ၏။
ရွှမ်းယွမ်ဟန်ချန်သည် အရှေ့သို့ ခပ်သွက်သွက် လျောက်လှမ်းလိုက်တာကြောင့် ယွမ်ဖူလည်း အနောက်ကနေ အလျှင်အမြန်ပင် လိုက်ရတော့သည်။
ရှီမော့မော့သည် နန်းတွင်းအစေခံအဖွဲ့ကို ဦးဆောင်လမ်းပြကာ နန်းတော်သို့သွားရာလမ်းအတိုင်း လျှောက်လာသည်။ ထိုစဉ် အဝေးကနေ လူနှစ်ယောက် သူတို့ဆီ ဦးတည်လာနေတာကို တွေ့လိုက်ရသည်။
အရှေ့မှ ဦးဆောင်လာသူမှာ ရွှေချည်ထိုးထားသော ခရမ်းရောင်၀တ်ရုံကို ဝတ်ဆင်ထားကာ နောက်ပါးတွင် အထိန်းတော်တစ်ယောက်ကလည်း လိုက်ပါလာသည်။ အနီးကပ်ကြည့်လိုက်သည့်အခါ... အဲဒါ အရှေ့နန်းဆောင်က အိမ်ရှေ့မင်းသားရဲ့ မိန်းမစိုး ယွမ်ဖူ မဟုတ်ဘူးလား?...? ဒါဆိုရင် အရှေ့က လာနေတဲ့ သူက ...
"အိမ်ရှေ့စံကို ဂါရဝပြုပါတယ်"
ရှီမော့မော့သည် အရှေ့သို့လှမ်းကာ ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
ရှီမော့မော့ ဒူးထောက်လိုက်သည်နှင့် လင်းကျားပေါင်နှင့် သူ့နောက်မှ အခြားသူများသည်လည်း အမြန်ပင် ဒူးထောက်လိုက်ကြသည်။
"မင်းက...? ဘယ်ကို သွားမလို့လဲ...?" ရွှမ်းယွမ်ဟန်ချန်ဟာ ရှီမော့မော့ကို မေးမြန်းလိုက်ပေမယ့် သူ့မျက်လုံးတွေကတော့ သူမအနောက်က တစ်စုံတစ်ရာကိုသာ ရှာဖွေနေခဲ့သည်။
သိပ်မကြာခင်ပဲ ရွှမ်းယွမ်ဟန်ချန်ဟာ သူနေ့ရောညပါ တောင့်တနေတဲ့လူသားလေးကို တွေ့လိုက်ရတော့သည်။ လင်းကျားပေါင်သည် အပြာရောင်နန်းတွင်းအစေခံဝတ်စုံကို ၀တ်ဆင်ထားပြီး ထိုနေရာတွင် ဒူးထောက်နေလေသည်။ ရွှမ်းယွမ်ဟန်ချန်ဟာ လက်သီးတွေကို အတင်းအကြပ် ဆုပ်ထားပြီး ရှေ့ကိုမလှမ်းမိလိုက်ဖို့ကို သူ့ကိုယ်သူ မနည်းချုပ်တည်းထားရသည်။
လင်းကျားပေါင်မှာ အခုမှ ဆယ့်နှစ်နှစ်သာရှိသေးတာကြောင့် သူ့မျက်နှာလေးမှာ အခုထိတိုင်အောင် ကလေးဆန်နေသေးသည်။ ကြီးမားသည့် နန်းတော်အစေခံဝတ်စုံကို ၀တ်ဆင်ထားလို့ သာမာန်ထက် သေးသွယ်နေပုံပေါ်နေသည့်အပြင် သူ့ပေါင်ပေ့လေးရဲ့ အသားအရေကလည်း သိပ်ကောင်းပုံမပေါ်ပေ။ ခေါင်းကို ငုံ့ထားလို့ သူ့ရှုထောင့်မှကြည့်လျှင် လင်းကျားပေါင်၏မျက်နှာပေါ်ရှိ အလွန်သေးငယ်သော ပါးချိုင့်နှစ်ခုကို မှုန်ဝါးဝါးလေးသာ မြင်တွေ့ရသည်။ အား... တကယ်ကို ချစ်ဖို့ကောင်းလိုက်တာ!!!❤️
"အိမ်ရှေ့စံကို ပြန်လည်လျောက်တင်ပါတယ်၊ ဒီအစေခံအိုက ဝေ့ဝူကုန်းက ရှီမော့မော့ပါ၊ ဒီနေ့က နန်းတော်ထဲကို နန်းတွင်းအစေခံသစ်တွေ ဝင်လာတဲ့နေ့ပါ၊ ကျွန်တော်မျိုးရဲ့ အနောက်မှာပါလာတဲ့သူတွေကတော့ ဒီတစ်ခေါက် နန်းတော်ထဲကို ဝင်လာတဲ့ နန်းတွင်းအစေခံသစ်တွေပါ၊ ဒီတစ်ခါနန်းတော်ထဲဝင်လာတဲ့သူတွေက အရမ်းများပြားတာကြောင့် ဝေ့ဝူကုန်းမှာ မဆန့်တော့ပါဘူး၊ ဒါကြောင့် ဒီအစေခံက သူတို့ကို ရှီလီနန်းဆောင်ခန်းမဖက်ကို ခေါ်သွားပြီး နေဖို့နေရာချထားပေးမလို့ပါ..."
"ထကြပါ..." ရွှမ်းယွမ်ဟန်ချန်ရဲ့မျက်လုံးတွေဟာ လင်းကျားပေါင်အပေါ်မှာပဲ မြဲမြံနေကာ "မြန်မြန်ခေါ်သွားပြီး နေရာချထားပေးလိုက်ပါ..."
