《Yibo's Baby{Completed}》Part 10
Advertisement
ၿခံထဲမွာစိုက္ထားတ့ဲ နွင္းဆီပန္းေတြကို
ရိေပၚ ကတ္ေၾကးတစ္ခုနဲ႔
ျပဳျပင္ရင္း ဒန္းေလးေပၚက
က်န္႔ေကာကို လွမ္းၾကည့္မိသည္။
မနက္ခင္းထမင္းစားၿပီးတည္း
အိမ္ျပန္မယ္ခ်ည္းလုပ္ေနတာေၾကာင့္
မရိွရိွတာနဲ႔အေၾကာင္းျပၿပီး
အနားေခၚထားရသည္ထိ။
"က်န္႔ေကာ....လာကူအံုးေလ"
"နွင္းဆီပန္းအညိဳးေတြကို
ကတ္ေၾကးေလးနဲ႔ ညႇပ္တာေတာင္
လူလိုေသးတာလား!"
"အ့ဲလိုလည္းမဟုတ္ဘူးေလ။
တစ္ေယာက္တည္းလုပ္ေနရာတအဆင္မေျပဘူး။
အနားလာၿပီး စကားေလးဘာေလး
လာေျပာပါအံုးလား။"
"ငါ့ဘာသာေတာင္ပ်င္းလို႔ ေရထမေသာက္ဘူး။
မင္းနဲ႔စကားေျပာဖို႔ဆိုပိုေ၀းေသး"
"က်န္႔ေကာတကယ္ေရဆာေနတာလား"
"အင္း...ၾကာေပါ့။မင္းငါ့ကိုခ်စ္တယ္ဆိုတာ
ဘာခ်စ္တာလဲ။ငါဘာျဖစ္ခ်င္ေနလဲေတာင္မသိဘူး"
လုပ္ၿပီ။မရိွရိွတာကိုရစ္တ့ဲက်န္႔ေကာေၾကာင့္
အေမာင္ရိေပၚ အိမ္ထဲအျမန္ေျပးကာ
ေရေျပးခပ္ရသည္။
"ေသာက္လိုက္....ေရဆာတာကိုမေျပာဘဲနဲ႔"
"အားးးးလန္းသြားတာပဲ။ေက်းဇူး ေလာင္၀မ္!"
"ဟန္...ဘယ္လိုေခၚလိုက္တယ္..."
"ေလာင္၀မ္ေလ။မႀကိဳက္ဘူးလား။"
"ႀကိဳက္တာေပါ့....ႁပြတ္!"
ေရစိုေနတ႔ဲနႈတ္ခမ္းရဲ႕အရည္လ့ဲလ့ဲေလးက
ခံနိုင္ရည္ကုိကုန္ဆံုးသြားေစသည္ထင္ပါ့။
ရိေပၚက်န္႔ေကာနႈတ္ခမ္းေလးကို နမ္းၿပီး
မ်က္စိတစ္ဖက္မိွတ္ျပေတာ့
မရိွေတာ့တဲ့့ ေရေတြကိုအတင္းမ်ိဴခ်ကာ
မ်က္လံုး၀ိုင္းႀကီးနဲ႔ၾကည့္လာတ့ဲက်န္႔ေကာ။
တအားခ်စ္သြားရင္ ပါးစပ္ထဲပဲ
ထည့္ထားလိုက္ေတာ့မွာဗ်။
🍑🍑🍑🍑🍑
"က်န္႔ေကာ...ကြၽန္ေတာ္ သြားစရာရိွလို႔
ညေနေလာက္မွျပန္ေရာက္မယ္။
စစ္ေကြၽးနဲ႔အေဖာ္လုပ္ေပးလုိက္အံုးေနာ္"
ထမင္းစားခန္းထဲမွာစစ္ေကြၽးနဲ႔စကားေျပာေနတုန္း
အက်ီ ၤအသစ္ေတြနဲ႔ေရးႀကီးသုတ္ပ်ာထြက္ဖို႔
လုပ္ေနတ႔ဲရိေပၚေၾကာင့္
"ေဟ့...ေနအံုး...ဘာျဖစ္လို႔
ရုတ္တရက္ၿကီးအသည္းအသန္ျဖစ္ေနတာလဲ"
"ကြၽန္ေတာ့္သူငယ္ခ်င္း USကျပန္လာလို႔
အ့ဲတာသြားေတြ႕ရမွာ"
"မိန္းကေလးလား"
နႈတ္ခမ္းစူခ်င္ခ်င္ျဖစ္ေနၿပီျဖစ္တ့ဲ
ေရွာင္က်န္႔ေၾကာင့္ရိေပၚ မယံုၾကည္နိုင္စြာၿပံဳးရင္း
"သ၀န္တိုေနတာလား"
