《ရင်ခွင်ကောင်းကင်(completed)》Ep-4
Advertisement
ပီတိရေမိုးချိုး ထမင်းစားသောက်ပြီး အခန်းထဲမှာ fbထိုင်သုံးနေမိသည်။ကြည့်နေရင်း သတင်းတစ်ပုဒ္ကိုဖတ်လိုက ်မိသည် သတင်းကတော့ လတ်တလောနာမည်ကြီးနေတဲ့ဇာတ်လမ်းတွဲထဲကမင်းသမီးနဲ့သူချစ်သူသူဌေးသားအကြောင်းရေးထားတာဖြစ်သည်။မင်းသမီးက သူချစ်သူကိုစနိုက်တဲ့သူကို သူအကောင့်မှာလာမစနို်က်နဲ့သူတို့နှစ်ယောက်ကဘယ်လောက်ချစ်ပြီးခိုင်မြဲတယ်စနိုက်တဲ့လူကိုသည်းခံမှာမဟုတ်တဲ့အကြောင်းကိုရေးထားတာကို သတင်းလုပ်ရေးထားခြင်းဖြစ်သည်။
"အမလေးသိုင်းလောက ကရှုပ်ထွေးလိုက်တာ စာပဲဖတ်တော့မယ်"
ကိုယ်ကလူတစ်မျိုးရှုပ်ရှုပ်ရှပ်ရှပ်တွေမကြိုက် အားရင်စာအုပ်ပဲဖတ်ရတာကိုပဲကြိုက်သည်။မင်းသမီးက သူမတို့ကုမ္ပဏီကသူဆိုတော့မနက်ကျ အလုပ်ရှုပ်အုံးမယ်တူပါတယ် ရည်းစားထားတာမလွယ်ပါလားလို့ ကြီးကြီးကျယ်ကျယ်တွေးလိုက်သည်။
ကောင်းကင်တစ်ယောက်ရေချိုးနေရင်း ဖုန်းသံကြားလို့ တပတ်ပတ်ပြီးထွက်လာကာ ဖုန်းကိုကောက်ကိုင်လိုက်သည် ။တစ်ဖက်မှကျော်စွာက "ဘောစ့် ခေတ်နဒီတော့ ပြသနာ ရှာလိုက်ပြန်ပြီး"
"ဘာဖြစ်လို့လဲသူက"
"သူရည်စားကို စနိုက်ပါတယ်ဆိုပြီးfbမှာပွဲရှာလိုက်တယ်ဘောစ့် သူပါတယ်ဇာတ်လမ်းတဲွကလည်းထုတ်နေဆဲဖြစ်နေတော့ ကြည့်ရှုနှုန်းပေါ်သက်ရောက်သွားမှာစိုးရိမ်ရတယ်ဘောစ့်"
"အေးပါ မင်းကိုပဲလွှဲလိုက်မယ်ဖြစ်တယ်မဟုတ်လား"
"စိတ်ချပါ ဘောစ့်"
ကျော်စွာနဲ့ပြောပြီးသူဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်သည်။အဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းကာ ထမင်းစားခန်းထဲဝင်လာခဲ့သည်။ထမင်းစားခန်းထဲရောက်တော့ထမင်းပွဲပြင်နေတဲ့ ကြီးကြီးနွယ်က သူကိုမြင်တော့
"ဟော သားတောင်ဆင်းလာပြီးစားတော့မလားအဆင်သင့်ပဲ"
"ဟုတ်ကဲ့ ကြီးကြီးပါတစ်ခါထဲစားလိုက်ပါလား ဘကြီးထူးရော"
"သူကခြံထဲမှာသားရဲ့ သားစားနှင့်လိုက်ပါ ကြီးကြီးမဆာသေးဘူး"
"ဟုတ်ကဲ့"
သူလည်းအမြဲတစ်ယောက်ထဲစားနေရတာကျင့်သားရနေပါပြီလေ ။စားနေရင်းနဲ့သူမကိုသတိရသွားသည် သူမရောဒီချိန်ဘာလုပ်နေမလဲ ညစာစားနေမလားတွေးလိုက်မိသည်။
ပီတိရုံးထဲ ဝင်လိုက်တာနဲ့ခေါင်းချင်းဆိုင်နေကျတဲ့ လူတွေကိုတွေ့လိုက်သည်။အနားသို့အသာလျှောက်သွား ပြီးဘာတွေဆွေးနွေးနေလဲဆိုတာ နားထောင်လိုက်သည်။မနေ့ကခေတ်နဒီ အကြောင်းကိုပြောနေတာကို သူမမသိတာတွေပါ ပါလားတော့ နားထောင်နေလိုက်သည်။ထုံးစံအတိုင်း ပင်တိုင်စကားပြောသူမယုက "နဒီက ရုပ်လေးလှပြီး နည်းနည်းအောင်မြင်တာနဲသူလုပ်ချင်တာလုပ်တာပဲ အရင်ကရည်းစားမထားရဆိုတာကိုသူအရင်စာချုပ်ဖောက်တယ် ခုလည်းပြသနာတစ်ခုထပ်ရှာပြန်ရော ဒီတစ်ခါသူဌေးတော့ ဘယ်လိုအပစ်ပေးမယ်မသိဘူး ဒဏ်ကြေးလောက်နဲ့မပြီးလောက်ဘူးထင်တယ်"
