《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟺
Advertisement
အခန်း (၉) - တော်ဝင်အမိန့်စာ - ၂
ဧကရီသည် စစ်ဆေးကြည့်ရှုပြီးနောက် သြဂုတ်လ၏ ၅ ရက်မြောက်နေ့သည် နေ့ရက်ကောင်းဖြစ်သည့်အတွက် မော့မော့အား ကြိုတင်ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
ထိုနေ့ညနေဖက်တွင် ဧကရီ၏တော်ဝင်အမိန့်စာပြန်တမ်းသည် တော်ဝင်သရေစာဆောင်၏ ငြိမ်သက်အေးဆေးနေသော အနေအထားကို ဖျက်ဆီးလိုက်လေ၏။
ဧကရီ ထုတ်ပြန်ကြေညာလိုက်သည့် အမိန့်စာကို ကြားပြီးနောက် လင်းကျားပေါင်မှာ ကြက်သေသေသွားတော့၏။
"အန်းကျူ၊ မြန်မြန် ကျေးဇူးတင်လိုက်လေ၊ မနက်ဖြန်မနက်ဆိုရင် အဆင့်မြင့်မော့မော့တွေက မင်းကို လာခေါ်လိမ့်မယ်။" ကျိုးမော့မော့သည် ကိုယ်တိုင်လာရောက်ကာ ဧကရီ၏အမိန့်စာကို ဖတ်ကြားခဲ့ခြင်းပင်။
"မယ်မယ်ရဲ့ ချီးမြှောက်မှူကို အန်းကျူ ကျေးဇူးတင်ရှိပါတယ်..." လင်းကျားပေါင်၏မျက်နှာလေးမှာ သွေးမရှိတော့သည့်နှယ် ဖြူစုတ်နေလျက်ပင် သူမအား အမြန် ဒူးထောက်ကာ ကျေးဇူးတင်လိုက်သည်။
"ကျိုးမော့မော့၊ ရှင်မြင်လား၊ ဒီကလေးက အရမ်းပျော်သွားလို့ ကျောက်ရုပ်တောင်ဖြစ်နေပြီ... ဟားဟား...." လင်းမော့မော့သည် အန်းကျူကို ထူမလိုက်ရင်း ကျိုးမော့မော့အား အပြုံးလေးနှင့် တုန့်ပြန်လိုက်သည်။
ကျိုးမော့မော့က စိတ်ထဲမထားပေ။ မသွားခင်ကိုပင် သူမက စေတနာဖြင့် အသိပေးလိုက်သေးသည်။ "ဒီညကတည်းက ရှင်တို့ နည်းနည်းပါးပါး ပြင်ဆင်ထားသင့်တယ်၊ မနက်ဖြန် မော့မော့တွေကို စောင့်မနေစေရနဲ့ဦး..."
ကျိုးမော့မော့နှင့် အမိန့်စာ ထုတ်ပြန်ရန်လိုက်လာသူတို့မှာ ပြန်သွားကြသည်။
လင်းကျားပေါင်က စတင်ကာ ငိုကြွေးလေတော့၏။
"မော့မော့၊ ကျွန်တော် ကြောက်တယ်.... " လင်းကျားပေါင်က ကျယ်လောင်စွာပင် အော်ငိုလေသည်။
ယုရွှမ်းနှင့် တခြားမိန်းကလေးနှစ်ယောက်သည် အနားသို့ ဝိုင်းလာကြကာ သူ့အား ဂုဏ်ပြုရင်း မငိုအောင် ချော့မော့ကြလေသည်။
"ဒါကောင်းတဲ့ကိစ္စပဲလေ၊ အာ... ဘာလို့ငိုနေရတာလဲ? တခြားသူတွေဆို အသနားခံတောင်းဆိုရင်တောင် ရကြတာမဟုတ်ဘူး..." ယုလုံက ချဥ်တူးတူးလေသံဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ယုလင်က ယုလုံအား ပုတ်ကာ "ဆက်မပြောနဲ့တော့၊ အန်ကျူး ဘယ်လောက်တောင် ရင်ကွဲပက်လက်ငိုနေလဲ ကြည့်ဦး..."
