《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟾
Advertisement
***Photo Credit to Pinterest***
~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့ မနက်စောစောမှာပဲ လင်းမော့မော့သည် စောစောစီးစီး အိပ်ရာမှထကာ ပြင်ဆင်လေ၏။ ရှီလီနန်းဆောင်ဟာ သူမနေတဲ့နေရာနဲ့ အလှမ်းဝေးတဲ့အတွက် အချိန်ကို သေချာတွက်ချက်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။
"လင်းမော့မော့၊ ရှင် ဒီနေ့ အစောကြီး နိုးလာတာပဲ..."
အရင်စောစီးစွာနိုးနေတဲ့ ယုရွှမ်းဟာ လင်းမော့မော့ကို မြင်လိုက်သဖြင့် အရိုအသေပေးရန် ရောက်လာလေသည်။
"ဟုတ်တယ်၊ ဒီနေ့ နန်းတော်က အသစ်ရောက်တဲ့ အစေခံတွေကို တာဝန်ချမှတ်ပေးမှာ၊ ငါလည်း တစ်ယောက်လောက်သွားခေါ်လာမလို့... ငါ့ရဲ့ခြေထောက်တွေက အရမ်းကိုနှေးကွေးလွန်းနေတော့ စောစောစီးစီး သွားတာ ပိုကောင်းလိမ့်မယ်။" ဟု လင်းမော့မော့က ပြောလိုက်သည်။
မနေ့က ငွေအမြောက်အမြားကို လက်ခံရရှိထားတာကြောင့် တစ်စုံတစ်ရာသာ ချွတ်ချော်သွားခဲ့ရင် အဲလူကို သူမ ဘယ်လိုရှင်းပြရမှန်း သိတော့မည်မဟုတ်ပေ။
"အသစ်လေး? ဒီနှစ် အသစ်ထပ်မခန့်တော့ဘူးလို့ ရှင်ပဲပြောခဲ့တာ မဟုတ်ဘူးလား?..." ယုရွှမ်းက မေးလိုက်သည်။
လင်းမော့မော့က အနည်းငယ် စဉ်းစားလိုက်ပြီးမှ နောက်ဆုံး ယုရွှမ်းအား ပြောပြလိုက်လေ၏။
"မနေ့က ယွမ်ဖူကုန်းကုန်း ငါ့ကို လာတွေ့တာ နင်လည်း မြင်လိုက်တာပဲ၊ တကယ်တော့ သူ့ရဲ့ ဆွေမျိုးဝေးတစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ငါ့ကို အကူအညီလာတောင်းတာ... သူက အဲကောင်လေးကို ဒီကို ခေါ်ထားစေချင်တယ်လေ၊ သိတဲ့အတိုင်းပဲ ယွမ်ဖူဆိုတာ အိမ်ရှေ့စံရဲ့ အနှစ်သက်ဆုံး အထိန်းတော်ကြီးမဟုတ်လား၊ ငါက ဘယ်လိုလုပ်ပြီး သူတောင်းဆိုတဲ့အကူအညီကို ငြင်းဆန်ရဲမှာလဲ၊ ဒီကိစ္စကို နင်တစ်ယောက်ထဲသိရင် လုံလောက်ပြီ၊ ဘယ်သူကိုမှ မပြောပြနဲ့၊ ဒီမော့မော့ကိုသာ အဲဒီကလေးကို စောင့်ရှောက်ဖို့ ကူညီပေး၊ ဟုတ်ပြီလား?..."
"သဘောပေါက်ပါပြီ၊ မော့မော့... ဒီငယ်သားက ပါးစပ်လျောက်မဖွာပါဘူး"
သူမကို လင်းမော့မော့က ယုံကြည်တာကို သူမသိသည်။
" မော့မော့၊ မနက်စာကော စားပြီးရဲ့လား?"
"အချိန်မရှိတော့ဘူး၊ ငါပြန်လာမှပဲ အဲအကြောင်း ပြောရအောင်၊ ယုရွှမ်း၊ ငါ့အခန်းဘေးက တစ်ယောက်အိပ်အခန်းကို ရှင်းထားပေး၊ ပြီးတော့ အသုံးအဆောင်တွေကိုလည်း အသစ်တွေနဲ့လဲဖို့ ကူညီပေးဦး၊ ဒီတစ်ခေါက်လာမှာ "ကော" မို့လို့ နင်တို့မိန်းကလေးတွေနဲ့ အတူတူနေလို့ အဆင်ပြေမှာမဟုတ်ဘူး။"
ယုရွှမ်း၊ ယုလုံ၊ ယုလင်တို့ဟာ အခန်းတစ်ခန်းထဲတွင်သာ အတူတကွ နေထိုင်ခဲ့ကြသည်။ နောက်ထပ် တစ်ယောက်လောက်ထပ်နေဖို့ ဆန့်သေးပေမယ့် သူတို့တွေအတူတူ နေဖို့ မသင့်တော်ဘူးဆိုတာ အသိအသာပင်။
"ဟုတ်ကဲ့၊ နားလည်ပါပြီ၊ မော့မော့ မြန်မြန်သွားလိုက်ပါ၊ အားလုံးပြီးစီးအောင် လုပ်ထားလိုက်ပါ့မယ်။"
လင်းမော့မော့ ရှီလီနန်းဆောင်ကို ရောက်ရှိသွားသည့်အချိန်၌ ခုနှစ်နာရီကျော်မျှသာ ရှိသေးသည်။ သူမမှာ လာရာလမ်းတစ်လျောက်တွင် ရပ်နားဖို့တောင် မဝံ့ရဲပေ။
"လင်းမော့မော့၊ ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ?" ရှီမော့မော့သည် လင်းမော့မော့အား မှတ်မိသွားကာ သူမကို ကူညီဖို့ ရှေ့သို့တိုးလာလေ၏။
