《ရင်ခွင်ကောင်းကင်(completed)》Ep-7
Advertisement
စထွက်ပြီဆိုကတည်းက လှေကားပေါင်းများစွာနဲ့ တောင်တက်လမ်းတွေဆိုတော့ တက်ရတဲ့လမ်းရှိသလို ပြန်ဆင်းရတာလည်းရှိသည်။စထွက်တုန်းက လူစုအကုန်ထွက်ပေးမဲ့
လမ်းတစ်လျှောက် ဆိုင်တန်းမှာစျေးဝယ်တဲ့သူနဲ့ ဘုရားတွေ့လို့ဝင်ပူဇော်တဲ့သူနဲ့လမ်းလျှောက်တာနှေးတာမြန်တာ လိုက်ပြီး လူစုကွဲသွားကြသည်။လမ်းတစ်လျှောက်လူမပျက်တဲ့အတွက် စိုးရိမ်စရာလည်းမရှိပေ၊ပီတိလမ်းအေးဆေးပဲ လျှောက်နေရင်း
တစ်နေရာရောက်တော့ နားနေတဲ့သူဌေးကိုတွေ့သည်။
ကောင်းကင်စထွက်တည်းက သူမနောက ်ကိုကြည့်ပြီးလိုက်လာခဲ့တာ သူမကမသိပေ
လမ်းတစ်လျှောက်တွေ့သမျှစျေးဆိုင်မှာ မုန့်ဝယ်စားသည်။ဒါမှမဟုတ် အထည်ဆိုင်မှာ စျေးမေးသည်။ခုလဲ ဘုရားဝင်ကန်တော့နေလို့ သူလည်းကန်တော့ပြီ ခမ်လှမ်းလှမ်းမှာ စောင့်နေလိုက်သည်။
"မမြတ်နိုးပီတိ အတူသွားရအောင် တစ်ခြားလူတွေမရှိတော့ဘူး "
"ဟုတ်ကဲ့"
"ဒီကျောက်ထပ်ကြီး ဘုရားကိုလာဖူးနေကျလား"
"ဟုတ်တယ် အရင်ကကျောင်းတက်တုန်းကသူငယ်ချင်းတွေနဲ့တစ်နှစ်တစ်ခေါက်လာဖူးနေကျ ကျောက်ထပ်ကြီးကတော်ရုံလူတွေ သိမ့်မသွားပေမဲ့ ပီတိတို့သူငယ်ချင်းတွေကတော့အမြဲလာဖြစ်တယ်"
လမ်းနည်းနည်းတက်ရခက်တဲ့နေရာတွေ ကျတော့ သူမမှာတက်ရခက်နေပုံရသည်။သူလက်ကိုသူမရှေ့ ဆန့်ထုတ်လိုက်ပြီ
"ကိုယ်လက်ကိုကိုင်ပြီးလိုက် ချော်ကျမှာဆိုးလို့"
"ဟုတ်ကဲ့"
ဆိုပြီးသူ့လက်ထဲ ကို ရောက်လာတဲ့ လက်နွေးနွေး ပိစိလေးကို သူဆုပ်ကိုင်လိုက်ပြီး ဘယ်တော့မှ မလွှတ်တော့ ဘူးလို့ သူတွေးလိုက်သည်။
"ပီတိကိုယ်စကားခနလာက် ပြောချင်လို့ ရမလား"
"ဟုတ်ပြောလေ သူဌေး"
သူမရှေ့တည့်တည့်ရပ်လိုက်ပြီ သူမလက်နှစ်ဖက်ကိုသူလက်နဲ့ဆုပ်ကိုင်ပြီး မျက်နှာကိုကြည့်လိုက်သည်။သူမလည်း အနည်းငယ် ကြောင်သွားပုံ ရသွားပြီး သူကိုနားမလည်တဲ့
မျက်ဝန်းတွေနဲ့ ကြည့်နေသည်။
"ကိုယ်ဒီစကား ကိုပြောချင်နေတာ ကြာပါပြီး
ဒါပေမဲ့ ပြောဖို့ကိုစောင့်နေတာ ကိုယ်ကိုအခွင့်အရေးသမားလို့မထင်လိုက်ပါနဲ့ ဒီနေ့မှမပြောဖြစ်ရင် ဘယ်တော့မှ ပြောခွင့်ရှိမှန်းမသိလို့ ကိုယ်အလေးအနက်ပြောပါရစေ ကိုယ်မင်းကို ချစ်တယ် "
"ဟို သူဌေးကပီတိကို"
"ဟုတ်တယ် မင်းကိုကိုယ်ချစ်တာ ဒါပေမဲ့ ခုချက်ချင်းဖြေဖို့မလိုဘူး မင်းစဉ္းစားပါ ကိုယ့်အတွက်ချစ်တယ်ဆိုတာကလွှဲလို့ တစ်ခြားအဖြေကို ကိုယ်မလိုချင်ဘူး မင်းဘက်ကမချစ်သေးလည်း ကိုယ်ကိုချစ်လာအောင် ကိုယ်ကြိုးစားမယ် "