"မော့မော့၊ ဒါဆို ကျွန်တော် နန်းတော်ကနေ ထွက်လို့မရတော့ဘူးပေါ့နော်...ဟင့်...ဟင့်" လင်းကျားပေါင်သည် အိမ်ရှေ့စံ၏ရှောင်ရှီးတစ်ယောက်အဖြစ် ဘာလုပ်ရမလဲဆိုတာမသိပေမယ့် သူနားလည်ခံစားမိသည်မှာ သူနန်းတော်ထဲကနေ ထွက်သွားခွင့်ရှိတော့မည် မဟုတ်သည်ကိုပင်။
"ကျွန်တော်... ကျွန်တော့်မိသားစုကို အရမ်းကို လွမ်းတယ်၊ နန်းတော်ထဲကနေ ထွက်သွားတဲ့အချိန် သူတို့နဲ့ ပြန်တွေ့နိုင်မှာကိုပဲ စဥ်းစားနေခဲ့တာ၊ သူတို့အကုန်လုံးကလည်း ကျွန်တော့်ကို စောင့်နေကြမှာ..." လင်းကျားပေါင်မှာ ပြင်းထန်စွာ ငိုရှိုက်နေသည့်အတွက်ကြောင့် အသက်ရှုပင် မဝတော့ချေ။
"အာ... အန်းကျူ မငိုပါနဲ့တော့၊ နောက်ဆို မင်းက အိမ်ရှေ့စံရဲ့လူ ဖြစ်လာတော့မှာ၊ ကောင်းမွန်တဲ့နေရက်တွေက ရောက်လာတော့မှာလေ၊ နန်းတော်ထဲက ထွက်သွားဖို့ မသေချာပေမယ့် မိသားစုကို မတွေ့ရဖို့ဆိုတာ မကျိန်းသေပါဘူး..." လင်းမော့မော့က သူ့နောက်ကျောအား ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်သည်။
"ဟုတ်တယ် အန်းကျူ၊ ထပ်ငိုမနေနဲ့တော့၊ မင်းရဲ့မျက်လုံးတွေ နာနေလိမ့်မယ်..." ယုရွှမ်းကလည်း ညှင်သာစွာ ချော့မော့လိုက်ပြီး အန်းကျူအတွက် ရေနွေးတစ်ခွက်ကို ယူပေးလိုက်သည်။ သူမက ရေနွေးအိုးကို ကိုင်ကြည့်လိုက်သည့်အခါ အိုးမှာ အေးနေပြီဖြစ်လို့ "ယုလုံ ရေနွေး ထည့်ဖို့ ကူညီပေးပါဦး"
"အန်းကျူ၊ လင်းမော့မော့ပြောတာ နားထောင်လိုက်၊ ဒါဧကရီရဲ့ တော်ဝင်အမိန့်စာပဲ၊ ပြောင်းလဲလို့မှမရတော့တာ၊ မင်းလက်ခံရမှာပဲ၊ တကယ်လို့ ငြင်းဆန်လိုက်ရင် မင်းရဲ့ အသက်ကို အာမမခံနိုင်သလို မင်းမိသားစုကိုလည်း ထိခိုက်စေလိမ့်မယ်၊ သေသေချာချာလေး စဥ်းစားကြည့်လိုက်" လင်းမော့မော့ အနည်းငယ် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
"ဝူး... ဝူး... ဝူး... ဝူး... မော့မော့၊ ဟင့် ကျွန်တော်... နားလည်ပါပြီ... ဝူး... ဝူး..." လင်းကျားပေါင်သည် မော့မော့ ပြောကြားသည်မှာ မှန်ကန်ကြောင်းသိသော်လည်း သူ၏မျက်ရည်များမှာ ရပ်တန့်၍ မရချေ။
ယုလုံသည် ရေနွေးအိုးတင်ထားသည့် ဗန်းနှင့်အတူတူ ရေနွေးတည်ထားသည့်နေရာသို့ သွားလေ၏။ သူမ၏စိတ်ထဲ ထိုအကြောင်းကို တွေးမိလေလေ ပိုပြီး သဝင်တိုလာလေလေပင်။ ဘာလို့လဲ? အန်းကျူက အရမ်းကို ကံကောင်းတာပဲ။ အဲဒါ မော့မော့က သူကို အမြဲတမ်းခေါ်သွားပြီး ဧကရီရှေ့ သူ့မျက်နှာကို ပြသရလို့မလား? တကယ်လို့သာ မော့မော့က သူမကိုသာ ခေါ်သွားမယ်ဆိုရင် ဒီနေ့လို ကံကောင်းမှုက သူမအတွက် ဖြစ်လာနိုင်လိမ့်မယ်!