"ဒီကလူတွေကို ရှီမော့မော့ကိုယ်တိုင် ညွှန်ကြားပေးနေတာကို ကျွန်မသိထားတယ်လေ၊ ဒါကြောင့် ကျွန်မအတွက် တစ်ယောက်လောက် ရွေးချယ်ဖို့ လာခဲ့တာ၊ ဟိုမှာ နည်းနည်း အလုပ်ရှုပ်နေတော့ အလုပ်တာဝန်တွေကို မနိုင်တော့ဘူး၊ ရှီမော့မော့သင်ပေးထားတဲ့ အသစ်တွေက သေချာပေါက် တော်မှာ သေချာတယ်" လို့ လင်းမော့မော့က ရှီမော့မော့ကို ချီးကျူးလိုက်သည်။
"ဟားဟား... လင်းမော့မော့ကို မသိတဲ့သူ ရှိပါ့မလား။ ရှင်သာ တစ်ယောက်ယောက်နဲ့ သတင်းစကားပါးလိုက်မယ်ဆိုရင် အဲလူသစ်လေးကို ရှင့်ဆီ တိုက်ရိုက်ပို့ပေးမှာပေါ့၊ ရှင်ကိုယ်တိုင် လာဖို့ မလိုအပ်ပါဘူးရှင်။" လင်းမော့မော့သည် ဧကရီနန်းတော်တွင် အလုပ်လုပ်ကြောင်းကို ရှီမော့မော့သိထားပြီး ဖြစ်တာကြောင့် သူမကို အတိုက်အခံမလုပ်ဝံ့ဘဲ သူမနှင့်သာ အတူတူ အမြန်ရယ်မောလိုက်သည်။
"လူတွေကို ခုချိန်ထိ နေရာမချထားရသေးပါဘူး။ လင်းမော့မော့ အရင်ကြည့်ပြီး ရွေးလိုက်တာ ပိုမကောင်းဘူးလား။"
"အနှောက်အယှက်ပေးမိသွားပြီပဲ... ဟား... ဟား..." လင်းမော့မော့က ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်သည်။ ထို့နောက် ရှီမော့မော့နောက်တွင် ရပ်နေသော နန်းတွင်းအစေခံ အတန်းသုံးတန်းကို ကြည့်လိုက်လေ၏။
လင်းကျားပေါင်က ခန္ဓာကိုယ် သေးငယ်တာမို့ ပထမဆုံးအတန်းမှာပင် ရပ်နေ၏။ ရွှမ်းစိုတောက်ပပြီး ကြီးမားတဲ့ မျက်ဝန်းလေးနဲ့ ပါးချိုင့်တစ်စုံတို့ကြောင့် သူ့အား မှတ်မိလွယ်သည်။
ရှီမော့မော့က လင်းကျားပေါင်ကိုသာ စိုက်ကြည့်နေသော လင်းမော့မော့အား မြင်တွေ့လိုက်ပြီး "လင်းမော့မော့တို့ နေရာက အရမ်းကိုကောင်းမွန်တဲ့ နေရာကောင်းတစ်ခုပဲ။ ရွေးချယ်ခံရရင် သူတို့အတွက် တကယ်ကို ဝမ်းသာစရာပဲ။"
လင်းမော့မော့က လင်းကျားပေါင်တို့ အတန်းကို လက်ညှိုးညွှန်လိုက်ပြီး "ဟိုကလေးတွေ၊ မင်းတို့နာမည်နဲ့ အသက်ကို ပြော..."
"အန်းဖင်၊ မင်းကနေစပြောလိုက်..." ရှီမော့မော့က အတန်းရဲ့ရှေ့ဆုံးမှာ ရပ်နေတဲ့ ကလေးကို ပြောလိုက်သည်။ မကြာမှီမှာပင် လင်းကျားပေါင်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
"ဒီအစေခံက လင်းအန်းကျူ့ပါ၊ အသက်က ဒီနှစ်ဆို (၁၂)နှစ်ရှိပါပြီ။"
လင်းကျားပေါင်ဟာ အခုဆို လင်းအန်းကျူဟူသော အမည်သို့ ပြောင်းလဲလိုက်ရပြီ ဖြစ်သည်။ နန်းတော်က သူတို့တစ်ဖွဲ့လုံးကို "အန်း"ဟူသော အမည်သို့ ပြောင်းလဲစေခဲ့၏။
"အာ! မျိုးရိုးအမည်က လင်း... ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ! မင်း ချက်ပြုတ်တတ်လား?" လင်းမော့မော့က မေးလိုက်သည်။
"မော့မော့ကို ပြန်လည်ဖြေကြားပါတယ်၊ အနည်းငယ်လောက်တော့ တတ်မြောက်ပါတယ်..." လင်းကျားပေါင်က ပြန်ဖြေလိုက်သည်။
Advertisement
"ဟ...ဟ.. ဒါဆို ဒီတစ်ယောက်ပဲ၊ အချိန်တွေဆွဲပြီး ထပ်ရွေးမနေတော့ပါဘူး၊ ရှီမော့မော့ကို အကြာကြီး စောင့်ဆိုင်းစေမိနေပြီ၊ တာဝန်တွေ ဆက်ပြီး ချမှတ်လိုက်ပါဦး..." လင်းမော့မော့က လက်ကို ဝှေ့ယမ်းကာ လင်းကျားပေါင်ကို သူမဆီလာရန် အချက်ပြလိုက်၏။
"ကိစ္စမရှိပါဘူးရှင်၊ ဘယ်လောက်မှ မစောင့်လိုက်ရပါဘူး၊ မော့မော့ နောက်ထပ်တစ်ယောက်လောက်များ ထပ်ရွေးချင်အုန်းမလား?" ရှီမော့မော့လည်း သဘောရိုးဖြင့် မေးလိုက်သည်။
"မလိုတော့ဘူး၊ အလုပ်လုပ်စရာတွေ အများကြီးရှိသေးလို့ အခုပြန်မှ ရလိမ့်မယ်၊ ရှင်လဲ အလုပ်များနေတာကို၊ ကျေးဇူးပါပဲ..."
