《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟿
Advertisement
***Photo Credit to Pinterest***~~~~~~~~~~~~~~~~~~~~~~~~~~~
ယွင်မင်းဆက်၊ စတုတ္ထမြောက်နှစ်၏ စက်တင်ဘာလအလယ်၌ မြောက်ပိုင်းဒေသမှ လူရိုင်းများသည် တောင်ပိုင်းဒေသရှိ နယ်စပ်အနီးမှ မြို့ငယ်များဆီသို့ ကျူးကျော်ဝင်ရောက်ကာ ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ကြသည်။ ထိုသတင်းကို ကြားသိလိုက်ရသည်နှင့် တပြိုင်နက် ညီလာခံ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြလေ၏။
မြောက်ပိုင်းလူရိုင်းများသည် သဘောတူချက်ကို ဖောက်ဖျက်ကာ ရွှမ်းယွမ်အင်ပါယာအား မထီမဲ့မြင်ပြုခဲ့သည့်အတွက်ကြောင့် ရွှမ်းယွမ်အင်ပါယာ၏ အင်အားကို ထုတ်ဖော်ပြသသင့်သည် ဟူသော အသနားခံစာများကို ညီလာခံအမတ်များက တစ်စောင်ပြီးတစ်စောင် ရေးသားကာ တင်ပြခဲ့ကြသည်။
ဧက္ကရာဇ်ရွှမ်းယွမ်ကျောက်ရှန်သည် လူအများ ရှေ့မှောက်မှာပင် အိမ်ရှေ့စံမင်းသားအား မြောက်ပိုင်းစစ်သေနာပတိချုပ် "ကျန်းပေ" ဟူသော ဘွဲ့ကို အပ်နှင်းခဲ့ပြီး မြိုတော်မှ အထူးစစ်သည်ငါးသောင်းကို ဦးဆောင်ကာ စစ်မြေပြင်သို့ သွားရောက်စေခဲ့သည်။ ထို့အပြင် မြောက်ပိုင်းကာကွယ်ရေးတပ်မှူး ကျန်းယွမ်ဟုတ်ကိုလည်း ပင်မစစ်တပ်နှင့် အတူတကွ ပူပေါင်းကာ မြောက်ပိုင်းလူရိုင်းများကို တိုက်ထုတ်ဖို့ရန် အမိန့်ပေးခဲ့၏။
[ T/N: 征北大將軍 zheng bei da jiang jun – 征北 zheng bei ဆိုတာ "expedition north," မြောက်ပိုင်းစစ်ဆင်ရေးအတွက် စေလွှတ်တဲ့အဖွဲ့ and 大將軍 da jian jun ဆိုတာက "important general" or "generalissimo" ရိုးရိုးစစ်သူကြီးဆိုတာထက်မြင့်တဲ့ ရာထူး ၊ စစ်ဦးစီး or စစ်သေနာပတိချုပ်လိုမျိုး၊ ]
မနက်ခင်းညီလာခံ ပြီးဆုံးသွားပြီးနောက် တော်ဝင်စာကြည့်ခန်းအတွင်း၌ ဧက္ကရာဇ် ရွှမ်းယွမ်ကျောက်ရှန်သည် အိမ်ရှေ့စံမင်းသားအား နောက်ဆုံးအကြိမ်အနေဖြင့် အမှာစကားအနည်းငယ်ကို မှာကြားနေ၏။
"မြောက်ပိုင်းဒေသကို ရောက်တာနဲ့ စစ်ပွဲကို ချက်ချင်းကြီး မတိုက်ခိုက်နဲ့ဦး၊ အရင်ဦးဆုံး အခြေအနေအမှန်ကို စုံစမ်းသင့်တယ်၊ လူရိုင်းတွေရဲ့ ပင်ကိုယ်ဗီဇကိုက ဉာဏ်နီဉာဏ်နက်များလို့ သတိဝီရိယရှိရှိနေပါ... မင်းမယ်တော်ဘက်က ဦးရီးတော်ကလည်း မင်းကို အကူအညီပေးလိမ့်မယ်။ ဒီခရီးစဉ်မှာ ငါတို့ ရွှမ်းယွမ်ရဲ့ စစ်တပ်အင်အားက အားသာနေပေမယ့် ရန်သူ့ကိုလည်း လျော့မတွက်နဲ့..."