ထိုအခါမွဆြဲထားတ့ဲအက်ီ ၤစေလးကိုလႊတ္ေပးရင္း
ဂုတ္ေလးကိုအေၾကာင္းမ့ဲပြတ္သပ္ေနရွာသည္။
ပါးျပင္ေလးေတြ ရဲေနတာေၾကာင့္
ရွက္ေနတာသိသာလြန္းသည္ေလ။
"သြား...သြားေတာ့ေလ။
ေနာက္က်ေနၿပီမလား"
"ဟုတ္..သြားၿပီေနာ္...မြ"
ပါးတစ္ဖက္ကိုပိုင္စိုးပိုင္နင္း နမ္းသြားေသးတ့ဲ
ရိေပၚကို ေရွာင္က်န္႔ ေၾကာင္စီစီနဲ႔သာ
ၾကည့္ေနလိုက္ေတာ့သည္။
🍑🍑🍑🍑🍑
အခ်ိန္အေတာ္ၾကာတ့ဲထိ ျမည္သံမရိွတ႔ဲPhေလးေၾကာင့္
ေရွာင္က်န္႔စိုးရိမ္စိတ္တို႔ ငယ္ထိပ္တက္ေဆာင့္ေနသည္။
ဘာေၾကာင့္ စိုးရိမ္ေနလဲမသိေပမ့ဲလို႔
သူရိေပၚကိုစိတ္မခ်တာသာ
သိသည္။
"က်န္႔ေကာ..ထိုင္ေနဗ်ာ"
စစ္ေကြၽးက စိတ္မရွည္သလိုေျပာတာေၾကာင့္
ေရွာင္က်န္႔ခဏေတာ့ထိုင္လိုက္သည္။
ဒူးနွစ္ဖက္ကို တနွ႔႔ံနွ႔ံလႈပ္ရင္း
နာရီကိုၾကည့္ေနမိသည္။
အျပင္မွာေမွာင္လို႔မဲလို႔ျဖစ္ေနၿပီ။
၀မ္ရိေပၚ ဘာလို႔ခုထိမလာနိုင္ေသးတာလဲ
"ငါသြားလိုက္အံုးမယ္.."
စစ္ေကြၽးရဲ႕ေခၚသံကိုၾကားေပမ့ဲ အေရးမစိုက္စြာ
အိမ္ျပင္ထြက္လာခ့ဲလိုက္ေတာ့
ၿခံျပင္မေရာက္ခင္ ေျခလွမ္းတို႔ရပ္တန္႔သြားရသည္။
"က်န္႔....အာ.."
စစ္ေကြၽးကလည္းေနာက္ကေျပးလိုက္လာရင္း
ၿခံေရွ႕က ျမင္ကြင္းေၾကာင့္
ရပ္တန္႔သြားသည္။
စစ္ေကြၽးအသံေၾကာင့္လွည့္ၾကည့္လာတ့ဲ
ရိေပၚကလည္းရင္ခြင္ထဲကေကာင္မေလးကို
တြန္းလႊတ္ကာေရွာင္က်န္႔ကို
အလန္႔တၾကားၾကည့္လာသည္။
"က်န္႔ေကာ..."
ေရွာင္က်န္႔ အျမင္ေတြေ၀ဝါးလာေစတ့ဲ
မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္ပစ္ၿပီး
ရိေပၚကိုေက်ာ္တတ္သြားဖို႔ျပင္လိုက္ေပမ့ဲ
"က်န္႔ေကာ...ကြၽန္ေတာ္ရွင္းျပပါရေစအံုး"
"ငါ့လက္ကိုလႊတ္၀မ္ရိေပၚ။
ငါဒီေလာက္ပဲအရွက္ကြဲခ်င္တယ္"
"မဟုတ္ဘူး..က်န္႔ေကာ။
ကြၽန္ေတာ္ ...က်စ္...က်န္႔ေကာရာ"
"ငါ့ကိုစိတ္မရွည္သလိုစုတ္သပ္မေနနဲ႔။
ငါမင္းကိုဘာမွေ၀ဖန္ေျပာေနတာမဟုတ္ဘူးေနာ္။
ငါ့လက္ကိုလႊတ္။"
"ကြၽန္ေတာ္ရွင္းျပၿပီးရင္ သြားခြင့္ေပးမယ္။
ဟုတ္ၿပီလားက်န္႔ေကာ"
"နားမေထာင္ဘူး...မင္းကိုလည္းမျမင္ခ်င္ဘူး။
အ့ဲေကာင္မေလးနဲ႔ဘယ္အေနထားထိရိွခ႔ဲၿပီး
အိမ္ျပန္လာလို႔မခြဲနိုင္မခြာနိုင္ျဖစ္ေနတာလဲ..."