"ဒါဆို လင်းမော့မော့၊ ဖြေးဖြေးသွားပါ..." ရှီမော့မော့ဟာ လင်းအန်းကျူရဲ့ တာဝန်ကျနေရာကို မှတ်သားကာ လင်းမော့မော့ရဲ့ နောက်သို့လိုက်ခိုင်းလိုက်လေ၏။ ကျန်ရစ်ခဲ့တဲ့ အစေခံလေးတွေက သူတို့ထွက်သွားတာကို မနာလို အားကျမှုတွေနဲ့ ကြည့်နေကာ ကျန်ရစ်ခဲ့တော့သည်။
ရှီလီနန်းဆောင်ခန်းမမှ ထွက်ခွာလာပြီးနောက် လင်းမော့မော့သည် သူမနောက်လိုက်လာသော လင်းအန်းကျူကို ဂရုတစိုက်ကြည့်ရှုကာ မေးလိုက်လေ၏။
"အန်းကျူ့၊ မင်းနာမည်အရင်းကဘာလဲ? မင်းဘယ်ကလာသလဲ? မင်းမိသားစုက ဘယ်မှာလဲ"
"မော့မော့ကို ပြန်လည်ဖြေကြားပါတယ်၊ ဒီအစေခံရဲ့ မူရင်းအမည်က လင်းကျားပေါင်ပါ။ ကျွန်တော်က ဖေမြို့နဲ့ သိပ်မဝေးတဲ့ လင်းကျားရွာကပါ။"
လင်းကျားပေါင်သည် ယခုအခါ သူ့အမည်အား လင်းအန်းကျူ ဟု ပြောင်းလဲခဲ့ရသော်လည်း သူ့အဖေနှင့်အမေပေးသော နာမည်ကို နှစ်သက်ဆဲပင်၊ သို့သော် ရှီမော့မော့က အန်းကျူဟူသောအမည်သည် အံဝင်ခွင်ကျစွာ နားထဲတွင် နားထောင်လို့ ကောင်းလှသည်ဟု ပြောခဲ့၏။
"ကျားပေါင်၊ လှပတဲ့နာမည်လေးပဲ၊ ဘာပဲဖြစ်ဖြစ် နန်းတော်ထဲမှာ သူ့စည်းမျဉ်းနဲ့ သူရှိလို့ အခုကစပြီး မင်းကို အန်းကျူလို့ပဲ ခေါ်ရလိမ့်မယ်။"
လင်းမော့မော့သည် အချက်အလက်များကို စစ်ဆေးလိုက်ပြီး သူမခေါ်ဆောင်လာသည့်လူ မမှားကြောင်းကို အတည်ပြုလိုက်လေ၏။
"အန်းကျူ့ နားလည်ပါပြီ" လင်းကျားပေါင်ဟာ ခေါင်းညိမ့်လိုက်သည်။
"အရမ်းကောင်းပြီး လိမ္မာတာပဲ၊ ဘာမှ ကြောက်စရာ မလိုပါဘူး၊ မင်းမြင်တဲ့အတိုင်း ငါတို့နှစ်ယောက်လုံးမှာ "လင်း" ဆိုတဲ့ မျိုးရိုးရှိတယ်လေ၊ ဒါကို ကံကြမ္မာလို့ သတ်မှတ်လို့ရတယ်၊ ငါတို့ အခု ယုံရှို့နန်းတော်မှာရှိတဲ့ တော်ဝင်သရေစာဆောင်ကို သွားနေကြတာ... အဲဒါ ဧကရီအတွက် အချိုပွဲလုပ်ပေးတဲ့ နေရာပဲ၊ နေ့စဥ်အလုပ်က သိပ်မများပါဘူး၊ အဲ့ဒီမှာ မင်းနဲ့အတူ အလုပ်လုပ်မယ့် နန်းတွင်းအစေခံ နောက်ထပ်သုံးယောက်လည်း ရှိသေးတယ်၊ သူတို့အားလုံး ပေါင်းရသင်းရတာ လွယ်ပါတယ်..."
"မော့မော့၊ ကျွန်တော် ကြိုးကြိုးစားစား သင်ယူပြီး အလုပ်ကိုလည်း လေးလေးစားစား လုပ်ပါ့မယ်။"
လင်းကျားပေါင်က မျက်နှာငယ်လေးဖြင့် မော့ကြည့်လိုက်သည်။
"အင်း၊ လိမ္မာလိုက်တဲ့ကလေး" လင်းမော့မော့က သူ့ခေါင်းထိပ်ကို ပုတ်ကာ ပြောလိုက်၏။
လင်းမော့မော့သည် လင်းကျားပေါင်ကို ရှည်လျားသည့် နန်းတော်လမ်းတစ်လျှောက် ဦးဆောင်ကာ ခေါ်သွားပြီးနောက် တော်ဝင်သရေစာဆောင်၏ မီးဖိုချောင်နေရာသို့ ရောက်ရှိလေသည်။
"လင်းမော့မော့၊ ပြန်လာပြီလား" ယုလုံသည် ရှေ့သို့ တိုးလာပြီး လင်းမော့မော့ နောက်တွင်ရှိသော လင်းကျားပေါင်ကို ကြည့်လိုက်သည်။
"မော့မော့၊ ဒါလူသစ်လေးလား?" ယုလင်းက စိတ်ဝင်တစား မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါက နန်းတွင်းအစေခံ အန်းကျူလို့ ခေါ်တယ်၊ ငါတို့ တော်ဝင်သရေစာဆောင်အတွက် ထပ်တိုးလာတဲ့ အသစ်လေးပဲ။"
လင်းမော့မော့က လင်းကျားပေါင်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ယုရွှမ်း၊ ယုလုံ၊ ယုလင် တို့ပဲ။"
"တွေ့ရတာဝမ်းသာပါတယ် ယုရွှမ်းကျဲကျဲ၊ တွေ့ရတာဝမ်းသာပါတယ် ယုလုံကျဲကျဲ၊ တွေ့ရတာဝမ်းသာပါတယ် ယုလင်ကျဲကျဲ..." လင်းကျားပေါင်က သူတို့တစ်ဦးချင်းစီကို လိုက်လံ၍ နှုတ်ဆက်လိုက်လေ၏။
"ဟားဟား... အခုတော့ ငါက အငယ်ဆုံး မဟုတ်တော့ဘူးပဲ၊ အန်းကျူ နင့်အသက်ဘယ်လောက်ရှိပြီလဲ?" ယုလင်က မေးလိုက်သည်။
"ဆယ့်နှစ်နှစ်ပါ..." လင်းကျားပေါင်က သူ့မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ယုလင်ကို ကြည့်ကာ ဖြေလိုက်သည်။
"ဆယ့်နှစ်နှစ်၊ အား! မင်းက အရမ်းကို သေးပြီး ချစ်စရာကောင်းလိုက်တာ!... အိုး... ပါးချိုင့်လေးတွေလဲရှိသေးတာပဲ..." ယုလင်က မျက်နှာသေးသေးလေးကို ဖြစ်ညှစ်ကာ ပြောလိုက်၏။
"တော်ကြတော့၊ အသစ်လေးကို ဝိုင်းပြီး အနိုင်ကျင့်မနေကြနဲ့တော့၊ သွားပြီး အလုပ်လုပ်ကြ၊ ယုရွှမ်း၊ အန်းကျူကို သူ့အခန်းကို ခေါ်သွားပြီး သူ့ပစ္စည်းတွေကို နေရာချပေးလိုက်..." လင်းမော့မော့က ယုရွှမ်းကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ယုရွှမ်းသည် လင်းကျားပေါင်ကို မီးဖိုချောင်မှ ခေါ်ထုတ်ကာ အနောက်ဖက်ရှိ နေအိမ်များဆီသို့ ခေါ်သွားခဲ့လေ၏။ထို့နောက် တစ်ယောက်အိပ်ခန်းထဲသို့ သူ့အား ခေါ်သွားသည်။
"ဒါက မင်း နေရမယ့် အခန်းပဲ၊ မင်းပစ္စည်းတွေကို အရင် နေရာချထားလိုက်ပါ၊ ပြီးရင် တစ်ခုခု ကျန်နေသေးတာ ရှိမရှိ ကြည့်ကြည့်ပြီး ငါ့ကို အကြောင်းကြားလိုက်၊ ဟုတ်ပြီလား?"