"ဟုတ်မယ် သူကတော့ဖြုံမှာမဟုတ်ဘူး"
"သူကောင်လေးကလဲ ပိုက်ဆံရှိ ရုပ်ကလည်းချောဆိုတော့ စိတ်မချတွေဖြစ် ဉစ္စာတွေခြောက်လုပ်မိလုပ်ရာတွေလုပ်တော့တာပဲ"
"ဘာပဲဖြစ်ဖြစ်ကိုယ်က ဆင်ခြင်ရမှာပဲ အနုပညာရှင်မလား"
"ငါသတိထားမိသလောက်ကတော့ အခုတလော မင်းသမီးတွေက သူတို့ရည်းစားတွေကဘာပေးတာညာပေးတာ သူတို့ချစ်သူတွေက အရမ်းချစ်တက်ကြောင်းတွေ ကိုတင်နေကြတာမသိရင်ပြိုင်နေသလိုပဲ"
"အေးဟုတ်ပ နင်ပြောမှပဲသတိထားမိတယ်"
"ကဲကဲ ကိုယ့်နေရာကိုယ်ပြန်ကြတော့ဟေ့"
မယုပြောခါမှပဲ သူနေရာသူပြန်သွားကြသည်။သူမလည်း နေရာသို့သွားပြီး လုပ်စရာရှိတာလုပ်နေလိုက်သည်။နေ့လည်စာစားချိန်ရောက်တော့ bbcမယုမှ ခေတ်နဒီ နောက်ဇာတ်လမ်းတွဲမှာ မပါနိုင်တော့ကြောင်း အပြစ်ဒဏ်က ကြီးကြောင်းပြောပြသည်။
ရုံးဆင်းချိန်ရောက်တာနဲ့ကားမှတ်တိုင်သို့လမ်းလျှောက်လာခဲ့သည်။ကားစောင့်နေရင်း သူမရှေ့သို့အနက်ရောင်ကားတစ်စီးရပ်လာခဲ့သည်။ကားမှန်ကိုချလိုက်ပြီး
"မမြတ်နိုးပီတိ ကားစောင့်နေတာလား ကျနော်လိုက်ပို့ပါ့မယ် ကျနော်လဲ အင်းစိန်ဘက်သွားစရာရှိလို့"
'သူဌေးက ငါအင်းစိန်မှာနေတာလဲသိတာပဲလား လိုက်သွားရမလား ကောင်းပမလား အော် လမ်းကြုံလို့ပါဆိုထွေထွေထူးထူးစဉ္းစားနေတယ်ငါလဲ'
ကောင်းကင်သူခေါ်တာကို စဉ္းစားနေတဲ့သူမလေးကိုကြည့်လိုက်သည်။အတင်းကြီးလဲ မခေါ်ရဲတော်ကြာသူကိုလန့်သွားမှ ဇာတ်လမ်းတောင်မစလိုက်ရပဲ အဆုံးသတ်သွားမှ သူရင်နာရချေရဲ့။
ပီတိလည်းစဉ္းစားမနေပဲ ကားတစ်ခါးဖွင့်ပြီးထိုင်လိုက်သည်။စိတ်ထင်နေလို့လားတော့မသိဘူး သူဌေးကတစ်ချက်တစ်ချက်သူမကိုကြည့်နေသလိုပဲ။ကားairconဖွင့်ထားတော့တဖြည်းဖြည်းနဲ့အေးလာပြီး သူမလက်တွေကိုပိုက်ထားမိသည်။ဒါကိုသူက တွေ့သွားပြီး
"ကားနောက်ကထိုင်ခုံပေါ်မှာ ကျတော်ကုတ်အိင်္ကျီရှိတယ်ခနဝတ်ထားပါလား"
"အာမဟုတ်တာ မဝတ်တော့ဘူး ကျေးဇူးပါ"
"ဝတ်လိုက်ပါ ကျတော်ကိုအားနာစရာမလိုပါဘူး"
သူကဝတ်ခိုင်းနေတော့လည်းငြင်းမနေတော့ပဲ
ယူဝတ်လိုက်သည်။အိင်္ကျီက နွေးနေပြီး ရေမွှေးနံသင်းသင်းလေးအနံရနေသည်။သူမတော်ရုံအမွေးနံ့ကိုမကြိုက်ပါ ခေါင်းမူးတက်သည် ထို့ကြောင့်ရေမွှေးမသုံးပါ သူမကိုယ်ကချွေးနံမနံတက်လို့မသုံးတာလဲပါသည်။ဒါပေမဲ့ ဒီအနံ့ကမနံပဲ မွှေးနေသည်။
ကောင်းကင်သူဘေးနားက သူအိင်္ကျီထဲမြုတ်နေသော ကောင်မလေးချစ်မြတ်နိုးစွာကြည့်လိုက်သည်။
'ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲကွာ'
ကြည့်နေရင်း သူအသည်းတွေယားလာသည်။
"ရောက်ပြီဆရာ ဒီလမ်းထိပ်မှာချပေးထားခဲ့လိုက်ပါ"
"ရပါတယ်ကျနော် အထဲထိလိုက်ပို့ပေးပါမယ့်"
"ဟုတ်ကဲ့"
"အဲရှေ့ကနှစ်ထပ်အိမ်လေးဆရာ"
"ဆရာလိုက်ပို့ပေးလို့ ကျေးဇူးပါ ကောင်းကောင်းသွားပါရှင့်"
"ဟုတ်ကဲ့ပါဗျ"
ကားသံကြားလို့နဲတူတယ် အမေကအိမ်ထဲကထွက်လာသည် ။
"သမီး ကိုဘယ်သူလိုက်ပို့တာလဲ"
"သူဌေးလိုက်ပို့တာ သူလည်းလမ်းကြုံလို့ခေါ်တာနဲ့လိုက်လာတာ"
"အော်အေးအေး လာလာ အထဲဝင်"
ကောင်းကင်သူမကို ပို့ပြီးအိမ်ပြန်လာသည်။လမ်းကြုံတယ်ဆိုပြီး သူညာပြီလိုက်ပို့မိသည်။နောက်လည်း ဒီနည်းလမ်းကိုကြုံသလို အသုံးချရပါအုံးမည်။
ဒေါက် ဒေါက် ဒေါက်
"သမီးရေ ထတော့ မေမေနဲ့အပြင်လိုက်ခဲ့အုံး"
စောစောစီးစီး အမေလာနိုးတာလဲသူမနိုးသွားသည်။ပိတ်ရက ်မို့အိပ်နေပါတယ်ဆိုမှပဲ
အမေက လာနိုးနေသည်။
"အွန်း အမေကလည်း ဘယ်သွားမှာမို့လဲ အစောကြီးရှိသေးတယ်"
"ငါသူငယ်ချင်းရဲ့သမီးမင်္ဂလာဆောင်သွားမှာ လိုက်ခဲ့ နင့်ကိုလူတောတိုးခိုင်းဖို့"
"ဟင် ခါတိုင်သမီးကလူတောမတိုးလို့ ခွေးခြံထဲ သွားနေလို့လားအမေရယ် ကြည့်ပြောပါအုံး ကိုယ့်သမီးလေးကို ပြောရက်တာ"
"လျှာရှည်တယ်ညည်း မြန်မြန်ပြင်ဆင်တော့ ကြာပါတယ် ငါကိုယ်တိုင်ပဲ ပြင်ပေးမယ်"
သားမိနှစ်ယောက်ပြင်ဆင်ပြီး အိမ်ကထွက်လာသည်။ဖေဖေကကားမောင်းနေရာကနေ "ဟာငါ့သမီး တယ်လှနေပါလား"
"မေမေပေါ့ အတင်းအလှတွေဇွတ်ပြင်ပေးနေတာ ဆံပင်ကလည်းထုံးထားတာနာလိုက်တာ
အိင်္ကျီကလည်း ဒီထက်ပြောင်လက်နေတာရှိသေးရဲ့လား ဆဲွကြိုးတွေလက်ကောက်တွေကလဲ ဝတ်ပေးထားတာ သူကြီးသမီးကျနေတာပဲ"
ဖေဖေကတော့သူမပြောတာကို နားထောင်ပြီးတစ်ဟားဟားရယ်နေသည်။မေမေကတော့
သူမကိုမှန်ထဲကနေ မျက်စောင်းတွေစွတ်ထိုးနေတော့တာပဲ ပါးစပ်ကလည်း။
"ညည်းလူလိုသူလို မဝတ်လာမှာဆိုးလို့ငါဆင်ပေးတာလျှာမရှည်နဲ့တိတ်နေ ကြိုပြောထားပါရဲ့ဟိုကျရင်ကန့်လန့်လုပ်ဖို့မစဉ္းစားနဲ့တိတ်တိ်တ်နေကြားလား"
"ဟုတ်"
ပိုက်ဆံဘယ်လောက်ရှိလဲတော့မသိ ဆောင်တဲ့နေရာကတော့ ဆီဒိုးနားမှာဆောင်သည်။ဟိုတယ်စာ စားရမှာပေါ့ ကားကိုပါကင်ထိုးပြီး မင်္ဂလာဆောင်တဲ့အထပ်ကိုဓာတ်လှေကားနဲ့တက်လာခဲ့သည်။ခန်းမထဲ ဝင်မှအမေငါကိုဝတ်ခိုင်းတာတောင် နည်းသေးတယ်လို့ တွေးလိုက်သည်။သတို့သား၊သတို့သမီးမိဘတွေကအပေါက ်မှာကြိုဆိုနေသည် မေမေကိုမြင်တော့သတို့သမီးအမေက " ကြည်ပြာသူငယ်ချင်းလာလာ သမီးလေးရောပါတာကို ကိုထွန်းခင်ရောပဲလာပါရှင့်"