"ဟုတ်ကဲ့"
ရွှမ်းယွမ်ဟန်ချန်သည် တစ်ချက်မျှ ထပ်ကြည့်လိုက်ပြီး ခွဲခွာရန် တွန့်ဆုတ်ရင်းနှင့်ပင် ထိုနေရာမှ အလျင်အမြန် ထွက်သွားလေသည်။ သူသာ ချက်ချင်းမထွက်သွားရင် လင်းကျားပေါင်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်မိမှာကို သူကြောက်မိတယ်။ သူလေးကို မခြောက်လှန့်မိစေချင်ဘူး။
"ရှီလီနန်းဆောင်ခန်းမ... ဟက်..." ရွှမ်းယွမ်ဟန်ချန်သည် ပျော်ရွှင်စွာ တီးတိုးရေရွတ်လိုက်သည်။
ယွမ်ဖူသည် အိမ်ရှေ့စံရဲ့အမူအရာကြောင့် အမှန်တကယ်ပင် စဉ်းစားရခက်နေလေပြီ။ ခုနလေးကတင် အိမ်ရှေ့စံရဲ့မျက်လုံးတွေက နန်းတွင်းအစေခံအဖွဲ့ကို စူးစိုက်စိုက်ကြည့်နေခဲ့လို့... ဖြစ်နိုင်တာ... အရှင့်သားက တစ်စုံတစ်ယောက်ကို သဘောကျနှစ်ခြိုက်မိနေပြီလား?
ယွမ်ဖူသည် ထိုအကြောင်းကို စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ အခုလေးတင် သူတွေ့ခဲ့တဲ့သူတွေထဲမှာ အထူးတလည် လှပနေတဲ့သူမျိုးကို မတွေ့ခဲ့ရပေ။ ပြီးတော့ အဲအစေခံလေးတွေက အလွန်ငယ်ရွယ်ပြီး အခုထိအရွယ်ပင်မရောက်ရှိသေးပေ။ သူအတွေးလွန်နေတာဖြစ်မှာပါလေ...
(T/N: ရှင်မမှားဘူး၊ ရှင့်ရဲ့ အရှင့်သားက အသက်မပြည့်သေးတဲ့ကလေးကို ပစ်မှားနေတာ အမှန်ပဲ... 🙄)
လင်းကျားပေါင်နှင့် အခြားအစေခံများသည် ရှီမော့မော့နောက်ကိုလိုက်ကာ မနက်တိုင်း နန်းတော်၏စည်းကမ်းများကို ကျက်မှတ်ရပြီး နေ့ခင်းဘက်မှာတော့ အမူအကျင့်နှင့် ပြုမူပြောဆိုပုံတွေကို လေ့လာကြရသည်။
နန်းတော်သို့လာသူအားလုံးနီးပါးက စာမတတ်သူများပင်၊ ထို့ကြောင့် နန်းတော်ရဲ့ စည်းကမ်းများကို မှတ်သားရာတွင် သူတို့ရဲ့ မှတ်ဉာဏ်ပေါ်တွင်သာ မှီခိုကြရသည်။ အဝတ်အစားဌာနဘက်ကို ဘယ်လိုသွားရမလဲ၊ တော်ဝင်စားဖိုဆောင်နဲ့ တခြားနေရာတွေကို ဘယ်လိုသွားရမလဲ အစရှိတဲ့ နန်းတော်အတွင်းက လမ်းကြောင်းတွေကိုလည်း မှတ်သားထားရပေသည်။ ဒါတွေအားလုံးသည် သူတို့တွေအကုန်လုံး အသေအချာကို မှတ်ထားရမယ့် အရာတွေပင်... ထို့အပြင် နန်းတော်အတွင်းက မည်သည့်နေရာများကို တားမြစ်ထားကြောင်းနှင့် အခြားသော တားမြစ်ချက်များကိုလည်း သိရှိထားရန် လိုအပ်ပေသည်။
လင်းကျားပေါင်အတွက် ဒါတွေဟာ သိပ်မခက်ခဲပေ။ သူ့အစ်ကိုကြီးက သူ့ကို စာလုံးအနည်းငယ်ကို သင်ပေးပြီး ဖြစ်လို့ သူသာဝီရိယရှိမယ်ဆိုရင် ဒီအရာတွေကို သေသေချာချာ မှတ်သားသင်ယူနိုင်လိမ့်မည်။ စည်းမျဉ်းတွေရွတ်ဆိုရတဲ့အခါမှာလည်း သူက တခြားသူတွေထက် နည်းနည်းပိုမြန်မြန်ရွတ်ပြနိုင်ခဲ့တယ်။
Advertisement
ကျင့်ဝတ်ထုံးတမ်းတွေနဲ့ အမူအကျင့်တွေကို လေ့လာရသည်မှာ သူတို့အတွက် ပိုပြီး ခက်ခဲကြရသည်။ လမ်းလျှောက်ရင် ခေါင်းကို ငုံ့ကာ ရင်ဘတ်ကို အောက်နှိမ့်ချပြီး မျက်လုံးကို အောက်သို့ကြည့်ကာ တိတ်ဆိတ်စွာ လျှောက်လှမ်းရသည်။ အရိုအသေပေးသည့်အခါ၊ ခစားသည့်အခါတွင်လည်း သတိထားကာ ပြုမူရပေသည်။