လင်းကျားပေါင်သည် သူ့အခန်းအသစ်ကို လှည့်ပတ်ကာ ကြည့်လိုက်သည်။ အခန်းက မကြီးပေမယ့် သန့်ရှင်းသပ်ရပ်ပြီး အခန်းထဲတွင် ကုတင်သေးသေးလေးတစ်လုံးနှင့် ဗီရိုတစ်လုံး ပါရှိသည်။ ပြတင်းပေါက်အနီးတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးလည်း ရှိနေသေးသည်။ ပရိဘောဂများတွင်ပါရှိသော ကနုတ်လေးများမှာ လှပပြီး အရာအားလုံး ပြီးပြည့်စုံကာ အိပ်ယာသည်လည်း အသစ်ဖြစ်သည်။
လင်းကျားပေါင်သည် ကြည့်ပြီး ဝမ်းသာအားရနဲ့
"အခန်းက အရမ်းကောင်းပါတယ်၊ ဘာမှ ကျန်မနေပါဘူး။"
Advertisement
"ဒါဆို မင်းရဲ့ပစ္စည်းကို နေရာချလိုက်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ငါလိုက်ပြပေးမယ်" လို့ ယုရွှမ်းက ဆိုလေ၏။ သူမသည် အန်းကျူ့၏ ချစ်စရာကောင်းပုံနှင့် နာခံမှုလည်းရှိသည်ကို သဘောတွေ့၏။
ပတ်ဝန်းကျင်အသစ်နှင့်ရင်းနှီးပြီးနောက် လင်းကျားပေါင်သည် လင်းမော့မော့နှင့် အခြားသူများနှင့်အတူ နေ့လည်စာစားခဲ့သည်။ ဒီက နေ့လည်စာက အရမ်းအရသာရှိတယ်၊ သက်သတ်လွတ်မဟုတ်တဲ့ ဟင်းတစ်ပွဲနဲ့ သက်သတ်လွတ်ဟင်းသုံးမျိုး ပါပြီး အရသာလည်း အရမ်းကောင်းသည်။
"ဒီမှာ မီးဖိုချောင်ရှိတယ်။ ပါဝင်ပစ္စည်းတွေကို စားဖိုဆောင်ကို သွားယူပြီး ချက်ပြုတ်ဖို့ကတော့ ဒီနေရာကို ပြန်လာရတယ်။ တချို့နန်းတော်တွေနဲ့ မတူတာက သူတို့ရဲ့ ဟင်းပွဲတွေက လာယူတဲ့အခါ ဟင်းတွေက အေးနေပြီ" ယုလင်က ဂုဏ်ယူစွာပြောလိုက်သည်။
"အန်းကျူ၊ ထပ်စားပါဦး၊ အာ! ..." ယုရွှမ်းသည် အသားချပ်များကို ကောက်ယူပြီး အန်းကျူ့အား ပေးလိုက်သည်။
"အွင်းအင်း၊ ကျေးဇူးတင်ပါတယ် ယုရွှမ်းကျဲကျဲ" လင်းကျားပေါင်က ပါးဖောင်းဖောင်းလေးဖြင့် ကျေးဇူးတင်စကားဆိုလိုက်လေ၏။ လူတိုင်းက သူ့ရဲ့ ချစ်စဖွယ် အသွင်အပြင်ကို မြင်ပြီး ပြုံးလိုက်မိတော့သည်။
နေ့လည်ခင်းတွင် လင်းကျားပေါင်သည် တော်ဝင်သရေစာဆောင်ထဲ ဝင်ရောက်ခဲ့သည်။ သူ့လက်များကို သန့်စင်အောင် ဆေးကြောပြီးနောက် လင်းမော့မော့၏ ဘေးမှလိုက်ကာ အဆာပြေမုန့်လုပ်ပုံများကို လိုက်ကြည့်ကာ မှတ်သားနေလေ၏။ လင်းမော့မော့က သူ့ကို အရင်ကာ ကြည့်ခိုင်းထားပြီး အလုပ်လုပ်ရင်းနဲ့ပင် သူမ ဘာလုပ်နေတယ်ဆိုတာကို ရှင်းပြ၏။
ယုလုံသည် ယုရွှမ်းကို တစ်ဖက်သို့ ဆွဲခေါ်လိုက်ကာ
"ကြည့်စမ်း၊ အခုမှ အန်းကျူ့ရဲ့ ပထမဆုံးနေ့ပဲ ရှိသေးတယ်၊ မင်းနဲ့ယှဉ်ရင် မင်းက သူ့အောက်ရောက်နေပြီ"
ယုလုံသည် အဆာပြေမုန့်လုပ်နည်းများကို လင်းမိုမိုထံမှ လက်တွေ့သင်ကြားမှုကို လက်ခံရရှိခဲ့သော ယုရွှမ်းကို မနာလိုဖြစ်ခဲ့သော်လည်း သူမဘာတတ်နိုင်မည်နည်း။ ယုရွှမ်း၏ အချက်အပြုတ်စွမ်းရည်က သူမထက် သာလွန်နေတာကြောင့် နောက်ဆုံးတွင် သူမလည်း မတတ်နိုင်ပဲ ယုရွှမ်းအား လေးစားခဲ့ရသည်။
ဒါပေမယ့် ဒီကောင်လေးက သူ့ရဲ့ပထမဆုံးနေ့မှာ ဘာလို့ လူတိုင်းရဲ့ချစ်ခင်မှုကို ရရှိခဲ့ရတာလဲ? လင်းမော့မော့ကလည်း သူ့ကို အရမ်းအလေးပေးလွန်းတယ်။ ထို့ကြောင့် အန်းကျူ ရဲ့မျက်နှာဟာ သူမ၏မျက်လုံးထဲ၌ ကိုးလိုးကန့်လန့်သာ ဖြစ်လာခဲ့သည်။