"စားပွဲဝိုင်းနေရာချပေးမယ် အရင်ထိုင်ကြအုံး"
အဖေ နဲ့အမေနဲ့အတူနေရာချပေးတဲ့နေရာမှာထိုင်နေရင်း အခမ်းအနားကိုကြည့်နေမိသည်။
ကြည့်နေရင်းမေမေသူငယ်ချင်းအန်တီကြီးရောက်လာသည်။မေမေကစပြီး
"မျိုးရယ်နင့် သမက္ ကဆရာဝန်ကိုညည်းကံကောင်းတယ်သိလား"
"သမီးက အရွေးတော်လို့ပါအေ ငါလည်းတော်ရုံလူဆိုမစဉ္းစားပါဘူး သမီးကအရမ်းလိမ္မာတာ မိဘကကလေကချေတွေ မရွေးနဲ့ဆိုတော့ ဆရာဝန်သမက ်ရှာလာတာပဲကြည့်တော့"
' ဘယ်လိုတောင်စျေးတွက်တွက်နေတာ တုန်း သူသမီးကမသိရင်ရောင်းကုန်ကျလို့
လူတွေများ ငွေမျက်နှာကြည့်ကျတာကို တစ်သက်လုံးကိုယ့်ပဲမယားမှတ်မှတ်ပေါင်းဖို့ပဲအဓိကမဟုတ်လား' သူမစိတ်ထဲတွေးနေမိသည်။
"နင့်သမီးကရော ကြည်ပြာ"
"သမီးက ကလေးပဲရှိသေးပါတယ်"
"အမလေး မငယ်တော့ဘူး ဒီအရွယ်တည်းက ပြောထားမှ ငါ့သမီးလိုတင့်တောင်းတင့်တယ်ဖြစ်မှာမလား သမီးလေး သမီးမမကြည့်ပြီးအတုယူကြားလား"
'အမလေးတော်ပါပြီ မရရင်နေပါ စျေးဗန်းတော့မခင်းပါရစေနဲ့ရှင့်' စိတ်ထဲမှာပဲပြောရဲပါတယ်အပြင်မှာတော့
"ဟုတ်ကဲ့ အန်တီ" ဆိုပြီးမချိပြုံးပြီးပြောပြီး
မေမေနဲ့ဖေဖေကိုကြည့်တော့ သူမကိုကြည့်ပြီးရယ်နေသည်။
Advertisement
- In Serial16 Chapters
A Magical Life: Ink Swan
What life would you live after you wake up in a foreign room and world? After Lisa fell asleep in her classroom, she suddenly found herself in a different body and a different world. Easy-going as she is and experienced with some otherworldly drama, she quickly adjusts. Her aspiration has been for a long to just live a peaceful and passive life observing others. Yet, with a princess visiting her every other day after she saved her, the passive day seem so far away. Faced with the turmoil surrounding the princess, Lisa has to come to terms with her own insecurities and past, or she'll risk what she loves.Of course, in between she won't forget to learn some long-desired magic! This is in the end a story about a girl leaving the stagnation of her own world, her own life and going into a world moving on its own without her intervention, and she'll have to deal with the consequences, should she stay still. Love and Life can be fleeting, after all.