စကားပြောသည့်အခါတွင်လည်း ပြတ်ပြတ်သားသား ပြောရန် လိုအပ်သည့်အပြင် အသံအနေ အသံထား မမြင့်လွန်း၊ မနိမ့်လွန်းသော အနေအထားတွင်သာ ပြောရသည်။ စကားပြောသည့် အရှိန်မှာလည်း တည်တည်ငြိမ်ငြိမ်ရှိရပြီး မြန်လည်းမမြန်၊ နှေးလည်းမနှေးရပေ။
လက်ဖက်ခြောက်လုပ်နည်း၊ လက်ဖက်ရည်ဖျော်နည်းနှင့် ရေကို ဘယ်လို ဆက်သရမလဲ ဆိုတာတွေကိုလည်း လေ့ကျင့်သင်ကြားခဲ့ရသည်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်ပြီး ထိရောက်မှုရှိရန် လိုအပ်သော်လည်း ပေါ့ပေါ့ပါးပါးလည်း ရှိနေရမည်ဖြစ်သည်။ ခွက်ကို ပန်းကန်ပေါ်တင်တဲ့အခါတွင် အသံလည်း မထွက်ရ၊ လက်ဖက်ရည်ကိုလည်း မဖိတ်စင်ရပေ။
လင်းကျားပေါင်သည် ထိုအရာအားလုံးကို ကျေပွန်စွာ သင်ယူခဲ့ပြီး တစ်နေ့လျှင် အကြိမ်ရာနှင့်ချီ၍ လေ့ကျင့်ခဲ့သည်။
*************************************************
တစ်လနီးပါးကြာမြင့်ပြီးသည့်နောက် အရှင့်သားသည် ရှီလီနန်းဆောင်ခန်းမမှ နန်းတွင်းအစေခံတစ်ယောက်ယောက်ကို နှစ်သက်နေသည်မှာ သေချာသလောက်ပင်။
နေ့တိုင်းနီးပါးလိုလိုပင် အရှင့်သားသည် ရှီလီနန်းတော်ခန်းမသို့ သွားရောက်ကာ ခြံဝင်းထဲကို ခိုးဝင်ပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်တတ်လေ၏။ အရှင့်သားသည် ရှီလီနန်းတော်ခန်းမရှိရာ ခြံဝင်းထဲမှ သစ်ပင်ပေါ်ကိုတောင် တွယ်တက်ပြီး ခြံဝင်းထဲရှိ နန်းတွင်းအစေခံတွေကို ချောင်းကြည့်ခဲ့နေသဖြင့် အရှင့်သားနှင့်အတူတူ လိုက်လာရတိုင်း ယွမ်ဖူမှာ အလွန်အမင်းကို ထိတ်လန့်ကြောက်ရွံ့နေရသည်။
အားယိုး... အရှင့်သားရယ်... ဘယ်လိုတွေတောင် လုပ်နေရတာလဲ!!!... နန်းတော်အစောင့်တွေသာ ဒါကိုမြင်သွားရင် ဒါကြီးက သိပ်မကောင်းဘူးနော်... အရှက်တကွဲ အကျိုးနည်းကုန်တော့မှာပဲ... အရှင့်သားရဲ့... ယွမ်ဖူတော့ ရူးချင်တော့တာပဲ...
ယွမ်ဖူဟာ အရှင့်သားဘေးနားမှာ ခစားလာတာ တော်တော်ကြာခဲ့ပြီ။ ဒါပေမယ့် အရှင့်သားမှာ ဒီလိုဝါသနာမျိုးရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ အာ! အရှင့်သားက အရမ်းကိုငယ်ငယ်ရွယ်ရွယ်နဲ့ "ကော" လေးတွေကို ကြိုက်နှစ်သက်တာပဲ...
(T/N: ယွမ်ဖူရေ... ဟိုကကြားရင် အထောင်းခံရနိုင်တယ် အတွေးတွေက)
ယွမ်ဖူ အရမ်းကို သိချင်နေတယ်။ အရှင့်သားကို ဘယ် "ကော"လေးကများ တမ်းတမ်းဆွဲဖြစ်စေခဲ့တာလဲ?...
ထိုနေ့အတွင်း စာကြည့်ခန်းထဲတွင် ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူကို သူ့အနားသို့ ခေါ်ကာ အခြားအစေခံအားလုံးကို ထွက်သွားခိုင်းလိုက်သည်။
"မင်းလည်း ခန့်မှန်းပြီးလောက်ပြီထင်တယ်။ မင်းရဲ့အနာဂတ်သခင်က ရှီလီနန်းတော်ခန်းမထဲမှာ ရှိနေတယ်။ အခုပဲ ကိုယ်တော် မင်းကို တာဝန်ပေးလိုက်မယ်။ ကောင်းကောင်း လုပ်ဆောင်လာခဲ့၊ ကိုယ်တော့်မယ်တော်ရဲ့ တော်ဝင်သရေစာဆောင်က လင်းမော့မော့နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ?"