ယုရွှမ်းသည် ယုလုံ၏ ပြိုင်ဆိုင်တတ်သော စိတ်နေစိတ်ထားကို သိရှိပြီးဖြစ်လို့ သူမရဲ့ ထင်မြင်ယူဆချက်ကို လျစ်လျူရှုကာ သူမရဲ့ အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်နေသည်။
ယုရွှမ်းက သူမကို လျစ်လျူရှုတာကို မြင်တော့ ယုလုံလည်း စိတ်တိုသွားလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နို့ကိတ်မုန့်ကို လင်းမော့မော့က ပြုလုပ်နေချိန်၌ ယုလင်ကလည်း သူမကို ဘေးနားမှ ကူညီပေးနေသည်။ လင်းကျားပေါင်သည် တစ်ဖက်မှနေ၍ လုပ်ဆောင်မှု အဆင့်တိုင်းကို သတိထားကာ သေသေချာချာ လိုက်လံမှတ်သားနေလေ၏။
...ပထမဆုံး ကြက်ဥအနှစ်ကို ကြက်ဥအဖြူနှင့်ခွဲပြီး သကြားကို ထည့်လိုက်၊ သကြားမပါဘဲ နွားနို့ကို အမြှုပ်ထွက်လာအောင် မွှေရမယ်။ ပြီးရင် ကြက်ဥအနှစ်ထဲကို နွားနို့ထည့်ပြီး ရောမွှေရမယ်။ ကြက်ဥအကာကို ဆားနည်းနည်းထည့်ပြီး ခဏကြာအောင် မွှေပေးပြီးရင် သကြားနှစ်ဇွန်း ထပ်ထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိမွှေပေးရမယ်။ ကြက်ဥအကာကို နှစ်ခုစာခွဲပြီး ကြက်ဥအနှစ်ထဲ ထည့်ပြီး ခပ်မြန်မြန်လေး မွှေပေး၊ ပွင့်ချပ်ပုံစံခွက်ကို ထောပတ်သုတ်ပေးပြီး ပတ်ပတ်လည်မှာ သကြားကို ဖြူးပေရရမယ်။ ပြီးရင် ဂျုံအနှစ်ကို ခွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပြည့်သည်အထိ လောင်းထည့်ပေးရမယ်။ ပုံစံခွက်ရဲ့ အနားကို မင်းရဲ့လက်မနဲ့ သာသာလေးသုတ်လိုက်၊ နောက်ဆုံး ရေနွေးငွေ့နဲ့ ဆယ့်ငါးမိနစ်လောက် ပေါင်းလိုက်ရင် ရပြီ။...
"နားလည်ပြီလား၊ ဘာမှ မခက်ခဲပါဘူး၊ အကြိမ်ရေ နည်းနည်းလောက် ထပ်လုပ်ကြည့်လိုက်၊ ဒါ ဧကရီ အနှစ်သက်ဆုံးမုန့်မလို့ မကြာခဏ လုပ်ပေးရတယ်။" လင်းမော့မော့က အန်းကျူ့ကို ပြောလိုက်တယ်။
"ဟုတ်...၊ ကျွန်တော် အကုန်မှတ်မိပါတယ်..." လင်းကျားပေါင်က ခေါင်းညိမ့်လိုက်သည်။
မီးဖိုချောင်ထဲက လေထုဟာ နို့ကိတ်မုန့်က နို့အရသာတို့နဲ့ ပြည့်နှက်နေလေ၏။ မကြာမီပင် အငွေ့များထွက်လာကာ ကိတ်မုန့်သည်လည်း ကျက်သွားတော့သည်။ ယုလင်က အပြင်ကို ဂရုတစိုက်ထုတ်လိုက်ပြီး စားပွဲပေါ်ကို တင်လိုက်ကာ အအေးခံလိုက်သည်။ ထို့နောက် သူမသည် မုန့်ကို ပုံစံခွက်ထဲကနေ ဂရုတစိုက် အပြင်ကို ထုတ်လိုက်သည်။
"ပုံစံခွက်ထဲကနေ အပြင်ကို ထုတ်တဲ့အခါ ဂရုစိုက်ရမယ်၊ ကျိုးပဲ့သွားလို့ မရဘူး၊ အလွှာလေးတစ်ခု ပျက်သွားတဲ့ ဒီလိုမျိုးဟာတွေဆိုရင် ဧကရီရဲ့ စားတော်ပွဲထဲ ထည့်ပြီး ဆက်သလို့မရဘူး၊ ပုံသဏ္ဌာန်က ပြီးပြည့်စုံပြီး လှနေရမယ်။"
ယုလင်က ပုံစံပျက်နေတဲ့ မုန့်တစ်ခုကို ယူလိုက်ပြီး သူကို ပြလေသည်။
"ဒီလိုမျိုး ပုံသဏ္ဌာန်မလှတဲ့ မုန့်မျိုးဆို ငါတို့ဘာသာ ငါတို့ စားလို့ရတယ်၊ ဟား... ဟား... မကောင်းဘူးလား!" ပြောနေရင်းနဲ့ သူမဟာ အန်းကျူ့ရဲ့ ပါးစပ်ထဲ မုန့်ကို ထည့်ပေးလိုက်သည်။