"နားလည်ပါပြီ၊ ဒီသားတော် စိတ်ထဲကနေ စွဲစွဲမြဲမြဲ မှတ်သားထားပါ့မယ်..." ရွှမ်းယွမ်ဟန်ချန်က ပြန်ဖြေလိုက်၏။
"တော်ဝင်သမားတော် ခေါ်သွားဖို့ကိုရော စီစဉ်ပြီးပြီလား? မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက် ရှိသင့်တယ်။ စစ်မြေပြင်ကို သွားရမယ်ဆိုပေမယ့်လို့ မင်းရဲ့ ကျန်းမာရေးကိုလည်း လက်လွတ်စပယ် မထားသင့်ဘူးနော်..." ဧက္ကရာဇ်က အိမ်ရှေ့စံရဲ့ ခန္ဓာကိုယ်အတွက် စိတ်ပူနေဆဲပင်။
"စိတ်ချလက်ချသာနေပါ ခမည်းတော်။ အကုန်လုံးကို စနစ်တကျနဲ့ စီစဉ်ပြီးနေပါပြီ၊ ခမည်းတော်လည်း ကျန်းမာရေးကို အလေးထားဖို့ သားတော် တောင်းဆိုချင်ပါတယ်၊ ဒီသားတော်ရဲ့ တာဝန်မကျေပွန်မှုကြောင့် ခမည်းတော်ကို စိတ်ပူစေခဲ့မိပါတယ်။"
ရွှမ်းယွမ်ဟန်ချန်သည် ခမည်းတော်အား ဒူးထောက်ကာ ဦးညွတ်လိုက်သည်။
"ကောင်းပြီ... ထတော့၊ မင်းရဲ့ မယ်တော်ကိုလည်း နှုတ်ဆက်သွားဦး၊ သူမက မင်းအတွက် တော်တော်လေး စိုးရိမ်ပူပန်နေတာ..." ဧက္ကရာဇ်လည်း ရွှမ်းယွမ်ဟန်ချန်ကို ဒူးထောက်ရာမှ ထူမပေးလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဒါဆို ဒီသားတော်ကို ခွင့်ပြုပါဦး..."
>>>>>>>
ညဆယ့်တစ်နာရီအချိန်၊ တော်ဝင်သရေစာဆောင်၏ ခြံဝင်းအတွင်း၌ ပုံရိပ်တချို့သည် လှုပ်လှုပ်ရှားရှား ဖြစ်နေ၏။ လျှို့ဝှက်အစောင့်အချို့ကို ခြံဝင်းထဲ၌ ချန်ထားခဲ့ကာ ရွှမ်းယွမ်ဟန်ချန်သည် လင်းကျားပေါင်၏ အိပ်ခန်းတံခါးဝရှေ့သို့ သွားရောက်ခဲ့သည်။ ထို့နောက် တံခါးကို ဖြေးညှင်းစွာ တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလေသည်။
အခန်းအတွင်း၌ သူ့ရဲ့ရတနာလေးဟာ အိပ်ရာပေါ်မှာ အိပ်စက်လျက် ရှိနေပြီး ပြတင်းပေါက် အပြင်ဖက်မှ လရောင်သည် အခန်းအတွင်းသို့ ဖြာကျလျက်ရှိနေလေသည်။ လရောင်အောက်တွင် အိပ်မောကျနေသည့် လင်းကျားပေါင်ကို ကြည့်လိုက်ပြီး အိပ်ပျော်နေတဲ့သူလေးက ဘာလို့များ အိပ်နေတာတောင် ဒီလောက်ချစ်စရာကောင်းနေပါလိမ့်လို့ တွေးမိလိုက်သည်။
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းစွာ အိပ်ပျော်နေသော သူလေးရဲ့ မျက်နှာလေးကို မြင်လိုက်တိုင်း သူ့ရဲ့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်မှုများသည် တမဟုတ်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတယ်။
လင်းကျားပေါင်မှာ အလွန်ပင် နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေပြီး သူ့ရဲ့ သေးငယ်တဲ့ ပါးစပ်ကလေးမှာ ပွင့်ဟနေကာ နှုတ်ခမ်းဒေါင့်စွန်းလေးကလည်း အနည်းငယ်ကွေးညွှတ်နေသည်မှာ အိမ်မက်လှလှ မက်နေသယောင်ယောင်...