ယုလုံက ထိုအကြောင်းကို ပိုတွေးလေလေ ပိုပြီး မလိုလားလေလေပဲ။ သူမက ဆူပွတ်နေသည့် ရေနွေးအားကြည့်ရင်း ဆိုးယုတ်သည့်အတွေးများသည် သူမနှလုံးသားထဲတွင် ပေါက်ဖွားလာတော့သည်။ အကယ်၍သာ အန်းကျူရဲ့ မျက်နှာကသာ ပျက်ဆီးသွားခဲ့မယ်ဆိုရင်...
凸(⊙▂⊙✖ )
"ရေနွေးရပါပြီ..."
ယုလုံသည် ဆူပွတ်နေသည့်ရေအပြည့်နှင့် အိုးအား ဗန်းပေါ်တွင် တင်ဆောင်လာကာ ဂရုတစိုက် ရှေ့သို့ လျောက်လှမ်းလာသည်။ အန်းကျူ၏ အရှေ့မှ ဖြတ်လျောက်သည့်အချိန် သတိလက်လွတ်ဟန်ဆောင်လိုက်သည်။ သူမခန္ဓာကိုယ်ကို ယိုင်လိုက်ကာ ရေနွေးပူကို အန်းကျူ၏မျက်နှာထက်သို့ လှမ်းပက်လိုက်တော့သည်။
"အိုင်းယား၊ သတိထား!...."
တခဏအတွင်း အားလုံးမှာ အန်းကျူအား လှမ်းဆွဲလိုက်သည်။ ကျားပေါင်ကလည်း အလိုအလျောက် တုန့်ပြန်ကာ သူ၏လက်ဖြင့် ကာဆီးလိုက်သည်။
Advertisement
"အန်းကျူ၊ အဆင်ပြေရဲ့လား? ဘယ်ကို လောင်သွားတာလဲ?" လင်းမော့မော့က အန်းကျူကို တုန်လှုပ်စွာ ကြည့်ရင်း စစ်ဆေးလိုက်၏။
"မော့မော့... ကျွန်တော့်လက်... ကျွန်တော့်လက်နာနေတယ်။" လင်ကျားပေါင်၏ လက်ဖမိုးမှာ နီရဲကာ ရောင်ကိုင်းနေသည်။
"မြန်မြန်သွားပြီး ရေအေးနဲ့ဆေးလိုက်၊ အပူလောင်ရင်လိမ်းတဲ့ဆေးလည်း ယူလာခဲ့" လင်းမော့မော့သည် အန်းကျူအား လက်ဆေးသည့်နေရာသို့ ခေါ်သွားသည်။
"ဆေးကို ကျွန်မသွားယူလိုက်မယ်" ယုလင်းက အမြန် ပြေးထွက်သွားသည်။
မော့မော့က ကြမ်းပြင်ပေါ်လဲကျနေသည့် ယုလုံအား မြင်လိုက်ပြီး ရှေ့သို့ရောက်လာကာ ပါးရိုက်လိုက်တော့သည်။ "ယုလုံ! မင်းဘယ်လိုလုပ်လိုက်တာလဲ?"