ရွှမ်းယွမ်ဟန်ချန်သည် ထိုအကြောင်းကို တော်တော်လေး တွေးတောပြီးမှ ကျားပေါင်ကို သူ့မယ်တော်ရဲ့နန်းဆောင်မှာ ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူ့နန်းဆောင်က အခုထိ မသန့်ရှင်းသေးပေ။ ဒါကြောင့် သူလေးသာ ရောက်လာရင် သက်တောင့်သက်သာနေနိုင်ဦးမှာ မဟုတ်ဘူး။
တော်ဝင်သရေစာဆောင်ဆိုသည်မှာ သရေစာတွေ၊ မုန့်အချိုတွေ လုပ်တဲ့ သူ့မယ်တော်ရဲ့နန်းဆောင်ထဲမှာရှိသည့် စားဖိုဆောင်အသေးစားတစ်ခုပင်။ အများအားဖြင့်တော့ လုပ်စရာအလုပ်သိပ်မရှိသလို အလုပ်ကလည်း သိပ်မခက်ခဲပေ။ လူသိပ်မရှိသည့်အတွက်ကြောင့် တော်ဝင်သရေစာအဆောင်တွင် ခိုက်ရန်အငြင်းပွားမှုများ အလွန်နည်းပါးသည်။
လင်းမော့မော့သည်လည်း သူ့မယ်တော်ရဲ့ ခန်းဝင်ပစ္စည်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သူသိပြီး သူ့မယ်တော်ရဲ့ လူယုံ ကျိုးမော့မော့နှင့်လည်း ခမည်းခမက်ပင်၊ လင်းမော့မော့၏ လက်ရာက ထူခြားသည့်အတွက် သူမသည် သူ့မယ်တော်ရှေ့တွင် မျက်နှာကောင်းရှိသူ ဖြစ်သည်။
ထို့အပြင် လင်းမော့မော့သည် စိတ်နေစိတ်ထားကောင်းပြီး ဒေါသတကြီး သူ့လက်အောက်ရှိ အစေခံတွေကို အလွယ်တကူ ဆူပူကြိမ်းမောင်း၊ မရိုက်နှက်တတ်လို့ သူ့ပေါင်ပေ့လေးကို အဲဒီနေရာမှာ အရင်ထားလိုက်ရင် သူလေးအတွက် နည်းနည်းပိုစိတ်ချလက်ချ ရှိနိုင်လိမ့်မယ်။
"ဒါ... ကျွန်တော်မျိုးတို့ ဆက်ဆံရေးက သိပ်မဆိုးလှပါဘူး..."
ယွမ်ဖူသည် ဂရုတစိုက်စဉ်းစားလိုက်သည်။ နန်းတော်ထဲ သူ့ရဲ့ ကျော်ကြားမှုက တော်တော်လေးတော့ ကောင်းမွန်လှသည်။ ရွှမ်းယွမ်ဟန်ချန်က ခေါင်းညိတ်လိုက်တယ်။
"လင်းမော့မော့ကို သွားပြောလိုက်... သူမနဲ့အတူတူ တော်ဝင်သရေစာဆောင်မှာ အလုပ်လုပ်ဖို့ သူ့ကို သွားရွေးခိုင်းပြီး သေချာဂရုစိုက်ပေးဖို့ပြောလိုက်... သူ့နာမည်က ကျားပေါင်၊ နန်းတော်ထဲမှာတော့ သူ့ကို အန်းကျူ့ လို့ခေါ်လိမ့်မယ်။ အသက်က ဆယ့်နှစ်နှစ်အရွယ်၊ဖေမြို့ကနေ လာတာ... သူ့မှာ မျက်လုံးကြီးကြီးနဲ့ မျက်နှာမှာ ပါးချိုင့်လေးနှစ်ခုရှိတယ်။ ဂိုဒေါင်ကို သွားပြီး ဒီကိစ္စကို ပြီးအောင်သွားလုပ်လိုက်... တကယ်လို့ ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် မင်း ငါ့နောက်ကို လိုက်ဖို့ မလိုတော့ဘူး" (ယွမ်ဖူအတွက် မျက်ရည်နှစ်စက်)
"ဟုတ်ကဲ့ပါ... ဒီအစေခံ ပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ့မယ်..."
အရှင့်သားရဲ့လေးနက်တဲ့ အမူအရာကြောင့် ယွမ်ဖူဟာ မဆိုင်းမတွပင် ပြန်လည် ဖြေကြားလိုက်လေ၏။
အရှင့်သား၏အမိန့်ကို လက်ခံရရှိပြီးသည်နှင့် တပြိုင်နက် ယွမ်ဖူသည် လင်းမော့မော့ရှိရာ ဧကရီ၏နန်းဆောင်၊ ယုံရှို့သို့ သွားရောက်လိုက်သည်။
တော်ဝင်သရေစာဆောင်သို့ ယွမ်ဖူရောက်သွားသည့် အချိန်၌ လင်းမော့မော့သည် အဆာပြေစားသောက်ဖွယ်ရာများကို အစေခံအချို့နှင့်အတူ ပြုလုပ်နေခဲ့သည်။ ယွမ်ဖူကို တွေ့လိုက်သည်နှင့် လင်းမော့မော့သည် လုပ်လက်စအလုပ်များကို ချထားကာ နှုတ်ဆက်လိုက်သည်။
"ယွမ်ကုန်းကုန်း... ဒီအချိန်ကြီး ဘာများလိုအပ်လို့ ရောက်လာတာလဲ? အရှင့်သားက ဘာများအမိန့်ပေးလိုက်လို့လဲ?"
Advertisement
"ဘာအကြောင်းဖြစ်ရမှာလဲ? အရင်တစ်ခေါက် အရှင့်သား မယ်တော်ကြီးနဲ့အတူတူ ဒီကိုလာတုန်းက တော်ဝင်သရေစာဆောင်က ပဲနီကိတ်ကို စားပြီး အရမ်းကို ကြိုက်နှစ်သက်ခဲ့တယ်လေ။ အရှေ့နန်းဆောင်ကို ပြန်ရောက်တော့ စာဖိုမှူးကို လုပ်ခိုင်းလိုက်ပေမယ့် အရှင့်သားကပြောတယ်... အရသာကမတူဘူးတဲ့... အဲဒါကြောင့် အခုလို ကျုပ်လာခဲ့ရတာပဲ!..."