ရွှမ်းယွမ်ဟန်ချန်က အောက်ကိုငုံ့ကာ လင်းကျားပေါင်ရဲ့ မျက်ခုံးကြားကနေရာကို နမ်းလိုက်ပြီး မျက်နှာသေးသေးလေးအနှံ့ အနမ်းဖွဖွလေးတွေ စွန့်ကြဲပေးလိုက်တယ်။ ပါးချိုင့်လေးတွေကနေ နှုတ်ခမ်းတွေထိ တစ်လျှောက်လုံးကို နမ်းရှုံ့နေမိတယ်။ ဒါပေမယ့် ရွှမ်းယွမ်ဟန်ချန်ဟာ သူ့ကလေးလေးကို နှိုးမိသွားမှာ စိုးရိမ်လို့ နက်နက်နဲနဲအထိ မသွားရဲပေ။ သူ့နှုတ်ခမ်းနှင့် လျှာတို့ကိုသာ အသုံးပြုပြီး သူ့ပေါင်ပေ့လေးရဲ့ နှုတ်ခမ်းလေးတွေပေါ်မှာ ဖွဖွလေး ပြေးလွှားနေခဲ့ရတယ်။
"အွင်းးးး...." နှုတ်ခမ်းပေါ်မှ အနှောက်အယှက်တစ်ခုကို ခံစားမိလိုက်သဖြင့် လင်းကျားပေါင်ဟာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် တဖန်ပြန်၍ အိမ်မက်ကမ္ဘာထဲ ကျရောက်သွားခဲ့လေ၏။
လူးလွန့်လိုက်လို့ ပေါ်ထွက်လာတဲ့ လင်းကျားပေါင်ရဲ့ လည်တိုင်လေးကို ရွှမ်းယွမ်ဟန်ချန်ဟာ ကြည့်လိုက်မိသည်။ လရောင်ရဲ့နောက်ခံကြောင့် အနည်းငယ် ဖျော့တော့သယောင်ရှိနေသော်လည်း စွဲမက်ဖွယ်အတိပင်။ ရွှမ်းယွမ်ဟန်ချန်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်လိုက်ပဲ နူးညံ့လှတဲ့ လည်ပင်းသားတွေကို အရှေ့၊အနောက် ညင်သာစွာ တစ်တိတိ ကိုက်ခဲကာ ငုံထွေးလိုက်မိလေ၏။
Advertisement
ရုတ်တရက် တံခါးဆီမှ သေးငယ်သော အသံတစ်ခု ထွက်ပေါ်လာတာကြောင့် ရွှမ်းယွမ်ဟန်ချန်ဟာ စောင်ကို အလျင်အမြန်လှမ်းဆွဲကာ လင်းကျားပေါင်ကိုယ်ပေါ်သို့ ခြုံပေးလိုက်ပြီး ခြေသံတိုးတိုးဖြင့် အပြင်ဖက်သို့ ထွက်လာလိုက်သည်။
"အာ! လင်းမော့မော့ ခင်ဗျားပဲ..." ရွှမ်းယွမ်ဟန်ချန်သည် လင်းကျားပေါင်၏ အခန်းတံခါးဆီသို့ လှမ်းကြည့်ကာ လင်းမော့မော့ကို ခြံဝင်းထဲသို့ လိုက်ခဲ့ရန် ပြောလိုက်လေ၏။
"အရှင့်သား၊ အန်းကျူ... သူက ငယ်ငယ်လေးပဲရှိသေးပါတယ်၊ အခုမှ အသက်က ဆယ့်သုံးနှစ်ကျော်လေးပါပဲ... ဒါကို အရှင့်သားက..."
[T/N : ဟုတ်တယ်... ဟုတ်တယ်... အသက်တောင် မပြည့်သေးတဲ့ ကလေးကို😂 ပြောပစ်လိုက်]
လင်းမော့မော့ ညဘက် ပြန်လာသည့်အချိန် သူမ၏ အခန်းဘေးမှ လင်းကျားပေါင်ရဲ့အခန်းတံခါးသည် အနည်းငယ်ဟနေပြီး အိမ်ရှေ့စံက အန်းကျူ့အား နမ်းရှိုက်နေသည့် မြင်ကွင်း မြင်တွေ့လိုက်ရသည်။
အိမ်ရှေ့စံကို ညနက်ပိုင်း ဒီခြံဝင်းထဲ မြင်တွေ့ရခဲ့ရသည်မှာ ဒါဟာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ခဲ့ချေ။ အစကတော့ သူမ အလွန်အမင်း ထိတ်လန့်သွားမိပေမယ့် နောက်ပိုင်းမှာတော့ နေသားကျသွားကာ တည်တည်ငြိမ်ငြိမ်၊ သိုသိုသိပ်သိပ်သာ နေရန် ဆုံးဖြတ်လိုက်သည်။
ဒီ "ကော" ငယ်လေးပေါ်မှာ ဘာကြောင့်များ အိမ်ရှေ့စံက ဒီလောက်တောင် စိတ်ဝင်စားနေမှန်း လင်းမော့မော့ နားမလည်ပေမယ့် အစကတည်းက အိမ်ရှေ့စံက အန်းကျူ့အပေါ် ကွဲပြားခြားနားတဲ့ ခံစားချက်ရှိနေသည်ကို သူမရိပ်မိခဲ့သည်။ ပြီးခဲ့တဲ့ ခြောက်လအတွင်း အန်းကျူ့နဲ့ ခင်မင်ရင်းနှီးလာပြီးနောက် အလုပ်ကြိုးစားပြီး လိမ္မာရေးခြားရှိတဲ့ အဲကလေးလေးကို သူမလည်း ချစ်ခင်နှစ်သက်လာခဲ့သည်။ ဒါ့ကြောင့် အိမ်ရှေ့စံမင်းသားအား ထိုကလေးရဲ့ အသက်အရွယ် အကြောင်းကို သတိမပေးပဲ မနေနိုင်ခဲ့ပေ။
ရွှမ်းယွမ်ဟန်ချန်ဟာ လင်းကျားပေါင်အပေါ် လင်းမော့မော့က အကာအကွယ်ပေးနေတာကို ကြားတော့ ကျေနပ်စွာနဲ့ "လင်းမော့မော့၊ မနက်ဖြန်ဆို ကိုယ်တော်က စစ်မြေပြင်ကို သွားရတော့မယ်။ အန်းကျူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်..."