သူဘာသာ ချစ်စကားတွေပြောနေတဲ့ လူကြီးကို သူမကြည့်လိုက်သည်။သူမအတွက် မထင်ထားတဲ့အတွက် အံဩမိသည်။သူမအတွက် သူကမလောဘူးဆိုတဲ့အတွက် သူမခေါင်းအေးအေးထားကာ စဉ္းစားပါအုံးမည်။
ကောင်းကင်သူရှေ့မှာ တွေးနေသောသူမကိုကြည့်လိုက်သည်။ဘာတွေ အသဲအသန်တွေးနေလဲတော့ မသိပေ။သူမလက်တွေကို မချင့်မရဲ ဖျစ်လိုက ်မှ သူကိုကြည့်လာသည်။
"ကိုယ်တို့သွားရအောင် ဟိုမှာလူတွေ စုံနေလောက်ပြီ"
ပြောပြီးလက်တစ်ဖက် ကို မလွှတ်ပဲ သူမကိုဆဲွခေါ်သွားသည်။သူတို့နှစ်ယောက် ဘုရားနားရောက ်မှလက်ကိုလွှတ်လိုက်သည်။လူတွေ အကုန်စုံနေပြီ ရွှေသင်္ကန်းကပ်ဖို့ စောင့်နေကျသည်။သူလည်းအလှူခံဌာနသို့ သွားကာ ရွှေသင်္ကန်းကပ်လိုက်သည်။သူမလည်းနောက ်မှ အလှူငွေလာထည့်သည်။ရွှေသင်္ကန်းက ကျောက်တုံးအမြင့်ကြီးပေါ်မှာ ဘုရား တည်ထားတော့ သာမန်လူတက်ကပ်လို့မရပေ ကြိုးတန်းပေါ်ကနေလမ်းလျှောက်ပြီး ကြိုးဝိဇ္ဇာ ကကပ်ပေးခြင်းဖြစ်သည်။ရွှေသင်္ကန်းကပ်ပြီးတာနဲ့ နေလည်စာစားမယ့်ကရင်ရွာကို အပြန်လမ်းမှာဝင်ရမည် ဖြစ်သည်၊သူ သူမကိုတစ်ချက်လှမ်းကြည့်တော့ မယုနဲ့လက်တွဲပြီးရှေ့က ထွက်သွားပြီးဖြစ်သည်။သူလည်း ကျော်စွာနဲ့အတူ ထွက်လာခဲ့သည်။ကရင်ရွာက လမ်းမကြီးကနေ အထဲကိုတော်တော်ဝင်ရသည် လမ်းကကောင်းတာကြောင့် ခရီးမနှောင့်ပေ ဟိုရောက်တော့ နားဖို့လုပ်ထားတဲ့ကွစ်ပျစ်ပေါ်မှာ ထိုင်နားရင်း ကျော်စွာကိုစိတ်ထဲ ကြိမ်းလိုက ်မိသည် ထမင်းစားဖို့ဒီလောက်လမ်းလျှောက်ရတယ်လို့ တော်တော်တော်တဲ့ကောင်လို့ ပြောလိုက ်မိသည်။ကျော်စွာက ကရင်လင်မယားနဲ့စကားပြောရင်း သူကိုလှမ်းကြည့်တာကြောင့် သူလဲနှုတ်ဆက်လိုက်သည်။
"ဒါကကျနော် တို့သူဌေး ဉီးကောင်းကင်သစ် "
"ဒါကတော့ ကျနော်တို့ကိုဧည့်ခံမယ့် အမိုးတို့လင်မယားပါ"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
"ဟုတ်ကဲ့"
ရွာလေးက အိမ်ခြေ၁၀အိမ်လောက်ပဲ ရှိမည်သူတို့ တည်းတဲ့နေရာရဲ့ရှေ့မှာ ဘုန်းကြီးကျောင်းရှိသည်။ဘုန်းကြီးကျောင်းသို့ သူတို့သွားကန်တော့ပြီး ဘုန်းဘုန်းအားအလှူငွေကပ်ခဲ့လိုက်သည်။သူတို့ပြန်လာတော့ ထမင်းစားဖို့ အဆင်သင့်ဖြစ်နေသည်။သူ
သူမရှာလိုက်တော့ ထမင်းဝိုင်းကိုကူပြင်နေသည်။သူလည်းလက်ဆေးပြီး စားလိုက်သည်။ဘေးနားကကျော်စွာက
"ဆရာစားရတာအဆင်ပြေလား တောဝက်သားချက်ကကောင်းတယ်ဆရာ"
"အဆင်ပြေတယ် င့ါကိုဂရုမစိုက်နဲ့စား ကောင်းတယ်"
ပီတိကတော့ တစ်ခါတစ်လေမှတောဝက်သား
စားရလို့အကြိုက်တွေ့နေသည် ။မျှစ်ချည်ဟင်းလည်းပါတော့ ထမင်းစားပိုမိန်လေသည်။စားပြီးသောက်ပြီး ခနနားကာ ရွာထဲလျှောက်ကြည့်ကြသည်။ခမ်လှမ်းလှမ်းမှာ