"အဲဒါဆို အခုပဲသွားလုပ်လိုက်ပါ့မယ်၊ ယွမ်ကုန်းကုန်း ခဏလေးပဲ စောင့်ပေးပါ..."
အရှင့်သားက သူမလုပ်တဲ့မုန့်ကို ကြိုက်နှစ်သက်တယ်လို့ကြားတော့ အရမ်းကို ဝမ်းသာသွားခဲ့ရသည်။
"မော့မော့၊ အရမ်းကို အလောတကြီး လုပ်မနေပါနဲ့၊ မင်းရဲ့ အကူတွေကို လုပ်ခိုင်းလိုက်ပါ၊ ကျုပ် အလျင်မလိုပါဘူး... ဟဲ...ဟဲ..." ယွမ်ဖူဟာ လင်းမော့မော့ရဲ့ လက်ကို အမြန်ဆွဲထားလိုက်သည်။
လင်းမော့မော့က ယွမ်ဖူရဲ့အမူအရာကိုကြည့်ပြီး သူ့မှာ ပြောစရာရှိသေးတာကို သဘောပေါက်သွားလေ၏။ ဒါကြောင့် အစေခံတွေကို မီးဖိုချောင်ထဲ မုန့်သွားလုပ်ခိုင်းလိုက်ကာ ယွမ်ဖူကို မီးဖိုချောင်ရဲ့အပြင်ဖက်ကို ဆွဲခေါ်လာပြီး အနောက်ဖက်ရှိ အစေခံအိပ်ဆောင်သို့ ခေါ်သွားလိုက်သည်။
လင်းမော့မော့သည် သူမရဲ့အခန်းထဲသို့ ယွမ်ဖူအား ခေါ်ဆောင်လာခဲ့သည်။ တော်ဝင်သရေစာဆောင်ရဲ့ အစေခံခေါင်းဆောင် ဖြစ်သည့်အလျောက် လင်းမော့မော့၏ အဆောင်သည် အရှေ့ခန်းနှင့် အနောက်ခန်းပါ ပါရှိပြီး အနည်းကြီးမားသည်။ (T/N: အိပ်ခန်းနဲ့ ဧည့်ခန်း သပ်သပ်စီကို ပြောတာပါ။)
အရှေ့ခန်း၌ ယွမ်ဖူအား ထိုင်စေကာ မေးလိုက်သည်။ "ဘာကိစ္စများရှိလို့လဲ... ယွမ်ကုန်းကုန်း?"
"လင်းမော့မော့၊ ကျုပ်တို့က အရင်ထဲက အသိမိတ်ဆွေတွေမလား... ရိုးရိုးသားသားပြောရရင် ဒီတစ်ခါ ခင်ဗျားကို အကူအညီလေးတစ်ခုလောက် တောင်းဆိုချင်လို့ပါ..." ယွမ်ဖူက လင်းမော့မော့ကို ပြောလိုက်သည်။ "ဒီနေ့ နန်းတော်ထဲအစေခံအသစ်တွေ ရောက်လာတယ်၊ မနက်ဖြန်ဆို သူတို့ကို အလုပ်နေရာသက်မှတ်ပေးလိမ့်မယ်၊ အဲဒီထဲ ကျုပ်ရဲ့ဆွေမျိုးဝေးတစ်ယောက်လဲပါလာလိမ့်မယ်၊ လင်းမော့မော့က အရမ်းကို ကြင်ကြင်နာနာနဲ့ ခင်ခင်မင်မင်ရှိတတ်ပြီး မုန့်လုပ်တာလဲ အရမ်းကို တော်တယ်လေ၊ တကယ်လို့သာ ခင်ဗျားရဲ့ လက်အောက်မှာသာ သူအလုပ်လုပ်နိုင်ခဲ့မယ်ဆိုရင် အရမ်းကို ကံကောင်းလိမ့်မယ်"
"ဒါလေးများ... ဘယ်လောက်မှ မခက်ခဲပါဘူးရှင်!" လင်းမော့မော့က တစ်ခုခုမကောင်းတာများလားလို့ စိတ်ပူနေခဲ့တာ... အစကတည်းက သူမလက်အောက်မှာ အစေခံအများကြီး မရှိတာကြောင့် တစ်ယောက်လောက်ပိုလာတာဟာ သူမအတွက် အခက်အခဲမရှိပေ။
"ဒါဆို ခင်ဗျား သဘောတူပြီးလို့ မှတ်ယူလိုက်တော့မယ်နော်... ဟား...ဟား... လင်းမော့မော့ ခင်ဗျား ကျုပ်ကို ဒီတစ်ခါတော့ တော်တော်လေးကို ကူညီလိုက်တာပဲ..." ယွမ်ဖူဟာ လင်းမော့မော့ကို စိတ်လှုပ်ရှားစွာဖြင့် လင်းကျားပေါင် အကြောင်းကို ပြောပြလိုက်သည်။
(T/N: ပျော်နေရှာတာ သူမှာ မလုပ်လာနိုင်ရင် ပြန်မလာခဲ့နဲ့လို့ ဟိုကပြောထားတာကိုး 😂)