"ဟုတ်ကဲ့ စိတ်ချပါ အရှင့်သား၊ အမှားအယွင်းမရှိအောင် စောင့်ရှောက်ပေးပါ့မယ်။" လင်းမော့မော့က ကတိပေးလိုက်သည်။
နောက်တစ်နေ့တွင် အားလုံးရဲ့ ရှေ့မှောက်မှာပဲ ရွှမ်းယွမ်ဟန်ချန်သည် စီးတော်မြင်းကို စီးကာ တပ်သားငါးသောင်းနှင့်အတူ တော်ဝင်မြို့တော်မှ ထွက်ခွါသွားခဲ့လေ၏။
[T/N : အမှန်တော့ နေပြည်တော်လို့ရေးလို့ရတယ်၊ ေ-ာက်မြင်ကပ်လို့မရေးတာ]
မြို့တော်မှ စစ်တပ် ထွက်ခွါသည်နှင့် ရွှမ်းယွမ်ဟန်ချန်သည် နန်းတော်ဖက်သို့ ဦးတည်ကာ စူးစူးစိုက်စိုက် ကြည့်လိုက်လေ၏။
သည်နန်းတော်ကြီးထဲမှာ သူ့မိသားစု... သူ့ရတနာလေး... သူ့တာဝန်တွေအားလုံး ရှိနေတယ်။ ဒီတိုက်ပွဲ အောင်ကို အောင်နိုင်ရမယ်။ ရှုံးနိမ့်လို့ မဖြစ်ချေ။
**************************************************************
ယွင်မင်းဆက်၊ ပဉ္စမမြောက်နှစ်၊ မေလ၌ ရွှမ်းယွမ်အင်ပါယာသည် မြောက်ပိုင်းဒေသမှ လူရိုင်းများနှင့် ရင်ဆိုင်တိုက်ပွဲ၌ အောင်နိုင်ခဲ့လေသည်။ လူရိုင်းခေါင်းဆောင်၏ ပင်မတဲအတွင်း၌ ထိုင်နေသော ရွှမ်းယွမ်ဟန်ချန်၏ စိတ်ထဲတွင် ခံစားချက်ပေါင်းများစွာနှင့် ပြည့်နှက်နေ၏။
စစ်ပွဲများကြား ကိုးလကျော်ကြာမြင့်အောင် ကျင်လည်ခဲ့ရပြီးနောက် သူ့ရဲ့အသွင်အပြင်သည် ပိုမို အေးစက်တည်ကြည်လာကာ အတွေးများသည်လည်း အခြားလူများ ခန့်မှန်းရန် ခက်ခဲလာခဲ့သည်။
ကနဦးပိုင်းတွင် စစ်ပွဲအခြေအနေမှာ အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ချေ။ စစ်တပ်နှင့်အတူ နယ်စပ်စခန်းသို့ ရွှမ်းယွမ်ဟန်ချန် ရောက်သည့်အချိန်၌ ဆောင်းတွင်းသို့ပင် ရောက်ရှိနေလေပြီ။
မြောက်ပိုင်းဒေသရဲ့ ရာသီဥတုဟာ အရမ်းကို ချမ်းအေးလွန်းတာကြောင့် မြို့တော်မှ လာရောက်သည့် စစ်သည်များသည် ထိုအခြေအနေနဲ့ အသားမကျဘဲ ဖျားနာခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ဆေးဝါးအထောက်အပံ့တွေ အလုံအလောက် ပြင်ဆင်ထားခဲ့လို့သာလျှင် သူတို့မှာ ခံသာခဲ့ကြရသည်။