ယောကျာ်းလေးတွေက ကျွဲကောသီးခူးနေကျသည်။သူမလည်းဘုန်းကြီးကျောင်းဘေးနားက မြေနီလမ်းလေးအတိုင်းလျှောက်လာခဲ့သည်။နောက်က လူလိုက်လာတဲ့အသံကြားတော့ သူဖြစ်နေသည်။
'ဒုက္ခပဲ သူကိုရှောင်ထွက်လာပါတယ်ဆို နောက်ကလိုက်လာရတယ်လို့'
"ပီတိ ခနလောက်နေပါအုံး ကိုယ်ကိုမရှောင်ပါနဲ့ စကားပြောရအောင်"
"ဟုတ်ကဲ့"
"လာလမ်းလျှောက်ရင်း စကားပြောရအောင်
ကိုအကြောင်းပြောပြမယ် ကိုယ်အဖေနာမည်
ဉီးမိုးကောင်းကင် အမေကခင်သီသီထွန်း ကိုယ်ကတစ်ဉီးတည်းသောသား အဖေနဲ့အမေက နိုင်ငံခြားမှာလုပ်ငန်းရှိတော့ အဲ့မှာပဲနေတာများတယ် ကိုယ်ကငယ်ငယ်ကတည်းက အဘွားနဲ့နေတာခုတော့အဘွားမရှိတော့ ကိုယ့်တစ်ယောက်ထဲပေါ့ ချာတိတ်ကရော"
"ပီတိက အဖေနဲ့အမေရယ်မောင်လေးတစ်ယောက်ရယ်ရှိတယ် အဖေကကုမ္ပဏီမှာမန်နေဂျာ အမေကအင်းစိန်စျေးမှာ အထည်ဆိုင်ဖွင့်တယ် မောင်လေးကတော့ဆယ်တန်းတက်နေတယ် ပီတိမယုံရဲဘူးသူဌေး ပီတိတို့ကအခြေအနေချင်းမတူပါဘူးသူဌေး"
"အဆင့်အတန်းတွေကိုဘေးဖယ်ထားပါ ကိုယ့်တို့ချစ်နေဖို့ပဲလိုပါတယ် ကိုယ်ကတစ်ယောက်တည်းသမား ဆိုတော့နွေးနွေးထွေးထွေး မိသားစုဘဝကိုတောင့်တတယ် အဲဒီဘဝကိုမင်းနဲ့ပဲတည်ဆောက်ချင်တယ် ကိုယ့်ကိုပြန်ချစ်ဖို့စဉ္းစားပါကွာနော်"
"ဟိုသူဌေးကလဲ ဇွတ်ပဲနော် ပြောတော့စဉ္းစားပါအုံးဆိုပြီး ဇွတ်အဖြေတောင်းနေပါလား"
"စဉ္းစားပါချာတိတ် ဒါပေမဲ့ကိုယ်ကတော့ မင်းကို တွေ့တာနဲ့အဖြေတောင်းရမှာပဲ"
"လူလည် ကြီးပဲ "
"ဟား မလည်ပါဘူးကွာ ချစ်တော့လဲ ကြိုက်မရှက်ဆိုတဲ့စကားအတိုင်းပဲပေါ့ ဟုတ်ဘူးလား"
"ကဲကိုယ်တို့ကြာနေပြီ သွားကြရအောင်"
"ဟုတ်ကဲ့"
အပြန်လမ်းမှာတော့ မောမောပန်းပန်းနဲ့ပြန်လာခဲ့ကြသည်။ဟိုတယ်ပြန်ရောက်တော့ အနားယူပြီး ရေချိုးလိုက်သည်။လိုင်းခနသုံးရင်း ကောင်းကင်သစ်ဆိုတဲ့အကောင့်နဲ့သူလာအပ်တာကို တွေ့လိုက်သည်။လက်ခံတဲ့ခလုတ်လေးကို နှိပ်လိုက်သည်။မကြာပါဘူး
စာတွေ ဆက်တိုက်ဝင်လာသည်။ညဘက်ဘုရားအတူဖူးချင်လို့ ထွက်လာခိုင်းနေသည်။ပီတိလည်း အလှဆုံးဖြစ်မဲ့ မြန်မာဝမ်းဆက်အနီရောင်လေးကို ထုတ်ဝတ်လိုက်ပြီး မိတ်ကပ်နည်းနည်းပါးပါးလိမ်းပြီး နှုတ်ခမ်းနီ ပါးပါးလေးဆိုးလိုက်သည်။ပြီးတော့တစ်ယောက်ထဲ ထွက်လာခဲ့သည်။ဟိုတယ်ကနေ ဘုရားဘက်သွားတဲ့လမ်းမှာ
သူစောင့်နေသည် လည်ကလုံးအဖြူနဲ့ယောပုဆိုးအပြာလေးကိုတဲွဝတ်ထားပြီး သန့်ပြီးခန့်နေသည်။
ကောင်းကင်မြန်မာ ဝတ်စုံအနီလေးနဲ့သူမကို မျက်တောင်တစ်ချက ်မခပ်ပဲကြည့်နေမိသည်။သူမကသူကို ရှက်ပြုံးလေးပြုံးကာ
"သွားရအောင်လေ သူဌေး"
"အာဟုတ်ပါပြီး"