"က်န္႔ေကာ...ပိုက္ေ၀ကိုအ႔ဲလိုမေျပာနဲ႔"
"ေအာ္...မေျပာနဲ႔တ့ဲလား။
ငါေျပာတာမွန္သြားလို႔ နာတာလား။
မင္းနဲ႔အ့ဲေကာင္မ ဘယ္ေလာက္ထိပတ္သတ္ၿပီးလို႔
ဆတ္ဆတ္ထိမခံျဖစ္ေနတာလဲ"
"သူနဲ႔ကြၽန္ေတာ့ဆက္ဆံေရးကို ကုိယ့္ဘာသာ
ေခါင္းစဥ္ေတြေလ်ွာက္တပ္မေနနဲ႔ေနာ္။
ကြၽန္ေတာ္ မေျဖရွင္းဘဲေနလိုက္မွာ"
"ငါကေရာ ေျဖရွင္းခ်က္ကိုေတာင္းေနလို႔လား။
မင္းမွာေပးစရာဆင္ေျခမရိွတုိင္း
ေလ်ွာက္ေျပာမေနနဲ႔၀မ္ရိေပၚ။"
"က်န္႔ေကာ...ေတာ္ေတာ့ဗ်ာ။ပိုက္ေ၀ကို
အားနာစရာႀကီး"
"အားနာေနလိုက္...မင္းရဲ႕ မိတ္ေဆြႀကီးကိုပဲ
အားနားေနလိုက္"
"အိမ္မွာ ခဏေလးထားခ့ဲမိတာနဲ႔
က်န္႔ေကာဒီလိုစကားေတြထြက္တတ္လာတာလား။"
"မဟုတ္ဘူး။ဒါငါ့ပံုစံအမွန္ပဲ။
အ့ဲေတာ့ဘာျဖစ္လဲ။
မင္းလို တစ္ညအိပ္မိန္းမေတြနဲ႔ သာယာခ့ဲတ့ဲ
သူထက္စာရင္...."
"က်န္႔ေကာ!!"
ေျမာက္တက္သြားတ့ဲ ရိေပၚ
လက္တစ္ဖက္ကိုေရွာင္က်န္႔ေတြေတြေလးၾကည့္ေနသည္။
အငိုပင္တိတ္သြားတာမို႔
ရိေပၚမွားမွန္းသိလိုက္ကာ
"က်န္႔ေကာ.."
လွမ္းဖက္ဖို႔ျပင္လိုက္တ့ဲ ကိုယ္ေလးက
ေနာက္ကို ယို႔ယို႔ေလးဆုတ္သြားတာေၾကာင့္
ေလထဲမွာတင္ ရိေပၚလက္ေတြတန္းလန္း။
"က်န္႔ေကာ...ကြၽန္ေတာ္..."
"အဟင့္....အီးးးးး"
ေဆာင့္ေၾကာင့္ထိုင္ၿပီး အသံၿပဲႀကီးနဲ႔ေအာ္ငိုတ႔ဲက်န္႔ေကာေၾကာင့္
ရိေပၚ ဖက္ၿပီးပဲနွစ္သိမ့္ရမလို။
မတ္တပ္ပဲရပ္ေနရမလိုနွင့္
ကုန္းကြကြျဖစ္ေနရသည္။
"အီးးးးးၿဗဲ...အေျဖေတာင္မေပး..ရေသးတာကိုေတာင္
လက္နဲ႔႐ြယ္တာ..အေျဖ...အေျဖသာ
ေပးၿပီးရင္..ငါ့ကို...သတ္မလား...
မသိဘူး...မုန္းတယ္၀မ္ရိေပၚ...
ေစာက္ဂ်ပု...ေစာက္က်င့္ကိုက...
ေကာင္း...မေကာင္းဘူး...
မင္းကိုေသေတာင္...အေျဖမေပး...
မေပးေတာ့....အီးးးးးးး"
ရိူက္ကာရိူက္ကာေျပာသြားသည့္
စကားျပတ္ေတာင္းျပတ္ေတာင္းမ်ားၿပီးသည့္ေနာက္
၀မ္ရိေပၚကို မ်က္ေထာင့္နီႀကီးနဲ႔
ေမာ့ၾကည့္ကာ မတ္တပ္ရပ္ကာ
ဖုန္ခါရင္း အိမ္ဘက္ကိုလွည့္သြားတာေၾကာင့္
"က်န္႔ေကာ..ခဏေန.."
"လႊတ္..!"
လက္ကိုေဆာင့္ခ်ၿပီးထြက္သြားတာေၾကာင့္
ရိေပၚလည္း ဆက္မလိုက္ေတာ့ဘဲ
ထားလိုက္ရသည္။
ပိုက္ေ၀ကေတာ့ မ်ပ္ရည္ေလး၀ဲေနရွာၿပီ။
"ေတာင္းပန္ပါတယ္ပိုက္ေ၀ ...သူက..