"ကျုပ်ရဲ့ဆွေမျိုးက အရမ်းကို နာခံတတ်ပြီး ဉာဏ်လည်း ကောင်းတယ်၊ အခုကနေစပြီး သူ့ကို ပိုဂရုစိုက်ပေးဖို့ လင်းမော့မော့ကိုပဲ ဒုက္ခပေးရတော့မယ်" ဟု ယွမ်ဖူက သူ့ရင်ဘတ်မှ ပန်းကနုတ်ဖော်ထားသည့် သေတ္တာကို ဆွဲထုတ်ကာ လင်းမော့မော့အား ကမ်းပေးလိုက်သည်။
"လင်းမော့မော့ရဲ့ မွေးနေ့က နောက်လမှာ ရောက်တော့မယ်လို့ ကြားတယ်။ ဒါက ကျုပ်ရဲ့ အသေးအမွှားစေတနာလေးပါ... ငြင်းဆန်မနေနဲ့... မော့မော့"
"အိုး!... ယွမ်ကုန်းကုန်းကလည်း အရမ်းကို ယဉ်ကျေးနေပြန်ပြီ၊ စိတ်သာချထားလိုက်၊ သူ့ကို သေသေချာချာလေး ဂရုစိုက်ပေးလိုက်ပါ့မယ်" လင်းမော့မော့က လက်ဆောင်ကို ပြုံးပြုံးလေး လှမ်းယူလိုက်သည်။
နှစ်ယောက်သား ခဏလောက် ထိုင်ကာ စကားပြောပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်လာခဲ့ကြသည်။
"လင်းမော့မော့၊ ပဲကိတ်က အဆင်သင့်ဖြစ်နေပါပြီ၊ တစ်ချက်လောက် ကြည့်လိုက်ပါဦး" လင်းမော့မော့၏လက်အောက်ရှိ အစေခံများထဲမှ အသက်အကြီးဆုံး ယုရွှမ်းက ကိတ်ကို စစ်ဆေးဖို့ မော့မော့အား ပေးလိုက်သည်။
လင်းမော့မော့သည် မုန့်ရဲ့ပုံသဏ္ဌာန်ကို ကြည့်ကာ တစ်ကိုက်ကိုက်ပြီး အရသာခံကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုညိမ့်လိုက်ကာ "တော်တယ်..." ဟု ပြောလိုက်လေသည်။ ယွမ်ဖူကိုလည်း မြည်းကြည့်ဖို့ကို အနည်းငယ်ပေးလိုက်သည်။
"တကယ်ကို အရသာက ထူးကဲလွန်းတယ်၊ အရမ်းအရသာရှိတာပဲ! လင်းမော့မော့က သေချာကို သင်ပြပေးထားတာပဲ၊ ခင်ဗျားရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာ တကယ်ကို ကောင်းချီးတစ်ခုပဲ" ယွမ်ဖူက ပြင်းပြင်းထန်ထန် ချီးကျူးလိုက်သည်။
လင်းမော့မော့လည်း အရမ်းကို ဂုဏ်ယူမိလိုက်သည်။ ယုရွှမ်းက သူမအတွက် အရမ်းကို အားကိုးရတဲ့လက်ထောက်ဖြစ်ပြီး သူမရဲ့ အရည်အချင်းကို ခုနှစ်ဆယ်၊ရှစ်ဆယ်ရာခိုင်နှုန်းမျှ ရအောင်ဆက်ခံခဲ့သည်။
ထိုနောက် ယွမ်ဖူသည် မုန့်ကို ထုတ်ပိုးကာ သူရဲ့လုပ်ငန်းပြီးမြောက်ကြောင်းကို တင်ပြဖို့ရန် ပြန်သွားလေသည်။
ယွမ်ဖူ ထွက်သွားသည်နှင့် အခြားနန်းတော်အစေခံ နှစ်ယောက်ကလည်း ဝိုင်းလာကြသည်။
"မော့မော့က အရမ်းတော်တာပဲ။ အိမ်ရှေ့စံတောင် ကျွန်မတို့ တော်ဝင်သရေစာဆောင်က အချိုပွဲတွေကို အမှတ်ရနေတယ်! ..." အသက်အငယ်ဆုံးနှင့် အတက်ကြွဆုံး အစေခံလေး ယုလင်က ပြောလိုက်သည်။
"ဒါအမှန်ပဲ! လင်းမော့မော့နောက်ကိုလိုက်ပြီး အချိုပွဲလုပ်နည်းကို သင်ယူရတာ တကယ် ဝမ်းမြောက်မိတယ်" ဟု အသက်အနည်းငယ်သာကြီးသည့် ယုလုံကလည်း မြှောက်ပင့်ကာ ပြောလိုက်လေ၏။
ထုံးစံအတိုင်း လင်းမော့မော့က ဒီလိုကြားလိုက်ရတော့ ပျော်ရွှင်သွားသည်။
"ဟုတ်ပါပြီ၊ မင်းတို့ပါးစပ်တွေကသာ အချိုဆုံးလို့ပဲ ငါပြောလိုက်တော့မယ်၊ မြန်မြန်သွားပြီး အလုပ်လုပ်ကြတော့..."