"ယုလင် လျောက်ပြောတာကို နားမယောင်နဲ့၊ မုန့်လုပ်ဖို့ ပစ္စည်းတွေက အချိုးအဆနဲ့ပဲရတာ၊ ငါတို့ မကောင်းတာတွေအများကြီးလုပ်မိရင် မကောင်းဘူး။" လင်းမော့မော့ဟာ အပြုံးလေးနဲ့ အမှန်ပြင်ပေးလိုက်သည်။
"အရမ်းလဲ မွှေးတယ်၊ အရမ်းလဲ နူးညံ့တယ်၊ အရမ်းလဲ အရသာရှိတယ်!..." လင်းကျားပေါင်ဟာ အလွန် မွှေးကြိုင်လှသည့် နို့အနံ့သင်းနေတဲ့ ဒီမုန့်ကို အရမ်းကို ကြိုက်နှစ်သက်သွားတော့သည်။ သူ့မျက်လုံးလေးတွေက အပြုံးပုံသဏ္ဌာန် ကွေးညွတ်သွားလေ၏။
တကယ်လို့ သူသာ လုပ်နည်းကို သေချာသင်ယူထားခဲ့ပြီး သူနန်းတော်ကထွက်တဲ့အခါ သူမိသားစုကို လုပ်ကျွေးရင် သူတို့တွေ သဘောကျမှာ ကျိန်းသေသည်။
လင်းကျားပေါင်သည် နန်းတော်ထဲတွင် ရောက်တာကြာလာသည်နှင့်အမျှ တဖြည်းဖြည်း နေသားကျလာခဲ့လေ၏။ တော်ဝင်သရေစာဆောင်တွင် တာဝန်ကျသည်မှာ သူအတွက် အလွန်ကိုကံကောင်းခဲ့သည်။ မော့မော့က သူ့အပေါ်တွင် အလွန်ကြင်နာပြီး ကျန်နန်းတွင်းအစေခံအစ်မများသည်လည်း သူ့ကို ကောင်းစွာ ပြုစုစောင့်ရှောက်ပေးသည်။
သတိမထားမိခင်မှာပဲ သူ နန်းတော်ထဲကို ရောက်ရှိသည်မှာ နှစ်ဝက်ကျော်မျှပင် ရှိနေလေပြီ။ ဒီနှစ်ဝက်အတွင်း မုန့်လုပ်နည်းမျိုးစုံကို သူလေ့လာသင်ယူနိုင်ခဲ့တယ်။
လင်းမော့မော့ဟာ ဧကရီထံ အဆာပြေမုန့်များ ဆက်သရန် သွားရောက်ချိန်တိုင်း သူ့အား မကြာခဏပင် ခေါ်ဆောင်သွားတာကြောင့် ဆုလာဘ်များကို အကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့သည်။ တခါတရံတွင် အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့ကိုပင် တွေ့မြင်ရတတ်သည်။ အိမ်ရှေ့စံသည် အဆာပြေမုန့်များကို ကြိုက်နှစ်သက်ပြီး အချိန်တိုင်းတွင် ရက်ရက်ရောရော ဆုလာဘ်များကို ချီးမြှင့်ခဲ့သည်။
(T/N: မုန့်ကို တကယ်ကြိုက်တာလား 🤔)
လင်းကျားပေါင်သည် သူ၏ဆုငွေများကို ဒုတိယအစ်မချုပ်ပေးလိုက်သည့် ပိုက်ဆံအိတ်ထဲတွင် ထည့်ကာ သိမ်းဆည်းထားလိုက်သည်။ ထို့ပြင် လစဉ်လတိုင်းလည်း လစာအဖိုးအခအနေနဲ့ ငွေတစ်စကိုလည်း ရရှိခဲ့သည်။ လင်းကျားပေါင် နန်းတော်မှ ထွက်လာသောအခါတွင် ငွေအမြောက်အမြား စုဆောင်းမိမည်မှာ အသေအချာပင်။ သူပြန်ရောက်လို့ရှိရင် သူ့မိသားစုအတွက် အိမ်ကြီးတစ်လုံးဆောက်ပေးပြီး သူတို့အားလုံး အတူတူနေရမယ်လို့ တွေးကြည့်ရုံနဲ့ သူပျော်ရွှင်သွားတော့သည်။
(T/N: ကလေးရဲ့မျှော်လင့်ချက်လေးတွေ အမျှအမျှအမျှ၊ အရင်ခေါ်ထားပေးတာ)
"အန်ကျူ့၊ အားလုံး ထုပ်ပိုးပြီးပြီလား? သွားဖို့အချိန်တန်ပြီ။" လင်းမော့မော့က ပြောလိုက်သည်။
လင်းမော့မော့သည် လွန်ခဲ့တဲ့ခြောက်လအတွင်း အန်းကျူ့ရဲ့ အကျင့်စာရိတ္တကောင်းမွန်မှုအပေါ် အလွန်ကျေနပ်ခဲ့ရတယ်။ ထိုလူထံမှ (ယွမ်ဖူ) အကြံပြုချက်ကို ရရှိပြီးနောက် ယခုအခါ သူမသည် အဆာပြေမုန့်များ ဆက်သသည့်အခါတိုင်း အန်းကျူကို အတူတူ ခေါ်ဆောင်သွားလေ့ရှိတယ်။
"ပြီးပါပြီ မော့မော့" လင်းကျားပေါင်က အစားအသောက်သေတ္တာကို သယ်ဆောင်လာရင်း ပြောလိုက်သည်။
"ကောင်းတယ်... ယုရွှမ်းက ငါတို့နဲ့အတူတူလိုက်ခဲ့၊ ယုလုံနဲ့ ယုလင်ကတော့ ဒီမှာပဲ စောင့်နေလိုက်ကြ..."