နည္းနည္း..."
ပိုက္ေ၀က မ်က္ရည္စေလးေတြသုတ္ကာ
ေခါင္းရမ္းျပရင္း
"နင္လူတစ္ေယာက္ကို အသည္းအသန္
ေတာင္းပန္တာဒါပထမဆံုးပဲေနာ္။
သူ႔ကိုအ႔ဲေလာက္ေတာင္ခ်စ္လား.."
ရိေပၚျပန္မေျဖမိဘဲ ဆိတ္ဆိတ္ေနလိုက္မိသည္။
ေစာေစာကဖက္ထားတယ္ဆိုတာကလည္း
သူမက ျပန္ခါနီးရိေပၚကို
ခ်စ္ေၾကာင္းေျပာကာ အေျဖေတာင္းေနျခင္းပင္။
ရုတ္တရက္လာဖက္တ့ဲ သူမကို
တြန္းမလႊတ္နိုင္ခ့ဲတာက သူမက
ရိေပၚရဲ႕ အသက္သခင္ျဖစ္ေနခ႔ဲတာကတစ္ေၾကာင္း
ငယ္ငယ္က အခ်စ္ဦးမို႔အားနာတာကတစ္ေၾကာင္းေၾကာင့္
ျပန္လည္ဖက္တြယ္ထားမိသည္။
သူမတို႔မိသားစုေၾကာင့္ ရိေပၚတို႔
ဒီအေျခေနေရာက္ခ့ဲသည္ဆိုလည္းမမွားေပ။
သူမကိုေပြ႕ဖက္ေနမိတုန္း က်န္႔ေကာေရာက္လာတာေၾကာင့္
ေၾကာက္စိတ္လန္႔စိတ္ေတြေပါင္းကာ
တြန္းလႊတ္ၿပီးမွ အားနာရသည္။
ထိုအခ်ိန္မွာက်န္႔ေကာစကားလံုးေတြေၾကာင့္
ကာေျပာေပးမိရင္း လက္ပါမိသလိုျဖစ္သြားရတာမို႔
သူက်န္႔ေကာကိုအားနာလွၿပီ။
သူမစကားတစ္ခ်ိဴ႕ကုိ ၾကားလိုက္
မၾကားလိုက္နွင့္ပင္မို႔
သူမကနားလည္သြားသည့္ပံုနွင့္ ေခါင္းကို
တစ္ဆတ္ဆတ္ညိမ့္ကာထြက္သြားသည္
သူမကားေလးအေ၀းေရာက္တာနဲ႔
မီးေရာင္မ့ဲေနေသာ က်န္႔ေကာအိမ္ေလးကိုလွမ္းေငးေတာ့
အေၾကာင္းစံုၾကည့္ေနခ႔ဲတ့ဲ
စစ္ေကြၽးက
"မမပိုက္ေ၀ကို ကာေျပာေပးတာအားမ်ားသြားၿပီ။
က်န္႔ေကာက ေကာကိုညခင္းႀကီး
ထြက္ရွာဖို႔လုပ္ေနတာ။"
ထိုမ်ွသာေျပာၿပီးအိမ္ထဲ၀င္သြားတ့ဲစစ္ေကြၽးက
ေသေအာင္ေခ်ာ့ေတာ့ ဟုရိေပၚကို
သတိေပးသြားပံု။
မဟုတ္လည္းေခ်ာ့ေနရတာမို႔
ၿပံဳးမိေသးသည္။
*စိတ္ပူေပးလို႔ေက်းဇူးပါက်န္႔ေကာ
မနက္က်မွ ေကာင္းေကာင္းေခ်ာ့ပါ့မယ္။*
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ပစ္ထားမိတာအရမ္းၾကာသြားပါၿပီ
ဖတ္ေနၾကေသးလား အသိေလးေပးၾကပါအံုး😅
Updateေလးမွန္မိေအာင္ပါ😘😘
ခြံထဲမှာစိုက်ထားတဲ့ နှင်းဆီပန်းတွေကို
ရိပေါ် ကတ်ကြေးတစ်ခုနဲ့
ပြုပြင်ရင်း ဒန်းလေးပေါ်က
ကျန့်ကောကို လှမ်းကြည့်မိသည်။
မနက်ခင်းထမင်းစားပြီးတည်း
အိမ်ပြန်မယ်ချည်းလုပ်နေတာကြောင့်
မရှိရှိတာနဲ့အကြောင်းပြပြီး
အနားခေါ်ထားရသည်ထိ။
"ကျန့်ကော....လာကူအုံးလေ"
"နှင်းဆီပန်းအညိုးတွေကို
ကတ်ကြေးလေးနဲ့ ညှပ်တာတောင်
လူလိုသေးတာလား!"