ယုလုံသည် သူမ၏မျက်နှာအားကိုင်ကာ မယုံကြည်နိုင်စွာ ကြောင်အလျက် ရှိနေသည်။ မော့မော့က သူမကို အရင်ကတစ်ခါမျှ မရိုက်ဖူးပေ။ "မော့မော့၊ ကျွန်မတမင်လုပ်လိုက်တာ မဟုတ်ရပါဘူး၊ ခြေချင်းဝတ်လည်သွားလို့ပါ..." ယုလုံက ပြောရင်း ရှိုက်ငိုနေသည်။
လင်းမော့မော့ဆိုသည်မှာ နန်းတော်ထဲတွင် ကျင်လည်နေသည်မှာ သက်တမ်းကြာမြင့်နေသူတစ်ယောက်ပင်။ သူမက အစစ်အမှန်လား၊ အလိမ်အညာလားဆိုတာ ဘယ်လိုလုပ်ပြီး မသိပဲနေပါ့မလဲ? ယုလုံက တကယ်ကို ဒီလို စက်ဆုတ်ဖို့ကောင်းတဲ့ အကြံဉာဏ်ရှိနေတာပဲ။ ကြည့်ရတာ သူမကို ထပ်ထားထားဖို့ မဖြစ်နိုင်တော့ဘူး။
အန်းကျူလက်ကို ရေးအေးနဲ့ ဆေးဖို့ ကူပေးနေတဲ့ ယုရွှမ်းသည်လည်း ယုလုံအား စိတ်ပျက်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အပူလောင်လိမ်းဆေး ရလာပြီ။" ယုလင်းသည် လိမ်းဆေးကို ယူကာ ပြေးလာသည်။ လင်းမော့မော့သည် အန်းကျူအား ဂရုတစိုက်ဖြင့် ဆေးကို လိမ်းပေးလိုက်သည်။ ကံကောင်းစွာ အန်းကျူ၏ဒဏ်ရာမှာ မပြင်းထန်ပေ။ အနည်းငယ်နီရဲကာ ရောင်နေပေမယ့် အရည်ကြည်ဖုတော့ မထလာချေ။
"အန်းကျူ မော့မော့ မင်းကို ပစ္စည်းတွေသိမ်းဖို့ ကူပေးမယ်။ မင်းလက်ကို လှုပ်ရှားလို့ မဖြစ်ဘူး၊ ပြီးတော့ လျောက်ပြီးတော့ တွေးမနေနဲ့တော့ စောစောစီးစီးအနားယူလိုက်..." လင်းမော့မော့သည် အန်းကျူကို ခေါ်ကာ ထွက်သွားသည်။
"မော့မော့ ကျွန်မလည်း ကူပေးမယ်။" ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသည့် ယုလုံကို မကြည့်ပဲ ယုရွှမ်းသည်လည်း သူတို့နောက်မှ လိုက်သွားလိုက်သည်။
"မော့မော့၊ ကျွန်မရောပဲ..." ယုလင်လည်း အလျင်အမြန် ပြေးကာ လိုက်သွားသည်။ ယုလင်က ကလေးဆန်ပေမယ့် ဒါကို နားမလည်လောက်အောင်တော့ မတုံးအသေးပေ။ ရေနွေးပူပူအိုးက သေချာပေါက် အန်းကျူရဲ့မျက်နှာကို ဦးတည်နေခဲ့သည်ပင်။ ဒါကို တွေးလိုက်မိသည်နှင့် ယုလင်သည် အမြတ်ချောင်းချောင်းထွက်မိသည်။ ဘယ်လိုများ ယုလုံက ဒီလိုမျိုး ကြံစည်နိုင်တာလဲ?
အိမ်ရှေ့စံ၏အရှေ့နန်းဆောင် စာကြည့်ခန်းအတွင်း၌ ရွှမ်းယွမ်ဟန်ချန်သည် လင်းကျားပေါင် အပူလောင်သည့်သတင်းကို ရရှိပြီး သူ၏မျက်ဝန်းများမှ ချက်ချင်းကို အေးစက်သွားခဲ့သည်။ ဒဏ်ရာက မပြင်းထန်ဘူး ဆိုမှသာ အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ယွမ်ဖူ သင်ကြားရေးမော့မော့တွေကို သတိပေးပြီးပြီလား?" ရွှမ်းယွမ်ဟန်ချန်က မေးလိုက်လေ၏။
"အရှင့်သားကို ပြန်လည်ဖြေကြားပါတယ်၊ ကျွန်တော့ အဲဒီမှာ မော့မော့နှစ်ယောက်ကို ပြင်ဆင်ထားပြီးသွားပါပြီ။"
"မင်းထပ်သွားလိုက်ဦး၊ ပထမတန်းစား အပူလောင်လိမ်းဆေးကို ယူလာခဲ့..." ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူအား စေခိုင်းလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင့်သား..." ယွမ်ဖူက ထွက်ခွာသွားသည်။
တဖန်ထပ်မံ၍ ရွှမ်းယွမ်ဟန်ချန်က လျှို့ဝှက်ကိုယ်ရံတော်ကို ခေါ်လိုက်ပြီး "လင်းမော့မော့ကို အဲအစေခံကို ကိုင်တွယ်ဖို့ပြောလိုက်၊ တကယ်လို့ သူမ မလုပ်ချင်ဘူးဆိုရင် မင်းက သူမကို ကူပေးလိုက်"
သူ့ကလေးလေးကို ထိခိုက်စေတဲ့ ဘယ်သူမဆို တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်...