လူရိုင်းများက ရွှမ်းယွမ်အင်ပါယာရဲ့စစ်တပ် ရောက်ရှိနေသည်ကို ကြားသိလိုက်ရပြီး သူတို့နှစ်ဖက်ကြား အင်အားကွားခြားချက်ကို သိရှိကာ အစောတလျင် မတုံ့ပြန်ရဲကြပေ။ သို့နှင့် စစ်ချီရာ လမ်းကြောင်းတစ်လျောက် ခြုံခိုတိုက်ခိုက်တာတွေ ဒါမှမဟုတ် ညဘက် အလစ်ဝင်တိုက်တာတွေကိုသာ ပြုလုပ်ခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြပေ။ သူတို့ရဲ့လုပ်ရပ်တွေဟာ အစီအစဉ်တကျမရှိပေမယ့် တစ်ဖက်ကို ထိခိုက်ဒဏ်ရာရအောင် အများအပြားလုပ်နိုင်သည့်အတွက် စစ်သည်များကို ခေါင်းကိုက်စေခဲ့သည်။
နွေဦးရောက်သည်အထိ တိုက်ပွဲမှာ ကြာညောင်းခဲ့လေပြီ။ ရွှမ်းယွမ်ဟန်ချန်သည် ရန်သူ၏ ပင်မတပ်ကို ထောင်ချောက်ထဲသို့ ဆွဲဆောင်ပြီး ခြုံခိုတိုက်ခိုက်ခဲ့ရာ လူရိုင်းတို့ရဲ့ တိုက်ပွဲစိတ်ဓာတ်ကို ကြီးမားစွာ ပျက်ပြားစေခဲ့သည်။ ရွှမ်းယွမ်ဟန်ချန်သည် တိုက်ပွဲ၌ ဆက်တိုက် အနိုင်ရရှိသည်ကို အခွင့်ကောင်းယူကာ လူရိုင်းများနောက်သို့ လိုက်လံတိုက်ခိုက်ရင်း တိုက်ပွဲများစွာ တိုက်ခိုက်အပြီးတွင် လူရိုင်းများ၏ မြို့တော်ဆီသို့ ချီတက်နိုင်ခဲ့သည်။
ဦးရီးတော် ကျန်းယွမ်ဟုတ်ရဲ့ အနောက်ကနေ ထောက်ပံ့မှုကြောင့် စစ်တပ်ကြီးကြပ်ရေးနှင့် အစားအသောက်ထောက်ပံ့ရေးများကို ပူပန်စရာ မလိုအပ်ခဲ့ပေ။ ပြင်းထန်တဲ့တိုက်ပွဲကြီး နှစ်ခုကို တိုက်ခိုက်အပြီးမှာတော့ ရွှမ်းယွမ်ဟန်ချန်ရဲ့ စစ်တပ်ဟာ လူရိုင်းတွေရဲ့ပင်မမြို့တော်ကို ထိုးဖောက်နိုင်ခဲ့သည်။
"အရှင့်သား၊ တပ်မှူးကျန်းယွမ်ဟုတ်က တွေ့ခွင့်တောင်းနေပါတယ်..." တဲအပြင်ဖက်ရှိ တော်ဝင်ကိုယ်ရံတော်က သတင်းပေးပို့လာ၏။
"ကျန်းယွမ်ဟုတ်ကို ဝင်လာခိုင်းလိုက်" ရွှမ်းယွမ်ဟန်ချန် ပြောပြီးသည်နှင့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦးက တဲအတွင်းသို့ ဝင်လာလေ၏။
"အရှင့်သား၊ လူရိုင်းတွေကို သုတ်သင်ပစ်ဖို့ အမိန့်ပေးလိုက်တယ်ဆို... အဲဒါ... ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းလောက် ပြန်လည်သုံးသပ်သင့်ပါတယ်၊ ပြီးတော့ ဧက္ကရာဇ် အကြောင်းပြန်တာကိုလည်း စောင့်ဆိုင်းပါဦး..."