"အဲ့လိုလည်းမဟုတ်ဘူးလေ။
တစ်ယောက်တည်းလုပ်နေရာတအဆင်မပြေဘူး။
အနားလာပြီး စကားလေးဘာလေး
လာပြောပါအုံးလား။"
"ငါ့ဘာသာတောင်ပျင်းလို့ ရေထမသောက်ဘူး။
မင်းနဲ့စကားပြောဖို့ဆိုပိုဝေးသေး"
"ကျန့်ကောတကယ်ရေဆာနေတာလား"
"အင်း...ကြာပေါ့။မင်းငါ့ကိုချစ်တယ်ဆိုတာ
ဘာချစ်တာလဲ။ငါဘာဖြစ်ချင်နေလဲတောင်မသိဘူး"
လုပ်ပြီ။မရှိရှိတာကိုရစ်တဲ့ကျန့်ကောကြောင့်
အမောင်ရိပေါ် အိမ်ထဲအမြန်ပြေးကာ
ရေပြေးခပ်ရသည်။
"သောက်လိုက်....ရေဆာတာကိုမပြောဘဲနဲ့"
"အားးးးလန်းသွားတာပဲ။ကျေးဇူး လောင်ဝမ်!"
"ဟန်...ဘယ်လိုခေါ်လိုက်တယ်..."
"လောင်ဝမ်လေ။မကြိုက်ဘူးလား။"
"ကြိုက်တာပေါ့....ပြွတ်!"
ရေစိုနေတဲ့နှုတ်ခမ်းရဲ့အရည်လဲ့လဲ့လေးက
ခံနိုင်ရည်ကိုကုန်ဆုံးသွားစေသည်ထင်ပါ့။
ရိပေါ်ကျန့်ကောနှုတ်ခမ်းလေးကို နမ်းပြီး
မျက်စိတစ်ဖက်မှိတ်ပြတော့
မရှိတော့တဲ့ ရေတွေကိုအတင်းမျိူချကာ
မျက်လုံးဝိုင်းကြီးနဲ့ကြည့်လာတဲ့ကျန့်ကော။
တအားချစ်သွားရင် ပါးစပ်ထဲပဲ
ထည့်ထားလိုက်တော့မှာဗျ။
🍑🍑🍑🍑🍑
"ကျန့်ကော...ကျွန်တော် သွားစရာရှိလို့
ညနေလောက်မှပြန်ရောက်မယ်။
စစ်ကျွေးနဲ့အဖော်လုပ်ပေးလိုက်အုံးနော်"
ထမင်းစားခန်းထဲမှာစစ်ကျွေးနဲ့စကားပြောနေတုန်း
အကျီ င်္အသစ်တွေနဲ့ရေးကြီးသုတ်ပျာထွက်ဖို့
လုပ်နေတဲ့ရိပေါ်ကြောင့်
"ဟေ့...နေအုံး...ဘာဖြစ်လို့
ရုတ်တရက်ကြီးအသည်းအသန်ဖြစ်နေတာလဲ"
"ကျွန်တော့်သူငယ်ချင်း USကပြန်လာလို့
အဲ့တာသွားတွေ့ရမှာ"
"မိန်းကလေးလား"
နှုတ်ခမ်းစူချင်ချင်ဖြစ်နေပြီဖြစ်တဲ့
ရှောင်ကျန့်ကြောင့်ရိပေါ် မယုံကြည်နိုင်စွာပြုံးရင်း
"သ၀န်တိုနေတာလား"
ထိုအခါမှဆွဲထားတဲ့အကျီ င်္စလေးကိုလွှတ်ပေးရင်း
ဂုတ်လေးကိုအကြောင်းမဲ့ပွတ်သပ်နေရှာသည်။
ပါးပြင်လေးတွေ ရဲနေတာကြောင့်
ရှက်နေတာသိသာလွန်းသည်လေ။
"သွား...သွားတော့လေ။
နောက်ကျနေပြီမလား"
"ဟုတ်..သွားပြီနော်...မွ"
ပါးတစ်ဖက်ကိုပိုင်စိုးပိုင်နင်း နမ်းသွားသေးတဲ့
ရိပေါ်ကို ရှောင်ကျန့် ကြောင်စီစီနဲ့သာ
ကြည့်နေလိုက်တော့သည်။
🍑🍑🍑🍑🍑
အချိန်အတော်ကြာတဲ့ထိ မြည်သံမရှိတဲ့Phလေးကြောင့်
ရှောင်ကျန့်စိုးရိမ်စိတ်တို့ ငယ်ထိပ်တက်ဆောင့်နေသည်။
ဘာကြောင့် စိုးရိမ်နေလဲမသိပေမဲ့လို့
သူရိပေါ်ကိုစိတ်မချတာသာ
သိသည်။
"ကျန့်ကော..ထိုင်နေဗျာ"
စစ်ကျွေးက စိတ်မရှည်သလိုပြောတာကြောင့်
ရှောင်ကျန့်ခဏတော့ထိုင်လိုက်သည်။
ဒူးနှစ်ဖက်ကို တနှံ့နှံ့လှုပ်ရင်း
နာရီကိုကြည့်နေမိသည်။
အပြင်မှာမှောင်လို့မဲလို့ဖြစ်နေပြီ။
၀မ်ရိပေါ် ဘာလို့ခုထိမလာနိုင်သေးတာလဲ
"ငါသွားလိုက်အုံးမယ်.."