စာကြည့်ခန်းအပြင်ဖက်ရှိ တော်ဝင်ကိုယ်ရံတော်ထံမှ အသိပေးချက်ကို ရရှိလိုက်သည်။
"ချုံမော့မော့က တွေ့ခွင့်တောင်းနေပါတယ်၊ အရှင့်သား..."
"ဝင်လာခိုင်းလိုက်"
ချုံမော့မော့သည် မူလအစက ဧကရီနန်းဆောင်မှ ကြီးကြပ်ကွပ်ကဲရေးတာဝန်ခံမော့မော့တစ်ယောက်ပင်။ အသက်အရွယ်အားဖြင့် လေးဆယ်နားကို နီးနေလေပြီ။ စီမံခန့်ခွဲမှူတွင် ဝါရင့်တစ်ယောက်ပီပီ အလွန်ပင် စည်းကမ်းတင်းကြပ်သူတစ်ဦး ဖြစ်သည်။ သူမသည် ဆုံးဖြတ်ချက်ချရာတွင် လျှင်မြန်ကာ ပြတ်သားသည်။
ထိုကဲ့သို့သော သူမ၏အရည်အချင်းများကြောင့်သာလျှင် အိမ်ရှေ့စံ၏နန်းဆောင်ကို ကောင်းမွန်စွာ ရှင်းလင်းနိုင်ခဲ့သည်။ သူမကျေးဇူးကြောင့် သူ့အနောက်ဆောင်မှာ အများကြီးကို ငြိမ်ဝပ်ပိပြားသွားခဲ့ရသည်။ အိမ်ရှေ့စံကြင်ယာတော် နေမကောင်းဖြစ်စကတည်းက သူသည် ချုံမော့မော့အား အိမ်ရှေ့စံ၏အနောက်ဆောင်ကို ထိန်းသိမ်းရန် တာဝန်ပေးခဲ့သည်။
"အရှင့်သားကို နှုတ်ခွန်းဆက်သပါတယ်၊ ဒီအစေခံအိုကြီးက အရှင့်သားရဲ့ လမ်းညွှန်မှူကို လိုအပ်တာကြောင့် လာရောက်မေးမြန်းခြင်း ဖြစ်ပါတယ်။ ဧကရီ ချီးမြှောက်တဲ့ သခင်လေးလင်းကို အနောက်ဆောင်ရဲ့ ဘယ်နေရာမှာများ နေရာချထားပေးရပါမလဲ?" ချုံမော့မော့က အရင်ဦးစွာ အရှင့်သားအား ဂါရဝပြုလိုက်ပြီးမှသာ သူမလာတွေ့ရသည့် အကြောင်းအရင်းကို ပြောပြလိုက်သည်။
"အနောက်ဆောင်မှာ မဟုတ်ဘူး... ဖျင်လဲ့ခြံဝန်းထဲ နေဖို့ ပြင်လိုက်ပါ၊ ပင်မခန်းမဆောင်ကို ပြန်ပြင်ဆင်ဖို့အတွက်ကို လူရှာထားလိုက်" ရွှမ်းယွမ်ဟန်ချန်သည် အစီအစဥ်အားလုံးကို ရေးဆွဲထားပြီးသားပင်... ဖျင်လဲ့ခြံဝန်းသည် သူ့အတွင်းစာကြည့်ဆောင်နှင့် အနီးဆုံးနေရာပင်... သူပြန်လည်မွေးဖွားလာပြီးကတည်းက သူသည် ဒီနေရာမှာသာ နေလေ့ရှိခဲ့သည်။ အတော်အတန်ပင် အေးချမ်းဆိတ်ငြိမ်ပြီး ပတ်ဝန်းကျင်သဘာဝရှုခင်းမှာလည်း အလွန်လှပသည်။ ပြီးတော့ အနောက်ဆောင်နဲ့လည်း အတော်အလှမ်းဝေးသည်။ ရွှမ်းယွမ်ဟန်ချန်သည် အဲဒီမိန်းမတွေ သူ့ရတနာလေး အနားကပ်လာမည်ကို မလိုလားချေ။
"အိပ်ခန်းကို ပိုပြီးခမ်းနားအောင်ပြင်ပေးပါ၊ နောက်ပြီး အစေခံနှစ်ယောက်နဲ့ ကုန်းကုန်းတွေကိုလည်း သွားရွေးလိုက်ဦး၊ ပြီးတော့ နောင်မှာ ဖျင်လဲ့ခြံဝန်းထဲ အတွင်းစာကြည့်ခန်းရဲ့ဘေးဘက်နားမှာ စားဖိုဆောင်အသေးလေးတစ်ခု အသုံးပြုလိမ့်မယ်"
ချုံမော့မော့က ဒါကိုကြားလိုက်သည်နှင့် သခင်လေးလင်းသည် သာမာန်မဟုတ်ကြောင်း အတတ်သိလိုက်သည်။ သူမသည် စိတ်ထဲကနေ တွက်ချက်လိုက်သည်။ နောင်တွင် သခင်လေးလင်းကို ခစားရသည့်အခါ ပိုပြီး ရိုရိုသေသေ ဆက်ဆံရမည်ဆိုတာကိုပင်...