လင်းမော့မော့သည် ညွှန်ကြားပြီးသည်နှင့် ယုရွှမ်းနဲ့ လင်းကျားပေါင်တို့ကို ခေါ်ဆောင်ကာ ထွက်သွားလေသည်။
"အခုတလော မော့မော့က ပိုပိုပြီး ဘက်လိုက်လာတယ်၊ အမြဲတမ်း အန်းကျူကိုပဲ ဧကရီရဲ့နန်းဆောင်ကို သွားဖို့ ခေါ်သွားတယ်။" ယုလုံက မနာလိုစွာပြောလိုက်သည်။ မကြာခဏ အိမ်ရှေ့စံနဲ့ ဒုတိယမင်းသားတို့ကို တွေ့ကြုံရကြောင်း သူမကြားသိပြီးဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ဆုတစ်ခုရတိုင်း ငါတို့ဝေစုကို ခွဲပေးတာပဲ! ဒါဆို လုံလောက်ပြီလေ..." ယုလင်က သာမာန်မျှသာ တွေးလိုက်၏။ အမှန်အတိုင်း ဝန်ခံရလျှင် ဧကရီဆီသွားရရင် သူမမျက်နှာကိုပြသနိုင်မည်မှာ မှန်သော်လည်း သွားသည့်အခါတိုင်း ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေမည်မှာ မလွဲမသွေပင်။ ဒါ့ကြောင့် မသွားရတာ သူမအတွက် လုံးဝကောင်းတယ်လို့ ထင်မိသည်။
ယုလုံသည် ယုလင်ရဲ့ ရည်မှန်းချက်မရှိသည်ကို ကြည့်ပြီး သူမနှင့် စကားပြောရန်ပင် အလွန်ပျင်းရိသွားလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယုံရှို့နန်းဆောင်၏ ပင်မခန်းမဆောင်တွင် ဧကရီသည် သူ၏သားတော်နှစ်ပါးနှင့် စကားပြောနေလေ၏။ ဧကရီက သူ့သားနှစ်ယောက်ကို ကြည့်ပြီး နှလုံးသားထဲတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေလေသည်။
ပထမမင်းသား၊ ရွှမ်းယွမ်ဟန်ချန်သည် အိမ်ရှေ့စံရာထူးဖြင့် တိုင်းပြည်အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် တည်ငြိမ်ပြီး အတွေ့အကြုံ ရင့်ကျက်သဖြင့် ဧကရာဇ်မင်းမြတ်က ဆရာ့ထက် လက်စောင်းထက်သော တပည့်အဖြစ် မကြာခဏ ချီးမွမ်းလေ့ရှိသည်။ ဒုတိယမင်းသား၊ ရွှမ်းယွမ်ဟန်ချိမှာလည်း ရဲရင့်ပြီး ဆုံးဖြတ်ချက် ပြတ်သားသဖြင့် ဧကရာဇ်မင်းမြတ်ရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံရသည်။ ထို့အတွက်ကြောင့် နန်းတော်ထဲတွင် သူမ၏ရာထူးသည် အလွန်ခိုင်မာကာ တော်ရုံနှင့်ယိုင်နဲ့မသွားနိုင်ပေ။
ညီအစ်ကိုနှစ်ယောက်သည်လည်း တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြပြီး ရွှမ်းယွမ်ဟန်ချိက သူ၏တော်ဝင်အကိုတော်ကို အလွန်လေးစားသည်။
"ဒီနေ့ အရမ်းကို ပင်ပန်းတာပဲ၊ ကျွန်တော်တော့ ဆာလွန်းလို့ သေတော့မယ်။ မယ်တော်ရဲ့ အဆောင်က အဆာပြေမုန့်တွေက တကယ်ကို အရသာရှိတာပဲ!" ရွှမ်းယွမ်ဟန်ချိက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်ပြီး အဆာပြေမုန့်ကို အလုတ်ကြီးကြီး ကိုက်ချလိုက်သည်။
"ဒီကလေးတော့ ကြည့်ပါဦး... ဖြည်းဖြည်းစားပါကွယ်... အများကြီးရှိသေးပါတယ်... တော်ဝင်သရေစာဆောင်ကိုလည်း အများကြီး ထပ်လုပ်ခိုင်းလိုက်မယ်။" ဧကရီသည် ဒုတိယမင်းသားကို ချစ်ခင်စွာ ကြည့်နေသည်။
"ဒုတိယညီတော်၊ နောက်တစ်ခါ ဒီလို မဆင်မခြင် မလုပ်နဲ့၊ စစ်သူကြီးလီက အရင်ထဲက စစ်မြေပြင်မှာ နေခဲ့တဲ့သူလေ၊ မင်းတို့နှစ်ယောက်ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ်၊ မင်း အခြေခံအရည်အချင်းကိုပဲ အရင်လေ့ကျင့်တာက ပိုကောင်းလိမ့်မယ်၊ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ဒဏ်ရာရရင် ဘာလုပ်မလဲ?"
"ဟီး... ကျွန်တော်က သူနဲ့ပဲ ကျွန်တော့်ရဲ့အရည်အချင်းကို ယှဉ်ပြိုင်ချင်တာ၊ နောက်ပြီး သူက ကျွန်တော့်ကို အလျော့ပေးပါတယ်။" ရွှမ်းယွမ်ဟန်ချိက ဂရုမစိုက်စွာပဲ ပြောလိုက်လေ၏။
"ဒီလို ယှဉ်ပြိုင်မှုမျိုးကို လုပ်လို့ ဘာအကျိုးထူးမှာလဲ? စစ်မြေပြင်ရောက်ရင် ရန်သူတွေက မင်းကို အရူးလုပ်သွားလိမ့်မယ်။"
အရင်ဘဝက ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်တွေးမိရင်း သူ့ဒုတိယညီတော်ရဲ့ အကျင့်စရိုက်က တော်တော်ကို လွန်လွန်းတယ်။
"ကျွန်တော်လဲ စစ်မြေပြင်ကို သွားချင်နေတာ၊ ဒီတစ်ခါ အစ်ကိုတော်နဲ့ အတူတူ သွားခွင့်ပေးပါလား? အခုဆို ကျွန်တော်က ဆယ့်ငါးနှစ်တောင် ရှိနေပြီ၊ တော်ဝင်အစ်ကိုတော်ဆို ကျွန်တော့်အရွယ်လောက်တုန်းက စစ်မြေပြင်ကိုတောင် ရောက်ပြီးနေပြီ..." ရွှမ်းယွမ်ဟန်ချိက သူ့ကိစ္စကို အသနားခံလိုက်လေ၏။
ရွှမ်းယွမ်ဟန်ချန်က ငြင်းဆိုလိုက်လေသည်။
"မရဘူး! အနာဂတ်မှာ မင်းအတွက် မင်းအရည်အချင်းကို ပြသဖို့ အခွင့်အလမ်းတွေ အများကြီး ရလာလိမ့်မယ်၊ ဒီတစ်ခါတော့ နန်းတော်ထဲမှာ ခမည်းတော်နဲ့မယ်တော့်ကို အဖော်ပြုရင်း နေခဲ့တာက မင်းအတွက် ပိုကောင်းလိမ့်မယ်၊ ခမည်းတော်က မင်းကို နောက်လကနေစပြီး မနက်ခင်းညီလာခံကို တက်ရောက်ဖို့ ပြောထားပြီးသား၊ ခမည်းတော်ကို ဘယ်လို ကူညီပေးရမလဲဆိုတာ နည်းနည်းလောက်သင်ယူပြီး နောက်နှစ်ဆို မင်း လက်ထပ်ဖို့ ကြိုးစားသင့်ပြီ..."