ဘုရားအတူ ရှစ်ခိုးပြီး ရှစ်ခိုးလို့မပြီးသေးတဲ့သူမကို သူငေးကြည့်နေမိပြီး ဓာတ်ပုံရိုက်ထားမိသည်။သူကတော့ဘုရားမှာ ဆုတောင်းမိသည်။သူမေတ္တာမှန်ကန်သောကြောင့် သူမကို အမြန်ဆုံးပိုင်ဆိုင်ရပါစေလို့ ဘုရားမှာ
သူဆုတောင်းမိသည်။ဘုရားကိုတူယှဉ္တဲွကာ
ဖူးမျှော်ပြီး ဟိုတယ်သို့ပြန်လာခဲ့ကြသည်။မနက်ကျရင်စောစောတောင်အောက်သို့ ပြန်ဆင်းရမှာမို့ သူမကိုစောစောအိပ်ခိုင်းပြီးထွက်လာခဲ့သည်။
ပီတိအခန်းထဲရောက်လို့ အဝတ်စားလဲနေတုန်းCbမှာစာဝင်လာလို့ကြည့်လိုက်တော့ သူဆီကဖြစ်သည်။
"good night ချာတိတ် အိမ်မက ်လှလှမက ်ပါစေ မနက်ကျတွေ့မယ် ချစ်တယ်"
"good night ပါရှင့်"
မနက်စောစော ဘုရားကိုရှစ်ခိုးကန်တော့ကာ
တောင်အောက်သို့ဆင်းလာခဲ့သည်။တောင်အောက်ကိုတော့အတူကားစီးပြီးဆင်းလာခဲ့သည်။လာကြိုတဲ့ကားမရောက်သေးခင် အိမ်ဖို့အမှတ်တရလက်ဆောင်သွားဝယ်ခဲ့လိုက်သည်။အပြန်ခရီးကတော့သာသာယာယာပါပဲ အပြန်မှာတော့ သူကကားပေါ်မှာမပါပါ အလုပ်ချိန်းထားလို့ဆိုပြီးသူကကားစီစဉ္ပြီးအရင်ပြန်သွားသည်။အိမ်ပြန်ရောက်တာနဲ့ပါလာတာလေးတွေ ချပြီးအခန်းထဲဝင်လာခဲ့သည်။အိမ်ကအငယ်ကောင်နဲ့ အမေကတော့ သူမဝယ်လာတာတွေကိုထုတ်ကြည့်နေလေသည်။
Advertisement
- End79 Chapters
Gentle Beast
A girl crossed over to a different world, running into a small wounded animal. She thought it was completely harmless. She never expected that once he grew up, it would be this world’s most ferocious beast.
8 863 - In Serial27 Chapters
She's dead
They abandoned her. Her own family left her to deal with the horrors of her life alone and for that she may never forgive them. Gone is the bubbly little girl they knew, now there is an emotionless badass who has been through more shit than you can ever imagine. What happens when Sapphire's foster father dies and she gets sent back to her so called family. What happens when her family finds out the sister, the daughter they knew is dead and it's because of them?A fast paced book ...No images or videos are my own...
8 326 - In Serial80 Chapters
NEVER LET ME GO ✔️ (COMPLETED)
This is a story of Aashi Verma and Rishabh Khurana. The two of them were bffs since kindergarten. But their strong friendship is tested with time.Join the tale of friendship, heartbreak, and love.....Highest Rank in Chicklit ❤️ #2 - 9th Feb #4 - 7th Feb #5 - 24th Jan