8 216 - In Serial45 Chapters
Love, Lust or Bloodlust?
Gaara casted a jutsu on Naruto, and Gaara wants to kill Naruto now. And together, (with others!!) the have to go capture a missing nin. So, now, does Gaara really want to kill naruto?? And is there really a jutsu on Naruto???? Is this a yaoi??????Answers in the story.
8 312 - In Serial26 Chapters
The Prince of Hell
Asmodeus is the king of Edom. Magnus rules as prince at his side. He is an alpha and the most powerful warlock in the world. Alec is the first omega to be born in over 5 centuries. He's his family's & the clave's most precious treasure. What happens when the time comes for him to choose a mate. Malec Mpreg.'As Magnus opened his eyes again, his glamour fell.If Alec was breathing before, he definately wasn't breathing now. He couldn't explain it, but as he looked into those cat like eyes, darkened and burning with desire, he felt his whole body grew weak.'This story will have smut and is suitable for mature readers only.I do not own the rights to the characters they belong to Cassandra Clare. But the story is all mine baby.
8 122 - In Serial67 Chapters
Blind By Love
"This is Rumaan's child" I heard mama said. I didn't look up at her. I keep my head lowered. because I didn't have the courage to face her."This is not my child," he said abruptly.I looked at him with wide eyes. I was beyond shocked. What he just said.Did I hear him right? No, he can't say that. How can he?But as he looked away from me, my heart beats stopped. my breath hitched.And that's where he broke me completely"HOW DARE YOU RUMAAM" mama yelled and slapped him."Mama..." he was shocked that his mother slapped him" don't call me mama.," she yelledand was about to hit him again but I stopped her"no mama," I said and they all turned to me I slowly get up and went in front of them" he's right.. this is not his child" I put my hand on my stomach and said I had tears in my eyes but I did not let them fall in front of him whom I loved with my everything because now I was tired of crying for his love. I was blind. Blind by love but not anymore.Everyone looked at me shocked even Rumaan couldn't believe what I just said★★★Hana Rafeeq Mirza a beautiful innocent kind-hearted 20 years old girl Everyone loves cared and respect her but the one she loves since childhood her cousin her love of life, didn't love her neither he respects her.Rumaan Ahmed Mirza a hot handsome and flirt 23 years old boy. He was famous as a playboy in America.He never cared for those things which he gets easily and that's what Hana whom he got so easily. And he just wanted to get rid of her at any cost.He knew that Hana was crazy for him that's why he always took her advantage.Will Rumaan ever realize his mistakes or if he realised it will be too late???Want to know?? Yes? Then join their journey with meWarning: this is my first story and English is not my mother tongue. so it maybe has a lot of grammar mistakes. So read it at your own riskStarted: 26/1/2020Finished:16/6/2020#1 in heartbreak#4 in betrayal #3 in spiritual#1 in innocent#1 in spiritual
8 149 - In Serial15 Chapters
Love and Fire\G!P
Alexa Blackfyre is the bastard daughter of King Viserys Targaryen. She knows that she has a blood of a Targaryen yet she has different mother from her step-sister, Princess Rhaenyra. She's older than the princess, and she was accepted in their castle as a blacksmith and taker of armory.Alexa has an androgynous face that most of the citizen in King's landing called her as the cursed Targaryen, or rather a cursed bastard as she has both male and female sturcture and genitial. But there's a prophecy that will change the whole fate for the Targaryen line, as love and fire will fulfill the family.~~Alexa Blackfyre is G!PThis is RhaenyraxOC
8 178 - In Serial37 Chapters
Master's Boy (mxb)
[Book 2] Jerry McQueen was a needy bottom and proud to admit it. However, even he couldn't deal with the attention of a very persistent older man.Jerry didn't think that a man twice his age was an appropriate partner, but would his curiosity get the best of him? And what if curiosity - and, admittedly, intimacy - turned into something more?-Book 1: Professor's Pet*PS: Mature and naughty things happen within the electronic pages of this book.*Disclaimer: Why is the boy on the cover smoking? I have no clue. None of these characters smoke. It looks artsy I guess. Don't smoke, people.
8 209