စစ်ကျွေးရဲ့ခေါ်သံကိုကြားပေမဲ့ အရေးမစိုက်စွာ
အိမ်ပြင်ထွက်လာခဲ့လိုက်တော့
ခြံပြင်မရောက်ခင် ခြေလှမ်းတို့ရပ်တန့်သွားရသည်။
"ကျန့်....အာ.."
စစ်ကျွေးကလည်းနောက်ကပြေးလိုက်လာရင်း
ခြံရှေ့က မြင်ကွင်းကြောင့်
ရပ်တန့်သွားသည်။
စစ်ကျွေးအသံကြောင့်လှည့်ကြည့်လာတဲ့
ရိပေါ်ကလည်းရင်ခွင်ထဲကကောင်မလေးကို
တွန်းလွှတ်ကာရှောင်ကျန့်ကို
အလန့်တကြားကြည့်လာသည်။
"ကျန့်ကော..."
ရှောင်ကျန့် အမြင်တွေဝေဝါးလာစေတဲ့
မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ပြီး
ရိပေါ်ကိုကျော်တတ်သွားဖို့ပြင်လိုက်ပေမဲ့
"ကျန့်ကော...ကျွန်တော်ရှင်းပြပါရစေအုံး"
"ငါ့လက်ကိုလွှတ်ဝမ်ရိပေါ်။
ငါဒီလောက်ပဲအရှက်ကွဲချင်တယ်"
"မဟုတ်ဘူး..ကျန့်ကော။
ကျွန်တော် ...ကျစ်...ကျန့်ကောရာ"
"ငါ့ကိုစိတ်မရှည်သလိုစုတ်သပ်မနေနဲ့။
ငါမင်းကိုဘာမှဝေဖန်ပြောနေတာမဟုတ်ဘူးနော်။
ငါ့လက်ကိုလွှတ်။"
"ကျွန်တော်ရှင်းပြပြီးရင် သွားခွင့်ပေးမယ်။
ဟုတ်ပြီလားကျန့်ကော"
"နားမထောင်ဘူး...မင်းကိုလည်းမမြင်ချင်ဘူး။
အဲ့ကောင်မလေးနဲ့ဘယ်အနေထားထိရှိခဲ့ပြီး
အိမ်ပြန်လာလို့မခွဲနိုင်မခွာနိုင်ဖြစ်နေတာလဲ..."
"ကျန့်ကော...ပိုက်ဝေကိုအဲ့လိုမပြောနဲ့"
"အော်...မပြောနဲ့တဲ့လား။
ငါပြောတာမှန်သွားလို့ နာတာလား။
မင်းနဲ့အဲ့ကောင်မ ဘယ်လောက်ထိပတ်သတ်ပြီးလို့
ဆတ်ဆတ်ထိမခံဖြစ်နေတာလဲ"
"သူနဲ့ကျွန်တော့ဆက်ဆံရေးကို ကိုယ့်ဘာသာ
ခေါင်းစဉ်တွေလျှောက်တပ်မနေနဲ့နော်။
ကျွန်တော် မဖြေရှင်းဘဲနေလိုက်မှာ"
"ငါကရော ဖြေရှင်းချက်ကိုတောင်းနေလို့လား။
မင်းမှာပေးစရာဆင်ခြေမရှိတိုင်း
လျှောက်ပြောမနေနဲ့ဝမ်ရိပေါ်။"
"ကျန့်ကော...တော်တော့ဗျာ။ပိုက်ဝေကို
အားနာစရာကြီး"
"အားနာနေလိုက်...မင်းရဲ့ မိတ်ဆွေကြီးကိုပဲ
အားနားနေလိုက်"
"အိမ်မှာ ခဏလေးထားခဲ့မိတာနဲ့
ကျန့်ကောဒီလိုစကားတွေထွက်တတ်လာတာလား။"
"မဟုတ်ဘူး။ဒါငါ့ပုံစံအမှန်ပဲ။
အဲ့တော့ဘာဖြစ်လဲ။
မင်းလို တစ်ညအိပ်မိန်းမတွေနဲ့ သာယာခဲ့တဲ့
သူထက်စာရင်...."