8 171 - In Serial32 Chapters
DRUNK CONVERSATIONS
Zara Anderson and Laura Spokes are best friends. Both are drunk.Laura is drunk on love.Zara is drunk on depression.But you see, the thing about being drunk is that it doesn't last forever. You still have to wake up the next morning and deal with the inevitable hangover.
8 308 - In Serial31 Chapters
Butterfly Hearts ✔
❝I told the stars about you. . . . . and they know how deep and true my love is.❞xSona never envisaged a life with love. For her love was a luxury. A luxury in the name of Abhay Singh, her best friend's brother.How did she know: that the elder boy who played chor-police with her when she was young would steal her heart. Just like that. But she always lost the game. And how so horribly was she going to lose again, only she knew.But when years pass she soon learns to let go of her feelings.But why does everything go so horribly wrong?x "THIS IS SOMETHING ENTIRELY DIFFERENT THAN WHATEVER I HAVE READ TILL DATE✨🔥"-happylilhumann"I came for some cliché romance and now I'm bawling my eyes out😭"-bloosunsets"I personally really loved the book, very realistic, portrayed everyone's emotional conflicts well."-Divyanshi_17"Loved every character of the story and the plot 🤯 the plot was amazing. I was always excited to read whenever you posted a new chapter. I am glad I came across this story and you author."-rs0021"Bro this book is so good! I binged read it in 4 hours, during my classes. It truly, madly and deeply hooked me. I love it❤️" - _aankh_Copyright © 2021 by Hazel
8 118 - In Serial36 Chapters
I Know What You Did Last Night (Zarry / Mpreg)
"He knows .. dirty secrets that I keepDoes he know it's killing me?He knows , he knows..! " Harry."I know what you did last night .. When he looks me in the eyes , they don't seem as mean no more. " Zayn.
8 200