ညဘက်တွင် လင်းမော့မော့သည် သူ့အခန်းသို့ ပြန်လာပြီး သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာအတွင်း၌ ကျောက်စိမ်းဆွဲသီးတစ်ကုံးရှိနေသည်။ ထိုကျောက်စိမ်းသည် အရည်အသွေးကောင်းမွန်ပြီး ၎င်းတွင် 青松 နှင့် 壽 ဟူသော စကားလုံးများကို ထွင်းထုထားလေ၏။ လက်မှုပညာမှာလည်း အလွန်လက်ရာမြောက်လှသည်။ လင်းမော့မော့သည် ကျောက်စိမ်းဆွဲသီးကို သူ့လက်ထဲ၌သာ ဆော့ကစားနေခဲ့သည်။ သိပ်ကြိုက်လွန်းလို့ လက်ထဲကနေတောင် မချထားနိုင်တော့ပေ။
(T/N: 青松 qing song = pine tree ထင်ရှုးပင် ; 壽 shou = longevity အသက်ရှည်ခြင်း)
ကျောက်စိမ်းဆွဲသီး၏အောက်တွင် လေးထောင့်ခေါက် ငွေစက္ကူတစ်ခုလည်း ရှိနေသေးသည်။ ဒီ ယွမ်ဖူ ဟာ တကယ်ကို တွေးခေါ်တတ်သူလို့ လင်းမော့မော့က တွေးလိုက်သည်။
ငွေစက္ကူကို လှန်ကြည့်လိုက်သောအခါတွင် သူမ၏ မျက်လုံးများသည် ပန်းကန်ပြားလောက်ပင် ပြူးကျယ်သွားတော့သည်။ မထင်မှတ်ပဲ၊ ငွေစက္ကူထဲက ငွေသည် ငွေစတစ်သောင်းတောင် ဖြစ်နေခဲ့သည်။ ဒါက သူမကို တကယ်ကို ထိတ်လန့်သွားစေတယ်!
အမလေး... ဒီလောက်တောင် ပိုက်ဆံအများကြီး!
ဒီကိစ္စက ယွမ်ဖူရဲ့ ဆွေမျိုးဝေးကို စောင့်ရှောက်ရုံလောက်ပဲ မရိုးရှင်းနိုင်ပေ။ ယွမ်ဖူရဲ့နောက်ကွယ်က ဘယ်သူများလဲ... အိုးဘုရားသခင်! သဘောတူပြီးသားဖြစ်နေပြီမို့ သူမလိုက်လျောပေးဖို့သာ တတ်နိုင်တော့သည်။
လင်းမော့မော့က ပိုက်ဆံများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး စောစောစီးစီး အိပ်ရာဝင်လိုက်သည်။ နောက်နေ့နံနက်စောစောတွင် ရှီလီနန်းတော်ခန်းမသို့သွား၍ လူသွားခေါ်ရန် စီစဉ်ခဲ့ပြီး သူမ ကြန့်ကြာနေဖို့ မဝံ့ရဲပေ။
ရှီလီနန်းဆောင်အတွင်း လင်းကျားပေါင်နေသည့် အိပ်ခန်းထဲတွင် လူတိုင်းသည် သူတို့ မနက်ဖြန် ဘယ်နေရာကိုများ တာဝန်ပေးခံရမလဲလို့ ဆွေးနွေးနေကြသည်။
"ငါပြောမယ်၊ တကယ်လို့ ငါတို့သာ မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော် တစ်ယောက်ယောက်ရဲ့ နန်းဆောင်မှာသာ အလုပ်လုပ်ရမယ်ဆိုရင် ငါတို့ဘဝကြီးက အရင်ကထက် ပိုကောင်းလာလိမ့်မယ်။" လို. "ကော"လေးတစ်ယောက်ကပြောလိုက်သည်။
"ဒီလောက်ကောင်းတဲ့ကိစ္စမျိုး ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ? နေရာတော်တော်များများက "ကော"တွေ ခစားမှာကို မလိုလားကြဘူး၊ ပြီးတော့ ဧက္ကရာဇ်က ဧကရီကို အရမ်းချစ်လို့ ယုံရှို့နန်းဆောင်ကို ရောက်သွားရင်လည်း ကောင်းမှာမဟုတ်ဘူး။" လို့ တခြားကောတစ်ယောက်က ပြန်လည်ချေပလိုက်သည်။
"ဟုတ်တယ်၊ ငါ တာဝန်ကျတဲ့ ကုန်းကုန်းတစ်ယောက်ကို မေးကြည့်တော့ ငါတို့ကို များသောအားဖြင့် ကလေးမွေးတဲ့နေရာတို့၊ လက်သမားဌာနတို့၊ စားဖိုဆောင်တို့ကိုပဲ ပို့တာလို့ပြောတယ်။"
"တကယ်လို့ ငါသာ အိမ်ရှေ့စံရဲ့ အရှေ့နန်းဆောင်မှာသာ တာဝန်ပေးခံရမယ်ဆိုရင် အရမ်းကိုကောင်းမှာပဲ..." လို့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကောတစ်ယောက်က ပြောလိုက်သည်။ " ဟိုတစ်ခါက ငါတစ်ချက်ခိုးကြည့်လိုက်တာ၊ အိမ်ရှေ့မင်းသားက အရမ်းကို ချောပြီး သူရဲ့အသံကလဲ အရမ်းကို ညင်သာလွန်းတယ်။"
"အာ! အိမ်ရှေ့စံလား..." ကောတစ်ယောက်က အသံကို နှိမ့်ကာ သိုသိုသိပ်သိပ်ဖြင့် "ရှီမော့မော့နဲ့ တခြားကုန်းကုန်းတွေ ပြောနေတာကို ငါကြားဖူးတယ်၊ သူတို့ပြောတာ တစ်ခါက အစေခံတစ်ယောက်က အိမ်ရှေ့စံနဲ့ ပတ်သက်ဖို့ ကြိုးစားလိုက်တာ ချက်ချင်းကို သေတဲ့အထိ ရိုက်ပြီး အပြစ်ပေးလိုက်တယ်တဲ့..."
(ပီကျူ့အကြောင်းကိုပြောတာ)
"တကယ်? ကြောက်ဖို့ကောင်းလိုက်တာ..." နန်းတော်ထဲကို စဝင်တဲ့ ပထမဆုံးနေ့မှာပဲ မြင်လိုက်ရတဲ့ သွေးစွန်းနေတဲ့ မြင်ကွင်းကို လူတိုင်းက မသိစိတ်က တွေးလိုက်မိသည်။
"အမလေး... ကြောက်စရာကြီး!"