Advertisement
ကျန်းယွမ်ဟုတ်သည် ပထမဇနီးသည်မှ မွေးဖွားလာသည့် ဧကရီ၏ သွေးသားရင်းချာ အကိုကြီးပင်။ ဤစစ်ပွဲ၌ အိမ်ရှေ့စံ၏ ဉာဏ်ပညာရှိရှိ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းကို လေးစားမိသော်လည်း စစ်သုံ့ပန်းများနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ရသည်။
"မလိုအပ်ဘူး၊ ခမည်းတော်ကို ကိုယ်တော် သတင်းပေးပို့ပြီးသား..."
ကျန်းယွမ်ဟုတ်ရဲ့ အတွေးတွေကို သူနားလည်ပေးနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာတော့ သူ့ခမည်းတော်နဲ့ညီတော်တို့က လူရိုင်းတွေကြောင့် အသက်မဆုံးရှုံးခဲ့ရလို့ သူ့ဆုံးဖြတ်ချက်တွေက ရက်စက်နေကောင်း ရက်စက်နေနိုင်တယ်။
"ဒါပေမယ့် အရှင့်သား၊ ယောကျ်ားသားတွေအပြင် မိန်းမတွေရော၊ ကလေးတွေရော၊ အသက်အရွယ်ကြီးရင့်တဲ့သူတွေကိုပါ သုတ်သင်ပစ်တာက အရှင့်သားရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေနိုင်ပါတယ်။ ... ဒါမှမဟုတ် တော်ဝင်မျိုးနွယ်တွေကိုပဲ သေမိန့်ချမှတ်လိုက်ပြီး ကျန်တဲ့သူတွေကို ကျေးကျွန်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်ရော..."
"ဦးရီးတော်၊ ကိုယ်တော်ကို ဖျောင်းဖြဖို့ ကြိုးပမ်းမနေနဲ့တော့၊ ကိုယ်တော်က ဆုံးဖြတ်ပြီးသား၊ လူရိုင်းတွေက ကလိမ်ကကျစ်ဉာဏ်များပြီး ဇွဲနပဲကြီးလွန်းတယ်၊ အမြစ်ကနေ မရှင်းထုတ်နိုင်ဘူးဆိုရင် ကျွန်အဖြစ်သတ်မှတ်လိုက်မယ်ဆိုရင်တောင် သူတို့က ကိုယ်တော်တို့ရဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်လာမှာမဟုတ်ဘူး၊ သူတို့ရဲ့ မူရင်းအရင်းအမြစ်ကကို ကွဲပြားခြားနားနေမှာ အသေအချာပဲ၊ အပြစ်ပေးကိုပေးရလိမ့်မယ်!!! ဒါက ရက်စက်တယ်လို့ဆိုရင် သူတို့ကျူးကျော်သတ်ဖြတ်ခဲ့တဲ့ ရွာတွေမှာ လူကြီးတွေ၊ ကလေးတွေ၊ မိန်းမတွေ မရှိတာမှ မဟုတ်တာ။ နောင်တစ်ချိန်မှာ မမြင်နိုင်တဲ့အန္တရာယ်ကနေ ကာကွယ်ဖို့အတွက်၊ တခြား သေးငယ်တဲ့လူမျိုးစုတွေကို ဟန့်တားဖို့အတွက် ဒီတစ်ကြိမ်မှာ ရက်စက်ရလိမ့်မယ်၊ ဒါအကောင်းဆုံး ဆုံးဖြတ်ချက်ပဲ၊ ကိုယ်တော့်ရဲ့ ဂုဏ်သိက္ခာတွေ၊ ဘာတွေ... ဘာကိုမှ ဂရုမစိုက်ဘူး၊ ခမည်းတော်လဲ ကိုယ်တော်နဲ့ သဘောထား တူညီလိမ့်မယ်လို့ ထင်တယ်..." ရွှမ်းယွမ်ဟန်ချန်ဟာ ပြောလိုက်လေ၏။
"တခြားကောင်းတဲ့အကြံဉာဏ်မရှိတော့ဘူး ဆိုရင်လည်း ထားလိုက်ပါတော့..." အိမ်ရှေ့စံရဲ့ သုံးသပ်ချက်က မှန်ကန်နေကြောင်းကို ကျန်းယွမ်ဟုတ်လည်း သဘောပေါက်သည်။ အားရိုး! ဒီလိုသာဆို အိမ်ရှေ့စံက ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ မကောင်းသတင်းတွေနဲ့တော့ ကျော်ကြားဦးမှာပဲ...