"ကျန့်ကော!!"
မြောက်တက်သွားတဲ့ ရိပေါ်
လက်တစ်ဖက်ကိုရှောင်ကျန့်တွေတွေလေးကြည့်နေသည်။
အငိုပင်တိတ်သွားတာမို့
ရိပေါ်မှားမှန်းသိလိုက်ကာ
"ကျန့်ကော.."
လှမ်းဖက်ဖို့ပြင်လိုက်တဲ့ ကိုယ်လေးက
နောက်ကို ယို့ယို့လေးဆုတ်သွားတာကြောင့်
လေထဲမှာတင် ရိပေါ်လက်တွေတန်းလန်း။
"ကျန့်ကော...ကျွန်တော်..."
"အဟင့်....အီးးးးး"
ဆောင့်ကြောင့်ထိုင်ပြီး အသံပြဲကြီးနဲ့အော်ငိုတဲ့ကျန့်ကောကြောင့်
ရိပေါ် ဖက်ပြီးပဲနှစ်သိမ့်ရမလို။
မတ်တပ်ပဲရပ်နေရမလိုနှင့်
ကုန်းကွကွဖြစ်နေရသည်။
"အီးးးးးဗြဲ...အဖြေတောင်မပေး..ရသေးတာကိုတောင်
လက်နဲ့ရွယ်တာ..အဖြေ...အဖြေသာ
ပေးပြီးရင်..ငါ့ကို...သတ်မလား...
မသိဘူး...မုန်းတယ်ဝမ်ရိပေါ်...
စောက်ဂျပု...စောက်ကျင့်ကိုက...
ကောင်း...မကောင်းဘူး...
မင်းကိုသေတောင်...အဖြေမပေး...
မပေးတော့....အီးးးးးးး"
ရိူက်ကာရိူက်ကာပြောသွားသည့်
စကားပြတ်တောင်းပြတ်တောင်းများပြီးသည့်နောက်
၀မ်ရိပေါ်ကို မျက်ထောင့်နီကြီးနဲ့
မော့ကြည့်ကာ မတ်တပ်ရပ်ကာ
ဖုန်ခါရင်း အိမ်ဘက်ကိုလှည့်သွားတာကြောင့်
"ကျန့်ကော..ခဏနေ.."
"လွှတ်..!"
လက်ကိုဆောင့်ချပြီးထွက်သွားတာကြောင့်
ရိပေါ်လည်း ဆက်မလိုက်တော့ဘဲ
ထားလိုက်ရသည်။
ပိုက်ဝေကတော့ မျပ်ရည်လေးဝဲနေရှာပြီ။
"တောင်းပန်ပါတယ်ပိုက်ဝေ ...သူက..
နည်းနည်း..."
ပိုက်ဝေက မျက်ရည်စလေးတွေသုတ်ကာ
ခေါင်းရမ်းပြရင်း
"နင်လူတစ်ယောက်ကို အသည်းအသန်
တောင်းပန်တာဒါပထမဆုံးပဲနော်။
သူ့ကိုအဲ့လောက်တောင်ချစ်လား.."