နယ်စပ်မြို့မှ သူလျှိုများ၏ အကြောင်းကြားချက်များအရ လူရိုင်းတွေဟာ လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး တောင်ဘက်သို့ သွားနိုင်ကြောင်းကို သိပြီးဖြစ်သည်။ သူကလည်း မကြာသေးမီကပင် စုံစမ်းစစ်ဆေးရေးအတွက် ပြင်ဆင်နေခဲ့ပြီး ဖြစ်သည်။ ဒီတစ်ခါ လူရိုင်းတွေကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်မည်ဟု သူသေချာသိသော်လည်း ယခုတစ်ကြိမ်တွင် သူ၏ဒုတိယညီတော်ကို သူနှင့်အတူ ခေါ်ဆောင်သွားမည်မဟုတ်ပေ။ အရင်ဘဝက ရွှမ်းယွမ်ဟန်ချိသေဆုံးခြင်းသည် သူ့ခမည်းတော်နှင့် မယ်တော်တို့ကို အလွန်အမင်း စိတ်ထိခိုက်စေခဲ့၏။ ဒီတစ်ခါတော့ ဘယ်လိုမျိုးမှ အန္တရာယ်မကြုံစေရပေ။
"မင်း အစ်ကိုတော် ပြောတာမှန်တယ်၊ စစ်မြေပြင်ဆိုတာ ကောင်းတဲ့နေရာ မဟုတ်ဘူး၊ မင်းလည်း မငယ်တော့ဘူး မင်းခမည်းတော်ရဲ့ ဝန်ထုတ်ဝန်ပိုးကို နည်းနည်းလောက် လျော့နည်းအောင် ကူညီရမယ်လေ..." ဧကရီဟာ အိမ်ရှေ့စံရဲ့ စကားကို ထောက်ခံလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ... နောက်ထပ် အဆာပြေမုန့်တွေ ရှိသေးလား? အဲဒါက အရမ်းကို အရသာရှိလွန်းတယ်..." ရွှမ်းယွမ်ဟန်ချိက ထိုအကြောင်းအရာတွေကို စဉ်းစားရင်း ခေါင်းကိုက်လာတာကြောင့် အလျင်အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်လေ၏။
"မယ်တော်က ဒုတိယညီတော်အတွက် ကြင်ဖက်ရှာပေးရင် ပိုကောင်းလိမ့်မယ်။ အဲတာဆို သူ့ကို နည်းနည်းလောက် အခြေငြိမ်အောင် လုပ်နိုင်မယ်ထင်တယ်။"
Advertisement
- In Serial37 Chapters
Re:Chances
A man whose past is filled with regrets, with nothing binding him in the present and no hopes for the future. Such a man dies and is thrown into another realm. He doesn't know how it happened, just that a mysterious voice was the first thing he heard.But his reincarnation is one of the least things on his mind. What he really cares about is not repeating the mistakes of the past.He won't waste the chance he had been given.Not again.WARNING: TAGGED: 18+ For Strong Language and Descriptive Gore-------------------------------------------------------------------------Chapters will come out every few days.Title is subject to change.The support your author movement: http://royalroadl.com/forum/showthread.php?tid=51354
8 195 - In Serial17 Chapters
Silverscale Paradise (A Yandere Harem Adventure)
Warning: This story contains R18 content and depicts sexual acts. Hey there, Mark Gregory here! This is the story of how I got sucked into the world of a trashy Harem manga that only lasted 12 chapters. I read it while I was high the night before and only vaguely remember anything about it....so yeah. No foresight. Also, it appears I am a brokenly powerful character, possibly the secret end boss, that was hiding in plain sight the whole time. - That is to say, the "Quiet Prince" student in their class. My new name is Zeneff Silverscale...can you guess what I am? If you guessed overpowered godlike dragon, then you are correct! The problem is...I don't want to be evil...and I don't know enough about the story to follow along...so what do I do? The Answer: Whatever the Fuck I want. I will also be posting this story on Scribble Hub
8 108 - In Serial14 Chapters
Demon Contractor Unknowingly Becomes Less Of A Jerk
Alright so I guess the basic summary would be. A demon with the ability to make contracts with the gods themselves, after working for his king for several years decides to hunt his original prey, the humans as the war between humans and demons has ended. He goes to the human land aiming to create pure chaos using his abilities but has to stop as he encounters some strange humans. He pauses his journey is joined by a beast man and a little mage to figure what is going on. (Alright dis is a newbies work and all so I just hope that this is good enough)
8 99 - In Serial102 Chapters
Tark- His Penned Chronicles
When 10 year old Lolita finds a diary amidst the hatred of World War 2, she gets acquainted with three Characters Anirudh and Bondita and the person who has written the diary Batuk Roy Chowdhury.Set in 20th century India, pre-independence era, Batuk, a young boy had affection for a girl who is never destined to be his because she is none other than his Dada's wide. 22 year old barrister Anirudh marries an 11 year old Bondita and empowers her to become the first female Barrister and establish women empowerment over patriarchy.Batuk writes up their journey of love, his own feelings in the pages, in his diaryWitness the journey of Anidita from Batuk's perspective through his penned ChroniclesA story of the pure bond of love, affection and devotion of Anirudh and Bondita, for each other.🎖️Best rank till now1 #Anidita1 #womenempowerment2 #colorstv5 #aurrabhatnagarbadoni6#AnchalSahu9#teenagelove
8 154 - In Serial3 Chapters
Drews Mountain Dew
A short poem of Drews Mountain Dew
8 111 - In Serial24 Chapters
Niki's Karan
Started- 2/9/2019Completed-18/11/2020.Status- completedThe book is spin off for the book NIKI.Karan, a boy with sweet nature and a kind of nerd, happens to understand that he is slowly falling for the girl he had known for his whole life and is the sister of his friend Nik. Karan's bestfriend Niki, is kind of shy and but overly dramatic with one and only Karan. Can this two have a happily ever after? Book is in Karan's Pov.Author's note- The story will definitely take you the ride of different emotions.
8 164