**************************************************************
ယွင်မင်းဆက်၊ ပဉ္စမမြောက်နှစ်၊ မေလ၌ အိမ်ရှေ့စံမင်းသားသည် လူရိုင်းများ၏မြို့တော်မှ လူအားလုံးကို ကျားမမရွေး၊ အသက်အရွယ်မရွေး ရှင်းလင်းသုတ်သင်ပစ်ရန် အမိန့်ချမှတ်ခဲ့လေ၏။ မြိုတစ်မြို့လုံး နေရာမလတ် သွေးများဖြင့် စွန်းထင်းသွားကာ လူအယောက်နှစ်သောင်းအား ကမ္ဘာမြေပြင်ပေါ်မှ လုံးဝဥဿုံ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ပစ်လိုက်လေ၏။ ကမ္ဘာပေါ်၌ လူရိုင်းမျိုးနွယ်ဆိုသည်မှာ မကျန်ရစ်တော့ပေ။
ဧက္ကရာဇ်ထံ သတင်းရောက်ရှိသည့်အချိန်၌ ရွှမ်းယွမ်ဟန်ချန်သည် စစ်တပ်ကို ဦးဆောင်ကာ မြို့တော်သို့ပင် ပြန်ရာလမ်း၌ပင် ရောက်ရှိနေလေပြီ။
လူရိုင်းများကို မျိုးတုန်းသတ်ဖြတ်ခဲ့သည့် အိမ်ရှေ့စံ၏လုပ်ရပ်သည် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အိမ်ရှေ့စံ၏ နည်းလမ်းများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကာ ရွှန်းယွမ်မင်းဆက်၏ ပုံရိပ်ကိုလည်း ထိခိုက်ပျက်စီးစေသည်ဟု တော်ဝင်သမိုင်းပညာရှင်များက ရေးသားဖော်ပြကာ အဆိုပြုခဲ့လေ၏။
အချို့သော လူတွေကတော့ အိမ်ရှေ့စံဟာ ကောင်းကင်သားတော်ဖြစ်တဲ့ ဧက္ကရာဇ်၏ အထက်မှ ကျော်လွန်ကာ ခွင့်ပြုမိန့်မရရှိပဲ အမိန့်ပေးခဲ့တယ်လို့ ပြောခဲ့ကြသည်။ ဒါဟာ ဧက္ကရာဇ်ကို မထီမဲ့မြင်ပြုလုပ်ခြင်း ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရသင့်တယ်လို့ ထင်မြင်ယူဆကြလေ၏။
သိုပေမယ့် ဧက္ကရာဇ်ဟာ ထိုစကားများကို ငြင်းဆန်ခဲ့သည်။ အိုး! အိမ်ရှေ့စံက အခုမှ ဆယ့်ကိုးနှစ်ပဲရှိသေးတယ်၊ ဘာပဲဖြစ်ဖြစ် အရွယ်ကောင်းလေးပဲ၊ ဆုံးဖြတ်ချက်တွေကို အရှည်သဖြင့် မစဉ်းစားမဆုံးဖြတ်နိုင်သေးဘူး၊ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ ရိုးစင်းပြီး ရက်စက်သွားတယ်။ ရလာဒ်အနေနဲ့ကတော့ အလွန်အကျွံ ဆိုးရွားသွားခဲ့တာပဲ...
ညီလာခံရဲ့ ဖိအားတွေ အောက်မှာပင် ဧက္ကရာဇ်သည် ရွေးချယ်စရာမရှိဘဲ အိမ်ရှေ့စံ မြို့တော်သို့ ပြန်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ နန်းမြို့ရိုးအပြင်ဖက်သို့ သွားရောက်ကာ ကြိုဆိုမည့် အခမ်းအနားကို ရုပ်သိမ်းလိုက်ရတော့သည်။ ထို့ပြင် အိမ်ရှေ့စံ နန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီး နောက်တွင် လဝက်ခန့်ကြာအောင် အမှားများကို ပြန်လည်သုံးသပ်ရန် အပြစ်ပေးကာ သတိပေးချက်အနေဖြင့် ညီလာခံတက်ရောက်ခွင့်ကိုလည်း ပိတ်ပင်လိုက်ရသည်။
တော်ဝင်စာကြည့်ခန်းအတွင်း၌ ဧက္ကရာဇ်သည် အိမ်ရှေ့စံအား ညွှန်ကြားလျက်ရှိနေလေ၏
"ဒီလဝက်အတွင်း မင်း ကောင်းကောင်းအနားယူလိုက်... နောက်တစ်ခါ ဒီလိုမျိုး ပြုမူတာကို ခွင့်မပြုတော့ဘူး၊ မင်းက အနာဂတ်မှာ ထီးနန်းဆက်ခံရမယ့် သူတစ်ယောက်ပဲ၊ ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းသား!! အမတ်တွေက မင်းကို ဘယ်လို ထင်မလဲ...ဟင်း!...! မေ့လိုက်တော့ ... မင်းက ငယ်သေးတာပဲ... သွားပြီးသာ အပြစ်တွေကို ပြန်သုံးသပ်လာခဲ့၊ ကိစ္စတော်တော်များများမှာ ဘယ်လို အပြုအမူဆောင်ရွက်သင့်သလဲဆိုကို မင်း များများသုံးသပ်ဆင်ခြင်ရမယ်၊ လွန်ကျူးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်တာက လုံလောက်အောင် မပြုမူတာလောက်ကို ဆိုးရွာလွန်းတယ်..."