ရိပေါ်ပြန်မဖြေမိဘဲ ဆိတ်ဆိတ်နေလိုက်မိသည်။
စောစောကဖက်ထားတယ်ဆိုတာကလည်း
သူမက ပြန်ခါနီးရိပေါ်ကို
ချစ်ကြောင်းပြောကာ အဖြေတောင်းနေခြင်းပင်။
ရုတ်တရက်လာဖက်တဲ့ သူမကို
တွန်းမလွှတ်နိုင်ခဲ့တာက သူမက
ရိပေါ်ရဲ့ အသက်သခင်ဖြစ်နေခဲ့တာကတစ်ကြောင်း
ငယ်ငယ်က အချစ်ဦးမို့အားနာတာကတစ်ကြောင်းကြောင့်
ပြန်လည်ဖက်တွယ်ထားမိသည်။
သူမတို့မိသားစုကြောင့် ရိပေါ်တို့
ဒီအခြေနေရောက်ခဲ့သည်ဆိုလည်းမမှားပေ။
သူမကိုပွေ့ဖက်နေမိတုန်း ကျန့်ကောရောက်လာတာကြောင့်
ကြောက်စိတ်လန့်စိတ်တွေပေါင်းကာ
တွန်းလွှတ်ပြီးမှ အားနာရသည်။
ထိုအချိန်မှာကျန့်ကောစကားလုံးတွေကြောင့်
ကာပြောပေးမိရင်း လက်ပါမိသလိုဖြစ်သွားရတာမို့
သူကျန့်ကောကိုအားနာလှပြီ။
သူမစကားတစ်ချိူ့ကို ကြားလိုက်
မကြားလိုက်နှင့်ပင်မို့
သူမကနားလည်သွားသည့်ပုံနှင့် ခေါင်းကို
တစ်ဆတ်ဆတ်ညိမ့်ကာထွက်သွားသည်
သူမကားလေးအဝေးရောက်တာနဲ့
မီးရောင်မဲ့နေသော ကျန့်ကောအိမ်လေးကိုလှမ်းငေးတော့
အကြောင်းစုံကြည့်နေခဲ့တဲ့
စစ်ကျွေးက
"မမပိုက်ဝေကို ကာပြောပေးတာအားများသွားပြီ။
ကျန့်ကောက ကောကိုညခင်းကြီး
ထွက်ရှာဖို့လုပ်နေတာ။"
ထိုမျှသာပြောပြီးအိမ်ထဲဝင်သွားတဲ့စစ်ကျွေးက
သေအောင်ချော့တော့ ဟုရိပေါ်ကို
သတိပေးသွားပုံ။
မဟုတ်လည်းချော့နေရတာမို့
ပြုံးမိသေးသည်။
*စိတ်ပူပေးလို့ကျေးဇူးပါကျန့်ကော
မနက်ကျမှ ကောင်းကောင်းချော့ပါ့မယ်။*
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ပစ်ထားမိတာအရမ်းကြာသွားပါပြီ
ဖတ်နေကြသေးလား အသိလေးပေးကြပါအုံး😅
Updateလေးမှန်မိအောင်ပါ😘😘
Advertisement
- In Serial160 Chapters
Annihilation Maker DXD
Reincarnated into DXD world.
8 1392 - In Serial7 Chapters
Path of the Dragon Mage
(LitRPG/GameLit) (Now on Book 2. Book 1 will be on KU and Audible Nov 23rd!) Born magically talentless, Prince Corvus is an embarrassment the royal family and is removed from succession. However, he still has a chance to win back his throne. The next man or woman to hatch a dragon automatically becomes the ruler. Each member of the royal family is gifted with a dragon egg, but it is the work of a lifetime to hatch it. The first time Corvus touches his dragon egg, he receives an odd notification: He has found a soulbound item and is tasked with an epic quest to hatch it... but only if he can walk the winding path of the dragon mage. Armed with notifications, skill increases, and levels only he can see, Corvus is determined to hatch his dragon.
8 171 - In Serial21 Chapters
ReProject- Sealed Memories
A GOD who experienced many kinds of reincarnation. He who escapes from death traveled in different worlds. He who experienced different kinds of happiness and suffering. Through the reincarnations, the seal that shackled his soul weakened. After millions of years. Through the work of fate, a magic came from his original world summoned him back. What kind of thing will happen? If a GOD who escape from the world that tried to kill him goes back to get his revenge. Ps- Original Work of imhere.
8 479 - In Serial6 Chapters
The First Nightmare
The First Nightmare.... a terrifying being of malformed flesh and bone, a twisted being of immense power and dark wrath, a being that should not exist. The story begins in a world called Shalen, a world of old gods and a world rushing towards ruin, one where magic and strength rule, where dangerous creatures are in every part of the land, a place where you better not tread alone. What happens when a mage is betrayed, cut down in the cruelest of ways by those who are supposed to be your friends, left for dead in a forsaken pit of a cave, surrounded by the rotting corpses of slain enemies. Well.... you better make sure you burn him, cause death is not going to stop whats coming, a mages wrath is deadly, a Nightmare is cataclysmic, woe be the betrayers, for he comes.
8 123 - In Serial11 Chapters
the mangled monster; improved.
Mangle is the robot that gets bullied daily by the toy animatronics, who refer to her as 'The Monster'. Everything seems hopeless to Mangle, and she starts to lose hope of ever having a life again. until she meets Foxy...Foxy. Her old, withered counterpart! As they meet one day, the foxes realise how alike they are, and as the days go on, Mangle feels herself falling in love with Foxy. As the bullying from the toys gets harsher, and Foxy and Mangle's relationship gets stronger, a certain animatronic starts to stick up for Mangle, making her life even better. Until bad news occurs at the pizzeria, which threatens to ruin Foxy and Mangle's relationship...forever.
8 68 - In Serial22 Chapters
reborn in the beast world
Because of a bracelet that attracted me , I was reborn as a nonexistent character of my favourite novel the beauty and the beasts .How will I survive in this world with my space and handsome husbands.
8 167