"ကျွန်တော်ကတော့ တော်ဝင်စားဖိုဆောင် ကိုသွားရတာ ပိုကောင်းမယ်လို့ ထင်တယ်၊ အဲမှာ အရသာရှိတာတွေ အများကြီးရှိတယ်" ဟု အခြားကောတစ်ယောက်က ပြောလိုက်သည်။
"ဟာဟား... မင်းကတော့လေ စားဖို့ပဲ သိတယ်..."
လူတိုင်းက ရယ်မောလိုက်ကြပြီး နောက်နေ့အတွက် စိုးရိမ်စိတ်တွေလည်း ပျောက်ကွယ်သွားကြသည်။
လင်းကျားပေါင်သည် မအိပ်ခင် တိတ်တိတ်ကလေး တွေးလိုက်ကာ ဘုရားရှင်ကို ဆုတောင်းလိုက်မိသည်။
ဘာတွေဘယ်လိုပဲဖြစ်လာပါစေ၊ ကျေးဇူးပြုပြီး သူ့ကို အိမ်ရှေ့စံရဲ့ နန်းဆောင်မှာ တာဝန်မပေးပါစေနဲ့...
*************************************
ကဲ... နောက်ဆုံးတော့ နန်းတော်ထဲရောက်သွားပြီနော်၊ ပရိတ်သတ်ကြီးတို့ ရိုဖို့အဆင်သင့်ပဲလား! ကလေးရဲ့ဆုတောင်းတွေလဲ ပြည့်လောက်မှာပါနော်... 😂😘
Advertisement
- In Serial6 Chapters
Age of Victoria
Victoria Blythe wanted adventure. She wanted to explore the world and escape from the strict etiquette of British nobility. With her father fighting in India, the governess assigned to raise her controlled every aspect of her life. The financial downturn of a friend of the family would lead to her sister's longtime engagement turning into an immediate marriage.Victoria's thirst for adventure and tomboy ways would not prepare her for the sudden advent of the apocalypse.Can Victoria and her friends survive this new world of Classes and Skills? Completed and available on Amazon.
8 179 - In Serial82 Chapters
A Martial Odyssey
Our community discord. With one step, an ocean is crossed. With one swing, an immortal is slain. Grisla Orlith's name has been in contention for centuries; millenia. Has he ever existed? Is it true about him? They hear of the future, but they don't know his past. Assumed as a genius from heaven, a warrior without peer. But back then, from those that knew of him... only saw a worthless boy. [Adventure, Wuxia, Martial Arts, Fantasy] For those not in the know, this is a book with some western and eastern fantasy sprinkled in. This is a work coming from someone who's a long time fan of the genre and would like to add my own flavor and spin to it, and I particularly dislike the shallow xianxia characterization and development. To counteract that is about eighty percent of the reason I'm writing this. The beginning might be a slow burn but I promise I'm bringing up some awesome scenes and moments once you're invested. Again, this is not some fast food xianxia. But I can say that as a lover of the genre I won't be completely shying away from the stuff that got myself hooked into it in the first place. DISCORD NOW AVAILABILE!
8 218 - In Serial8 Chapters
The wish trials
The God of reincarnation has brought to many idiots back to life with ridiculous wishes and the high council is sick of it messing up their worlds. So a new God was brought in. One that actually made people earn their new lives. But the actions of this unknown deity cause a boy's life to spiral out of control. After a tragic incident, the boy meets the diety where he requests to be able to fly. To accommodate this desire he allows the Boy to complete his task in the body of a random bird. There's only one problem, this bird cant fly. Follow the voices in the boy's head as he struggles to survive and grow stronger so he can get the life he always wanted. Criticism would be great. I also have heavy dyslexia along with some other metal 'uniqueness' so this whole story is a big F you to it but I am sorry for any and all inevitable mistakes.
8 201 - In Serial6 Chapters
Fat Boy Hero
Rueben Burger is a high school student and he is severely obese. He also suffers from a penchant for doing the right thing even if it means placing himself in a difficult or compromising position. Which is how Rueben finds himself in an apartment that is larger on the inside than it should be, about to be fired at by a weapon he has never seen the likes of in a building that is on fire. Super powers! The result of his sojourn in the burning building. Now Rueben has a few decisions to make. Does he become the hero he has always dreamed of being, or does he stay out of the fight to keep his Grandmother safe? Does Rueben give up his power to be the skinny kid he has desperately longed to be? Find out this and much more in the first book of the Fat Boy Hero Series. -History of FBH- Fat Boy Hero is a story long in the making. The idea came from my love of hero stories, but the lack of relatable heroes. By that i mean there were no, or few heroes that dealt with weight gain. Something I have and am dealing with after leaving the Marine Corps. So Fat Boy Hero was born. Check out the link below to listen to an episode of The Round Table Podcast where I brainstormed the idea with the hosts and special guest Michael underwood. http://www.roundtablepodcast.com/2013/03/workshop-episode-53-guest-host-michael-r-underwood/ This book is a side project and will be updated as time permits. I hope you do not find this too off-putting.
8 155 - In Serial38 Chapters
In A Heartbeat - Larry Stylinson [complete]
When Harry meets his new roommates, he is immediately captivated by one of them. But what happens when he discovers Louis' dark, bloody secret? And will Louis be able to handle his blood thirst?
8 364 - In Serial20 Chapters
The Princess With Violet Eyes
After receiving a presence for her 16th birthday Princess Ariana Esma must figure out how to control it and she must also figure out who she can trust in a world full of people trying to take advantage of her.
8 213