[ T/N : 過猶不及 - guo you bu ji - Going too far is just as bad as not doing enough ]
ဧကရာဇ်ဟာ သူ့ရဲ့ ဒုတိယသားတော်ကသာ စိတ်လက်မာန်ပါ ပြုမူတတ်တယ်လို့ အမြဲထင်ခဲ့မိပေမယ့် သူ့ရဲ့သားကြီးလည်း ထိုကဲ့သို့ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ဟင်း!... အလျင်မလိုပါဘူး၊ သူ့လည်း ကျန်းမာကြံ့ခိုင်နေဆဲပဲလေ... နောက်ထပ်နှစ်အနည်းငယ်ကြာအောင် သူသင်ပြပေးနိုင်သေးပါတယ်။ အခုလည်း အိမ်ရှေ့စံက ကောင်းမွန်အောင် လုပ်ဆောင်နိုင်နေတာပဲ...
"ဟုတ်ကဲ့၊ ဒီသားတော် နားလည်ပါပြီ။"
Advertisement
- In Serial19 Chapters
The Fat Prince: The Red Moon Sacrifice
At last, the dreaded night of the Red Moon is dawning for Prince Cyrus and his misfit band of adventurers. If they don’t reach the stronghold of the Everblood vampires by nightfall, the fiends will dine on Trinity Toccatta, the princess Cyrus swore to protect, and remain their youthful, demonic selves for another 666 years. What stands in the way for Cyrus is an icy tundra, a village of insane cultists and army of demons sent from the Dark Realm itself. Will he and his friends be able to brave these treacherous dangers and make it to the Forbidden Fortress in time? And even if they do, will they be able to defeat four of the most powerful Everbloods in all of the Dark Realm? Find out in this exciting last installment of The Fat Prince.
8 197 - In Serial37 Chapters
I'm Glad You Found Me [mpreg]
He's not the first to encounter an alien. But he might be the first to fall in love with one.
8 127 - In Serial92 Chapters
Human Untouched: Requiem of the State (Sequel to Human Untouched)
Terra, allied with the State, discovers her parents were executed as Rebels. Hunting whoever betrayed them, she goes to war with the State - and the Rebellion. *****Terra left the Rebellion. She cut ties and devoted herself to the State, all to gain her freedom. But when she's released from prison, Terra discovers her parents were executed as rebels while she was inside. Someone framed them. Someone who knew her well. Determined to avenge her parents' death, Terra carves a swath through both the Rebellion and the State. She has to contact old friends, avoid the people trying to follow her, and stay one step ahead of her opponents within this conspiracy. The Angel of Death won't rest until she knows the truth... And kills whoever betrayed her. (Sequel to Human Untouched.)[[Word count: 350,000-400,000 words]]
8 87 - In Serial78 Chapters
War of The Disciples
In a world of races with the gift of controlling the elements, a war rages between the races of light, the luxcians, and the dark, the tenebrage. In the midst of this a young tenebrage recruit, Umbren, is eager to fight for his people, but after a small mistake leads to his whole unit being wiped out, his world gets pulled into chaos. Umbren is enlisted, by Lord Mortis, as part of a group to hunt down the men who butchered his unit, but he still struggles with guilt over what happened. Now Umbren must find the reason why he fights, be it revenge or for his own glory. Though this journey is not what it initially seems as he can't appear to ever escape his own misfortune when he is taken in by a luxcian household when he becomes injured. Follow Umbren's struggle as he uncovers the truths within himself and the world he thought he once knew.
8 192 - In Serial16 Chapters
World War, The Beginning
about a rotten man luck that would clearly shape another world direction. its either glory or pure destruction. find out the adventure of this young man struggling to survived in this new cold harsh world and where there is coldness there would be always warmth, experience our main character handling the trouble situation where he control the urge of his lust.
8 179 - In Serial70 Chapters
I Just Want To Be Yours // Javon Walton
What happens when a new family moves into your neighborhood? This is a fanfic about Javon, no explicit smut.
8 75