*************************
T/N : ကြိုးစားပမ်းစားနဲ့ကို နေ့တိုင်းတင်ပေးနေတယ်နော်... နောက်တစ်ပုဒ်ပြန်ဖို့ လုပ်ထားလို့ ဒီဟာကို ရှေ့ရောက်အောင် အတင်းတွန်းရေးနေတာ... ဖတ်ရတာ စာစီစာကုံးလို ဖြစ်နေရင် သတိပေးကြပါ... သတင်းကောင်းနဲ့အတူတူ ပြန်လာခဲ့ပါ့မယ်။
To My Reader, Love U All ٩◔‿◔۶
(^з^)-☆Chu!!
Advertisement
- In Serial7 Chapters
Titama
Titama's crew runs illegal clones on the streets of Neo Francisco, grown in vats with only brain stems intact. But with her boss, Muturangi, wanting to spread his tentacles of influence and greed, his latest venture takes things a step further. Over one bloody night, Titama will be forced to fight for her life, and for what she hopes is right.
8 173 - In Serial15 Chapters
Reincarnated! The Blind and Deaf Boy
The boy never needed, never wanted anything with his life. He is unlike "normal people." Not that he knew what his life, nor what his world really was.He couldn't see, he knew not of beauty, nor of atrocities. He couldn't hear, he knew not of spite, nor words of tongue. He needn't think much, for he knew no words or images to think with.He only knew desire, sensations, and pain.What would he do when he had the ability to see, hear, and do much more than "normal people"?Would he even understand it?
8 137 - In Serial35 Chapters
Wave
Wave had always considered herself a good driver. Well, until she crashes into a desk. Now her hover car is junk, her eardrums are ruptured, and instead of admitting her for a thirty-second surgery to fix it, her insurance company just gives her a damn hearing aid. When someone hacks into the hearing aid's operating system and speaks to her in the voice of the mysterious radio host Aki, Wave just wants to lock herself in her apartment and shut the whole world out. But then the news report that Aki has thrown himself to his death the day before, and Wave begins to investigate.
8 138 - In Serial8 Chapters
Black Book Saga
Lux was taken from his burning home on earth to a slave training outfit on Eden as a boy. Luckily his fate saw him purchased not for his potential as a sex slave but instead for the latent potential for magic within him. Trained as a battle mage and healer for the kingdom of Avalon, Lux had a respectable standing in life and an envious status as a slave. Yet all good things must eventually end, and as the four worlds brought together thirty four years ago drift closer to inevitable conflict Lux finds himself the subject of a strange prophecy. Main Project Random Releases (On Break) Cover Wanted!
8 197 - In Serial29 Chapters
Simulation Nation
Even software can be greedy. That's what James and the entire world learned when they woke up Saturday morning to find out that everything and everyone were only code running inside a simulation. Of course the first thing they did with that knowledge was to start a war. Now James must assemble a team that can hack the code, stop the war, and solve the question: "Why does the simulation exist?"
8 185 - In Serial12 Chapters
A spider in the arrow-verse
Get ready to jump into the CW's arrowverse as a friendly neighborhood wall crawler. How will your story turn out and how will you fit in?
8 226

